31 March 2012

ကော့မှူးမြို့နယ် အတွင်း ကျေးရွာ အချို့တွင် နိုင်ငံရေး ပါတီ စည်းရုံးရေး ပိုစတာများ ဖြုတ်သိမ်းရန် နှိုးဆော်

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အချိန်နီးကပ်လာသည်နှင်အမျှ ကော့မှူးမြို့နယ်သို့ ပြည်တွင်းပြည်ပ မီဒီယာများ ရွေးကောက်ပွဲစောင့်ကြည့်သူများ တဖွဲဖွဲရောက်ရှိလာကြပြီး ကော့မှူးမြို့နယ် အတွင်း ၊ ပျားပန်းခတ်သွားလာနေကြသည်။

မနက်ဖြန် တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေတွင် ကော့မှူးမြို့နယ်သို့လာရောက်မည်ဖြစ်၍ နေပူပူတွင် ကြိုဆိုကြသူများ နှင့် စည်းရုံးရေး သီချင်းသံများမှာ ကော့မှူးတစ်မြို့နယ်လုံးတွင် ပျံလွင့်နေသည်။ တစ်မြို့လုံးကို အနီရောင်လွမ်းခြုံထားသည် ဟု ထင်ရသော်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ရုံးရှေ့တစ်နေရာကတော့ အစိမ်းရောင်ခြယ်ထားသကဲ့သို့မြင်တွေ့နေရသည် ။ နေပူပူတွင် တက်တက်ကြွကြွ ကခုန်ကြိုဆိုသူများကို မှတ်တမ်းတင်သူ များထဲတွင် နိုင်ငံခြားသား
များကို အများဆုံးတွေ့မြင်နေရသည်။

မဲရုံမှ ကိုက် ၅၀၀ အတွင်းရောက်ရှိနေသည့် နိုင်ငံရေးပါတီများ၏ ဆိုင်းဘုတ်နှင့် စည်းရုံးရေးလှုံဆော်စာများ ကိုဖယ်ရှားပေးရန် ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြား လာခြင်းကြောင့် ယနေ့ညနေတွင် ဖယ်ရှားဆောင်ရွက်နေကြောင်း ကော့မှူးဒေသခံများထံမှသိရသည်။ ယင်း မြောက်ချောင် ရွာအပါအ၀င် မဲရုံနှင့် ကိုက်၅၀၀အတွင်းရောက်ရှိနေသော ကျေးရွာများတွင် ဆောင်ရွက်နေကြောင်း သိရသည်။

‘‘ အင်န်အယ်လ်ဒီ ဆိုင်းဘုတ်တွတေင်မကဘူး။ ကြံ့ခိုင်ရေး ပါတီဆိုင်းဘုတ်တွေ ဖြုတ်တာလည်း တွေ့ရတယ်။အကြောင်းကြားတာကတော့ ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားတာလို့ သိရတယ်။ ကိုယ့်အိမ် ထဲမှာ ချိတ်ထားတဲ့ ဓာတ်ပုံတို့၊ ဘာတို့ကတော့ မဆိုင်ပါဘူး။ လမ်းပေါ်မှာ ရှိနေတဲ့ ဆိုင်းဘုတ်တွေနဲ့ လှုံ့ဆ်ာစာတွေ ကိုပဲ ဖယ်ခိုင်းတာပါ။တချို့က နားလည်မှုလွဲပြီး အိမ်ထဲက ဓာတ်ပုံတွပေါ ပါတယ်လို့ ထင်နေတာ’’‘ဟု ကော့မှူးမြို့နယ် အင်န်အယ်လ်ဒီပါတီ အောင်နိုင်ရေးအဖွဲ့မှ ဦးမြင့်သိန်းက ပြောသည်။

သို့ဖြစ်၍ မြောက်ချောင်ရွာ လမ်းဘေးဝဲယာနှင့် အိမ်ပေါက်ဝများတွင် ချိတ်ဆွဲထားသော အင်န်အယ်လ်ဒီပါတီ စည်းရုံးရေး လှုံ့ဆော်စာများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို ချိတ်ဆွဲထားရာမှ ပြန်လည်ဖြုတ်ချရန် အင်န်အယ်လ်ဒီ ပါတီဝင်များက လိုက်လံနှိုးဆော်ထားကြောင်း သိရသည်။ မြောက်ချောင် ‘ တစ်ရွာလုံးက ကိုက် ၅၀၀ အတွင်းမှာပဲရှိတယ် ၊ မဲရုံက မြောက်ချောင် ‘ ရွာလည်မှာရှိနေလို့ ’’ဟု ဒေသခံတစ်ဦး ကပြောသည်။ ရွာကဲ့သို့ပင် ကိုက် ၅၀၀ အတွင်း ရှိသည့်ကျေးရွာများလည်း ကော့မှူးမြို့နယ်အတွင်း ရှိကြောင်း သိရသည်။ မြောက်ချောင် ကျေးရွာ အုပ်စုတွင်မြောက်ချောင်ရွာ ရေတာရှည်ရွာ ၊ ချောင်ကော်ခြံ ရွာ နှင့် လေကြောင်းကာကွယ်ရေး အမြောက်တပ် တစ်ခု တို့ ပါဝင်ပြီး မြောက်ချောင် ‘ရွာတွင် ကြိုတင်မဲ ၁၁ မဲ ရှိကြောင်း သိရသည်။

ကော့မှူး တစ်မြို့နယ်လုံး တွင် မဲရုံပေါင်း ၁၂၉ ရုံ မဲပေးနိုင်သည့် လူဦးရေ ၈၇၇၁၆ ဦး ရှိပြီး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ (ကိုယ်စားလှယ်လောင်း ဦးတင်ရီ) ၊ NLD ပါတီ (ကိုယ်စားလှယ်လောင်း ဒေါ်အောင်ဆန်းစုကြည်)၊ နှင့် ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကိုယ် စားလှယ် လောင်း- ဒေါက်တာ စိုးမင်း)တို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

သတင်း...... ရန်ကုန်တိုင်း

Envoy ဂျာနယ်မှ အဆိုတော် လေးဖြူကို တောင်းပန်ပြန်လိုက်ရခြင်း




ကြိုတင် မဲ စပေး တာကို မသမာတဲ့ နည်းမျိုးစုံကိုသုံးပြီး တရားမျှတမှု မရှိတာ ပေါ်လွင်သထက်ပေါ်လွင်လာပြီး

- ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးပွဲတွေ မဲဆန္ဒနယ် (၄၅)နေရာမှာ ဒီကနေ့ စတင်ကျင်းပ။

- ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်မှာ ဒီနေ့ ကြိုတင်မဲပေးရာမှာ မဲရုံတာဝန်ရှိသူတွေက ပါတီ ကိုယ်စားလှယ်လောင်းတွေကိုခြိမ်းခြောက်။

-ဧရာဝတီတိုင်း၊ဖျာပုံမြို့ပေါ်က ရပ်ကွက်တချို့မှာ ဒီနေ့ကြိုတင်မဲပေးရာမှာ လှို့ ဝှက်မဲစာအိပ် ပိတ်ထားတဲ့ချိတ် တွေ ကွာပြီး၊ပွင့်နေ။

သတင်း....DVB..။
............................................

ကြိုတင်မဲ ပေးခွင့်စတင်သည့် ယနေ့ နံနက်ပိုင်းက မြန်အောင်မြို့နယ် ပနဲကွဲ ကျေးရွာအုပ်စု လန်ဒါ ကျေးရွာမှ ကြိုတင်မဲယူစဉ် အသက် ၇၀ ၀န်းကျင်ရှိသည့် ဒေါ်သန်းညွန့်က ၎င်း အနေဖြင့် မဲလက်မှတ် အား မခြစ်နိုင်သဖြင့် မဲရုံဝန်ထမ်း ကျောင်းဆရာမ ဒေါ်ညိုညိုဝင်းအား ဒေါ်စုပါတီ ခွပ်ဒေါင်းကို ခြစ်ခိုင်းသော်လည်း ဒေါ်ညိုညိုဝင်းက ကြံခိုင်ရေးကို ခြစ်ပေးလိုက်ရာမှ ရွားသားများက မကျေနပ်ဖြစ်ကာ မြို့နယ် ကော်မရှင်သို့ တိုင်ကြားထားသည်ဟု သိရှိရသည်။

မြန်အောင်မြို့နယ် ကော်မရှင်က ဆက်လက်အရေးယူဆောင်ရွက်မည်ဟု ဆိုကြောင်း မြန်အောင်မြို့ခံတဦးက YPI သို့ပြောသည်။

မြန်အောင်မြို့နယ်၌ ရပ်ကွက် ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၃ အုပ်စုတွင် မဲပေးခွင့်ရှိသူ တသိန်းခွဲကျော်ရှိ၍ အန်အယ်လ်ဒီ၊ တစညနှင့် ကြံ့ခိုင်ရေးတို့မှ ကိုယ်စားလှယ်လောင်း ၃ ဦးပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ။

သတင်း....YPI ။
......................................................

ဒေါ်အောင်ဆန်းစုကြည်ပုံ ပိုစတာများအား တည်ဆဲပဒေအရ ဆောင်ရွက်ရန် ပခုက္ကူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ယနေ့မနက်တွင် စာဖြင့် အကြောင်းကြားခဲ့ကြောင်း ယင်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးပိုက်ကိုကပြောသည်။

၎င်းက “ ဒီနေ့မနက်မှာ အကြောင်းကြားစာရတယ်။ တည်ဆဲဥပဒေအရဆောင်ရွက်ရမယ်ဆိုတာ ပါလို့ ဘယ်ဥပဒေကိုပြောတာလဲ သိချင်လို့ စည်ပင် အရာရှိနဲ့တွေ့ဖို့သွားတာ မအားသေးဘူးလို့ငြင်းလိုက်တယ်” ဟုပြောသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး ပခုက္ကူမြို့နယ်စည်ပင်သာယာရေးကော်မတီသို့ ၀ိုင်ပီအိုင်မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေကြားနိုင်ခြင်းမရှိကြောင်း ယင်းဌာနမှ ပြောသည်။

ပခုက္ကူမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိုစတာကြီးပေါင်း ၄၉ ခုရှိကြောင်း၊ သို့သော် ယင်းပိုစတာများမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လိုက်လံ ချိတ်ခြင်းမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အား လေးစားသည့် ပြည်သူများမှ ချိတ်ဆွဲကြိုဆိုကြခြင်းဖြစ်ကြောင်း ဦးပိုက်ကိုက ပြောသည်။

သတင်း....YPI ။
................................................

