ယနေ့ရွေးချယ်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် အမည်စာရင်း
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
10 March 2013
01 July 2012
တောင်ကြီးမြို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲအား ပြည်နယ်အစိုးရအဖွဲ့မှ ပိတ်ပင်
တောင်ကြီးမြို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲအား ပြည်နယ်အစိုးရအဖွဲ့မှ ပိတ်ပင်
၂၀၁၂ ခုနှစ် ဇွန် ၃၀
ယနေ့ ဇွန် ၃၀ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် တောင်ကြီးမြို့  ရေအေးကွင်းရပ်ကွက် ကမ္ဘောဇလမ်းရှိ ဟုတ်ကြန့် ဘုံကျောင်းတွင် ပြုလုပ်မည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကျင်းပခွင့် မပြုဘဲ ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်မပြုကြောင်းကို တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင် မှတစ်ဆင့် ရေအေးကွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး အား အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် ဘာသာ ပေါင်းစုံအဖွဲ့ ခေါင်းဆောင်များကို အကြောင်းကြားရန် အဆင့်ဆင့် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခွင့်မပြု ကြောင်း ရုံးတွင်း စာမထွက် ခင်ကတည်းက တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့က ခွင့်မပြုကြောင်း ခေါ်ယူပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပနိုင်ရန် ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်)နှင့် ၈၈ မျိုးဆက်ကျောင်းသား (ရှမ်းပြည်နယ်) အဖွဲ့က ဦးဆောင်ပြုလုပ်ရန် စိစဉ်ခဲ့ခြင်းဖြစ်သည်။ ယခုလ ၁၇ ရက်တွင် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် အခမ်းအနား ကျင်းပရန် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး ၂၀ ရက်တွင် အခမ်းအနား ပြုလုပ်ရန် သတ်မှတ်ခဲ့သော်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးက ပြည်နယ် ၀န်ကြီးချုပ် နေပြည်တော် သွားရောက်နေသဖြင့် တာဝန်ယူ ကျင်းပခွင့် မပေးခဲ့သောကြောင့် ၃၀ ရက်နေ့ကို ရက်ရွှေ့ဆိုင်း ခဲ့ရသည်ဟု သိရသည်။ ကျင်းပရန် တစ်ရက်အလိုတွင် ယခုကဲ့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုခြင်း မရှိဘဲ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဘာသာပေါင်းစုံ ခေါင်းဆောင်များမှ နိုင်ငံတွင်း အေးချမ်းသာယာရေး ဘာသာပေါင်းစုံ ညီညွှတ်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး တို့အတွက် ဆုတောင်းပွဲအခမ်းအနား ကျင်းပရန်သာ ရည်ရွယ် ခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယင်းအခမ်းအနားတွင် အလှူငွေ ပေးအပ်ပွဲပါ ပူးတွဲကျင်းပရန် စီစဉ်ထားသည်ဟု သိရသည်။
02 April 2012
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၄၃နေရာမှာ အနိုင်ရရှိကြောင်း အတည်ပြုချက်ရယူနိုင်ပါပြီ.. လားရှိုးအမျိုးသားလွှတ်တော် မဲဆန္ဒနယ်တခုသာ မဲဆက်လက်ရေတွက်လျှက်ရှိကြောင်း သိရှိရ
(ဓာတ်ပုံ) ဒီမိုကောင်းကင်၊ ဒီမိုဝေယံ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၄၃နေရာမှာ အနိုင်ရရှိကြောင်း အတည်ပြုချက် ရယူနိုင်ပြီဖြစ်ကြောင်းနှင့် လားရှိုး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တခုသာ မဲဆက်လက် ရေတွက်လျှက်ရှိကြောင်း အဖွဲ့ချုပ်ရွေးကောက်ပွဲ အောင်နိုင်ရေးမန်နေဂျာ ဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်..။
အန်ကယ်တို့ ၄၃နေရာမှာ အနိုင်ရရှိတာကို အတည်ပြုချက် ရယူနိုင်ပါပြီ။ နောက်ဆုံးတခု လားရှိုး အမျိုးသားလွှတ်တော် တခုပဲ မဲဆက်လက် ရေတွက်နေပါတယ်..။ လက်ရှိအနေအထားမှာ ကျားဖြူပါတီနဲ့ အပြိုင်ရေတွက်နေပြီး အန်ကယ်တို့ NLDက မဲအသာရရှိနေပါတယ်...။ မကြာခင် ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ်ရုံးမှာ စကားပြောဖို့ ရောက်ရှိလာပါမယ်..။ အဖွဲ့ချုပ်ရုံးရှေ့မှာ ပရိသတ်တွေနဲ့အတူ သတင်းထောက်တွေလည်း အတော်များများ ရောက်ရှိနေပါတယ်လို့ ပြောဆိုသွားပါတယ်..။ (ရန်ကုန် မနက်၉နာရီခွဲ အချိန် ဆက်သွယ်မေးမြန်းချက်) ဖြစ်ပါတယ်..။
ဒီနေ့မနက် ၈နာရီက ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ရောက်ယှဉ်ပြိုင်သည့် ရန်ကုန်တိုင်း ၆နေရာစလုံးမှာ အနိုင်ရရှိကြောင်းကို ကြေငြာချက် ထုတ်ပြန်ပေးပါတယ်...။
၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မဲဆန္ဒနယ် (၄၈)နေရာ ပြုလုပ်ရန် စီစဉ်ထားပြီးမှ ကချင်ပြည်နယ်အတွင်း (၃)နေရာမှာ နယ်မြေ လုံခြုံရေးဟူသော အကြောင်းပြချက်ဖြင့် မဲဆန္ဒနယ် (၄၅)နေရာမှာသာ ကျင်းပပြုလုပ်ခဲ့ပါတယ်..။ စစ်ကိုင်းတိုင်း မဲဆန္ဒနယ်အမှတ်(၇) (ဗန်းမောက်-ကောလင်း- ၀န်းသို- ပင်လယ်ဘူး) အမျိုးသား လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစောလှိုင်အား နိုင်ငံသားဥပဒေနှင့် မကိုက်ညီဟုဆိုကာ ပယ်ချခံခဲ့ရပြီး ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့တဲ့အတွက်ကြောင့် ၄၄နေရာသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်..။
