21 July 2012

ဒေါ်အောင်ဆန်းစုကြည်၏ မှတ်တမ်းရုပ်ရှင်ကို ဒါရိုက်တာမင်းထင်ကိုကိုကြီး ရိုက်ကူးတော့မည်

ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုဗယ်ဆုရှင် ဒေါ်အောင် ဆန်းစုကြည်၏မှတ်တမ်းရုပ်ရှင် (Documentary) ကို စတင်ရိုက် ကူးတော့မည်ဖြစ်ကြောင်း 7Day Newsသို့ ပြောကြားသည်။

ရိုက်ကူးရေးအစီအစဉ်များ ကို မကြာမီရက်ပိုင်းအတွင်း ကြေညာသွားမည်ဖြစ်ကြောင်း မင်းထင်ကိုကိုကြီးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ ဇာတ်ကြောင်းကို ပြင်သစ်ဒါရိုက်တာ Luc Besson က The Lady အမည်ဖြင့် ရုပ်ရှင်ပြန်လည် ရိုက် ကူးထားပြီး ပြည်တွင်းတွင်မူ ဒါရိုက်တာမင်းထင်ကိုကိုကြီးက ၄င်း၏ဘ၀ဖြတ်သန်းမှုကို ပထမ ဆုံးရိုက်ကူးမည့် ဒါရိုက်တာဖြစ်သည်။ 

သတင်း.... 7Day News Journal

၈၈ မျိုးဆက် ကျောင်းသားများ၏ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်ရန် ဆွေးနွေး

၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၏ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်ရန် အတွက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် ဂီတလောကသားများ တွေ့ဆုံ ဆွေးနွေးပွဲကို ၁၅-၇-၂၀၁၂ ရက်က Mr.Guitar တွင် ပြုလုပ်ခဲ့သည်။ ဂီတလောကသားများနှင့် တွေ့ဆုံခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က “အခုလို ဂီတသမားတွေနဲ့ တွေ့တာက ကျွန်တော်တို့က ဒီလိုပွဲမျိုးနဲ့ ပတ်သက်ပြီး သိပ်မသိတော့ သူတို့နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးတာပါ။


ဖျော်ဖြေပွဲကတော့ စက်တင်ဘာလ ၁ ရက်နေ့မှာ လုပ်မှာပါ။ အနုပညာရှင်တွေရဲ့ သီချင်းတွေ အပါအဝင် ကျွန်တော်တို့ ကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းတွေလည်း ပါဝင်မှာပါ” ဟု ပြောကြားခဲ့သည်။ 

ထိုဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ်ရှိ MCC ခန်းမတွင် ခန်းမတွင် စက်တင်ဘာလ ၁ ရက်၌ ကျင်းပသွားမည် ဖြစ်ကြောင်း ဖျော်ဖြေပွဲမှ ရရှိသော ရန်ပုံငွေများကို ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့၏ ရန်ပုံငွေအဖြစ် ထားရှိမည်ဖြစ်ပြီး လိုအပ်သော နေရာများတွင်လည်း ထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ဂီတပွဲ ဖြစ်မြောက်ရေး အတွက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အဆိုတော် မေခလာ၊ ကော်နီ၊ ကာကာ၊ သျှီ၊ စိုင်းထီးဆိုင် မိသားစုတို့မှ စုစုပေါင်း ကျပ် ၁၉ သိန်း လှူဒါန်းခဲ့ကြောင်း ထိုဖျော်ဖြေပွဲသို့ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့ လမ်းလူမှု ကွန်ယက်အဖွဲ့ ရန်ကျော်၊ မေခလာ၊ သျှီ၊ မျိုးကျော့မြိုင်၊ Rဇာနည်၊ ဇော်ပိုင်၊ အရိုး၊ အနဂ္ဂ၊ သံသာဝင်း၊ ကာကာ၊ ချမ်းအေးဝင်း အစရှိသည့် ဂီတသမား အများအပြား တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 သတင်း.... ပြည်မြန်မာသတင်းဂျာနယ်

19 July 2012

ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့ မိန့်ခွန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာ ဒီနေ့ကျင်းပတဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား

လွန်ခဲ့သော ၆၅ နှစ်က ဗိုလ်ချုပ် အောင်ဆန်း ၏ ရုံခန်း အမှတ်တရ

 ဗိုလ်ချုပ် ရုံးထိုင်ခဲ့သောအခန်း

ယခင်က တိုင်းပြုပြည်ပြု လွှတ်တော်ကျင်းပရာ အဆောက်အအုံနှင့် အလံတိုင်( အဆိုပါ အလံတိုင်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြေညာချိန်၌ နိုင်ငံတော် အလံ ပထမဆုံး လွှင့်တင်ခဲ့သည့်
အလံတိုင်ဟု သိရသည်။)


 

  
အစည်း အဝေးခန်းနှင့် ရုံးခန်းများသို့ အလွယ်တကူ သွားလာနိုင်သော သီးသန် 
့လှေကားငယ် 
တစ်ခု(လုပ်ကြံသူများ ထိုလှေကားမှ တက်ခဲ့သည် ဟု သိရသည်။)

 

 ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီး ၂၇ နှစ်ခန့်အကြာ ၁၉၇၄ ခုနှစ် နောက်ပိုင်းမှစ၍ အစည်းအဝေး ခန်းမအား ဘုရားခန်း အဖြစ် ပြောင်းလဲခဲ့သည် (နှစ်စဉ် အာဇာနည်နေ့ရောက်တိုင်း အဆိုပါအခန်း၌ သက်ဆိုင်ရာဝန်ကြီးဌာန ဝန်ထမ်းများက သံဃာတော်များအား ဆွမ်းဆက် ကပ်ကုသိုလ်ပြုကြသည်ဟုသိရသည်။)

 ရှေးလက်ရာအတိုင်းပကတိတည်ရှိနေသေးသည့်ရုံးတွင်းအဆောက်အအုံ မြင်ကွင်းနှင့်
သစ်သားလှေကားကြီး(ပထမထပ်တွင်ရှိသောဗိုလ်ချုပ်ရုံးထိုင်သည့်အခန်းသို့ ရောက်ရန်
ထိုလှေကားမှသွားရသည်။)
 
ဗိုလ်ချုပ် ရုံးခန်းသို့ အဝင်နံရံတွင်တွေ့မြင်ရသည့်ကျောက် ပန်းချီကား (ဗိုလ်ချုပ် လုပ်ကြံခံရပြီးနောက်ပိုင်း အင်ဂျင်နီယာ အသင်းမှ ပြုလုပ် ပေးခဲ့ပြီးအောက်ခြေတွင် UNM ပန်းချီအဖွဲ့ဟုရေး ထိုးထားသည်။)

ရှေးလက်ရာ သစ်သားကနုတ်များဖြင့် ပုံဖော်ထားသည့် အစည်းအဝေးခန်းမတံခါးများ (အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသောအခန်း ဖြစ်သည်။)

ယနေ့ ဇူလိုင်လ ၁၉ ရက်တွင်ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဂါရဝပြု (မှတ်တမ်းဓာတ်ပုံ)

ဓာတ်ပုံ... Ap

အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရ၀ပြုကြသော မိသားစုဝင်များ

ဓာတ်ပုံ.... Popular Myanmar News Journal

17 July 2012

အာဇာနည်ခေါင်းဆောင်ကြီးများ ဈာပနမှတ်တမ်း သမိုင်းဝင်ရိုက်ကူးခဲ့သူ ဆရာကြီး ဒဂုန်မြင့်စိုးအင်တာဗျူးပြန်လည်တင်ဆက်ခြင်း

''အဘအဲဒီတုန်းက အိုင်မို (Eymo) ကင်မရာနဲ့ရိုက်ဖြစ်ခဲ့တာ။ လက်ကိုင်ကင်မရာလေးနဲ့ ရိုက်တာ။ အဲဒီကင်မရာထဲကို ပေ ၁ဝဝ ဖလင် ထည့်ပြီး ရိုက်ခဲ့တာ။ ဈာပနက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂျူဗလီ ဟောကနေ အာဇာနည်ဗိမာန်ထိ ကင်မရာထမ်းလျှောက်ပြီး တောက် လျှောက်ရိုက်ခဲ့တာ။ အာဇာနည် တွေရဲ့ ရုပ်ကလပ်ကိုရိုက်လိုက်၊ လာ ရောက်ဂါရဝပြုတဲ့ ပရိသတ်အုပ်ထဲ ဝင်ရိုက်လိုက်နဲ့ ရိုက်ခဲ့ရတာ။ ကင်မ ရာထဲထည့်တဲ့ ဖလင်ကလည်း ပေ ၁ဝဝ ပဲရှိတော့ ခဏခဏလဲလဲပြီး ရိုက်နေရတာ'' ဟုပေါ်ပြူလာ စာပေ အနုပညာဂျာနယ်အဖွဲ့ကိုအားတက် သရော ဖြေကြားပေးသူကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၏ နာယကကြီးတစ်ဦးလည်းဖြစ်၊မြန်မာ့ ရုပ်ရှင်သမိုင်းစဉ် (၁၉၂ဝ-၁၉၄၅)နှင့် ရုပ်ရှင်စာအုပ်များ ပြုစုခဲ့သူလည်း ဖြစ်သည့် ဆရာကြီးဒဂုန်မြင့်စိုးဖြစ် ပါသည်။

