12 May 2012

မေလ ၁၁ ရက်နေ့ ညနေပိုင်းက ပုဇွန်တောင်မြို့နယ် NLD ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို တက်ရောက်ပြီး ရုံးခန်း ဖွင့်လှစ် ပေးချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နှုတ်ချက်--

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နှုတ်ချက်--

မေလ ၁၁ ရက်နေ့ ညနေပိုင်းက ပုဇွန်တောင်မြို့နယ် NLD ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို တက်ရောက်ပြီး ရုံးခန်း ဖွင့်လှစ် ပေးချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်း ပြောကြားခဲ့ရာမှာ-


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူပြည်သူတွေအနေနဲ့ အဖွဲ့ချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို သိသင့်ကြောင်း အခုလို ပြောပါတယ်။


"ပြည်သူတွေ သိဖို့ လိုပါတယ်။ ပြည်သူတွေ မသိလို့ရှိရင် ကျွန်မတို့ကိုထောက်ခံသင့် မထောက်ခံသင့် ဆိုတာ ဆုံးဖြတ်လို့ ရမှာ မဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ ပြည်သူတွေက ကျွန်မတို့ကို မျက်စေ့မှိတ် နား ပိတ်ပြီးတော့ ထောက်ခံ တာမျိုးကို ကျွန်မတို့ မလိုလားပါဘူး။ တကယ်ပဲ စဉ်းစဉ်းစားစားနဲ့ ထောက်ခံသင့် မထောက်ခံသင့်ကို ဆုံးဖြတ်ပြီးမှထောက်ခံတာမျိုးကိုပဲ ကျွန်မတို့ လိုလားပါတယ်။ 


ဒီတော့ ပြည်သူတွေအနေနဲ့ နိုင်ငံရေးပါတီတခုကို ထောက်ခံသင့် မထောက်ခံသင့် ဆုံးဖြတ်တဲ့ အခါမှာ အဓိက ဒီအချိန်မှာ လေ့လာရမယ့် အချက်အလက်ကတော့ ဒီနိုင်ငံရေးပါတီဟာ ဒီမိုကရေစီ အပြောင်းအလဲအတွက် ဘယ်လောက် စွမ်းဆောင်နိုင်သလဲဆိုတဲ့ ကိစ္စပါပဲ။"


"ပြည်သူအများသိတဲ့အတိုင်းပဲ။ အခုအချိန်မှာဆိုလိုရှိရင် ကျွန်မတို့ဟာ ဒီမိုကရေစီ အပြောင်းအလဲတွေ စလုပ်ဖို့ အခွင့်အရေးတွေ ရှိနေပါပြီ။ စပြီးတော့ လုပ်နိုင်တဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်ပြီလို့ ကျွန်မတို့ ပြောလို့ မရသေးပါဘူး။ 



ဘာဖြစ်လို့လည်း ဆိုတော့ တကယ်ဒီမိုကရေစီ အပြောင်းအလဲဖြစ်ပြီဆို လို့ရှိ ရင် ဒီနိုင်ငံမှာ ပြည်သူရဲ့ သြဇာသာ လွှမ်းမိုးရမှာ ဖြစ်ပါတယ်။အခုထက်ထိတော့ ပြည်သူရဲ့ သြဇာလွှမ်းမိုးတဲ့ နိုင်ငံလို့ ကျွန်မတို့
 ပြောလို့ မရပါဘူး။

"ပွင့်လင်း မြင်သာမှု ရှိပြီး ပြည်သူကို ပိုပြီးတော့ အင်အား ဖြည့်ပေးမယ့် အထောက်အကူမျိုးသာ လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

"အခုဆိုရင် ကျွန်မတို့ နိုင်ငံကို အပြောင်းအလဲတွေ ဖြစ်နေပြီ။ အတော်ပဲ တခါထဲ တိုးတက်နေပြီ ဆိုပြီးတော့ ဒီနိုင်ငံမှာ လာပြီးတော့ ရင်းနှီးမြုပ်နှံချင်တဲ့သူတွေ၊ ဒီနိုင်ငံကို ကူညီချင်တဲ့ နိုင်ငံတွေအဖွဲ့အစည်းတွေ အတော်များတယ်ဆိုတာကို သတင်းတွေ နားထောင်တဲ့ ကျွန်မတို့ ပြည်သူတွေ သိမှာပါ။
ကျွန်မတို့ နိုင်ငံမှာ ဘယ်လောက် ပြောင်းလဲသလဲ။ ဘယ်လောက် တိုးတက်လဲ ဆိုတာကတော့ ပြည်သူတွေ အသိဆုံးပါဘဲ။ ကျွန်မ ရှင်းပြနေစရာ မလိုပါဘူး။ ကျွန်မတို့ အတွက် အရေးကြီးတာကတော့
နိုင်ငံခြားက ဧည့်သည်တော်တွေ လာလို့ရှိရင် နိုင်ငံခြားအဖွဲ့အစည်းတွေ၊နိုင်ငံခြား အစိုးရတွေက ကျွန်မနဲ့ ဒီကိစ္စကို အမြဲ ဆွေးနွေးပါတယ်။

ကျွန်မအမြဲ ပြောတာက ဘယ်လို အထောက်အကူမျိုးပဲ ပေးပေး၊ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ အထောက်အကူပဲ ဖြစ်ဖြစ်၊ လူသားချင်းစာနာတဲ့ အထောက်အကူပဲ ဖြစ်ဖြစ်၊ ကျွန်မတို့ လိုချင်တဲ့ အထောက်အကူမျိုးဟာ ပြည်သူကို ပိုပြီးတော့ အင်အား ဖြည့်ပေးမယ့် အထောက်အကူမျိုးဖြစ်စေချင်တယ်။  ပြည်သူကို ပိုပြီးတော့ အင်အား ဖြည့်ပေးမယ့် အထောက်အကူမျိုး မဟုတ်ဘဲနဲ့ ပြည်သူကို အုပ်ချုပ်သူများကိုသာ အင်အား ဖြည့်ပေးမယ့် အထောက်အကူမျိုးကိုတော့ ကျွန်မတို့ မလိုလားပါဘူးလို့ ပြောလိုက်ပါတယ်။

အဲဒီတော့ ဒီလို အထောက်အကူမျိုး ဖြစ်ရဲ့လားဆိုတာကို သိဖို့က ပွင့်လင်း မြင်သာဖို့ လိုတယ်။ ပွင့်လင်း မြင်သာမှု မရှိဘူးဆိုရင် ဘယ်သူတွေကို ဘယ်လိုကူနေတယ်ဆိုတာ ကျွန်မတို့ ဘယ်လိုလုပ် သိမှာလဲ။

ကျွန်မက အဲဒါကိုလည်း တောင်းဆိုတယ်။ ကျွန်မတို့ နိုင်ငံကို ကူညီတဲ့ အခါမှာ ပွင့်ပွင့်လင်းလင်း လုပ်ပါ။ ပွင့်လင်းမြင်သာမှုနဲ့ လုပ်ပါ။ ကျွန်တော်တို့ အစိုးရက ကျွန်မတို့ အဖွဲ့အစည်းက ဘာအတွက် ဘယ်လောက် လှူပါတယ်။ ဘယ်အဖွဲ့အစည်း ဘယ်ဌာနမှ တဆင့် လှူပါတယ်ဆိုတာ အများပြည်သူသိအောင်လုပ်ပါ။"
 

သရုပ်ဆောင်ကျော်သူ ရုပ်ရှင်ရိုက်ခွင့်ပြန်ရ

ရုပ်ရှင်ရိုက်ကူးခွင့်အား အစိုးရမှ နှစ်ရှည်ပိတ်ပင်ခြင်းခံထားရသည့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ ကျော်သူအား မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ရုပ်ရှင်ရိုက်ခွင့်အား ပြန်လည်ပေးအပ်လိုက်ပြီဖြစ်ကြောင်း ယင်းရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၏ ပြောကြားချက်အရ သိရသည်။

“ကိုကျော်သူလို တကယ်တော်ပြီး တကယ်ထူးချွန်တဲ့ လေးစားရတဲ့ ပုဂ္ဂိုလ်ကို အခုလို ရုပ်ရှင်ရိုက်ခွင့်ပြန်ပေးတာ ဝမ်းသာမိပါတယ်”ဟု ၎င်းမှ ပြောကြား သည်။

သရုပ်ဆောင်ကျော်သူသည် ပြီးခဲ့သည့် နှစ်များစွာကပင် အနုပညာလုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်ပင်ခံခဲ့ရသူတစ်ဦးဖြစ်ပြီး အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာဝန်ကြီးဌာနများအား စာတင်ပြီး သရုပ်ဆောင်ကျော်သူအား ရုပ်ရှင်ရိုက်ကူးခွင့် ပိတ်ပင်ထားခြင်းရှိမရှိအား မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မေလ ၂၉ရက်နေ့က ကျွန်တော်တို့ဆီ စာပြန်လာတယ်။ အရင်နှစ်ကလည်း ဦးကျော်သူပါတဲ့ ရုပ်ရှင်ကားနှစ်ကား ထုတ်လုပ်ခွင့်ပေးလိုက်ပြီလို့ ပြော တယ်။ ပိတ်ထားတယ် မပိတ်ထားဘူးတော့ ပေါ်တင်မပြောတော့ဘူး။ ပြီးတော့ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဆုံးဖြတ်ချက်နဲ့ ရုပ်ရှင်ရိုက်ကူးတာကို ပိတ်ပင်ခြင်း မရှိတော့ဘူးဆိုတဲ့ အကြောင်းကြားစာပေးပို့လိုက်ပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်မှ ဆက်လက် ပြောကြားသည်။

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ ကျော်သူသည် ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၌ ပါဝင်လှုပ်ရှားခဲ့သူများအား စားနပ်ရိက္ခာများ ဝေငှခြင်း နှင့်ပတ်သက်၍ ပြုလုပ်မှုများကြောင့် ယင်းအချိန်မှစ၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်ရိုက်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရပြီး ၂၀၁၂ မေလမှစတင်၍ ရုပ်ရှင် ရိုက်ကူးခွင့်အား ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သတင်း... yangonchronicle

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ စီစဉ်ထားတဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဟောပြောပွဲပိတ်ပင်ခံရ

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ စီစဉ်ထားတဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းဟောပြောပွဲနေရာကို တိုင်းဒေသကြီး အာဏာပိုင်တွေက ဖိအားပေး တာကြောင့် ပြင်ဆင်ထားတဲ့ ဟောပြောပွဲနေရာကို ဖျက်သိမ်းလိုက်ရတယ် လို့ ပွဲဖြစ်မြောက်ရေး စီစဉ်သူ ပုသိမ်မြို့ခံတွေက အာအက်ဖ်အေကိုပြောပါတယ်။

မနက်ဖြန်မနက် ၉နာရီကနေ ညနေ ၅ နာရီအထိပုသိမ်မြို့ ဈေးကလေးလမ်း မှာရှိတဲ့ မြောင်းမြ ကျောင်းတိုက်မှာ ကိုမင်းကိုနိုင် ၊ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေက ပွင့်လင်းလူ့အဖွဲ့အစည်း အမည်နဲ့ဟောပြောပွဲကျင်းပဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲဖြစ်မြောက်ရေး စီစဉ်သူ တဦးက အခုလို ပြောပါတယ်။

"ပွင့်လင်းလူ့အဖွဲ့အစည်းပွဲအတွက် ပြင်ဆင်ထားတဲ့ မြောင်းမြကျောင်းတိုက်က ပွဲကို ဖျက်ပေးလိုက်ရတယ်။ ကပ်ထားတဲ့ တံဆိပ်တွေရော ဘာတွေရော၊ အကုန်လုံးကို ဖြုတ်ချပေးလိုက်ရပြီ။ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ဘာညွှန်ကြားချက်မှတော့ မလာသေးဘူး။ တိုင်းဒေသကြီး ၀န်ကြီးချုပ်ကနေင်္ပြီးတော့ pressure ပေးတယ်။ တိုင်းသံဃာ့ နာယကအဖွဲ့ကနေ pressure ပေးတဲ့အတွက်ကြောင့်မို့လို့ ကျင်းပမယ့် နေရာကို ပျယ်ဖျက်ပေးလိုက်ရတယ်။ ဆင်ထားတဲ့ စလုံးတေါဘာတွေကိုလည်း အကုန်လုံး ဖြုတ်ပေးလိုက်ရပြီ။"

တိုင်းဒေသကြီးက ညွှန်ကြားချက်မှာ စာသင်ကျောင်းတိုက်မှာ ကျင်းပမယ့် အစီအစဉ်ကို ဖျက်သိမ်းခိုင်းတာလား၊ ပွင့်လင်းလူ့အဖွဲ့အစည်း ဟောပြောပွဲ ခရီးစဉ်ကို ဖျက်သိမ်းခိုင်းတာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရှိရဘူးလို့ ပွဲဖြစ်မြောက်ရေး စီစဉ်သူတွေက ပြောပါတယ်။ 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကတော့ ခရီးစဉ်နဲ့ ဟောပြောပွဲကို မဖျက်သိမ်းဘဲ ရတဲ့နေရာနဲ့ ဆက်လက် လုပ်သွားမယ်လို့ ပြောပါတယ်။ မနက်ဖြန် မနက်မှာ ဒေသခံလူငယ်တွေက ၈၈ မျိုးဆက်ခေါင်းဆောင်တွေကို ပုသိမ် မရောက်ခင်လမ်းမှာ သွားရောက် ကြိုဆိုကြမယ်လို့ ဆိုပါတယ်။

သတင်း... RFA

ဒုသမ္မတ ဦးတင်အောင်မြင့်ဦးခုံမှာ လူမရှိတာ စဉ်းစားသွားတယ်၊ ကောလဟာလကို အတည်ပြုပေးလိုက်တာလား..။