သတင်း ဒီမိုဝေယံ
01 April 2012
ရွေးကောက်ပွဲ Update သတင်းများ (၃)
(ဓာတ်ပုံ AP)
ပုလဲမြို့နယ် မဲဆန္ဒနယ်မှ ခွပ်ဒေါင်း အနိုင်စာရင်းကံသာကျေးရွာ
NLD၁၆၁ ကြံ့ဖွံ့၁ ပယ်မဲ ၁
ကံသစ်ကျေးရွာ
NLD ၂၅၄ ကြံ့ဖွံ့၂၄ ပယ်မဲ ၄၁
ပဲခင်း ကျေးရွာ
NLD၂၉၃ ကြံ့ဖွတ် ၁၈၇ ပယ်မဲ၁၆
ဇီးရင်း ကျေးရွာ
NLD ၂၈၂ ကြံ့ဖွတ် ၁၆၂ ပယ်မဲ၂
ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)၊ ထူးခြားဖြစ်စဉ်များ
၁။ ၆၇ ရပ်ကွက်မဲရုံရှေ့တွင် ကြံ့ခိုင်ရေးမှ ငွေကျပ် ၃၀၀၀ စီပေးပြီး ၄င်းတို့အား မဲထည့်ပေးရန် စည်းရုံးသိမ်းသွင်း ခဲ့သည်။
၂။ ၁၃၈ ရပ်ကွက်တွင် ကြံ့ခိုင်ရေးမှ မဲရုံနှင့်အိမ်အသွားအပြန် အကြိုအပို့လုပ်ပေးခဲ့ကြောင်း။
-နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ အေးမြင့်သာယာကျေးရွာအုပ်စု၊ အေးမြင့်သာယာကျေးရွာ၊ မဲရုံအမှတ်(၁)တွင် မဲရုံဧရိယာအနီးကိုက်(၅၀၀)အတွင်း မည်သူမျှမလာရဟု ဆိုသော်လည်း ကြံ့ခိုင်ရေး ယူနီဖောင်း ၀တ်ဆင်ထားသူ ကိုစိုးလင်း (ဘ)ဥိးစံထွန်း ဆိုင်ကယ်အမှတ် ၄ယ/၆၅၅၈၇ သည် မဲရုံအနီးတွင် ဆိုင်ကယ်ဖြင့် လှည့်ပတ်စီးနင်းနေကြောင်း၊ ဟန့်တားသူ မရှိကြောင်းသိရှိရပါသည်။
---နေပြည်တော် ဥတ္တရသီရိ မဲဆန္ဒနယ်တွင် မဲရုံသုံးရုံသည် ယနေ့နံနက် ၉ နာရီခန့်တွင် ပိတ်သိမ်းသွားခဲ့ရာ အင်န်အယ်လ်ဒီက ၁၆ဝမဲ၊ ပြည်ခိုင်ဖြိုးက ၃၃၉ မဲ၊ တစည ၁၅မဲ၊ ပယ်မဲ ၂၇ မဲ ရလဒ်ရခဲ့သည်ဟုသိရသည်။ အောင်သပြေ၊ လစခ(၈) နှင့် လစခ(၂)မဲရုံများမှ ဖြစ်သည်။
---မိတ္ထီလာမြို့နယ် ရတနာ့မာန်အောင်ရပ်ကွက် အမှတ် (၈) မဲရုံ မှ မဲရလဒ်
ဧပြီ ၁ ၊ ၂၀၁၂ ခုနှစ် မွန်းလွဲ ၁ ခွဲ ရတနာ့မာန်အောင် အမှတ် ၈ မဲရုံ မဲပေးသူအားလုံးပြီးစီး၍ ရေတွက်ရာ ကြံ့ခိုင်ရေးမှ ဦးလှမြင့် ၃၂၀ နှင့် ကြိုတင် ၈ မဲ စုစုပေါင်း ၃၂၈ မဲ၊ ဒီချုပ် ဦးဝင်းထိန် ၂၄ မဲ၊ တသီးပုဂ္ဂလ ဒေါ်မြင့်မြင့်အေး ၄ မဲနှင့် ပယ်မဲ ၂ မဲဖြစ်သည်ဟု မိတ္ထီလာ YPI သတင်းထောက်မှ သတင်းပေးပို့သည်။
---ထန်းတပင်မြို့နယ် နတ်ရွာ၌ မဲပေးခွင့်ရှိသူ ၂၄၇၀ ဦးရှိသည့် အနက် ၃၀၀ ဦးခန့်မှာ မဲစာရင်းတွင် အမည်စာရင်း မပါဝင်သည့်အတွက် မဲပေးခွင့် မရရှိခဲ့ကြောင်း၊ မဲပေးရမည့် စာရင်းတွင် အသက် ၃နှစ်ရွယ်ရှိ ကလေးငယ်များ ပါဝင်နေသည့်အပြင် လွန်ခဲ့သော ၈နှစ်နှင့် ၁၅နှစ်အကြား သေဆုံးပြီးသူများ ပါဝင်နေခဲ့ကြောင်း သိရသည်။ ထို့အပြင် ၂၀၁၀ ပြည့်နှစ်က မဲပေးခဲ့သူအချို့လည်း ယခုမဲစာရင်းတွင် ပါဝင်လာခြင်း မရှိကြောင်း သိရသည်။
---နေပြည်တော်၊ ပုဗ္ဗသီရိမြို့
မကွေးမြို့ မကြီးကန်ကျေးရွာ အုပ်စုအတွင်းရှိ ပုထိုးစမ်းကျေးရွာတွင် မဲပေးခွင့်ရသည့် လူဦးရေ ၃၃၇ ဦးရှိပြီး၊ NLD ပါတီမှ အနိုင်ရရှိသွားကြောင်း သိရသည်။ NLD ပါတီမှာမဲအရေတွက် ၂၅၀ ကျော်၊ ပြည်ခိုင်ဖြိုးမှ ၈၀ ကျော်၊ တစညမှ ၂ မဲနှင့် NDFမှ ၁ မဲ အသီးသီးရရှိထားကြောင်း မကွေးမြို့ NLD အောင်နိုင်ရေးတာဝန်ခံ ဦးဉာဏ်စိန်က အတည်ပြုပြောကြားသည်
နွာထိုးကြီးမြို့နယ် လုံတောကျေရွာတွင် မဲပေးခွင့်ရှိသူ ၃၀၀ နီပါးရှိ၊ နံနက် ၆နာရီမှာ NLD မှ မဲရုံကိုယ်စားလှယ်ကို ၀င်ခွင့်မပြုခြင်းဖြစ်ပွားခဲ့၊ ၆နာရီ ခွဲခန့်တွင် ၀င်ခွင့်ရပြီး မဲပုံးစစ်သည့်အခါ မဲ ၂၀ခန့် ထည့်ထားပြီးကြောင်း တွေ့ရှိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်စာတင်ထားသည်။
မဲပုံးထဲ ကြိုတင်ရောက်ရှိနေသော မဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
မဲနံပတ် ၃၈၈၆ ဦးသန်းလှ
မဲနံပတ် ၃၈၈၇ ဒေါ်စောတင့်
မဲနံပတ် ၃၈၉၁ မစုစုဝင်း
မဲနံပတ် ၃၈၇၃ မစမ်းတင့်
မဲနံပတ် ၃၈၇၅ မောင်သန်းဇော်လင်း
မဲနံပတ် ၃၇၀၀ ဒေါ်သန်း
မဲနံပတ် ၃၇၀၁ မမုန်းခင်
မဲနံပတ် ၃၇၇၄ မခင်နှင်းဝေ
မဲနံပတ် ၃၇၃၆ မစန္ဒာဦး
မဲနံပတ် ၃၇၃၄ မမျိုးကြီး
မဲနံပတ် ၃၇၃၃ ဦးမန်းတင်
မဲနံပတ် ၃၇၈၉ မောင်ခိုင်ဦး
မဲနံပတ် ၃၇၈၈ ဒေါ်ခင်ရီ
မဲနံပတ် ၃၇၉၀ မောင်ခိုင်ဇာ
မဲနံပတ် ၃၇၇၀ ဒေါ်ဌေးရီ
မဲနံပတ် ၃၇၇၁ ဒေါ်ဌေးကြည်
မဲနံပတ် ၃၇၇၂ မစံ
မဲနံပတ် ၃၇၃၂ ဒေါ်ဝိုင်ကီ
မဲနံပတ် ၃၇၃၅ မောင်ကိုကိုချစ်ဦး
မဲနံပတ် ၃၉၀၈ ဦးမျိုးထွန်းနိုင်
မဲပေးနိုင်သူဦးရေ ၈၈ ဦးသာရှိသည့် ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက် မဲရုံအမှတ် ၃ (GTI) တွင် မဲပေးသူ ၈၈ ဦးစလုံးမဲပေးပြီး ဖြစ်သည့်အတွက် မဲရုံပိတ်ပြီး မဲများရေတွက်ရာတွင် အင်န်အယ်လ်ဒီပါတီက ၅၃ မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၃၅ မဲရှိခဲ့သည်ဟု သတင်းရရှိသည်။
ပခုက္ကူမြို့နယ်၊ လမ်းရွာအုပ်စု ပေါင်းကူစွန်းကျေးရွာ မဲရုံအမှတ်(၁၂) တွင် ဆန္ဒမဲပေးသူ ၁၁၃ ဦးမှ ၊ NLD က ၉၀မဲ၊ ပြည်ခိုင်ဖြိုးက ၁၆မဲ၊ ပယ်မဲ ၇ မဲတို့ဖြင့် မဲရေတွက်ပြီးစီးသွားပြီး မဲအပြတ်အသတ်နှင့် NLD ပါတီအနိုင်ရသွားကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။
မြိတ်ခရိုင် ကျွန်းစုကျေးရွာ အောင်မြေနင်းနေတဲ့ ခွပ်ဒေါင်း ဆန္ဒမဲများ..