"နေပြည်တော်စည်ပင်ဧည့်ရိပ်သာ နိုင်ငံရေးသမားများ တည်းခိုခွင့်မပြုဟုဆို"

နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုလျှက်ရှိသော မိုးကုပ်မြို့မှ NLD ထောက်ခံသူ ၁၈ဦးအား ဧည့်ရိပ်သာ တာဝန်ရှိသူက နိုင်ငံရေးသမားများ တည်းခိုခွင့် မပြုနိုင်ကြောင်းပြောဆိုကာ ည၁၀နာရီခွဲအချိန်၌ အခြားတည်းခိုခန်းသို့ပြောင်းရွှေ့စေခဲ့သည်ဟု သိရသည်။ အထက်ပါ NLD ထောက်ခံသူ ၁၈ ဦးသည် စည်ပင်ဧည့်ရိပ်သာသို့မတ်လ ၂၇ ရက်နေ့ညနေတွင်ရောက်ရှခဲ့ပြီး တစ်ညတည်းခိုကာ ၂၈ ရက် နေ့ည ၁၀နာရီခွဲအချိန်တွင်ပြောင်းရွှေ့ စေခြင်းခံခဲ့ရခြင်းဖြစ်သည်။ ၄င်း ၁၈ဦးသည် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်တွင် ယှဉ်ပြိုင် မည့် NLD ကိုယ်စားလှယ်လောင်း ဦးမင်းသူ၏ မိတ်ဆွေများဖြစ်သကဲ့သို့ဦးမင်းသူ၏ မဲစွယ်စည်းရုံးပွဲများတွင် အင်အားဖြည့်ကူညီရန် ရောက်ရှိ လာခြင်းဖြစ်သည်ဟု သိရှိရသည်။ "ကို့အနေနဲ့ ဧည့်ရိပ်သာကတာဝန်ရှိသူကို ဖုန်းဆက်ပြောတယ်။ အချိန်ကလဲည ၁၀ နာရီခွဲဖြစ်နေတော့ လူမှုရေး ရှု့ထောင့်ကကြည့်ပြီး တစ်ညတော့ တည်းခိုခွင့်ပေးပါလို့တောင်းဆို လိုက် တယ်။ အဲ့ဒီ တာဝန်ရှိသူက အထက်က ညွှန်ကြားထားလို့ မထားရဲဘူး လို့ပြန်ဖြေတယ်။ အစ်ကိုက အထက်က ဘာညွှန်ကြားထား လဲလို့မေးတော့ နိုင်ငံရေးသမားတွေ တည်းခွင့်မပြုဘူးလို့ပြန်ဖြေခဲ့တယ်။ အဲ့ဒီ ဧည့်ရိပ်သာ ထဲမှာ တည်းခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီ လှုပ်ရှား သူတွေကရော နိုင်ငံရေးသမားတွေ မဟုတ်ဘူးလားလို့မေးကြည့်တယ်။ တစ်ညတော့ တည်းခိုခွင့်ပြုပါလို့ ထပ်ပြီးတောင်းဆိုခဲ့တယ်။ သူက နိုင်ငံရေး သမားတွေ တည်းမယ်ဆိုရင် ကြိုပြီးခွင်ပြုချက် ယူကတယ် ဒါကြောင့်လုံးဝ ခွင့်ပြုလို့ မရပါဘူးလို့ပြန်ပြောခဲ့တယ်။" ဟု ဇဗ္မူသီရိမြို့နယ် NLD ရွေး ကောက်ပွဲအောင်နိုင်ရေး တာဝန်ခံ ဦးစိုင်းဝင်းနိုင်ဦး ကဆိုသည်။ လက်ရှိ ၄င်း ၁၈သီးသည် ၂၈ ရက်နေ့ည ၁၀ နာရီခွဲ အချိန် စည်ပင် ဧည့်ရိပ်သာမှ ပြောင်းရွှေ့ခဲ့ရပြီး အထက်ပါ ဦးစိုင်းဝင်းနိုင်ဦး နေအိမ်၌ တည်းခိုလျှက်ရှိကြောင်း၊ ၄င်းတို့သည် ဧပြီလ ၂ရက်နေ့ထိ တည်းခိုမည်ဖြစ်ကြောင်း သိရသည်။

သတင်း...Popular Myanmar News Journal.။

.............................................


ဗုံးပေါက်ကွဲခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း သိန္ဒီမြို့နယ်ရှိ ရွေးကောက်ပွဲများကို လုံခြုံရေးတိုးမြှင့်ကာ ကျင်းပသွားမည်ဟု လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်မောင်ရွှေက ပြောသည်။

“လုံခြုံရေးအခြေအနေလည်း အပြည့်အစုံစီစဉ်ပေးထားပါတယ်။ ကျွန်တော်တို့လဲ တာဝန်ခွဲပြီး အခု သွားကုန်ကြပြီ။ မဲရုံတစ်ရုံကို ၃ ဦးလောက် လိုက်သွားကြတယ်။” ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် ၂၈ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် သိန္ဒီမြို့နယ်ရှိ မဲရုံ ၈ ရုံနှင့် တန့်ယန်းမြို့နယ်ရှိ မဲရုံ ၁၁ ရုံ ကို လုံခြုံရေးအခြေအနေအရ ပိတ်သိမ်းမည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းမဲဆန္ဒနယ်တွင် ပါဝင်ယှဉ်ပြိုင်မည့် အမတ်လောင်းများကမူ ဗုံးပေါက်ကွဲမှုကြောင့် ရွေးကောက်ပွဲကို မထိခိုက်နိုင်ကြောင်း ပြောကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမတ်လောင်း ဦးစိုင်းမောင်မြင့်က ရွေးကောက်ပွဲကျင်းပမည်မှန်သော်လည်း ကျင်းပမည့်နေ့၌ လုံခြုံရေးအခြေအနေ စိုးရိမ်ဖွယ်ရှိလာလျင် ဥပဒေအရ မဲရုံများကိုပိတ်သိမ်းသွားမည်ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရကြောင်း ဆိုသည်။

“ဆက်ဖွင့်ဖို့အတွက်လည်း လုံခြုံရေးတွေ၊ ရဲတွေ လွှတ်လိုက်ပြီလို့ပြောတယ်” ဟု ၄င်းက ပြောသည်။
မတ်လ ၂၈ ရက် နံနက် ၄ နာရီခန့်က သိန္ဒီ-မူဆယ်လမ်း၊ နမ္မတူမြစ်ကူးတံတားပေါ်တွင်ဖြစ်ပွားခဲ့သော ယင်းဗုံးပေါက်ကွဲမှုကြောင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာ မရှိခဲ့ပေ။

၂၀၁၀ ရွေးကောက်ပွဲတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အနိုင်ရခဲ့သော အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) တွင် လားရှိုး၊ မိုင်းရယ်၊ တန့်ယန်းနှင့် သိန္ဒီမြို့နယ်များပါဝင်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

သတင်း.....Messenger News Journal..။

...........................................

30 March 2012

ယနေ့ အမှတ်၅၄ တက္ကသိုလ်ရိပ်သာလမ်းတွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲသတင်းအပြည့်အစုံ ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမည့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄) တွင် မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ အပါအ၀င် ပြည်တွင်း၊ ပြည်ပ သတင်းဂျာနယ်လစ် ၃၀၀ ကျော် တက်ရောက် သတင်းရယူခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်လများအတွင်း ဖြစ်ပျက်ခဲ့သည်များကို စဉ်းစားပါက ကြားဖြတ်ရွေးကောက်ပွဲသည် စစ်မှန်သည့် လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲဖြစ်မည်ဆိုသည်ကို စဉ်းစား၍ ရနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျင်းပသွားမည့် မဲဆန္ဒနယ်များတွင် များနိုင်သမျှ များများအနိုင်ရရှိရန် ကြိုးစားခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၅ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ် မည်ဖြစ်ပြီး ယင်းအနက် လစ်လပ်မဲဆန္ဒနယ် ၄၄ နေရာတွင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဆိုင်ရာ မှားယွင်းမှုများသည် ဒီမိုကရက်တစ်ကျသည့် ရွေးကောက်ပွဲတစ်ခုက လက်ခံနိုင်သည်ထက် ကျော်လွန်နေကြောင်း၊ သို့ရာတွင် မိမိတို့ ပြည်သူများ လိုချင်နေသည့် အရာဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက် သွားရန် ဆုံးဖြတ်ထားပါကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲဆိုင်ရာ မတရားသော လုပ်ဆောင်မှုများ ပိုမိုများပြားလာကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြီးခဲ့သည့်ရက်များအတွင်း သတင်းထုတ်ပြန်ခဲ့ပြီး တနင်္သာရီ တိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် မဲဆန္ဒအတွက် ကြိုတင်မဲများကို ကောက်ယူလျက်ရှိသည်ဟု သတင်းဌာနများမှ ကြားသိနေရပါကြောင်း၊ ကြိုတင်မဲနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု ကော်မရှင်က မတ် (၃၀.၃.၂၀၁၂) ရက်မှ (၃၁.၃.၂၀၁၂) ရက်အထိတွင်သာ ကောက်ယူရန် ညွှန်ကြားချက်ကို ဆန့်ကျင် လုပ်ဆောင်မှုဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊ ဥတ္တရသီရိမြို့နယ်၌ ကြားဖြတ်ရွေးကောက်ပွဲတွင် အနှောင့်အယှက်များကို တွေ့နေခဲ့ရာမှ ၁၈.၃.၂၀၁၂ ရက်နေ့တွင် နေပြည်တော် ဥတ္တရသီရိ မဲဆန္ဒနယ်မြေတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းဦးမင်းသူ၏ ဟောပြောပွဲတွင် သစ်သားချွန်ဖြင့် ပစ်ခတ်ခံရသဖြင့် ဦးမင်းသူ၏ လုံခြုံရေး အဖွဲ့ဝင် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရပါကြောင်း၊ယင်းကဲ့သို့ အကြမ်းဖက်မှုကို အဖွဲ့ချုပ်က အစဉ်အမြဲ ဆန့်ကျင်ကြောင်း၊ သက်ဆိုင်ရာရဲ တပ်ဖွဲ့သို့လည်း အရေးယူပေးနိုင်ရန် တိုင်ကြားခဲ့ပါကြောင်း၊ အထက်ပါ ကိစ္စများသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရေးကို ထိခိုက်စေနိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါကြောင်း ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်


ကြားဖြတ် ရွေးကောက်ပွဲကြောင့် ပြည်သူများ၏ နိုင်ငံတွင်း နိုင်ငံရေး အသိတရား နိုးကြားမှုများ တိုးတက်နေပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ''သိပ်ကြီးတော့ နေမကောင်းသေးပါဘူး''ဟု ပြောကြားခဲ့ပြီး လုံခြုံရေးနှင့် ပတ်သက်၍ လုံးဝမစိုးရိမ်ပါကြောင်းနှင့် ပြည်သူများအနေဖြင့် စိတ်မပူရန် ပြောကြား လိုကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ကိုယ့်လမ်းကို ကိုယ်ခင်းပြီး သွားရမည်ဖြစ်ကြောင်းနှင့် မြစ်ဆုံရေကာတာ ထာဝရ ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ ဂျာနယ်လစ်တစ်ဦး၏ မေးမြန်းမှုအပေါ် အားလုံးကလက်ခံနိုင်သည့် ထာဝရ အဖြေတစ်ခုကို ရှာဖွေရမည်ဖြစ်ကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။

ဝန်ကြီးနေရာအတွက် ကမ်းလှမ်းမှုများ ရှိလာပါက မည်ကဲ့သို့ ဆောင်ရွက်သွားမည်နည်းဆိုသည့် ဂျာနယ်လစ်တစ်ဦး၏ မေးခွန်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲရောက်ရှိရန်အတွက် ဆောင်ရွက်ရသည်မှာ လွယ်လွယ်လေး မဟုတ်သည့်အတွက် လွှတ်တော်ထဲမှ ထွက်သွားမည်မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရ မည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတကြောင်း ပြသလို၍ မြန်မာအစိုးရသည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူ ၁၅၀ ကျော်ကို ဖိတ်ကြား ထားသလို ပြည်ပမီဒီယာများကိုလည်း ဖိတ်ကြားထားသည်။

သတင်းရင်းမြစ်....Eleven Media Group

ယနေ့ အမှတ်၅၄ တက္ကသိုလ်ရိပ်သာလမ်းတွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲဓာတ်ပုံသတင်း











ဓာတ်ပုံ....AP

ဗိုလ်ချုပ်ရုပ်ရှင်အတွက် ရှားပါးမှတ်တမ်းမှတ်ရာအများအပြားကို ပြည်သူတွေ လှူဒါန်းကြ




လာမယ့် ၂၀၁၃ ခုနှစ်မှာရိုက်ကူးမယ့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကားမှာ ခိုင်မာတဲ့မှတ်တမ်းအချက် အလက်တွေ ထည့်သွင်းနိုင်ဖို့အတွက် ဗိုလ်ချုပ်နဲ့ ပတ်သက်ဆက်နွှယ်သမျှ မှတ်တမ်း မှတ်ရာတွေကို လှူဒါန်း (သို့) ငှားရမ်းကြဖို့ ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ က သတင်းထုတ်ပြန်ပြီးတဲ့နောက် အများ ပြည်သူတွေထံက အားတက် သရော လှူဒါန်းပေးပို့တာတွေကို အမြောက် အမြား လက်ခံရရှိတယ်လို့ ရုပ်ရှင်ဖြစ် မြောက်ရေးကော်မတီအဖွဲ့ဝင် ဒါရိုက်တာ ကြည်ဖြူသျှင်က မြန်မာတိုင်း(မ်)ကို ပြော ပါတယ်။

ပေးပို့လှူဒါန်းလာကြတဲ့ ပစ္စည်းတွေ ထဲမှာ ဗိုလ်ချုပ်ရဲ့ဓာတ်ပုံများ၊ ဗိုလ်ချုပ် အကြောင်းရေးသားဖော်ပြထားကြတဲ့ သတင်းစာနဲ့ စာအုပ်များ၊ သမိုင်းဝင် မိန့်ခွန်းတွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပြားများအပြင် အဲဒီခေတ်က အသုံးပြုခဲ့ကြတဲ့ ဂျပန်ဓားနဲ့ မော်တော် ကားများလည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။