'အာဇာနည်နေ့' ကျရောက်ခါ နီးအခါသမယမှာ ပေါ်ပြူလာနှင့် တွေ့ဆုံခြင်းဖြစ်၍ ဆရာကြီးအနေ နှင့် ငယ်ရွယ်နုပျိုစဉ်က အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဈာပန အခမ်းအနားသို့ ကိုယ်တိုင်ကိုယ်ကျ သတင်းမှတ်တမ်းရိုက်ကူးခဲ့ပုံကို ရုပ်ရှင်နောက်ကြောင်းပြန် (Flash- back) လို ပြန်လည်မြင်ယောင်နေပုံ လည်းရ၏။

''အဲဒီတုန်းကအဘ အသက်က ငယ်သေးတော့ ဝါသနာအရ လိုက် ရိုက်ဖြစ်တာ။ အလောင်းတွေ သယ် သွားတာကစပြီး ဂူသွင်းတဲ့အထိ မပင်မပန်းနိုင်ဘဲရိုက်ခဲ့တာ။ အဘက ပထမတုန်းကလိုက်ရိုက်ခဲ့တာဝါသနာ အရပေမယ့် တကယ်တမ်းကျတော့ ဒီ ရိုက်ကူးမှုဟာနိုင်ငံနဲ့ လူမျိုးအရေး နဲ့လည်း ပတ်သက်တော့စိတ်ထဲမှာ ဝမ်းနည်းပြီး စိတ်တော့မကောင်းဘူး။ အဘဘဝ အတွက်အမှတ်တရ၊ နိုင်ငံ တော်အတွက် မှတ်တမ်းရာဇဝင် သမိုင်းကားကြီး ငါရိုက်ခဲ့ပါလား ဆိုတဲ့အသိက အသက်ကြီးလာလေ ပိုပိုသိလာခဲ့တယ်'' ဟု ဆရာကြီး ဒဂုန်ဦးမြင့်စိုးက ဆိုပါသည်။

'၁၉ ဇူလိုင်၊ မမေ့နိုင်' ဆိုသလို မြန်မာပြည်တစ်ဝန်းလုံး ကြိမ်မီးအုံး သလိုဖြစ်စဉ်နှင့် ကြုံခဲ့ရသည့် ၁၉၄၇ ခုနှစ်ကာလကအကြောင်း ဆရာကြီး ပြောပြတော့ ကျွန်တော်တို့ပင်မသိ မမီခဲ့ရသော ခေတ်ကာလဆီက ထို နေ့ထိုအဖြစ်အတွက် ယူကြုံးမရ ဝမ်းနည်းခံစားကြရပါသေးသည်။ ၆၃နှစ်တိုင်ခဲ့ပြီဖြစ်သောအာဇာနည် ခေါင်းဆောင်ကြီးတို့၏ကျဆုံးခဲ့မှု အာဇာနည်နေ့အတွက် ပြည်သူတို့ မှာ တစ်နှစ်မပြတ်အမှတ်ရ လွမ်း ဆွတ်နေကြဆဲဆိုသည်ကတော့ သေချာ၏။ ဆရာကြီးမှာလည်း သူ ပါဝင်ခဲ့သော သမိုင်းမှတ်တမ်း တစ် စိတ်တစ်ဒေသနှင့် စပ်လျဉ်း၍ ဘယ် လာ မေ့ရနိုင်ပါမည်နည်း။ 

 ထိုစဉ်က အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဈာပနအခမ်းအနားအား ဂျူဗလီ ဟော အဆောက်အအုံကြီး၌ ခေတ္တပြင်ဆင်ထားရှိခဲ့ပြီး ပြည်သူလူထု ဂါရဝပြုနိုင်ခဲ့ပုံကို ဆရာကြီးဒဂုန်မြင့် စိုးတို့သမိုင်းမှတ်တမ်းရုပ်ရှင် ရိုက်ကူး ခဲ့ကြခြင်းဖြစ်သည်။

''အစကတော့ ဝါသနာပါလို့ ရိုက်ခဲ့တာလေ။ ရိုက်ကူးလို့ပြီးသွား ပြီဆိုတာနဲ့ အေဝမ်းရုပ်ရှင်ကုမ္ပဏီမှာ ပဲဖလင်ကူးဆေးတာရောတည်းဖြတ် တာရော၊ အသံဖမ်းတာရော အကုန် အဘလုပ်ခဲ့တာ'' ဟု ရှင်းပြသည်။

ဤသို့ စွယ်စုံတတ်ကျွမ်းသော ရုပ်ရှင်အတတ်ပညာရှင်၊ အနုပညာ ရှင်ဆရာကြီး၏ ငယ်ဘဝမျိုးချစ်စိတ် အားကျွန်တော်တို့ပါးစပ်အဟောင်း သားဖြင့် အားကျဖြစ်ခဲ့သည်။ ထိုစဉ် က ဈာပနသတင်းကားပြသခဲ့ပုံကို ဆရာကြီးက ပေါ်လွင်ထင်ရှား အောင်ရှင်းပြသေးသည်က...

''ရန်ကုန်မြို့လယ်က ရုပ်ရှင်ရုံ ကြီး ၄ ရုံမှာတစ်နေ့မှာ ၅ ပွဲပြခဲ့ တယ်။ အဲဒီရုံတွေက ခါတိုင်းဆို တနင်္ဂနွေတစ်ရက်ပဲ ၅ ပွဲပြတာ၊ ကျန်တဲ့ရက်တွေဆို ၄ ပွဲပဲပြခဲ့ပါ တယ်။ အဲဒီမှတ်တမ်းကားပြတဲ့ အချိန်မှာ နေ့တိုင်း ၅ ပွဲပြခဲ့တာ ကတော့ ထူးထူးခြားခြားပါ။ အဲဒီ တုန်းက ကိုယ်တိုင်လည်း သွား ရောက်ကြည့်ရှုပြီး ကိုယ့်ဘာသာ ကိုယ် ဂုဏ်ယူကျေနပ်မိတာပေါ့။ အပျော်တမ်းမှတ်တမ်း ရိုက်ကူးခဲ့ရာ ကနေ မှတ်တမ်းရာဇဝင် သမိုင်းကား ကြီးဖြစ်ခဲ့လို့လေ'' ဟူ၍ဖြစ်၏။

ဆရာကြီး ဒဂုန်မြင့်စိုး၏ဖခင် အေဝမ်းဦးတင်နွယ်မှာ မြန်မာ့ပထမ ဦးဆုံး ရုပ်ရှင်ပြဇာတ်ဥက္ကဋ္ဌကြီးဖြစ် ပြီး ဆရာကြီးဒဂုန်မြင့်စိုးကိုယ်တိုင် မှာလည်းမြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး (ယခင်ရုပ်ရှင်ကောင်စီ)၌ ဥက္ကဋ္ဌတစ်ဦးဖြစ်ခဲ့သည်။

 အမေရိ ကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျယ်လိ(စ်) ကောလိပ်၌ ဝိဇ္ဇာ(ရုပ်ရှင်)ဘွဲ့ရယူ ခဲ့ပြီးနောက် ရုပ်ရှင်လုပ်ငန်းညွှန်ကြား ရေးမှူး (ထုတ်လုပ်)အဖြစ်နှင့်မြန်မာ့ ရုပ်ရှင် အကယ်ဒမီပေးပွဲအခမ်း အနားများအား ဦးစီးဦးဆောင်ပြု စီစဉ်တင်ဆက်ခဲ့သည်မှာ အငြိမ်းစား ယူပြီးချိန်အထိပင်ဖြစ်၏။ မြန်မာ့ ရုပ်ရှင် အဆင့်အတန်းမြှင့်တင်ရေး အကဲဖြတ်အဖွဲ့ အတွင်းရေးမှူး အဖြစ်လည်း ၁၉၅၆ မှ ၁၉၈၃ ခုနှစ် အထိ ၂၇ နှစ်တိုင်တိုင်တာဝန်ထမ်း ဆောင်ခဲ့သည်။ ရုပ်ရှင်နယ်မြေမှာ မွေး၊ ရုပ်ရှင်နယ်မြေမှာကြီးပြင်းသော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်နှင့်အညီ ရုပ်ရှင်လောကအပေါ် လွန်စွာသံ ယောဇဉ်ကြီးသူလည်းဖြစ်ကြောင်း ကိုတော့မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးရှိမြန်မာ့ရုပ်ရှင်သမိုင်းပြတိုက် အား အမြဲလိုလို လူအား၊ အကြံ ဥာဏ်အားတွေဖြင့် အကြံပြု အကျိုး ပြုနေဆဲဖြစ်သည်က သက်သေပြလို့ နေပါတော့သည်။