ကျွန်းစုမြို့နယ် မဲဆန္ဒနယ် အတွင်းရှိ မြန်မာ တာဆာကီ၊ ရေကန်တောင် ကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၂၁ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၄ မဲ၊ ပသျူးချောင်း ကျေးရွာ၊ ကံမော် ကျေးရွာအုပ်စုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၇၇ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၃ မဲနှင့် ပယ်မဲ ၅ မဲ အသီးသီး ရလဒ်ထွက်ပေါ်ခဲ့ပြီး မနွဲ့ကျေးရွာ ရေမျက်ကြီး ကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၇၀ ရာခိုင်နှုန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၀ရာခိုင်နှုန်းဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိကြောင်း ကျွန်းစုမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သော သတင်းများအရ သိရသည်။
(အထူးသတင်း) အဖွဲ့ချုပ် အမှတ်အသားနေရာမှာ ဖယောင်းသုတ်ထားမှုများ တပြည်လုံး အတိုင်းအတာမှာ ဖြစ်ပေါ်နေကြောင်း ဦးဥာဏ်ဝင်းပြောဆို..
(အထူးသတင်း) အဖွဲ့ချုပ် ခွပ်ဒေါင်း အမှတ်အသားနေရာမှာ ဖယောင်းသုတ်ထားမှုများ တပြည်လုံး အတိုင်းအတာမှာ ဖြစ်ပေါ်နေကြောင်း ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်း မှပြောဆိုသွားပြီး မကြာခင် ရွေးကောက်ပွဲ ကော်မရှင်အား ဖက်စ်ဖြင့်ပေးပို့ကာ အများသိရှိနိုင်ရန် ကြေငြာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောဆိုသွားပါတယ်..။
တိုက်ရိုက် ဆက်သွယ်မေးမြန်းချက် (၂) (ရန်ကုန် မနက် ၈နာရီ)
မင်္ဂလာတောင်ညွန့်မြို့နယ် မဲရုံတခုမြင်ကွင်း.. ဓာတ်ပုံ(AP)
ဆန္ဒမဲလက်မှတ်တွေမှာ ရွေးကောက်ပွဲ ကော်မရှင် တံဆိပ်အမှတ်အသားများ မပါဝင်တဲ့ ဖြစ်ရပ်များ ရန်ကုန်နဲ့ နေရာအနှံအပြားမှာ ဖြစ်ပေါ်နေကြောင်း အဖွဲ့ချုပ်ရွေးကောက်ပွဲ အောင်နိုင်ရေး မာန်နေဂျာဦးဥာဏ်ဝင်းက ပြောဆိုပါတယ်..။ တချို့နေရာတွေမှာတော့ မြို့နယ်ကော်မရှင်မှ တံဆိပ်မပါလည်း ပယ်မဲ မဖြစ်ပဲ ဆက်လက်အတည် ပြုပေးမယ်လို့ ကတိပြုပြီး အချို့မြို့နယ်တွေမှာတော့ မည်သို့မျှ ပြောဆိုခြင်းမရှိလို့လည်း ဆိုပါတယ်..။
အဓိကချို့ယွင်းချက်ကတော့ ရွေးကောက်ပွဲကော်မရှင်မှာ လူအင်အားမရှိ၊ ပစ္စည်းမရှိ ဖြစ်နေတာဟာ အဓိက ပြသနာတခု ဖြစ်နေကြောင်း ပြောဆိုပါတယ်..။ နောက်ပြဿနာ တခုကတော့ မဲရုံတချို့မှာ မဲပေးပိုင်ခွင့် ရှိသူ စာရင်းကပ်ထားခြင်း မရှိကြောင်း သိရှိရပြီး သာဓက တခုအနေနဲ့ ယနေ့မနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလ မဲရုံအမှတ်၃မှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းကပ်ထားခြင်း မရှိတဲ့အတွက် တိုင်ကြားလာကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုသွားပါသည်..။ နီုင်ငံခြားသတင်းထောက် များအား မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆန္ဒနယ် အတွင်းပိုင်းအထိ ဝင်ရောက် မှတ်တမ်း သတင်းယူခွင့်ပေးကြောင်း သိရှိရပါသည်..။
ဒီမိုဝေယံမှ ဆက်သွယ် မေးမြန်းချက် သတင်းများအား အချိန်နဲ့ တပြေးညီ ထပ်မံ တင်ဆက်ပေးပါမယ်..။
ယနေ့ နံနက်ပိုင်းမှစ၍ ရွေးကောက်ပွဲ Update သတင်း
ယနေ့မနက် (၆)နာရီကတည်းက ပြည်သူတွေ ဇွဲကောင်းကောင်းနဲ့ မဲပေးနေတဲ့ မင်္ဂလာတောင်ညွန့် မြို့နယ် မဲရုံ မြင်ကွင်း.. (AP)
စစ်ကိုင်းကန့်ဘလူနဲ့ ပဲခူးတိုင်း ဇီးကုန်းမဲဆန္ဒနယ်တွေမှာ ဆန္ဒမဲလက်မှတ်များ၌ ကော်မရှင် တံဆိပ်တုံးများ မပါတာကို သိရှိရတဲ့အတွက် ကိုယ်စားလှယ်များမှ ကန့်ကွက်တဲ့ အတွက်ကြောင့် မဲပေးမှု ခေတ္တရပ်ဆိုင်းသွားခဲ့ပါတယ်..။ မြို့နယ်ကော်မရှင်သို့ ဆက်လက်တိုင်ကြားရာမှ မြို့နယ်ကော်မရှင်မှ ဒီအတိုင်း ဆက်သွားပါ မဲလက်မှတ်များအား အတည်ပြုပေးပါမယ်လို့ ကတိပြုတဲ့အတွက် ဆက်လက် မဲပေးမှု ပြန်လည်စတင်နေကြောင်း ဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်..။ ဇီးကုန်းမြို့မှာ မနက်(၆)နာရီကတည်းက မဲပေးရန် ပြည်သူများ ရာနဲ့ချီစောင့်ဆိုင်းနေကြကြောင်း သိရှိရပါတယ်..။ (ရန်ကုန် မနက် ၇နာရီသတင်း)Update သတင်းများ ဒီမိုဝေယံမှ အတတ်နိုင်ဆုံး ကြိုးစားဖော်ပြသွားပါမယ်..။
အဖွဲ့ချုပ်ဗဟိုအောင်နိုင်ရေး မာန်နေဂျာ ရှေ့နေကြီး ဦးဥာဏ်ဝင်းနဲ့အဖွဲ့ မနက်(၆)နာရီ ကျော်ကတည်းက ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးကို ရောက်ရှိနေပါပြီ..။ မနေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့အား နှောင့်ယှက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပါတယ်...။ မနေ့ညကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင်ပြေချောမွေ့စွာ ရောက်ရှိကြောင်း ပြောဆိုပါတယ်...။ သတင်းများထပ်မံ ဆက်သွယ် ဖော်ပြပေးပါမယ်..
စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် ကလော မဲဆန္ဒနယ် ၂နေရာမှာ မဲရုံးမှူး လက်မှတ်ပါပြီး ရွေးကောက်ပွဲ ကော်မရှင်မှ အတည်ပြုထားသော တံဆိပ်တုံး လက်မှတ် မပါရှိသော မဲလက်မှတ် အတုဟု ယူဆရတဲ့ မဲလက်မှတ်များ ပါဝင်လာတဲ့အတွက် သက်ဆိုင်ရာနယ်မြေမှ ကော်မရှင်သို့ တိုင်တန်း အကြောင်းထားကြောင်း ရှေ့နေကြီး ဦးဥာဏ်ဝင်းမှ ယနေ့ရောက်ရှိလာတဲ့ သတင်းအား ပြောဆိုပါတယ်။ နိုင်ငံခြား သတင်းထောက် အချို့ အဖွဲ့ချုပ်ရုံးသို့ ရောက်ရှိနေပါပြီ။
စစ်ကိုင်းကန့်ဘလူနဲ့ ပဲခူးတိုင်း ဇီးကုန်းမဲဆန္ဒနယ်တွေမှာ ဆန္ဒမဲလက်မှတ်များ၌ ကော်မရှင် တံဆိပ်တုံးများ မပါတာကို သိရှိရတဲ့အတွက် ကိုယ်စားလှယ်များမှ ကန့်ကွက်တဲ့ အတွက်ကြောင့် မဲပေးမှု ခေတ္တရပ်ဆိုင်းသွားခဲ့ပါတယ်..။ မြို့နယ်ကော်မရှင်သို့ ဆက်လက်တိုင်ကြားရာမှ မြို့နယ်ကော်မရှင်မှ ဒီအတိုင် ဆက်သွားပါ မဲလက်မှတ်များအား အတည်ပြုပေးပါမယ်လို့ ကတိပြုတဲ့အတွက် ဆက်လက် မဲပေးမှု ပြန်လည်စတင်နေကြောင်း ဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်..။ ဇီးကုန်းမြို့မှာ မနက်(၆)နာရီကတည်းက မဲပေးရန် ပြည်သူများ ရာနဲ့ချီစောင့်ဆိုင်းနေကြကြောင်း သိရှိရပါတယ်..။
05 July 2011
ဦးသိန်းစိန် လက်ထက်မှာ လယ်သမားတွေကိုယနေ့ချိန်ထိမတရားဖမ်းဆီးထားတုန်းပါဘဲ ..
ထိန်တော်ကြီးအုပ်စုဗမာစုကျေးရွာ ကန်ကြီးထောင့်မြို့နယ် တွင်နေထိုင်သော ကိုထွန်းအေး ဆိုသူအား (၃၀.၆.၂၀၁၁) နေ့ တွင် ရန်ကုန် အိုင်အယ်လ်အိုရုံးမှ အပြန်အဖမ်းခံရသူ့ကို ပုဒ်မ ၄၂၇။၄၄၇ဖြင့် .လောလော ဆယ် တရားဆွဲဆိုထားသည်၊ ပုသိမ်မြို့ ထောင်ကြီးချုပ်တွင် လောလောဆယ် ပို့ထားပါသည်၊ အဖမ်းမခံရခင်တွင် ကန်ကြီးထောင့်မြို့နယ်မှ လယ်သမားများအား အထွေထွေအုပ်ချုပ်ရေးမှူးနှင့်မြေစာရင်းမှ တစ်ဧကကို (၅၀၀)ကောက်ခံသည့် အတွက်ကိုထွန်းအေးမှ လယ်သမားများအား လက်မှတ်ထိုးခိုင်းကာ ၀န်ကြီးချုပ်ဦးသိန်းအောင်အား လိပ်မူ၍ အိုင်အယ်လ်အိုရုံးသို့ မိတ္တူပေးကာ အဓ္ဓမ ငွေကြေးကောက်ခံမှု ကိုတရားဝင် စာပေးပို့ ကာ၎င်းကိုယ်တိုင် လက်မှတ်ထိုး၍ တိုင်တန်းခဲ့ပါသည်၊ ပုံမှာ လယ်သမားမှတ်ပုံတင်နှင့် နောက်ကာလာဓါတ်ပုံတစ်ပုံမှာ မတ်လ(၁၃) ကိုဖုန်းမော်နေ့ ပုသိမ်မြို့ ကိုမြင့်နိုင် (HRWDN) အိမ်တွင်ပြုလုပ်စဉ် ကတက်ရောက်ခဲ့သော ပုံဖြစ်ပါသည်၊ကိုထွန်းအေးမှာ (HRWDN) ကွန်ယက်ဝင် တယောက်ဖြစ်ပါသည်
02 July 2011
CRPP အနေနဲ့ လူငယ် သွေးသစ်တွေကို ကော်မတီမှာ တာဝန်ပေးဖို့ ဆုံးဖြတ်
ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီ CRPP အနေနဲ့ လူငယ် သွေးသစ်တွေကို ကော်မတီမှာ တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက NLD ပါတီ ဌာနချုပ်မှာ ပြုလုပ်တဲ့ CRPP အစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာပါ။
CRPP အစည်းအဝေးကို NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပြင် ဗဟို အလုပ် အမူဆောင် ဦးဝင်းတင်၊ ဦးသန်းထွန်း ဦးလှဖေ တို့နဲ့ CPPP အတွင်းရေးမှူး ဦးအေးသာအောင်၊ ဦးကျင်ရှင်းထန် နဲ့ ဦးစိုးဝင်းတို့ တက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလိုပြောပါတယ်။ "အထွေထွေ နိုင်ငံရေး အခြအနေကို သုံးသပ်တယ်။ ပြီးတော့ CRPP အဖွဲ့မှာ အသက်အရွယ် ကြီးရင့်တာ၊ တချို့ကလည်း ကျမ်းမာရေးချို့တဲ့တာတွေကြောင့် လစ်လပ်သွားတဲ့ နေရာတွေမှာ သက်ဆိုင်ရာ ပါတီတွေအလိုက် သင့်တော်တဲ့ ပုဂ္ဂိုလ်များကို အစားထိုး အားဖြည့်သွားဖို့ သူတို့ ဆုံးဖြတ်တယ်လို့ သိရပါတယ်။ " အစည်းအဝေးမှာ NLD ပါတီ အပေါ် ပြည်ထဲရေး ၀န်ကြီး ဌာနက သတိပေးချက်နဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီအကြောင်း အသေးစိတ်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။
သတင်းရင်းမြစ်..RFA

26 June 2011
စစ်အာဏာရှင်အဆက်ဆက်မြန်မာပြည်ထဲက ပြည်သူတွေလုံခြုံရေး

မြို့တွေပေါ်မှာ ဗုံးခွဲတိုက်ခိုက်တာ မဖြစ်ရ အောင် လုံခြုံရေး အစီအမံ က မရှိ သလောက် ဖြစ်နေ တယ်လို့ မြန်မာနိုင်ငံ စစ် ထောက်လှမ်းရေး ဘက်မှာ တာဝန်ယူ ခဲ့ဘူးတဲ့ သူ တဦး က ပြော ပါတယ်။
သောကြာနေ့ က မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင် စတဲ့ မြို့တွေမှာ ဖြစ်ခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှု မျိုးတွေ မဖြစ်ရအောင် ကြိုတင် ကာကွယ်တဲ့ စီမံချက် က သူတို့ ခေတ် တုန်း ကလဲ သေသေချာချာ မရှိ သလို အခုလည်း မရှိပါဘူး လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် က ဘီဘီစီ ကို ပြောပါတယ်။
