Eleven Media Group
01 December 2012
ရန်ကုန်သံဃာတော်များနှင့် ပြည်သူအချို့ ဆန္ဒထုတ်ဖော်
လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းမှုနှင့်
ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချသည့် ဆန္ဒဖော်ထုတ်မှုတစ်ခုကို နိုဝင်ဘာလ ၃၀ ရက်နေ့
ညနေ ၄ နာရီမှ ၅ နာရီခန့်အထိ သံဃာတော်အပါး ၃၀ ကျော်ခန့်နှင့် ပြည်သူတို့မှာ
ဆူးလေဘုရား ရင်ပြင်တော်ပေါ်တွင် တစ်ပတ်ပတ်ပြီး မဟာဗန္ဓုလလမ်းအတိုင်း
လမ်းလျှောက်ကာ လမ်း ၅၀ ရှိ မြန်မာ့စီးပွားရေး ဦးပိုင်ရုံးချုပ်ရှေ့တွင်
သံဃာတော်များ ဒဏ်ရာများရရှိခဲ့သည့်ပုံများကို ကိုင်ဆောင်ပြီး ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။





Eleven Media Group
Eleven Media Group
မန္တလေး သံဃာတော်များ ဆန္ဒဖော်ထုတ်
လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းမှုနှင့် ပတ်သက်ပြီး
ကန့်ကွက်ရှုံ့ချသည့် ဆန္ဒဖော်ထုတ်မှုတစ်ခုကို နိုဝင်ဘာလ ၃၀ ရက်နေ့က
မန္တလေးမြို့ အိမ်တော်ရာဘုရားရှိ ၁၄ ခန်းဇရပ်ရှေ့တွင် သံဃာတော်အပါး
ရာနှင့်ချီ ပြုလုပ်ခဲ့သည်။ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုကို မွန်းလွဲ တစ်နာရီမှ ညနေ သုံးနာရီအထိ တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်နေခြင်းဖြစ်သည်။






Eleven Media Group
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ အုန်းခြံရပ်ကွက်၊ ဇက်ဆိပ် သောင်ပြင်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ
ဖြေရှင်းမယ်။ ရေရှည်အကျိုးဆိုတာဟာ မနက်ဖြန် သန်ဘက်ခါအတွက်လည်း မဟုတ်ဘူး။ နောက်နှစ်အတွက်လည်း မဟုတ်ဘူး။ ဒီကြေးနီစီမံကိန်းပြီးတဲ့ နောင်အနှစ် ၃၀ မှာလည်း ဒေသခံတွေဟာ ပြည့်ပြည့်စုံစုံနဲ့ ရပ်တည်နိုင်ဖို့ကို ကြည့်ပြီးလုပ်သွားမယ်။ အဲလိုလုပ်ရတဲ့နေရာမှာ အပေးအယူလုပ်ရမယ်ဆိုတာကို အခုကတည်းက ပြောထားပါ၇စေ။ နိုင်ငံတစ်နိုင်ငံမှာပဲဖြစ်ဖြစ် အဖွဲ့အစည်း တစ်ခုခုမှာပဲဖြစ်ဖြစ် ပြဿနာတွေဆိုတာ ရင်ဆိုင်ရတာပဲ ဒီပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ အပေးအယူလုပ်တဲ့ နည်းသာလျင် ယဉ်ကျေးတဲ့ပုဂိုလ်များရဲ့ နည်းလမ်းဖြစ်တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကိုယ်နဲ့မတည့်သူကို မီးပုံးနဲ့လည်း ပစ်လို့မရဘူး။ သေနတ်နဲ့လည်း ပစ်လို့မရဘူး။ ပြည်သူတွေရဲ့ အားဆိုတာလည်း ရှိတယ်။ ပြည်သူတွေရဲ့ အားဆိုတာ မနည်းတဲ့အားတွေပါ။ မနည်းတဲ့အားတွေမို့ အလွဲသုံးစား မလုပ်ရဘူး။ မှန်မှန်ကန်ကန်နဲ့ သိက္ခာရှိရှိသုံးဖို့ပဲ လိုပါတယ်။ ကျွန်မလည်း ကျွန်မမှာရှိတဲ့အားကို မှန်မှန်ကန်ကန်နဲ့ သိက္ခာရှိရှိ သုံးဖို့ကြိုးစားပါမယ်။ နောက်ဆုံးကျတော့ ပြည်သူပဲ ရှိပါတယ်။ ဘယ်သူမှ မရှိပါဘူး။ ဒီအားကိုးချက်နဲ့ လုပ်နေတာပဲ။ အားကိုးစရာမရှိရင် ကျွန်မရဲ့လုပ်ငန်းတွေဟာလည်း အောင်မြင်စရာ မရှိပါဘူး။ လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်လို့ အာဏာပိုင်တွေနဲ့ ကျွန်မတွေ့ဖို့ရှိတယ်။ ရွာသူရွာသားတွေနဲ့ တွေ့ဖို့ရှိတယ်။ အားလုံးအဖြေရှာပြီးတော့ အကောင်းဆုံးဖြစ်အောင်လို့ ကြိုးစားသွားမယ်။ ကျွန်မတို့ ဘယ်လိုဆုံးဖြတ်တယ်။ ဘယ်လိုဖြစ်တယ် ဘယ်လိုအဖြေပေါ်တယ် ဆိုတာကို ကျွန်မတို့ရဲ့ ပြည်သူတွေသိအောင် ကျွန်မအသိပေးပါမယ်။ အသိပေးပြီးတဲ့အခါကျရင်လည်း ပြည်သူတွေအနေနဲ့ ခေါင်းအေးအေးနဲ့ စဉ်းစားကြပါ။ ဒါ ဖြစ်သင့်သလား မဖြစ်သင့်ဘူးလား။ သဘောတူတဲ့သူရှိမယ်။ သဘောမတူတဲ့သူရှိမယ်။ ဒါပေမယ့် ဒီမိုကရေစီလမ်းကို လျောက်ချင်တယ်ဆိုရင် အများရဲ့ သဘောတူညီချက်ကို လေးစားရလိမ့်မယ်။ ဒီလိုအများရဲ့ သဘောတူညီချက်ကို လေးစားလို့ အများရဲ့ဆုံးဖြတ်ချက်ကို လေးစားလို့ အနည်းစုရဲ့ ခံစားချက်ကို ကျွန်မတို့ လျစ်လျူရှုမှာ မဟုတ်ပါဘူး။ အနည်းစုရဲ့ ခံစားချက်ကိုလည်း လေးစားရမယ်။ ဒါပေမဲ့ အပေးအယူဆိုတာတော့ လုပ်ရမှာပေါ့။ ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီ လမ်းပေါ်ကို ရောက်သွားပြီလို့ ပြောနေကြတယ်။ ကျွန်မခဏခဏ ပြောတယ်။ ဒီလမ်းဟာ ဘယ်သူမှ ဆောက်ပေးထားတဲ့ လမ်းမဟုတ်ဘူး။ လမ်းစတော့တွေ့ပြီ။ ကိုယ့်ဟာကိုယ် ခင်းသွားရမယ်။ ဒီလမ်းဟာလည်း ဖြောင့်ဖြောင့်ဖြူးဖြူးတော့ မဟုတ်ဘူး။ ကြမ်းကြမ်းတမ်းတမ်းတော့ရှိတယ်။ ကြမ်းကြမ်းတမ်းတမ်းလမ်းကို လျောက်တဲ့အခါမှာ ကျွန်မတို့ဟာ တက်ညီလက်ညီနဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံယုံကြည်ကြည်နဲ့ လျောက်သွားမှ ခရီးရောက်နိုင်မှာပါ။ မိတ်ဆွေနဲ့ သွားတဲ့လမ်းဆို ဘယ်လောက်ပဲ ခက်ခဲ ခက်ခဲ ပျော်စရာကောင်းပါတယ်။ ကိုယ့်ဘက်မှာ ကိုယ်အားကိုးရတဲ့ ရဲဘော်ရဲဘက်တစ်ယောက်ရှိရင် အမှောင်ကိုလည်း အမှောင်လို့ မမြင်တော့ဘူး။ လမ်းကြမ်းဆိုတာလည်း လမ်းကြမ်းလို့ မမြင်တော့ဘူး။ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ ရဲဘော်ရဲဘက်တွေအနေနဲ့ မိတ်ဆွေတွေအနေနဲ့ ဒီလမ်းတွေကို ကျွန်မနဲ့အတူ လျောက်လှမ်းပေးပါလို့ ပြောကြားချင်ပါတယ်။
သတင်း... Eleven Media Group
30 November 2012
29 November 2012
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ သပိတ်စခန်းများ မြင်ကွင်း သတင်း
မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်
မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်
မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်
မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်
မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်
သတင်းမီဒီယာများ၏ ကားနှင့် အများပြည်သူများ၏ ဆိုင်ကယ်များအား မီးလောင်ပျက်စီးခဲ့ကြောင်းနှင့်
ထိုသို့ မီးလောင်ပျက်စီးခဲ့သည့် အချိန်မှာ မျက်ရည်ယိုဗုံးများဖြင့် စတင်
ဖြိုခွင်းခဲ့သည့် အချိန်ဖြစ်ကြောင်း သိရသည်။ ဖောင်းကားတောင်ရွာဘုန်တော်ြ ကီးကျောင်းမှ ဒဏ်ရာအပြင်းအထန်ရရှိသူသံဃာ ၆ ပါးနှင့် လူတစ်ဦးရှိနေပြီး ဖြိုခွင်းမှုကြောင့် ပိတ်မိနေသောအဖွဲ့များ ဖောင်းကားဘုန်းတော်ကြီးကျော င်း တွင် ပြန်လည်စုစည်းမိကြပြီဖြစ်ြေ ကာင်းလည်းသိရသည်။
လယ်တီဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၅
နာရီအချိန်အထိ အဆက်အသွယ်မရသေးကြောင်း၊တောင်ကြားနှင့် ဆည်တည်းစခန်းမှ သပိတ်အဖွဲ့တို့အား ရဲတပ်ဖွဲ့မှ ခြိမ်းခြောက်ပြီးပြန်ခိုင်း ခဲ့ကြောင်း EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
ဦးသန်းရွှေနှင့် အပေါင်းအပါ ( ၆၇ )၏ အိမ်လုပ်သားများအတွက် ထောက်ပံ့ကြေးတောင်းခံမှု ခွင့်ပြု
ယခင်
နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ
အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယခင် နိုင်ငံတော်တာဝန်ရှိ
ပုဂ္ဂိုလ်များ၊ စစ်ဖက်မှအရပ်ဖက်သို့ ကူးပြောင်းခဲ့သည့် ပြည်ထောင်စုအဆင့်ရှိ
ပုဂ္ဂိုလ်များနှင့် လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံတော်တာဝန်ရှိ
ပုဂ္ဂိုလ်များ၏ အိမ်အကူလုပ်သားများအတွက် ထောက်ပံ့ကြေးတောင်းခံမှုကို
ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး က
ပြောကြားသည်။
အငြိမ်းစားဗိုလ်ချုပ်မှူးကြီး
သန်းရွှေ၏ အိမ်အကူအလုပ်သမားများဖြစ်သည့် ထမင်းချက်ငါးဦး၊
အိမ်အကူငါးဦးနှင့် ဥယျာဉ်လုပ်သားငါးဦးတို့ အတွက် တစ်လကျပ်
သုံးသောင်းနှုန်းဖြင့် စုစုပေါင်းလေးသိန်းခွဲ တစ်နှစ်ကျပ် ၅၄ သိန်းအား
လည်းကောင်း၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး အိမ်ရှိ
အိမ်အကူလုပ်သားလေးဦးအတွက် တစ်နှစ်စာလစာငွေ ကျပ် ၄၃ သိန်းနှင့်
လက်ရှိနိုင်ငံတော် တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်ထောင်စု အဆင့်ရှိ
ပုဂ္ဂိုလ်(၁၀၂)ဦး၊ နေပြည်တော်ကောင်စီဝင် ၁၁ ဦး၊ စစ်ဖက်မှအရပ်ဖက်သို့
ကူးပြောင်းခဲ့သည့် နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ် ၆၇ ဦးတို့၏ အိမ်အကူ
လုပ်သား(၄၁၇)ဦးအတွက် တစ်ဦးလျှင် တစ်လကျပ်သုံးသောင်းနှုန်းဖြင့်
ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးခဲ့သည်။
ယခင်က
အငြိမ်းစားနိုင်ငံတော်အကြီးအကဲများနှင့် လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော
နိုင်ငံတာဝန်ရှိ ပုဂ္ဂိုလ်များ၏ အိမ်အကူလုပ်သားများ အတွက် ငွေကျပ်သန်းပေါင်း
၃၁၅.၀၁၀ သန်းကို ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးခဲ့သော်လည်း
မလောက်ငသည့်အတွက် ၎င်းပုဂ္ဂိုလ်များ၏ အိမ်အကူ လုပ်သားများအား လစာပေးနိုင်ရန်
၁၉၇.၀၅၂ သန်းကို ထပ်မံတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့
နိုင်ငံတော်တာဝန်ရှိပုဂ္ဂိုလ်များ၏ အိမ်အကူလုပ်သားများအတွက်
ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့သော်လည်း လက်ရှိနိုင်ငံတော်တာဝန်
ထမ်းဆောင်လျက်ရှိသော သမ္မတဦးသိန်းစိန်နှင့် ဒုတိယသမ္မတများမှာ
ယင်းခံစားခွင့်များကို ခံစားခွင့်မရှိကြောင်း လွှတ်တော်ကအတည်ပြုခဲ့သည်။
မူရင်းသတင်း .....yangonchronicle
ဒေါ်စုနှင့် ဗိုလ်ချုပ်
(Foreign Policy မှ December 2012 ရက်စွဲတပ်ထားသော Kurt M.Campbell ရေးသားသည့် The Lady and the General ကို YC မှဘာသာပြန်ဆိုသည်)
(စာရေးသူ Kurt M.Campell သည်အရှေ့အာရှနှင့် ပစိဖိတ်ရေးရာအမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါသည်)
မြန်မာနိုင်ငံတွင်
နိုင်ငံရေးအရ လုပ်ဖော်ကိုင်ဖက်များ ဖြစ်လာလိမ့်မည်ဟု မထင်ရသူများက
နိုင်ငံရေးအရ အသွင်ကူးပြောင်းရေးကို အံ့သြဖွယ် မောင်းနှင်နေကြပါပြီ။
ထိုအထဲမှတစ်ဦးမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါသည်။ နောက်ပိုင်းမျိုးဆက်များက
ဖိနှိပ်မူများကို အကြမ်းမဖက်ပဲ တွန်းလှန်သူ အဖြစ်သတ်မှတ်ကြပြီး၊
ဗိုလ်ချုပ်ဟောင်းတစ်ဦးဟု မထင်မှတ်ရလောက်သူ တစ်ဦးဖြစ်ပါသည်။ ယခုအခါ သူသည်
တိုင်ပြည်ကိုလမ်းကြောင်းသစ်သို့ ဦးတည်ရန် ပဲ့ကိုင်နေပါသည်။ ယခုကဲ့သို့
သဘာဝမကျသောတွဲဖက်ခြင်းမျိုးကို မစဉ်းစားမိပေ။ သို့သော် ၎င်းတို့နှစ်ဦးသည်
ယခုအခါ ရာစုနှစ်တစ်ဝက် အတွင်း မြန်မာ နိုင်ငံအတွက်
မျှော်လင့်ချက်အပြည့်ရှိသော အလှည့်အပြောင်းကို
ကိုယ်စားပြုနေကြပြီဖြစ်ပါသည်။
မြန်မာနိုင်ငံသည်
ဒုတိယကမ္ဘာစစ်မတိုင်မှီက အာရှ၏ဆန်အိုးကြီး ဖြစ်ခဲ့ပြီး၊ ကျန်းမာရေး၊
ပညာရေးနှင့် ကြွယ်ဝချမ်းသာမူအဆင့်များတွင် ဒေသအတွင်း၌ မြင့်မားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ကိုလိုနိခေတ်လွန်ကာလ အမွေဆိုးများတွင်
ခါးသီးသည့်တိုင်းရင်းသားသွေးခွဲမူများ၊ အိမ်နီးချင်း၏ စစ်အေးတိုင်ပွဲ
လျို့ဝှက်စီမံချက်တွင် ဗဟိုချက်၌ ကံမကောင်းစွာ ပါဝင်ရခြင်းများ ပါဝင်ပါသည်။
စစ်အေးတိုက်ပွဲကာလတွင် ဆိုဗိယက်ယူနီယံ၊ တရုတ်နှင့်
အမေရိကန်ပြည်ထောင်စုတို့သည် မဟာဗျုဟာခြေကုတ်ရယူရန်နှင့် ဝါဒရေးရာ
မဟာမိတ်ရရေးတို့ကို ပြိုင်ဆိုင်ခဲ့ကြပါသည်။ ၁၉၆၂ ခုနှစ်
အာဏာသိမ်းမူအပြီးတွင် စစ်တပ်သည် နိုင်ငံကိုစုစည်းရန် လိုအပ်သောကြောင့်
လိုအပ်သောအင်အားဖြင့် စုစည်းထားရန်နှင့် အစစ်အမှန်သော် လည်းကောင်း၊
စိတ်ကူးဖြင့်သော် လည်းကောင်း နိုင်ငံခြား၏ လွှမ်းမိုးမူပုံစံမျိုးစုံကို
ဆန့်ကျင်ရန်ပြောလာခဲ့သည်။ ဗိုလ်ချုပ်များသည် တိုင်းပြည်ကို
ပျက်စီးခြင်းသို့ရောက်အောင် တွန်းပို့ခဲ့ကြသည်။
၂၀၀၉
ခုနှစ်အရောက်တွင် အမှန်တကယ်ပြောင်းလဲမူဖြစ်နိုင်သည့် ပွင့်လင်းသည်လက္ခဏာ
အနည်းငယ်ကိုသာ တွေ့ရပါသည်။ သို့သော် သမ္မအိုဘားမားသည် မြန်မာနိုင်ငံကို
အထီးကျန်ဘဝမှ လွတ်မြောက်ရေးအတွက်ကူညီရန် ယာယီနည်းလမ်းသစ်များဖြင့်
ကြိုးပမ်းမူ စတင်ပြုလုပ်ခဲ့ပါသည်။
၂၀၁၀
ခုနှစ် အစောပိုင်းစာရေးသူ၏ မြန်မာနိုင်ငံသို့ ပထမဦးဆုံးခရီးစဉ်တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း၊ ထိုစဉ်က ဝန်ကြီးချုပ်နှင့် စစ်အစိုးရ၏
နံပါတ်လေးခေါင်းဆောင် ဦးသိန်းစိန်နှင့်လည်းကောင်း တွေ့ဆုံခဲ့ပါသည်။
၎င်းတို့နှစ်ဦးကြား ခြားနားမှုမှာ သိမ့်မကြီးနိုင်ကြောင်း တွေ့ရသည်။
စာရေးသူအား ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြိုရှိ
ရုရှားတို့ဆောက်လုပ်ပေးထားသော ဟောင်းနေသည့်ဟိုတယ်ကြီးတစ်ခုတွင်
တွေ့ဆုံခွင့်ပေးခဲ့ ပါသည်။ အဆိုပါဟိုတယ်မှာ မြန်မာနိုင်ငံတွင်
စစ်အေးတိုက်ပွဲကာလ၏ အကောင်းအဆိုးရောပြွမ်းနေသော အကျိုးဆက်များမှ
အကြွန်းအကျန်တစ်ခု ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား
သူ့ကိုအကျယ်ချုပ်ထားရှိသည့်နေအိမ်မှ ဟိုတယ်သို့ ပို့ပေးခဲ့ပါသည်။
စာရေးသူတို့သည် ၃ နာရီကြာခန့် စကားပြောခဲ့ရာ မြန်မာနိုင်ငံအသစ်အတွက်
သူ၏မျော်လင့်ချက်များအကြောင်း ပြောဖြစ်ခဲ့သည်။
သူသည်ကြိုတင်သိထားသည့်အတိုင်း ဆွဲဆောင်အား ကောင်းလှပြီး၊ လက်ရှိ
စိတ်ပျက်ဖွယ်အခြေအနေ ရှိလင့်ကစား ဆုံးဖြတ်ချက်ခိုင်မာ အားကောင်းပြီး
အကောင်းမြင်မူကို ထင်ဟပ်နေပါသည်။ သူ့အား ဆယ်စုနှစ် နှစ်ခုနီးပါး
နေအိပ်အကျယ်ချုပ်ဖြင့် အထီးကျန်ခဲ့သော်လည်း
နိုင်ငံတကာဖြစ်ပေါ်တိုးတက်မူများကို အသေးစိတ်ဆုတ်ကိုင်မိကြောင်း ပြသခဲ့ပါ
သည်။ သူက နေ့စဉ်ဖြတ်သန်းမှုများပြောရာတွင် နေ့စဉ် BBC ကမ္ဘာသတင်း VOA
သတင်းများနားထောင်ပြီး ရေးရေးသာစိတ်ကူးနိုင်သည် သူ၏ အနာဂါတ်နေရာအတွက်
ကြိုတင်ပြင်ဆင်နေပုံကို ပြောပြပါသည်။ ယနေ့တွင် လက်တွေ့ အကောင်အထညပေါ်လာပြီ
ဖြစ်ပါသည်။ စစ်အစိုးရသည် နိုင်ငံပိုင်သတင်းစာများတွင် စာရေးသူ၏ခရီးစဉ်အား
ဖော်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ဓါတ်ပုံကို ဖြတ်တောက်ဖော်ပြခဲ့ပါသည်။
စာရေးသူသည်
ဦသိန်းစိန်ကို နေပြည်တော်တွင်တွေ့ဆုံခဲ့ပါသည်။စာရေးသူတို့က
အဓိပ္ပါယ်ရှိသော တွေ့ဆုံဆွေးနွေးပွဲကို အဆိုပြုခဲ့ရာ လုံးဝတုန့်ပြန်မှု
မရခဲ့ပေ။ ၎င်းနှင့်သူ၏ ဗိုလ်ချုပ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့်ဆက်ဆံရန်
လည်းကောင်း၊ ပြုပြန်ပြောင်းလဲရေး အကောင်းအထည်ဖော်ရန် ၎င်းဆန္ဒရှိပုံ
လက္ခဏာလုံးဝမပြခဲ့ပေ။ ဦးသိန်းစိန်သည် ပါဝါရှိသူတစ်ဦးဟု မထင်ရပေ။ခ
ံစားချက်ကို ထုတ်မပြပဲ၊ သဘောထား နူးညံသူဖြစ်ပါသည်။ သို့သော်လည်း
၎င်းနှင့်ပထမဦးဆုံးအကြိမ် တွေ့ဆုံမူတွင် လေသံအတက်အကျ စစ်သားအသံ ဂရုပြု
ထိန်းသိမ်းထားပြီး၊ သတိထား သည့် သဘောရှိပါသည်။ ယခုသမ္မတဘဝတွင် သက်ဝင်စေသည့်
ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်သော အိုင်ဒိယာများကို တစွန်းတစ ထုတ်ဖော်
ပြသခဲ့ခြင်းမရှိပေ။သုံးနှစ်ကြာခဲ့ပြီးနောက်၊ ယခုနှစ်စက်တင်ဘာလတွင်
ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင် အမတ်တစ်ဦးအနေဖြင့် အမေရိကန်
ပြည်ထောင်စုသို့ လွတ်လပ်စွာ သွားလာနိုင်ခဲ့ပါသည်။ သူသည် ဆုလက်ခံယူရန်နှင့်
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုင်းဝိုင်းက ထောက်ခံပံ့ပိုးမှုရရန်နှင့်
အဆက်သွယ်သစ်များရရန် လုပ်ဆောင်နိုင်ခဲ့ပါသည်။ သူ၏ ခရီးစဉ်အတွင်း
ဦးသိန်းစိန်သည်လည်း အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာပါသည်။
ဦးသိန်စိန်သည် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားသည့်
ပထမဦးဆုံး မြန်မာနိုင်ငံခေါင်းဆောင် ဖြစ်လာပြီး နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီကလင်တန်နှင့် တွေ့ဆုံခဲ့ပါသည်။ “မြန်မာနိုင်ငံအစိုးရနှင့်
ပြည်သူတွေဟာ ဒိမိုကရေစီအသွင်ကူးပြောင်းရေးနဲ့
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တွေမှာ နောက်ပြန်မလှည့်မယ်
ထင်သာမြင်သာခြေလှမ်းများလှမ်းနေပါပြီ”ဟု ၎င်းကပြောပါသည်။ ၎င်းသည်နယူးယောက်တွင်
ရှိစဉ်အတွင်း အောင်ဆန်းစုကြည်နှင့် ပုဂ္ဂလိကတွေ့ဆုံမှုဖြင့် တွေဆုံခဲ့ပါသည်။
၎င်းတို့လုပ်ဖော်ကိုင်ဖက်အဖြစ် ပေါင်းစည်းမူမှာ မဖြစ်နိုင်သောကိစ္စ
ဖြစ်သော်လည် နယူးယောက်တွင် ၎င်းတို့တွေ့ဆုံမှုမှာ ၎င်းတို့နှင့် ၎င်းတို့တိုင်းပြည်
မည်မျှခရီးပေါက်ခဲ့ပြီဆိုသည်ကို အားကောင်းစွာညွန်ပြခဲ့သည် သင်္ကေတဖြစ်ပါသည်။
၎င်းတို့၏
ဆက်ဆံရေးအစမှာ ၂၀၁၁ ခုနှစ် သြဂုတ်လက လွတ်လပ်ရေးခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီကားအောက်တွင် တွေ့ဆုံ ပြီး၊
ဦးသိန်းစိန်၏ဇနီးတည်ခင်းသော ညစာစားသုံးခြင်းတွင် စတင်ခဲ့ခြင်းဖြစ်ပါသည်။
၎င်းတို့သည် တိုင်းပြည်အသစ်တစ်ဖန် ပြန်လည်မွေးဖွားနိုင်ရေး အတွက်
မျှော်လင့်ချက်များဖလှယ်၍ သတိဖြင့် ယာယီညှိနှိုင်းခဲ့ရပုံရပါသည်။
ထိုပထမဦးဆုံးတွေ့ဆုံမှုတွင် အာဏာရှင်လူအိုကြီးသန်းရွှေ ၂၀၁၁ ခုနှစ်
အနားယူအပြီး မြန်မာနိုင်ငံတွင် ပင့်သက်မှားသည့်
ပြောင်းလဲမူများဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်ရန် သတ်မှတ်နိုင်ခဲ့ပါသည်။
ထို့နောက် ဦးသိန်းစိန်၏ အစိုးရသည် နိုင်ငံရေးအကျဉ်းသားရာပေါင်းများစွာကို
လွှတ်ပေးခဲ့ပါသည်။ ပြောဆိုခွင့်၊ စုဝေးခွင့်၊ လှုပ်ရှားခွင့်တို့နှင့်ပတ်သက်၍
ရက်စက်စွာချမှတ်ထားသော ကန့်သတ်မှုများကို ဖြေလျှော့ပေးခဲ့ပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အုပ်စု အတော်များများဖြင့် အပစ်အခတ်ရပ်စဲရေး
သဘောတူညီချက် ရယူနိုင်ခဲ့ပါသည်။ စစ်အစိုးရက ၂၂ နှစ်ကြာ NLD
၏ရွေးကောက်ပွဲအောင်နိုင်မူကို လစ်လျုရူခဲ့ပြီးနောက် လွှတ်တော်တွင်ပါဝင်ရန်
ပြန်လည်ခွင့်ပြုသော ရွေးကောက်ပွဲများ ကျင်းပခဲ့ပါသည်။
ပထဝီနိုင်ငံရေးကြောင့်ဖြစ်စေ၊
နိုင်ငံတကာ၏ အဆက်မပြတ်ဖိအားများကြောင့် ဖြစ်စေ မြန်မာနိုင်ငံ၏
ရုတ်တရက်တံခါးဖွင့်လာမူတွင် အဆိုပြုမူများစွာ ရှိလာပါသည်။ သို့သော်
အဆိုပါထူးခြားသော ပုဂ္ဂိုလ်ရေးအတွေ့အကြုံများသည် များစွာအလုပ်ဖြစ်လိမ့်မည်ဟု
စာရေးသူ ယုံကြည်ပါသည်။ အမေရိကန်အစိုးရနှင့် အဓိကကွန်ဂရက်မဟာမိတ်များသည်
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံ လွတ်မြောက်ရေး
တိုက်ပွဲသူများနှင့် ၎င်းတို့၏ အမှောင်ဆုံးနေ့ရက်များက ဆုံးဖြတ်ချက်ခိုင်မာစွာ
အတူရပ်တည်ခဲ့သည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသည်
စနစ်ဟောင်းကို ပြောင်းပြန်လှန်၍ ကွဲပြားခြားနားသော လမ်းကြောင်းတွင်
လျှောက်လှမ်းရန် လိုအပ်နေချိန်တွင် ဦးသိန်စိန်ရောက်ရှိလာခြင်း ဖြစ်ပါသည်။
သူသည် ဝန်ကြီးချုပ်ဘဝဖြင့် ပြင်ပ ကမ္ဘာသို့ ထိတွေ့ခွင့်ရခဲ့ရာ ဒေသတွင်း
မြို့တော်များသို့ ရောက်ခဲ့ပါသည်။ အဆိုပါ မြို့တော်များသည်
လွန်ခဲ့သောဆယ်စုနှစ်များက ခေတ်မှီသော ရန်ကုန်မြိုနှင့်
ခြားနားစွာဆင်းရဲခဲ့သော်လည်း ယခုအခါ ခေတ်မှီမြို့တော်ကြီးများ ဖြစ်နေသည်ကို
တွေ့ခဲ့ရပါသည်။ မြန်မာနိုင်ငံ၏ကျရှုံးမူမှာ မြင်သာထင်သာရှိလှပါသည်။
အပယ်ခံနိုင်ငံ ဖြစ်နေရခြင်း၊အရှေတောင်အာရှနိုင်ငံများအတွက်
မြန်မာနိုင်ငံကြောင့် မျက်နှာပျက်စရာများ ဖြစ်ရခြင်းတို့သည်
ခေတ်စနစ်ဟောင်း၏ နာကျင်ဖွယ်များဖြစ်ကြောင်း ပြောနိုင်ပါသည်။
ပြုပြင်ပြောင်းလဲရေး
အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းရန် ခက်ခဲပါလိမ့်မည်။ အားလုံးအနေဖြင့်
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့၏ အားတက်ဖွယ် နမူနာကို
လိုက်နာကြရမည်ဖြစ်ပြီး၊ အားလုံး ကောင်းမွန်ရေးအတွက်
ခါးသီးသောအမုန်းတရားများနှင့် မယုံကြည်ရမူများကို ဘေးဖယ်နိုင်မှု
နမူနာများကို ၎င်းတို့နှစ်ဦးထံမှယူနိုင်မူအပေါ်တွင် မူတည်နေပါသည်။
နိုင်ငံ၏ကောင်းမွန်သော အနာဂါတ်အတွက် ၎င်းတို့နှစ်ဦး၏ ပူးပေါင်းပါဝင်မူသည်
ခေါင်းဆောင်နှစ်ဦးအား ၎င်းတို့၏ ဝတ်စုံများကို ဖယ်ခွာစေခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတကာစံများ၏ အဓိကနေရာတွင် ယူထားပြီး
ဦးသိန်းစိန်မှာအကြွင်းမဲ့အာဏာကိုဖြစ်စေသည့် စစ်တပ်၏တာဝန်ရှိသူတစ်ဦး
ဖြစ်နေပါသည်။ ၎င်းတို့ ဝတ်စုံများကို ပယ်ဖယ်ပစ်ပြီးမှ ယခုကဲ့သို့ တူညီသော
ကိစ္စရပ်များတွင် တွေ့ဆုံနိုင်ခဲ့ပါသည်။ နိုင်ငံသားတစ်ဦး၊
မျိုးချစ်သူတစ်ဦးအနေဖြင့် မြန်မာနိုင်ငံအသစ်အတွက် အတူတကွ
ရုန်းကန်ကြိုးပမ်းနေကြပါသည်။ ထိုလုပ်ငန်းစဉ်များကို လုပ်ကိုင်နေကြသည်မှာ
စာရေးသူတို့အတွက် သတိမပြုမိပဲမနေနိုင် ဖြစ်ကြရပါသည်။
28 November 2012
ကျေးဇူးရှင်.. ဓါးပြများသို့..
ပြောပြန်ရင်လည်း အောင်မင်းလွန်ရာ ကျမည်...။
ယခုနှစ် ၃လပိုင်း ၁၉ရက်နေ့က လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းအုတ်မြစ်ချပွဲ အခမ်းအနားမှာ တွေ့ရတဲ့ တရုတ်စီမံကိန်းဥက္ကဋ္ဌ၊ တရုတ်သံအမတ်နဲ့ အတူတွေ့ရတဲ့ မြန်မာတာဝန်ရှိ ပုဂ္ဂိုလ်များပေါ့..။ တရုတ်စီပွားရေး လုပ်ငန်းရှင်တွေကတော့ ပျော်တပြုံးပြုံး မြန်မာတာဝန်ရှိသူတွေကတော့ လက်ကလေးရှေ့ချ သတိအနေအထားနဲ့ပေါ့...။
တရုတ်ကျေးဇူးရှိတယ် တရုတ်ကျေးဇူးရှိတယ် ဆိုပြီး ပြောဆိုနေကြတာ နိုင်ငံခေါင်းဆောင်ကအစ ဝန်ကြီးအဆုံးပေါ့..။
ဒါနဲ့ပတ်သက်လို့ ကျေးဇူးရှင်ဆိုတ
ဲ့ စကားအသုံးအနှုန်းကို နားကြားပျင်း ကပ်မိလို့ ဥပမာတခုနဲ့ယှဉ် စဉ်းစားမိတယ်...။ ဥပမာ ရွာတရွာမှာ ငွေကြေးချမ်းသာတဲ့ မွေးကင်းစ ကလေးငယ်တဦးသာရှိတဲ့ မိသားစု တစုကို ဓါးပြတိုက်ခံရတယ်ဆိုပါစို့ ဓါးပြဗိုလ်က ပစ္စည်းယူယုံတင် မက မိခင်ဖခင် ၂ဦးကိုပါ သတ်ဖြတ်ပြီး ကျန်ရစ်သူ ကလေးငယ်ကိုတော့ လူမမယ်ကလေးငယ် ဖြစ်တဲ့အတွက် မသတ်ဖြတ်ပဲ စောင့်ရှောက်ထိန်းသိမ်း ခဲ့တယ် ဆိုပါစို့။ ကလေးငယ်အတွက် ဓါးပြဗိုလ်ဟာ ကျေးဇူးရှင်လို့ပြောရင် လက်ခံနိုင်ပါ့မလား။
ဓါးပြအဖွဲ့သာ မရောက်ရှိလာရင် ကလေးငယ်ဟာမိစုံ ဖစုံချမ်းချမ်းသာသာ လူလားမြောက်ခွင့်ရမှာပါ...။ မိခင်ဖခင်ကို သတ်ပြီး လူလားမြောက်လာအောင် စောင့်ရှောက်ခဲ့တဲ့ ဓါးပြဗိုလ်ကိ ကျေးဇူးရှင်အဖြစ် လက်ခံနိုင်ပါ့မလား။
ထို့အတူ ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း၂၃နှစ်လုံးလုံး မိဘနဲ့တူတဲ့ ဒီမိုကရေစီအစိုးရ ဖြစ်ပိုင်ခွင့်ကို သင်းသတ်ခံရ၊ မိဘဘိုးဘွားပိုင်ဖြစ်တဲ့ သဘာဝအရင်းအမြစ်တွေကို ဓါးပြတိုက် မောင်ပိုင်စီး ခံရပြီး မသေယုံတမယ် အပေါစား တရုတ်ပစ္စည်းတွေနဲ့ ဓါးပြမွေးစားတဲ့ သားသမီးအဖြစ် ချွတ်ခြုံကျခဲ့ရတာတောင် ကျေးဇူးရှင်လို့ ပြောထိုက်ပါလား။
၁၉၉၀ကစပြီး ဒီမိုကရေစီ အစိုးရအဖြစ် ဆယ်စုနှစ် ၂စုကျော်သာ အသားကျခဲ့ရင် ယနေ့မြန်မာပြည်ဟာ ကမ္ဘာနဲ့ ယှဉ်ဘောင် မတန်းနိုင်တောင် အဆင့်တခုတော့ ရောက်ရှိနေမှာပါ။
ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့တော့ မိခင်၊ ဖခင်ကို သတ်ဖြတ်ပြီး အဆီစား အသားမျိုခဲ့တဲ့ ဓါးပြဗိုလ်ကို ကျေးဇူးရှင် ဖြစ်သင့်မဖြစ်သင့် ဆင်ခြင်စရာပါပဲ..။ ဆယ်စုနှစ် ၂ခုကျော် ကာလအတွင်း အဆီဖြစ် အသားထစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ အကျိုးခံစား ခဲ့ရသူတွေ အတွက်ကတော့ ကျေးဇူးရှင် ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့်..။
ကျွန်တော်တို့ ပြည်သူများအတွက်တော့ မိဘ၂ပါး အသတ်ခံရ စည်းစိမ်းဥစ္စာတွေ ဆုံးရှုံးခဲ့ရပြီး မည်ကာမတ္တ လူလားမြောက်ခဲ့ရတဲ့ အဖြစ်လို ခံစားခဲ့ရတာတင်မကပဲ ဓါးပြဗိုလ်နဲ့တူတဲ့ ဇိနတိုင်းအား ကျေးဇူးရှင်အဖြစ် လက်ခံရမယ်လို့ ပြောဆိုနေမှုဟာ လည်ချောင်း အရိုးဆူးသလို အခံခက်လှသည်။
ယနေ့လက်ပံတောင်းတောင် အရေးနဲ့ ပတ်သက်ပြီး ယခင် စစ်အာဏာရှင် နရသီဟပတေ့ တရုတ်ပြေးမင်းနှင့် အပေါင်းအပါများကို စိတ်နာမိသလို တရုတ်ရန်ကို အောင်မြင်စွာ တိုက်ထုတ်ခဲ့တဲ့ ဆင်ဖြူရှင်မင်းကို တမ်းတမိသည်...။ ပြောပြန်ရင်လည်း အောင်မင်းလွန်ရာ ကျမည်...။
ကျေးဇူးရှင်ဆိုသော ဝေါဟာရနှင့် ပတ်သက်ပြီး တွေးမိသမျှ ရေးမိသည်။
ဒီမိုဝေယံ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြင်ကွင်းတခု
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ပျက်ဆီးသွားသော သဘာဝဝန်းကျင်တခု...
ကျွန်တော်တို့ မြန်မာပြည်သူတွေ ကျေးဇူးရှင် ဆိုသူများထံမှ ဆယ်စုနှစ် ၂ခုကျော် ရရှိလိုက်တာကတော့ ပျက်ဆီးသွားသော သဘာဝဝန်းကျင်များနဲ့ တနေ့တခြား ဖောက်ပြန်လာသည့် ရာသီဥတု အခြေအနေများသာ... ဖြစ်သည်..။
ကျွန်တော်တို့ မြန်မာပြည်သူတွေ ကျေးဇူးရှင် ဆိုသူများထံမှ ဆယ်စုနှစ် ၂ခုကျော် ရရှိလိုက်တာကတော့ ပျက်ဆီးသွားသော သဘာဝဝန်းကျင်များနဲ့ တနေ့တခြား ဖောက်ပြန်လာသည့် ရာသီဥတု အခြေအနေများသာ... ဖြစ်သည်..။
26 November 2012
မိုးထိမိုးမိ ရွှေလုပ်သားများ နေပြည်တော်သို့ လမ်းလျှောက်ချီတက်စဉ် လူတစ်စုနှင့် ရဲတပ်ဖွဲ့တို့က၀ိုင်းဝန်းရိုက်နှက်ဖမ်းဆီးဟုဆို
နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၉ နာရီ ၁၅ မိနစ်တွင် မိုးထိမိုးမိ ရွှေလုပ်သား
၇၆ဦးတို့ နေပြည်တော် သို့ လမ်းလျှောက်ချီတက်နေစဉ် ရေနီ ရွာနှင့်
မြို့လှမြို့ကြားတစ်နေရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်
ဖြစ်ပွားကာ နှစ်ဖက်အပြန်အလှန် ရိုက်နှက်မှုများရှိခဲ့ကြောင်းသိရသည်။
''မြို့လှနဲ့ ရေနီကြား လူပြတ် တဲ့ ကြားရွာအရောက်မှာ အရပ်ဝတ် အရပ်စားနဲ့
လူတွေရယ်။ ရဲတပ်ဖွဲ့ ဝင်တွေက ကျွန်မတို့လူစုကို အတင်း ဝင်ဆွဲပြီး
လက်ထိပ်နဲ့ ခတ်တယ်။ သုံတုတ်တွေနဲ့လည်း ရိုက်တယ်။ ကျွန်မက မလုပ်ပါနဲ့လို့
ဝင်တားတဲ့ အခါမှာ ကျွန်မလည်း အရိုက်ခံရ တယ်။ ခေါင်းဆောင်တွေကို အုပ်စု
လိုက် ဝိုင်းဖမ်းသွားတာပါ''ဟု ၄င်း က ပြောသည်။
အဆိုပါ မိုးထိမိုးမိ
ရွှေလုပ် သားများသည် နေပြည်တော်သို့ နိုဝင်ဘာလ ၈ ရက်နေ့ နေ့လည် ၁ နာရီမှစ၍
ခြေကျင်လမ်းလျှောက် ချီတက်ခြင်းဖြစ်ပြီး ၄င်းတို့ ရွှေလုပ် သားများနှင့်
အမျိုးသားကြီးပွားတိုး တက်ရေး ကုမ္ပဏီတို့ကြား ပြဿနာ များအား
နိုင်ငံတော်သမ္မတထံသို့ တင်ပြကာ နေပြည်တော်တွင် ငြိမ်းချမ်း
စွာစုဝေးမည်ဖြစ်ကြောင်းသိရသည်။
ယခုကဲ့သို့ ခြေလျင်ချီတက် လာစဉ်
မြို့လှနှင့် ရေနီရွာကြား၌ ရဲတပ်ဖွဲ့အင်အား အများစုနှင့် အရပ်
ဝတ်အချို့တို့က ဝိုင်းဝန်း၍ ရွှေလုပ် သားခေါင်းဆောင် ၄ ဦးအား ဖမ်း
ဆီးသွားခဲ့ကြောင်း၊ လက်ထိပ်ခတ်ခြင်း အပြင် သံတုတ်များဖြင့် ရိုက်နှက်မှု
ကြောင့်ဒဏ်ရာရရှိ ၍ ဆေးရုံဆေးခန်း ပြသရသူများလည်းရှိကြောင်းသိရသည်။
အထက်ပါကိစ္စနှင့် ပတ်သက် ၍ ရေနီရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ် မေးမြန်းရာတွင်
၎င်းမိုးထိမိုးမိ ရွှေ လုပ်သားတို့အား တာဝန်အရ ဖမ်း ဆီးခြင်းသာဖြစ်၍
ရဲတပ်ဖွဲ့ဝင်တို့က ရိုက်နှက် နှိပ်စက်ခြင်း မပြုလုပ်ခဲ့ပါ ကြောင်း၊
ဖမ်းဆီးချိန်တွင် ရွှေလုပ် သားတို့က စတင်ထိုးသူကထိုး၊ လည် ပင်းညှစ်သူကညှစ်၍၊
မြို့လှရဲစခန်းမှ တပ်ကြပ်ကြီး ၁ ဦး မျက်ခုံးကွဲ၍ ရဲတပ်ဖွဲ့ဝင်အချို့
ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း ဖြစ်ပွားခဲ့သောကိစ္စတွင် ရဲတပ်ဖွဲ့တို့မှ
လွန်လွန်ကျူးကျူးမှုလုပ် ခဲ့ကြောင်း ရှင်းလင်းပြောပြသည်။
''အခု သူတို့
ခေါင်းဆောင် အာမခံရဖို့ ခရိုင်ရဲမှူးနဲ့ လာညှိနေ ပါတယ်။ တရားစွဲတာ နောက်မှ
အစွဲခံမယ်။ အာမခံပေးဖို့ NLD ကိုယ်စားလှယ်တွေလည်း လာတယ်။ ဒါကို
တရားသူကြီးက စဉ်းစားနေ တယ်။ ကျွန်တော် သိရသလောက် တော့ အာမခံပေးလို့ မရတဲ့
အမှု ဖြစ်နေပါလိမ့်မယ်''ဟု ရေနီတာဝန် ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဖြစ်ပွားခဲ့သော ကိစ္စရပ်များ အား ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်းသိန်း နှင့်
ဦးမင်းသူ NLD လွှတ်တော် ကိုယ်စားလှယ်များမှ လာရောက် မေးမြန်းပြီး
လက်ရှိတွင် ရွှေလုပ် သားများ၏ ခေါင်းဆောင် ဖမ်းဆီး ခံရသူ ၄ ဦးအား
ပြန်လည်လွှတ်မ ပေးမခြင်း ချီတက်လမ်းလျှောက်သူ များက ရေနီအောင်မင်္ဂလာဘုန်းကြီး
ကျောင်းတွင် ခေတ္တစောင့်ဆိုင်းမည် ဖြစ်ကြောင်း သိရသည်။
25 November 2012
၆နာရီကြာမြန်မာပြည်မှာ...