ဈာပနက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂျူဗလီ ဟောကနေ အာဇာနည်ဗိမာန်ထိ ကင်မရာထမ်းလျှောက်ပြီး တောက် လျှောက်ရိုက်ခဲ့တာ။ အာဇာနည် တွေရဲ့ ရုပ်ကလပ်ကိုရိုက်လိုက်၊ လာ ရောက်ဂါရဝပြုတဲ့ ပရိသတ်အုပ်ထဲ ဝင်ရိုက်လိုက်နဲ့ ရိုက်ခဲ့ရတာ။

ရင်းမြစ်...  POPULAR JOURNAL

လစ်လပ်နေတဲ့ ဒုတိယသမ္မတနေရာအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က အမည် စာရင်းတင်သွင်းမှု အပြောင်းအလဲရှိလာနိုင်

လစ်လပ်နေတဲ့ ဒုတိယသမ္မတနေရာအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က အမည် စာရင်းတင်သွင်းမှု အပြောင်းအလဲရှိလာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး လွှတ်တော်မှာ သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက်ကပြောပါတယ်။ ဒုတိယသမ္မတအဖြစ် အမည်စာရင်း တင်သွင်း ခံထားရတဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေမှာ့ မိသားစုကိစ္စတွေ ရှိနေတာကြောင့် အပြောင်း အလဲရှိနိုင်ပြီး ဒီကိစ္စအတွက် ဒုတိယသမ္မတစိစစ်ရေးအဖွဲ့ကပြန်စိစစ်နေတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ် တွေတုန်းက ဒုတိယသမ္မအဖြစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကို အမည်စာရင်းတင်သွင်းဖို့ လျှာထား ကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တာပါ။ အဲ့ဒီနောက် ပိုင်းမှာတော့ ဦးမြင့်ဆွေရဲ့ မိသားစုဝင်တစ်ချို့  နိုင်ငံခြားသားအဖြစ် ခံယူထားတယ်ဆိုတဲ့ အချက်အလက်တွေ တွေ့ရတဲ့အတွက် အပြောင်းအလဲဖြစ်နိုင်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သတင်း....  DVB

ကုလဝန်ထမ်းများလွတ်မြောက်ရေး UNHCR တောင်းဆိုမှု မြန်မာငြင်းပယ်


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရိုပာင်ဂျာအကြမ်းဖက်မှုပဋိပက္ခများတွင် ဖမ်းဆီးခံခဲ့ရသည့် ကုလသမဂ္ဂဝန်ထမ်းများ ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မပာာမင်းကြီး(Antonio Guteries)၏ တောင်းဆိုမှုအား မြန်မာနိုင်ငံဘက်မှ ငြင်းပယ်လိုက်ကြောင်း ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂရုံး၏ ထုတ်ပြန်ကြောင်း ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြပါရှိသည်။
ရခိုင်ပြည်နယ်အတွင်း ဇွန်လကအတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ မသင်္ကာမှုဖြင့် UNHCR မှ ဝန်ထမ်းသုံးဦးအပါအဝင် UN မှ ဝန်ထမ်း ၁၀ဦးကို မြန်မာနိုင်ငံ၏ သက်ဆိုင်ရာတာဝန်ရှိသူများက ထိန်းသိမ်းခဲ့ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မပာာမင်းကြီးရုံး UNHCR မှ ဝန်ထမ်း ဒေါ်ချိုလေးမာခါတုန်နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ဝန်ထမ်းနှစ်ဦးတို့ကို ပုဒ်မ ၁၅၃၊ ၁၄၇ ဆူပူမှုဖြစ်စေရန် လှုံဆော်မှု၊ ပုဒ်မ ၅၀၅ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့တွင် မောင်တောတရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မောင်တောမြို့အကြမ်းဖက်မှုတွင် ဦးဆောင်ပါဝင်သည်ပာု သံသယဖြစ်ခံရသည့် ဒေါက်တာထွန်းအောင်ကို ဆူပူမှုဖြစ်စေရန် လှုံဆော်မှု ပုဒ်မ ၁၄၇၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ လိမ်လည်မှု ပုဒ်မ ၄၂၀၊ ၄၆၈၊ ပုဒ်မ၆(၁)၊ ပုဒ်မ ၁၅၃ တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ ကြောင်း UNHCR မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့တါင် နေပြည်တော်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မပာာမင်းကြီး Mr.Antonnio Guterrs ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့ရာတွင် ပြည်တွင်းသို့ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှမဖြစ်နိုင်ကြောင်းနှင့် နောက်ဆုံးဖြေရှင်းမည့်နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်း အဖြစ် ထားရှိ၍ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တောင်းဆိုမှုအပေါ် UNHCR က ငြင်းဆိုခဲ့ကြောင်း သိရ သည်။
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီရိုပာင်ဂျာများနှင့် ရခိုင်တိုင်းရင်းသားတို့၏ ပဋိပက္ခများမှ အခြေခံ၍ လူပေါင်း ၈၀ထက်မနည်း သေဆုံးခဲ့ပြီး နေအိမ် ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

သတင်း...  yangonchronicle

16 July 2012

အခြေခံပညာဆရာ၊ ဆရာမများ၏ လစာများကို စိစစ်ရွေးချယ်မှုဖြင့် အဆင့်အလိုက် တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း

အခြေခံပညာဆရာ၊ ဆရာမများ၏ လစာများကို စိစစ်ရွေးချယ်မှုဖြင့် အဆင့်အလိုက် တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိက ပြောသည်။

လစာတိုးမြှင့်ပေးမှုကို သြဂုတ်လနှင့် စက်တင်ဘာလများတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်း ကဆိုသည်။

တိုးမြှင့်ပေးသွားမည့် အစီအစဉ်အရ အလယ်တန်းကျောင်းအုပ်တစ်ဦး၏အခြေခံလစာမှာ
ကျပ်တစ်သိန်း၊ မူလတန်းကျောင်းအုပ်တစ်ဦး၏ အခြေခံလစာမှာ ကျပ်ငါးသောင်းကိုးထောင်နှင့် မူလတန်းပြဆရာတစ်ဦး၏ အခြေခံလစာမှာ ကျပ်ငါးသောင်းသုံးထောင် ခံစားရရှိမည်ဖြစ်ကြောင်းသိရသည်။

““ အကုန်လုံးကိုတိုးပေးသွားမှာတော့မဟုတ်ဘူး။ ၀န်ထမ်းတွေရဲ့အရေအသွေးတွေစစ်ဆေးပြီး တိုးမြှင့်ပေးသင့်တဲ့ဝန်ထမ်းတွေကိုပဲ စတင်တိုးမြှင့်ပေးသွားမယ်”” ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

လစာနှုန်းထားများအပါအ၀င် တိုးမြှင့်ခန့်အပ်သွားမည့်ရာထူးများအတွက် ပြည်ထောင်စုဝန်ကြီး ၊ဒုတိယ၀န်ကြီးများနှင့် တာဝန်ရှိသူများမှ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မြို့နယ်ပညာရေးမှူး များကိုလက်ထောက်ညွှန်ကြားရေးမှူးအဆင့်သို့တိုးမြှင့်ပေးမှုကိုလည်း ပူးတွဲဆောင်ရွက်သွားမည်
ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် မူလတန်းပြတစ်ဦး၏အခြေခံလစာမှာ ကျပ် လေးသောင်းခုနစ်ထောင်၊ မူလတန်းကျောင်း အုပ်တစ်ဦး၏ အခြေခံလစာမှာ ငါးသောင်းသုံးထောင်၊အလယ်တန်းကျောင်းအုပ်တစ်ဦး၏အခြေခံ လစာမှာ ကျပ်ငါးသောင်းကိုးထောင် ဖြစ်ကြောင်းသိရသည်။

သတင်း......  Popular Myanmar News Journal

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် နှင့် ဂျာမနီနိုင်ငံ Suddeutsche Zeitung သတင်းစာ အင်တာဗျူး ...

ဒေါ်အောင်ဆန်းစြုကည်ဟာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတစ်ယောက်ပါ။ အဲဒီတော့ သူ့ကိုမြန်မာ့နိုင်ငံရေးဖြစ်စဉ်ရဲ့အပြင်မှာ ချန်ထားခဲ့လို့ မရနိုင်ပါဘူး။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် နှင့် ဂျာမနီနိုင်ငံ Suddeutsche Zeitung သတင်းစာ အင်တာဗျူး

မေး။ ။သမ္မတကြီးခင်ဗျာ တစ်ကမ္ဘာလုံးက သမ္မတကြီးလုပ်နေတဲ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို အင်မတန်ကြိုက်နှစ်သက်နေကြပါတယ် ။ ကြီးမားမြင့်မြတ်တဲ့ပြုပြင်ပြောင်းလဲရေး သမား မြန်မာနိုင်ငံရဲ့ ဂေါ်ဘာချော့ လို့အခေါ်ခံရရင် ဘယ်လိုခံစားရပါမလဲ ။

ဖြေ။ ။ကျွန်တော်အစောပိုင်း ကပြောခဲ့တဲ့ရှင်းလင်းချက်တွေထဲမှာ အဲဒီအချက်အတော်များများကိုဖြေထားခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်ပြောသလိုပါပဲ၊ကျွန်တော်တို့ အစိုးရဟာမြန်မာပြည်သူတွေ ရွေးကောက်တင်မြှောက်ထား တဲ့ အစိုးရဖြစ်ပါ တယ်။ အဲဒီတော့မြန်မာပြည်သူလူထုရဲ့ဆန္ဒနဲ့သဘောထားကိုဖြည့်ဆည်းပေးရမယ့်တာဝန်ကျွန်တော်တို့မှာရှိတယ် အဲဒီအတွက်ကြောင့်လည်းပြည်သူ့ဆန္ဒနဲ့သဘောထားကို ကျွန်တော်တို့က အကောင် အထည်ဖော်ဆောင်ရွက်ပေးနေတယ်။ ကျွန်တော်ဟာမြန်မာပြည်သူတွေ ယုံကြည်စိတ်ချစွာ နဲ့ပေးအပ်ထားတဲ့တာဝန်ကို ထမ်းဆောင်နေတဲ့သူတစ်ယောက် လို့ ကိုယ့်ကိုယ်ကိုယ်လက်ခံ ထားပါတယ်။ကျွန်တော်ဟာမြန်မာပြည်သူတွေ ရဲ့ လိုအင်ဆန္ဒတွေ ကိုဖြည့်ဆည်းပေး ရမယ့် တာဝန်နဲ့
ဝတ္တရားတွေကိုထမ်းဆောင်နေတဲ့သူတစ်ယောက်ပါ။

မေး ။ ။ ပြည်သူလူထုရဲ့ဆန္ဒတွေကိုသမ္မတကြီးကဖြည့်ဆည်းပေးနေတာလို့ဆိုတော့ ပြီးခဲ့တဲ့ ၁၉၉၀ပြည့်နှစ်တုန်းက ပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်ခဲ့ပြီးပြီမဟုတ်ပါလားခင်ဗျာ။ ဘာကြောင့် ယခုအချိန်မှ သူတို့ရဲ့ဆန္ဒတွေကိုဖြည့်ဆည်းးပေးရတာလဲ၊ အဲဒီအချိန်တုန်းက ဘာကြောင့် မဖြည့်ဆည်း
ပေးခဲ့တာလဲ။

ဖြေ ။ ။အဲဒီအချိန်တုန်းက ကျွန်တော်တို့တိုင်းပြည်မှာ ယနေ့အချိန်ကာလလိုမျိုး ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုမရှိခဲ့ပါဘူး။ အဲဒီတုန်းကပြည်သူတွေရဲ့ဆန္ဒ ဟာငြိမ်းချမ်းမှုပြည့်ဝတဲ့ သဘောနဲ့ထုတ်ဖော်တာမဟုတ်ပါဘူး။ သူတို့ကလိုချင်တာ၊ ရချင်တာ၊ ဖြစ်ချင်တာကိုပဲထုတ်ဖော်ခဲ့တာပါ။ အဲဒါကြောင့်အဲဒီအချိန်တုန်းက တိုင်းပြည်ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုကိုထိန်းသိမ်းဖို့ ဆိုတာဟာ တပ်မတော် တစ်ခုတည်းအပေါ်မှာသာလုံးလုံးလျားလျားမူတည်ခဲ့ပါတယ်။တကယ်တော့ ပြီးခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်း တပ်မတော်အစိုးရက တိုင်းပြည်တာဝန်ကိုမလွဲမသွေရယူထားရတဲ့အချိန်မှာတည်းက မြန်မာနိုင်ငံ မှာ ဒီမိုကရေစီစနစ်အုတ်မြစ်ချနိုင်ရေးဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့အမြင်သူ့မှာရှိခဲ့တာပါ။ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးဆိုတဲ့ဦးတည်ချက် တပ်မတော်အစိုးရမှာရှိခဲ့ပါတယ်။ မည်သို့ပင် ဆိုစေ အဲဒီအချိန်တုန်းက တိုင်းရင်းသားလူမျိုးတွေကြားမှာ ညီညွတ်မှုဆိုတာမရှိခဲ့ပါဘူး။ တိုင်းပြည် ရဲ့အခြေခံအဆောက်အဦတွေဟာလည်းပြည့်ဝမှုမရှိခဲ့သလို ဖွံ့ဖြိုးတိုးတက်မှုဆိုတာလည်းမရှိခဲ့ပါဘူး။ တကယ်တော့အပြောင်းအလဲတွေနဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာယနေ့အချိန်ရောက်မှလုပ်ဆောင်တာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀ဝ၃ ခုနှစ်ကတည်းကအကောင်အထည်ဖော်လာခဲ့တာပါ။ အဲဒီနှစ်မှာ တပ်မတော်အစိုးရက ဒီမိုကရေစီရှေ့ဆက်ဖော်ဆောင်နိုင်မယ့် အဆင့်ခုနှစ်ဆင့်ပါလမ်းပြမြေပုံရေးဆွဲခဲ့ပြီး
တိုင်းပြည်မှာဒီမိုကရေစီဖော်ဆောင်နိုင်ရေးအတွက် အဲဒီလမ်းပြမြေပုံအတိုင်းတစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ခဲ့တာကို ခင်ဗျားသိရှိထားပြီးဖြစ်မယ်လို့ထင်ပါတယ်။ လမ်းပြမြေပုံကိုတစ်ဆင့်ချင်း အကောင်အထည်ဖော်ခဲ့ပြီး နောက်ဆုံးအဆင့်မှာ ဒီမိုကရေစီနည်းလမ်းတကျပြည်သူတွေ ကရွေးကောက်တင်မြှောက်တဲ့အစိုးရပေါ်ထွန်းခဲ့ပါတယ်။ဒီမိုကရေစီရှေ့ဆက်ဖော်ဆောင်မယ့်လမ်းပြမြေပုံ
အကောင်အထည်ဖော်မှုရဲ့ ရလဒ်အနေနဲ့ပေါ်ထွန်းလာတာဖြစ်ပါတယ်။

မေး ။ ။ ကျွန်တော်နားလည်သဘောပေါက်တာမမှားဘူးဆိုလျှင် ယနေ့ဖြစ်ပေါ်နေ တဲ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဟာ ယခင်တပ်မတော် အစိုးရခေါင်းဆောင် ဦးသန်းရွှေ(အင်တာဗျူးလုပ်သူပြောသည့်အတိုင်း)သတ်မှတ်အတည်ပြုပြဋ္ဌာန်းခဲ့ တဲ့ရေရှည် မဟာဗျူဟာရဲ့ဲ့ တစိတ်တပိုင်း လို့ဆိုလို့ရမလား ခင်ဗျာ။

ဖြေ ။ ။ မတူညီပါဘူး ။ တပ်မတော်အစိုးရက တိုင်းပြည်မှာ ဒီမိုကရေစီဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့တယ်။ကျွန်တော်တို့အစိုးရကပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရဖြစ်ပြီးတိုင်းပြည်မှာ ဒီမိုကရေစီစနစ်အောင်မြင်ဖြစ်ထွန်းလာစေရေး၊ ပြည်သူလူထုရဲ့ဆန္ဒသဘော ထားတွေပြည့်ဝနိုင်ရေး၊ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတည်တံ့နိုင်ရေးအတွက် အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတယ်။ ခင်ဗျားအနေနဲ့ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ပြောရမယ်
ဆိုလျှင် " တပ်မတော်အစိုးရက တိုင်းပြည်မှာ ဒီမိုကရေစီစနစ် အုတ်မြစ်ချနိုင်ဖို့ကြိုးပမ်း ခဲ့တယ်။ကျွန်တော်တို့အစိုးရက တိုင်းပြည်မှာ ဒီမိုကရေစီစနစ် အောင်မြင်ဖြစ် ထွန်းအောင်လုပ်ဖို့ကြိုးပမ်းနေတယ်" ပေါ့ဗျာ။

မေး ။ ။ သမ္မတကြီးခင်ဗျား၊ဒါဆိုရင် သမ္မတကြီးက တပ်မတော်အစိုးရရဲ့ဆန္ဒကိုပြီးပြည့်စုံအောင်အကောင်းဆုံးလုပ်ဆောင်ပေးနေတယ်ဆိုတဲ့သဘောမျိုးဟုတ်ပါ
သလား။အခု ပြုပြင်ပြောင်းလဲမဲမှုတွေဆိုတာကအဲဒါနဲ့ဲ့ပဲ အားလုံး ပတ်သတ်နေတာလား။

ဖြေ ။ ။ လုံးဝကွဲပြားခြားနားပါတယ်။ ကျွန်တော်ပြောမယ်၊ အဲဒီမှာ နှစ်ပိုင်းရှိတယ်၊ တပ်မတော်အစိုးရ ကကျွန်တော်တို့ဆီမှာ ဒီမိုကရေစီနိုင်ငံတော်ပေါ်ထွန်းလာဖို့၊ အုတ်မြစ်ချနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့တယ်။ ကျွန်တော့်အပိုင်းက တိုင်းပြည်မှာ ဒီမိုကရေစီစနစ်အပြည့်အဝအောင်မြင်ဖြစ်ထွန်းရေးအတွက် လုပ်ဆောင်ပေးဖို့ပါ။ အဲဒီလိုမျိုး အပိုင်းနှစ်ပိုင်းဖြစ်ပါတယ်။ ခင်ဗျားနားလည်သဘောပေါက်ရဲ့လား။

မေး ။ ။ သမ္မတကြီးကပြုပြင်ပြောင်းလဲရေးလမ်းကြောင်းဟာ အင်မတန်ကျဉ်းမြောင်းပြီး နောက်ပြန်လှည့်လို့မရနိုင်ဘူးလို့ ဖော်ပြပြောဆိုခဲ့တယ်။ဒါပေမဲ့ တိုင်းပြည်မှာရှိတဲ့လူတိုင်းကသမ္မတကြီးရဲ့လမ်းကြောင်းအတိုင်းလျှောက်ဖို့ဆန္ဒရှိတယ်လို့အသေအချာပြောနိုင်
ပါသလား၊ ဒါမှမဟုတ် မလိုက်ဘဲ တင်းခံနေတာမျိုးရောရှိလား။

ဖြေ ။ ။ ကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဟာနောက်ကြောင်းပြန်လှည့်မှာမဟုတ်ပါဘူး။ ဒီမိုကရေစီရှေ့ဆက်ဖော်ဆောင်နိုင်ဖို့ ကျွန်တော် တို့ ရွေးချယ်ထားတဲ့ လမ်းကိုနောက်ကြောင်းပြန် လှည့်အောင်လုပ်လိုတဲ့ဦးတည်ချက်လည်းမရှိပါဘူး။ အဲဒီတော့ ကျွန်တော်တို့ဟာ ဒီမိုကရေစီ
ဖော်ဆောင် မယ့် လမ်းကြောင်း မှန်ပေါ်ရောက်နေပြီ လို့ပြောနိုင်ပါ တယ်။ဒီမိုကရေစီဖော်ဆောင်ရေးဖြစ်စဉ်တွေနဲ့ ကျွန်တော်တို့ရှေ့ဆက်သွားကြမှာပါ။ ကျွန်တော်တို့ရဲ့လမ်းကြောင်းခရီးကိုပြောင်းပြန်ဖြစ်အောင်လုပ်ဖို့ရည်ရွယ်ချက် ကျွန်တော်တို့မှာမရှိပါဘူး။ ကျွန်တော်တို့မဖြစ်မနေရှေ့ဆက်လျှောက်ကြရပါမယ်။

မေး ။ ။ ဒါပေမဲ့အစိုးရအဖွဲ့နဲ့စစ်တပ်ထဲမှာ နောက်ကြောင်းပြန်လှည့်လိုစိတ်ရှိပြီး သဘောထားတင်းးမာတဲ့သူတွေရှိတယ်လို့ ပြောနေတာတွေရပါတယ်။ အဲဒီတော့ " ပြုပြင်ပြောင်းလဲ မှုတွေ ခြိမ်းခြောက်မှုတွေ နဲ့ ရင်ဆိုင်ကြုံတွေ့နေရလား " လို့မေးလိုပါတယ်။

ဖြေ ။ ။ ခင်ဗျားကို တစ်ခုအသေအချာပြောနိုင်တာက ကျွန်တော်တို့အစိုးရထဲမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်လိုစိတ်မရှိတဲ့သူတစ်ဦးတစ်ယောက်မှမရှိဘူးဆိုတာပါ။ အဲဒီလိုပြောနေတာတွေက
သံသယဝင်ရုံသက်သက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရထဲမှာပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို တစ်ပြိုင်နက်တည်းဆက်လက် လုပ်ဆောင်သွားကြမယ်ဆိုတဲ့ညီညွတ်မှုရှိတယ်လို့ပြောနိုင်ပါတယ်။ တပ်မတော်ရဲ့အခန်းကဏ္ဍကိုပြောရမယ်ဆိုရင်တပ်မတော်ဆိုတာဟာ အခြေခိုင်ပြီးဖြစ်တဲ့ အဖွဲ့အစည်းဖြစ်ပြီး အမိန့်နာခံမှုအပြည့်ရှိတယ်ဆိုတာ ခင်ဗျားသိရှိထားပြီးဖြစ်ပါလိမ့်မယ်။ တပ်မတော်ဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်တွေကို တစ်သဝေမတိမ်းလိုက်နာရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုသမ္မတကခန့်အပ်ရတာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် တပ်မတော်ထဲမှာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို မကြိုက်မနှစ်သက်ဘဲ ဆန့်ကျင်မှုပြုလုပ်တာမရှိပါဘူး။ တပ်မတော်မှာနိုင်ငံတော်အရေးကိစ္စတွေအတွက်သီးခြားအခန်းကဏ္ဍရှိထားပါတယ်။ တိုင်းပြည်အုပ်ချုပ်ရေး မဏ္ဍိုင်ကိုတပ်မတော်ကဝင်ရောက်မစွက်ဖက်ပါဘူး။ တကယ်တမ်းပြောရလျှင် ကျွန်တော်တို့ရဲ့ဒီမိုကရေစီဖော်ဆောင်ရေးဖြစ်စဉ်မှာ ကျွန်တော်တို့တိုင်းပြည်ထဲကစိန်ခေါ်မှုတွေမရှိပါဘူး။ စိန်ခေါ်မှုတွေကဘာလဲဆိုရင် ပြည်ပကလာတဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ၊ဘဏ္ဍာရေး ကန့်သတ်ထိန်းချုပ်မှုတွေ နဲ့ နိုင်ငံရေးဖိအားပေးမှုတွေပဲဖြစ်ပါတယ်။ ပြည်တွင်းကလာတာမဟုတ်ပါဘူး။

မေး ။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီးမေးမြန်းကြတဲ့အခါတုန်းက သူက မဆင်မခြင်သဘောနဲ့အကောင်းမြင်မှုတွေကိုသတိထားဖို့ု့ပြောခဲ့ပြီးသံသယတွေ ထားရှိဖို့တိုက် တွန်းခဲ့ပါတယ်။သူ့ရဲ့မှတ်ချက်တွေကို သမ္မတကြီးအနေနဲ့ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂလအမြင်လို့ကျွန်တော်ယုံကြည်ပါတယ်။ ပြည်သူလူထုအများစုက ကျွန်တော်တို့တိုင်းပြည်မှာ
ရင်းနှီးမြှုပ်နှံ  မှုတွေဝင်ရောက်လာတာကိုတွေ့မြင်ချင်ကြတာပါ။ အဲဒါမှ လူအများစုအတွက်အလုပ် အကိုင်အခွင့်အလမ်းတွေ ကျွန်တော်တို့ဖန်တီးနိုင်ကြမှာပါ။နောက်ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ပိုင်ပုဂ္ဂိုလ်ရေး အမြင်(သဘောထား)လို့ပဲကျွန်တော်ပြောနိုင်ပါတယ်။ သူ့ရဲ့အမြင်ကိုသူ့အနေ နဲ့လွတ်လပ်စွာထုတ်ဖော်ပြောလို့ရပါတယ်။ ကျွန်တော်တို့ကဒီလို မျိုးမှတ်ချက်တွေကြောင့် ပဋိပက္ခလို့မရှုမြင်မိပါဘူး။ နိုင်ငံရေးနယ်ပယ်မှာ ဆိုရင် မတူကွဲပြားခြားနား မှုတွေနဲ့အတူညီညွတ်မှုဆိုတာရှိပါတယ်။ အဲဒါကြောင့် တူညီတဲ့အမြင်သဘောထားတွေအပေါ်မှာ ကျွန်တော်တို့ပူးပေါင်းလုပ်ဆောင်နိုင် မှာဖြစ်ပါတယ်။

မေး ။ ။ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ လူမူရေးအရ မြန်မာနိုင်ငံကိုဘယ်ဆီကို ဦးတည်ဖို့ စီစဉ်ထားပါသလဲ ။

ဖြေ ။ ။ ကျွန်တော်အစောပိုင်း မှာရှင်းပြခဲ့သလိုပါပဲ။ ကျွန်တော်တို့ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကိုခဲရာခဲဆစ်လုပ်ကိုင်နေရရုံသာမကပြည်သူတွေရဲ့လူမှု
စီးပွားရေးအခြေအနေမြှင့်တင်နိုင်ရေးအတွက်အကောင်းဆုံးဖြစ်အောင်လုပ်ကိုင်နေကြရပါတယ်။ ပြည်သူတွေ
ရဲ့ကျန်းမာရေး၊ ပညာရေး၊အထွေထွေလူနေမှုအဆင့်အတန်းအပါအဝင်တရားဥပဒေစိုးမိုးရေး လည်းပါဝင်ပါတယ်။ အဲဒီတော့ကျွန်တော်တို့ဟာနိုင်ငံရေးနယ်ပယ် အတွက်ရော လူမှုစီးပွားရေးနယ်ပယ်အတွက်ပါပြိုင်တူကြိုးပမ်းလုပ်ဆောင်နေကြရတာ ပါ။ နှစ်ခုစလုံးဟာလည်းအနီးကပ်
ဆက်နွှယ်နေကြပါတယ်။နိုင်ငံရေးတည်ငြိမ်မှုမရှိရင် စီးပွားရေးဖွံ့ဖြိုးမှုကို မရရှိနိုင်ပါဘူး။စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် နိုင်ငံရေးတည်ငြိမ်မှုရှိဖို့ ကျွန်တော်တို့လိုအပ်ပါတယ်။ အဲဒါကြောင့်အဲဒီအရေးကိစ္စကြီးနှစ်ခုကို ကျွန်တော်တို့ကတစ်ပြိုင်နက်တည်း ခဲရာခဲဆစ်ကြိုးပမ်းလုပ်ဆောင်
နေကြရပါတယ်။

မေး ။ ။ ၁၀ နှစ်ဆိုတဲ့အချိန်အတိုင်းအတာ ယူမယ်ဆိုရင် မြန်မာနိုင်ငံဟာ၁၀နှစ်အတွင်း ဘယ်လိုဖြစ်လာမလဲလို့ သမ္မတကြီး ထင်ပါသလဲ ။ထိုင်းနိုင်ငံလိုလား ။ အင်ဒိုနီးရှားနိုင်ငံလိုလား ။ အနောက်ဒီမိုကရေစီနိုင်ငံလိုလား ။

ဖြေ။ ။ဒီကိစ္စဟာ ဖြစ်ရပ်တွေနဲ့ အခြေအနေအရပ်ရပ်ပေါ်မှာမူတည်ပါလိမ့်မယ်။ ဥပမာ-တကယ်လို့နိုင်ငံရေးဘက်မှာအစစအရာရာကောင်းစွာလုပ်ကိုင်နိုင်တယ်၊ နိုင်ငံရေးတည်ငြိမ်မှုရှိတယ်၊ အနောက်နိုင်ငံတွေကပိတ်ဆို့အရေးယူမှုတွေရော နိုင်ငံရေးဖိအားပေးမှုတွေပါ ဖယ်ရှားပေးတယ်
ဆို လျှင် ကျွန်တော်တို့ တိုင်းပြည်မှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ကြွယ်ဝ ချမ်းသာမှုတွေ ရရှိလာမယ်လို့ကျွန်တော်ထင်ပါတယ်။ အခုအချိန်မှာတော့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံဖောင်ဒေးရှင်းတွေရှိလာဖို့အလားအလာတွေရထားပြီလို့ကျွန်တော်မြင်မိပါတယ် ။

မေး ။ ။ ရိုဟင်ဂျာအပါအဝင် တိုင်းရင်းသားလူမျိုးစုတွေ အတူတကွငြိမ်းချမ်းစွာနေထိုင်ကြမယ့် ဖယ်ဒရယ်နိုင်ငံမျိုး ဖြစ်မှာလား။

ဖြေ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်တော်တို့တိုင်းပြည်ဟာတိုင်းရင်းသားလူမျိုးစုတွေ နယ်နိမိတ်တစ်ခုတည်းမှာအတူတကွ ပါဝင်နေထိုင်ကြတဲ့ပြည်ထောင်စုတစ်ခုပါ။ အခြေခံဥပဒေအရ ကျွန်တော်တို့ဆီမှာပြည်နယ်ကြီးခုနစ်ခုရှိပါတယ်။ ကျွန်တော်တို့မှာပြည်ထောင်စုအဆင့် အစိုးရရှိသလိုပြည်နယ် အဆင့်အစိုးရတွေလည်း ရှိပါတယ်။ သူတို့အနေနဲ့အုပ်ချုပ်ရေး အာဏာကို လွတ်လပ်စွာလုပ်ကိုင်နိုင်ပါတယ်။

မေး ။ ။ လက်ရှိ မြန်မာ့နိုင်ငံရေးစနစ်ဟာ စစ်တပ်ရဲ့လွှမ်းမိုးမှုကို အများကြီးခံနေရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိုစစ်တပ်အတွက်ပေးထားပြီးး စစ်တပ်ရဲ့အခန်းကဏ္ဍကြီးမားအောင် အခြေခံဥပဒေက အသားပေးထားပါတယ်။ အဲဒီကိစ္စဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်လိုဖြစ်မနေဘူးလားခင်ဗျာ။ ရေရှည်မှာ စစ်တပ်အနေနဲ့ ဘားတိုက်ကို
ပြန်သင့်တယ်လို့ သမ္မတကြီး ထင်မြင်မိပါသလား။

ဖြေ ။ ။ ကျွန်တော်တို့နိုင်ငံမှာတပ်မတော်ရဲ့အခန်းကဏ္ဍဟာ အခြားနိုင်ငံတွေလိုမဟုတ်ဘဲ တစ်မူထူးခြားပါတယ်။ တပ်မတော်ဟာ ကျွန်တော်တို့ ရဲ့အမျိုးသားနိုင်ငံရေး ကိုဦးဆောင်လုပ်ကိုင်တဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တာပါ။အဲဒီတော့ နိုင်ငံရေးနယ်ပယ်မှာ တပ်မတော်ကို ချန်ထားခဲ့လို့မရပါဘူး။ တပ်မတော် ဟာ ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှု တည်တံ့ခိုင်မြဲရေးအတွက်အဓိကကျ တဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဥပမာပြောရလျှင် အင်ဒိုနီးရှားနဲ့တောင်ကိုရီးယား လိုနိုင်ငံတွေရဲ့ နိုင်ငံရေးအခန်းကဏ္ဍမှာသူတို့ရဲ့တပ်မတော်ကဦးဆောင်မှုပြုတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တာ
ကိုတွေ့ရပါလိမ့်မယ်။ အချို့သောအနောက်နိုင်ငံတွေမှာတောင် ပါလီမန် လွှတ်တော်မှာ ရွေးကောက်တင်မြှောက်မှုမပြုဘဲနေရာရရှိတဲ့ ကိုယ်စားလှယ်တွေရှိပါတယ်။ ကျွန်တော်တို့နိုင်ငံဟာအခြားနိုင်ငံတွေနဲ့မတူဘဲတစ်မူထူးခြားတဲ့အခြေအနေရှိတာကြောင့် တပ်မတော်ဟာ
တိုင်းပြည်ရဲ့နိုင်ငံရေးမှာ မဖြစ်မနေပါဝင်သင့်ပါတယ်။ ကျွန်တော်တို့အတွက်ကတော့ ကျွန်တော်တို့ရဲ့ဦးတည်ချက်နဲ့ရည်မှန်းချက်တွေအကောင်အထည်ဖော်နိုင်ဖို့ တပ်မတော်နဲ့ မဖြစ်မနေ ပူးပေါင်းလက်တွဲသွားရမှာဖြစ်ပါတယ်။အဲဒါမှ ကျွန်တော်တို့ရဲ့ပန်းတိုင်ကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်။

မေး ။ ။ သမ္မတကြီးက အင်ဒိုနီးရှားကို ဥပမာပေးဖော်ပြပြောဆိုခဲ့တယ်။ဒါပေမဲ့ အခု အင်ဒိုနီးရှားမှာ စစ်တပ်က နိုင်ငံရေးအခန်းကဏ္ဍမှာ ဆက်လက်ပါဝင်ပတ်သက်မှုမရှိတော့ပါဘူး။ အဲဒီလို ဥပမာပုံစံမျိုး
သမ္မတကြီးအနေနဲ့လိုက်လုပ်မှာလား။

ဖြေ ။ ။ အင်ဒိုနီးရှားနဲ့တောင်ကိုရီးယားတို့ သူတို့နိုင်ငံတည်ဆောက်ရေးလုပ်ကြတဲ့အခါမှာသူတို့လေးစားရတဲ့ တပ်မတော်ကသိသာထင်ရှားတဲ့
အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်လည်း ပေါ်ထွန်းလာချိန်မှာ တပ်မတော်က သူ့ရဲ့အခန်းကဏ္ဍကိုတဖြည်းဖြည်းချင်းလျှော့ချသွားတယ်။ကျွန်တော်တို့နိုင်ငံမှာလည်း ဒီလို
အလားတူပါပဲ။ ကျွန်တော်တို့ရှေ့ဆက်လျှောက်သွားပြီး တိုင်းပြည်မှာစစ်မှန်တဲ့ဒီမိုကရေစီရှိလာတာနဲ့အမျှ အဲဒီနှစ်နိုင်ငံလိုအခြေအနေမျိုးတွေရရှိလာမှာပါ။ကျွန်တော်နောက်ထပ် တွေ့ဆုံရမယ့်ကိစ္စတွေရှိနေသေးတယ်
အဲဒီတော့ နောက်ဆုံးမေးခွန်းတစ်ခုကိုဖြေပေးပါ့မယ်။

မေး ။ ။ သမ္မတကြီးကဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကိုလာဖို့ဖိတ်ခေါ်ပြီး မကြုံစဖူး ထူးခြားတဲ့ အဆင့်တစ်ခုကိုရအောင်လုပ်ကိုင်ပေးခဲ့တယ်။ ဘာကြောင့်အဲဒီလိုလုပ်တာပါလဲ။

ဖြေ ။ ။ ဒေါ်အောင်ဆန်းစြုကည်ဟာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးတစ်ယောက်ပါ။ အဲဒီတော့ သူ့ကိုမြန်မာ့နိုင်ငံရေးဖြစ် စဉ် ရဲ့အပြင်မှာချန်ထားခဲ့လို့ မရနိုင်ပါဘူး။အတိတ်ကာလမှာတုန်းကသူဟာ တပ်မတော်အစိုးရအပေါ်ဆန့်ကျင်တဲ့ အမြင်ရှိခဲ့တယ်။ ဒါပေမဲ့နိုင်ငံတော် တာဝန်ကိုကျွန်တော်ရယူလိုက်တဲ့အချိန်မှာ ကျွန်တော်တို့မျက်နှာချင်းဆိုင်တွေ့ဆြုံပီး ဒိုင်ယာလောခ့်လုပ်ခဲ့ကြတယ်ကျွန်တော်ပြောခဲ့သလိုပါပဲ။ မတူကွဲပြားခြားနားမှုတွေထဲမှာ ညီညွတ်မှုဆိုတာရှိ တယ်။ အဲဒီတော့ နိုင်ငံနဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်"ဘုံ"  တူညီမှုရှိတဲ့ အနေအထားကိုရောက်အောင်ကြိုးစားခဲ့ကြတယ်။မတူတာတွေဘေးဖယ်ပြီးတူညီတဲ့
အမြင်သဘောထားတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့လုပ်ခဲ့ကြပါတယ်။

မေး ။ ။ ဥရောပဒေသကပြည်သူတွေက လာမယ့် ၂၀၁၅ သမ္မတရွေးကောက်တင်မြှောက် ပွဲမှာဒေါ်အောင်ဆန်းစြုကည်ဝင်ရောက်ယှဉ်ပြိုင်နိုင်မလား ဆိုတဲ့အချက်ကို မေးခွန်းတုတ်ကြပါတယ်။ ဒါမှ မဟုတ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကဝင်ရောက်ယှဉ်ပြိုင်လို့ မရအောင် တားမြစ်မလားပေါ့ ခင်ဗျာ ။

ဖြေ ။ ။ ဒီမေးခွန်းက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့မပတ်သက်ပါဘူး။ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ပိုပြီးပတ်သက်တာပါ။တကယ်လို့ အများသဘောတူညီမှုရှိတယ်ဆိုလျှင် အခြေခံဥပဒေကိုပြင်ဆင်လို့ရပါတယ်။ အဲဒီတော့ ဒီကိစ္စဟာပါလီမန်လွှတ်တော်အပေါ်မှာပဲမူတည်ပါတယ်။ ကျွန်တော်လည်းခင်ဗျားကိုမေးခွန်းတစ်ခုမေးချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့
့နိုင်ငံရဲ့သမ္မတကြီးအဖြစ် ခင်ဗျားမြင်တွေ့လိုပါသလား။

ဖြေ ။ ။ ဩော.် . ဒါကမြန်မာပြည်သူတွေအပေါ်မှာမူတည်လိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်ကနိုင်ငံခြားသားတစ်ယောက်ပါ။ ဒါပေမဲ့ အခုဥရောပမှာ ဒေါ်အောင်ဆန်းစုကြည်ကို အထူးအရေးကြီးပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ချီးမြှောက်ဂုဏ်ပြုကြတာတွေကို ကျွန်တော် တွေ့မြင်ရပါတယ်။
နိုင်ငံတော်အကြီးအကဲတစ်ဦးကဲ့သို့သဘောထားပြီး ဂုဏ်ပြုကြတာပါ။သူက ဝက်မင်စတာမှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ကကိုယ်စားလှယ်တော်ကြီးတွေရှေ့မှာမိန့်ခွန်းပြောတယ်။ သူ့ကို အခုလိုမျိုးဆက်ဆံမှုတွေလုပ်ကြတာကိုသမ္မတကြီးအနေနဲ့ ဘယ်လိုမြင်မိပါသလဲ။

ဖြေ ။ ။ ဥရောပခရီးစဉ်အတွင်းဒေါ်အောင်ဆန်းစုကြည်ကို အထူးအရေးကြီးပုဂ္ဂိုလ်တစ်ဦးလို မျိုးဆက်ဆံကြတာကိုမြင်ရတာ ကျွန်တော် တကယ့်ကိုဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ဒါပေမဲ့ သူသမ္မတဖြစ်မလား၊မဖြစ်ဘူးလားဆိုတဲ့မေးခွန်းအတွက်ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာပဲမူတည်
ပါတယ်။ နောက်မေးခွန်းတစ်ခွန်းက ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်မယ်လို့ထင်တယ်။ ဟုတ်လား။ ကျွန်တော်တို့နိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုတွေဟာကောင်းလား၊ မကောင်းဘူးလားဆိုတာကို ခင်ဗျားအနေနဲ့ဖြေကြားပေးသင့်တယ်လို့ထင်တယ်။ ဒီမေးခွန်းကိုခင်ဗျားဖြေကြည့်သင့်တယ်။(ရယ်လျက်)

မေး ။ ။ အနောက်နိုင်ငံတွေကသမ္မတကြီးရဲ့ပြုပြင်ပြောင်းလဲမှုတွေကိုအားတက်သရောတုံုံ့ပြန်ခဲ့တယ်လို့ထင်ပါသ
လား၊ ဒါမှမဟုတ် အနောက်အနေနဲ့ ယခုထက်ပိုပြီး လုပ်ပေးသင့်တယ်လို့ ထင်လား။

ဖြေ ။ ။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးရရှိအောင်ထိန်းသိမ်းသွားရေးပဲဖြစ်ပါတယ်။ ကမ္ဘာ့မိသားစုကြီးထဲက အဖွဲ့ဝင်တစ်နိုင်ငံဖြစ်နေတဲ့အတွက်ပိတ်ဆို့အရေးယူမှုတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ခက်ခဲနှောင့်နှေးစေပြီးပြည်သူတွေကိုလည်းထိခိုက်နစ်နာစေတယ်လို့ရှုမြင်ပါတယ်။လက်ရှိမှာ အနောက်နိုင်ငံတွေကကန့်သတ်ပိတ်ဆို့မှုထဲက အချို့ကိုဆိုင်းငံ့ပေးတာ၊ လျှော့ချပေးတာတွေ စတင် လုပ်ဆောင်လာပြီဖြစ်ပေမယ့်လည်းကျွန်တော်တို့ရဲ့ဆန္ဒက ပြည်သူတွေအကျိုးအမြတ်ရှိအောင်၊ အများ
ကြီးလုပ်ဆောင်ပေးနိုင်အောင် လုံးလုံးလျားလျားဖယ်ရှားပေးတာမျိုးပါ။

