09 April 2011

ဒေါ်အောင်ဆန်းစုကြည် အား ရှေ့ဆောင်လမ်းပြသူ အမျိုးသမီးဆု ချီးမြှင့်



၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ညီလာခံတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့် သဝဏ်လွှာမိန့်ခွန်း အသံသွင်းတိတ်ခွေကို ဖွင့်ပြခဲ့ပါသည်။(ဓာတ်ပုံ.AFP)


အမေရိကန် ပြည်ထောင်စု အခြေစိုက် Vita Voices Global Partnership အဖွဲ့က သူတို့ရဲ့ ၁၀ကြိမ်မြောက် Global Leadership Award ဆုရှင် ၆ ဦးထဲက တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အတွက် ရွေးချယ် ချီးမြှင့်ကြောင်း ကြေညာလိုက်ပါတယ်။

ဆုရှင် ၆ ဦးထဲမှာ ၁၀ ကြိမ်မြောက် အထူးဆုအဖြစ် Trail-Blazerလို့ခေါ်တဲ့ ရှေ့ဆောင်လမ်းပြသူ အမျိုးသမီးဆုကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်မယ်လို့ သိရပါတယ်။ ဒီဆုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ရတာနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ပြောခွင့်ရသူ Ms. Flavia Draganus က အခုလို ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖော်ဆောင်ဖိှု့ကြိုးစားနေတာကြောင့်မို့ စွန့်ဦးတည်ထွင်သူအမျိုးသမီးဆု ချီမြှင့်ဖို့ ရွေးချယ်ခဲ့ရတာပါလို့ သူက ပြောပြသွားပါတယ်။

ဒီဆုဟာ အမျိုးသမီးတွေကိုပဲ နှစ်စဉ်ရွေးချယ် ချီးမြှင့်နေတဲ့ဆုဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ Global Leadership Award ဆုကို ရတဲ့ အမျိုးသမီး ၅ ဦးကတော့ အိန္နိယနိုင်ငံက လူကုန်ကူးမှုတိုက်ဖျက်ရေး ခေါင်းဆောင် အမျိုးသမီး မစ္စဆုနီသာ ခရစ္ဆနမ် ၊ အစ္ဆရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ အမျိုးသမီး ၂ ဦး၊ ကင်မရွန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ခါ ဝေါ်လာ ၊ အာဖဂန်နစ္စတန် နိုင်ငံက စီးပွားရေး လွတ်လပ်ခွင့်အတွက် လှုပ်ရှားနေသူ ဖာတမာ အက်ခ် ဘာရီတို့ ဖြစ်ကြောင်း သိရပါတယ်။

ဆုပေးပွဲကို ဧပြီလ ၁၂ ရက်နေ့ အမေရိကန် ပြည်ထောင်စုမြို့တော် ဝါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ ဂျွန်အက်ဖ် ကနေဒီ စင်တာမှာ ကျင်းပမှာ ဖြစ်ပြီး၊ အမေရိကန် နိုင်ငံခြားရေးဝနှ်ကီး ဟီလာရီ ကလင်တန် ကိုယ်တိုင် တက်ရောက် ဆုချီးမြှင့်မယ်လို့ သိရပါတယ်၊ ဒါ့အပြင် လူမှုရေးလုပ်ငန်းတွေ လုပ်နေတဲ့ နာမည်ကျော် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီးတွေနဲ့ CNN လို ရုပ်သံဌာနက နာမည်ကျော် ပုဂ္ဂိုလ်တွေလည်း တက်ရောက်မယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်...လွတ်လပ်တဲ့ အာရှအသံ (RFA)

07 April 2011

ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစုမှ တင်ဆက်တဲ့ ၂၀၁၁ ခုနှစ် သင်္ကြန်သံချပ်တေးများ။

ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစုမှ တင်ဆက်တဲ့ ၂၀၁၁ ခုနှစ် သင်္ကြန်သံချပ်တေးများ နားသောတ ဆင်နိုင်ရန်အတွက် သံချပ်တေး တစ်ပုဒ်ချင်းဆီအား အောက်ဖေါ်ပြပါအတိုင်း ဖေါ်ပြထားပြီး ဖိုင်များအား ဒေါင်းလုပ် လုပ်ယူရန်အတွက် -

http://www.multiupload.com/ONPH2PZRT8


http://www.multiupload.com/5XN1AKD4U4

ပင်နန်းမာလာ။

http://www.esnips.com/doc/60776015-84c2-4459-a599-a72624fd4ae5/1---Pin-Nan-Mar-Lar-Shwe

တူးပို့  တူးပို့ ။

http://www.esnips.com/doc/272554fc-8bbc-4e1e-91b0-7ce16aa2553a/2---TuuPoe.TuuPoe.

