21 April 2012

နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ရင် အီးယူ ပိတ်ဆို့မှု လုံးဝ ရုပ်သိမ်းနိုင်မည်


မြန်မာအစိုးရ အနေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးမယ်ဆိုရင် အီးယူအနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို လွတ်လွတ်ကျွတ်ကျွတ် ရုပ်သိမ်းပေးနိုင်တယ်လို့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။

လာမယ့် ဧပြီလ (၂၃) ရက်နေ့ လူဇင်ဘတ်နိုင်ငံမှာ ကျင်းပမယ့် အီးယူ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှု အများစုကို တစ်နှစ်တိတိ ယာယီ ဆိုင်းငံ့ပေးဖို့ အီးယူ အဖွဲ့ဝင်နိုင်ငံတွေ သဘောတူညီထားကြကြောင်း ကြေညာအပြီးမှာ ပိုလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Radoslaw Sikorski က ပြောဆိုခဲ့တာပါ။

နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ပြီး၊ မြန်မာပြည် နောက်ပြန် မလှည့်နိုင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ပြီဆိုရင် ယာယီ ဆိုင်းငံ့ထားတဲ့ အီးယူ ပိတ်ဆို့မှုတွေ အားလုံးဟာ လုံးဝ ပွင့်သွားနိုင်ပါတယ်လို့ ၀ါဆောမြို့မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

အီးယူက ဆိုင်းငံ့ထားမယ့် ပိတ်ဆို့မှုတွေထဲမှာ သစ်လုပ်ငန်း၊ သစ်အချောထည် လုပ်ငန်းနဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ ပါဝင်ကြတဲ့ ကုမ္ပဏီ (၈၀၀) ကျော်နဲ့ ကုန်သွယ်ခွင့်၊ ရင်းနှီးမြှုပ်နှံခွင့်၊ မြန်မာစစ်အစိုးရ ထိန်းချုပ်ထားတဲ့ ကုမ္ပဏီ ( ၅၂) ခုမှာ ရင်းနှီးမြှုပ်နှံခွင့်၊ စစ်အစိုးရ အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ နီးစပ်သူ ပုဂ္ဂိုလ် စုစုပေါင်း (၄၉၁) ယောက်အပေါ် ဥရောပ၀င်ခွင့် ဗီဇာပိတ်ပင်ထားတာတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ ယာယီ ဆိုင်းငံ့ထားမယ့် ပိတ်ဆို့မှုတွေထဲမှာ စစ်လက်နက်ပစ္စည်းရောင်းချမှု မပါဝင်ပါဘူး။ မြန်မာအပေါ် ပိတ်ဆို့မှု (၁၂) လတိတိ ယာယီ ဆိုင်းငံ့ထားစဉ်အတွင်း အခြေအနေ တိုးတက်မှုရှိမရှိကို အီးယူက အနီးကပ် အသေအချာ စောင့်ကြည့်နေမှာဖြစ်ပြီး အောက်တိုဘာလမှာ ပြန်လည်သုံးသပ်မှာ ဖြစ်ကြောင်း အီးယူ အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။

ဒါအပြင် သမ္မတ ဦးသိန်းစိန်ဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်လက် လျှောက်လှမ်းနေတယ်ဆိုရင် (၁၂) လ မတိုင်ခင်အတွင်း အီးယူအနေနဲ့ ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းသွားနိုင် တယ်လို့ ဆိုပါတယ်။

ပိုလန် နိုင်ငံခြားရေးဝန်ကြီးကလည်း ပိုလန်နိုင်ငံဟာလည်း စစ်အစိုးရ လက်အောက် ကျရောက်ခဲ့ရဖူးပါတယ်။ အသွင်ကူးပြောင်းရေး ဆောင်ရွက်လိုက်လို့ ပိုလန်ဟာ နောင်တမရတဲ့အပြင် စံနမူနာ ယူစရာတောင် ဖြစ်လာခဲ့ပါတယ်။ မြန်မာ စစ်ဗိုလ်ချုပ်များ အတွက်လည်း နမူနာယူစရာပါလို့ ပြောဆိုပါတယ်။

သတင်း....  RFA Burmese

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေ၊ကမ္ဘာ့ခေါင်းဆောင်တွေ နဲ့ စုဖွဲ့ထားတဲ့ The Elders အဖွဲ့က မနေ့က ကြေငြာချက်ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်နိုင်ငံရေးထဲ ၀င်ရောက်ခဲ့ပြီဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်အောင် ဆထက်ထမ်းပိုး လုပ်ဆောင်နိုင်မယ်လို့ မိမိတို့ အနေနဲ့ ယုံကြည်ကြောင်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေ၊ကမ္ဘာ့ခေါင်းဆောင်တွေ နဲ့ စုဖွဲ့ထားတဲ့ the elders အဖွဲ့က မနေ့က ကြေငြာချက်ထုတ်ပြန် လိုက်ပါတယ်။

 ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေ အဆင်ပြေအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်သလို နိုင်ငံအနှံ့မှာ ဆက်လက် ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကိုလည်း အရေးယူ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေက ပြောပါတယ်။ တောင်အာဖရိကနိုင်ငံက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားက ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့ The Elders မှာ ဒေါ်အောင်ဆန်းစုကြည်က လည်း အဖွဲ့ဝင် ဖြစ်ပါတယ်။ 

 သမ္မတဦးသိန်းစိန် အာဏာရလာခဲ့ပြီးကတည်းက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခဲ့တာ၊ အလုပ်သမားဥပေဒတွေ ပြဌန်းခဲ့တာ၊ မီဒီယာ အကန့်အသတ်တွေ လျော့ချပေးခဲ့တာ စတဲ့ ပြောင်းလဲမှုတွေကိုလည်း ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တွေက ချီးကျူးပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ the elders အဖွဲ့မှာ ဂုဏ်ထူးဆောင် နေရာမှာ ရှိနေတာ ဖြစ်ပြီး မကြာခင် လွှတ်တော်နိုင်ငံရေးထဲ ၀င်ရောက်တော့မှာ ဖြစ်တာကြောင့် The Elders အဖွဲ့ရဲ့ မူအရ အဲဒီနေရာ ကနေ အနားယူတော့မှာ ဖြစ်တယ်လို့လည်း ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။ 

သတင်း.... RFA

အိမ်ကထွက်သွားတဲ့ညမှာပဲ ကလေးစစ်သားအဖြစ် အဖမ်းခံရ

  • အဓမ္မစစ်မှုထမ်းနေရတဲ့ အသက် ၁၅ နှစ်ကျော် ၁၀ တန်းကျောင်းသားမောင်ဆန်းယုနိုင်ကို မိဘအပ်ထိန်းသူတွေက စစ်လေ့ကျင့်ရေးကျောင်းမှာ ရှာလို့တွေ့ပေမယ့် အိမ်ပြန်ခေါ်တာကို စစ်တပ်က ခွင့်ဘူးလို့ သိရပါတယ်။

    မောင်ဆန်းယုနိုင်ဟာ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် လေ့ကျင့်ရေး ကျောင်း အမှတ် ၇ စစ်သင်တန်းကျောင်းမှာ စစ်သင်တန်းတက်နေရပြီး မိဘအုပ်ထိန်းသူတွေက သွားခေါ်တဲ့အခါမှာတော့ ဒီကလေးကို စလက်ခံကတည်းက မိဘမဲ့ကလေးအဖြစ် စာရွက်စာတမ်းနဲ့ လက်ခံခဲ့တာကြောင့် တွေ့ခွင့်သာပေးပြီး အိမ်ပြန်မထည့်ဘူးလို့ စစ်သင်တန်းကျောင်း တာဝန်ကျအရာရှိက ပြောလွှတ်တယ်လို့ သူ့ရဲ့ အဖိုးဖြစ်သူ ဦးအောင်ငြိမ်းက ပြောပါတယ်။

    "ကျနော်တို့ကလေးဟာ ၁၀ တန်းကျောင်းသားလဲဖြစ်တယ်။ အသက်လည်း မပြည့်သေးတဲ့အတွက် ကျနော်တို့ ပြန်ခေါ်ချင်တယ်လို့ ပြောတဲ့အခါကျတော့ ခင်ဗျားကလေးက မှန်တယ်။ သို့သော်လည်း လာပို့တဲ့အရာရှိက စာရွက် စာတမ်းအပြည့်အစုံနဲ့ မိဘမဲ့ကလေးဆိုပြီး လာပို့သွားတယ်တဲ့။ ကျနော်တို့ဆီ ကိုလာရင် တွေ့လို့တော့ရမယ်၊ ခေါ်လို့မရဘူးလို့ ပြောလိုက်တယ်။"

    မောင်ဆန်းယုနိုင်ဟာ ရန်ကုန်မြို့ တာကေတမြို့နယ် ၂/မြောက် ရပ်ကွက်မှာနေထိုင်တာဖြစ်ပြီး အထက (၁) တာကေတ အထက်တန်းကျောင်းက ၁၀ တန်းကျောင်းသားတဦး ဖြစ်ပြီး စစ်တပ်ထဲ ဝင်လိုက်ရလို့ စာမေးပွဲဖြေဆိုခွင့်လည်း ဆုံးရှုံးခဲ့ရပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာလက ၃ ရက်နေ့ည ၁၀ နာရီလောက်မှာ စလောင်းကလာတဲ့ ဘောလုံးပွဲ သွားကြည့်မယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ညမှာပဲ ကလေးစစ်သားအဖြစ် အဖမ်းခံရတာပါ။

    သူ့ကို စစ်တပ်အရာရှိ ကိုဟန်လင်းက တပ်မတော် လေ့ကျင့်ရေးကျောင်း ကို ခေါ်သွားတာလို့ နောက်ပိုင်းမှာ သိရကြောင်း ဦးအောင်ငြိမ်းက
    ပြောပါတယ်။

    အစိုးရက စစ်တပ်မှာ ကလေးစစ်သား မသုံးပါဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ
    တုန်းက သတင်းစာရှင်းပွဲ လုပ်ထားပြီး နိုင်ငံပိုင် သတင်းစာမှာလည်း
    ဖော်ပြထားပါတယ်။

