18 September 2010

သမဂ္ဂ အဘဦးအုန်းမြင့် (သို့မဟုတ်) ကျွန်တော်သိခဲ့တဲ့ လူကြီးလူကောင်း တယောက်အကြောင်း

သရုပ်ဖော် ပန်းချီထိန်းလင်း

လူကြီးလူကောင်းဆိုတဲ့ စကားလုံးကို ဒီနေရာမှာသုံးရတာ တော်တော်ထောက်ပြီး ကျွန်တော့်အတွက် မွေးစားစကားလုံး တခုလို တော်တော်စိမ်းတယ်။ ဒါပေမယ့် ဘာကြောင့်လည်းမသိဘူး။ ဒီအချိန်မှာ အဘကို - ဒီလိုဘဲ ရဲရဲခေါ်ချင်တယ်။

၁၉၈၉ နှောင်းပိုင်း အမိန့်တွေအသီးသီး ချခံရပြီး အဘနဲ့ ၄တိုက်မှာအတူတူ နေခွင့်ရတော့ စိတ်ထဲမှာ အဘကို တအံ့တသြ စဖြစ်၊ တရင်းတနှီး စဖြစ်ရတဲ့ အကြောင်းတွေ ရှိလာတယ်။ ကိုယ့်ကိုယ်ကိုမပိုင်၊ ခဏနေ ဘာဖြစ်မယ်ဆိုတာ မသိတဲ့ကာလ၊ အချိန်ပြည့် ဆင်းရဲမွန်းကျပ်၊ ဒီလိုလောဓံက ထုထောင်း စမ်းသပ်နေတဲ့အချိန်မှာ သမဂ္ဂအဘအိုရဲ့ ဟန်ပန်က အားလုံးကြားမှာ ထူးခြားလန်းဆတ်နေတာ ကျွန်တော် သတိထားဖြစ်တယ်။ ဒီနေရာကို အိမ်လို့မှတ်ဘို့ဆိုတာ တကယ်ကမလွယ်ဘူး။ အသက်၇၀ကျော်တဲ့ သူ့အရွယ်ကလည်း လူကြီးနာနဲ့ ဘယ်ကင်းမှာလဲ။ ဒါပေမယ့် အဘက ပူတဲ့ဟန်မပြ။ ရေချိုးချတာနဲ့ သူ့တိုက်ခန်းလေးကထွက်လာ၊ ယောဂီညိုရောင် ဘောင်းဘီ တိုနံ့နံ့လေးနဲ့ ဒီတိုက်ဝင်း ကျဉ်းကျဉ်းလေးထဲ အပြေး လေ့ကျင့်ခန်းလုပ်တယ်။ လူကပိန်ပိန်၊ ကိုယ်ထည်က ခနော်ခနဲ့။ ဆီးကြိတ် ယောင်တာကျအောင် ဆေးမှန်မှန်ထိုးရဘို့ မလွယ်တဲ့အရပ်မှာ ဆေးမထိုးရ ဘာဖြစ်မလဲ သူမပူ။ အသက် (၇၀)ကျော် ထောင်ကျအဖိုးကြီးက အပြုံးမပျက် လှုပ်လှုပ်ရှားရှား ပြေးလွှားပြနေတော့ သူ့ထက်ငယ်သူ၊ မိန်းမလွမ်းနေသူ၊ ရည်းစားလွမ်းနေသူတွေလည်း မနွဲ့နိုင်တော့ဘူး။ အဘရဲ့ အထူးခြားဆုံးအချက်က လူငယ်အားလုံးကို သူငယ်ချင်းလိုပေါင်းတဲ့ဟန်။ သူ့မိန်းမကို အိပ်ရာအဆင်သင့်လိပ်ခိုင်းထား၊ အ၀တ်အစား အပြည့်အစုံ ထည့်ခိုင်းထားပြီးမှ နိုင်ငံရေးလုပ်တဲ့လူ ဆိုတော့ စမ်းတ၀ါးဝါး ယောင်ဝါးဝါး ဖြစ်နေတာမရှိ။ ချီတုံချတုံ မရှိ။ ထောင်အတွေ့အကြုံကများတော့ တော်တော်အပြည့်အစုံ ပါလာတယ်။

