29 December 2009

ရန်ကုန်မြို့ ၊တာမွေမြို့နယ်တွင် အသက်၂နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦး ၆ထပ်တိုက်ပေါ်မှ ပြုတ်ကျ သေဆုံးခြင်း..။

ရန်ကုန်မြို့၊တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ဇာတိဂုဏ်လမ်းရှိ ၆ထပ်တိုက်သစ်တစ်ခုမှ

ကလေးငယ်တစ်ဦးသည် ၂၇ရက်နေ့ နံနက် ၇နာရီ၅၀မိနစ်ခန့်အချိန်တွင် ၆ထပ်မှပြုတ်ကျ

သေဆုံးခဲပါတယ်။ကလေးပြုတ်ကျချိန်တွင် အိမ်တွင် ကလေးတစ်ဦးတည်းသာကျန်နေခဲ့ပြီး၊

မိခင်ဖြစ်သူမှာ အရင်နေ့များက ဈေးသွားတိုင်းအမြဲခေါ်သွားလေ့ရှိသော်လည်း ထိုနေ့တွင်မှ

ကလေးအိပ်ပါစေတော့ဟုခေါ်မသွားဖြစ်ခဲ့ပါ။ ကလေးကို တာမွေမြို့နယ်ရှိ အထူးကုဆေးခန်း

ကြီးတစ်ခုသို့ အရင်ဆုံးခေါ်သွားပြရာ ကလေးဆေးရုံကြီးသို့သွားရန် စေခိုင်းသဖြင့် ကလေး

ဆေးရုံသို့ အသွား လမ်းတွင်ပင်ကလေးအသက်ပျောက်သွားခဲ့ပါတယ်။



အလွန်ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ နောင်ဒီလို အဖြစ်မျိုးမဖြစ်ရအောင်

မိဘများအနေနဲ့ ငယ်ရွယ်တဲ့ သားသမီးများကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ခြင်းများ

မပြုလုပ်သင့်ပါကြောင်းနဲ့ အနာဂတ်ရဲ့  ကလေးငယ်များကို ပိုမို ဂရုစိုက်ပေးကြပါလို့

ပန်ကြားရင်း ဤသတင်း လေးအားတင်ပြလိုက်ပါတယ်.။



သတင်း ပေးပို့ ပေးသော မောင်လေးရဲကို အားကျေးဇူးတင်ပါသည်.။