    ဒီအချက်ကိုကိုင်ပြီး မြေးဖြစ်သူကို ပြန်ခေါ်ဖို့ကြိုးစားမယ်၊ ကာကွယ်ရေး ဝန်ကြီးဌာနကိုလည်း အသနားခံစာ ပို့မယ်လို့ ဦးအောင်ငြိမ်းက ပြောပါတယ်။
    ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO ကိုလည်း တိုင်တန်းထားတယ်လို့ ဦးအောင်ငြိမ်းက ပြောပါတယ်။

    (ဓာတ်ပုံ- Shan Herald News Agency)
  • သတင်း.... RFA

20 April 2012

၂၃ ရက်နေ့လွှတ်တော်အစည်းအဝေးတွေကို NLD ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ဖြစ်နိုင်ချေမရှိသေး

လွှတ်တော်ကိုယ်စားလှယ်တွေကျမ်းသစ္စာကျိန်ဆိုတဲ့အခါ အခြေခံဥပဒေကို ထိမ်းသိမ်း ကာကွယ် စောင့်ရှောက်ပါမည်ဆိုတဲ့စကားရပ်နဲ့ကျိန်ဆိုရမှာကို အခြေခံဥပဒေကိုလေးစားလိုက်နာပါမည်ဆိုတဲ့ စကားရပ်နဲ့ပြင်ဆင်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရကိုတင်ပြထားတဲ့ကိစ္စနဲ့ ပတ်သက် လို့ နေပြည်တော်အခြေခံဥပဒေခုံရုံးကဒီစကားရပ်ကိုပြန်လည်ပြင်ဆင် ရေးသားဖို့ မလိုတဲ့အကြောင်း NLD ကို ဒီနေ့ ခေါ်ယူပြောဆိုလိုက်ပါတယ်။

အခြေခံဥပဒေခုံရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဖိတ်ခေါ်ပြီး ရှင်းပြခဲ့တဲ့အတွက် NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်း သွားရောက်ခဲ့တဲ့နောက်မှာ NLD ရဲ့တင်ပြချက်အဆင်မပြေသေးကြောင်း သိရတာပါ။
ဒါနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်း က RFA ကို အခုလိုပြောပါတယ်။

"ဆောင်ရွက်နေတာ အဆင်မပြေသေးဘူးပေါ့လေ။ Interpretation လိုင်းကိုတင်ပြတော့ ဒါကို မဆိုင်ဘူးဆိုတဲ့အကြောင်းသူက ရှင်းပြတာ။ အဲဒါပါပဲ။ ပြင်ပေးရန် အကြုံးမ၀င်ဘူးပေါ့။ ပြင်ပေးလို့ မရဘူးမဟုတ်ဘူး။ ဒီရုံးအနေနဲ့ ပြောတာပေါ့နော်။ အခြေခံ ဥပဒေ ခုံရုံးပါ။"

အခုပြောဆိုချက်ဟာ အခြေခံဥပဒေခုံရုံးရဲ့ သဘောထားတခုပဲဖြစ်သေးတဲ့ အတွက် သမတအပါအဝင် အစိုးရတဖွဲ့လုံးရဲ့ သဘောထားမဟုတ်သေးဘူးလို့ ဦးဥာဏ်ဝင်းကပြောပါတယ်။

အခုလို အခြေခံဥပဒေခုံရုံးကပြောဆိုလိုက်တာကြောင့် လာမယ့် ၂၃ ရက်နေ့ မှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေကို NLD ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ဖို့ ဖြစ်နိုင်ချေမရှိသေးဘူး လို့လည်း ဦးဥာဏ်ဝင်းကပြောပါတယ်။

နိုင်ငံရေးပါတီတည်ထောင်လိုသူတွေအနေနဲ့ အခြေခံဥပဒေကိုထိမ်းသိမ်းကာကွယ်စောင့်ရှောက် ပါမည်လို့ ကတိပြုရတာကိုအခြေခံဥပဒေကိုလေးစားလိုက်နာပါမည်ဆိုတဲ့စကားရပ်နဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေမှာ ပြင်
ဆင်ပေးခဲ့တဲ့အတွက် NLD အနေနဲ့ ပါတီမှတ်ပုံပြန်တင် ပြီး၊ ရွေးကောက်ပွဲဝင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်၊ လွှတ်တော်ကိုယ်စားလှယ်တွေ အဖြစ်ရွေးချယ်တင်မြှောက်ခံရတဲ့ အခါမှာလဲ ဒီစကားရပ်နဲ့ကျန်းကျိန်ရမှာဖြစ်တဲ့အတွက် အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ NLD အနေနဲ့ ဒီ ကာကွယ်စောင့်ရှောက် ပါမည်ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ခွင့်တင်ပြထားတာဖြစ်ပါတယ်။

သတင်း... RFA

ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာ အရှင်ဂမ္ဘီရ လူဝတ်လဲ

"ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက် ကျောင်းသားများအမည်အသုံးပြု၍ ငွေကျပ်ကိုးသိန်းလိမ်လည်"