ကျွန်တော်မှာ လမ်းထိပ်က စောင့်ဖမ်းခေါ်လာတာဆိုတော့ မပြင်မဆင်လိုက်ခဲ့ရ၊ စစ်ကြောရေးမှာလဲ အ၀တ်တထည် ကိုယ်တခု၊ (၅) လလောက်အထိ လဲစရာ အပိုမရှိ၊ ထောင်ကျပြီး အိမ်နဲ့မတွေ့ရခင် ဒါဝတ် သခင်။ အဲဒီအချိန်မျိုးမှာ အဘပေးတဲ့ အနွေးထည်ကို ကျွန်တော် တမြတ်တနိုး ၀တ်ခဲ့ရတယ်။ တချိန်လုံးလည်း သူက သူ့အသုံးအဆောင်တွေ သူ့အစားအသောက်တွေ သူများ လိုက်ပေးနေတာ။ ငြုတ်သီးကြော်နဲ့ မြေပဲဆံ ပဲပုတ်ထောင်းကြော်တွေ သူကိုယ်တိုင်စပ်။ အမြဲလို လိုက်ဝေတာများ ကောင်းမှကောင်း။ သူကိုယ်တိုင်ကကျတော့ ဘာမှ မက်မက်စက်စက်မရှိ။

(၉၀) စက်တင်ဘာ ထောင်သပိတ်ဖြစ်တော့ ကျွန်တော်သရက်ကို ရွေ့သွားတယ်။ အဘနဲ့ကွဲသွားတယ်။ နောက် ၁၉၉၃ မှာ ပြန်လွတ်လာတော့ အဘကို အခမ်းအနားတိုင်းမှာ တက်တက်ကြွကြွ ပြန်တွေ့ရပြန်ရော။ အင်းယားကန်ဘေး ကမ္ဘာအေးဘုရားလမ်းပေါ် ခြံဝင်းကျယ်နဲ့ ခေတ်မီတိုက်ကြီးထဲ ဒီ ဇရာထောင်းနေတဲ့ အဘအို သူဌေးလို အငြိမ်း နေနိုင်ရက်ကနဲ့ နအဖ၊ န၀တကိုမှ တုတ်နဲ့ဆွတဲ့ သူ့သတ္တိ မလေးစားဘဲ မနေနိုင်ဘူး။ အဘခြံကလည်း သွားရင် လူမသိအောင် ဘယ်ကမှ ကျော်ခွပြီး ခိုးကြောင်ခိုးဝှက် တိတ်တိတ်ဝင်စရာ လမ်းမရှိ။ ထောက်လှမ်းရေးကို အရင် စာရင်းပေးသွားဘို့ပဲ ကောင်းတယ်။ န၀တ၊ နအဖတခေတ်လုံး အဘဖုန်းဘိုးတွေ ကျမှာစိုးလို့ထင်ပါ့။ အဘအိမ်ကိုမှရွေး အချစ်ပိုပြီး ဖုံးဖြတ်ထားလို့ သူ့ခမျာ ဘယ်သူ့မှ ဖုန်းမပြောနိုင်ရှာ။ ဖုန်းနဲ့ အချိန်းအချက် လုပ်မရ။ သူကလည်း မိသားစုကို အကုန်မှာပြီး၊ အိပ်ယာလိပ် ပြင်ပြီးသား။ သူ့ခေါင်းထဲ တွေးတာတခုထဲ။ ဒီအရေးတော်ပုံမှာ ဘယ်နေရာက သူဘာလုပ်ပေးနိုင်မလဲဆိုတာ တခုထဲ။ ဒေါ်စုနဲ့ တကွ နေအိမ် အကျယ်ချုပ်ကျနေသူတွေ နေ့စဉ်စားဘို့ ချက်ပြုတ်ကြော်လှော်စီမံနေတာမျိုး။ ဘယ် ထောင်က ဘယ်သူ့ဆီကို ဧည့်တွေ့သွားမှာလဲ။ သူတို့ အဖွဲ့မှာ ကူငွေဘယ်လောက်ရလို့ ဘာကူညီလိုက်ရမလဲဆိုတာမျိုးတွေ။ သူ့ခြံက ပြန်ထွက်ပြီဆိုတာနဲ့ ခြံထဲထိ ဆင်းလိုက်လာပြီး ခြံအနှံ့ သံပုရာသီးတွေ ကိုယ်တိုင်လိုက်ခူး။ အလုံး ၅၀ - ၁၀၀ ပေးလိုက်တာချည်း။