"အစ်မတို့ လုံးဝ မမျှော်လင့်ထားတဲ့ ရှားပါးစာအုပ်တွေ၊ ဗိုလ်ချုပ် အောင်ဆန်း ခေတ်က ထုတ်ဝေတဲ့ သတင်းစာနဲ့ ဓာတ်ပုံတွေ အများကြီးရပါတယ်။ ဗိုလ်ချုပ်ဓာတ်ပုံဆို အခုနောက်ပိုင်းထွက် တဲ့ ဂျာနယ်နဲ့ စာအုပ်တွေမှာပါတဲ့ပုံတွေ ပဲ မြင်ဖူးတာကိုး။ "ဗိုလ်ချုပ် အင်းလေးမှာ လှေနဲ့သွားခဲ့ တဲ့ ပုံမျိုးတွေအပါအ၀င် တော်တော် ထူးထူးဆန်းဆန်းဓာတ်ပုံတွေ ရခဲ့တယ်။ ပိုပြီးထူးဆန်းတာက ဗိုလ်ချုပ်အောင် ဆန်းကို ဆုငွေငါးကျပ်ထုတ်ပြီးတော့ ဖမ်းဝရမ်းထုတ်တုန်းက သုံးခဲ့တဲ့ ဗိုလ်ချုပ် ရဲ့ဓာတ်ပုံတွေပါ လှူတဲ့အထဲမှာ ပါလာ တယ်။ နောက်ပြီး အဲဒီဓာတ်ပုံတွေကို ပြပြီး ဖမ်းဝရမ်းထုတ်ခဲ့တယ်ဆိုတဲ့ မှတ် တမ်းစာတွေပါ အလှူရခဲ့တယ်"လို့ အလှူရှင်တွေ ပေးပို့ကြတဲ့ မှတ်တမ်း ပစ္စည်းတွေအကြောင်းကို ကြည်ဖြူသျှင် က ပြောပြပါတယ်။

"ဇာတ်ဝင်ခန်းမှာ သုံးဖို့အတွက် ဗိုလ် ချုပ်တို့ခေတ်က စီးခဲ့တဲ့ကားတွေ လာပြ တယ်။ ကားတွေက ဟိုခေတ်ကကား တွေပါ။ တော်တော်အံ့ဩစရာကောင်း တာက အဲဒီခေတ်က မာစီးဒီးဆိုပြီး လာပြတဲ့ကားတွေဆို မောင်းလို့ တောင် ရသေးတယ်။ အစ်မတို့ဆီကို မောင်းပြီး လာပြတာ"လို့လည်း ပြောပါတယ်။

ဗိုလ်ချုပ်ရဲ့မိန့်ခွန်းတွေကို အသံသွင်း ထားတဲ့ ဓာတ်ပြားတွေထဲက တချို့ကွဲ အက်နေတဲ့အချပ်တွေကို စင်ကာပူနိုင်ငံ မှာ ခေတ်မီနည်းပညာသုံးပြီး အသံပြန်ရ အောင် ပြုလုပ်သွားမယ်လို့လည်း ကြည် ဖြူသျှင်က ပြောပါတယ်။

"ဗိုလ်ချုပ်နေရာက သရုပ်ဆောင်မယ့် သူကို ဓာတ်ပြားတွေ ပေးနားထောင်ပြီး ကျင့်ခိုင်းမယ်။ ဗိုလ်ချုပ်က ဘယ်လိုအသံ နေ အသံထားနဲ့ပြောတယ်၊ ဘယ်လို စရိုက်မျိုးရှိတယ်ဆိုတာ ဒီမှတ်တမ်းနဲ့ ဓာတ်ပြားတွေကို နားထောင်ပြီး လေ့လာ မှာပါ"လို့လည်း ဆိုပါတယ်။

သူက ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့ 'အာဇာနည်နေ့'အပြင် 'လွတ်လပ်ရေးနေ့'မှာ ထုတ်ဝေခဲ့တဲ့ သတင်းစာစောင်တွေကို လည်း ရရှိတာကြောင့် ရုပ်ရှင်ရိုက်ကူး ရာမှာ သမိုင်းကြောင်း မှန်ကန်ဖို့အတွက် အများကြီး အထောက်အကူဖြစ်တယ် လို့လည်း ဆိုပါတယ်။

"၁၉၄၈၊ ဇန်န၀ါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရတဲ့နေ့က ထုတ်တဲ့ သတင်းစာကို အစ်မတို့ မမြင်ဖူးတော့ ဘူးလေ။ ဒါတွေက စိတ်ကူးယဉ်ပြီး ထည့်လို့မရဘူး။ ဒါကြောင့် ဒီသတင်းစာ ကိုကြည့်ပြီး အစ်မတို့ ချွတ်စွပ်တူတဲ့ သတင်းစာတစ်စောင်ဖြစ်အောင် လုပ် နိုင်တယ်"လို့လည်း ပြောပါတယ်။

ဗိုလ်ချုပ်ကျဆုံးတဲ့နေ့က ထုတ်ရှိခဲ့တဲ့ စာစောင်တွေဟာ ၆၅ နှစ်တိုင်သက်တမ်း ရှိခဲ့ပြီဖြစ်ပေမယ့် ကောင်းမွန်စွာ ထိန်း သိမ်းထားကြ တာကြောင့် ဟောင်းနွမ်း စုတ်ပြဲမနေဘဲ အသစ်အတိုင်း ရရှိတယ် လို့လည်း ပြောပြပါတယ်။

"အလှူထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတဲ့ တံဆိပ်ခေါင်းတွေ လာလှူကြတယ်။ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ မှတ်တမ်းတွေကို သေသေ ချာချာ ထိန်းသိမ်းထားကြပုံပါ။ တကယ့်ကို တန်ဖိုးဖြတ်လို့မရတဲ့ သမိုင်း အမွေအနှစ်တွေပါပဲ။ ဒါတွေကိုကြည့် ခြင်းအားဖြင့် တိုင်းသူပြည်သားတွေ ဗိုလ်ချုပ်ကို ဘယ်လောက်ချစ်လဲဆိုတာ၊ မျိုးချစ်စိတ်ဓာတ် ဘယ်လောက်ထိရှိလဲ ဆိုတာ မြင်ရတာပေါ့"လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။

ခုလို ပြည်သူတွေ အမြတ်တနိုးသိမ်း ဆည်းခဲ့ကြတဲ့ မှတ်တမ်းမှတ်ရာတွေကို ရုပ်ရှင်ရိုက်ကူးရေး ပြီးစီးသွားတဲ့အခါ လူအများ ကြည့်ရှုလေ့လာနိုင်ဖို့ ပြတိုက် ပြုလုပ်ပြီး ပြသထိန်းသိမ်းသွားမယ်လို့ လည်း ဆိုသလို ရရှိတဲ့မှတ်တမ်းမှတ်ရာ တွေကို အသုံးချပြီး ရုပ်ရှင်ကားမှာ သမိုင်းအချက်အလက်တွေ မှန်မှန်ကန် ကန်နဲ့ ထည့်သွင်းရိုက်ကူးသွားမယ်လို့ လည်း ပြောပါတယ်။

"ဘာဖြစ်လို့လဲဆိုတော့ သမိုင်းကြောင်း အစစ်ကို ပြချင်တဲ့ဇာတ်ကားဖြစ်လို့ပဲ။ အချက်အလက်ကို မှန်ကန်အောင်ပြတဲ့ အပေါ်မှာမှ အနုပညာရသမြောက်အောင် ဖန်တီးမှုက ဒုတိယအဆင့်ဖြစ် မှာပါ"လို့ ဇာတ်ကားရိုက်ကူးမယ့်ပုံစံကို ရှင်းပြပါတယ်။

ဇာတ်ကားကြည့်တဲ့သူကို အဲဒီခေတ် ဆီရောက်သွားစေချင်ပြီး အဲဒီအချိန် အခါက အကြောင်းအရာတွေကို သိရှိစေ ချင်တာကြောင့် ဗိုလ်ချုပ်ဇာတ်ကားမှာ သမိုင်းကြောင်း အစစ်အမှန်ကို ပြနိုင် အောင် ကြိုးစားသွားမယ်လို့လည်း ပြော ပါတယ်။

၁၉၄၆ ခုနှစ်ကနေ ၁၉၆၂ ခုနှစ် အတွင်း ထုတ်ဝေတဲ့ မဏ္ဍိုင်၊ ဟံသာဝတီ၊ ဖဆပလသတင်းစဉ်၊ မြန်မာ့ရှေ့ဆောင်၊ မြန်မာ့အလင်း၊ ရန်ကုန်နေ့စဉ်သတင်း စာ၊ ဒီးဒုတ်ဂျာနယ်တွေကို တခုတ်တရ စုဆောင်းထားတဲ့ ဇီဇ၀ါစာအုပ်တိုက် ပိုင်ရှင် ဦးကျော်မင်းက "၁၉၄၇ ခုနှစ် အစောပိုင်းလောက်ကထုတ်တဲ့ သတင်း စာတွေမှာ ဗိုလ်ချုပ်မျက်နှာဖုံးပုံတွေ ချည်းပဲ။ အဲဒီခေတ်က သတင်းစာတွေက ပွင့်ပွင့် လင်းလင်းနဲ့ သတင်းဦး၊ သတင်း ထူးတွေ ဖော်ပြကြတယ်။ ဗိုလ်ချုပ်မိန့်ခွန်း တွေ၊ အစည်းအဝေးဆုံးဖြတ်ချက်တွေကို နောက်တစ်နေ့ သတင်းစာမှာပဲ ထည့် သွင်းဖော်ပြကြတယ်။ "၁၉၇၀ ကျော်လောက်ထိ အာဇာ နည်နေ့တိုင်း အာဇာနည်ဗိမာန်မှာ သွားရောက်ဂါရ၀ ပြုတဲ့သူတွေကို ကျဆုံး သွားတဲ့ အာဇာနည်ခေါင်းဆောင်တွေ ရဲ့အတ္ထုပ္ပတ္တိအကျဉ်းပါတဲ့ စာအုပ်ငယ် ကလေးတွေ ဝေတယ်။ ကျောင်းသား လူငယ်တွေ ကိုယ့်နိုင်ငံက ခေါင်းဆောင် တွေရဲ့အကြောင်းကို သိအောင် ဝေတာပါ။ ဒါပေမယ့် အဲဒီအစဉ်အလာလေးက ပျောက်သွားတာ ကြာပြီ။ အဲဒီတုန်းက ဝေတဲ့စာအုပ်ငယ်လေးတွေကို အခု ထက်ထိ သိမ်းဆည်းထားတုန်းပဲ" လို့ ပြောပြပါတယ်။

သတင်းရင်းမြစ်..... မြန်မာတိုင်း

ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင်ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ၏ကိုယ်ရေးအကျဉ်း

ဦးအုန်းကြိုင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
မဟာအောင်မြေမြို့နယ်

မွေးသက္ကရာဇ် ၂၉-၆-၁၉၄၄ ။
ပညာအရည်အချင်း ၀ိဇ္ဇာဘွဲ့။
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် ။
မဲဆန္ဒနယ် မဟာအောင်မြေမြို့နယ် ။
အလုပ်အကိုင် အယ်ဒီတာသတင်းစာဆရာ၊

နိုင်ငံရေးအတွေ့အကြုံ ၁၉၈၈ ခုနှစ် အရေးအခင်းတွင် သတင်းစာတိုက်ပေါင်းစုံ သပိတ်ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သဖြင့် တာဝန်မှ အငြိမ်းစားပေးခံရပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ် ၀င်ရောက်ခဲ့။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မန္တလေး အရှေ့တောင်မြို့နယ်၊ အမှတ် ၂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရ။ ၁၉၉၀ ပြည့်နှစ်တွင် ပုဒ်မ ၅(ည)ဖြင့် ဖမ်းဆီးခံရကာ ထောင်ဒဏ်ခုနစ်နှစ် ပြစ်ဒဏ် ချမှတ်ခံရ။ ဂန္ဓီညီလာခံကျင်းပခြင်းနှင့် ကြေညာချက် ပြုစုခြင်းကြောင့် ပုဒ်မ ၅/က၊ ခ၊ ဃ၊ ည တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ။ ၂၀၀၈ ခုနှစ် စက်တင်ဘာတွင် နှစ်လကြာ ထပ်မံဖမ်းဆီးခံခဲ့ရ။