စင်တက်တေး။

http://www.esnips.com/doc/a1025dc9-1016-41a1-a0d9-a7b986db280b/3---Sin-Tat-Tay

မဟာလူသား။

http://www.esnips.com/doc/f8e90411-b320-4c0a-9bfa-03f446abda74/4---Ma-Har-Luu-Thr-(than-chat.1)

နွေကန်လန်ကာအဖွင့်။

http://www.esnips.com/doc/c45a3ebd-3252-4f44-ae83-1ef253d46238/5---Nawe-Ka-La-Kar-Aa-Phwint-(than-chat.2)

ရုပ်သေးလွှတ်တော်။

http://www.esnips.com/doc/b2a8db18-9c7b-4cbc-bcf2-bf8e9ec19bf7/6---Yoat-Thay-Lottaw-(than-chat.3)

အားကစား။

http://www.esnips.com/doc/66216415-1198-4bfa-8ecb-85f976070ae6/7---Arkaser-(than-chat.4)

အပြောကတော့ ရွှေမန်း။

http://www.esnips.com/doc/3ff73c4a-d005-4ec0-a266-af09067af4b2/8---AaPyaw-Ka-Taw.-Shwe-Man(than-chat.5)

စောင်မ ကြည့်ရှူ။

http://www.esnips.com/doc/9ee6c9d3-d995-4bb8-ba0d-6a1e45d02f3a/9---Saung-Ma-Kyi-Shuu.Chin


အထူးသတင်း - ဆူနာမီ။

http://www.esnips.com/doc/7d0166b7-7509-434f-bd94-1c92c2fcb98f/10---Aa-Htoo-Ta-Thin--SUNAMI

နိုင်ငံတော် လုပ်ကြံမှု။

http://www.esnips.com/doc/16f431db-86f5-4934-90db-667e1b293853/11---NaingGanTaw-Loke-Kyan-Mu.

ကမ္ဘာမကြေ။

http://www.esnips.com/doc/14dd5017-77e0-45a1-98f5-08120a0949b3/12---KaBarMaJay

၂၀၁၁ ခုနှစ်ရဲ့ မြန်မာပြည် သင်္ကြန်အမှီ တင်ဆက်ဖျော်ဖြေ တင်ဆက်နိုင်ရန်အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစုမှ နှစ်စဉ် ကျင်းပနေကျ မြန်မာ့ရိုးရာ သင်္ကြန်ပွဲများတွင် တင်ဆက်နေကျ ဒိုးပတ်သံများဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစုများနှင့် မြန်မာပြည်တွင်းမှ မိဘပြည်သူများအတွက် စိတ်သောကကင်းဝေးနိုင်စေရန်နှင့် ဒုက္ခအပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ်ချက်ဖြင့် အစဉ်လာ မပျက် တစ်နှစ်တခေါက် မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုးရဲ့ သံချပ်များ အများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။

ယခုနှစ်တွင်လည်း စင်တက်တေး မဟာလူသား နွေကလာကာအဖွင့် ၂၀၁၁ ခုနှစ် ရုပ်သေးလွှတ်တော်၊ အားကစား၊ စောင်မကြည့်ရှူခြင်း၊ နိုင်ငံတော်လုပ်ကြံမှု၊ အပြောကတော့ ရွှေမန်း၊ အထူးသတင်းကြေငြာချက်၊ ဆူနာမီ စသည့် တေးသံချပ်များဖြင့် မြန်မာပြည်တွင်းမှ မိဘရဟန်းရှင်လူ ပြည်သူများ ကြည့်ရှုနိုင်စေရန် နှစ်စဉ် နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချီခဲ့တာ နှစ်စဉ် နှစ်တိုင်းပင် ဖြစ်ပါတယ်။

မြန်မာပြည် သင်္ကြန်နှင့်အတူ နှစ်စဉ် ဧပြီလတွင် ကျင်းပနေကြ တိုကျိုသင်္ကြန်ပွဲတော်သည် ယခုနှစ် ဂျပန်နိုင်ငံတွင် ဆူနာမီငလျင်ကြီးလှုပ်ခပ်ခဲ့သောကြောင့် ယခုနှစ် မေလ (၁၅) ရက်နေ့  တွင် ကျင်းပမည်ဟု မြန်မာ့ဒီမိုကရေစီအဖွဲ့ ချုပ်မှ ဥက္ကဌ ဦးလှိုင်အေးက ပြောကြားခဲ့ပါသည်။

မင်္ဂလာဒိုး အနုပညာအင်အားစု ဂျပန်မှ ရဲရဲတောက် တေးသံချပ်များကို အဖွဲ့ ခေါင်းဆောင် ဦးမျိုးသန့် မှ တာဝန်ယူဦးဆောင်ပြီး သံချပ်များကို ဦးမျိုးသန့် ၊ ကိုသောင်းထွန်းဦး၊ ကိုထွန်းဝေတို့ မှ ရေးသားကြပြီး မြန်မာပြည် အလွမ်းပြေ ယိမ်းအကနှင့် ဒိုးပတ်သံများဖြင့် ဝေေ၀ဆာဆာ မြူးမြူးကြွကြွ တင်ဆက်ထားသည်ကို တွေ့ ရမှာဖြစ်ပြီး မကြာမီအင်တာနက်စာမျက်နှာများတွင် ဗွီဒီယိုဖြင့် တစ်ဝကြီး ကြည့်ရှုနိုင်ရန် စီစဉ်လျက် ရှိပါသည်။ တိုကျို သင်္ကြန်ပွဲတော်တွင်လည်း အဖွဲ့ ဝင် (၃၀) ကျော်ဖြင့် ခြိမ့်ခြိမ့်သဲသဲ ဖျော်ဖြေမည်ဖြစ်ပြီး ဦးမျိုး သန့်  090 9241 4960 နှင့် ကိုထွန်းဝေ 080 3099 1503 kotunwai@gmail တို့ ထံ မေးမြန်းဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။

06 April 2011

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကားတိုက်မှုနှင့် ကြုံရ၍ သေဆုံးမှုရှိသော်လည်း နအဖသံရုံးမှ လစ်လျူရှုထား။

ဧပြီလ (၄) ရက်နေ့  မနက်ပိုင်းက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ ကားတစင်းနဲ့ ကုန်တင်ကား တစင်းတို့ ထိခိုက်သေဆုံးသူ အများအပြား ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ မြို့တော် အနောက်တောင်ဘက် မိုင် ၆၀ ကျော်လောက် အကွာမှာရှိတဲ့ စမုန့်စခွန်ခရိုင်၊ မဟာချိုင်မြို့နယ်၊ တလကုန်းဈေးရှေ့မှာ ထိုင်းနိုင်ငံပိုင် Galland ရေထွက်ပစ္စည်း စက်ရုံက မြန်မာအလုပ်သမားတွေကို တင်ဆောင်ထားတဲ့ ထွက်ခွာခါနီး ဖယ်ရီကားကို အရှိန်မြှင့် မောင်းလာတဲ့ ကုန်တင်ကား တစင်းက ၀င်တိုက်တာ ဖြစ်ကြောင်း သိရှိရပါတယ်။

တိုင်းပြည် စီးပွားရေး ကျဆင်းပြီး စားဝတ်နေရေး အလုပ်အကိုင် အဆင်မပြေကြတဲ့ မြန်မာပြည်သူပြည်သားတွေဟာ အခြားသော နိုင်ငံများကို သွားရောက် အလုပ်လုပ်ကိုင်နေရင်းနဲ့  အမျိုးမျိုးသော ဘေးဒုက္ခအန္တရာယ်တွေ ကြုံရတဲ့အခါမှာ ထုံးစံအတိုင်း ထိုင်းနိုင်ငံ နအဖသံရုံးကတော့ ကူညီမှု ပြုလုပ်ပေးခြင်း အလျဉ်း မရှိပါဖူး။

































































































ငလျင်ဒဏ်နှင့် ဆူနာမီရေလှိုင်းဒဏ်သင့် ဂျပန်ပြည်သူများအတွက် ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် ကဗျာရွတ်ပွဲ၊ ဘဘဦးဝင်းတင်ရဲ့ ကဗျာ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ပြည်သူများသို့ ပေးပို့တဲ့ ကဗျာစာအုပ်ပါ အမှာစာ...

ဂျပန်ပြည်သူများသို့..

၁၁.၃.၂၀၁၁ သောကြာနေ့က ဂျပန်နိုင်ငံတွင် ငလျင်နှင့် ဆူနာမီလှိုင်း လှုပ်ခတ်တိုက်ခိုက်မှုကြောင့် ဂျပန်ပြည်သူပြည်သားများ အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးသွားသည်သာမက နျူကလီးယား ဓာတ်ပေါင်းဖိုများ ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်ခဲ့ ကြရပါသည်...။

ဂျပန်ပြည်သူ ပြည်သားများ ခံစားရသော စိတ်ခံစားမှုနှင့်အတူ ကျွန်မတို့ NLD အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် တကွ မြန်မာပြည်သူ ပြည်သားများကလည်း ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါသည်..။

သဘာဝဘေးအန္တရာယ်သည် ဂျပန်နိုင်ငံတွင်သာမက.. မြန်မာနိုင်ငံတွင်လည်း မတ်လ(၂၄)ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်းရှိ လွယ်မွေ တာချီလိတ် ဒေသကို အခြေပြု၍ ငလျင်တစ်ခု လှုပ်ခတ်သွားသည့် အတွက် လူဦးရေ (၂၀၀)ခန့် သေကြေ ပျက်ဆီးခဲ့ပါသည်..။

ဤသို့သော အဖြစ်မျိုးကို မိမိတို့နိုင်ငံသားများ ကိုယ်တိုင် ခံစားရပါသဖြင့် ငလျင်နှင့် ဆူနာမီ ဘေးအန္တရာယ်များ၏ ဒဏ်ခံခဲ့ကြရသော ဂျပန်ပြည်သူ ပြည်သားများအတွက် ပိုမို၍ ကိုယ်ချင်းစာခဲ့မိပါသည်..။

ဤဖြစ်ရပ်များ အပေါ်တွင်  စိတ်ဓာတ်၊ သတ္တိ၊ ဇွဲ၊ ဝိရီယများဖြင့် တွန်းလှန် အံတုနိုင်သော ဂျပန်နိုင်ငံသားတို့၏ အားမာန်များကိုလည်း ချီးကျူးဂုဏ်ပြုအပ်ပါသည်..။

ဤသို့ ဂုဏ်ပြုသည့် အထိမ်းအမှတ်ဖြင့် သဘာဝဘေးအန္တရာယ် ဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နေကြရသည့် ဂျပန်ပြည်သူ ပြည်သားများကို ရည်စူး၍ ဤကဗျာစာအုပ်ငယ်ကို ထုတ်ဝေအပ်ပါသည်...။


အောင်ဆန်းစုကြည်
၂၇.၃.၂၀၁၁
ဒီကဗျာလေးကတော့ ကမ္ဘာ့ကဗျာနေ့ မှာ ဟံသာဝတီ ဘဘဦးဝင်းတင်မှ မြန်မာနှင့် ဂျပန်ပြည်က ပြည်သူ/သားတွေအတွက် ရေးလိုက်တဲ့ ဂျပန် ဟိုက္ကူကဗျာလေးပါ။

လူ-စက်-မြို့-မြိုဝါး

ဟီရိုရှီးမား ဗုံးဝင်စား

ဆူနာမီ နဂါး

ငတ်-မွဲ-ကန်း ပိပြား

ကင်ပေတိုင်ဆိုး ခေတ်ထွန်းကား

ဘိရုမာ ခြောက်ခြား

ဘ၀တူတွေပဲ

အာဏာငရဲ လှိုင်းငရဲ

ဒို့ စာနာ ကြေကွဲ။

ဒီကနေ့ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ငလျင်ဒဏ်နှင့် ဆူနာမီရေလှိုင်းဒဏ်သင့် ဂျပန်ပြည်သူများအတွက် ကြေကွဲဝမ်းနည်းခြင်း အထိမ်းအမှတ် ကဗျာရွတ်ပွဲ သတင်းဓာတ်ပုံတွေပါ..။ အမေစုရဲ့ ဂျပန်ပြည်သူတွေအတွက် စာကိုတော့ ပြန်လည် ရေးသား တင်ပြလိုက်ပါတယ်..။ ဘဘဦးဝင်းတင် ကဗျာကို ပေးပို့လာသူ ညီငယ်နဲ့ ဓာတ်ပုံများအတွက် ညီမငယ်အား ကျေးဇူးတင်ပါသည်..။

ဒီမိုဝေယံ

05 April 2011

နအဖ အာဏာရှင်လက်ထက် ဆင်းရဲချမ်းသာကွာဟ အခွင့်ထူးခံများ က လက်ဝါးကြီးအုပ် ခြယ်လှယ် ဆိုတာ ဒါမျိုးကိုခေါ်တာပါလားရှင်..။



ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ကို တွေ့ရစဉ်




ဆာဖာရီဥယျာဉ်(နေပြည်တော်) အတွင်းပိုင်းတစ်နေရာကို တွေ့ရစဉ်

မြန်မာနိုင်ငံရှိ ထင်ရှားသော အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၊ လှော်ကားဥယျာဉ်တို့ အပါအ၀င် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၊ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၊ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ ဆာဖာရီဥယျာဉ်(နေပြည်တော်)နှင့် နက္ခတ်တာရာပြခန်း (နေပြည်တော်) တို့အား သစ်တောရေးရာဝန်ကြီးဌာန ထံမှ ထူးကုမ္ပဏီက နှစ်ရှည်ငှားရမ်း လုပ်ပိုင်ခွင့် ရရှိထားကြောင်း သတင်း ရရှိသည်။

အမျိုးသားကန်တော်ကြီး ဥယျာဉ်(ပြင်ဦးလွင်)နှင့် လှော်ကား ဥယျာဉ်တို့အား ယခင်ကတည်းက နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ပြီး တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၊ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၊ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ ဆာဖာရီဥယျာဉ်(နေပြည်တော်)နှင့် နက္ခတ်တာရာပြခန်း (နေပြည်တော်) တို့ကိုမူ ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၊ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၊ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ ဆာဖာရီ ဥယျာဉ်(နေပြည်တော်)နဲ့ နက္ခတ်တာရာပြခန်း (နေပြည်တော်) တို့ကို ၁၀ နှစ် အတိုင်းအတာနဲ့ ငှားရမ်းလုပ်ကိုင်ခွင့် ရရှိခဲ့သည့် သတင်းအား news-eleven ဂျာနယ်တွင် ဖော်ပြထားသည်.။


03 April 2011

မတူညီသော ကမ္ဗည်းထိုး မှတ်တမ်းတင်ထားတဲ့ အလှူ နှစ်ခု.....

”ကျီးခေါင်းတောင်စေတီတော်” ထီးတော်တင်ပွဲမှာ 
ကမ္ဗည်းထိုး မှတ်တမ်း တင်ထားတာကတော့ 
အမျိုးသားခေါင်းဆောင်ကြီး (ဗိုလ်ချုပ်အောင်ဆန်းနှင့် ဇနီးဒေါ်ခင်ကြည်) တို့၏သမီး ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များနှင့် ပြည်သူလူထုမှ  ထီးတော်တင်လှူသည်...
ဓာတ်ပုံများ ပုံပေါ် Click နှိပ်ပြီး ထပ်မံပုံကြီးချဲ့ ကြည့်နိုင်ပါတယ်...
အိန္ဒိယနိုင်ငံ ဘုရားရှင် ပွင့်တော်မူရာ ဗုဒ္ဓဂါယာရှိ မဟာဗောဓိ စေတီတော်ကြီးအတွင်း အနောက်ဖက်တည့်တည့်မှာ လှူဒါန်းထားတဲ့ ဗုဒ္ဓဆင်းတုတော်မှာ 
ကမ္ဗည်းထိုး မှတ်တမ်း တင်ထားတာကတော့
နိုင်ငံတော် အေးချမ်းသာယာရေး ဖွံဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ် 
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇနီးဒေါ်ကြိုင်ကြိုင်နှင့် မိသားစုမှ လှူဒါန်းသည်တဲ့
နှိုင်းယှဉ်လို့ ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သက်တော်(၁၀၀) ဓါတ်ပေါင်းစုံ အောင်မင်းခေါင်ဆရာတော်ကြီး အန္တိမအဂ္ဂိဈာပနနှင့် ဓမ္မလမ်းကို လျှောက်ကြမယ် (နာရေးကူညီမှုအသင်း ရန်ကုန်)

သက်တော်(၁၀၀) ဓါတ်ပေါင်းစုံ အောင်မင်းခေါင်ဆရာတော်ကြီး

ပြည်တွင်း/ပ သာသနာပြု မွန်ဆရာတော်ကြီး ဘဒ္ဒန္တသီလ၀န္တသည် ၁၉၅၈ ခုနှစ်မှ ၂၀၀၇ ခုနှစ် အထိ ကမ္ဘာ့နိုင်ငံပေါင်း (၁၄) နိုင်ငံသို့ သွားရောက်ပြီး တရားပို့ချခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ စေတီများ တည်ထားခြင်းဖြင့် သာသနာပြုလုပ်ငန်းများကို သယ်ပိုးဆောင်ရွက်ခဲ့ရာ ဆရာတော်ကြီး တည်ထားခဲ့သော ကမ္ဘာ့နိုင်ငံအရပ်ရပ်မှ ဘုရားစေတီများမှာ - World Peace Pagoda (Byailone Chanda Zedi) NW Corner, Shwedagon Yahu Corner, Yangon (November 2, 1941)၊ Aung Mingaung Pagoda Windermere, Yangon (January 13, 1949)၊ Benares Pagodas(4) Varanasi. India (1958)၊ American Shwedagon Allegany, New York State, USA May 30, 1958 – June 6, 1958 – August 27, 1982 – September 6, 1982 (reconstruction)၊ Cakkavala Universal Pagoda Boise, Idaho State, USA (May 22, 1982 – June 11, 1982)၊ Canada Shwedagon Kinmount, Ontario, Canada (August 4, 1982 – August 22, 1982)၊ Crystal Mountain Peace Pagoda Galiano Island, BC, Canada (September 9-18, 1982)၊ New Zealand Shwedagon Wangapeka Valley, Nelson, S.Island, New Zealand (January 2 – 9, 1983)၊ Australia Shwedagon Adelaide, Australia (January 28, 1983 – February 9, 1983)၊ England Shwedagon Warwickshire, England, UK (July 28 – August 14. 1988) စသည့် စေတီတော်မြတ်များ ဖြစ်ကြသည်။

ဆရာတော်ကြီးသည် ရန်ကုန်မြို့ အမှတ် (၁၀) ရပ်ကွက် ၀င်ဒါမီယာ၊ သံလွင်လမ်း၊ ကမာရွတ်မြို့နယ်ရှိ “အောင်မင်းခေါင်စေတီ၊ ဓါတ်ပေါင်းစုံကျောင်းတိုက်” တွင် သာသနာပြုလုပ်ငန်း များ ဆောင်ရွက်တော်မှုစဉ် ၁၈.၃.၂၀၁၁ (သောကြာနေ့) နံနက် (၅း၅၀) နာရီ အချိန်တွင် တစ်ဘ၀ ဇာတ်သိမ်းခန္ဓာဝန်ငြိမ်းတော်မူခဲ့သည်။ သို့ဖြစ်ပါ၍ ကျေးဇူးတော်ရှင် ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်အား အောင်မင်းခေါင်စေတီ၊ ဓါတ်ပေါင်းစုံကျောင်းတိုက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စတီးရွှေကရ၀ိတ်ဖောင်တော်ဖြင့် အပူဇော်ခံထားရှိကာ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား အသုဘကမ္မဋ္ဌာန်း ရှုမှတ်ပွားခြင်း အခမ်းအနားကို (၁၅) ရက်တိုင်တိုင် အပူဇော်ခံထားရှိခဲ့သည်။ ၁.၄.၂၀၁၁ (သောကြာနေ့) မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် အန္တိမအဂ္ဂိဈာပနသဘင် ဆင်ယင် ကျင်းပခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများသည် အောင်မင်းခေါင်စေတီ၊ ဓါတ်ပေါင်းစုံ ကျောင်းတိုက်မှ ရုပ်ကလာပ်တော်အား ပြည်တွင်း/ပမှ တပည့်ဒါယကာ ဒါယကာမများ၊ ဆရာတော် သံဃာတော်များ နှင့်အတူ ရေဝေးသုဿန်သို့ ပင့်ဆောင်လောင်တိုက်သွင်း၍ မီးသင်္ဂြိုလ် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ဓမ္မလမ်းကို လျှောက်ကြမယ်

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မျိုးဆက်သစ် ကလေးငယ်များအတွက် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ ပန်းချီသင်တန်း၊ အကသင်တန်း စသည်တို့ ကို သင်ကြားပေးလျှက်ရှိသလို လူလတ်ပိုင်း၊ လူကြီးပိုင်းများအတွက် အင်္ဂလိပ်စာ အဆင့်မြင့် (4 Skill) သင်တန်းများ၊ ပင်အိုရွက်နု ပန်းချီသင်တန်း၊ နာရေးကူညီမှု လူမှုရေးသင်တန်းများအပြင် “ဓမ္မလမ်းကို လျှောက်ကြမယ်” ဟူသောခေါင်းစဉ်ဖြင့် ၀ိပဿနာသင်တန်းကိုလည်း စတင်မျိုးစေ့ချ သင်ကြားပေး နေပြီ ဖြစ်ပါသည်။ လူမှုရေးသမားများ လူမှုရေး ပရဟိတလုပ်ငန်းများကို မြတ်စွာဘုရား၏ ဒေသနာ အဆုံးအမနှင့်အညီ ပေးဆပ်နိုင်ကြစေရန် ရည်ရွယ်၍ ဆရာဒေါက်တာ-စိုးလွင်(မန္တလေး)မှ ဗြဟ္မစိုရ် တရားလေးပါး လက်ကိုင်ပြု၍ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများအား ကုသိုလ်ဖြစ် သင်ကြားပို့ချ ပေးလျှက်ရှိပါသည်။

မြတ်စွာဘုရား၏ အဆုံးအမအနှစ်ချုပ်သည် “မကောင်းမှုရှောင် ကောင်းမှုဆောင် … ဖြူအောင် စိတ်ကိုထား” ဟူ၍ ဖြစ်သည့်အတိုင်း မကောင်းမှုဒုစရိုက်များကို ရှောင်ကြဉ်၍ ကောင်းမှု ကုသိုလ်များ ကို အတတ်နိုင်ဆုံး ပေးဆပ်နေကြသော၊ လုပ်ဆောင်နေကြသော ပရဟိတသမားများ၏ စိတ်ဓါတ်များ ကို သတိပဋ္ဌာန်၊ ၀ိပဿနာပညာ၊ မဂ်ဉာဏ်တို့ဖြင့် မည်ကဲ့သို့အဖြူစင်ဆုံး ထားရှိကြရမည်ကို သင်ကြားပေးခြင်းဖြစ်ပါသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်..။

အရပ်သားအစိုးရ၊ အမျိုးသမီး(ဒု)ဝန်ကြီးများနဲ့ အခွင့်ထူးခံများ လက်ဝါးကြီးအုပ် ချယ်လှယ်မှု မဖြစ်စေရန် ထိန်းကျောင်းပေးမယ်ဆိုတဲ့ နေပြည်တော် ဆရာသိန်းရဲ့စကားနဲ့ ယခုအပတ်ထုတ် The Voice ဂျာနယ်..

အရပ်သားအစိုးရတဲ့ သေချာမှ ခေါ်မယ် နေပြည်တော် ဆရာသိန်းရေ.. (ခိုင်ထူးသီချင်းလိုပေါ့)
ပထမဦးဆုံး အမျိုးသမီး ဒုဝန်ကြီးတွေတဲ့...
ယုံလား...??? အနီးကပ်ဆုံးကတော့ တေဇတို့ ရွှေသွေးတို့ ကိုအရင် ထိန်းကျောင်းပြပါ...
The Voice April 1st Week