ဗုံးခွဲမယ့် သတင်းရ ရင် လမ်းပိတ်ရှာတာ၊ ဧည့်စာရင်း စစ်တာ ကလွဲလို့ တင်ကြိုစီမံချက် ဘာမှ မရှိဘူးလို့ သိရ ပါတယ်။
ဗုံးတွေ ကွဲပြီးမှသာ ဘာဗုံး အမျိုးအစား ဖြစ်လို့ ဘယ်သူ့လက်ချက် ဖြစ်တယ် ဆိုတာ ခန့်မှန်း ကြပြီး အခင်း ဖြစ်တဲ့ နေရာ က လူတွေရဲ့ ပြောကြားချက် ကို အခြေခံကာ မသင်္ကာတဲ့ သူကို လိုက်ဖမ်း စစ်ဆေးတာ သာ ဖြစ်ကြောင်း လည်း သူ က သူတို့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြော ပြပါတယ်။
အဲဒီတော့ ဗုံးခွဲသူ အဖြစ် မသေချာပဲ တရားရုံး က ပြစ်ဒဏ် ချမှတ် လိုက်သလို ဖြစ်နေ ကြောင်း သူ က ရှင်းပြပါတယ်။
မြန်မာနိုင်ငံ မှာ ဖြစ်ခဲ့တဲ့ ဗုံးကွဲမှု တွေ ဥပမာ ၂၀၀၅ က ကမ္ဘာအေးစေတီ မှာ စွယ်တော် ပူဇော်ပွဲမှာ ဗုံးကွဲမှု ၊ Junction 8 နဲ့ သင်္ကြန် X2O ရေကစား မဏ္ဍပ် ဗုံးကွဲမှု တွေ အပါအဝင် ဗုံးကွဲမှု အကုန် နီးပါး လက်သည် မရှာနိုင်ခဲ့ ကြောင်း နဲ့ စွပ်စွဲခံရသူ ထုတ်ပြ လာရင်လည်း ယုံကြည်နိုင်စရာ အချက် အလက် တွေနဲ့ သက်သေ မပြနိုင် ကြောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် က ပြောသွား ပါတယ်။
ကမ္ဘာအေးစေတီ မှာ စွယ်တော် ပူဇော်ပွဲမှာ ဗုံးကွဲမှု မှာ ပါဝင် ပတ်သက်တယ် လို့ သင်္ကာ မကင်းခံရသူ စစ်ဗိုလ် တဦး ကို လည်း အထက် က အမိန့် နဲ့ မစစ်ဆေး နိုင်ပဲ လွှတ် ခဲ့ ရတာ တွေ ရှိခဲ့ကြောင်းလည်း သူ က ဆိုပါတယ်။
သတင်းရင်းမြစ်..ဘီဘီစီ

ဗုံးပေါက်ကွဲမှုကြောင့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နယ်လှည့်ခရီးအပေါ်စိုးရိမ်ရသလား..
မြန်မာနိုင်ငံ ဗုံးပေါက်ကွဲမှုတွေ မငြိမ်မသက် ဖြစ်နေတဲ့ အခြေအနေ တွေကြောင့် ဒေါ်အောင်ဆန်း စုကြည် ရဲ့ နယ်လှည့်ခရီး လုံခြုံစိတ်ချရ ပါ့မလား လို့ စိုးရိမ်စရာတွေ ဖြစ်နေ ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌလည်း ဖြစ် ၊ ဒီပဲယင်း အရေး အခင်းမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူတူ တိုက်ခိုက်ခံ ရဖူးတဲ့ ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်ဦးက လုံခြုံရေးနဲ့ ပတ်သက်ပြီး ကျေနပ်လောက်အောင် သက်ဆိုင်ရာ အာဏာ ပိုင် တွေနဲ့ ညှိပြီးမှ သွားမယ်လို့ ဆိုပါတယ်။
လွှတ်တော်ခေါ် အစိုးရဖွဲ့ပြီး နောက်ပိုင်း အစိုးရ က ကေအန်ယူ နဲ့လည်း စစ်ဖြစ် ၊ ရှမ်းနဲ့ လည်း ဖြစ် ၊ ကချင်မှာလည်း ကေအိုင်အိုနဲ့လည်း ဖြစ်နေ တာတွေ ဟာ ကောင်းတဲ့ သဘော သဘာဝ မဟုတ် ဘူး ဆိုတာကို သဘောပေါက်တယ် လို့ ဦးတင်ဦး က ပြောပါတယ်။
နယ်လှည့် ခရီးသွားမယ် ဆိုရင်တဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို သေသေချာချာ တာဝန် ယူဖို့ ညှိနှိုင်း အကြောင်းကြားပြီးမှ သွားမှာ ဖြစ်တယ် ၊ ဒေါ်အောင်ဆန်း စုကြည် ကို မငြိမ် သက်အောင်လုပ်မယ့် လူလိုလို ပြောနေတာ၊ အာဏာပိုင်တွေက အရပ်သား တယောက် လို့ သတ်မှတ်ပြီး သူ့ အတွက် လုံခြုံရေး မစီစဉ် မယ့် သဘော ပြောနေတာ တွေ ဟာ လက်လွတ် စပယ် ပြောတဲ့ သဘော ရောက်နေ တဲ့ အတွက် ဒါတွေကလည်း စဉ်းစားစရာ ဖြစ်တယ် လို့ လည်း သူ က ဆိုပါတယ်။

07 June 2011
ဦးနေဝင်း လက်ထက်မှ ယနေ့အချိန်ထိ မြန်မာပြည်တွင် အာဏာရှိသူများ၏လုပ်နေကြထုံးစံကတော့ မပြောင်းလွှဲသည်းမှာ အမှန်
လွန်ခဲ့သော မေလကုန်ခန့် က Coffee Cycle နှင့် Savyo Hotel ကြားတွင်ရှိသော အိမ်ကြီးအိမ်ကောင်း (Mansion) တစ်လုံး (ဒုတိယသမ္မတနေရာရထားတဲ့ စိုင်းမောက်ခမ်းရဲ့  အိမ်) သို့ ၀င်ရောက်ရာလမ်းဝတွင် ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) တစ်ဦး မောင်းနှင့်လာတော့ ပါရမီ အငှားကား တစ်စီးသည် ထိုအိမ်ရှေ့အ၀တွင် ခေတ္တ မှေးရပ်ပြီး ဖုန်းပြောနေစဉ်တွင် တစ်ဖက်မှ ကွေ့ဝင်လာမည့် ကားတစ်စီးမှ မီးထိုးခြင်း ဟွန်းတီးခြင်းများ ပြုလုပ်ပြီး လမ်းတောင်းပါသည်။
ထို့ကြောင့် ထို အငြိမ်းစား ဒုတိယဗိုလ်မှူကြီးသည် လက်ပြပြီး ကားကို ရွှေ့ပေးလိုက်ပါသည်။ ထိုမီးထိုးပြီး လမ်းတောင်းသောကားမှာ ထို ဒုတိယ သမ္မတကြီး၏ သားဖြစ်သူ မောင်းနှင်လာသော ကားဖြစ်ပြီး ထိုသူငယ်သည် အိမ်ထဲသို့ရောက်သည်နှင့် လုံခြုံရေးများအား ရှေ့တွင် ရပ်နေသော ကားကို ဖျက်ဆီးခိုင်းပြီး မောင်းနှင်လာသူအားလည်း အသေသတ်လိုက်ဟု ပြောကြားလိုက်ပါသည်။