ဒေါ်ဖြူဖြူသင်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မင်္ဂလာတောင်ညွန့်မြို့နယ်

မွေးသက္ကရာဇ် - ၂၃-၁၂-၁၉၇၁
ပညာအရည်အချင်း - သမိုင်းအထူးပြုဘာသာရပ်(ရန်ကုန်တက္ကသိုလ်(ပင်မ))
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - မင်္ဂလောင်တောင်ညွန့်မြို့နယ်

လူမှုရေးလှုပ်ရှားမှု - ၂၀၀၂ ခုနှစ်မှ ယခုအချိန်အထိ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်ပေးလျက်ရှိ။

နိုင်ငံရေးအတွေ့အကြုံ- ၁၉၈၈ လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် NLD အောင်နိုင်ရေး ဆောင်ရွက်ခဲ့၊ ၂၀၀၀ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် လိုက်ပါပို့ဆောင်မှုကြောင့် အင်းစိန်အကျဉ်းထောင်တွင် လေးလနှင့် လေးရက် ထိန်းသိမ်းခံခဲ့ရ၊ ၂၀၀၇ ခုနှစ်တွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့်အတူ လောင်စာဆီဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှု၊ ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့၊ ၂၀၁၀ ပြည့်နှစ်တွင် NLD ပါတီဗဟိုဦးစီး အဖွဲ့ဝင်ဖြစ်လာခဲ့။


ဦးအောင်စိုး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
လောင်းလုံမြို့နယ်

အသက် (၅၂) နှစ်
ပညာအရည်အချင်း T.H.S (Machine)
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် လောင်းလုံမြို့နယ်
အလုပ်အကိုင် ရွှေပန်းထိမ်

နိုင်ငံရေးအတွေ့အကြုံ ၁၉၈၈ ခုနှစ်တွင် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့။ ၁၈-၃-၁၉၈၈ ရန်ကုန်မြို့ ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့ အရေးအခင်းတွင် ပါဝင်ခဲ့။ ၁၉၈၈ ခုနှစ်မှစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ စတင်ဝင်ရောက်။ ၉-၉-၁၉၉၉ ခုနှစ်တွင် နိုင်ငံရေးပုဒ်မ ၅၁(စ) ဖြင့် အကျယ်ချုပ် နှစ်နှစ်အပါအ၀င် ငါးကြိမ်အထိန်း သိမ်းခံခဲ့ရ။ ၂၀၀၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်(ဗဟို) သတင်း/ပြန်ကြားရေးနှင့် သုတေသန ရေးရာမှူးအဖြစ် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် အဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့။


ဒေါက်တာမေ၀င်းမြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
မရမ်းကုန်းမြို့နယ်

မွေးသက္ကရာဇ် - ၈-၃-၁၉၅၀
ပညာအရည်အချင်း -M.B.B.S (Ygn)
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - မရမ်းကုန်းမြို့နယ်

အလုပ်အကိုင် - ၁၉၈၁ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်အဖြစ် လည်းကောင်း၊ ၁၉၈၃ ခုနှစ် ၁၉၈၈ ခုနှစ်အထိ သမိုင်း မသန်စွမ်း အထူးကုဆေးရုံ၌ လက်ထောက်ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့။

နိုင်ငံရေးအတွေ့အကြုံ - ၈၈ ဒီမိုကရေစီ တောင်းဆိုမှု လှုပ်ရှားမှုတွင် မသန်စွမ်း ဆေးရုံဝန်ထမ်းများကို ဦးဆောင်၍ ဒီမိုကရေစီရရှိရေး တောင်းဆိုခဲ့။ ၁၉၉၆ ခုနှစ် မေလတွင် တစ်ကြိမ်၊ စက်တင်ဘာလတွင် တစ်ကြိမ် ရဲမွန်တပ်မြို့၌ထိန်း သိမ်းခံခဲ့ရ။ ၁၉၉၇ ခုနှစ်တွင် မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေးကိစ္စနှင့် ပတ်သက်၍ ပုဒ်မ ၅(ည)ဖြင့် ထောင်ဒဏ် ၇ နှစ် ကျခံခဲ့ရ၊ ၂၀၀၄ ခုနှစ်တွင် လွတ်ရက်စေသော်လည်း ပုဒ်မ ၁၀(က)ဖြင့် လေးနှစ်အကြာ ဆက်လက်ချုပ်နှောင်ခံရ။ ၂၀၀၈ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ပြန်လည်ထမ်းဆောင်လျက်ရှိ


ဦးဖြိုးမင်းသိန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
လှည်းကူးမြို့နယ်

မွေးသက္ကရာဇ် - ၁၃-၄-၁၉၆၉
ပညာအရည်အချင်း - ရူပဗေဒအထူးပြုဘာသာရပ်
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - လှည်းကူးမြို့နယ်

နိုင်ငံရေးအတွေ့အကြုံ- ၁၉၈၈ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့။ ရှစ်လေးလုံး အထွေထွေသပိတ် ဖော်ဆောင်ရန် သန်လျင်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို လျို့ဝှက်ဦးဆောင် ဖွဲ့စည်းခဲပြီး အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့။ ၁၉၈၉ ခုနှစ်တွင် ဟံသာဝတီခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ သန်လျင်မြို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ဖွဲ့စည်းခဲ့၊ ၁၉၉၀ ပြည့်နှစ်တွင် မဗာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ (အောက်ဗမာပြည်) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့။ ၁၉၉၀ ပြည့်နှစ်တွင် အမှတ် ထိန်းသိမ်းခြင်းခံခဲ့ရ။ ၁၉၉၁ ခုနှစ် မေလတွင် အင်းစိန်ထောင် စစ်ခုံရုံးမှ ပုဒ်မ ၅(ည)၊ ၁၇(၁)ဖြင့် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံရ၊ ၁၉၉၅ ခုနှစ်တွင် ပုဒ်မ ၅ (င)ဖြင့် ထောင်ဒဏ် ခုနစ်နှစ် ထပ်မံ အပြစ်ပေးခံရ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး လွတ်လပ်တရားမျှတမှုမရှိ၍ ပါတီမှနှုတ်ထွက်ခဲ့။


ဦးမင်းသူ(ခ)ကိုဦး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း

ဥတ္တရသီရိမြို့နယ်

မွေးသက္ကရာဇ် - ၁၀-၈-၁၉၆၁
ပညာအရည်အချင်း - သိပ္ပံဘွဲ့၊ စိုက်ပျိုးရေးလုပ်ငန်းဒီပလိုမာ
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - စစ်ကိုင်းမြို့နယ်

နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၉ ခုနှစ် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်မှုဖြင့် အရေးပေါ်ပုဒ်မ(၅၊ည)ဖြင့် ထောင်ဒဏ်(၃)နှစ်၊ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ မိုးကုတ်မြို့နယ် ခရီးစဉ် ဆောင်ရွက်ပေးမှုဖြင့် ၂၀၀၄ ခုနှစ်အထိ မန္တလေးထောင်တွင် ထိန်းသိမ်းခံရသည်။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့ခြင်းကြောင့် ပုဒ်မ ၅၀၅(ခ)၊ ၂၉၅(က)၊ ၁၄၇၊ ၁၄၉၊ ၁၅၂တို့ဖြင့် ထောင်ဒဏ် (၁၃) နှစ် ချမှတ်ခံရ။


ဒေါ်ခင်မွှေးလွင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မင်းကင်းမြို့နယ်

မွေးသက္ကရာဇ် - ၁၀-၅-၁၉၆၇
ပညာအရည်အချင်း - B.Sc (IC)
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - မင်းကင်းမြို့နယ်
အလုပ်အကိုင် - ရွှေပြည်တန် (စိန်ရွှေရတနာရောင်းဝယ်ရေး)

နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ လူထုလှုပ်ရှားမှုတွင်ပါဝင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီအောင်နိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့။


ဦးပေါခင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
နွားထိုးကြီးမြို့နယ်


မွေးသက္ကရာဇ် - ၁၁-၁-၁၉၄၇
ပညာအရည်အချင်း - B.E(CIVIL)
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - နွားထိုးကြီးမြို့နယ်

နိုင်ငံရေးအတွေ့အကြုံ - စက်မှုတက္ကသိုလ် ကျောင်းသားဘ၀တွင် ဖြတ်သန်းခဲ့ရသော ကျွန်းဆွယ်အရေးအခင်း၊ ဦးသန့်အရေးအခင်းများတွင် ပါဝင်ခဲ့။ ၁၉၈၈ ခုတွင် နိုင်ငံရေးလောကသို့ ၀င်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ် မြင်းခြံမြို့နယ် စည်းရုံးရေး ဒု-ဥက္ကဋ္ဌ၊ မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ဝင်နှင့် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ(၁)၌ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်။

ဦးစိန်ဝင်း(ခ)ဦးစိန်ဝင်းဟန်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မအူပင်မြို့နယ်

မွေးသက္ကရာဇ် - ၁-၁-၁၉၅၇
ပညာအရည်အချင်း - စိုက်ပျိုးရေးဘွဲ့(B.Ag)
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - မအူပင်မြို့နယ်

နိုင်ငံရေးအတွေ့အကြုံ - ၈ လေးလုံး လူထုတော်လှန်ရေးတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ နန့်စန်မြို့နယ် ၀န်ထမ်းသမဂ္ဂတွင် စည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ခဲ့၊ ၂၀၁၀ ပြည့်နှစ်တွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ဗဟိုကော်မတီဝင်အဖြစ် လည်းကောင်း၊ မန္တလေးတိုင်းဥက္ကဋ္ဌ(၂)အဖြစ် လည်းကောင်း၊ မြင်းခြံခရိုင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့၊ ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ (မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန်) မဲဆန္ဒနယ်မြေ အမှတ်(၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့။ ၂၀၁၁ ခုနှစ် ဧပြီလတွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ မိမိသဘောဆန္ဒအရ နှုတ်ထွက်ခဲ့သည်။

ဦးကျော်သီဟ(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ပြင်ဦးလွင်မြို့နယ်

မွေးသက္ကရာဇ် - ၂၃-၃-၁၉၅၉
ပညာအရည်အချင်း - မဟာဝိဇ္ဇာဘွဲ့
မဲဆန္ဒနယ် - ပြင်ဦးလွင်မြို့နယ်

နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ အရေးတော်ပုံကာလ မန္တလေးတက္ကသိုလ် သပိတ်မှောက် တက္ကသိုလ်ဆရာများသမဂ္ဂကို မန္တလာကျောင်းဆောင်မှ စတင်ခဲ့ပြီး မန္တလေးမြို့နယ်လုံးဆိုင်ရာ အထွေထွေသပိတ်ကော်မတီ၊ အထက်ဗမာ နိုင်ငံလုံးဆိုင်ရာ သပိတ် တပ်ပေါင်းစု ဖွဲ့စည်းချိန်ထိ ပါဝင်ဆောင်ရွက်ခဲ့။ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်တွင် တပ်မတော်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့ပြီး စစ်ခုံရုံးအမှတ်(၁)က ၁၉၅၀ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅(ည)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရ။ မိတ်ဖက်ပရဟိတ အသင်းအဖွဲ့များစုပေါင်း၍ 'စိမ်းလန်းပြင်ဦးလွင်'အဖွဲ့ ဖွဲ့စည်းပြီး သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ။



ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော်
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ပုဗ္ဗသီရိမြို့နယ်

မွေးသက္ကရာဇ် - ၂၆-၃-၁၉၈၁
ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ)
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - ပုဗ္ဗသီရိမြို့နယ်

နိုင်ငံရေးအတွေ့အကြုံ - ၂၀၀၇-ခုနှစ် စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့၊ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး Generation Wave ကို ထူထောင်ပြီး ပြည်သူများ၏ ရင်တွင်းခံစားချက်များကို ဖော်ထုတ်ခဲ့သည်။ ၂၀၀၈-ခုနှစ် မတ်လတွင် စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေးမှ ဖမ်းဆီးစစ်ဆေး၍ ထောင်ဒဏ်(၆)နှစ်ချမှတ်ခြင်းခံခဲ့ရ။