သမိုင်းဝင် အမေရိကန်သမ္မတ အိုဘားမားခရီးစဉ်အတွင်း ပြည်ပသတင်းထောက်များရဲ့ အပြေးအလွှားမှတ်တမ်း ရုပ်သံ (ရိုက်တာ)
စက်ရုံ၊လုပ်ငန်းများ ပျက်စီးဆုံးရှုံးစေရန် ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ အကျင့်ပျက်ဝန်ထမ်းများ, လုပ်ဆောင်မှုကြောင့် နိုင်ငံတော်အတွက်များစွာ နစ်နာ
စက်ရုံ၊လုပ်ငန်းများ ပျက်စီးဆုံးရှုံးစေရန် ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ
အကျင့်ပျက်ဝန်ထမ်းများ, လုပ်ဆောင်မှုကြောင့် နိုင်ငံတော်အတွက်များစွာ
နစ်နာခဲ့ပြီး ဝန်ကြီးဋ္ဌာနအတွင်း ဆရာတပြည့်မွေး၊, အုပ်စုဖွဲ့ခြင်းတို့ကြောင့်
စိက်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။, (၁၉၈၈)ခုနှစ်တွင်
ကျောင်းတက်နေ ခဲ့သောသူများအား (၈၈)ကျောင်းသားများဟုသက်မှတ်ပြီး,
ကာကွယ်ရေးဝန်ကြီးဋ္ဌာန အတွင်း ခွဲခြားဆက်ဆံခြင်း၊ မတရားစွပ်စွဲ
ခုံရုံးတင်စစ်ဆေးခြင်းတို့သည်, နိုင်ငံတော် တည်ဆောက်ရေး၊
အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ ခေတ်မှီသောမျိုးချစ်တပ်မတော်,
တည်ဆောက်ရေးတို့အတွက် လွန်စွာအန္တယ်ကြီးမားလှပါသည်။, ကာကွယ်ရေးဦးစီးချုပ်၏
သြဝါဒ စကားများတွင်ပါဝင်သော လူမှုရေးကင်းရှင်းစွာနေထိုင်ခြင်း၊, တရားဥပဒေ၊ စစ်စည်းကမ်းနှင့်အမိန့် တို့ကိုလိုက်နာနေထိုင်ကြရန် ဆုံးမလမ်းညွှန်ထားသော်လည်း, မြန်မာစီးပွားရေးကော်ပို့ရေးရှင်း
(MEC) မှ အကျင့်ပျက် ဝန်ထမ်းများမှာ ဆုံးမလမ်းညွှန်မှုများကို, မျက်ကွယ်ပြု
ဆန့်ကျင်ဆောင်ရွက်နေကြပါသည်။, တစ်လင်၊တစ်မယားစနစ်ကို ဂုဏ်ယူ၊တန်ဖိုးထားသော
ကာကွယ်ရေးဦးစီးချုပ်ကြီးမှ လူမှုရေး, ဖောက်ပြန်ပြီး၊တရားမဲ့ပြုကျင့်နေသော၊ တရားဥပဒေ၏အထက်တွင်ပျက်ရယ်ပြုနေထိုင်ပြီး၊အုပ်စုဖွဲ့, ဆိုးသွမ်းရိုင်းစိုင်းယုက်မာနေသော
အကျင့်ပျက်ဝန်ထမ်းများအား အမြန်ဆုံးအရေးယူပေးနိုင်ပါရန်၊, တာဝန်သိ၊
တာဝန်ရှိ သောသူများမှ ဆက်လက်ဖြန့်ဝေ တင်ပြပေးပါ။, ကျေးဇူးတင်ပါသည်။,
စက်ရုံ၊လုပ်ငန်းများ ပျက်စီးဆုံးရှုံးစေရန် ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ
အကျင့်ပျက်ဝန်ထမ်းများ, လုပ်ဆောင်မှုကြောင့် နိုင်ငံတော်အတွက်များစွာ
နစ်နာခဲ့ပြီး ဝန်ကြီးဋ္ဌာနအတွင်း ဆရာတပြည့်မွေး၊, အုပ်စုဖွဲ့ခြင်းတို့ကြောင့်
စိက်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။,
(၁၉၈၈)ခုနှစ်တွင်
ကျောင်းတက်နေခဲ့သောသူများအား (၈၈)ကျောင်းသားများဟုသက်မှတ်ပြီး,
ကာကွယ်ရေးဝန်ကြီးဋ္ဌာနအတွင်း ခွဲခြားဆက်ဆံခြင်း၊ မတရားစွပ်စွဲ
ခုံရုံးတင်စစ်ဆေးခြင်းတို့ သည်, နိုင်ငံတော်တည်ဆောက်ရေး၊
အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ ခေတ်မှီသောမျိုးချစ်တပ်မတော်,
တည်ဆောက်ရေးတို့အတွက် လွန်စွာအန္တယ်ကြီးမားလှပါသည်။, ကာကွယ်ရေးဦးစီးချုပ်၏
သြဝါဒ စကားများတွင်ပါဝင်သော လူမှုရေးကင်းရှင်းစွာနေထိုင်ခြင်း၊, တရားဥပဒေ၊ စစ်စည်းကမ်းနှင့်အမိန့် တို့ကိုလိုက်နာနေထိုင်ကြရန် ဆုံးမလမ်းညွှန်ထားသော်လည်း, မြန်မာစီးပွားရေးကော်ပို့ရေးရှင်း
(MEC) မှ အကျင့်ပျက် ဝန်ထမ်းများမှာ ဆုံးမလမ်းညွှန်မှုများကို, မျက်ကွယ်ပြု
ဆန့်ကျင်ဆောင်ရွက်နေကြပါသည်။, တစ်လင်၊တစ်မယားစနစ်ကို ဂုဏ်ယူ၊တန်ဖိုးထားသော
ကာကွယ်ရေးဦးစီးချုပ်ကြီးမှ လူမှုရေး, ဖောက်ပြန်ပြီး၊ တရားမဲ့ပြုကျင့်နေသော၊ တရားဥပဒေ၏ အထက်တွင် ပျက်ရယ်ပြုနေ ထိုင်ပြီး၊အုပ်စုဖွဲ့, ဆိုးသွမ်းရိုင်းစိုင်း ယုက်မာနေသော
အကျင့်ပျက်ဝန်ထမ်းများအား အမြန်ဆုံးအရေးယူပေးနိုင်ပါရန်၊, တာဝန်သိ၊
တာဝန်ရှိ သောသူများမှ ဆက်လက်ဖြန့်ဝေ တင်ပြပေးပါ။, ကျေးဇူးတင်ပါသည်။
Subscribe to:
Comments (Atom)