11 May 2012

ဗိုလ်ချုပ်ကြီး​နေဝင်း​အစိုး​ရကို ဘယ်သူ​တွေ ​ငွေ​ချေး​ခဲ့​သလဲ


မြန်မာနိုင်ငံ ဘဏ္ဍာ​ရေး​ဝန်ကြီး​ ဦး​လှထွန်း​၏ ၂၀၁၂ ခုနှစ် ​ဖေ​ဖော်ဝါရီလအတွင်း​ ထုတ်​ဖော်​ပြောပြချက်အရ မြန်မာပြည်တွင် နိုင်ငံခြား​ကြွေး​မြီ ​ဒေါ်လာ ၁၁ ဘီလျံ ရှိ​နေ​ကြောင်း​ သိရသည်။ ထိုအ​ကြွေး​ ၁၁ ဘီလျံကို မည်သည့်​နိုင်ငံတို့​မှ ​ချေး​ခဲ့​သည်၊​ ထို​ချေး​ငွေများ​ကို မြန်မာနိုင်ငံအစိုး​ရမှ မည်သို့​မည်ပုံ သုံး​စွဲခဲ့​သည်ကိုမူ အများ​ပြည်သူများ​ သိသာ​စေရန် ထုတ်​ဖော်​ကြေညာခဲ့​ခြင်း​ မရှိခဲ့​ပေ။

အချို့​သော စီး​ပွား​ရေး​ ပညာရှင်များ​က အခြား​သော ​ကြွေး​မြီထူ​ပြောသည့်​ နိုင်ငံများ​နှင့်​ နိုင်း​ယှဉ်လ်ွင် မြန်မာနိုင်ငံမှ တင်ရှိ​နေ​သော အ​ကြွေး​ ၁၁ ဘီလျံမှာ မများ​လှဟု သုံး​သပ်ကြသည်။ သို့​သော် ကမ္ဘာ့​အဆင်း​ရဲဆုံး​နိုင်ငံ စာရင်း​ဝင်လည်း​ဖြစ်၊​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​ အစစတွင် ​နောက်ကျ​နေသည့်​ကြား​က ထိုအ​ကြွေး​များ​ ပြန်လည်​ပေး​ဆပ်ရန် တနည်း​တဖုံ တာဝန်ယူရမည့်​ ပြည်သူများ​ သိရှိ​စေရန်အတွက် မိမိတို့​နိုင်ငံမှ တင်ရှိ​နေ​သော အ​ကြွေး​ ၁၁ ဘီလျံ၏ အချို့​သော အ​ကြွေး​ရှင်များ​ကို စုစည်း​ တင်ပြလိုက်ပါသည်။

ထိုအ​ကြွေး​များ​ကို အစိုး​ရဝန်ကြီး​ဌာနများ​က မည်သို့​မည်ပုံ သုံး​စွဲခဲ့​သည်များ​ကို အများ​ပြည်သူများ​ ပွင့်​လင်း​မြင်သာ ​စေရန်အတွက် ရှင်း​လင်း​ရန် ထိုစဉ်က သက်ဆိုင်ရာ အာဏာပိုင်များ​၏ တာဝန်ပင် ဖြစ်​ပေသည်။ ထို အ​ကြွေး​ငွေများ​မှာ မြန်မာပြည်သူများ​အတွက် ​ကောင်း​ကျိုး​သက်​ရောက်ခဲ့​သည်ဖြစ်​စေ၊​ သက်​ရောက်ခြင်း​ မရှိခဲ့​သည်ဖြစ်​စေ ​နောင်အစိုး​ရများ​မှ ပြည်သူ့​ဘဏ္ဍာ​ငွေကို အသုံး​ပြု၍ ပြန်လည်​ပေး​ဆပ်ရမည် ဖြစ်​သော​ကြောင့်​ မြန်မာပြည်သူများ​ အား​လုံး​အ​ပေါ် တိုက်ရိုက်အကျိုး​သက်မှု ရှိ​နေသည်။

မြန်မာနိုင်ငံအတွင်း​ ဖြစ်​ပေါ်​နေသည့်​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှုများ​ကို အ​ကြောင်း​ပြု၍ ဖွံ့​ဖြိုး​ပြီး​ နိုင်ငံများ​ဖြစ်သည့်​ အ​မေရိကန်၊​ ဩစ​တြေး​လျ၊​ က​နေဒါနှင့်​ အီး​ယူနိုင်ငံတို့​က လွန်ခဲ့​သည့်​ နှစ်​ပေါင်း​ ၂၀ အတွင်း​ စီး​ပွား​ရေး​အရ ပိတ်ဆို့​ အ​ရေး​ယူခဲ့​ပြီး​ ​ငွေ​ကြေး​ချေး​ငှား​ခြင်း​များ​ ရပ်ဆိုင်း​ခဲ့​ကြသည်။

ယခုအခါ မြန်မာပြည်သည် ဒီမိုက​ရေစီအုပ်ချုပ်​ရေး​စနစ်ဘက်သို့​ ကူး​ပြောင်း​လာ​နေသည့်​အတွက် ဒီမိုက​ရေစီ ပြုပြင်​ပြောင်း​လဲ​ရေး​ကို အား​ပေး​ချီး​မြှင့်​သည့်​ အ​နေဖြင့်​ စီး​ပွား​ရေး​ပိတ်ဆို့​ထား​မှုများ​ကို အ​နောက်နိုင်ငံတို့​က တဖြည်း​ဖြည်း​ချင်း​ ရုပ်သိမ်း​လာ​နေပြီ ဖြစ်သည်။

အ​မေရိကန်၊​ က​နေဒါ၊​ ​နော်​ဝေး​နှင့်​ ဩစ​တြေး​လျတို့​က ပိတ်ဆို့​မှုအချို့​ကို ​လေ်ွာ့​ချ​ပေး​ပြီး​၊​ ဥ​ရောပသမဂ္ဂကလည်း​ ပိတ်ဆို့​မှုကို တနှစ်ရပ်ဆိုင်း​လိုက်ပြီဖြစ်သည်။ ​ငွေ​ကြေး​အကူအညီ​ပေး​မည့်​နိုင်ငံများ​၊​ ​ချေး​ငှား​ပေး​မည့်​ နိုင်ငံများ​လည်း​ ​ပေါ်လာသဖြင့်​ လာမည့်​နှစ်အနည်း​ငယ်အတွင်း​ မြန်မာနိုင်ငံတွင်း​သို့​နိုင်ငံခြား​မှ အကူအညီများ​၊​ ​ချေး​ငွေများ​ ​ဒေါ်လာ ဘီလျံနှင့်​ချီ၍ ဝင်လာနိုင်သည်။ ထိုသို့​ အ​ကြွေး​ သစ်များ​ ထပ်မံ​ချေး​ယူခြင်း​ပြုလုပ်လာပါက ပြည်သူများ​အ​နေဖြင့်​ ယခင်​ချေး​ယူထား​သော အ​ကြွေး​ဟောင်း​များ​အား​ သာဓက ယူ၍ နိုင်ငံခြား​ကြွေး​မြီဖြင့်​ လုပ်​ဆောင်မည့်​ မည်သည့်​ဖွံ့​ဖြိုး​ရေး​လုပ်ငန်း​စဉ်က ​ကောင်း​ကျိုး​ဖြစ်​စေမည်၊​ ဆိုကျိုး​ဖြစ်​စေမည် စသည်ဖြင့်​ မိမိတို့​သက်ဆိုင်ရာ လူထုကိုယ်စား​လှယ်များ​မှ တဆင့်​ တင်ပြ​ဆွေး​နွေး​နိုင်ရန် ရည်ရွယ်၍ ယခုကဲ့​သို့​ အ​ကြွေး​ဟောင်း​များ​ကို စုစည်း​တင်ပြ လိုက်ခြင်း​ဖြစ်သည်။

လက်ရှိ နိုင်ငံတကာအသိုင်း​အဝိုင်း​၏ မြန်မာနိုင်ငံအ​ပေါ်ထား​ရှိ​သော ​ပေါ်လစီအ​ပြောင်း​အလဲများ​သည် မြန်မာနိုင်ငံ၏ “ဒီမိုက​ရေစီ” အသွင်ကူး​ပြောင်း​လာ​သော နိုင်ငံ​ရေး​စနစ်​ကြောင့်​ဟု ​ပြောကြသည်။ အ​နောက်နိုင်ငံများ​၏ မြန်မာပြည်နှင့်​ ဆက်ဆံ​ရေး​သည် ဒီမိုက​ရေစီကို အ​ခြေခံသည်ဟုဆိုလ်ွင် “မြန်မာပြည်၏ မည်သည့်​ ဒီမိုက​ရေစီ ​ခေတ်ကာလတွင် မြန်မာအစိုး​ရအား​ ​ငွေထုတ်​ချေး​ပေး​ခဲ့​သနည်း​” ဟု ​မေး​လိုသည်။ အဘယ်​ကြောင့်​ ဆို​သော် ဘဏ္ဍာ​ရေး​ဝန်ကြီး​က အ​ကြွေး​ ၁၁ ဘီလျံအနက် ၈.၄ ဘီလျံကို ၁၉၆၂ ခုနှစ်နှင့်​ ၁၉၈၈ အတွင်း​ ​ချေး​ယူထား​သည်ဟု ဆိုသည်။ ဤကာလသည် ဗိုလ်ချုပ်ကြီး​ ​နေဝင်း​က စစ်အာဏာရှင်စနစ်ဖြင့်​ ဖိနှိပ်အုပ်ချုပ်​နေ​သောကာလ၊​ ၁၉၇၄ ခုနှစ်မှစ၍ မြန်မာ့​နည်း​မြန်မာ့​ဟန် ဆိုရှယ်လစ်စနစ်ဖြင့်​ ပြည်သူများ​အား​ ဆင်း​ရဲတွင်း​နက်​အောင် ထင်ရာစိုင်း​နေ​သောကာလပင်ဖြစ်သည်။
သို့​သော် ၁၉၇၄ ခုနှစ်မှစ၍ ကမ္ဘာ့​ဘဏ်၊​ အာရှဖွံ့​ဖြိုး​ရေး​ဘဏ်၊​ အ​မေရိက၊​ ဂျာမနီ၊​ ဂျပန်၊​ ဩစ​တြေး​လျ၊​ ဖင်လန်၊​ ​နော်​ဝေ စသည့်​ နိုင်ငံတို့​က သန်း​ရာ​ပေါင်း​များ​စွာ ထုတ်​ချေး​ပေး​ခဲ့​သည်။
မကြာ​သေး​ခင်က စာ​ရေး​သူ စကား​ပြောခွင့်​ရခဲ့​သည့်​ ဗိုလ်ချုပ်ကြီး​ ​နေဝင်း​ အစိုး​ရလက်ထက် ဝန်ကြီး​တ​ယောက်၏ အဆိုအရ – ဦး​နေဝင်း​ အစိုး​ရသည် အိမ်နီး​ချင်း​နိုင်ငံများ​အပါအဝင် အခြား​စက်မှုနိုင်ငံများ​နှင့်​ အမီလိုက်ရန် နိုင်ငံခြား​မှ ​ငွေ​ချေး​ယူခဲ့​သည်။ အရာရှိများ​သည် စိတ်ထား​ဖြူစင် ရိုး​သား​စွာဖြင့်​ တိုင်း​ပြည်အတွက် လုပ်ခဲ့​ကြသည်။ မှန်သည်ထင်၍ စက်ရုံများ​တည်ခဲ့​ကြသည်။ သို့​သော် ​ငွေ​ကြေး​များ​အား​ မ​အောင်မြင်နိုင်​သော စက်ရုံများ​၊​ နိုင်ငံတကာ ​ဈေး​ကွက် မရှိ​သော ကိစ္စများ​နှင့်​၊​ သဘာဝအရင်း​အမြစ် ဖွံ့​ဖြိုး​ရေး​ကိစ္စများ​တွင် မှား​ယွင်း​သုံး​မိ​ကြောင်း​ ​နောက်ပိုင်း​မှ သိရှိလာရသည်ဟု ဆိုသည်။
စစ်တိုက်ရန် ​လေ့​ကျင့်​ထား​သော စစ်အရာရှိကြီး​များ​သည် စီး​ပွား​ရေး​နှင့်​ တိုင်း​ပြည်စီမံခန့်​ခွဲ​ရေး​ကို နား​မလည်နိုင်​ပေ။ ပိုဆိုး​သည်မှာ ကိုယ်ထင်ရာမှန်၏ ယူဆကာ တံခါး​ကိုပိတ်၊​ အာဏာကိုသုံး​ပြီး​ စစ်တပ်​တွေး​ ​တွေး​ကာ ဆုံး​ဖြတ် လုပ်​ဆောင်ခဲ့​ခြင်း​ဖြစ်သည်။ ထိုကဲ့​သို့​သော စစ်ဗိုလ်​ဟောင်း​များ​နှင့်​ ဖွဲ့​စည်း​ထား​သော လက်ရှိ အစိုး​ရသစ် လက်ထက်တွင်လည်း​ ထိုကဲ့​သို့​သော အဖြစ်ဆိုး​များ​နှင့်​ ထပ်မံကြုံကြိုက်မည့်​အ​ရေး​ကို ဆင်ခြင်မိသည်။

အချုပ်ဆိုရလ်ွင် ဒီမိုက​ရေစီ၏ ချန်ပီယံဆို​သော အချို့​အင်အား​ကြီး​ နိုင်ငံများ​သည် ကမ္ဘာ​ပေါ်တွင် အဆိုး​ဆုံး​ အာဏာရှင်အစိုး​ရများ​ကို ​ငွေ​ကြေး​အကူအညီများ​ ​ပေး​ခဲ့​ကြောင်း​ ​တွေ့​ရသည်။ သူတို့​ အကူအညီ​ပေး​သော စီး​ပွား​ရေး​ကဏ္ဍများ​မှာ ပြည်သူများ​အား​ ဖိနှိပ်အုပ်ချုပ်သည့်​ စစ်အစိုး​ရအတွက် ဝင်​ငွေရှာ​ပေး​သော သဘာဝအရင်း​အမြစ် ကဏ္ဍဖြစ်သည်။ ဥပမာအား​ဖြင့်​ စက်မှုဖွံ့​ဖြိုး​ရေး​နှင့်​ ယှဉ်တွဲ၍ မြန်မာနိုင်ငံရှိ သဘာဝဓာတ်​ငွေ့​၊​ ​ရေနံ၊​ တွင်း​ထွက်၊​ ​ရေကာတာ၊​ ကျွန်း​သစ် စသည့်​ စွမ်း​အင်နှင့်​ သဘာဝသယံဇာတဖွံ့​ဖြိုး​ရေး​တို့​အတွက် ဗိုလ်ချုပ်ကြီး​နေဝင်း​အစိုး​ရအား​ ထိုအင်အား​ကြီး​နိုင်ငံများ​မှ အား​ပေး​ အား​မြှောက်ပြုခဲ့​သည်။
မြန်မာပြည် အ​ကြွေး​ ၁၁ ဘီလျံတင်​နေ​ကြောင်း​ ​ကြေညာသည့်​အချိန်မှစ၍ ပြည်သူများ​ စိတ်ဝင်စား​သည်မှာ ဘယ်သူက၊​ ဘယ်တုန်း​က၊​ ဘာအတွက် ​ငွေ​ချေး​ပေး​သည် ဆိုတာဖြစ်သည်။ သုံး​သပ်ချက်အချို့​ကို စီး​ပွား​ရေး​ စာအုပ် အချို့​တွင် ​တွေ့​ရ​သော်လည်း​ ပိုမိုအ​သေး​စိတ် အချက်အလက်များ​ ရှား​ပါး​ ​သေး​သဖြင့်​ ​ငွေ​ချေး​သည့်​ခုနှစ်၊​ နိုင်ငံ၊​ ​ချေး​သည့်​အ​ကြောင်း​အရာတို့​ကို အကြမ်း​ဖျင်း​ တင်ပြရန် ၁၉၇၀ နှင့်​ ၁၉၈၀ ခုနှစ်များ​အတွင်း​ ထုတ်သည့်​ BBC၊​ The New York Times၊​ The Washington Post၊​ The Harald၊​ The Globe and Mail သတင်း​ဌာနများ​၊​ ကမ္ဘာ့​ဘဏ်၊​ အာရှဖွံ့​ဖြိုး​ရေး​ဘဏ်နှင့်​ ​ချေး​ငှား​ပေး​သည့်​ အစိုး​ရဌာနအချို့​တို့​မှ အချက်အလက်အချို့​ကို စုစည်း​ တင်ပြရပါသည်။

(မှတ်ချက်။ ​အောက်ပါ ဇယား​သည် သ​ဘောတူညီမှုဆိုင်ရာ အချို့​ အချက်အလက်များ​ကို အ​ခြေခံခြင်း​ဖြစ်သည်။ ​ငွေဝင်၊​ ​ငွေထွက်နှင့်​ သုံး​စွဲလည်ပတ်မှု စသည့်​ အချက်အလက်အ​သေး​စိတ်ကို အစိုး​ရဌာနများ​က ထုတ်ပြန်ရန် လိုအပ်သည်။)



 


(ဆောင်း ​ပါး​ရှင် စိုင်း​စိုး​ဝင်း​လတ်သည် က​နေဒါနိုင်ငံ Simon Fraser University တွင် ပါရဂူဘွဲ့​ အတွက် တက်​ရောက်​လေ့​လာ​နေသူ ဖြစ်သည်)

သတင်း.... DVB

မြန်မာနိုင်ငံ ရဲ့ ဒုသမ္မတလောင်း ထင်ကြေးပေးမှုမြင့်တက်


ကျန်းမာရေးအကြောင်းပြချက်နှင့် ရာထူးမှအနားယူမည်ဟု သတင်းထွက်နေသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနေရာတွင် အစားထိုး မည့်သူအဖြစ် ရေတပ်ဒုတိယဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့ဖြစ်နိုင်သည်ဟု ထင်ကြေးပေးနေကြောင်း တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ဒုသမ္မတလောင်းသစ်အဖြစ် ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့ ခန့်မှန်းပြောဆိုနေရာမှာ ဒုတိယ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းနှင့် ဗိုလ်ချုပ် လှဌေးဝင်းတို့ ဒုတိယသမ္မတလောင်းအဖြစ် ထင်ကြေးပေး ပြောဆိုလာခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ကျန်မာရေးကြောင့် အနားယူမည်ဟု ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်နေသော ရှစ်လုံးခေါ် သီဟသူရ ဦးတင်အောင်မြင့်ဦးသည် နေပြည်တော် တည်ဆောက်ရေးအပါအ၀င် အကြီးးစားစီမံကိန်းကြီးများ တည်ဆောက်ရေး တာဝန်ယူရာတွင် ကျပ် ၁၄ဘီလီယံကျော် စာရင်းမရှင်းနိုင်ဘဲ ဖြစ်နေသည်မှာ ၆လ ကျော်ခန့်ကြာမြင့်ပြီးမှ ယခုရုတ်တရက် အနားယူမည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်ကြောင်း နေပြည်တော်တည်ဆောက်ရေး ကန်ထရိုက် ရရှိထားသူတစ်ဦးက ပြောကြားသည်။
တပ်မတော်အစိုးရလက်ထက်တွင် အကြီးစားတည်ဆောက်ရေးစီမံကိန်းများကို အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ခင်ညွန့် တာဝန်ယူခဲ့ပြီး ဗိုလ်ချုပ်ခင်ညွန့် အရေးယူခံရပြီးနောက် အတွင်းရေးမှူး(၁) တာဝန်ယူခဲ့သူ သီဟသူရ ဦးတင်အောင်မြင့်ဦး ဆက်လက်တာဝန်ယူခဲ့ပြီး အေးရှားဝေါလ် ဦးထွန်းမြင့်နိုင်နှင့် ဘောလုံး ဥက္ကဋ္ဌ ဦးဇော်ဇော်တို့ကိုသာ တရုတ်ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေး မြစ်ဆုံနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းကဲ့သို့ အကြီးစား တည်ဆောက်ရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်ပြုခဲ့သဖြင့် ခရိုနီအသိုင်းအဝိုင်းတွင် မကျေမနပ်ဖြစ်ခဲ့ကြသည်။
၂၀၀၈ ဖွဲ့စည်အုပ်ချုပ်ပုံအရဆိုလျှင် သီဟသူရ ဦးတင်အောင်မြင့်ဦး၏နေရာတွင် အစားထိုးလျှင် စစ်တပ်မှသာ ဖြစ်နိုင်ပြီး ဦးရွှေမန်းနှင့် ဦးတင်အေးတို့ မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပြောဆိုသည်။
သတင်း... MP (yangonchronicle)

10 May 2012

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည်ဇွန်လ ဒုတိယ ပတ်တွင် ပြည်ပ ခရီးစဉ်စတင်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည် သည် နှစ်ပေါင်း ၂၄ နှစ် အတွင်း ပထမ ဆုံး
ကို ဇွန်လ ဒုတိယ ပတ်တွင် စတင်မည်ဖြစ်ကြောင်း အဆိုပါ ပါတီ ၏ ပြောရေး ဆိုခွင့်ရှိသူ ဦး အုန်းကြိုင်က The Voice Weekly သို့ ပြောကြားသည်။ အဆိုပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ထိုင်ခုံအမှတ် G 22 ပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ဒုတိယ ပတ်တွင် နော်ဝေ နိုင်ငံသို့ စတင်သွားရောက်မည် ဖြစ်ပြီး ထိုမှ တစ်ဆင့် ဗြိတိန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားသည်။

 “ ပြည်ပ ခရီးစဉ်ကို ဇွန်လမှာစမယ် ဂျပန်သွားဖို့တော့မပါသေးဘူး။” ဟု ဦးအုန်းကြိုင်က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် ပြည်ပ ခရီးစဉ် ထွက်ခွာရန် နိုင်ငံကူး လက်မှတ် ပတ်စ်ပို့စ် ကို ယခု လ ၇ ရက်နေ့တွင် ပြည်ထဲရေး ၀န်ကြီး ဌာန မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့မှ ထုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတကာ မီဒီယာများနှင့် NLD အသိုင်းအ၀ိုင်းက ပြောဆိုသည်။

 ကမ္ဘာကုလသမ္မဂ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာကုလသမ္မဂ္ဂ အဖွဲ့ရုံးချုပ်ကို လာရောက် လာပတ်ရန်နှင့် မိန့်ခွန်းပြောကြားရန် ဖိတ်ကြား ထားကြောင်း မေလ ၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ၄င်းတို့ နှစ်ဦး ၏ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ကြေငြာသည်။ ၁၉၉၇ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ် နာရေးသို့ပင် သွားရောက်ခဲ့ခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး ယခု ၂၀၁၂ မှသာ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပြည်ပ ခရီးစဉ်များ ပြန်လည် ထွက်ခွာ နိုင်ခြင်းဖြစ်သည်။ 

သတင်း...... The Voice

ကျောင်းသားသမဂ္ဂ တည်ရှိခွင့်ရရေး ဒေါ်အောင်ဆန်းစုကြည် ဥပဒေကြောင်းအရ ကူညီမည်

မြန်မာနိုင်ငံမှာဒီမိုကရေစီစနစ်တည်ဆောက်နေပြီဆိုရင် ကျောင်းသားသမဂ္ဂဆိုတာတည်ရှိရာမှာဖြစ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားမဂ္ဂများ အဖွဲ့ချုပ် ပွင့်ပွင့်လင်းလင်းတည်ရှိရေးကို ဥပဒေကြောင်းအရ အတတ်နိုင်ဆုံးကူညီမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဗကသများ အဖွဲ့ချုပ် အမှုဆောင်တွေကို ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မနက် ၁၁ နာရီလောက်မှာ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်(၉) ဦးကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပြီး အခုလိုပြောဆိုတာပါ။ ဒါ့အပြင် ကျောင်းသားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုလည်း တတ်နိုင်သလောက် ပြေလည်အောင် ကူညီဖြေရှင်းပေးမယ်လို့ ပြောဆိုကြာင်း ဗကသများအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ကိုသီဟဝင်းတင်က RFA ကိုပြောပါတယ်။

 " ပထမဦးဆုံးမှာ သူပြောတဲ့ ဥစ္စာကတော့ ပြည်သူတွေ ခံစားကြုံတွေ့ရတဲ့ ဝေဒနာတွေပေါ့နော်။ ဒုက္ခတွေ၊ ပြဿနာတွေကို ပြောဆိုဆွေးနွေးထားတယ်။ ပြီးတော့ ကျွန်တော်တို့ ဒီကျောင်းသားကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက ကျောင်းသား သမဂ္ဂတွေရဲ့ ဖွဲ့စည်းပုံကို လေ့လာနိုင်ဖို့အတွက် သူကူညီပေးမယ်လို့ ကျွန်တော်တို့ကို ပြောတယ်။ ဒီကျောင်းသားသမဂ္ဂဆိုတာ တရားဝင် ဖြစ်ပြီးသားဆိုတာကို သူ့အနေနဲ့လည်း လက်ခံတယ်ပေါ့နော်။ ဒီမိုကရေစီနိုင်ငံ ဆိုလို့ရှိရင် ကျောင်းသားသမဂ္ဂ ဆိုတာ ရှိကိုရှိရမယ်ပေါ့နော်။ အဲဒီဥစ္စာတွေကို သူက ဆက်ပြီးကူညီသွားမယ်။

 ပိုပြီးတော့ တရားဝင် ပွင့်ပွင့်လင်းလင်း ဖြစ်လာနိုင်အောင်ပေါ့နော်။ ပြီးတော့ အခုလောလောဆယ်မှာ ကျွန်တော်တို့တွေ အကုန်လုံးက ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းပြန်တက်ခွင့်ရအောင် သူ့အနေနဲ့ ဥပဒေအရ ပြန်ပြီးကူညီပေးနိုင်မယ်လို့ သူကပြောပါတယ်" စစ်အစိုးရတွေရဲ့ဖိနှိပ်မှုကြောင့် ဗကသများအဖွဲ့ချုပ်ဟာ ပွင့်ပွင့်လင်းလင်း တည်ရှိခွင့်မရပေမယ့်၂၀၀၇မျိုးဆက်ကျောင်းသားတွေကဆက်လက်ဖွဲ့စည်းလုပ်ကိုင်ခဲ့ပြီး၊အခုအစိုးရရဲ့အုပ်ချုပ်
ရေးစနစ်အောက်မှာ ကျောင်းသားသမဂ္ဂတွေ ဒေသအလိုက် ပွင့်ပွင့်လင်းလင်းတည်ရှိနိုင်ဖို့ကြိုးစားနေကြပါတယ်။ 