ဦးကျော်မင်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
လက်ပံတန်းမြို့နယ်

မွေးသက္ကရာဇ် - ၂၀-၆-၁၉၆၁
ပညာအရည်အချင်း - B.Sc ( Maths )
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - လက်ပံတန်းမြို့နယ်

နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သည်မှ ယနေ့အထိ မြို့နယ် လူငယ်တာဝန်ခံ၊ တောင်သူလယ်သမား ဗဟိုအဖွဲ့ဝင်၊ ပဲခူးတိုင်း လူငယ်အဖွဲ့ဝင်၊ ပဲခူးတိုင်း လူမှုအထောက်အကူပြု အဖွဲ့ဝင်၊ မြို့နယ်အတွင်းရေးမှူး တာဝန်များ ဆောင်ရွက်နေ၊ ၁၉၉၈ ခုနှစ်တွင် သက်ဆိုင်ရာမှ (၂) ကြိမ် ထိန်းသိမ်းခြင်းခံခဲ့ရ။


ဦးဝင်းမြင့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ပုသိမ်မြို့နယ်

မွေးသက္ကရာဇ် - ၁၉၅၁
ပညာအရည်အချင်း - B.Sc, (Geology), H.G.P, RL
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - ပုသိမ်မြို့နယ်

နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဓနုဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရ။ ၁၉၉၃ မှ ၁၉၉၅ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့။ ၁၉၉၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့။ ၁၉၉၆ တွင် နှစ်ကြိမ်၊ ၁၉၉၈ မှ ၂၀၀၀ အထိတစ်ကြိမ် ဖမ်းဆီးခြင်းခံခဲ့ရ။

ဦးမြင့်သိန်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မကွေးမြို့နယ်

မွေးသက္ကရာဇ် - ၃-၉-၁၉၄၃
ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့(သမိုင်း)
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - မကွေးမြို့နယ်

နိုင်ငံရေးအတွေ့အကြုံ - ၁၉၇၄ ချောက်ရေနံမြေ ဆန်သပိတ်တိုက်ပွဲတွင် ပါဝင်ခဲ့။ ၁၉၇၆ တွင် ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှု ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁၅/၁ ဖြင့် ထောင်ကြီးချုပ်ဖြင့် ဖမ်းဆီးခံရ။ ၁၉၇၈ ဖေဖော်ဝါရီလတွင် တရားသေ လွတ်မြောက်။ ၁၉၈၂ လုံခြုံမှု စိတ်မချဟူသော အကြောင်းပြချက်ဖြင့် အလုပ်မှ ထုတ်ပယ်ခံရ။ ၁၉၈၈ လူထုအရေးတော်ပုံသပိတ် ဗဟိုကော်မတီအဖြစ် ဦးဆောင်ခဲ့။

ဦးကျော်မြင့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
မြန်အောင်မြို့နယ်

မွေးသက္ကရာဇ် - ၃၀-၈-၁၉၄၃
ပညာအရည်အချင်း -
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် ။
မဲဆန္ဒနယ် မြန်အောင်မြို့နယ်

နိုင်ငံရေးအတွေ့အကြုံ - ၁၉၉၀ ရွေးကောက်ပွဲတွင် ဇလွန်မြို့နယ်အမှတ်(၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရ ရွေးကောက်ခံရ။ ၁၉၉၇ တွင် ထောင် နှစ်လ ကျခံခဲ့ရ။ တိုင်းစည်းတာဝန်၊ ဗဟိုကော်မတီ(CC)တာဝန်များကို ထမ်းဆောင်စဉ် မကြာခဏ ထိန်းသိမ်းခံခဲ့ရ။

ဦးမင်းဦး(ခ)ဦးမင်းကြည်
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
မဲဆန္ဒနယ်အမှတ်(၇)၊ ပဲခူးတိုင်းဒေသကြီိး

မွေးသက္ကရာဇ် - ၅-၈-၁၉၇၁
ပညာအရည်အချင်း - B.Sc(Chem)
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - အမျိုးသားလွှတ်တော်
မဲဆန္ဒနယ် - အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၇)၊
ပဲခူးတိုင်းဒေသကြီး(အုတ်တွင်း-ထန်းတပင်)

လူမှုရေးဆောင်ရွက်မှုများ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)တွင် လူမှုအထောက်အကူပြု လုပ်ငန်းများကို ၂၀၀၂ ခုနှစ်မှ ယနေ့အထိ ပူးပေါင်းဆောင်ရွက်နေ၊ ဗဟိုဘဏ္ဍာငွေ ရှာဖွေရေးကော်မတီအဖွဲ့ဝင်၊ တိုင်းရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(တောင်ငူ) ပညာရေးကွန်ရက်တွင် အင်္ဂလိပ်ဘာသာပြဆရာ။

ဒေါက်တာဇော်မြင့်မောင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကျောက်ပန်းတောင်းမြို့နယ်

မွေးသက္ကရာဇ် - ၁၁-၁၂-၁၉၅၁
ပညာအရည်အချင်း - M.B;B.S
ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - ကျောက်ပန်းတောင်းမြို့နယ်

နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ မန္တလေးဆေးတက္ကသိုလ် သပိတ်ကော်မတီတွင် အတွင်းရေးမှူး၊ အထက်မြန်မာနိုင်ငံ ဆရာဝန်များ သပိတ်ကော်မတီတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် လုပ်ဆောင်ခဲ့။ ၁၉၉၀ တွင် အမရပူရ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့။ ယင်းနှစ်တွင် ပုဒ်မ ၁၂၂(၁)အရ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရပြီး ၁၉၉၃ တွင် လွတ်ငြိမ်းချမ်းသာခွင့် အရ ၁၀ နှစ် သို့ပြောင်းခဲ့။ ၂၀၀၉ တွင် ထောင်မှ လွတ်မြောက်ပြီးနောက် မန္တလေးတိုင်း စည်းရုံးရေး အဖွဲ့ဝင်၊ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိ။


ဒေါက်တာမြင့်နိုင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
မဲဆန္ဒနယ်အမှတ်(၃)၊
စစ်ကိုင်းတိုင်းဒေသကြီိး

မွေးသက္ကရာဇ် - ၆-၁၀-၁၉၅၁
ပညာအရည်အချင်း - M.B.B.S (Mdy)
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - အမျိုးသားလွှတ်တော်
မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၃)၊စစ်ကိုင်းတိုင်းဒေသကြီး
(ကန့်ဘလူ-ကျွန်းလှ-ရေဦး-တန့်ဆည်)

နိုင်ငံရေးအတွေ့အကြုံ - ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ဆေးတက္ကသိုလ်မှ(၂)နှစ် ထုတ်ပယ်ခံရ၊ ၁၉၈၈ လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ကန့်ဘလူ မဲဆန္ဒနယ်မှ NLD ကိုယ်စားပြု ရွေးချယ်တင်မြှောက်ခံခဲ့ရ၊ လွှတ်တော်ခေါ်ယူပေးရန် ပျက်ကွက်၍ စင်ပြိုင်အစိုးရတည်ထောင်ခဲ့သဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း(၂၅ နှစ်) အပြစ်ပေးခံခဲ့ရ၊ ၁/၉၃ အရ ထောင်ဒဏ် (၁၀)နှစ်သို့ ပြောင်းလဲကျခံရ၊ (၂၉-၄-၂၀၀၆)တွင် ထောင်တွင်းအကျဉ်းသားများ ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းမှုဖြင့် ထောင်ဒဏ်(၅)နှစ် ချမှတ်ခံရ။

ဦးမြင့်ဦး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
သနပ်ပင်မြို့နယ်

မွေးသက္ကရာဇ် - ၁၃-၉-၁၉၅၆
ပညာအရည်အချင်း - C.T. Med (YGN)
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် ။
မဲဆန္ဒနယ် - သနပ်ပင်မြို့နယ်
အလုပ်အကိုင် - ကောင်းမြတ်သစ္စာ တိုင်းရင်းဆေးကုသခန်းနှင့် လမင်းသစ္စာတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး

နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ လူထုလှုပ်ရှားမှုတွင် သနပ်ပင်မြို့နယ်၊ မင်းရွာပြည်သူ့ သမဂ္ဂအတွင်းရေးမှူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ၀င်ရောက်ပြီး ကျေးရွာစည်းရုံးရေးမှူး၊ မြို့နယ်စည်းရုံးရေးတာဝန်ခံ၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အောင်နိုင်ရေးတာဝန် များကိုထမ်းဆောင်ခဲ့၊ ၂၀၀၁ ခုနှစ်တွင် မြို့နယ်စည်းရုံးရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပဲခူးတိုင်း လူမှုအထောက်အကူပြုအဖွဲ့ဝင်၊ ၂၀၀၈ ခုနှစ်မှစ၍ မြို့နယ်စည်ရုံးရေး အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းအောင်နိုင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိ။

ဒေါက်တာဒေါ်သန်းငွေ(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကလောမြို့နယ်

မွေးသက္ကရာဇ် - ၁၉၄၈
ပညာအရည်အချင်း - M.B.B.S (Ygn)
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - ကလောမြို့နယ်

လူမှုရေးလှုပ်ရှားမှု - ၁၉၇၉ မှ ၁၉၈၉ အထိ မြို့နယ် သမ၀ါယမဆေးခန်း တာဝန်ခံဆရာဝန်အဖြစ် အခြေခံ လူတန်းစားများအပေါ် ကျန်းမာရေး စောင့်ရှောက်ခဲ့၊ ၂၀၀၂ ခုနှစ်မှ ယနေ့အထိ အေးသာယာရွှေတောင်တန်း ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းသား ၂၀၀ ကျော်၏ စားဝတ်နေရေး၊ ပညာရေးအား ဆောင်ရွက်နေ၊ နိုင်ငံရေး အကျဉ်းသားများအတွက် ငွေကြေးနှင့် စားသောက်ဖွယ်ရာများ ကုညီပံ့ပိုးခဲ့။



ဒေါ်ခင်သန္တာ(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
တံတာဦးမြို့နယ်

မွေးသက္ကရာဇ် - ၃၀-၅-၁၉၇၇
ပညာအရည်အချင်း - LL.B
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - တံတာဦးမြို့နယ်

နိုင်ငံရေးအတွေ့အကြုံ - အသက်(၂၂)နှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ စတင်ဝင်ရောက်ခဲ့ပြီး သတင်းနှင့် သုတေသနရေးရာမှူးအဖြစ် ဆောင်ရွက်ခဲ့။ ၂၀၀၃ ခုနှစ် မေလ(၂၇)ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးအစရှိသော အဖွဲ့ချုပ် ခေါင်းဆောင်များနှင့်အတူ တံတားဦးမြို့တွင် လူငယ်များအား စည်းရုံးဖွဲ့စည်းခဲ့ပြီး ဒီမိုကရေစီ လှုပ်ရှားမှုများကို တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့။


ဦးစိုင်းမောင်မြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
မဲဆန္ဒနယ်အမှတ်(၃)၊ ရှမ်းပြည်နယ်

မွေးသက္ကရာဇ် - ၁၈-၇-၁၉၄၆
ပညာအရည်အချင်း - B.Sc(R.L)
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - အမျိုးသားလွှတ်တော်
မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၃)၊ ရှမ်းပြည်နယ်
(လားရှိုး- တန့်ယန်း- မိုင်းရယ်- သိန်းနီ- ကွမ်လုံ)
အလုပ်အကိုင် - တရားလွှတ်တော်ရှေ့နေ

နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ ဒီမိုကရေစီ အရေးအခင်းတွင် သပိတ်အဖွဲ့ဥက္ကဋ္ဌ တာဝန်ယူရင် နိုင်ငံရေးလောကသို့ ရောက်ရှိခဲ့၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် လားရှိုးမဲဆန္ဒနယ် အမှတ်(၁)မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရ။


ဒေါ်ခင်စန်းလှိုင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ပုလဲမြို့နယ်

မွေးသက္ကရာဇ် - ၁၉၅၆
ပညာအရည်အချင်း - LL.B
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - ပုလဲမြို့နယ်

နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ လူထုလှုပ်ရှာမှုတွင် ပါဝင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ၀က်လက်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရ၊ လွှတ်တော်ခေါ်ယူရေးနှင့် စင်ပြိုင်အစိုးရ ဖွဲ့စည်းမှုကြောင့် ပုဒ်မ ၁၂၂/၁ ဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၂၅ နှစ်ကျခံခဲ့ရသော ကိုယ်စားလှယ်လောင်း ၃၅ ဦးတွင် တစ်ဦး အပါအ၀င်ဖြစ်၊ ၁၉၉၂ တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်၊ ရှေ့နေလိုင်စင်ရုပ်သိမ်းခံရ၊၂၀၁၂ NLD ပြန်လည်တည်ထောင်သူ ၂၁ ဦးတွင် ပါဝင်၊ NLD ဗဟိုအောင်နိုင်ရေးကော်မတီတွင် ဘဏ္ဍာရေးကော်မတီ အဖွဲ့ဝင်ဖြစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အောင်နိုင်ရေးကော်မတီတွင်လည်း တာဝန်ပေးခံရ။


ဦးအောင်စိုးမြင့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တောင်ငူမြို့နယ်

မွေးသက္ကရာဇ် - ၂၃-၈-၁၉၅၃
ပညာအရည်အချင်း - B.Econ(M.S)
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - တောင်ငူမြို့နယ်
အလုပ်အကိုင် - ကုန်သည်

နိုင်ငံရေးအတွေ့အကြုံ - - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အတွင်းရေးမှူး၊ တိုင်းတွဲဖက်အတွင်းရေးမှူး၊ ဗဟိုဦးစည်းအဖွဲ့ဝင် အကျဉ်းသား ကူညီစောင့်ရှောက်ရေး၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ပဲခူးတိုင်း တောင်ငူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု ရွေးချယ်ခံခဲ့ရ၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ သုံးနှစ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံခဲ့ရ၊ သွင်းကုန်ထုတ်ကုန်(ယာယီ၅(၁))အရ ထောင်ဒဏ်(၇)နှစ် ချမှတ်ခြင်းခံခဲ့ရ။


ဦးခင်မောင်သိန်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
စစ်ကိုင်းမြို့နယ်

မွေးသက္ကရာဇ် - ၁၉၆၁
ပညာအရည်အချင်း -
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - စစ်ကိုင်းမြို့နယ်
အလုပ်အကိုင် - တောင်သူ

နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ် တာဝန်ခံအဖြစ် တာဝန်ယူခဲ့။ ၁၉၉၀ ရွေးကောက်ပွဲ၌ အဖွဲ့ချုပ် ကိုယ်စားလှယ်များ အနိုင်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့။ ၂၀၀၀ပြည့်နှစ် အာဇာနည်နေ့ အခမ်းအနား ကျင်းပစဉ် စစ်ကိုင်းမြို့နယ်အဖွဲ့ချုပ်ရုံး၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ လောင်စာဆီနှင့် အထွေထွေကုန်ဈေးနှုန်းများ ကျဆင်းရေးအတွက် တောင်းဆိုဆန္ဒပြရန် စီစဉ်မှုဖြင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ဒဏ် နှစ်နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။


ဒေါ်ခင်ဌေးကြွယ်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မော်လမြိုင်မြို့နယ်

မွေးသက္ကရာဇ် - ၁၀-၁၁-၁၉၄၆
ပညာအရည်အချင်း - B.Sc(R.L)
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - မော်လမြိုင်မြို့နယ်

နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံတွင်ပါဝင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်(၂)မှ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့၊ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ၁၉၉၇ တွင် နှစ်ကြိမ်၊ ၁၉၉၈ မှ ၁၉၉၉ထိ(၉)လခန့် ထိန်းသိမ်းခြင်းခံခဲ့ရ၊ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သော ထင်ရှားသည့် အမှုများမှာ ဒေါ်အောင်ဆန်းစုကြည်ပါ (၃) ဦး အမှု၊ ဦးဇဂနာ(ခ) ဦးသူရပါ (၄)ဦး အမှု၊ မစုစုနွေးပါ (၂)ဦး အမှု၊ ဦးဥက္ကံသ (ခ) ဦးဇင်းအောင်ဇော်လတ် အမှုအပါအ၀င် ယုံကြည်ချက်ကြောင့် တရားစွဲဆိုခံရသော နိုင်ငံရေးအမှုများ။

ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းဒေါ်အောင်ဆန်းစုကြည်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ကိုယ်ရေးအကျဉ်း


ဒေါ်အောင်ဆန်းစုကြည်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
ကော့မှူးမြို့နယ်

မွေးသက္ကရာဇ် - ၁၉-၆-၁၉၄၅
ပညာအရည်အချင်း - နယူးဒေလီရှိ လေဒီရှရီရမ်ကောလိပ်မှ နိုင်ငံရေးဘာသာဖြင့် ဘွဲ့ဒီဂရီရှိခဲ့၊ အောက်စဖို့ဒ်တက္ကသိုလ် စိန့်ဟုခ်ျကောလိပ်တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး ဒဿနိက၊ နိုင်ငံရေး၊ စီးပွားရေးဘာသာတွဲဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့၊ ၁၉၈၅-၁၉၈၆ ခုနှစ်တွင် ဧည့်ပညာရှင်အဖြစ်နှင့် ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်၊ အရှေ့တောင်အာရှ သုတေသနဌာနသို့ သွားရောက်ခဲ့၊ ၁၉၈၇ခုနှစ် မှ ၁၉၈၈ ခုနှစ်အထိ Simla ရှိ အိန္ဒိယ အဆင့်မြင့် ပညာဆည်းပူးရာဌာန၌ သုတေသနပြုလုပ်ခဲ့၊ နိုဗယ်လ်ဆု အပါအ၀င် ဂုဏ်ထူး ဆောင် ဆုတံဆိပ် မြောက်များစွာရရှိခဲ့။
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် ။
မဲဆန္ဒနယ် - ကော့မှူးမြို့နယ်

နိုင်ငံရေးအတွေ့အကြုံ -

၁၉၆၉ ခုနှစ်မှ ၁၉၇၁ ခုနှစ်ထိ ဘူတန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန အကြံပေးအရာရှိ အဖြစ်လည်းကောင်း၊ ၁၉၇၂ ခုနှစ်၌ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ် အုပ်ချုပ်ရေးနှင့် ဘတ်ဂျက်ဌာန အကြံပေးကော်မတီတွင် လက် ထောက် အတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့။
၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် လူထု ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ဖွဲ့စည်း ထူထောင်ခဲ့ပြီး အထွေထွေ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရရှိခဲ့။ ယင်းနောက် နေအိမ် အကျယ်ချုပ်များဖြင့် ၁၅ နှစ်ခန့် ထိန်းသိမ်းခံရ၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့တွင် နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ခဲ့၊ ၂၀၁၂ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းပြီး မှတ်ပုံတင်သောအခါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်အပ်နှင်းခြင်းခံရ။

ကမ္ဘာကိုမှတ်ကျောက်တင်ခံမယ့်ပွဲ



လွှတ်တော်ကိုယ်စားလှယ် ၄၈ နေ ရာအတွက် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲကို နိုင်ငံတကာ မီဒီယာများ၏ စိတ်ဝင်စားမှုအထူးမြင့်တက်နေ သည်။ ဤအချက် ကို မြန်မာနိုင်ငံ၏ ရွေးကောက် ပွဲအကြို သတင်းများမှာ ကမ္ဘာ့ သတင်းများတွင် ဦးစားပေးဖော်ပြ ခံနေရခြင်းနှင့်နိုင်ငံတကာမှ သတင်းထောက်များက ပုံစံမျိုးစုံ ဖြင့်လာရောက်၍ ရွေးကောက်ပွဲ အကြိုသတင်းများရယူရန်ကြိုး ပမ်းမှုများက ထင်ရှားစေသည်။

"ဘာလို့ နိုင်ငံတကာမီဒီယာ က စိတ်ဝင်စားလဲဆိုရင် အချက် နှစ်ချက်ရှိပါတယ်။ တစ်အချက်က တော့ ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်လို့ပေါ့။ သူမကို တစ်ကမ္ဘာ လုံးက ချစ်ခင်မြတ်နိုးပြီး လေးစား အတုယူရတဲ့သူဖြစ်လို့ အားလုံးရဲ့ အာရုံက သူ့ဆီမှာ ရှိနေတယ်။

နောက်တစ်ချက်က ကြားဖြတ်ရွေး ကောက်ပွဲက အစိုးရသစ်အတွက် စမ်းသပ်မှုတစ်ခုပဲ။ အစိုးရအသစ် က နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေ တယ်။ ရွေးကောက်ပွဲက သေးပေမယ့်တရားမျှတလွတ်လပ်မလား ဆိုတာ ကြည့်ရမယ်။ တကယ်လို့ သာ ဒီစမ်းသပ်မှုအောင်မြင်ရင် ဥရောပက ပိတ်ဆို့မှုတွေ မြန်မြန် ဆန်ဆန် ရုပ်သိမ်းလိမ့်မယ်။ နောက်အမေရိကန်က ပိတ်ဆို့မှုတွေ ရုပ် သိမ်းလာလိမ့်မယ်။ ဒါကြောင့် ဒီ ရွေးကောက်ပွဲက အရမ်းအရေး ကြီးတယ်"ဟုတိုင်းမ်မဂ္ဂဇင်း ဆောင်းပါးရှင်နှင့် ရိုက်တာသတင်း ဌာန သတင်းထောက် အင်ဒရူး မာရှယ်က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် လွတ်တော်ကိုယ်စားလှယ်နေရာ ပေါင်း ၁၁၅၉ အတွက် ပါတီများ၊ ကိုယ်စားလှယ်လောင်းများက အပြိုင်နွှဲခဲ့ကြသည်။ သို့သော် ကြားဖြတ်ရွေးကောက် ပွဲတွင်မူ ပြည်သူ့လွှတ်တော်နေရာ ၄၀၊ အမျိုးသားလွှတ်တော် ၆ နေရာနှင့်တိုင်းဒေသကြီးလွှတ်တော် နှစ် နေရာ စုစုပေါင်း ၄၈ နေရာသာရှိ သည်။ ထိုအထဲမှ ၃ နေရာ ရွှေ့ဆိုင်း၍ ၄၅ နေရာသာ ကျန်သည်။
အမေရိကန်၊ ဥရောပသမဂ္ဂ အပါအ၀င် ဒီမိုကရေစီအရေး အထူးစိတ်ဝင်စားသော နိုင်ငံများ ကလည်း ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲကို စိတ်ဝင်တစား အနီးကပ်စောင့်ကြည့်နေသည်။

မြန်မာနိုင်ငံအပေါ် စီးပွား ရေးပိတ်ဆို့မှုများထားရှိသော ဥ ရောပသမဂ္ဂက ကြားဖြတ်ရွေး ကောက်ပွဲမှာ တရားမျှတလွတ် လပ်လျှင် ၎င်းင်းတို့၏ ပိတ်ဆို့အရေး ယူမှုများကို ပယ်ဖျက်ပေးရန် သေချာသလောက်ရှိနေသည်။ အလားတူ အမေရိကန်ကလည်း မြန်မာအစိုးရက ကြားဖြတ် ရွေး ကောက်ပွဲကို တရားမျှတ လွတ် လပ်စွာ ကျင်းပပေးနိုင်လျှင် ၎င်းင်း တို့၏ ပိတ်ဆို့အရေးယူမှုများကို တစ်ဆင့်ချင်း ဖြေလျှော့ရန် မီးစိမ်းပြထားသည်။

ဂျပန်အစိုးရကလည်း ၎င်းင်းတို့ မျှော်မှန်းသော အဖြေထွက်လျှင် မြန်မာနိုင်ငံသို့ ODA အကူအညီ များပြန်လည်ပေးမည်ဟု ဂျပန် အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောထားသည်။ ၎င်းင်းတို့ မျှော်မှန်း သောအဖြေမှာ တရားမျှတ လွတ် လပ်သော ကြားဖြတ်ရွေးကောက် ပွဲဖြစ်၏။

"ကြားဖြတ် ရွေးကောက်ပွဲက အဓိကပဲ။တစ်ကမ္ဘာလုံးကလည်း စောင့်ကြည့်နေတယ်"ဟု ဂျပန်သံရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