“ထောင်ထဲမှာ သံပုရာသီးက အဖိုးတန်တယ်ဗျ။ များများသာယူသွား။”

ထောင်ဝင်စာ သွားမယ့်သူတွေအတွက် သူအမြဲစုထားတတ်တာ သံပုရာသီးတွေ။ ကျွန်တော် အဘကိုချစ်တဲ့အချက်တခုက သူ့ကိုယ်သူ “ကျွန်တော် - ကျွန်တော်” လို့သုံးတာတခု။ တခါမှတ်မှတ်ရရ။

“ကျွန်တော် - ကျွန်တော့်မိန်းမကို သိပ်ကျေးဇူးတင်တယ်ဗျာ။ သူသေခါနီးတော့ သားသမီးတွေ အားလုံးကို အနားခေါ်ပြီးမှာသွားရှာတာ။ နင်တို့အဖေကို မငြိုငြင်ုနဲ့။ စိတ်မဆိုးနဲ့။ သူ့ဘ၀မှာ ဘာတခုမှ မကောင်းတာ မလုပ်ခဲ့ဘူး။ သူ့အတွက်လည်း ဘာတခုမှ လုပ်တာမရှိဘူး။ ဒါကြောင့် နင်တို့အဖေကို စိတ်မဆိုးကြနဲ့။ သူ လုပ်ချင်တာ လုပ်ပစေ။ သူ့ကို ခွင့်လွှတ်ကြ - လို့ မှာသွားရှာတာဗျ။”

ကျွန်တော် အဘမိန်းမကို မတွေ့မီလိုက်ဘူး။ ဒါပေမယ့် အဘမိန်းမလည်း ကြီးမြတ်ပြီး ရှားတဲ့ ပါရမီဖြည့်ဖက်ပါလားလို့ မှန်းကြည့်လို့ရတယ်။ သူ့ခင်ပွန်းကို သူသေခါနီးမှာတောင် ပါရမီဖြည့်နိုင်ခဲ့တဲ့ ကြင်ဖေါ်။ ၁၉၉၈ မှာအဘနဲ့ အမှုတွဲ တကြိမ်ထပ်ဖြစ်တော့ အဘကို အင်းစိန်တွဲဖက်ထောင် အထူးတိုက်မှာ ပြန်ဆုံရပြန်ရော။

“ကိုဆိုင်း ဒီတခေါက်ပါလာမယ် မထင်ဘူး ဆေးခန်းဖွင့်စဆိုတော့။ ခင်ဗျားတို့ ဆေးခန်းတော့ ကသီလင်တတွေဖြစ်ပြီ။ ဘာမှမကြာလိုက်သေးဘူး”