မင်းကိုနိုင်နှင့် ၈၈မျိုးဆက် ကျောင်းသားများ၏ အမည်များကိုအသုံးပြု၍ ငွေကျပ်ကိုးသိန်း လိမ်လည်မှုတစ်ခု တောင်ငူတွင်ဖြစ်ပွားခဲ့ကြောင်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ထံမှ သိရသည်။

အဆိုပါ နည်းလမ်းဖြင့် တောင်ငူမြို့ "စည်ပင်ဂိုဏ်းအုပ်ကျောင်း" ဆရာတော် ဦးဥာဏိဿလင်္ကာရထံမှ ကျပ်လေးသိန်းတစ်ကြိမ်၊ ငါးသိန်းတစ်ကြိမ် လိမ်လည်ခဲ့ကြောင်းသိရသည်။

ဆရာတော်၏ တိုင်တန်းချက်ကြောင့် လိမ်လည်သူငါးဦးကို တောင်ငူရဲစခန်းတွင် ဖမ်းဆီးရမိပြီဖြစ်ပြီး၊ လိမ်လည်ရာတွင် အသုံးပြုခဲ့ကားကိုလည်း ယင်းရဲစခန်းတွင်ပင် သိမ်းဆည်းထားကြောင်းသိရသည်။ ယင်းလိမ်လည်သူတို့ကို ယခုလ ၂၃ ရက်နေ့တွင် ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။

သတင်း.... Popular Myanmar News Journal

ဦးသိန်းစိန် ဂျပန် သွားရသည့် ကိစ္စ

ဂျပန်အစိုးရက မြန်မာနိုင်ငံအပေါ်တင်ရှိနေတဲ့ အကြွေးယန်းငွေ ဘီလျံ ၃၀၀ ကို ပယ်ဖျက်ပေးမဲ့အကြောင်း ဧပရယ်လ ၁၉ ရက်ထုတ် Asahi Shimbun သတင်းစာမှာ ရေးသားထားပါတယ်။ အဲဒီငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၇ ဘီလျံနဲ့ ညီမျှပါတယ်။ ဒီကိစ္စကို လာမဲ့စနေနေ့ တိုကျိုမှာ မြန်မာသမ္မတ ဥိးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda တို့ တွေ့ဆုံတဲ့အခါ တရားဝင် ကြေငြာမယ်လို့ သိရပါတယ်။ အကြွေးတွေလျှော့ပေးပြီးတဲ့နောက်မှာ ဂျပန်အစိုးရရဲ့ အကူအညီပေးရေး အစီအစဉ်တွေကို ပြန်စမဲ့အကြောင်း လည်း Asahi Shimbun သတင်းမှာ ရေးသားထားပါတယ်။

သတင်း.... DVB TV News

19 April 2012

၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာပေါ်ဝယ် လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို အမေရိကန်ပြည်ထောင်စုမှ အပတ်စဉ်ထုတ် TIME မဂ္ဂဇင်းက ယနေ့ထုတ်ပြန်

၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာပေါ်ဝယ် လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို အမေရိကန်ပြည်ထောင်စုမှ အပတ်စဉ်ထုတ် TIME မဂ္ဂဇင်းက ယနေ့ထုတ်ပြန်လိုက်သည်။

ယင်းစာရင်းဝယ် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က အမှတ်စဉ် ၆၇ နေရာတွင်ပါရှိသည်။

အမေရိကန် သမ္မတ အိုဘားမားက အမှတ်စဉ် ၆၁ နေရာတွင်ပါရှိကာ၊ ဟီလာရီကလင်တန်က အမှတ်စဉ် ၈၈ နေရာတွင်ပါရှိသည်။စာရင်း အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

1.Jeremy Lin
2.Christian Marclay
3.Viola Davis
4.Salman Khan
5.Tim Tebow
6.E.L. James
7.Louis CK
8.Rihanna
9.Marco Rubio
10.Ali Ferzat
11.René Redzepi
12.Kristen Wiig
13.Anthony Kennedy
14.Novak Djokovic
15.Ben Rattray
16.Jessica Chastain
17.Yani Tseng
18.Raphael Saadiq
19.Elinor Ostrom
20.Samira Ibrahim
21.José Andrés
22.Ann Patchett
23.Dulce Matuz
24.Henrik Schärfe
25.Freeman Hrabowski
26.Maryam Durani
27.Manal al-Sharif
28.Anjali Gopalan
29.Rached Ghannouchi
30.Barbara Van Dahlen
31.Ron Fouchier
32.Donald Sadoway
33.Hans Rosling
34.Asghar Farhadi
35.Sarah Burton
36.Anonymous
37.Pete Cashmore
38.Cami Anderson
39.Ali Babacan and Ahmet Davutoglu
40.Ai-jen Poo
41.Marc Andreessen
42.Preet Bharara
43.Robert Grant
44.Andrew Lo
45.Sharmeen Obaid-Chinoy
46.Alexei Navalny
47.Ray Dalio
48.Hamad bin Jassim bin Jaber al-Thani
49.Chelsea Handler
50.Harvey Weinstein
51.Chen Lihua
52.Warren Buffett
53.Alice Walton
54.Harold Hamm
55.Sheryl Sandberg
56.Sara Blakely
57.Tim Cook
58.Eike Batista
59.Daniel Ek
60.Virginia Rometty
61.Barack Obama
62.Goodluck Jonathan
63.Xi Jinping
64.Fatou Bensouda
65.Christine Lagarde
66.Mario Draghi
67.U Thein Sein
68.Ayatullah Ali Khamenei
69.Mitt Romney
70.Juan Manuel Santos
71.Timothy Dolan
72.Portia Simpson Miller
73.Mario Monti
74.Wang Yang
75.Maria das Graças Silva Foster
76.Andrew Cuomo
77.Iftikhar Chaudhry
78.Mamata Banerjee
79.Walter Isaacson
80.Ron Paul
81.Benjamin Netanyahu
82.Dilma Rousseff
83.Erik Martin
84.Cecile Richards
85.Angela Merkel
86.Lionel Messi
87.Tilda Swinton
88.Hillary Clinton
89.Catherine
90.Duchess of Cambridge
91.Pippa Middleton
92.Adele
93.Matt Lauer
94.Oscar Pistorius
95.Claire Danes
96.Stephen Colbert
97.Kim Jong Un
98.Mullah Mohammed Omar
99.Sheik Moktar Ali Zubeyr
100.Bashar Assad

သတင်း..... Popular Myanmar News Journal

မြန်မာ နှစ်သစ်အတွက် ဆရာစံဇာဏီဘို ဟောစာတမ်း

မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်ကုန်လို့​ ၁၃၇၄ ခုနှစ်သစ်ကို​ရောက်ရှိလာခဲ့​ပါပြီ။ လွန်ခဲ့​တဲ့​ ၁၃၇၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့​ အ​ပြောင်း​အလဲ​တွေ အများ​ကြီး​ ​ပေါ်​ပေါက်ခဲ့​တဲ့​နှစ်လို့​ ​ပြောရမှာပါ။ အခုကျ​ရောက်တဲ့​ နှစ်သစ် ၁၃၇၄ ခုနှစ်မှာလည်း​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​နဲ့​ ပတ်သက်လို့​ နက်ခတ်​ဗေဒပညာရှင်ဆရာစံဇာဏီဘိုရဲ့​ ကြိုတင်တွက်ချက် ခန့်​မှန်း​ထား​တာ​တွေကို ဒီဗွီဘီသတင်း​ထောက် ကို​နေသွင်က ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လာမည့် ဇွန်လတွင်နော်ဝေ နှင့် ဗြိတိန် နိုင်ငံတို့သို သွားရောက်လည်ပါတ်မည်

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် လာမည့်ဇွန်လတွင် နော်ဝေနှင့် ဗြိတိန်နိုင်ငံတို့သို့ သွားရောက်လည်ပတ် မည်ဖြစ်ကြောင်း အေအက်ဖ်ပီနှင့် ရိုက်တာသတင်းဌာနများက သတင်းဖော်ပြသည်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးထံ
သို့ ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံ၊ အော်စလိုမြို့သို့ လာမည့်ဇွန်လတွင် လာရောက်လည်ပတ်မည့် ခရီးစဉ်နှင့်ပတ်သက်၍ တနင်္ဂနွေနေ့တွင် ဆွေးနွေးခဲ့ကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြား
ကြောင်း အေအက်ဖ်ပီသတင်းဌာနက သတင်းဖော်ပြထားသည်။

နော်ဝေအပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသို့ပါသွားရောက်မည်ဖြစ်ကြောင်း NLD မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ကိုးကား၍ ရိုက်တာသတင်းဌာနကလည်း သတင်းရေးသားထားသည်။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် လာမည့်ဇွန်လ၌ ဗြိတိန်လို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် ၂ နှစ်က ထိုသို့ဖိတ်ကြားပါက ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်သည်ဟုသာ ပြောနိုင်ပြီး မလာနိုင်ဟု ပြန်ဖြေမည်ဖြစ်ကာ လက်ရှိအခြေအနေတွင် ခရီးစဉ်မှာဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

NLD မှ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦးသို့ 7Day News က ဆက်သွယ်မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံကူးလက်မှတ်(Passport)ေ လျှာက်ထားကြောင်း ပြန်လည်
ဖြေကြားသည်။

7Day News

ပြည်ပရောက်မြန်မာများ နေရာပြန်ချထားရေး ကွင်းဆင်းလေ့လာ

အကြောင်းမျိုးမျိုးကြောင့် ပြည်ပရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည် နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် မြ၀တီမြို့နယ် တာဝန်ရှိသူတွေဟာ ကွင်းဆင်းလေ့လာမှုတွေ ဒီနေ့မနက်က ပြုလုပ်နေတယ်လို့ သိရပါတယ်။

မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်တင်နဲ့ အစိုးရဌာနပေါင်း ၁၄ ခုက တာဝန်ရှိသူတွေဟာ မြ၀တီမြို့နယ်အတွင်းမှာရှိတဲ့ ကလိုထူးဘော ကရင်အစည်းအရုံး (ကေကေအို)ရဲ့ ထိန်းချုပ်ဒေသဖြစ်တဲ့ ဝေါ်လေနဲ့ ချူးကလိ ဒေသဘက်မှာ ကွင်းဆင်းလေ့လာတာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ တာဝန်ပေးချက်အရ ခုလို ကွင်းဆင်း လေ့တာတာဖြစ်ပြီး ဒီမနက်ပိုင်းမှာ ကေကေအို အခြေစိုက် ဆုံစည်းမြိုင်မှာ သွားရောက်ပြီး ကေကေအို တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြ၀တီခရိုင် တာဝန်ရှိသူတွေ လာရောက် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ကေကေအိုအတွင်းရေးမှူး စောဂုဏ်အောင်က အခုလို ရှင်းပြပါတယ်။

“သူတို့ပြောတာက ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ဒုက္ခသည်စခန်းက လူတွေကို ပြန်ပြီးတော့ လက်ခံဖို့အတွက်ဆိုတဲ့ အစီအစဉ်နဲ့ လာတာ ဖြစ်ပါတယ်။ အဲဒါကို သူတို့က ဝေါလေနဲ့ ချူးကလိဘက်မှာ ပြန်ပြီး နေရာချထားပေးပေမယ့်ဟာကို ကျနော်တို့ဆီလာပြီး ဘယ်နေရာချထားပေးရင် အဆင်ပြေမလဲဆိုတာကို ဆွေးနွေးတာပေါ့။ ကျနော်တို့ကတော့ ဒီဥစ္စာက ကျနော်တို့ လုပ်ပိုင်ခွင်ထဲမှာ မရှိဘူးဆိုတဲ့ အကြောင်းနဲ့ ကေအန်ယူတို့၊ ကေအာရ်စီတို့၊ ဒုက္ခသည်တွေကို ထောက်ပံ့ပေးနေတဲ့ အန်ဂျီအို အဖွဲ့အစည်းတွေရယ်၊ ထိုင်းအာဏာပိုင်တွေ၊ ယူအန်အိပ်ခ်ျစီအာက အရာရှိတွေ အစရှိသူတွေ အားလုံးနဲ့ မြန်မာအစိုးရတို့ ဆွေးနွေးပြီးမှ ဒါက လုပ်လို့ရမယ့် ကိစ္စ ဖြစ်တယ်။ အဓိကတော့ ဒုက္ခသည်တွေက သူတို့ကိုယ်တိုင် လိုလိုလားလားနဲ့ စိတ်အပူအပင်ကင်းစွာ ပြန်နိုင်ဖို့ အရေးကြီးဆုံး ဖြစ်တယ်လို့ ကျနော်တို့က ရှင်းပြလိုက်ပါတယ်။”

တွေ့ဆုံဆွေးနွေးအပြီး ညနေပိုင်းမှာတော့ ဦးမြင့်တင်နဲ့အဖွဲ့ဟာ ဝေါ်လေကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ညအိပ်ပြီး မနက်ဖြန်မှာ ချူကလိဘက်ဆက်ပြီး ဖွံ့ဖြိုးရေးနဲ့ ပြန်လည်နေရာချထားရေးအတွက် သွားရောက်မှာဖြစ်တယ်လို့ စောဂုဏ်အောင်က ပြောပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေကတော့ မြန်မာနိုင်ငံကို ပြန်ဖို့ ဘယ်အဖွဲ့အစည်းကမှ တိုက်တွန်းတာ မရှိသလို ပြန်ဖို့လည်း အစီအစဉ် မရှိတဲ့အကြောင်း၊ မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှိရင်တော့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အနေအထားရှိတယ်လို့ မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောထွန်းထွန်းက ပြောပါတယ်။

“နယ်စပ်ဒေသမှာ တိုက်ပွဲတွေ မရှိတော့ဘူး။ တစုံတရာထိ ငြိမ်းချမ်းမှုတွေ ရယူနိုင်မယ်ဆိုရင်တော့ ပြန်ဖို့ အနေအထားတော့ ရှိတာပေါ့။ ဒါပေမယ့် ဒုက္ခသည် ပြန်ဖို့ စတင် ဆွေးနွေးနိုင်မယ့် အခြေအနေတွေ၊ နေရပ်ကို ပြန်ပို့နိုင်ဖို့ အစီအစဉ်တွေ ဆွဲနိုင်ဖို့ အခြေအနေကတော့ မြန်မာနိုင်ငံမှာ တကယ့် စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိနိုင်မယ့် အချိန်၊ ရရှိနိုင်မယ့် လမ်းစတွေ မြင်လာမယ်။ လှုပ်ရှားဆောင်ရွက်မှုတွေ ရှိလာမယ့် အချိန်လောက်မှပဲ ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်တွေ စတင်လုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်။”

ထိုင်း-မြန်မာနယ်စပ်နေ ဒုက္ခသည်တွေကို ပူးပေါင်းကူညီပေးနေတဲ့ (တီဘီဘီစီ)အဖွဲ့ရဲ့ စာရင်းအရ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံက ဒုက္ခသည် ၁သိန်းခွဲခန့် ရှိတယ်လို့ ဖော်ပြထားပါတယ်။

သတင်း...DVB TV News

မြန်မာနိုင်ငံမှာ မကြာခင် နော်ဝေသံတမန်ရုံး ဖွင့်လှစ်ဖို့ရှိကြောင်း

မြန်မာနိုင်ငံမှာ မကြာခင် နော်ဝေသံတမန်ရုံး ဖွင့်လှစ်ဖို့ရှိကြောင်း အော်စလိုမြို့ကိုရောက်ရှိနေတဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ရထားဝန်ကြီး ဥိးအောင်မင်းက ပြောကြားလိုက်ပါတယ်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးနဲ့ ဧပရယ်လ ၁၇ ရက်နေ့က တွေ့ဆုံပြီးတဲ့နောက် ဦးအောင်မင်းက အဲဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။ နှစ်ဘက်တွေ့ဆုံရာမှာ ဦးအောင်မင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကိစ္စကို အဓိကထားရှင်းပြခဲ့ပြီး နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးကလည်း မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနီးကပ် ကူညီသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

ဒီဗွီဘီ

17 April 2012

ဒေါ်အောင်ဆန်းစုကြည် နဲ့ အနုပညာရှင်တွေရဲ့  နှစ်ဆန်း ၁ ရက် ကော့မှူးခရီးစဉ်




ဘယ်ခေါင်းဆောင် ဒီလိုမျိုး မြင်ဘူးလဲ

ပြည်သူ ထဲက ပြည်သူ့ခေါင်းဆောင်



ပြည်သူ့ခေါင်းဆောင် ဆိုတာ ဒီလိုဖြစ်နေရမှာပေါ့

ဓာတ်ပုံ ....Thanthar Win

၈၈ မျိုးဆက်သစ်သံချပ်အဖွဲ့ သင်္ကြန်အတတ်နေ့ညနေ ၅ နာရီတွင် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့တွင် သံချပ်ဖြင့်ဖျော်ဖြေခဲ့














ဓာတ်ပုံ ....Popular Myanmar News Journal

ပရိတ်ကြီး ၁၁သုတ်

မြန်မာပြည်သူ ပြည်သား အပေါင်း နှစ်သစ် မင်္ဂလာအပေါင်း နဲ့ ပြည့်စုံကြပါစေ လို့ ၇ ရက်သားသမီး များအား မေတ္တာပို့သလိုက်ပါသည်

16 April 2012

မနက်ဖြန် နှစ်ဆန်းတရက်နေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အလှူ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် မွေးနေ့ နှစ် ၁ ရာပြည့် အထိမ်းအမှတ်အဖြစ် မနက်ဖြန် ကော့မှူးမြို့ကို သွားရောက်ပြီး ရပ်ရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် ငွေ လှူဒါန်းမယ်လို့ သိရပါတယ်။

ဧပြီလ ၁၆ ရက် ဒီကနေ့ ကျရောက်တဲ့ ဒေါ်ခင်ကြည် နှစ် ၁ ရာပြည့် အထိမ်းအမှတ် အနေနဲ့ ကော့မှူးမြို့နယ် အတွင်းက ကျေးရွာအုပ်စုတွေကို မဲဖောက်ပြီး ငွေလှူဒါန်းမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ခံ ဦးခွန်သာမြင့်က ပြောပါတယ်။

ကံစမ်းမဲ ၃ ဆု ရွေးချယ်မှာဖြစ်ပြီး ပထမဆု ကျပ် ၁၇၅ သိန်း၊ ဒုတိယဆု ၇၅ သိန်းနဲ့ တတိယဆု သိန်း ၅ဝ လှူဒါန်းမှာ ဖြစ်ပါတယ်။ ကံစမ်းမဲ ပေါက်တဲ့ကျေးရွာတွေက ပြည်သူတွေကို အစည်းအဝေး ခေါ်ယူပြီး ကျေးရွာရဲ့
လိုအပ်ချက်တွေကို တခါတည်း စီစဉ်ခဲ့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတူ လိုက်ပါ ကူညီခဲ့တဲ့ အနုပညာရှင်တွေကလည်း မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါလာပြီး ကံစမ်းမဲ ဖောက်ပေးမှာဖြစ်သလို ကော့မှူးမြို့မှာ ဖျော်ဖြေဖို့ စီစဉ်ထားကြောင်း သိရပါတယ်။


By: RFA Burmese

ယနေ့ နံနက် ခြံရှေ့  သို့လာရောက်ဖျော်ဖြေသည့် “သာဓုပါဗျာ” သံချပ်အဖွဲ့  ၏တင်ဆက်မှုကို အားပေးနေသည့် ဒေါ်အောင်ဆန်းစုကြည်


