"၄၈ နေရာက နေရာနည်း သော်လည်း အရမ်းအရေးကြီးပါ တယ်။ အရေးကြီးတယ်ဆိုတာ ဒါကတိုင်းပြည်ရဲ့ ပုံရိပ်ပဲလေ။ကျွန်တော်တို့ကိုယ်တိုင်က Free & Fair Election ဖြစ်ဖို့ ပြောနေ တာ။ ကျွန်တော်လည်း တွေ့သမျှ နယ်ကပြည်ခိုင်ဖြိုးတွေကိုလွှတ်တော်ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ Free & Fair Election ဖြစ်အောင်လုပ်ကြ၊ မဟုတ်တာမ လုပ်ကြနဲ့။ တွေ့တဲ့ပြည်ခိုင်ဖြိုးုင်းဝင်ရောက်ယှဉ်ပြိုင်မယ့် လူ တိုင်းကို ပြောနေတာ။ Free & Fair Election ဖြစ်ဖို့က လိုကိုလို တယ်။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ အတွက်ပါ"ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအေးမောက်က ကြားဖြတ်ရွေးကောက် ပွဲ အရေးကြီးပုံကို မှတ်ချက်ပေး သည်။ ဦးအေးမောက်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပုသိမ်မြို့ မြို့တော်ခန်းမတွင် မတ်လ ၂၄ ရက်က အမှာစကား ပြောကြားရာ၌ ကြားဖြတ်ရွေး ကောက်ပွဲကို တရားမျှတလွတ် လပ်ရန် ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍လည်း ပြောကြားခဲ့ သည်။ ကြားဖြတ်ရွေးကောက်ပွဲကို ကော်မရှင်က လွတ်လပ်တရား မျှတသန့်ရှင်းရန် အစွမ်းကုန် ဆောင်ရွက်နေပြီး၊ အစိုးရက လည်း မှတ်ကျောက်တင်ခံရန် နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများကို ဖိတ်ခေါ်ထားသည်။ အစိုးရသစ် လက်ထက်၌ ပထမဆုံးကျင်းပ မည့် ဤရွေးကောက်ပွဲကို တစ်ကမ္ဘာ လုံးက စိတ်ဝင်တစား စောင့်ကြည့် နေကြမည်ဖြစ်၍ နိုင်ငံတကာမှ စောင့်ကြည့်မည့် ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်တရားမျှတ ပြီး သန့်ရှင်းစင်ကြယ်ရန်အတွက် မိမိတို့နိုင်ငံသားအားလုံးက ပံ့ပိုး ကူညီ ရန်လိုကြောင်းလည်း သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။အစိုးရက ယခု တစ်ကြိမ်ရွေး ကောက်ပွဲ အတွက် နိုင်ငံတကာ မှ လေ့လာစောင့်ကြည့်သူများကို ဖိတ်ခေါ်ထားသည်။ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က လည်း မဲစာရင်းကွာဟမှုများဖြစ် ပေါ်နေသော မဲဆန္ဒနယ်များ တွင် နိုင်ငံရေးပါတီများနှင့် ပူးပေါင်း၍ မဲစာရင်းပြင်ဆင်ဖြည့် စွက်ပေးနေသည်။ ထို့ အပြင် ယခု အကြိမ် တွင် ရွေးကောက်ပွဲဝင် မည့် နိုင်ငံရေးပါတီအများအ တွက် ကန့်သတ်ချုပ်ချယ်မှုများ မရှိသလောက် နည်းပါးခဲ့ကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ များက ပြောသည်။ ထိုအခြေအနေ များမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် မကြုံခဲ့ရပေ။

သို့သော် ရွေးကောက်ပွဲ အကြိုကာလတွင်ကြုံတွေ့ရသော အဖြစ်အပျက် အချို့ကြောင့် နိုင်ငံ ရေးပါတီ များပူပန်နေသောအချက်များလည်းရှိနေသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များတွင် ပါဝင်သော ဒေသအချို့၌ ယခု ရက်ပိုင်းအတွင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် လောင်းများနှင့်ပတ်သက်၍ ပုဂ္ဂိုလ်ရေးအပုပ်ချသော လက်ကမ်းစာစောင်နှင့် စာအုပ်ငယ်များ ပျံ့နှံ့နေသည်။

မည်သူက စတင် ဖြန့်ချိသည်မသိရသော်လည်း Myanmar Express အွန်လိုင်းစာမျက်နှာပေါ်မှ ကိုယ်စားလှယ် လောင်းတစ်ဦးကို လူမှုရေးဖောက် ပြန်သည်ဟု စွပ်စွဲချက်ဖြင့် ပုတ် ခတ်ဝေဖန်သည့်စာများကို ကူးယူ ၍ မြို့နယ်အချို့၌ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

မတ်လလယ်တွင် နေပြည် တော်သို့ စည်းရုံးရေးဆင်းသော ဒီချုပ်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ မှ အမျိုးသမီးငယ်တစ်ဦးမှာ လေးခွဖြင့် အပစ်ခံရ၍ ဦးခေါင်း၌ ဒဏ်ရာရရှိခဲ့သည်။

နွားထိုးကြီးမြို့နယ်တွင် ပြည် ခိုင်ဖြိုးပါတီတာဝန်ရှိသူက အောင်နိုင်ရေးစည်းရုံးဟောပြောမှုတစ်ခု တွင် ဒေါ်အောင်ဆန်းစုကြည်ကို အဖွားကြီးဟူ၍လည်းကောင်း၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကို ထောင်ထွက်လူဆိုးလူမိုက်အဖွဲ့ ဟူ၍ လည်းကောင်း၊ ဒီချုပ်လွှတ် တော်ကိုယ်စား လှယ်လောင်းအား နွားထိုးသားဟူ၍လည်းကောင်း ပြောဆိုခဲ့သည်။ ထို့သို့ ဥပဒေနှင့် မညီ လုပ်ကိုင်မှုကြောင့် နွားထိုးကြီး မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မြို့နယ်ကော်မရှင်သို့ ကန့် ကွက်တိုင်ကြား၍ မြို့နယ်ပြည် ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ နောင်တွင်ဥပဒေနှင့်အညီဟော ပြောမည့်အကြောင်း ခံဝန်လက် မှတ်ရေးထိုးခဲ့ရကြောင်း ယခုတစ် ပတ်ထုတ် True News ဂျာနယ် တွင် ဖော်ပြထားသည်။

တိုက်ဆိုင်မှုမှာ မဲဆန္ဒနယ် အချို့တွင်ဖြစ်ပွားခဲ့သော ခြိမ်း ခြောက်မှုများ၊ ပုဂ္ဂိုလ်ရေးအပုပ် ချမှုများ စသည်တို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စား လှယ်နှင့် အဖွဲ့ဝင်များမှာ ပစ်မှတ် ဖြစ်နေသည်။

ပါတီများ၏ အဓိကပူပန်မှု များမှာလည်းမဲစာရင်းလွဲမှားမှု များနှင့် ထပ်တိုးမဲများဖြစ်သည်။ "ပြီးခဲ့တဲ့ သုံးလေးရက်မှာ ခရိုင် ကော်မရှင်က ကျွန်တော်တို့ကို ခေါ်တွေ့တယ်။ ပြီးခဲ့တဲ့ ရွေး ကောက်ပွဲမှာ ကြိုတင်မဲ နာမည် ပျက်ခဲ့တယ်။ အခုကျတော့ ကြို တင်မဲမရှိတော့ဘူး။

ကြိုတင်မဲ မရှိပေမယ့် နောက်တိုးမဲဆိုတာ တစ်ခုပေါ်နေတယ်။ ကော်မရှင် ကို နောက်တိုးမဲဆိုတဲ့ စာရင်းတွေ လာပေးတယ်တဲ့။ မဲစာရင်းမှာ မပါတဲ့ နောက်တိုးမဲတွေကို ခွင့်ပြု ရမယ်လို့ပြောတယ်။ နောက်တိုးမဲ က ဘယ်လောက်တောင် ရှိလည်း ဆိုရင် ကျွန်တော်တို့ရဲ့ မင်္ဂလာ တောင်ညွန့်မဲဆန္ဒနယ်မှာဆိုရင် ၄၀၀၀ လောက်ရှိတယ်။ ရဲတွေရဲ့ နောက်တိုးမဲကလည်း တောင်ညွန့် မှာ ၉၀ လောက်ရှိတယ်။ ဒဂုံဆိပ်ကမ်းမှာလည်း နောက်တိုးမဲက အရပ်သား ၁၀၀၀ လောက်၊ ရဲ တွေက ၁၁၀ လောက်ရှိတယ်။ ဆို တော့ နောက်တိုးမဲတွေက အများ ကြီးပဲ"ဟုမင်္ဂလာ တောင်ညွန့်မြို့ နယ်မှဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမို ကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

အမျိုးသားဒီမိုကရေစီ အင် အားစုပါတီခေါင်းဆောင်ဦးခင် မောင်ဆွေကလည်း မဲဆန္ဒနယ် တွင် ပါဝင်သော မြို့နယ်အချို့သို့ မဲဆန္ဒနယ်ပြင်ပအခြားမြို့နယ် များမှ လူဦးရေစာရင်းများ ပြောင်း လာခြင်းများရှိသည်ဟုဆိုသည်။ ထို့အပြင် ရွေးကောက်ပွဲအကြို ကာလ၌ သတင်းမီဒီယာများက ပါတီကြီးအချို့ကိုသာ ဦးစားပေး ဖော်ပြပြီး ဘက်လိုက်မှုများရှိနေ သည်ဟု ဦးခင်မောင်ဆွေက မှတ် ချက်ပြုသည်။
"သတင်းလွတ်လပ်ခွင့်တွေ ကို ပြောနေပြီးတော့မှ သူတို့ကိုယ် တိုင်က ပြည်သူတွေကို သတင်း လွတ်လပ်ခွင့်ပိတ်ပင်တဲ့အနေနဲ့ ပါတီကြီး အချို့ကိုပဲ စန်းတင်ပြီး တော့ ကျန်တဲ့ပါတီတွေကို ချန် ထားတာမျိုးရှိတယ်။ အဲဒီလို ပုံစံ မျိုးမဖြစ်အောင်လည်း စောင့်စည်း ဖို့လိုတယ်လို့ ပြောချင်ပါတယ်"ဟု ဦးခင်မောင်ဆွေကပြောသည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုကိုကြီးကလည်း ကြားဖြတ်ရွေး ကောက်ပွဲတွင် တရားမျှတလွတ်လပ်မှုမှာရလဒ်ထက်အရေးကြီး ကြောင်း မှတ်ချက်ပေးသည်။

"ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ၄၈ နေရာဆိုတာ မပြောပလောက်ပေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပါဝင် မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်ရောက်ယှဉ်ပြိုင်တဲ့ အတွက် ထူးခြားတဲ့ရွေးကောက် ပွဲဖြစ်ပါတယ်။ နိုင်တဲ့မဲအရေအတွက်ထက် ပိုအရေးကြီးတာက ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ အုတ်မြစ်ချဖို့အတွက် သမ္မတ ကြီးရဲ့ မိန့်ခွန်းထဲမှာလည်း ပါဝင်တဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ် စဉ်အဲဒါကို စပြီးစမ်းသပ်မယ့် တာထွက်ခြေလှမ်းဖြစ်တယ်။ အဲဒီ ခြေလှမ်းဟာ ဘယ်လောက်ပွင့် လင်းမှု၊ ထင်သာမှုရှိသလဲ၊ ဘယ် လောက်တရားမျှတမှုရှိသလဲဆို တဲ့ ဒီမိုကရေစီအနှစ်သာရက ရွေးကောက်ပွဲမှာ အောင်နိုင်တဲ့ မဲဆန္ဒနယ်အရေအတွက်ထက်အရေးကြီးပါတယ်"ဟု မတ်လ ၂၃ ရက်တွင်ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင်ပြောသည်။၈၈မျိုးဆက် ကျောင်းသားခေါင်း ဆောင်များမှာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ
ရန် ကွန်ရက် ဖွဲ့စည်းထားသည်။

ရွေးကောက်ပွဲတရားမျှတ လွတ်လပ်လျှင် အထက်တွင် ဆိုခဲ့ သည့်အတိုင်း အမေရိက၊ ဥရောပ၊ ဂျပန်အပါအ၀င် ကမ္ဘာ့နိုင်ငံများမှအကူအညီများစွာရမည်ဖြစ် သည်။ ထို့အပြင် အစိုးရအဓိကလိုလားသော နိုင်ငံတကာအသိုင်း အ၀ိုင်း၏ အသိအမှတ်ပြုမှုကို ခံရမည်ဖြစ်ပြီး၊ နှစ်ပေါင်းများစွာ ခေတ်နောက်ကျပြီး အထီးကျန်နေခဲ့ရသော နိုင်ငံမှာ ကမ္ဘာ့အလယ်တွင် ခေါင်းမော့ရင်ကော့နိုင် မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့ လာသူများကပြောသည်။