သူကပူတယ်။ ကျွန်တော်ကပြုံးတယ်။ ဒီခေတ်ထဲမှာ ဒါတွေက မျှော်လင့်ထားပြီးသား ဟာတွေဘဲ အဘရာ။ ကျွန်တော်တို့တွေ အလုပ်တူလုပ်ပေမယ့် ကိုယ့်အပိုင်း ကိုယ်လုပ်သွားကြတာ။ မလိုအပ်ဘဲ ဘာမှ မပြောကြဘူး။ ဒီတခေါက်လည်း အဘအနွေးထည်ကို ကျွန်တော် လက်ဆောင်ရပြန်တာ။ ဖေဖော်ဝါရီဆိုတော့ ချမ်းကောင်းတုန်း။ ဒီတခေါက် စစ်ကြောရေးကာလမှာ အဘအသက် (၈၀) ပြည့်တယ်။ ကွတ်ကီးလို မုန့်လေးတွေ သူလိုက်ဝေတယ်။ အထူးတိုက်မှာ လူက သူ့ကို ထည့်ပေါင်းမှ (၆)ယောက်ပဲ။ ဗိုလ်ချုပ်နဲ့အတူ လုပ်ကြံခံရတဲ့ အာဇာနည် ဦးဘ၀င်းရဲ့သား ဦးအေးဝင်း၊ မောင်ဝံသ၊ ဦးမိုးသူ၊ ပိသုကာ ဦးကျော်မင်းတို့ကို ထောင်မချဘဲ တိုက်လှောင်ထားချိန်ပေါ့။ သူတို့တွေမိသားစုနဲ့ တွေ့ခွင့် မရတာ (၃) နှစ်နီးပါးတောင် ရှိရော့မယ်။ ဦးသိန်းတင် (ပထဝီမောင်တင်) ကိုတော့ ကျွန်တော်တိုက်မှာ မဆုံလိုက်ရဘူး။ သူ့ ရောဂါကျွမ်းပြီး သေလုသေခင် ဖြစ်နေချိန်မှ ပြန်လွှတ်ပေးလိုက်လို့ အိမ်ရောက်ပြီး တရက်၊နှစ်ရက်အကြာမှာ ဆုံးပါးရှာတယ်။

“ခင်ဗျားအခုနေတဲ့အခန်းက ဦးသိန်းတင် နေသွားတဲ့အခန်းဗျ”

မောင်ဝံသက လှမ်းပြောတယ်။ ကျွန်တော်က အယူမသီးဘူး။ ဘာမှမဖြစ်ဘူး။ ကျွန်တော်ပူနေတာ အဘ။ (၈၉) ကတည်းကစတဲ့ ဆီးကြိတ်က နောက်ထပ်(၁၀)နှစ် ဆိုတော့ တော်တော်ကြီးနေပြီလေ။ သူဆီးတခါသွား (၅) မိနစ်လောက်ကြာမယ်။ မပြီးဘူး။ ပြီးရင်လည်းပုဆိုးကို သူ - မထားတယ်။ ဆီးက တစက်တစက်နဲ့ ဆက်ကျနေ။ ဒါကိုပူတာ။ နောက်တယောက်ပူရတာ ဦးအေးဝင်း။ သူ့နှလုံးက ကဘောက်ကချာ ခုန်နေလို့ ရန်ကုန်ဆေးရုံကြီးမှာ လ အတော်ကြာသွားတက်။ ပြန်လာ နေ့တိုင်းဆေးသောက် နေတုန်း။ ကျွန်တော်ရောက်ပြီး သိပ်မကြာခင် ပိသုကာ ဦးကျော်မင်း ရေချိုးထွက်လာတာကို လှမ်းကြည့်၊ သိတ်မသင်္ကာလို့ ဆရာဝန်ကိုခေါ်ပြခိုင်း။ ဆရာဝန်လာစစ်၊ နောက်တနေ့ ဆေးရုံကို လူနာတင်ကားနဲ့ ထွက်သွားတာ။ တိုက်ကို ပြန်မရောက်လာတော့ဘူး။ ရေဖျဉ်းက တော်တော်စွဲနေပြီလေ။ အဲဒီလို ဘ၀မျိုးတွေမှာ ကျွန်တော် အဘအတွက် ရင်ပူခဲ့တယ် …. အဘရေ။ ……. အဘလည်းဒီတောင်ကိုကျော်ပါ့မလား။

(၉၈) ဧပြီမှာ အမိန့်တွေကျပြီး အင်းစိန်ထောင်မကြီးကို ရွှေ့ရတယ်။ ထောင်ပြောင်း အချုပ်ကားကြီးပေါ်တက်တော့ ပခုံးပေါ် တပွင့်တပ်ပြီး တုတ်တရမ်းရမ်းနဲ့ မာန်တက်နေတဲ့ အရာရှိက အဘကို ဟိုဟိုဒီဒီကြည့်ရမလားဆိုပြီး အဖိုးကြီး သေသွားချင်သလားလို့ ကြိမ်းတယ်။ ကျွန်တော် အဖေ့ကိုပြေးမြင်တယ်။ အဖေ့အရာမှာထား၊ အဘအတွက် အရမ်း စိတ်မကောင်းဖြစ်တယ်။ သြော်လူ့ဂုဏ်သိက္ခာတွေကို ကျွန်တော်တို့စွန့်ခဲ့ရတယ်။

နောက်ကျွန်တော် ရွှေဘိုကိုရွေ့၊ (၇) နှစ်ပြည့်လို့ ပြန်လွတ်တော့ အဘကို မသေဘဲပြန်တွေ့။ ၀မ်းသာလိုက်တာ။ အမှုတွဲ (၂၃) ယောက်မှာ (၂) ယောက်ဆုံးကျန်ခဲ့တယ်။ နောက်တယောက် မကြာခင်ထပ်ဆုံး။ ဒီလို သမဂ္ဂမျိုးဆက်ဟောင်းတွေ တဖြုတ်ဖြုတ်ကြွေ။ အဘက ကျွန်တော်မသေသေးဘူးဗျ လုပ်နေတုန်း။ ကိုယ်အလေးချိန်က ပေါင် (၈၀) မပြည့်တော့ဘူး။ စိတ်ကသာ မာထားတင်းထား။ ပွဲတိုင်း ရောက်အောင်ကြိုးစားတက်နေတုန်း။

“ကိုဆိုင်းရေ ဒီစာတွေ ထုတ်ဘို့လုပ်ပါအုံး”

သူ့လက်မှတ်ထိုးထားတဲ့ စာမူကြမ်း မိတ္တူတွေ တထပ်ကြီး ပေးပြန်ရော။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်တော်လှန်ရေးလုပ်ဘို့ စကြံစည်တဲ့ အချိန်က အကြောင်းတွေ။ ပဲခူးဘက်ကိုသွားပြီး လျှို့ဝှက်အစည်းအဝေး လုပ်တဲ့အကြောင်း၊ ပါခဲ့ကြတဲ့ လူတွေ၊ တာဝန်ယူခဲ့ရတာတွေ။ ကျွန်တော် ထိုင်းကို ထွက်ပြေးလာတော့ စာမူတွေ တပါတည်း ယူမလာနိုင်ဘူး။ လုံခြုံရာမှာပဲသိမ်းခဲ့ရတယ်။

အဘရေ - ကျောင်းသားလှုပ်ရှားမှု သမိုင်းကို အနံ့ရသွားပြီး ထောက်လှမ်းရေးတွေက ရှိသမျှစာအုပ်တွေ မြေလှန်ရှာသိမ်းနေတဲ့အချိန်၊ ကိုအောင်ထွန်းကို နအုံကွဲအောင်ရိုက် တအုပ်မကျန် ထုတ်ခိုင်းနေချိန်။ ကျွန်တော်တို့နှစ်ယောက် အထူးတိုက်မှာကြိတ်ပြုံးနေခဲ့ကြတယ်။ သူတို့ အနံ့မရခင် (၈) လ လောက်ကတည်းက ကြိုပြီး အောင်မြင်စွာ ခိုးထုတ်ခဲ့တာ အဘကို ကျွန်တော်က ဖွင့်ဟ။ အဘစိတ်မပူနဲ့။ သမိုင်းတွေက မပျောက်ရှပါဘူးပေါ့နော်။ အခုတော့အဘလည်းအသိ။ နိုင်ငံတကာ ရောက်နေတဲ့ အဘသားမြေးတွေ ဗကသ-သမဂ္ဂ မျိုးဆက်တွေက အထူးထုတ် ထူထူကြီး ခန့်ခန့်ကြီး ထုတ်လိုက်ကြတာ။ သူတို့ ထပ်သိမ်း အကုန်မီးထပ်ရှို့လည်း မပူဘူးအဘရေ။ သမိုင်းဆိုတာ မီးရှို့လို့ ပျောက်ရိုးလား။ သူတို့ကိုယ်တိုင်ရေး ထုတ်ရင်ကော သမိုင်းဖြစ်မှာလား။ ဗြိတိသျှစာကြည့်တိုက်ကြီးမှာတောင် သွားပြီး တအုပ်လှူထားပြီးပြီ။ ဒီကို လာသိမ်းနိုင်အုံးမှာလား။