ဒီနေ့ သင်္ကြန် အတက်နေ့ မှာ ကျက်သရေ ရှိလှတဲ့ အန်တီပုံလေးတွေ တင်ရင် နဲ့ ဒီနှစ်ကို အဆုံးသတ်လိုက်ပါတော့မယ် ၊ မနက်ဖြန် ကျရောက် မယ့် နှစ်ဆန်းတရက်မှာ မြန်မာပြည်သူပြည်သားအပေါင်း လိုအင်ဆန္ဒ တွေ ပြည့်ဝကြပြီးအကြောင်းအမျိုးမျိုးကြောင့် မိသားစု နဲ့ဝေးနေကြသူများလည်း အမြန်ဆုံး ပြန်လည်တွေ့ဆုံ ကြရပါစေလို့ ကျမ မြတ်လေးငုံ မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်.။

ဓာတ်ပုံ..... Popular Myanmar News Journal ၊ AFP

မြန်မာ့ရိုးရာအတာသင်္ကြန်တော် ပွဲတော် မြင်ကွင်းတွေထဲက ရန်ကုန် မြို့ ရဲ့ သင်္ကြန်မဏ္ဍပ်တွေနဲ့ အလှပြယာဉ်မြင်ကွင်း

၈၈ မျိုးဆက် မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့ ဖျော်ဖြေ (ရုပ်သံ)

ကော့မှုးမှ သက်ကြီး မဲဆန္ဒရှင် ၆၂ဦးကို ဒေါ်အောင်ဆန်းစုကြည် ဂါရ၀ပြုမည်

ရွေးကောက်ပွဲတွင် ကော့မှုးမြို့နယ် ကျေးရွာ အုပ်စုများမှ မဲပေးခဲ့သည့်အသက် အကြီးဆုံးမဲဆန္ဒရှင်(၆၂)ဦးကို မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ဖိတ်ကြားကာ ဒေါ်အောင်ဆန်းစုကြည် မှဂါရ၀ပြု ကန်တော့မည်ဟု သိရသည်။

ကော့မှုးမြို့နယ်တွင် ကျေးရွာ အုပ်စု(၆၂)စုရှိရာ အုပ်စု တစ်စုစီမှ မဲပေးခဲ့သူ အသက် အကြီးဆုံး ပုဂ္ဂိုလ် တစ်ဦးစီကို ဖိတ်ကြားမည်ဟု ကော့မှုး မဲအောင်နိုင်ရေး အဖွဲ့ မှ ဦးလှမြင့်က ပြော သည်။

“NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ကို မဲပေးမှမဟုတ်ဘူး၊ ဘယ်ပါတီပဲ မဲထည်ခဲ့ထည်ခဲ့ အုပ်စု တစ်စုစီက အသက် အကြီးဆုံး မဲထည့်ခဲ့သူ၊ ကော့မှုး ကိုလည်း လာနိုင် လောက်တဲ့လူ ကိုပြောတာပါ ” ဟု ၎င်းက ရှင်းပြသည်။

သက်ကြီး ပုဂ္ဂိုလ်များကို ကော့မှုးသို့ ဖိတ်ကြား၍ ဂါရ၀ပြု ကန်တော့ပြီးပါက ၎င်းတို့ ထဲမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆု သုံးဆုကို မဲနှိုက်ရွေးချယ်ကာ ရပ်ရွာ အကျိုးပြု ရန်ပုံငွေများ ပေးအပ် ချီးမြုင့်မည်ဟု သိရသည်။

ရန်ပုံငွေ အနေဖြင့် ပထမဆု (၁၇၅) သိန်း၊ ဒုတိယဆု(၇၅) သိန်း၊ တတိယဆု သိန်း (၅၀) ချီးမြုင့်မည်ဖြစ်သည်။

“မဲပေါက်တဲ့ ဘိုးဘွားရဲ့  ရွာတွေက ဒီငွေတွေကို ရပ်ရွာ အကျိုးအတွက် ဘယ်နေရာတွေမှာ သုံးမလဲဆိုတာ စီမံချက် ဆွဲပြီး ပြန်တင်ပေးရမယ်။ ကျေးရွာ ရန်ပုံငွေသဘောပေါ့။ ”ဟု ကော့မှုး မဲအောင်နိုင်ရေး အဖွဲ့ဝင် ကိုလင်းဇော်က ပြောသည်။

မြန်မာ နှစ်ဆန်းတစ်ရက်နေ့ တွင် ပြုလုပ်မည့် အဆိုပါ ဂါရ၀ပြု ကန်တော့ပွဲသို့ ရန်ကုန် မှ အနုပညာရှင်များလည်း လာရောက်ကာ အနုပညာ ဖျော်ဖြေရေး အစီအစဉ်များ တင်ဆက်ကြမည်ဟု သိရသည်။

သတင်း... Popular News

15 April 2012

မဟာသင်္ကြန် အကြတ်နေ့ ရန်ကုန်မြို့တော် မြင်ကွင်း နှင့် မဟာသင်္ကြန် အကြတ်နေ့ မန္တလေးမြို့တော် မြင်ကွင်း

မဟာသင်္ကြန် အကြတ်နေ့ ရန်ကုန်မြို့တော် မြင်ကွင်း












မဟာသင်္ကြန် အကြတ်နေ့ မန္တလေးမြို့တော် မြင်ကွင်း










ဓာတ်ပုံမေားအား ဖေ့ ဘုတ် စာမျက်နှာမှ စုစည်းကူးယူပြီး ဖော်ပြထားပါသည်.။