နောက်ဆုံးမေးခွန်းပါ ။ ။တကယ် ကြီးရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ၁၀ဝ ရာခိုင်နှုန်း ဆိုတဲ့ရည်မှန်းချက်ထားရှိထားတယ်ဆိုလို့ရှိလျှင် ယခုအချိန်မှာ ဘယ်လောက်ပြီးမြောက်နေပါပြီလဲ။ ၅ ရာခိုင်နှုန်းလား၊၁၀ ရာခိုငိင်န်နှုနှုန်းးလား၊ ၂၀ လား။

ဖြေ။။ဒါဟာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ရဲ့တကယ့်ကိုပထမအဆင့်ရှိသေးတယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။




by.... April Maung Maung

ခွင့်ပြူမိန့်မရှိဘဲ အများပြည်သူဆိုင်ရာပွဲများ ပြုလုပ်ပါက အရေးယူခံရမည်


သက်ဆိုင်ရာတာဝန်ရှိသူများထံ ခွင့်ပြုမိန့်များတောင်းခံခြင်းမရှိဘဲ အများပြည်သူနှင့်ဆိုင်သော ပွဲများပြုလုပ်ပါက ခြောက်လထက်မပိုသော ထောင်ဒဏ် (သို့) ကျပ် ၅၀၀၀၀ ထက်မပိုသော ငွေဒဏ်ကိုဖြစ်စေ ချမှတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“သက်ဆိုင်ရာတာဝန်ရှိသူထံက ခွင့်ပြုမိန့်တောင်းခံခြင်းမရှိဘဲနဲ့ အများပြည်သူနဲ့ဆိုင်သော ပွဲတွေပြုလုပ်မယ်ဆိုရင် ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ အရေးယူခံရမှာပါ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပိာုတယ်တွေ၊ မိုတယ်တွေ၊ ခန်းမတွေ ရှော့ပင်းစင်တာတွေ၊ ပလာဇာ တွေ၊ အဆောက်အအုံတွေမှာ ဖျော်ဖြေပွဲတွေ၊ စည်းဝေးပွဲတွေ၊ ပြပွဲပြိုင်ပွဲတွေ ပြုလုပ်ချင်တယ်ဆိုရင် သက်ဆိုင်ရာတာဝန်ရှိသူထံမှာ ခွင့်ပြုမိန့် တောင်းခံ ရမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အများပြည်သူနှင့် သက်ဆိုင်သောပွဲများပြုလုပ်မယ်ဆိုပါက သက်ဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်ထား သည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ရပ်ကွက်(သို့)ကျေးရွာ အုပ်ချုပ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း သိရသည်။
“အများပြည်သူနဲ့ သက်ဆိုင်တဲ့ပွဲမျိုးတွေလုပ်ဆောင်တဲ့နေရာမှာ သက်ဆိုင်ရာတာဝန်ရှိသူထံက ခွင့်ပြုမိန့်တောင်းခံရမှာပါ။ သူတို့က သတ်မှတ် ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်ရမှာပါ။ ဒီသတ်မှတ်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုရင်တော့ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် အုပ်ချုပ်ရေး အခြေခံအဆင့်ဖြစ်သည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအုပ်ချုပ်ရေးဥပဒေကို ပြဋ္ဌာန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း... Flower News

ယနေ့ ထောက်ကြန့်မြို့နယ်တွင် လယ်မြေအသိမ်းခံရသော တောင်သူလယ်သမားများမှ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်..

  လယ်ယာမြေ အသိမ်းခံရသော လယ်သမားများ ထောက်ကြံ့မြို့ လမ်းသစ်လမ်းရှိ   မတူကွဲပြား ခြားနားခြင်းပါတီရုံးရှေ့မှ ဆန္ဒဖော်ထုတ်ရန် စတင်ထွက်ခွါလာစဉ်..
မတူကွဲပြား ခြားနားခြင်း ပါတီ ဥက္ကဌ ဦးနေမျိုးဝေမှ ဦးဆောင်နေစဉ်ပုံ(၃)လယ်ယာမြေ အသိမ်းခံ လယ်သမားများ ဆန္ဒဖော်ထုတ်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာရန်ကုန်-ပဲခူး ကားလမ်းမပေါ်သို့ ဆန္ဒပြချီတက်လာကြစဉ်..
မင်္ဂလာဒုံ-စက်မှုဇုန်(၁)၊ သင်္ကန်းကျွန်းကြီးရွာမှ လယ်ယာမြေ အသိမ်းခံရသဖြင့် ဆန္ဒဖော်ထုတ်ရန်အတွက် ချီတက်လာကြသော တောင်သူများ
လယ်ယာမြေ အသိမ်းခံ လယ်သမားများ ဆန္ဒဖော်ထုတ်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာရန်ကုန်-ပဲခူး ကားလမ်းမပေါ်သို့ ဆန္ဒပြချီတက်လာကြစဉ်
ဆန္ဒဖော်ထုတ် ပြသကြသော တောင်သူ လယ်သမားများအား လိုက်လံ စောင့်ရှောက် ပေးနေကြသော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ..
လှည်းကူးမြို့နယ်၊ မြနန္ဒာပန်းခြံတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် တွေ့မြင်ရသော ဆန္ဒဖော်ထုတ်ကြသော တောင်သူလယ်သမားများအား တွေ့မြင်ရစဉ်..
"ဥပဒေနှင့်အညီ လုပ်မှာလား ညှိနှိုင်းဖြေရှင်းမှာလား" ဆိုသည့် ဆိုင်းပုဒ် ကိုင်ဆောင်ကာ ဆန္ဒဖော် ထုတ်နေသော လယ်မြေအသိမ်းခံ တောင်သူလယ်သမားတစ်ဦး
လယ်မြေအသိမ်းခံ တောင်သူလယ်သမားများ လှည်းကူးမြို့နယ်၊ မြနန္ဒာပန်းခြံတွင်း စုဝေးရောက်ရှိ နေကြစဉ်...
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ဒီမိုကောင်းကင်

15 July 2012

ဇူလိုင်လအတွင်း ပြည်ထောင်စုဝန်ကြီးငါးဦး အပြောင်းအလဲဖြစ်ဖွယ်ရှိ


ဇူလိုင်လအတွင်း ပြည်ထောင်စုဝန်ကြီးငါးဦးကို ဝန်ကြီးဌာန အပြောင်းအလဲ လုပ်နိုင်ဖွယ်ရှိကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ဒီရက်ပိုင်းအတွင်းမှာ ဝန်ကြီးငါးဦးကို အပြောင်းအလဲလုပ်ဖွယ် ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော် ခေါ်ယူမယ့်အချိန်ကျမှာသာ လစ်လပ် ဒုတိယနေရာနဲ့ ဝန်ကြီးဌာနအပြောင်းအလဲပိုလုပ်မယ့် ကိစ္စတွေကို လုပ်ဆောင်မယ်လို့ထင်ပါတယ်။”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။
၂၀၁၂ ဇူလိုင်လ ၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ဦးသန့်ရှင်းအား သမ္မတရုံးဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးချန်မောင်အား ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးပာန်စိန်အား ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးဝင်းသန်းအား ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဒေါက်တာမျိုးမြင့်အား ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။
“ဝန်ကြီးဌာနတွေက အပြောင်းအလဲလုပ်ဆောင်သင့်နေပါပြီ။ မြန်မာနိုင်ငံမှာ လက်ရှိဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနအချို့ပာာ မလိုအပ်ပဲ ဖွဲ့စည်း ထားတဲ့ ဝန်ကြီးဌာနတွေလည်း ရှိပါတယ်။ ဥပမာ ပြန်ကြားရေးဝန်ကြီးဌာနဆို နိုင်ငံတကာမှာ ဘယ်နိုင်ငံမှမရှိဘူး။ ဒါပာာ မလိုအပ်ပဲဖွဲ့စည်းထားတာပါ။ ဒီကိစ္စတွေကိုလည်း သေသေချာချာစိစစ်ကိုင်တွယ်ဖို့လိုပါတယ်”ပာု မြန်မာ့အရေးလေ့လာနေသူတစ်ဦးက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ အခြေခံပြည်သူလူထုအား နိုင်ငံတကာနည်းတူ လူမှုရေးအထောက်အပံ့များ ပေးအပ်နိုင်ရန် ဝန်ကြီးဌာနပေါင်းစုံမှ နိုင်ငံတော်အဆင့် အဆင့်မြင့်ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းကော်မတီဖွဲ့စည်းနိုင်ရန် ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့် ပူးပေါင်းညှိနှိုင်းဆွေးနွေး၍  ပူးပေါင်းဆောင်ရွက်မှုရလဒ်ကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သတင်း.....  Transparency Myanmar