သတင်း... RFA

NLD-BG နှင့် လမ်းပေါ်ကအမှိုက်ကောက် ကလေးငယ်များ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပညာရေးကွန်ယက်၊ကျန်းမာရေးကွန်ယက်အောက်မှသတ်မှတ်ထား သော လမ်းညွှန်ချက် စည်းကမ်းချက်များနှင့်အညီ နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ အသက်ကယ် သွေး အကူအညီပေးရေးနှင့်အသိပညာ၊အတတ်ပညာ၊အသက်မွေးဝမ်းကြောင်းအခမဲ့သင်ကြားပေးရေးပညာ ဒါန (NLD-BG) ကျောင်းသည် လူပေါင်းစုံအလွှာအသီးသီးမှ သင်တန်းသူ၊သင်တန်းသားများဖြင့် အမေ့မေတ္တာဖြင့်လွှမ်းခြုံထားသော NLD-BG စာသင် ခန်းထဲဝယ် အသံမစဲ တဖွဲဖွဲဖြင့် တစ်နေ့ကို မနက်၊နေ့လည်၊ နေ့ခင်း၊ ညနေခင်းဆိုပြီးအတန်းခွဲများစွာဖြင့် ဆရာစုံလင်စွာ့နှင့် မူကြိုတန်း၊ မူလတန်း၊ အင်္ဂလိပ်စာသဒ္ဒါသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်းများကို လူထုခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မေမေဒေါ်အောင်ဆန်းစုကြည်ဆန္ဒရှိသည့်အတိုင်း သင်ကြားပေးနေပြီဖြစ်ပါသည်။ စက်ချုပ်သင်တန်းနှင့် ဆံပင်ညှပ်သင်တန်းတို့ကိုလည်း ယခုလာမည့် စနေနေ့မှာစတင်ပြီးတော့ ကျွမ်းကျင်သော ဆရာ၊ ဆရာမများကိုယ်တိုင် သင်တန်းသူ၊ သင်တန်းသားများကို အလုပ်ခွင်ဝင်နိုင် သည့်အထိ အသက်မွေးဝမ်းကြောင်းအတွက် အပတ်စဉ်သင်တန်းများကိုသင်ကြားပို့ချပေးသွားဦးမည့် ဆိုသည့် သတင်းကိုလည်းကြားသိခဲ့ရပါသည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီးကော့မှူးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှလည်း အထက်ပါသင်တန်းမျိုးနှင့် ပတ်သက်ပြီး မေလ (၁) ရက်နေ့က စမ်းချောင်မြို့နယ် အဖွဲ့ချုပ်ရုံးခန်းကိုဖွင့်လှစ်ပေးခဲ့စဉ်ကလည်း အဖွဲ့ချုပ်နာယကကြီး ဦးတင်ဦးနှင့်အတူ အောက်ပါမိန့်ခွန်းများကို ပြည်သူအများ သဘောပေါက် သိရှိနားလည်းနိုင်ကြစေရန် ပြောကြားခဲ့ပါသည်။ မျှော်လင့်ချက်ပျောက်နေ ကျွန်မတို့လူငယ်တွေကို အားကိုးပါတယ်၊နောက်ပြီးတော့ လူငယ်အားကိုးတဲ့အချိန်ထဲမှာလည်း ကျွန်မတို့လူငယ်တွေကို အားပေးတဲ့စကားပြောချင်ပါတယ်။တချို့၊ ကျွန်မတို့လူငယ်တချို့မဟုတ်ဘူး။ လူငယ်တော်တော်များများဟာ ကျွန်မသတိထားမိတာကတော့ မျှော်လင့်ချက်ပျောက်နေတဲ့ပုံပေါက် နေတယ်။ မျှော်လင့်ချက်ပျောက်နေတယ်
ဆိုတဲ့အကြောင်းအရင်းကလည်း ကျွန်မတို့ရဲ့ပညာရေးစနစ်နဲ့ အများကြီးဆက်နွယ်နေတယ်လို့ကျွန်မထင်ပါတယ်။ဒီနိုင်ငံရဲ့ပညာရေးစနစ်ကလူငယ်တွေကိုတကယ်ကို မိမိတို့ရဲ့ဘ၀ကိုဆောက်တည်ပိုင်ခွင့်ပေးမယ့်အလုပ်ရနိုင်အောင်လို့ အထောက်အကူမပေးဘူး။ပြောရ မယ်ဆိုလို့ရှိရင် ဘွဲ့သာရသွားမယ် အလုပ်မရတဲ့အခြေအနေတွေဖြစ်နေကြတယ်။ ဖြေရှင်းရမယ် ကျွန်မတို့က ဒီပြဿနာကို လက်တွေ့ကျကျဖြေရှင်းရမယ်။ လက်တွေ့ကျကျဖြေရှင်းရမယ်ဆို တာ ကျွန်မတို့အမြင်မှာတော့ ဘွဲ့ရပြီးသား လူငယ်တွေ၊ ဒါမှမဟုတ် ဘွဲ့မရဘဲနဲ့ ကျောင်းပြီးသွားတဲ့ လူငယ်တွေ၊ကျောင်းကိုဆယ်တန်းထိတိုင်မတတ်ရောက်နိုင်တဲ့လူငယ်တွေ၊အကြောင်းကြောင်းကြောင့် ထွက်ပြီးတော့ အလုပ်လုပ်ရတဲ့လူငယ်တွေရဲ့အရည်အချင်းတွေကို မြှင့်တင်ပေးရေးအတွက် ကျွန်မတို့ ကြိုးစားမှာပါ။ ဘ၀အသက်မွေးဝမ်းကြောင်းပညာပေးဖို့ကျွန်မတို့ဦးတည်ရမယ်။ ပညာဆိုတာ ကိုယ်အသက်မွေးဖို့တောင် ကိုယ်မမွေးနိုင်လို့ရှိရင် ဘယ်လိုလုပ်သုံးမလဲ။ဘာပဲ ပြောပြော ကိုယ်သင်ထားတဲ့ပညာတွေဟာ ကိုယ့်အတွက်နိစ္စဓူဝစားနိုင်ဖို့အတွက်တော့လုံလောက်ရ မယ်။ကိုယ့်အတွက်တောင်မှ ထမင်းနပ်မှန်အောင်လို့စားနိုင်တဲ့အခြေအနေမှာမရှိလို့ရှိရင် တိုင်းပြည် အတွက် ၀င်ရောက်ပြီး လုပ်ပေးဖို့ဆိုတာ အင်မတန်မှခတ်ပါတယ်။ ဒါကျွန်မတို့က လူငယ်တွေကို အားကိုးတယ်လို့ပြောတဲ့ အချိန်ထဲမှာလည်း လူငယ်တွေကိုကျွန်မတို့တာဝန်ရှိတယ်လို့ လက်ခံပါတယ်။ ဒါကြောင့်မိုလို့ အသိပညာ၊အတတ်ပညာသင်ကြားပေးရေး၊အသက်မွေးဝမ်းကြောင်းပညာသင်ကြားပေး ရေးကိစ္စကို ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် ဦးစားပေးပြီးတော့ ကြိုးစားပြီး လုပ်သွားပါမယ် လို့ ကျွန်မပြောချင်ပါတယ်။ 

လူထုခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ။ 

 ရန်ကုန်တိုင်းဒေသကြီး၊ကော့မှူးမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်။ 

 ဓာတ်ပုံ-သတင်း= မေမေ့သား-လင်းဆက် (NLD-BG)

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ တိုင်း ပြည်နယ်များ မြို့ နယ် ရပ်ကွက်ကျေးရွာများတွင် ညီလာခံများ ကျင်းပရန်အတွက် ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ဖွဲ့ စည်း။


09 May 2012

မြေမြုပ်မိုင်းကြောင့် မသန်မစွမ်းဖြစ်ရသူတွေဟာ တိုင်းပြည်ရဲ့ မသန်စွမ်းတာကို ဖော်ပြနေတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား

မြေမြုပ်မိုင်းကြောင့် မသန်မစွမ်းဖြစ်ရသူတွေဟာ တိုင်းပြည်ရဲ့ မသန်စွမ်းတာကို ဖော်ပြနေတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှာ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ရဲ့ မသန်မစွမ်းသူများ ဂုဏ်ပြုပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်တာဖြစ်ပါတယ်။

"မြေမြူပ်မိုင်းထိလို့ မသန်စွမ်းသူများဆိုတာဟာ ကျွန်မတို့နိုင်ငံရဲ့ တကယ့် မသန်စွမ်းချက်တခုကို ဖော်ပြနေတယ်။ အဲဒါဟာ အချင်းချင်း ငြိမ်းချမ်းရေး လိုနေတဲ့ကိစ္စပါ။ တကယ့်မသန်စွမ်းတယ်ဆိုတာဘာလဲဆိုတာ ကျွန်မတို့ ပြန်ပြီး စဉ်းစားစရာရှိတယ်။ မြေမြူပ်မိုင်းထိလို့ မသန်စွမ်းတဲ့သူတွေက မသန်စွမ်းတာလား။ ဒီမြေမြုပ်မိုင်းကို မြုပ်တဲ့သူတွေက မသန်စွမ်းတာလား။
မြေမြုပ်မိုင်းတွေ မြုပ်ရမဲ့ အခြေအနေကိုပျောက်ကွယ်သွားအောင် မလုပ်နိုင်တဲ့ ကျွန်မတို့အားလုံးဟာ မသန်စွမ်းတာလားဆိုတာ ကျွန်မတို့အားလုံး စဉ်းစားဖို့လိုတယ်။ "

အခန်းအနားမှာ မသန်မစွမ်းသူများအပါအ၀င် အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်းတရပ် ထူထောင် ရေးမှာ နိုင်ငံသား အားလုံး တာဝန်ရှိသလို မသန်မစွမ်းသူတွေ ရဲ့ မိသားစုဘ၀ တိုးတက်မြင့်မားရေး အတွက် နိုင်ငံသား အားလုံးက ပံ့ပိုးကူညီ လက်တွဲဆောင်ရွက်ဖို့ အရေးကြီးကြောင်းလဲ
ဒေါ်အောင်ဆန်း စုကြည်က ပြောသွားပါတယ်။

ဒီအခမ်းအနားကို သီတဂူဆရာ တော်ကြီးအပါအ၀င်၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ် နဲ့ တခြားနိုင်ငံရေး လူမှုရေးခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှာ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က မသန်မစွမ်းမိသားစုတွေအတွက် ဘီးတပ်ကုလားထိုင်တွေ လှူဒါန်းပေးအပ်ခဲ့သလို ဂုဏ်ပြုအမှာစကားပြောကြားတဲ့
ဒေါ်အောင်ဆန်းစုကြည်ကို ပုလင်းပန်းချီ နဲ့ ပြန်လည်ဂုဏ်ပြုခဲ့ပါတယ်။

သတင်း.... RFA

ဇေကမ္ဘာနှင့် အိုး၊ အိမ် လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရမည်

ဇေကမ္ဘာနှင့် အိုး၊ အိမ် လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရမည်
မင်္ဂလာဒုံမြို့နယ်ရှိ ရွှေနံ့သာလယ်ယာမြေများမှာ ဇေကမ္ဘာကုမ္ပဏီမှ ပိုင်ဆိုင်ခြင်းမရှိကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည့်အတွက် မကြာမီကာလအတွင်း ဇေကမ္ဘာနှင့် အိုး၊ အိမ်တို့ အငြင်းပွားရတော့မည်ဖြစ်ကြောင်း သိရသည်။
“လယ်ယာမြေတွေက ခုချိန်ထိကို လယ်ယာမြေတွေ အဖြစ်နဲ့ပဲရှိနေသေးတာ။  အိုး၊အိမ်တစ်ခုတည်းက မပာုတ်ဘူး။ တိုင်းဒေသကြီးအစိုးရက လည်း ခုချိန်ထိ လယ်ယာမြေအဆင့်အနေနဲ့ပဲထားတယ်။ ဒီလယ်ယာမြေတွေအပေါ်မှာ ဇေကမ္ဘာကလုပ်ငန်းတွေ လာလုပ်ကိုင်မယ်ဆိုရင်တော့ လယ်ယာ မြေဖျက်ဆီးမှု ဖြစ်သွားပြီ။ ခုချိန်က တကယ့်ကို အငြင်းပွားရတော့မယ့် အခြေအနေကိုရောက်နေပြီ”ပာု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် ယင်းလယ်ယာမြေများတွင် တောင်သူလယ်သမားများမှ တောင်ယာလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယင်းလုပ်ကိုင်နေမှုများ ကို ဇေကမ္ဘာကုမ္ပဏီမှ လာရောက်တားမြစ်ခဲ့သည့်အတွက် ယခုကဲ့သို့ ဇေကမ္ဘာနှင့် အိုး၊ အိမ်တို့ အငြင်းပွားရခြင်းဖြစ်ကြောင်း သိရသည်။
“လယ်သမားတွေက ဒီလယ်ယာမြေတွေပေါ်မှာ လယ်စိုက်ပြီးစားနေရတာလေ။ ဒါကိုလယ်မလုပ်ရဘူး၊ ဘာမှမလုပ်ရဘူးဆိုပြီး လာတားနေတော့ လယ်ယာလုပ်သားတွေ ဘာနဲ့သွားစားကြမလဲ။ ပြီးတော့ ကျွန်မတို့တွေ လယ်ဆက်လုပ်မယ်ဆိုရင် ရဲတွေခေါ်ပြီး ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်တယ်။ လယ် လုပ်သားတွေက တနေ့လုပ်မှ တနေ့စားရတာလေ။ အခု လယ်လုပ်သားတွေ ဘယ်လိုဖြစ်နေလဲဆိုတော့ ဖမ်းချင်လည်းဖမ်း၊ ငတ်တာထက်စာရင် အဖမ်းခံရတာ ကမှ သက်သာဦး မယ်ဆိုပြီး ဆက်လုပ်နေတယ်”ပာု လယ်သမားတစ်ဦးက ဆိုသည်။
လက်ရှိလယ်ယာမြေများတွင် လုပ်လုပ်ကိုင်လျက်ရှိသော တောင်သူလယ်သမားများမှာ ရာသီဥတုဖောက်ပြန်မှုများ၊ လယ်ယာမြေ လုပ်သားရှားပါးမှုများ ဒဏ်ကြောင့် အခက်အခဲအကြပ်အတည်းများစွာဖြင့် လုပ်ကိုင်စားသောက်နေရကြောင်း တောင်သူတစ်ဦးက ပြောကြားသည်။
သတင်း..... Venus

စာတိုက်လုပ်ငန်း ပုဂ္ဂလိကကုမ္ပဏီသုံးခုနှင့် ပူးပေါင်းလုပ်ကိုင်မည်

စာတိုက်လုပ်ငန်း ပုဂ္ဂလိကကုမ္ပဏီသုံးခုနှင့် ပူးပေါင်းလုပ်ကိုင်မည်
မြန်မာ့စာတိုက်လုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီသုံးခုနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ မြန်မာ့စာတိုက်ကို ပုဂ္ဂလိကကုမ္ပဏီသုံးခုနှင့် ပူးပေါင်းလုပ်ကိုင်ရခြင်းမှာ နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် နှင့် ပုဂ္ဂလိက ပါဝင်ဆောင်ရွက်မှုအခန်းကဏ္ဍ အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ စာတိုက်လုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လုပ်ကိုင်သွားမှာပါ။ ပြည်သူတွေကို နိုင်ငံတကာ အဆင့်မီတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက်ပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။
မြန်မာ့စာတိုက်လုပ်ငန်းအား ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းကာ ပြည်သူများ ယခုထက်ပိုမိုကောင်းမွန်သော စာတိုက်ဝန်ဆောင်မှုများကို တစ်ခုတည်း မပာုတ်ဘဲ နှစ်သက်ရာရွေးချယ် အသုံးပြုနိုင်ရေး၊ စာတိုက်လုပ်ငန်းများ တိုးချဲ့ပေးခြင်းနှင့် အိုင်တီနည်းပညာများ အသုံးပြု၍ ဝန်ဆောင်မှု ကောင်းများပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်တွင်းအမြန်ချောပို့ ဝန်ဆောင်မှုလုပ်ငန်းအား Public Private Partnership(PPP) ပုံစံဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။
ပြည်တွင်းအမြန်ချောပို့ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန် ပြည်တွင်းကုမ္ပဏီကိုးခုမှ လာရောက်ဆက်သွယ်ခဲ့ပြီး ယင်းသို့လာရောက်ဆက်သွယ် ခဲ့သည့် ပြည်တွင်းကုမ္ပဏီများထဲမှ သတ်မှတ်စည်းကမ်းချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီသုံးခုကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မြန်မာ့စာတိုက်လုပ်ငန်းမှ စာပို့တိုက် ၁၃၉၀ ဖွင့်လှစ်ထားပြီး စာပို့လုပ်ငန်း ဝန်ဆောင်မှုများ လုပ်ကိုင်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
သတင်း..........ရန်ကုန်တိုင်းမ်

08 May 2012

ရွှေလောင်းမြို့ နှင့်ကျုံမငေးမြို့ ကျောင်းသားသမဂ္ဂများကိုအာဏာပိုင်များမှဖိအားပေးခြိမ်းခြောက်

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်၏မြောင်းမြခရိုင်ဝါးခယ်မမြို့ နယ်ရွှေလောင်းမြို့  ကျောင်းသား များသမဂ္ဂနှင့်ကျုံမငေးမြို့ ကျောင်းသားများသမဂ္ဂမှကျောင်းသား/သူများကို မြို့ နယ်အာဏာပိုင်များ မှဖိအားပေးခြိမ်းခြောက် လျက်ရှိကြောင်းသိရသည်။ 

ထိုမြို့ နှစ်မြို့ မှကျောင်းသား/သူများအားမြို့ နယ်ရဲတပ်ဖွဲ့ နှင့် မြို့ နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ သမဂ္ဂ၀င်ကျောင်းသား/သူများ၏အမည်စာရင်းကိုခေါ်ယူမေးမြန်းခြင်း သမဂ္ဂ၀င်ကျောင်းသား/သူများ ၏နေရပ်လိပ်စာ၊မိဘအလုပ်အကိုင်၊တက်ရောက်လျှက်ရှိသောမေဂျာနှင့် တက္ကသိုလ်တို့အား အကျပ်ကိုင်မေးမြန်းခြင်း မှတ်ပုံတင်အမှတ် ၊သန်းခေါင်စာရင်းတို့အား မိတ္တူကူးယူသွားခြင်း ကျောင်းသား/သူများ၏မိဘများအား၎င်းတို့ ၏သား/သမီးများကျောင်းသားသမဂ္ဂသို့
ဝင်ရောက်ပါကအန္တာရာယ် ရှိနိုင်ကြောင်းခြိမ်းခြောက်ပြောကြားခြင်း များ ပြုလုပ်နေကြောင်းရွှေလောင်းမြို့ ကျောင်းသား သမဂ္ဂမှ ကျောင်း သား တစ်ဦးကပြောကြားခဲ့သည်။ 

၁.၅.၂၀၁၂(အင်္ဂါနေ့)ည(၁၂း၁၀)အချိန်တွင် ကျုံမငေးမြို့ ရဲစခန်းမှ ယာယီဂါတ်စာရေးနယ်ထိန်း အောင်နိုင်ဦးနှင့်ရဲတပ်သားတစ်ဦးအပါအ၀င် ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ ကင်းသမားများပါဝင်သောအဖွဲ့  သည် ကျုံမငေးမြို့ ကျောင်းသားသမဂ္ဂမှ တွဲဘက်အတွင်းရေးမှူး မအိအိအောင် (ပုသိမ်အဝေးသင်တက္ကသိုလ်) ၏နေအိမ်သို့ရောက်ရှိလာပြီး မအိအိအောင် ၏မှတ်ပုံတင်အမှတ် မိဘများ၏မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်၊ သန်းခေါင်စာရင်းအား လာရောက်မေးမြန်း ယူဆောင်သွားခဲ့ကြသည်။ကျုံမငေးမြို့ကျောင်းသားသမဂ္ဂမှကျောင်း သား/သူများ၏နေအိမ်များ သို့အလားတူလာရောက်မေးမြန်းသည့်ဖြစ်စဉ်များလည်းရှိခဲ့သည်။

ထိုကိစ္စနှင့်ပတ် သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဗဟိုစည်းရုံးရေးကော်မတီမှ တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ် မှ ကျုံမငေးမြို့  ရဲစခန်း(ဖုန်းနံပါတ် ၀၄၂၆၅၃၂၀)သို့ ဆက်သွယ်မေး မြန်းခဲ့ရာ “တာဝန်မှူးမလာ သေး ၍…..မပြောကြားနိုင်ကြောင်း” ပြန်လည်ဖြေဆိုခဲ့သည်။

ထို့ပြင်ရွှေလောင်းမြို့  ကျောင်းသားသမဂ္ဂမှ ကျောင်းသား/သူများကိုလည်းမြို့ နယ်အုပ်ချုပ်ရေးရုံးမှ ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ ၀င်များမှ သမဂ္ဂ၀င် ကျောင်းသား/သူများ၏ အမည်စာရင်းများကို တောင်းယူပြီးမည်သည့်ရည်ရွယ်ချက်ကြောင့်ဖွဲ့ စည်း ရခြင်းဖြစ် ကြောင်းဖိအားပေးဖြေဆိုခိုင်းခြင်း၊ ကျောင်းသား/သူများ၏မိဘများကိုလည်း ၄င်းတို့၏ သား/သမီး များကို သမဂ္ဂမှနှုတ်ထွက်ခိုင်းရန်ြခိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ရွှေလောင်းမြို့ ကျောင်းသားသမဂ္ဂ ဘဏ္ဍာရေးကော်မတီမှ ကိုစိုးပြည့်စုံ ၏မိဘများကို၎င်းမရှိခိုက် လာရောက်ပြီးကိုစိုးပြည့်စုံမှ ကျောင်းသားများ သမဂ္ဂ အလုပ်များကိုဆက်လက်လုပ်ဆောင်နေပါက မိဘများ၏အလုပ်များကိုပါ ထိခိုက်နိုင်ကြောင်း လာရောက် ပြောကြား ခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်အဖွဲ့ နော်ဝေနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ


ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မေလ ၆ ရက်နေ့ မနက် ၈ နာရီက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ နော်ဝေနိုင်ငံသို့သွားရောက်ရန်ထိုင်းလေကြောင်း လိုင်းဖြင့် ခရီးထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်ဟာ ချစ်ကြည်ရေးခရီးစဉ်သက်သက်ဖြစ်တဲ့အပြင် နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနကဖိတ်ကြားလို့ သွားရောက်ရတာ ဖြစ် ကြောင်း ပြည်သူ့လွှတ်တော်မှ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
အဆိုပါ ခရီးစဉ်မှာ ပြည်သူ့လွှတ်တော်ရေးရာကော်မတီ ဥက္ကဌများဖြစ်ကြသည့် ဦးလှမြင့်ဦး၊ ဦးမောင်မောင်သိမ်း၊ ဦးစိုးသာနဲ့ အခြားသော အဖွဲ့ဝင် ၉ ဦးပါဝင်ကြောင်း ယင်းကဆက်လက် ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဌရဲ့ နော်ဝေခရီးစဉ်ဟာ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို တစ်နှစ်ရပ်ဆိုင်းထား ချိန်နဲ့ တိုက်ဆိုင်နေသည်။
သတင်း...  yangonchronicle

ကျုးကျော်နေထိုင်သူများအား ပါတီတစ်ခုမှ ကူညီပေးခ ငွေတောင်းခံ

 ၂၀၁၀ ရွေးကောက်ပွဲဝင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီက ရွှေပြည်သာမြို့နယ်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ရုံးပိုင်(ဂျီအီး) တပ်နယ်မြေအတွင်း ကျူုးကျော်နေထိုင်သူများအား လိုက်လံကူညီပေးပြီးနောက် ကူညီပေးခ ငွေတောင်း ခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ “ရွှေပြည်သာမြို့နယ်ရဲ့ တပ်နယ်မြေအတွင်းက ကျုးကျော်ဆိုပြီး နှင်ထုတ်ခံရတဲ့ အိမ်ထောင်စုတစ်ရာကျော်ကို ဆက်နေထိုင်နိုင်ဖို့အတွက်ဆိုပြီး နိုင်ငံရေးပါတီတစ်ခုက လိုက်လံကူညီပေးပါတယ်။ ပြီးတော့ ငွေတောင်းခံတယ်။

 ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီလို့ သိရပါတယ်။ သူတို့ပါတီက ကူညီခဆိုပြီး တစ်အိမ်ကို ငွေငါးသောင်းတောင်းပါတယ်”ပာု ရွှေ့ပြောင်းခံသူတစ်ဦးက ဆိုသည်။ ၂၀၁၂ ဧပြီ ၂၇ ရက်နေ့တွင် ဂျီအီးတပ်နယ်မြေအတွင်း ကျုးကျော်နေထိုင်သူ အိမ်ထောင်စုတစ်ရာကျော်ကို တပ်မတော်မှ ဝိုင်းဝန်းပိတ်ဆို့ကာ နှင် ထုတ်လိုက်ပြီး ယင်းအိမ်ထောင်စုများ နေထိုင်ရန်အတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမှ ရွှေပြည်သာ သံတင်း ၁၉ ရပ်ကွက် အပိုင်း ၄၇ ရှိ လယ်မြေများသို့ ပြောင်းရွှေ့ရန် လိုက်လံကူညီပေးပြီးနောက် ကူညီပေးခ ငွေတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ဒီလိုမျိုးတွေ မလုပ်သင့်ပါဘူး။ တကယ်ကို ပြည်သူတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက်ဆိုပြီး နိုင်ငံရေးပါတီတစ်ခု အဖြစ် ရပ်တည်နေကြတာပါ။ ဒီအပေါ်မှာ ဘာမှ အခွင့်အရေးယူစရာမလိုပါဘူး။

 ခုပာာက တကယ်ကို လမ်းဘေးဆန်ပါတယ်။ ဒီနိုင်ငံရေးပါတီပာာ ကြေးစား ဆန်ဆန် နိုင်ငံရေးပါတီတစ်ခု လိုလုပ်သွားတာပါ”ပာုမြန်မာ့အရေး လေ့လာနေသူတစ်ဦးက ဆိုသည်။ ထိုသို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမှ ကူညီပေးခများ ငွေတောင်းခံခဲ့သည့်အတွက် ကျူးကျော်နေထိုင်သူ များမှာ မကျေမနပ်ဖြစ်ခဲ့ကြပြီး အသစ်ပြောင်းရွှေ့နေထိုင်ရန် ဆောက်လုပ်လျက်ရှိသည့် ဓါးဓနိများကို ပြန်လည်ဖျက်သိမ်းခဲ့ကြကြောင်း သိရသည်။ 

 ရွှေပြည်သာရှိ ဂျီအီး တပ်နယ်မြေအတွင်း ကျုးကျော်နေထိုင်သူများ ပြောင်းရွှေ့နေထိုင်ရန် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ)ပါတီက လိုက်လံကူညီပေးခဲ့သည့် ရွှေပြည်သာ သံတင်း ၁၉ ရပ်ကွက် အပိုင်း ၄၇ ရှိ လယ်မြေများမှာ ဦးစိန်ဝင်းဆိုသူက ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီကို လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရသည်။ 

သတင်း.... YC

ဈေးခွန်ကိစ္စ ပထမဦးဆုံးအကြိမ် ပြည်နယ်ဝန်ကြီးချုပ်အိမ်သို့ သွာရောက်တောင်းဆို

မေလ ၆ရက်နေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ နာဇီဈေးရွာမှ ဈေးသူ/သားများသည် ဈေးခွန်ကောက်ခံခြင်းနှုန်း မြင့်မားသောကြောင့် ပြည်နယ်ဝန်ကြီးချုပ်ရုံး
အိမ်သို့ သွားရောက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းသို့သွားရောက်တောင်းဆိုသည့် ဈေးသည်တစ်ဦးထံမှ သတင်းရရှိ သည်။ “ဖြစ်တာက ဈေးခွန်မတရားကောက်တာနဲ့ ပတ်သက်တဲ့အခက်အခဲကိုပြောဖို့ ပြည်နယ်ဝန်ကြီးချုပ်အိမ်ကို သွားပြီးတောင်းဆိုကြတာပါ။ ဒါပေမယ့် ပြည်နယ်ဝန်ကြီးချုပ်က မရှိဘူးဆိုတော့ မြို့နယ်စည်ပင်ဦးစီးရုံးကို ထပ်သွားပြီး တောင်းဆိုခဲ့ပါတယ်။

 တောင်းဆိုကြတဲ့အထဲမှာ ဈေးသူဈေးသား ၆၀ကျော် လောက်က သုံးဘီးတွေနဲ့ ချီတက်ပြီး သွားတောင်းဆိုတာပါ။ သူတို့က ဈေးခန်းတစ်ခန်းကို ၁၀၀၀ကောက်တယ်။ မုန့်တီဆိုင်ဆို ၇၀၀နဲ့ ကောက်ညှင်းပေါင်း တောင်းတစ်တောင်းကို ၅၀၀ဆိုပြီး မတရားအဆမတန်ကောက်ခံလို့ အခုလို ပြည်နယ်ဝန်ကြီးချုပ်အိမ်အထိသွားပြီး တောင်းဆိုရတာဖြစ်ပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်မှ ဆိုသည်။ ယင်းသို့ ဈေးသူဈေးသားများမှ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပတ်သက်၍ မြို့နယ်စည်ပင်ဦးစီးဌာနမှ တာဝန်ရှိလူကြီးများဖြင့် တွေ့ဆုံဆွေး နွေးခဲ့ပြီး ယင်းကိစ္စအား အဆင်ပြေစေရန် ဖြေရှင်းပေးမည်ဟု ၎င်းတို့မှ ပြန်လည်ပြောကြားခဲ့ကြောင်းကိုလည်း ထပ်မံသိရှိရပြီး ရခိုင်ပြည်နယ်အတွင်း ယင်း ကဲ့သို့တောင်းဆိုမှုပြုလုပ်သည်မှာ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ယင်းမြို့နယ်ရှိ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 သတင်း.... ATM

07 May 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျပန်သို့ လေ့လာရေးခရီးသွားမည်

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂နှစ်ကုန်ပိုင်း၌ ဂျပန်နိုင်ငံသို့ လေ့လာခရီးအဖြစ် သွား ရောက်ရန် ဆန္ဒရှိနေကြောင်း ယင်းပါတီမှ အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

 “ဒေါ်စုက ဂျပန်ကိုသွားမယ်ဆိုပြီး ဧပြီလဆန်းပိုင်းမှာ ဂျပန်သံအမတ် Takashi Saitoနဲ့ တွေ့တုန်းကပြောတာ”ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြား သည်။ ထို့ပြင် NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံကူးလက်မှတ် ကိုလည်း တရားဝင် ထုတ်ပေးထားပြီး သူမ ကိုယ်တိုင် လာရောက်ထုတ်ယူခြင်းမပြုလုပ်သေးတာပဲရှိပါသည်.။ လာမည့်ဇွန်လတွင်လည်း နော်ဝေနိုင်ငံနှင့် ဗြိတိန်နိုင်ငံများသို့ လေ့လာခရီးစဉ်အဖြစ် သွား ရောက်လည်ပတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံမှ အကြောင်းမပြန်သည့်အတွက် Trination ပိုက်လိုင်းစီမံကိန်း ရပ်ဆိုင်း

 မြန်မာနိုင်ငံဘက်မှ ပြန်လည်အကြောင်းပြန်မှု မရှိခြင်းမရှိတော့သည့်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ သုံးနိုင်ငံ ချိတ်ဆက် ဆောင်ရွက် လျက်ရှိသော Trination ပိုက်လိုင်းစီမံကိန်းကို ရပ်ဆိုင်းလိုက်ရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တာဝန်ရှိသူတစ်ဦးက တရားဝင်ပြောကြားသည်။ ထို့ပြင် မြန်မာနိုင်ငံမှ အကြောင်းပြန်ခြင်း မရှိသည့် ကိစ္စရပ်များကြောင့် မြန်မာနိုင်ငံအပါအဝင် သုံးနိုင်ငံ ချိတ်ဆက်၍ သွယ်တန်းဆောင်ရွက်မည့် ဂက်စ်ပိုက်လိုင်းမှတစ်ဆင့် အာရှအရှေ့အလယ်ပိုင်းဒေသများအထိ ပိုက်လိုင်းထပ်မံချဲ့ထွင်မည့် စီမံကိန်းများကိုလည်း ရပ်ဆိုင်းပစ်ခဲ့ရကြောင်း သိရသည်။ 

 “မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ဂက်စ်တွေတင်ပို့မယ်ဆိုတဲ့ ကိစ္စရပ်တစ်ခုလည်း အပါအဝင်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဘက်ကထွက်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းကနေတစ်ဆင့် အိန္ဒိယနိုင်ငံက ကိုးလ်ကတ္တားကို ပို့ဆောင်ဖို့ လွန်ခဲ့တဲ့နှစ်က မြန်မာအစိုးရ ဘက်ကို အဆိုပြုထားတာ အခုအောင်မြင်မှုမရှိတော့ပါဘူး”ပာု ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အငြင်းပွားလျက်ရှိသည့် ရေပိုင်နက်ပြဿနာကို ၂၀၁၂ မတ်လ ၂၄ ရက်နေ့တွင် နိုင်ငံတကာခုံရုံးမှ ဆုံးဖြတ် ချက်ချမှတ်ခဲ့ရာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်ရှိရာ နေရာများတွင် မြန်မာနိုင်ငံ ရေပြင်ပိုင်နက်အတွင်း၌
သာ ရှိသည့်အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ရေနံနှင့် စွမ်းအင်ရရှိရေးမှာ မြန်မာနိုင်ငံအပေါ်တွင်သာ ဆက်လက်မှီခိုနေရဦးမည့် အလားအလာရှိကြောင်း သိရသည်။

 “ကျွန်တော်တို့ တရုတ်နဲ့သဘောတူထားတဲ့အတိုင်း ၂၀၁၃ ဆိုရင် စပြီးရောင်းတော့မယ်။ ကျောက်ဖြူနဲ့ ရခိုင်ဒေသကထွက်တဲ့ ဓာတ်ငွေ့တွေ ကိုလည်း တရုတ်ကိုပဲရောင်းရတော့မယ်။ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကို မသွားနိုင်တော့ပါဘူး”ဟု စွမ်းအင်ဝန်ကြီးဌာန နေပြည်တော်ရုံးချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း အပတ်စဉ်ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြပါရှိသည်။

သတင်း ....ပြည်မြန်မာ

ဝန်ကြီးဌာနများမှ ရန်ကုန်ပိာုတယ်များကို စစ်ဆေးတော့မည်

၂၀၁၂ မေလ ၁၅ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့ရှိ ပိာုတယ်၊ မိုတယ်၊ အင်းနှင့် တည်းခိုရိပ်သာများကို ရန်ကုန်ပာိုတယ် လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ငါးဖွဲ့ဖွဲ့စည်း၍ ဝင်ရောက်စစ်ဆေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိာုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 “၂၀၁၃ ခုနှစ်အတွက် Local ပိာုတယ်တွေမှာရှိတဲ့အခန်းတွေကို နိုင်ငံခြားသားတွေတည်းခိုနိုင်ဖို့ အဆင့်မြှင့်နိုင်အောင် ပိာုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ညွှန်ကြားထားတယ်”ပာု မြန်မာနိုင်ငံပိာုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရန်ကုန်ဇုန်) ဥက္ကဋ္ဌ ဦးတင်ဝင်းက ပြော ကြားကြောင်း အပတ်စဉ်ထုတ် The Voice ဂျာနယ်တွင် ဖော်ပြပါရှိသည်။ 

 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပိာုတယ်များမှာ ငွေကြေးအားနည်းချက်များကြောင့်သော်လည်းကောင်း၊ ထိန်းသိမ်းစစ်ဆေးမည့် အဖွဲ့သီးသန့် မရှိ၍သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ပြင်ဆင်မှုမရှိသည့်အတွက် ယခုကဲ့သို့ ပိာုတယ်လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ငါးဖွဲ့ဖွဲ့စည်း၍ ပိာုတယ်များကို စစ်ဆေးရန် ဆောင်ရွက်ရခြင်းဖြစ်ပြီး ပိာုတယ်များအနေနှင့်လည်း ငွေကြေးအခက်အခဲရှိပါက ဝန်ကြီးဌာနသို့တင်ပြ၍ ချေးငွေရရှိနိုင်စေရန် ပိာုတယ်လုပ်ငန်းရှင်များအသင်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 “ရန်ကုန်မှာ တည်းခိုခန်းတွေ၊ ပိာုတယ်တွေ တော်တော်များပေမယ့် ဝန်ဆောင်မှုပိုင်းတွေမှာတော့ တချို့ပိာုတယ်တွေကပဲ ဝန်ဆောင်မှုကို အပြည့် အဝပေးနိုင်တယ်။ ပြီးတော့ ရန်ကုန်က ဒီပိာုတယ်တွေမှာ လုံခြုံရေးအားနည်းချက်တွေရှိတဲ့အတွက် လာရောက်တည်းခိုတဲ့သူတွေ ပစ္စည်းပျောက်ရှတာ တွေ လည်း အများဆုံးကြုံရလေ့ရှိပါတယ်။ အခုလို ပြန်ပြီးကြပ်မတ်မယ်ဆိုရင်တော့ ပြန်ပြီး အဆင့်မြင့်လာနိုင်ပါတယ်”ပာု ပိာုတယ်များသို့ ဝင်ရောက်စစ်ဆေးမည့် အဖွဲ့ငါးဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ လက်ရှိ ရန်ကုန်မြို့တွင် ပိာုတယ်ပေါင်း ၁၈၇ လုံးရှိပြီး အသင်းဝင်ပာိုတယ်များမှာ ၁၅၇ လုံးရှိကြောင်း သိရသည်။ 

သတင်း... The Voice

ဒု-သမ္မတရာထူးမှ ကျန်းမာရေးအခြေအနေကြောင့် ထွက်စာတင်

 ပြည်ထောင်စုမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးအခြေ အနေကြောင့် မေလ ၃ရက်နေ့၌ ထွက်စာတင်လိုက် ကြောင်း နိုင်ငံခြားသတင်းဌာနတစ်ခု၏ ဖော်ပြချက်အရ သိရသည်။ “အခုဆိုရင် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးရဲ့ ထွက်စာကိစ္စနဲ့ ပတ်သက်ပြီး အတည်ပြုချက်မယူရသေးဘူး။ 

ဒါပေမယ့် ပြီးခဲ့တဲ့လကတော့ ကျန်းမာရေးမကောင်းလို့ စင်ကာပူမှာ ဆေးသွားကုရတယ်။ ကင်ဆာဖြစ်နေတယ်လို့ ပြောတယ်။ ပြီးတော့ မျက်လုံးလည်း သိပ်မကောင်းဘူး”ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးသည် အသက်အရွယ်အရ ၆၁နှစ်ကျော်ရှိနေပြီး ၎င်းသည် ကျန်းမာရေးအခြေအနေ မကောင်းသောကြောင့် ထွက်စာတင်ထားရခြင်းဖြစ်ကြောင်းနှင့် ယင်းကိစ္စနှင့်ပတ်သက်၍ အထက်မှ တုံ့ပြန်မှုမရှိသေးကြောင်း အထက်ပါပုဂ္ဂိုလ်၏ ပြောကြားချက်အရ သိရှိရသည်။

 ထို့နောက် ၎င်းအား နိုင်ငံတကာမှ ခေါင်းမာသူတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ၂၀၁၀ရွေးကောက်ပွဲတွင် တပ်မတော်ကိုယ်စားလှယ် ၂၅ရာခိုင် နှုန်း၏ ရွေးချက်ခြင်းဖြင့် ဒုတိယသမ္မတအဆင့်သို့ ဆက်ခံတာဝန်ယူရသူတစ်ဦးလည်းဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။ 

 ထို့ပြင် မြန်မာနိုင်ငံအား ဒီမိုကရေစီစနစ်သို့ ဖေါ်ဆောင်နေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်လည်း ၎င်း၏ လုပ်ငန်းစဉ်များအား တခြားသူ တစ်ဦးမှ ဆက်လက်လုပ်ဆောင်နိုင်ရန် ၂၀၁၅ရွေးကောက်ပွဲအပြီးတွင် နှုတ်ထွက်ရန် ဆန္ဒရှိနေကြောင်း သမ္မတအကြံပေးတစ်ဦးဖြစ်သူ ဦးကိုကိုလှိုင်မှ နိုင်ငံ ခြားသတင်းဌာနတစ်ခုသို့ ပြောကြားထားခြင်းမှ သိရှိရသည်။ 

သတင်း... ATM

06 May 2012

မွန်ပြည်နယ် ပေါင်ရဲစခန်းမှ စခန်းမှူးအပါဝင် ရဲအားလုံး၏ အာဂတိလိုက်စားမှုမှာ ကြားမကောင်းမြင် မကောင်း

မွန်ပြည်နယ် ပေါင်ရဲစခန်းမှ စခန်းမှူးအပါဝင် ရဲအားလုံး၏ အာဂတိလိုက်စားမှုမှာ ကြားမကောင်းမြင်
မကောင်း အချုပ်သားတစ်ယောက်ကို အချုပ်ကထုတ်လျှင် ငွေ၂၀၀၀ကျပ်၊ ဧည့်တွေ့နှင့်ထမင်းလာပို့
လျှင် ၃၀၀၀ကျပ်၊ ၄၀၀၀ ကျပ်ပေးရပါတယ် မပေးနိုင်ပါက မတွေ့ရ ထမင်းမပို့ရ ဆိုပြီး ပေါ်ပေါ်တင်တင်
ငွေကြေးကောက်ခံနေသည်အတွက် အများပြည်သူနှင့် နိုင်ငံတော်အကြီးအကဲဆိုသူများ သိစေရန်
တင်ပြရခြင်းဖြစ်ပါသည်။

အင်ဂျင် ၁၃၀၀ စီစီအောက် ကားပါမစ်မလိုပဲ တင်သွင်းခွင့်ပြုမည်သတင်းကြောင့်  ကားဈေးထိုးကျ



အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက် ကားများကို ပါမစ်သီးခြားမလိုပဲ လွတ်လပ်စွာ တင်သွင်းခွင့်ပြုမည်ဆိုသည့် အတည်မပြုနိုင်သေးသော သတင်းထွက်ပေါ်ပြီးနောက် ရန်ကုန်မြို့ကားဈေးကွက်တွင် ကားဈေးထိုးကျသွားကြောင်း ဟံသာဝတီကားဝိုင်းမှ ကားရောင်းဝယ်သူများက ပြောသည်။

ယခုသတင်းကြောင့် ကားဈေးသာမက ကားပါမစ်ဈေးများလည်း သိသိသာသာ ကျဆင်းသွားကြောင်း ကားဝယ်ရောင်းများ၏ ပြောဆိုချက် အရသိရသည်။

ဝယ်ရောင်း ကားပိုင်ရှင်တဦး ဖြစ်သူ ဦးသက်လင်းက “မနေ့ညနေက ဈေးကွက်မှာ ၁၃၀၀ စီစီအောက် ကားတွေကို လွတ်လပ်စွာတင်သွင်းခွင့်ပြုဖို့ စည်းဝေးနေပြီဆိုတဲ့ သတင်းထွက်ပြီး ကားဈေးတွေ သိန်း ၃၀၊ ၄၀ ကျသွားတယ်၊ ဘယ်သူမှ မ၀ယ်တော့ပဲ ဖြစ်နေတယ်” ဟု YPI သို့ပြောသည်။

အခြားကားဝယ်ရောင်း တဦးကလည်း ယမန်နေ့ညနေက ကားဈေးကွက်တွင် ဈေးကျဆင်းသွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။
 
အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက်ကားများတွင် မီနီဆလွန်း ကားအမျိုးအစား၊ ဆူဇူကီ ဝေဂွန်အာပလပ်စ် ကားမျိုးလို ကားအငယ်များ ပါဝင်နိုင်ပြီး ယင်းသို့ လွတ်လပ်စွာ တင်သွင်းခွင့်ပြုပါက အငှားယာဉ် နှင့် မြို့တွင်းအိမ်သုံးစီးသူများ အနေဖြင့် ဈေးနှုန်းသက်သာစွာ ၀ယ်စီးနိုင်မည့် အလားအလာရှိကြောင်း ကားဝယ်ရောင်းများက ခန့်မှန်းပြောဆိုသည်။

ယမန်နှစ် လယ်ကစတင်လိုက်သည့် ယာဉ်အိုယာဉ်ဟောင်းများ အပ်နှ၍ ကားအစားထိုးတင်သွင်းခွင့်ပြုသည့် အစီအစဉ်ကြောင့် ဆယ်စုနှစ် တခုကျော်မြင့်တက်ခဲ့သည့် ကားဈေး ၃ ချိုး ၂ ချိုး ကျဆင်းခဲ့သည်။

ယခင်နှစ်နှစ်ဝန်းကျင်က သိန်း ၁ ထောင်ကျော် ရှိခဲ့သည့် တိုယိုတာ မတ်တူးဆလွန်း (ရွှေငါး) အမျိုးအစားမှာ ယခုအခါတွင် ကျပ် သိန်း ၃၀၀ မှ ၃၅၀ ၀န်းကျင်သာရှိသည်အထိ ကျဆင်းလာသည်ကို တွေ့ရသည်။

ထို့နောက် နိုင်ငံခြားငွေ ဒေါ်လာ ၁ သိန်းရှိသည့် ကုမ္ပဏီများ၊ ၀င်ငွေခွန်ပေးဆောင်ထားသူ ပြည်ပတွင် အလုပ်လုပ်ကိုင်ခဲ့သူများ၊ နိုင်ငံခြားသင်္ဘောသားများ ကိုပါ တင်သွင်းခွင့်ပြုခဲ့ရာမှ ကားဈေးမှာ တစထက်တစကျဆင်းလာခဲ့သည်။ 
 
သတင်း.... YPI

မဟာအောင်မြေ တစ်သီးပုဂ္ဂလ အမတ်လောင်း တစ်ကိုယ်တော် ဆန္ဒပြမည်



ကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေး မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တစ်သီးပုဂ္ဂလက ဦးစိန်လှက မတ်လ(၁၅)ရက်နေ့ဝန်ကြီးများ အစည်းဝေးမှ သတ်မှတ်ထုတ်ပြန်လိုက်သော ရုံးခွန်နှင့် တံဆိပ်ခွန် ၁၀ တန်ဖိုးမြှင့်သည့်ထဲမှ ရုံးခွန်တိုးမြှင့်သည်ကိုလက်မခံနိုင်သောကြောင့် တစ်ဦးတည်း ချီတက် ဆန္ဒပြမည်

တစ်ဦးတည်း ဆန္ဒပြရန်အတွက် မြို့နယ်ရဲစခန်း၊ အထွေထွေအုပ်နှင့် ခရိုင်ကို (၇) ရက်ကြိုတင်စာ တင်ထား သည်။

တရားဝင်စာကျလာပါက မန္တလေးမြို့ လမ်း၇၀ ၃၀နှင့် ၃၁ကြားမှ ၇၃လမ်း၊ ထိုမှ တောင်ဘက် ၃၆လမ်း၊ ၃၆လမ်းအတိုင်း ၈၄လမ်းဘက်သို့ ချိုးကွေ့ပြီး ၂၆ဘီလမ်း ဈေးချိုနာရီစင်ထိရောက်အောင်သွားကာ ထိုမှ ၀န်ကြီးချုပ်ရုံး ၆၄လမ်းအထိ တစ်ဦးတည်း ဆန္ဒပြမည်

လေးပေပတ်လည် ဗီနိုင်းလေးချပ်တွင် ယင်းကိစ္စကို ကန့်ကွက်သည့်စာသားများရေးသား ထားမည် ဖြစ်ကာ ဂျစ်ကားနှင့် သွားမည်ဟု သိရသည်။

သတင်း.... DVB

ထိုင်းလုပ်ငန်းရှင် မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူး လက်မှတ် ပြန်မပေးလို့ ဆန္ဒပြ

 
ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဝမ်းနွဲ့ဒေသရှိ လယ်ယာစက်မှု ပစ္စည်းထုတ်လုပ်တဲ့ Fly Star စက်ရုံမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၂) ဦးဟာ သူတို့ရဲ့ ယာယီပတ်စပို့ဖိုးအတွက် လုပ်အားခထဲကဖြတ်တောက်ခဲ့တာ ကြေသွားပြီဖြစ်ပေမယ့် သူတို့ပိုင်ဆိုင်တဲ့ ပတ်စပို့ကို လုပ်ငန်းရှင်ဖြစ်သူက ပြန်ထုတ်မပေးတဲ့အတွက် အလုပ်မဆင်းဘဲ ဆန္ဒပြနေတယ်လို့ သိရပါတယ်။
နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MOU နဲ့ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ဒီအလုပ်သမားတွေဟာ သူတို့ရဲ့ ယာယီပတ်စပို့ဖိုး ကုန်ကျငွေကို လုပ်အားခထဲကနေ တလ ၄၀၀၀ ဖြတ်ခဲ့တာမှာ ပြည့်ပြီးခဲ့ပေမယ့် အခုအချိန်အထိ ပတ်စ်ပို့ကို လုပ်ငန်းရှင်က ထုတ်မပေးပဲ နေတာဖြစ်ပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့အခါ ရဲကစစ်လို့ ပတ်စပို့ မိတ္တူပဲ ပြနိုင်တဲ့အတွက် တခါဖမ်းရင် ဘတ်ငွေ (၅၀၀) ပေးရနေရတာကြောင့် မနေ့ကတည်းကစပြီး အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်လို့ အလုပ်သမားတဦးဖြစ်တဲ့ ကိုတင်လင်းစိုးက အခုလိုပြောပါတယ်။

“စာချုပ်ထဲက အတိုင်းလည်း မဖြတ်ဘူး။ ကျွန်တော်တို့ကို ဒီမှာ သူတို့တောင်းတဲ့အတိုင်း ပေးလိုက်တယ်။ တလ ၄၀၀၀ နူန်း ပေးလိုက်တယ်။ သူဌေးကပြောတယ်ခင်ဗျ။ ပတ်စပို့ဖိုး ၁၂၅၀၀ ဖြတ်မယ်။ ၄ လနဲ့ အကြေဖြတ်မယ်။ ၁၅ ရက် တပတ်ကို ၂၀၀၀ ပေါ့။ သူကအဲလို ပတ်စပို့ပေးကိုင်မယ်။ သူကိုယ်တိုင်က ပြောခဲ့တာ။ ကျွန်တော်တို့လည်း ကြိုးစားပြီး လုပ်ခဲ့တယ်ပေါ့နော်။ ပတ်စပို့ ရမှာဆိုတော့ တအားပျော်တယ်ပေါ့နော်။ ဒါပေမယ့်လို့ သူက သူပြောတဲ့ ကတိအတိုင်းလည်း ဖြစ်မလာဘူး ပတ်စပို့လည်း ပေးမကိုင်တော့ဘူး ”

အလုပ်သမားတွေကို ပတ်စပို့်ဖိုး ဘတ်ငွေ ၁၂၅၀၀ ကုန်ကျမယ်ဆိုပြီး ကော့သောင်းမြို့မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၁ ရက်ကတည်းက စာချုပ်ချုပ် ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်သမားတွေဟာ ၁၅ ရက် တပတ်အတွက် ဘတ်ငွေ ၂၀၀၀ စီကို ကျေအောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။

မနေ့ကတော့ ဖူးချွေကမ်းလို့ခေါ်တဲ့ မန်နေဂျာ ရောက်လာပြီး ပတ်စပို့လိုချင်ရင် ပိုက်ဆံထပ်ပေးရ မယ်လို့ ပြော ဆိုခဲ့ပြီး ဒီကနေ့မှာတော့ အလုပ်ကြပ်တယောက်က အလုပ်မဆင်းရင် ရဲနဲ့ဖမ်းခိုင်းမယ်လို့ အလုပ်ရှင် က ပြော ခိုင်းကြောင်း အလုပ် သမားတဦးဖြစ်တဲ့ ကိုကျော်ဇင်ကိုက အခုလိုပြောပါတယ်။

“မနေ့က ဖူးချွေကမ်းက လာပြန်ပြောတယ်။ ပတ်စပို့လိုချင်ရင် ပိုက်ဆံနောက်ထပ် ၆၇၆၀ ထပ်ပေးရမယ်တဲ့။ အဲဒါဆို ပတ်စပို့ပေးမယ်တဲ့။ ကျွန်တော်တို့က ဖမ်းရင်တော့ တအုပ်လုံး လိုက်သွားမှာပဲ။ လိုက်သွား ပြီးတော့ ဖြစ်ပျက်သမျှကိစ္စ အဲဒီမှာပဲ ထပ်ရှင်းရမှာပဲ”

စာချုပ်ပါအတိုင်း အလုပ်သမားတွေရဲ့ နစ်နာကြေးလည်း မပေးကြောင်း သူတို့ လုပ်ဖော်ကိုင်ဘက်တယောက် ကြုံတွေ့ရပုံကိုလည်း ကိုကျော်ဇင်ကိုက အခုလိုပြောပါတယ်။

“လူတယောက် လက်တွေ ခြေထောက်တွေ ထိခိုက်ဒဏ်ရာရလို့ရှိရင် စာချုပ်ထဲမှာ လျှော်ကြေးရမယ်။ လက်တဆစ်ဆို ၁သိန်းရမယ်။ အခုကျွန်တော်တို့ထဲက ဗမာထဲက လူတယောက်က လက် ၃ ချောင်း ပြတ်ထား တယ်။ လျှော်ကြေးတခုမှ မရဘူး။ သူတို့ လျစ်လျူရှုထားတယ်”

အလုပ်မဆင်းတဲ့ရက်ဆိုရင် (၂) ရက်စာ လုပ်အားခ ဖြတ်တောက်ခံရတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုကြပါတယ်။

သတင်း...  RFA Burmese

၂ဝ၁၅ ရွေးကောက်ပွဲတွင် သမ္မတ ဦးသိန်းစိန် ထပ်မံမယှဉ်ပြိုင်ဘဲ ရာထူးမှ ဖယ်ပေးလျှင်လည်း ဖယ်ပေးဖွယ်ရှိကြောင်း သမ္မတအကြံပေး ဦးကိုကိုလှိုင်ပြောကြား


၂ဝ၁၅ ရွေးကောက်ပွဲတွင် သမ္မတဦးသိန်းစိန်အနေနှင့် ထပ်မံဝင်ရောက်ချင်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ဆက်လက်မယှဉ်ပြိုင်ဘဲ ရာထူးမှဖယ်ပေးလျှင်လည်း ဖယ်ပေး ဖွယ်ရှိကြောင်း သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ဘလွန်းဘာ့ဂ်ျ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားသွားသည်။

''နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကောင်းတွေ ဖြစ်ပေါ်လာအောင် နိုင်ငံတော်သမ္မတကြီးအနေနဲ့ အခြေခံ အုတ်မြစ်ကောင်းတွေ ချပေးနိုင်ခဲ့ပါတယ်၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုခရီး စဉ်မှာ နိုင်ငံတော် သမ္မတကြီး ဟာ ဦးဆောင် ဦးရွက်မှုကောင်းကောင်း ပေးနိုင်ခဲ့ပါတယ်၊ သမ္မတရဲ့ လက်ရှိ သမ္မတသက်တမ်း မှာ ပြုပြင်ပြောင်း လဲရေးတွေ အားရလောက်အောင် အောင် မြင်မှုရှိတာကို သမ္မတအနေနဲ့ မြင်ရမယ်ဆိုရင် သူလည်း ကျေနပ်အားရမယ်လို့ ယူဆနိုင်ပါတယ်၊ ဒီမိုကရေစီလမ်း စဉ် လျှောက်လှမ်းတဲ့နောက် တစ်ဆင့် ဟာ နောက်ခေါင်းဆောင်တွေရဲ့ လက်ထဲ ကို လွှဲပြောင်းပေးဖို့ရာလည်း ဖြစ်နိုင်ပါတယ်'' ဟု ဦးကိုကိုလှိုင်က တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသွားသည်။


သမ္မတ ဦးသိန်းစိန်သည် အသက် ၆၇ နှစ်ရှိပြီဖြစ်ပြီး ရာထူး လက်ခံပြီး ၁၄ လအတွင်းမှာပင် မြန်မာနိုင်ငံအား ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ပြန်လည်ချိတ်ဆက်နိုင်အောင် ကြိုး ပမ်းနိုင်ခဲ့သူဖြစ်သည်။ စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်သော ဦးသိန်းစိန်သည် အရပ်သားအစိုးရအဖွဲ့ကို ဦးဆောင်ပြီးနောက် ပိုင်း နိုင်ငံရေးအကျဉ်းသား အများအပြားကို လွတ် ငြိမ်းချမ်းသာခွင့်ပေးခဲ့သလို၊ အတိုက် အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကိုလည်း လက်ရှိ နိုင်ငံရေးလမ်းကြောင်းတွင် ပူးပေါင်းပါဝင်လာအောင် ညှိနှိုင်းစည်း ရုံးနိုင်ခဲ့ကြောင်း တွေ့ရသည်။

လူဦးရေ ၆၄ သန်းရှိသော မြန်မာနိုင်ငံအတွက် ကမ္ဘာ့စီးပွားရေးတံခါးများကို ပြန်ဖွင့်ပေးနိုင်ခဲ့သလို၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ဝင်လာနိုင်အောင်လည်း တံခါးများ ဖွင့်လှစ်ပေးနိုင်အောင် ဦးဆောင်ကြိုးပမ်း လျက်ရှိကြောင်း တွေ့ရသည်။ အခြေခံဥပဒေအရ ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ထပ်မံကျင်းပမည်ဖြစ်ရာ တပ်မတော်နှင့် ပတ်သက်မှုမရှိသော အရပ်သားကိုယ်စားလှယ်များ နေရာပိုမိုရရှိလာ မည့်အရေးကို ဦးသိန်းစိန် အနေနှင့် လက်ခံပေးနိုင်မည်ဖြစ်သော်လည်း တပ်မတော်၏တုံ့ပြန်မှု မည်သို့ရှိမည် ကိုမူ ကျိန်းသေပေါက်ပြော ၍မရ သေးကြောင်းလည်း ဦးကိုကိုလှိုင်က ပြောကြားသွားသည်။

''လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ တပ်မတော်နဲ့ ပတ်သက်မှုမရှိတဲ့ အရပ်သားကိုယ်စားလှယ်တွေ နေရာ များများရလာပြီး နိုင်ငံရေးပါဝါ အလွှဲအပြောင်းကာလ ဖြစ်လာချိန်မှာ တပ်မတော်ဘက်က တုံ့ပြန်မှုဘယ်လို ရှိမယ်ဆိုတာ လက်ရှိ နိုင်ငံရေးပါတီ တွေနဲ့ တပ်မတော်ရဲ့ ဆက်ဆံရေးကောင်း တည်ဆောက်နိုင်မှုပုံစံပေါ်မှာ မူတည်နေပါတယ်'' ဟု ဦးကိုကို လှိုင်က ထပ်လောင်းပြောကြားသွားသည်။

၂ဝ၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း ''မြန်မာနိုင်ငံဟာ အ ခုဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်နေပါပြီ၊ ဒီမိုကရေစီနိုင်ငံမှာ ပြည်သူတွေရဲ့ သဘောထားဆန္ဒဟာ အဓိကကျပါ တယ်၊ပြည်သူတွေရဲ့ သဘော ထားဆန္ဒ ပေါ်မူတည်ပြီး အပြောင်းအလဲတွေ အများကြီးဖြစ်လာနိုင်ပါတယ်၊၂ဝ၁၅ မှာ ဖြစ်လာနိုင်တဲ့ အခြေအနေကို ကြို ခန့်မှန်းပြီး ပြောဖို့ရာတော့ခက်ပါ တယ်'' ဟု ¤၎င်းကပြောကြားသွားသည်။

သတင်း... Messenger News Journal

ကိုယ်စားလှယ်အချို့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွင် ဒုတိယသမ္မတကို ဦးဆောင်စေချင်


ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွင် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းအား ဦးဆောင်ရန် ပြည်သူ့လွှတ်တော်အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်အချို့မှ ဆန္ဒရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော KIO/KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများမှာ ၁၁ လခန့်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လက်ရှိ အချိန်ထိတိုင် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးသဘောတူညီချက်များ ရရှိခြင်းမရှိသေးသည့်အတွက် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွင် ဒေါက်တာစိုင်းမောက်ခမ်းအား ဦးဆောင်ရန် လွှတ်တော်ကိုယ်စားလှယ်များမှ ဆန္ဒဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သိရသည်။
“အခု ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ တော်တော်ကို အခြေအနေဆိုးနေတယ်လို့ကြားတယ်။ ပြည်တွင်းတိုက်ပွဲတွေဖြစ်လာပြီဆို တကယ် တမ်း နစ်နာရတာက ပြည်သူပဲ။ ပြီးတော့ KIO/KIA တပ်တွေနဲ့ တပ်မတော်တို့တိုက်ပွဲတွေဖြစ်နေတာ လတော်တော်ကိုကြာနေပြီ။ ခုထိ ငြိမ်းချမ်းရေးမရ သေးဘူး။ ဒီတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှာ အပြောင်းအလဲအနေနဲ့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို ဦးဆောင်စေချင်တာပါ”ပာု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်အတွင်းတွင်လည်း တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အချို့မှ ပူးပေါင်း၍ အစိုးရ၏ ငြိမ်းချမ်းရေးဖော် ဆောင်ရေးအဖွဲ့တွင် ဒေါက်တာစိုင်းမောက်ခမ်းအား ဦးဆောင်ရန် ဆန္ဒပြုထားပြီး KIO/KIA နှင့် မြန်မာ့တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေးအတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ တိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီအသီးသီးမှ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောကြားသည်။
လက်ရှိအချိန်တွင် တိုင်းရင်းသားပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များမှ ပူးပေါင်း၍ တိုင်းရင်းသားများဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲ လျက်ရှိကြောင်း သိရသည်။
သတင်း.... Street View

ပြည်ပရောက် နိုင်ငံသားများ ပြည်တော်ပြန်ရေး ဒီမိုမိတ်ဆွေ(၁၀)ပါတီ သမ္မတထံစာတင်


ယခင်အစိုးရပောာင်းနှင့် နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိသွားသည့် မြန်မာနိုင်ငံသားများ ပြည်တော်ပြန် လာနိုင်ရေးအတွက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန် ဒီမိုကရေစီမိတ်ဆွေ (၁၀)ပါတီမှ နိုင်ငံတော်သမ္မတ ထံသို့ ဧပြီ ၃၀ ရက်နေ့ တွင် စာတင်ခဲ့ကြောင်း ယင်းပါတီများမှ တာဝန်ရှိသူတစ်ချို့၏ ပြောကြားချက်အရ သိရှိရသည်။
ဒီမိုကရေစီမိတ်ဆွေ(၁၀)ပါတီ၏ ပြည်ပရောက် နိုင်ငံသားများ ပြည်တော်ပြန်လာရေးအတွက် လွတ်ငြိမ်းခွင့်ဥပဒေပြဋ္ဌာန်းရန် ဒီမိုကရေစီမိတ်ဆွေမှ ခေါင်းဆောင်များမှ လက်မှတ်ရေးထိုး၍  နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့ပြီးပြည်ပရောက် နိုင်ငံသားများ ပြည်တော်ပြန်လာရေး ဒီမိုမိတ်ဆွေ(၁၀)ပါတီ စာတင်ခြင်းမှ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။
“ပြည်ပကိုရောက်ရှိနေတဲ့ နိုင်ငံသားတွေအားလုံးကို ဆိုလိုတာမပာုတ်ပါ ဘူး။ နိုင်ငံရေးမှုနဲ့ ရောက်ရှိ သွားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပဲဆိုလိုတာပါ။တစ်ချို့တွေက ပြန်လာချင်ပေမယ့် ခုချိန်ထိ စိုးရိမ်စိတ်ကရှိနေတုန်းပဲ။ ဒီလို နိုင်ငံသားတွေအတွက် အဆင်ပြေနိုင်မယ့် ဥပဒေတစ်ရပ် ပြဋ္ဌာန်း ပေးဖို့ ကို တောင်းဆိုတာပါ”ပာု ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ဒီမိုကရေစီမိတ်ဆွေပါတီများမှ နိုင်ငံတော်သမ္မတထံသို့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းရေးပေးပို့သည့် ဒုတိယစာကို ပထမအကြိမ်တင်ခဲ့ပြီးဖြစ်သည့် “နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း အမိန့်အမှတ်(၂၈/၂၀၁၁) နှင့်ပတ်သက်၍ ဒီမိုကရေစီမိတ်ဆွေပါတီများ ၏ သဘောထားပေးပို့ခြင်း” စာနှင့်အတူ ပူးတွဲပေးပို့ခဲ့ကြောင်း ၎င်း၏ ထပ်မံပြောကြားချက်အရ သိရသည်။
“ပြည်ပကိုရောက်နေတဲ့မြန်မာတွေ ကိုယ့်နိုင်ငံကို ပြန်လာသင့်ပါပြီ။ ခုလည်း အစိုးရသစ်ကလျှော့ပေါ့မှုတွေကို အများကြီး လုပ်ပေးနေတာပဲ။ သူတို့ တွေပြန်လာပြီးတော့ ကိုယ့်နိုင်ငံအတွက် အကျိုးပြုတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်သင့်ပါပြီ”ပာု မြန်မာ့အရေးလေ့လာနေသူတစ်ဦးကဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းတစ်ခုတွင် ပြည်ပရောက်မြန်မာနိုင်ငံ သားများ ပြည်တော်ပြန်လာရေးအတွက် ဖိတ်ခေါ် ကြောင်းထည့်သွင်းပြောကြားခဲ့သည်။
သတင်း.... YC

နေပြည်တော်သို့ သံရုံးအချို့ ပြောင်းရွှေ့မည်


လက်ရှိ ရန်ကုန်၌ ဖွင့်လှစ်ထားရှိသည့် ဘင်္ဂလားဒေ့ရှ်သံရုံး၊ ဗြိတိန်နိုင်ငံ သံတမန်ရေးရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးနှင့် အခြားသံရုံးအချို့တို့ကို မြန်မာနိုင်ငံ၏ ပထမမြို့တော်ဖြစ်သည့် နေပြည်တော်သို့ မကြာမီကာလအတွင်း ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သံရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့ကြောင်း အပတ်စဉ်ထုတ် The Voice ဂျာနယ်တွင် ဖော်ပြပါရှိချက်အရ သိရသည်။
“သံရုံးအများစုကတော့ နေပြည်တော်ကိုပဲ ပြောင်းရွှေ့ဖွင့်လှစ်ရမယ်လို့ကြားပါတယ်။ ဘယ်အချိန်မှ ပြောင်းရွှေ့ဖွင့်လှစ်မယ်ဆိုတဲ့ အချိန်အတိအ ကျကို မသိရသေးရပါဘူး။ ပိာုမှာ သံရုံးတွေဖွင့်လှစ်နိုင်ဖို့အတွက် အဆောက်အဦးတွေ ဆောက်ရဦးမှာပါ”ပာု နိုင်ငံခြားရေးသံရုံးတစ်ခုမှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ဒဏ်ခပ်မှုများ ပြုလုပ်ထားသည့် ဗြိတိန်နိုင်ငံမှလည်း နေပြည်တော်၌ ဗြိတိန်ညှိနှိုင်း ရေးရုံးဖွင့်လှစ်နိုင်ရန် မြန်မာနိုင်ငံရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး သံရုံးများသို့ နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်ရခြင်းမှာ နေပြည်တော်၌ မြန်မာအစိုးရ၊ လွှတ်တော်တို့နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံနိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။
မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများအတွက် ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ဥရောပသမဂ္ဂရုံးကို ရန်ကုန်၌ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံတကာမှ သံရုံးပေါင်း ၇၀ ကျော် တရားဝင်ရုံးစိုက်၍ နိုင်ငံခြားရေးရာကိစ္စရပ်များကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။               
သတင်း...The Voice