ထိုအိမ်ရှိ လုံခြုံရေးများသည် ခြံဝ သို့ထွက်လာပြီး ထိုကားကို အုတ်နီခဲ ဖြင့် မှန်များကို ပစ်ခွဲပြီး ကားမောင်းသူကို ထိုးကြိတ်ခဲ့ပါသည်။ ထိုအချိန်တွင် ကားမောင်းသူမှ သူသည် ဒုတိယ ဗိုလ်မှူကြီး (ငြိမ်း) ဖြစ်ကြောင်းပြောသောအခါမှ ရပ်တန့်လိုက်ကြပါသည်။
ထို ဒုတိယ ဗိုလ်မှူးကြီးမှာ ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီး ရဲမှူး ဖြစ်သူနှင့် ခင်မင်ရင်းနှီးသူဖြစ်သဖြင့် ရဲမှူးထံ ဖုန်းဖြင့်ဆက်သွယ်ပြီး အမှုဖွင့်ခြင်း ကိစ္စများကို ဆောင်ရွက်ခဲ့ပါသည်။
ထိုဖြစ်စဉ်ကို အထူးလျှို့ဝှက်ထားခဲပြီး များမကြာမီက ထိုဒုတိယ သမ္မတကြီး ရန်ကုန်မြို့ရှိ ကျောင်းများ၊ ဆေးရုံများကို လာရောက်စစ်ဆေးသည့်အချိန်တွင် သက်ဆိုင်သူများနှင့် ဆွေးနွေး ကြေအေးခဲ့ပါသတဲ့။ (MMCP မှ icoe ဖေါ်ပြချက်အား လက်ဆင့်ကမ်းဖေါ်ပြခြင်း ဖြစ်ပါတယ်)။
သန့် ရှင်းသောအစိုးရဖြစ်ဖို့ ဆိုပြီး လူကြားကောင်းအောင် ပြောနေသော သိန်းစိန်အနေနဲ့  အခု စိုင်းမောက်ခမ်းတို့ မိသားစုရဲ့  လုပ်ရပ်ကို ဘာပြောမှာလည်း ဒီလို မင်းမဲ့စရိုက်ဆန်စွာနဲ့  လုပ်ရပ်ကို ဘယ်လို တရားဥပဒေအရ အရေးယူမှာလည်းဆိုတာ သိချင်ပါတယ်။

ရန်ကုန်တိုင်း သန်လျင်မြို့ နယ် ပြည်ခိုင်ဖြိုး (ကြံ့ ဖွတ်) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သန်းဦးစစ်ဆေးခံနေရ.
ရန်ကုန်တိုင်း သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုး (ကြံ့ ဖွတ်) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးအား မြေယာအလွဲသုံးစားလုပ်မှုဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ အရေးယူ ဆောင်ရွက်ပေးပါရန် တိုင်ကြားမှု ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အထက်ဖေါ်ပြပါ အကြောင်းအရာနှင့် ပတ်သက်၍ ပြည်တောင်စုကြံ့ခိုင်ဖွင့်ဖြိုးရေး (ကြံ့ ဖွတ်) ပါတီမှ သန်လျင်မြို့ နယ် မဲဆန္နနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးသည် သန်လျင်မြို့ နယ် ဘုရားကုန်းကျေးရွာအုပ်စု၊ သီလ၀ါ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့  သွားရာ လမ်းမကြီးဘေးရှိ မြေလွတ်မြေရိုင်းများကို ခရက ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် ပေါင်းကာ ရယူခဲ့ကြောင်း၊ ၄င်းမြေတစ်ဧကအတွက် ခရကဥက္ကဋ္ဌ ဦးဇော်ဝင်းအား ငွေကျပ် (၁၅) သိန်းပေးခဲ့ပြီး၊ နောက်ထပ်ငွေ ကျပ်သိန်း (၅၀၀) ကိုလည်း ထပ်မံပေးခဲ့ကြောင်း သတင်ရရှိပါသည်။
ဦးအောင်သန်းဦး ရယူခဲ့သော မြေလွတ်မြေရိုင်းများမှာ ယခင်က မြန်မာအသံဌာနပိုင်မြေ နေရာ မကျုးကျော်ရဟု ဆိုင်းပုဒ်ကပ်ထားကြောင်းလဲ သိရှိရသည်။ ၄င်းမြေနေရာသည် ဧကပေါင်း (၅၀) ကျော်ခန့် ကျယ်ဝန်းကြောင်း သိရသည်။
၎င်းမြေနေရာအား ဦးအောင်သန်းဦးမှ မြေညှိခြင်း အကွက်ရိုက်ခြင်း ကွန်ကရစ်လမ်းများခင်းခြင်း ဓါတ်မီးတိုင်များ ဆိုက်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ.ပြီး၊ သန်လျင်မြို့ မှ အစိုးရအသိုင်းအ၀ိုင်းနှင့် နီးစပ်သော လုပ်ငန်းရှင် ဦးစိန်လွင်ဆိုသူအား သိန်းပေါင်း (၂) သောင်းဖြင့် ရောင်းချခဲ့ကြောင်း သတင်းရရှိသည်။ ဦးစိန်လွင်ဆိုသူမှ ၄င်မြေနေရာကို ထပ်မံ၍ တရုတ်လူမျိုးများအား ရောင်းချခဲ့ကြောင်း သိရှိရသည်။
အဆိုပါကိစ္စနှင့် ပါတ်သက်ပြီး ကြံ့ ဖွတ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးအား အရေးယူဆောင်ရွက်ပေးပါရန် သန်လျင်မြို့ နေ ရဲဝန်တမ်းဟောင်း ဦးမြင့်ဝင်းမှ ရန်ကုန်တိုင်းအစိုးရအဖွဲ.သို့  စာရွက်စာတမ်း အထောက်ထားများဖြင့် တိုင်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။
၎င်းတိုင်ကြားချက်ကြောင့် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးနျင့် ပါဝင်ပတ်သက်သူအချို့ အား ရန်ကုန်တိုင်းလွှတ်တော်တွင် ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဦးအောင်သန်းဦးသည် သန်လျင်မြို့ နယ် သူဌေးကွင်းကျေးရွာဇာတိဖြစ်ပြီး လက်ရှိ အမှတ် (၁၈) ၊ ဖို.မြေလမ်း၊ မြို့ မတောင်ရပ်ကွက်တွင် နေထိုင်ပြီး မိဘများမှာ ဦးသန်းအေး၊ ဒေါ်ဝင်းကြည်တို့ ဖြစ်ကြောင်း သိရှိရပါသည်။
သိန်းစိန်တို့ အနေဖြင့် မတရားမှုများကို တရားဝင်တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသဖြင့်၊ အောက်ခြေ အများပြည်သူများနှင့် သက်ဆိုင်သောကိစ္စရပ်များအား အာဏာအလွဲသုံးစားပြုကာ မတရားဆောင်ရွက်ချက်များအား ပြည်သူများအနေဖြင့် တရားဝင် တိုင်ကြားမှုများ မကြာခဏ ပေါ်ပေါက်လျက်ရှိပြီး အကျင့်ပျက် ခြစား ကိုယ်ကျိုးရှာနေသော ၀န်ထမ်းများ၊ ကြံ့ ဖွတ်ပါတီဝင်များအား မည်မျှထိထိရောက်ရောက် အရေးယူဆောင်ရွက်မည်ကိုတော့ စောင့်ကြည့်ရအုံးမည်ဟု ဒေသခံများက ပြောကြားလျှက်ရှိကြောင်း သတင်းရရှိပါသည်။
ဤသတင်းအား မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်းအားကျေးဇူးတင်ရှိပါသည်.။

29 May 2011
ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

နိုင်ငံတနိုင်ငံဟာ သိက္ခာရှိဖို့နဲ့ တိုးတက်ဖို့ဆိုရင် အစိုးရတရပ်ဟာ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားဖို့ လိုအပ်ကြောင်း မေလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၁၉၉ဝ ရွေးကောက်ပွဲ နှစ်ပတ်လည် နေ့ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
“၁၉၈၈ ခုနှစ် ပြည်သူလူထုရဲ့ အုံကြွမှုကြီးကနေ ပေါက်ဖွားလာတဲ့ အဲဒီရွေးကောက်ပွဲကို ကျင်းပစဉ် အခါတုန်းက ကျမတို့ကို ပေးခဲ့တဲ့ကတိတွေ၊ အဲဒီတုန်းက နဝတ ပေါ့နော်။ ပေးခဲ့တဲ့ကတိ ဆိုတာဟာ ပြည်သူလူထုကို ပေးခဲ့တဲ့ကတိတွေ။ ပြီးတော့ နိုင်ငံတနိုင်ငံဟာ သိက္ခာရှိဖို့၊ နိုင်ငံတနိုင်ငံဟာ တိုးတက်ဖို့ ဆိုတာဟာ အခြေခံအားဖြင့် ပြည်သူလူထုကို လေးစားရမယ်။ ပြည်သူလူထုကို လေးစားရမယ်ဆိုတာ ပြည်သူလူထုကို မလှည့်ဖျားရဘူး။ ပြည်သူလူထုကို အခု စကားတမျိုးပြောပြီး နောက် စကားတမျိုး မပြောရဘူး။ ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ ၁၉၉ဝ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ် မပြုတာကို ကျမတို့ အမြဲ ကန့်ကွက်တယ်။ အမြဲ ကန့်ကွက်တဲ့အကြောင်းက NLD ကို အာဏာ မလွှဲလို့ မဟုတ်ဘူး၊ ပြည်သူလူထုကို မလေးစားလို့,
ရန်ကုန်မြို့ ရွှေဂုံတိုင် NLD ပါတီဌာနချုပ်မှာ မနေ့က ကျင်းပတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောဆိုခဲ့တာပါ။
ဒါ့အပြင် NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကလည်း အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရဲရဲဝံ့ဝံ့ ပါဝင် လက်မှတ်ရေးထိုးကြဖို့ အခမ်းအနားမှာ ဖိတ်ခေါ် ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့ လုံးပမ်းမှာပဲ။ ဥပဒေနည်းအရလည်း လုံးပမ်းမှာပဲ။ ငြိမ်းချမ်းသောနည်းအားဖြင့် လုံးပမ်းမှာပဲ။ အခုလည်း လက်မှတ်တွေ ထိုးခိုင်းနေတယ်။ လက်မှတ်တွေ ထိုးကြပါ။ အခုကြားတယ်၊ ရွံ့သလိုလို ကြောက်သလိုလို ဘာညာနဲ့။ ဘာ ရွံ့သလို ကြောက်သလို ဖြစ်နေရမှာလဲ။ အခုက သူတို့ကိုယ်သူတို့ စစ်အစိုးရ မဟုတ်ဘူးလို့ ပြောနေတယ်၊ အရပ်သားအစိုးရလို့ ပြောတယ်။ အဲဒီအရပ်သား အစိုးရ တကယ် ဟုတ်မဟုတ်၊ သူတို့ စိတ်ဓာတ် အမှန် ရှိမရှိ ကျနော်တို့ စမ်းသပ်တဲ့အနေနဲ့ လက်မှတ်တွေ ထိုးပါလို့ ကျနော်တို့ ပြောချင်တယ်,
၁၉၉၀ ရွေးကောက်ပွဲမှာ NLDပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ နဝတ၊ နအဖ စစ်အစိုးရ အဆက်ဆက်က ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ (၂၁) နှစ်ပြည့် အခမ်းအနားမှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပြောစကားတွေကိုRFAအဖွဲ့သား ကိုဥာဏ်ဝင်းအောင်က ကောက်နှုတ် တင်ပြထားပါတယ်။

19 April 2011
စစ်အာဏာရှင် ရွေးကောက်ပွဲ ကော်မရှင် မှ သတိပေးစာ
မြန်မာ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ တွေ အနေနဲ့ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်၊ မတရားသင်း ကြေညာထားတဲ့ အဖွဲ့အစည်း တွေနဲ့ မဆက်ဆံဖို့သတိပေးစာ တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပေးပို့ခဲ့ပါတယ်။
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတဲ့ ပါတီ ၃၇ ခု ဟာ၊ ဒီသတိပေးစာတွေ အပေါ် ဘယ်လိုနားလည် ရမယ်မှန်း မသိပုံ ကို မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ မြန်မာ ရဲ့ ဥက္ကဌ တွေက ဘီဘီစီ ကို ပြောပြပါတယ်။
ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၂ နဲ့ နည်းဥပဒေ ပုဒ်မ ၁၅ ကို ချိုးဖေါက်ပါက၊ မှတ်ပုံတင်ထားခြင်း မှ ပယ်ဖျက်မယ် လို့ ဆိုထားလို့ မတရားသင်း အနေနဲ့ ဘယ်အဖွဲ့အစည်း ကို ရည်ညွှန်းမှန်း လဲ မသိပုံ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုဆိုလိုသလား လဲ မမှန်းတတ်တဲ့ အကြောင်း နိုင်ငံရေးပါတီ တွေက အခက်တွေ့နေ ကြ တယ်လို့ ဆိုပါတယ်။
၂ဝ၁ဝ ရွေးကောက်ပွဲ မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က မှတ်ပုံမတင်တဲ့ အတွက် NLD ပါတီကို ဖျက်သိမ်းတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က ကြေညာပေမဲ့ အခု အချိန်အထိ NLD နဲ့ ထိတွေ့ ဆက်ဆံတဲ့ ပါတီတွေကို အရေးယူတာ မတွေ့ရ လို့ အစိုးရ အနေနဲ့ ဘာဆက်လုပ်မယ် ဆိုတာ ကို ခန့်မှန်းရ ခက်နေကြပါတယ်။
သတင်းရင်းမြစ် ..ဘီဘီစီ

15 April 2011
သင်္ကြန်အကျနေ့ တပ်မတော်ခန်းမရှေ့ ယာဉ်တိုက်မှုဖြစ် ကိုးဦး ဒဏ်ရာရ

သင်္ကြန် အကျနေ့ ဧပြီ ၁၄ ရက်က ရန်ကုန်မြို့ ဦးဝိစာရလမ်းမကြီးပေါ်တွင် ယာဉ်မတော် တဆမှုဖြစ်ပွားခဲ့ရာ ကားပေါ်ပါသူ ကိုးဦး ထိခိုက် ဒဏ်ရာရရှိ သွားကြောင်း သိရှိရသည်။
ယနေ့ နံနက် ၁၀ နာရီ ခွဲ ခန့်တွင် ဦးဝိစာရလမ်းအတိုင်း မောင်းနှင်လာသော ဆန်းထွန်း အင်ဂျင်နီ ယားရင်း လုပ်ငန်းပိုင် လိုက်ထရပ်ကားတစ်စီးသည် လမ်းပေါ်တွင် စလစ်ဖြစ်ကာ အရှိန်မထိန်းနိုင်ဘဲ တပ်မတော် ခန်းမရှေ့ရှိ သံတံခါးတိုင်ကို ၀င်ရောက်တိုင်မိခဲ့သည်။ ကားခေါင်းပိုင်းတစ်ခုလုံး ကြေမွပျက်စီးသွားပြီး ကားပေါ်ပါ သူများ အားလုံး ထိခိုက် ဒဏ်ရာရ သွားကြောင်း သတင်းရရှိသည်။
`ကားခေါင်းခန်းပါတဲ့ နှစ်ယောက်ကတော့ အတော်အခြေအနေဆိုးတယ်ဗျ`ဟု မျက်မြင်သက်သေတစ်ဦးက သင်္ကြန်သတင်းအဖွဲ့ကိုပြောပြသည်။
ဒဏ်ရာရသူအားလုံးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ဆေးကုသမှုခံယူစေပြီး သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်း ဂျာနယ်တွင် ဖော်ပြထားသည်.။

09 April 2011
ဒေါ်အောင်ဆန်းစုကြည် အား ရှေ့ဆောင်လမ်းပြသူ အမျိုးသမီးဆု ချီးမြှင့်

၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ညီလာခံတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့် သဝဏ်လွှာမိန့်ခွန်း အသံသွင်းတိတ်ခွေကို ဖွင့်ပြခဲ့ပါသည်။(ဓာတ်ပုံ.AFP)
အမေရိကန် ပြည်ထောင်စု အခြေစိုက် Vita Voices Global Partnership အဖွဲ့က သူတို့ရဲ့ ၁၀ကြိမ်မြောက် Global Leadership Award ဆုရှင် ၆ ဦးထဲက တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အတွက် ရွေးချယ် ချီးမြှင့်ကြောင်း ကြေညာလိုက်ပါတယ်။
ဆုရှင် ၆ ဦးထဲမှာ ၁၀ ကြိမ်မြောက် အထူးဆုအဖြစ် Trail-Blazerလို့ခေါ်တဲ့ ရှေ့ဆောင်လမ်းပြသူ အမျိုးသမီးဆုကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်မယ်လို့ သိရပါတယ်။ ဒီဆုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ရတာနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ပြောခွင့်ရသူ Ms. Flavia Draganus က အခုလို ပြောပြပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖော်ဆောင်ဖိှု့ကြိုးစားနေတာကြောင့်မို့ စွန့်ဦးတည်ထွင်သူအမျိုးသမီးဆု ချီမြှင့်ဖို့ ရွေးချယ်ခဲ့ရတာပါလို့ သူက ပြောပြသွားပါတယ်။
ဒီဆုဟာ အမျိုးသမီးတွေကိုပဲ နှစ်စဉ်ရွေးချယ် ချီးမြှင့်နေတဲ့ဆုဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ Global Leadership Award ဆုကို ရတဲ့ အမျိုးသမီး ၅ ဦးကတော့ အိန္နိယနိုင်ငံက လူကုန်ကူးမှုတိုက်ဖျက်ရေး ခေါင်းဆောင် အမျိုးသမီး မစ္စဆုနီသာ ခရစ္ဆနမ် ၊ အစ္ဆရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ အမျိုးသမီး ၂ ဦး၊ ကင်မရွန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ခါ ဝေါ်လာ ၊ အာဖဂန်နစ္စတန် နိုင်ငံက စီးပွားရေး လွတ်လပ်ခွင့်အတွက် လှုပ်ရှားနေသူ ဖာတမာ အက်ခ် ဘာရီတို့ ဖြစ်ကြောင်း သိရပါတယ်။
ဆုပေးပွဲကို ဧပြီလ ၁၂ ရက်နေ့ အမေရိကန် ပြည်ထောင်စုမြို့တော် ဝါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ ဂျွန်အက်ဖ် ကနေဒီ စင်တာမှာ ကျင်းပမှာ ဖြစ်ပြီး၊ အမေရိကန် နိုင်ငံခြားရေးဝနှ်ကီး ဟီလာရီ ကလင်တန် ကိုယ်တိုင် တက်ရောက် ဆုချီးမြှင့်မယ်လို့ သိရပါတယ်၊ ဒါ့အပြင် လူမှုရေးလုပ်ငန်းတွေ လုပ်နေတဲ့ နာမည်ကျော် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီးတွေနဲ့ CNN လို ရုပ်သံဌာနက နာမည်ကျော် ပုဂ္ဂိုလ်တွေလည်း တက်ရောက်မယ်လို့ သိရပါတယ်။
သတင်းရင်းမြစ်...လွတ်လပ်တဲ့ အာရှအသံ (RFA)

Subscribe to:
Posts (Atom)