31 December 2009

လမ်းများနဲ့ တို့တစ်တွေ

လမ်းများနဲ့ တို့တစ်တွေ

ငါတို့ဖြတ်သန်းနေတဲ့ဘဝတွေ
အတုလား...
အစစ်လား...
ငါတို့ကိုယ်တိုင်လည်း
အတုလား...
အစစ်လား...
ဘဝမှာ
ရှိခြင်းတရားတွေနဲ့
ခဏခဏပျက်ကွက်တတ်တဲ့စက္ကန့်တွေထဲမှာ
ငါတို့တစ်တွေရဲ့
အတုအစစ်တွေကြားက
ရိုးသားမှုဆိုတာ
ခါးဝတ်ပုဆိုးလောက် မလွယ်ဘူးဆိုတာ...
တို့ရဲ့... ဘဝထဲမှာ
ကြည့်လေ မြင်လေ...။


ကဗျာ(သာဇော်)