တပ်မတော်အုပ်ချုပ်မှုမှ ဒီမို ကရေစီနိုင်ငံသို့ ကူးပြောင်းနေ သော ခြေလှမ်းများမှာလည်း နိုင်ငံ တကာ၏ အားပေးထောက်ခံမှု များနှင့်အတူ ပိုမိုခရီးရောက်လာ မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲကြားဖြတ် ရွေးကောက်ပွဲမှာ တရားမျှတလွတ်လပ်မှုမရှိခဲ့လျှင်မူ...."လွှတ်တော်နိုင်ငံရေးတည်တံ့နေသမျှကာလပတ်လုံးက တော့ နောက်
ကြောင်းပြန်လှည့်ဖို့ တော့ ခက်တယ်ဗျ။ သို့သော်လည်းပဲ ရှေ့တိုးဖို့လည်းမလွယ်ဘူးဗျ။ ဘာကြောင့်လည်းဆိုတော့ ကြား ဖြတ်ရွေးကောက်ပွဲ မအောင်မြင် ဘူး၊ တရားမျှတမှုမရှိဘူးဆိုရင်နိုင်ငံတကာပိတ်ဆို့မှုတွေဆက်ရှိ ပြီး၊ အကူအညီပေးတာတွေကော ရပ်သွားမှာပဲလေ။ အဲတော့ ဒုံရင်း ဒုံရင်းပြန်ဆိုက်မယ်"ဟု ဦးခင် မောင်ဆွေက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား လှယ်တစ်ဦးဖြစ်သော ဦးအေး မောက်ကလည်းကြားဖြတ်ရွေး ကောက်ပွဲ တွင် မည်သည့်ပါတီက နိုင်၍ မည်သည့်ပါတီက ရှုံးသည် ဆို ခြင်းထက် တရားမျှတလွတ်လပ် သော ရွေးကောက်ပွဲဖြစ်ရန်မှာ အရေးကြီးကြောင်း နိုင်ငံရေး
လေ့လာသူများ၏အဆိုကို ထောက်ခံပြောကြားသည်။
"အဲဒီလိုပြောတာ အရမ်းမှန်ပါတယ်။ ထောက်လည်း ထောက်ခံတယ်။ အဲဒီအတိုင်း (တရားမျှတလွတ် လပ်သောရွေးကောက်ပွဲဖြစ်ရန်) လည်းဖြစ် စေချင်တယ်။ ဖြစ်အောင်လည်းပဲ ကျွန်တော်တို့ ပါတီအဖွဲ့ဝင်တွေနဲ့ တွေ့တိုင်း တွေ့တိုင်း၊ သွားတိုင်း င်္Fair (တရားမျှတ)ဖြစ်အောင်လုပ်ကြ။ အနိုင်နဲ့အရှုံးက အဓိက မဟုတ်ဘူး။ ခင်ဗျားတို့ တကယ် Fair ဖြစ်တယ်။ ခင်ဗျားတို့ရဲ့ စာရိတ္တမဏ္ဍိုင်မှန်ကန်တယ်ဆိုတာ အဓိကပဲဆိုတာ ရှင်းပြပါတယ်။ တော်တော်များများနားလည်ကြပါတယ်"ဟု ဦးအေးမောက်က သူ၏
အတွေ့အကြုံကို ပြောသည်။

----အားမာန်------

7Day News Journal

29 March 2012

ကော့မှူးမြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်းပြောင်းရွှေ့မည်မဟုတ်

ကော့မှူးမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးချယ်ခံမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်သို့ သန်းခေါင်စာရင်း ပြောင်းရွှေ့ဝင်ရောက်မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေး ဆိုခွင့်ရှိသူ ဦးခွန်သာမြင့်ကပြောသည်။

၎င်းက “အဲဒီကိစ္စတွေလုပ်ဖို့ အချိန်လည်းမပေးနိုင်တာနဲ့ တန်လည်းမတန်တာနဲ့ မ၀င်တော့ပါဘူး။ ကျွန်တော်တို့အားလုံး ဆွေးနွေးပြီးဆုံးဖြတ်ခဲ့တာပါ။” ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း အိမ်အမှတ် ၅၄၊၅၆ တွင် သန်းခေါင်စာရင်းဝင်ထားပြီး ယင်းသန်းခေါင်စာရင်းတွင် ၎င်းတစ်ဦးသာရှိသည်။

သတင်း.... Yangon Press International

နေပြည်တော်မဲဆွယ်ပွဲတွင် ဇမ္ဗူသီရိ မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီ ကိုယ်စားလှယ်လောင်း မစန္ဒာမင်း ခြိမ်းခြောက်ခံရမှုများရှိနေ


နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ် အတွင်း အဏာပိုင်များဇ။် အနှောင့်အယှက် အဟန့်အတား အမျိုးမျိုးကြားမှ မဲဆွယ်စည်းရုံးရေးပြုလုပ်နေရသည် ဟု ဇမ္ဗူသီရိ မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီ ကိုယ်စားလှယ်လောင်း မစန္ဒာမင်း ကပြောသည်။

အချို့ ရွာများတွင် အဏာပိုင်များနှင့် ကြံ့ခိုင်ရေးပါတီဝင်များက ရွာသားများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဟောပြောပွဲ များကို တက်ရောက်ခွင့်မပြုခြင်း ၊ ခြိမ်းခြောက်ခြင်းများ ခံနေရသည်ဟု ရှင်းပြသည်။

“ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာရောက်စည်းရုံးမယ်လို့ပြောရင် စည်းရုံးနေစဉ်ရော မစည်းရုံးသေးခင်ရော တချို့သော အဏာပိုင်များက ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ရွာက လျှပ်စစ်မီး ဖြတ်တောက်တာတွေ လုပ်တာခံရတာ တွေရှိပါတယ်” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲ ဥပဒေတွင်ပါရှိသည့် ကော်မရှင်များဖွဲ့စည်းသည်အခါတွင် ဘယ်ပါတီဝင်မှ မဖြစ်စေရဟု ပါရှိထားသော်လည်း ဇမ္ဗူသီရိ မဲဆန္ဒနယ် ကျေးရွာများကော်မရှင် အဆင့်ဆင့်တွင် ကြံ့ခိုင်ရေးပါတီဝင်များပါဝင် နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးကပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေး အဖွဲ့ဝင် တစ်ဦးကလည်း “ ကျွန်တော့်အိမ်ကို ခဲနဲ့ထုခံရတယ် ရပ်ကွက်အုပ်ချူပ်ရေးမှူးကိုတိုင်တော့လည်း ဘာမလုပ်ပေးဘူး ကျွန်တော့်ဘက်ကထုမယ်ဆိုရင် ကျွန်တော်တို့ကို အရေးယူမှာ သေချာတယ်” ဟုပြောသည်။

သဲကြီးကုန်းရွာသည် ရွေ့ပြောင်းအလုပ်သမား အများအပြားနေထိုင်သောရွာဖြစ်သည်။ယင်းရွာ ကို NLD မဲဆွယ်စည်းရုံး ဟောပြောပွဲ ပြုလုပ်ခဲ့စဉ်က အဏာပိုင်အချို့က ရွာသားများကို “ မင်းတို့ဒီဟောပြောပွဲကို မတက်နဲ့ ဟောပြောပွဲတက်ရင် အထုပ်ပြင်ပြီး မင်းတို့ဒီရွာက ပြန်ဖို့ပြင်တော့” ဟု ပြောကြောင်း မစန္ဒာမင်းကပြောသည်။

ဇမ္ဗူသီရိမဲဆန္ဒနယ် ပြန်ကပြေးရွာမှ ကျေးရွာသူတစ်ဦးကလည်း “ ကျွန်မတို့ကို လည်း အမေစုပါတီနောက်လိုက်တဲ့သူတွေကို ဖမ်းမယ်လို့ ရွာမှာပြောနေကြတာ ကျွန်မတို့က အမေစုပါတီမှ အမေစုပါတီဘဲ အမေစုပါတီကိုပဲမဲပေးမှာ သိကြားမင်းဆင်းဖျက်တောင် မပျက်ဘူး” ဟု အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးပြောသည်။

ဇမ္ဗူသီရီမဲဆန္ဒနယ် တွင် မဲပေးနိုင်သူ ၅သောင်းကျော်ရှိပြီး မဲရုံ ၃၆ ထားရှိမည်ဟုသိရှိရသည်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သမတ ဦးသိန်းစိန် မဲပေးသူများဇ။် ၉၁ ရာခိုင်နှုန်းကျော်ဖြင့် နိုင်ခဲ့စဉ်က မဲပေးနိုင်သူဦးရေ ၈ သောင်းကျော် ရှိပြီး ယခုရွေးကောက်ပွဲတွင် ၃ သောင်းကျော် (၃ ပုံတစ်ပုံနီးပါး) လျော့နည်းသွားတာကို တွေ့ရသည်။ ။

သတင်း..... Yangon Press International

28 March 2012

သာသနာရေးဝန်ကြီး သူရမြင့်မောင် ကြံခိုင်ရေးအတွက် သုံးခွမြို့နယ် ကတုံးပေါ် အထက်ကျေးရွာ တွင် မဲဆွယ်စည်းရုံးနည်း အသစ်များဖြင့် စည်းရုံးသွားခြင်း







၂၇.၃.၂၀၁၁ နေ့လည် ၁၁ နာရီခန့်တွင် သာသနာရေးဝန်ကြီး သူရမြင့်မောင်သည် သုံးခွမြို့နယ် ကတုံးပေါ် အထက်ကျေးရွာ သို့ ရောက်ရှိလာပြီး ကျေးရွာမှ့ သက်ကြီးရွယ်အိုများကို မျက်စိစမ်းသပ်ပေးပြီး မျက်မှန်များ ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ထပ်ဆင်ပေးပြီး ကြံခိုင်ရေးအတွက် စည်းရုံးရေးဆင်းသွားကြောင်း ရွာသူရွာသားများမှ့ ပြောကြားကြသည်။

သုံးခွမြို့မှာ နေထိုင်သွားပြီး သုံးခွသား လိုလို ဘာလို လို ခံယူထားတဲ့ သူရမြင့်မောင်သည် ရှေးယခင် ကတည်းက သုံးခွ မြို့နယ် အတွက် ဘာတစ်ခုမှ့ မလုပ်ပေးပဲ မဲဆွယ်စည်းရုံးရေး ကာလ တစ်ခု အချိန်ကြာမှအလှမ်းဝေးသော ရွာကလေးတွေဆီသို့ အကြောင်းမဲ့သက်သက်လာရောက် ပြီး အလှူအတန်းများပေးသွားတာ အရမ်းကို အံသြ စရာပါလို့ ကျေးရွာသားများက ပြောကြပါတယ်..မျက်မှန်တွေကို လိုက်တပ်ပေးပြီး မိန့်ခွန်းများ ခြွေသွားသေးပါတယ်..။

ကောင်းမွန်စွာနေထိုင်ပြီး ကျန်းကျန်းမာမာနဲ့ အေးဆေးနေလို့ရမဲ့ ပါတီကိုပဲ မဲပေးမယ်ဆိုရင်ပေး သင့်ပါတယ်လို့ သက်ကြီးရွယ်အို များအား စည်းရုံးရေးဆင်းသွားပါတယ်..။

သာသနာရေးဝန်းကြီးဆိုတော့ ထမင်းစားဖို့ ဘုန်းကြီးပွဲလိုပဲ ပြင်ဆင်ပေးရပါတယ်..ဘုန်းကြီး ယပ်တောင်လေးနဲ့ပဲ.. ခပ်ပေးလိုက်ရသေးတယ်..သူက ဘုန်းကြီးထက် ဘုန်းကြီးတဲ့သူလို့များထင်နေလား မသိပါဘူး။

ပေးပို့ ပေးသော သုံးခွ သား အားကျေးဇူးတင်ရှိပါသည်.။

၄၈ နေရာစလုံးဆုံးရှုံးလည်း အကြောင်းမဟုတ်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ပြောကြား

၆၇နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့ ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာ