16 March 2013

လက်ပံတောင်းတောင် ဒေသခံတွေကို လျော်ကြေးငွေပေးဖို့ ပြင်ဆင်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် နစ်နာခဲ့တဲ့ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက လယ်ယာမြေဆုံးရှုံးခဲ့တဲ့ ပြည်သူတွေအတွက် ငွေကျပ်သိန်းပေါင်း ၄၆၄၀၀ ကျော်ကို တရုတ်ဝမ်ပေါင်ကုမ္ပဏီကပေးလျော်သွားမယ်လို့ သိရပါတယ်။

အဲ့ဒီလျော်ကြေးတွေကို မတ်လ ၁၅ ရက် ဒီကနေ့စတင်ပြီး ပေးလျော်ဖို့ရှိတယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာကို အကောင်အထည်ဖော်မယ့် လုပ်ငန်းကော်မတီရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးတင်မြင့်က RFA ကို ဒီမနက်ပိုင်းက အတည်ပြု ပြောကြားပါတယ်။

“ကျနော်တို့ အကြမ်းဖျင်းတွက်တာကတော့ ကျပ်သိန်းပေါင်း ၄၆၅၁၈ ပေါ့၊ အဓိကကတော့ ဝမ်ပေါင်ကုမ္ပဏီက ပေးရမှာပေါ့၊ ဝမ်ပေါင်ကုမ္ပဏီရဲ့ အကျိုးအမြတ်ထဲကနေပြီးတော့ လယ်သမားတွေနစ်နာတဲ့ မြေယာလျော်ကြေး၊ အဲ့ဒီထဲကမှ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ ပြန်
လုပ်ပေးဖို့၊ မြေကြီးတွေ ပြန်ဖို့ပေးဖို့ကအစ နောက်သစ်ပင်တွေ ပြန်စိုက်ပေးဖို့၊ သောက်သုံးရေတွေ ရရှိရေးကိစ၊္စ နောက် လယ်သမား ယာသမားတွေရွှေ့ပြောင်းတဲ့အခါမှာ အဲ့ဒီသူတို့ပြောင်းရွှေ့တဲ့အိမ်တွေကို အဆင့်မီပြန်လုပ်ပေးဖို့ သူတို့အတွက်လမ်းတွေဖောက်ပေးဖို့ သောက်သုံးရေရရှိဖို့ အဲဒါတွေအကုန်ပြန်လုပ်ပေးဖို့ကတော့ ဝမ်ပေါင်ကုမ္ပဏီက လုပ်ပေးမှာပါ”

ဒီလျော်ကြေးငွေတွေ ပြန်ပေးမယ့်ကိစ္စကို စီစဉ်ဆောင်ရွက်ဖို့ သမ္မတရုံးဝန်ကြီး ဦးလှထွန်းနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးတို့ ခေါင်းဆောင်တဲ့ လက်ပံတောင်းတောင် လုပ်ငန်းကော်မတီဟာ ဒီကနေ့နေ့လယ်ပိုင်းမှာ ဆားလင်းကြီးမြို့နယ်အတွင်းက လယ်သိမ်းခံပြည်သူတွေနဲ့ လာရောက်တွေ့
ဆုံခဲ့ပါတယ်။

သိမ်းယူထားတဲ့ လယ်မြေဧက ၆၇၈၄ဧက လက်ရှိ ကာလပေါက်ဈေးအတိုင်း ပေးလျော် သွား ဖို့ စီစဉ်ထားပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို နားမလည်သေး တဲ့ လက်ပံတောင်းဒေသခံတွေအတွက် အစီရင်ခံစာ အနှစ်ချုပ်ကိုလည်း မကြာမီဖြန့်ဝေသွားဖို့ရှိတယ်လို့ သိရပါတယ်။

လက်ပံတောင်းဒေသခံတွေအတွက် စိုက်ပျိုးမြေဧက ၁၉၀၀ ကျော်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးဦးပိုင်နဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ညှိနှိုင်းပြီး ပြန်လည်ဖော်ထုတ်ပေးဖို့လည်းရှိကြောင်း သိရပါတယ်။

RFA Burmese

15 March 2013

သူ့ နာမည်က ဘထူး၊


သူ့ နာမည်က ဘထူး၊ ရွှေပြည်သာမှာ နေထိုင်ပါတယ်၊ ဆည်တည်း ရွာတွင် အမေနဲ့  လုံခြုံရေး ၅ ယောက်ဘဲ ခွင့်ပြု မယ်ဟုပြောသောကြောင့် ကျွန်တော်ရယ် လုံခြုံရေးအဖွဲ့ မှ ကိုဆန်နီ၊ကိုဘန်နီ၊ကိုမောင်မောင်ဦး၊ ကိုစိုးဝင်း တို့ အမေ နဲ့  အတူဝင်ရောက်သွားရာတွင် ရွာသူတဦးရုတ်တရက် သေဆုံး ပြီဟု ဆိုကာ အမေနှင့် လုံခြုံရေး အဖွဲ့ အား လွယ်အိတ်ထဲမှ ဓားတိုများကိုင်ပြီး လူစု၍ ခင်များတို့ အကုန်လုံးကို သွေးစွန်း တော့မယ်၊ အပြတ်ရှင်းတော့မယ် ဟုကျွန်တော့်အနား ကပ်လာ ပြီးခြိမ်းခြောက်သူ၊ Internet ပေါ်တွင်ပျံ့ နှံ့ နေသည့် သွေးထိုးလှုံ့ ဆော်သူ သံသယဖြစ်ဖွယ် လူစာရင်းထဲမှ နာမည်ကြီး ခေါင်းဆောင် တဦး၏ အစွယ်အပွားတဦးပါ၊ ဆက်လက်ဖော်ပြပါဦးမယ်".။

တုံရွာဆွေးနွေးပွဲ မြင်ကွင်း (၁၄ မတ်လ ၂၀၁၃)

လက်ပံတောင်းတောင် စီမံကိန်းအစီရင်ခံစာ အချက်အလက်တွေမသိဘဲနဲ့ လက်မခံဘူးမငြင်းကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

လက်ပံတောင်းတောင်ဒေသ ဆည်တည်းကျေးရွာမြင်ကွင်း ၁၄ မတ်လ ၂၀၁၃

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့က ပြန်လည်မထွက်ခွာခင် မီဒီယာများနဲ့ တွေ့ဆုံ၊ မုံရွာမြို့ခံများက နှုတ်ဆက် (၁၄ မတ်လ ၂၀၁၃)

သွဲ့သွဲ့ဝင်း ဘာလဲ ဘယ်လဲ



 
 
 
ဒီမနက်မှေးရွာသူ သွဲ့သွဲ့ဝင်းရဲ့အစီရင်ခံစာအပေါ် ကို ဘီဘီစီကမေးမြန်းထားတာလေးနားထောင်လိုက်ရတယ် ။ ဘာမေးရင်ဘာဖြေလို့ အတင်းကာရောကြီးသင်ပေးထားတာမှန်းသိပ်သိသာတယ် ။ ဦးပိုင်ကစားစရာရှိတာ စားထားတာ လျောစရာရှိတာလည်းလျောပေါ့ ဆိုတာလည်းကြားတယ် နောက်ဆုံးလုပ်စရာရှိတာဆက်လုပ်ရမယ်ဆိုတော့ ဘီဘီစီမေးမြန်းသူက ပြောတယ် ဘာကိုဆိုလိုတာလဲပေါ့ ဥပဒေကြောင်းအရရော ဘာရော လုပ်စရာရှိတာဆက်လုပ်မယ်တဲ့ ။ ဒါဆို သွဲ့သွဲ့ဝင်းကို ဥပဒေကြောင်းတွေဘာတွေ ဘယ်သူက သင်ပေးခဲ့တာလဲ ။ ဥပဒေဆိုတဲ့အရာကလည်း သေချာလေ့လာလိုက်စားမှ ဘယ်လို ဥပဒေမျိုးရှိတယ်ဆိုတာ သိနိုင်တဲ့အရာမျိုး ။



ပညာဘယ်လောက်တတ်တတ် မလေ့လာမိဘူးဆိုရင် လုံးဝကို တိတိကျကျမသိနိုင်တဲ့အရာမျိုးပါ ။ ဒါကို ၀က်မှေးရွာသူ သွဲ့သွဲ့ဝင်းက ဥပဒေကြောင်းအရ လုပ်မယ်ဆိုတာပြောထွက်ပုံအရ ကြိမ်းသေတာတစ်ခုရှိသွားတယ်။ သူ့ကို သင်ပေးနေတဲ့သူ ရှိတယ် မြှောက်ပေးနေတဲ့သူရှိတယ် ဒါတွေကို ဒီလိုလုပ်ဆိုပြီးအနီးကပ်ညွှန်ကြားပေးနေတဲ့သူတွေလည်းရှိတယ်။ ဘီဘီစီက သတင်းထောက်ကမေးတယ် ခွင့်ပြုချက်ယူပြီးဆန္ဒတောင်းခံတဲ့အချက်ကိုမေးတော့ ကျွန်မတို့ လုံးဝအမှားမရှိခဲ့ပါဘူးတဲ့ ။ တော်လိုက်တာ သွဲ့သွဲ့ဝင်း အောက်စ်ဖို့မှာ ဘွဲ့ယူလာတဲ့ဒေါ်စုက ရေးထားတဲ့အစီရင်ခံစာကို သူက လက်မခံနိုင်ပုံထောက်တော့ ဒေါ်စုထက်ပိုသိနေပုံရတယ် ထားတော့ ဒါကလည်း သွဲ့သွဲ့ဝင်းအပြစ်မဟုတ်ပေဘူး မြှောက်ပေးတိုင်း ဘေးကနေ သွေးထိုးပေးတိုင်း လက်ခံလုပ်နိုင်တဲ့အသိပညာ နဲ့အခြေခံပညာရေးကိုပဲ လက်ညှိုးထိုးရမှာပဲ ။ တကယ်အပြစ်တင်ရမှာက သူ့ဘေးက မြှောက်ဖိုးပင့်ကော်တွေနဲ့ သွဲ့သွဲ့ဝင်းလုပ်ဆောင်ချက်တွေကို အရောင်ဆိုးနေကြတဲ့ မီဒီယာတွေပဲ ။


သူစဖြေကတည်းက လုံးဝလက်မခံနိုင်ဘူးကိုကျက်ထားပုံရတယ် မီးလောင်ဗုံးပစ်ဖို့ ဆိုတဲ့ အသုံးအနှုန်းတွေ့ရတယ် ဘယ်သူအမိန့်ပေးတာလဲမဖော်ထုတ်သွားဘူးတဲ့ ။ အံမယ် ဘာကြောင့်ဆက်လုပ်သင့်လည်းဘာကြောင့်ဆက်မလုပ်သင့်ဘူးလဲဆိုတာ ပွင့်လင်းမြင်သာအောင် ဘာတစ်ခုမှ ချမပြထားဘူးတဲ့ ။ ကြည့် . . Transparancy တွေဘာတွေပါလာတော့ ဘေးကလူတွေ အတော်ကြီးကို သင်ပေးထားတာပဲ ။ ဒီလယ်ယာမြေတွေကို လျောကြေးပေးတယ်ဆိုတော့ ကျွန်မတို့လျော်ကြေးလည်း မလိုချင်ဘူး ကျွန်မတို့လယ်ယာမြေတွေလည်းအဆုံးအရှုံးမခံနိုင်ဘူးတဲ့ ။ ဒါဆို အရင်ကတည်းက လျော်ကြေးညှိတာ အဆင်မပြေလို့ ဆန္ဒပြခဲ့တယ်ဆိုတာကရော ဘယ်ပျောက်သွားတာလဲ ။ ထားပါတော့ ဆက်နားထောင်ကြည့်ရအောင် ။


ကျွန်မတို့လုပ်မှာက လက်ပံတောင်းတောင်စီမံကိန်းဖျက်သိမ်းရေးကိုကြိုးစားသွားမှာတဲ့ ။ သေချာသွားပြီ လက်ထပ်သင်ပေးထားတယ်ဆိုတာ လယ်သမားတစ်ယောက် က ဒီစီမံကိန်းကြီးဖျက်ရလောက်အောင် လုပ်မယ်ဆိုတဲ့အသိမျိုးလုံးဝမရှိဘူး ။ လယ်သမားတွေကရိုးတယ် ။ အခြေခံပညာရေး နိမ့်တယ် ။ ဒီတော့တွေးတော်ဆင်ခြင်နိုင်မှုနည်းသွားတယ် ။ ဒီလိုအားနည်းချက်တွေကို အခွင့်ကောင်းယူပြီး လုပ်စားတချို့နဲ့ဆူပူမှုဖြစ်မှ ထမင်းဝမဲ့ ရေပေါ်ဆီအဖျက်သမားတွေရဲ့ မြှောက်ထိုးပင့်ကော်လက်ထပ်သင်စကားတွေကနေ သွဲ့သွဲဝင်းက ဓါးစာခံဖြစ်ပြီး ဒီလိုစကားတွေထွက်လာပုံရတယ် ။ သွဲ့သွဲ့ဝင်းအနေနဲ့တော့ သူ့ကို မြှောက်ပေးတဲ့သူတွေ သင်ပေးတဲ့သူတွေက မှန်နေတာလားမှားနေတာလား သူ့မှာ တွေးတောနိုင်စွမ်းရှိမှာမဟုတ်ဘူး ။ ဒါကလည်း သူ့ရဲ့ တတ်မြောက်လာတဲ့အခြေခံပညာရေးနဲ့ပဲဆိုင်တယ် ဆက်နားထောင်ရအောင် ။


ဘီဘီစီကမေးတယ် နှစ်နိုင်ငံ သဘောတူ ချုပ်ထားတဲ့ စီမံကိန်းတစ်ခုကို လွယ်လွယ်ကူကူမဖျက်သိမ်းသင့်ဘူးဆိုတဲ့အချက် အစီရင်ခံစာမှာ ပါလာတယ် ပြီးတော့ဆက်လုပ်မယ်ဆိုရင်လည်း ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကိစ္စ လယ်မြေလျောကြေးတွေကိစ္စ အဆင်ပြေအောင် လုပ်ပြီးမှ ဆက်လုပ်သင့်တယ်လို့ဖော်ပြထားတဲ့အပေါ် ဘယ်လိုမြင်လဲမေးတယ် ။ သွဲ့သွဲ့ဝင်းကဖြေတယ် . . ဒီစီမံကိန်းဟာ နိုင်ငံတော်နဲ့ ချုပ်ထားတာမဟုတ်ဘူး ဦးပိုင်နဲ့ချုပ်ထားတာ ဒီတော့လျော်စရာရှိဦးပိုင်ကလျော်ပေါ့တဲ့ စားစရာရှိစားထားတာပဲတဲ့ သွဲ့သွဲ့ဝင်းဒီလောက်ထိလှချည်လား နိုင်ငံတော်ကစာချုပ်တွေမှာ ဘယ်သူတွေက ဘယ်အခန်းကဏ္ဍက ချုပ်ထားတာလဲဆိုတာသိလှချည်လားလို့ မထင်လိုက်ပါနဲ့ဦး ။ သင်ပေးထားတာပါ ထပ်ပြောပါဦးမယ် သူ့ကို သင်ပေးထားတာပါ ။ နောက်ပြီး ဘာဆက်လုပ်မှာလဲဆိုတော့ဥပဒေကြောင်းအရဆက်လုပ်မယ်ဖြေတယ် ။


ဆန္ဒပြတယ်ဆိုတဲ့နေရာမှာ စီတန်းလှည့်လည်ခွင့်ကိုကြိုတင်ခွင့်ပြုချက်တောင်းတဲ့ကိစ္စနဲ့လူစုခွဲဖို့ ကိစ္စကို တောင်းဆိုတဲ့အခါလက်မခံလို့သူတို့ဖက်က အင်အားသုံးပြီးဖြိုခွဲတယ်ဆိုတဲ့အပေါ်အမြင်ကို ဘီဘီစီက ဆက်မေးထားတယ် ။ ကျွန်မတို့ဖက်က အားနည်းချက် ဘာတစ်ခုမှမရှိခဲ့ပါဘူးတဲ့ ။ ဘီဘီစီသတင်းထောက်ကလည်းမေးတတ်တယ် ကိုယ့်ဖက်ကလိုက်နာမှုမရှိတာကို ဘာကြောင့်ကိုယ့်ဖက်က အမှားမရှိဘူးလို့ပြောရတာပါလဲတဲ့ ။ ၁၂ ခါတိတိ တင်တယ်တဲ့ ပယ်ချခဲ့တယ် တကယ်ဆို သူတို့ကတောင်ဘေးကနေ လိုက်စောင့်ရှောက်ရဦးမှာတဲ့ သူတို့တောင်ဥပဒေကိုချိုးဖောက်သေးတာပဲ ကျွန်မတို့ဥပဒေချိုးဖောက်တယ်ဆိုတာ ဘာတစ်ခုမှမရှိခဲ့ပါဘူးတဲ့ ။


ထားပါတော့တကယ်ကအဖြစ်အပျက်တွေအားလုံးဟာ အရိုးခံရွာသူရွာသားတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူတဲ့ တိုင်းပြည်ဆူပူလိုသူတချို့ရဲ့လုပ်ကွက်နဲ့ ဒီရွာသူရွာသားတွေရဲ့လုပ်ဆောင်ချက်တွေကို ခေါင်းစည်းပိုင်းကြီးတွေမှာ အထင်ကနဲ့ အရောင်ဆိုးခဲ့ကြတဲ့မီဒီယာအချို့ရဲ့စနက်ကြောင့်ဒီလိုတွေဖြစ်လာရတယ်လို့ပဲမြင်တယ် ။ ဒီတော့ကျွန်တော်တို့နိုင်ငံရဲ့အခြေခံပညာရေးစနစ်ကို ကျွန်တော်တို့ပြုပြင်ကြဖို့လိုပြီဆိုတာသိလာရပြီ ။ ပညာရေးဆိုတာ ဘွဲ့တွေဒီဂရီတွေကိုဆိုလိုတာမဟုတ်ဘူး ။


မောင်နေ
 

13 March 2013

လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်လိုပါက မိမိကိုသာ ဦးတည်ပြုလုပ်စေလိုကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော


လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်လိုပါက မိမိကိုသာ ဦးတည်ပြုလုပ်စေလိုကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ဆန္ဒပြချင်ရင် ကျွန်မကိုပဲပြပါ။ ရန်ကုန်က သက်ဆိုင်ရာအာဏာပိုင်တွေကို ခွင့်ပြုချက်တောင်းပါ။ ခွင့်ပြုချက်ရရင် ကျွန်မ အိမ်ရှေ့မှာ လာပြနိုင်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဆန္ဒပြလိုပါက ဥပဒေနှင့်အညီသာ ပြုလုပ်စေလိုပြီး ဥပဒေမဲ့ လုပ်ရပ်များကို မပြုလုပ်စေလိုကြောင်း ၎င်းကဆိုသည်။

"ဆန္ဒပြတာတွေကို ဥပဒေနဲ့အညီ ခွင့်တောင်းပြီး ပြစေချင်တယ်။ ဥပဒေနဲ့မညီဘဲပြရင် အရေးယူဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ကျွန်မအနေနဲ့ အကြံပြုထားတယ်"ဟု ပြောသည်။


သတင်း... 7Day News Journal

စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မုံရွာခရိုင် ဒုန်းတောကျေးရွာ မူလတန်းကျောင်းမှာ ဒေသခံတွေနဲ့ တွေ့ဆုံ။


 

 

အဲဒီ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က - စီမံကိန်းကိုတော့ ဆက်လုပ်မှာ ဖြစ်ကြောင်း၊ တိုင်းပြည်နဲ့လူထု အကျိုးစီးပွားအတွက် ဆောင်ရွက်တာ ဖြစ်ကြောင်း၊ ကော်မရှင်ရဲ့ အကြံပြုချက်တွေကြောင့် သူ့ကို ဒေသခံလူထုက မကျေနပ်ဘူးဆိုရင် ဥပဒေနဲ့ အညီ ဆန္ဒြုပကြဖို့ ပြောဆိုသွားပါတယ်။

သတင်း ... DVB

မြန်မာနိုင်ငံကလူတွေအကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့သူနဲ့ တွေ့ဆုံခြင်း




ရောဘတ်လိုင်ဘာမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ - ရောဘတ်လိုင်ဘာမန်း


ရောဘတ်လိုင်ဘာမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ - ရောဘတ်လိုင်ဘာမန်း
အသက် ၇၂ နှစ် အရွယ် အရပ်ရှည်ရှည်နဲ့ ကျစ်လျစ်သန်မာနေတဲ့ ဒါရိုက်တာ ရောဘတ်လိုင်
ဘာမန်းဟာ ကမ္ဘောဒီးယားဟိုတယ်ရဲ့တတိယထပ်ကို အပြေး လေး တက်လာပါတယ်။
ကျွန်တော့်ရဲ့ လက်ကို ခပ်တင်းတင်းလေးကိုင်ကာ လက်ဆွဲနှုတ်ဆက်လိုက်ပြီးတဲ့နောက်မှာ
ကနေဒါသား ရုပ်ရှင်ဒါရိုက်တာ၊ ၀တ္ထုရေးဆရာနဲ့ ကောန်ဝဲလ်တက္ကသိုလ်ရဲ့ ရူပဗေဒပါမောက္ခဖြစ်တဲ့
ရောဘတ်ဟာ သူ့ရဲ့၂၀၁၂ ခုနှစ်က မှတ်တမ်းရုပ်ရှင် ကားဖြစ်တဲ့ They Call It Myanmar: Lifting
The Curtain နဲ့ပတ်သက်ပြီး စိတ်ပါလက်ပါပြောပြပါတယ်။
သူ့ရဲ့ မှတ်တမ်းတင်ရုပ်ရှင်ကားဟာ နိုင်ငံတကာက ချီးကျူးခံထားရပါတယ်။
"မြန်မာနိုင်ငံအကြောင်း အကောင်းဆုံး တင်ဆက်ပေးနိုင်တဲ့ ဇာတ်ကား" လို့ The Hollywood
Reporter မှာ ဖော်ပြထားသလို "နိုင်ငံတစ်နိုင်ငံအကြောင်း ကို ရှင်းရှင်းလင်းလင်း တင်ပြထားနိုင်တဲ့
ဇာတ်ကား"လို့ ၀ါရှင်တန်တိုင်း(မ်)မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံနဲ့ ပြည်သူတွေအကြောင်း မိနစ် ၉၀ စာ တင်ဆက်ပေးထားတဲ့ ဒီဇာတ်ကားအတွက်
နာရီ ၂၀၀ စာ အကြမ်းခွေတွေကို ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လျှို့ဝှက်
ရိုက်ကူးခဲ့ပြီး မြန်မာပြည်သူ တွေရဲ့ နေ့စဉ်ဘ၀ကို ပေါ်လွင်စေမယ့် အကောင်းဆုံး အကွက်တွေကို
စုစည်းတင်ပြပေးထားတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ မေးမြန်းတဲ့အခန်းကို ထည့်ပေးထားပေမယ့် ဒီဇာတ်ကားဟာ
ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို အဓိက တင်ဆက် ပေးထားတာတော့ မဟုတ်ပါဘူး။
ဒီ ဇာတ်လမ်းကို ကြည့်လိုက်ရင် မြန်မာ နိုင်ငံနဲ့ပတ်သက်ပြီး တော်တော်လေး နားလည် သဘော
ပေါက်သွားမှာပါ။
* ဒီဇာတ်ကားအတွက် နာရီ ၂၀၀ စာ အကြမ်းခွေတွေကို မြန်မာနိုင်ငံမှာ သုံးနှစ်ကြာ
အချိန်
ပေး ရိုက်ကူးခဲ့တာ ဘာကြောင့်များလဲ။
ကျွန်တော် အစတုန်းက ဒီဇာတ်ကားကို နိုင်ငံရေးမပါဘဲ ရိုက်ကူးနေတာပါ။ ဒါပေမဲ့ နိုင်ငံရေးမပါလို့
မဖြစ်နိုင်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့ အကြောင်းနဲ့ အလားတူဖြစ်ရပ်တွေ မပါဘဲ
ဒီနိုင်ငံအကြောင်းကို ဘယ်လိုမှ ပုံဖော်လို့ မရပါဘူး။ မြန်မာနိုင်ငံမှာ အားလုံး အဆင်ပြေချောမွေ့နေ
တယ်လို့ လူတွေ ထင်နေကြပါတယ်။ ဒါက အမှန်တော့ မဟုတ်သေးပါဘူး။ လွှတ်တော် အတွင်းမှာ
စစ်တပ်က ၂၅ ရာခိုင်နှုန်း နေရာယူထားဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ခုနစ်နေရာပဲ ရှိပါ
တယ်။
* ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းမှု မလုပ်ခင်မှာ ကိုယ်ရေး ကိုယ်တာ
အချက်
အလက်တွေ မမေးဖို့ အပြောခံရတယ်လို့သိရပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့
ရုပ်ရှင်ကား
မရိုက်ချင်တဲ့ အတွက် ဒါကို ဘယ်လို ဖြေရှင်းခဲ့ပါသလဲ။
ကျွန်တော် ဒါကို တွေးမိပါတယ်။ ကျွန်တော် မြန်မာနိုင်ငံကို မိုင်ပေါင်း ၈,၀၀၀ ဝေးတဲ့ အမေရိကန်
နိုင်ငံကနေ လာခဲ့တာပါ။ နိုင်ငံရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေ မေးဖို့လည်း ကျွန်တော် စိတ်မ၀င်စားပါဘူး။
ကျွန်တော့်ဘ၀မှာ တစ်ကြိမ်လောက် ပါးနပ်နိုင်ခဲ့ပါတယ်။ ကျွန်တော် သူနဲ့ စကားပြောခဲ့တဲ့အချိန်မှာ
သူ့အဖေ အကြောင်းတွေ ပြောဖြစ်ကြပါတယ်။ ကျွန်တော်တို့ အဆင်ပြေပြေပဲ ပြောဖြစ်ကြပါတယ်။
သူ့ကို ဘယ်သူကမှ ထိပ်တိုက်ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ သူ မကြိုက်ဘူးဆိုရင်
တွေ့ဆုံ မေးမြန်းမှုကို ဖြေပေးတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တခြားနည်းလမ်း ရှိပါတယ်။
နောက်ဆုံးတော့ သူ့ရဲ့ကလေး တွေနဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးနေ
တဲ့ တခြားတစ်ယောက်ကို မေးကြည့်လိုက်ပါတယ်။ တကယ်တော့ ဒီဇာတ်ကားဟာ
ဒေါ်အောင်ဆန်းစုကြည် အကြောင်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ ပြည်သူ တွေရဲ့အကြောင်းကို
တင်ပြထားတာပါ။
* ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး လောကထဲ ၀င်သင့်တယ်လို့ ထင်ပါသလား။
ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် မသိပါဘူး။ မြန်မာနိုင်ငံမှာ အင်န်ဂျီအိုအဖွဲ့ တစ်ခုကို ဦးစီးဆောင်ရွက်
နေတဲ့ ကျွန်တော့် မိတ်ဆွေတစ်ယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘုန်းတော်ကြီး
တူးတူးလိုမျိုး ဖြစ်သင့်တယ်လို့ ပြောပါတယ်။ ကျွန်တော်ကတော့ နိုင်ငံရေးကို စိတ်မ၀င်စားပါဘူး။
ကျွန်တော်က လူ တွေကိုပဲ စိတ်ဝင်စားတာပါ။ မြန်မာနိုင်ငံ နဲ့ပတ်သက်တဲ့ လူ့သဘောသဘာဝကို
ပြသဖို့ ကျွန်တော် ကြိုးစားနေတာပါ။နိုင်ငံတစ်နိုင်ငံရဲ့ လူတွေအကြောင်းကို ပြသနိုင်ရင် အဲဒီနိုင်ငံ
အကြောင်းကို နားလည်သဘောပေါက်လာကြမှာပါ။ ကျွန်တော့်ရုပ်ရှင်ထဲမှာ ကလေးတွေ
အများကြီး ပါပါတယ်။ ဆင်းရဲကြပေမယ့်လည်း ပြုံးရွှင်နေကြတဲ့ ကလေးတွေ အများကြီး တွေ့ရပါ
တယ်။
* သူတို့တွေရဲ့ဒုက္ခနဲ့ ဆင်းရဲကြပ်တည်းမှုကို မပြဖို့ ရှောင်ခဲ့သေးလား။
ကျွန်တော် မလုပ်ခဲ့ပါဘူး။ ရမ်းကု ကြောင့် ရောဂါပိုဆိုးနေတဲ့ မိန်းကလေး တစ်ယောက်လည်း
ဒီဇာတ်ကားမှာ ပါပါတယ်။ သူက တီဘီရောဂါသည်တစ်ဦးပါ။ သူ့ရဲ့အဆုတ်မှာ အပေါက်တွေ
အများကြီးပါ။ ဝေဒနာတွေကို တင်ပြထားပေမယ့် ဒီဇာတ်ကားကတော့ ပညာပေး ဇာတ်ကားမျိုး
တော့ မဟုတ်ပါဘူး။
* မြန်မာနိုင်ငံက လူတွေကို ဘယ်လို မြင်ပါသလဲ။
ရန်ဖြစ်တဲ့ အချိန်ကလွဲလို့ ကျန်တဲ့ အချိန်တွေမှာ အရမ်းကို နူးညံ့သိမ်မွေ့ ကြပါတယ်။ သူတို့ရဲ့
ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ အရမ်းကောင်းတဲ့ အခွင့်အလမ်း တွေ သူတို့မှာ ရှိတယ်လို့ ကျွန်တော်
ထင်တယ်။ ဒါပေမဲ့ လျှပ်စစ်မီး၊ ရေခဲ သေတ္တာနဲ့ လေအေးပေးစက်လည်း လိုချင်ကြပါတယ်။


* မြန်မာနိုင်ငံလို အပြောင်းအလဲ သိပ်မရှိသေးတဲံ့ နိုင်ငံကအခုလို လမ်းပွင့်လာတာ
ကောင်းကျိုး
တွေ ရှိတယ်လို့ ထင်ပါသလား။
ကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ လူတွေကလည်း အခုလို ဖြစ်ချင် နေကြပါတယ်။ ဒါပေမဲ့
မကောင်းတာ တွေနဲ့လည်း ကြုံရနိုင်ပါတယ်။ ဒါတွေကို သူတို့ တွန်းလှန်နိုင်ပါ့မလား၊ ၀င်လာတဲ့
ရင်းနှီးမြှုပ်နှံမှုတွေကို ထိန်းချုပ်နိုင်ပါ့ မလားက စိတ်ပူစရာပါ။ မြန်မာနိုင်ငံကြီး ဖျက်ဆီးခံရမှာ၊ ကိုယ်
ကျိုးရှာအမြတ်ထုတ်မယ့် စီးပွားရေးသမားတွေနဲ့ လုပ်ငန်းတွေ ရောပါလာမှာကို ကျွန်တော် စိတ်ပူ
မိပါတယ်။ ဒါကတော့ ဖြစ်နှင့် နေပါပြီ။
* မြန်မာနိုင်ငံမှာ ဒီဇာတ်ကားကို ရုပ်ရှင်သွားရိုက်တုန်းက အခက်အခဲ ကြုံရတာတွေ
ရှိပါသလား။

ရှိပါတယ်။ အမျိုးသားစာကြည့်တိုက် လို နေရာတွေမှာ ရုပ်ရှင်ရိုက်တုန်းကလည်း အခက်ကြုံရပါ
သေးတယ်။ ကင်မရာကို ဖွင့်ထားပေမယ့် ရုပ်ရှင်ရိုက်နေတာမဟုတ်ဘူးလို့ ကျွန်တော် ပြောလိုက်
ပါတယ်။ ပြီးတော့ ဓာတ်ခဲကို ထုတ်လိုက်ပြီး ကြည့်ပါလား စက်က အလုပ်မလုပ်ဘူး လို့ ပြောလိုက်
ပါတယ်။ အသီးအရွက်တွေ ရိုက်တုန်းကလည်း ပြဿနာတက် လိုက်သေးတယ်။ ဒါပေမဲ့
ကျွန်တော်ကတော့ မြန်မာနိုင်ငံသားတွေ ဒုက္ခရောက်မှာ ပိုပြီးစိတ်ပူမိပါတယ်။ သူတို့ကမှ
တကယ့်ကို ကျဉ်းထဲ ကြပ်ထဲ ရောက်နေတာပါ။
မြန်မာနိုင်ငံသားတွေဟာ သူတို့ ပြောချင်တာကို အချင်းချင်း သိုသိုသိပ် သိပ် ပြောလို့ရပေမယ့်
လွတ်လွတ်လပ် လပ်တော့ ပြောလို့မရပါဘူး။ အရှေ့ ဂျာမနီထက်တောင် ပိုဆိုးပါတယ်။ ကျွန်တော်
အဲဒီကို ရောက်ဖူးပါတယ်။ အစိုးရကို ဝေဖန်ရင် အလုပ်ဖြုတ်နိုင်တဲ့ Stasi တွေကို လူတွေက
ကြောက်ကြပါတယ်။
ဒါပေမဲ့ သူတို့က ကြောက်ရုံ ကြောက်ကြတာပါ။ မြန်မာနိုင်ငံမှာ လူတွေ ညှဉ်းဆဲခံရတာ ကျွန်တော်
သိပါ တယ်။ အရှေ့ဂျာမနီမှာတော့ လူထုဟာ ကြောက်နေကြပြီး မြန်မာနိုင်ငံမှာတော့ လူထုဟာ
ထိတ်လန့်တုန်လှုပ်နေခဲ့ကြပါတယ်။
* ဒီဇာတ်ကားကိုရိုက်ရတာ ကြောက်တာမျိုး မဖြစ်ဘူးလား။
မဖြစ်ပါဘူး။ ဖေဖော်ဝါရီလထဲမှာ ကျွန်တော့်အသက်က ၇၂ နှစ် ပြည့်သွားပါပြီ။ ကျွန်တော့်အဖေက
သူ့အသက် ၆၅ နှစ်မှာ ဆုံးသွားတာပါ။ ကျွန်တော် ကားမှောက်တုန်းကတော့ အသက် အန္တရာယ်နဲ့
ကြုံလိုက်ရသေးတယ်။ အန္တရာယ်များတဲ့ အခြေအနေမျိုတွေ အများကြီး ကြုံခဲ့ဖူးပါတယ်။ ဒါပေမဲ့
ကျွန်တော် လွတ်မြောက်ခဲ့ပါတယ်။ ကျွန်တော့်အသက် ၄၀ လောက်မှာ ကျွန်တော် လူ့လောကက
ထွက်သွားချင်တာပါ။
ဒါပေမဲ့ ကျွန်တော် အခုအချိန်အထိ လူ့လောကမှာ နေနေရတုန်းပါ။ ကျွန်တော့်မှာ သက်တမ်း ကိုးခု
လောက်ရှိရင် ရှစ်ခုခွဲကို ကျွန်တော် သုံးပြီးသွား ပါပြီ။ အသက်ရှင်နေထိုင်ရေးလို ကြီးကြီးမားမားတွေ
က ကျွန်တော့်ကို ဒုက္ခမပေးပါဘူး။ ဆူညံလွန်းတဲ့ အသံတွေလိုအရာ လေးတွေက ကျွန်တော့်ကို
ဒုက္ခပေးနေပါတယ်။
ကျွန်တော့်စိတ်ကို လှုပ်ရှားစေတဲ့အရာတွေကို အရမ်း နှစ်သက်တယ်ဆိုတာ ကျွန်တော်သိပါတယ်။
ကျွန်တော့်ကို လှုံ့ဆော်ပေးနိုင်တဲ့ဓာတ် နည်းနည်းလောက် လိုပါတယ်။ ဒါကြောင့် အန္တရာယ်နည်း
နည်းရှိတာ ကောင်းပါတယ်။
* အာဏာရှင်နိုင်ငံတွေဆီကို သွားဖြစ်ရတဲ့အကြောင်းရင်းကဘာများလဲ။
နိုင်ငံတစ်နိုင်ငံမှာ အာဏာရှင် ရှိတယ်လို့ အတိအကျပြောပါ။ အဲဒီ နိုင်ငံတွေအားလုံး ကျွန်တော်
ရောက်ဖူးပါတယ်။ ထီးတည်းရပ်တည်နေတဲ့ နိုင်ငံ တွေကို ကျွန်တော် စိတ်ဝင်စားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ ခြေရာ လက်ရာမပျက် အရင်အတိုင်း ရှိနေတဲ့ အရာတွေကို တွေ့နိုင်
လို့ပါ။ မြန်မာနိုင်ငံ က အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီက ယဉ်ကျေးမှုတွေဟာ မပျက်မစီး
တည်ရှိနေသေးတာကို တွေ့ခဲ့ပါတယ်။ အဲဒီမှာ လူမျိုးပေါင်း ၁၃၅ မျိုး၊ ဘာသာစကားပေါင်း ၁၃၅
မျိုး ရှိပါတယ်။ အဓိကလူမျိုးစု ရှစ်မျိုးရှိပြီး ကိုးကွယ် ယုံကြည်ရာဘာသာရေးကလည်း ခရစ်တော်၊
ဗုဒ္ဓနဲ့ ဖန်ဆင်းရှင်ကို ယုံကြည်တဲ့သူတွေ ဆိုပြီး အမျိုးမျိုး ရှိပါတယ်။
* နောက်ထပ် ဘာကားရိုက်ဖို့ စီစဉ်ထားပါသလဲ။
ကျွန်တော့်မှာ စာအုပ်တစ်အုပ် ရှိပါ တယ်။ The Nazis, My father and Me ဒီဇာတ်လမ်းက
ဂျာမန်ကောင်လေး တစ်ယောက် အကြောင်းပါ။ ဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်ဖို့အတွက် ဂျာမန်တချို့
လိုပါတယ်။
(ဖနွမ်းပင်ပို့စ်)
 
သီရိမင်းထွန်း ဘာသာပြန်သည်။

မြန်မာတိုင်း

10 March 2013

ယနေ့ရွေးချယ်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် အမည်စာရင်း

ယနေ့ရွေးချယ်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် အမည်စာရင်း

ယနေ့ရွေးချယ်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့