အဘခြေထောက်တွေ ယောင်နေပြီ။ လုံးဝလဲနေပြီဆိုတဲ့သတင်း။ ပြီးခဲ့တဲ့လက ကျွန်တော် ရတယ်။ အထူးတိုက်မှာ အဘကို ဆိုပြခဲ့တဲ့ “သမဂ္ဂအမေ” - ကို အဘမသေခင် အခွေထုတ်ပြီး အဘဆီပို့ဖို့ မှန်းထားတာ။ “ကိုဆိုင်း ထုတ်ဖြစ်အောင်ထုတ်နော်” … လို့ မှာခဲ့တာမမေ့ဘူး။ ကျွန်တော် အဘဆီ အချိန်မီ မပို့နိုင်တော့ဘူး။

“အဘ-အခု ကိုအောင်ဆန်းတို့နဲ့ ပုသိမ်ဘက်ပြန်ဆင်း သမဂ္ဂစည်းရုံးရေးခရီးတွေ ဆင်းနေပြီလား။ အဘကိုကျွန်တော်တွေ့နေတယ်”

အလေးပြုဦးချလျက်


ခွန်ဆိုင်း (၁၈.၀၉.၂၀၁၀)

ဘဘဦးအုန်းမြင့် ၏ နာရေး ဓာတ်ပုံ မှတ်တမ်းများ



တာရာဝေယံ

နယ်ချဲ့ဆန့်ကျင်ရေး၊ဖက်ဆစ်တော်လှန်ရေး၊အမျိုသားလွတ်လပ်ရေးနဲ့အမျိုးသားဒီမိုကရေစီတော်လှန်ရေးတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ တို့ဗမာအစည်းအရုံးဝင် သခင်အုန်းမြင့်(၉၃ နှစ်)ဟာ ၂ဝ၁ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၄း ၃ဝ နာရီ က ရန်ကုန်မြို့၊ အနောက်ရန်ကင်း၊ သုခဝတီလမ်း၊ အိမ်အမှတ် ၃ (ဘီ) ရှိ နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

နံနက် ၉ နာရီမှာ ကွယ်လွန်သူကိုရည်စူးပြီး ကျန်ရစ်သူမိသားစုက သက်ပျောက်ဆွမ်းကပ်လှုခဲ့ပါတယ်။

သခင်အုန်းမြင့်ရဲ့ ရုပ်ခန္တာကို နံနက် ၉ နာရီခွဲ မှာ နာရေးကူညီမှုအသင်းမှ ကိုကျော်သူနဲ့ အဖွဲ့ဝင်များက ရေဝေးသုသန်ကို သယ်ဆောင်ပေးခဲ့ကြပါတယ်။

သခင်အုန်းမြင့်ကို ၁၉၁၈ ခုနှစ်၊ ဧပြီလ ၂၈ ရက်တွင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ အဖ ဦးမိုးကောင်း၊ အမိ ဒေါ်အေးတင်တို့မှ မွေးဖွားခဲ့ပါတယ်။

၁၉၃၃ ခုနှစ်၊ နိုဝင်ဘာလတွင် လက်ပံတန်းမြို့၊ အစိုးရအထက်တန်းကျောင်းမှာ တို့ဗမာအစည်းအရုံး ကြွေးကြော်သံစာရွက်များ ဖြန့်ဝေခြင်းဖြင့် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကို စတင်ဆောင်ရွက်ခဲ့တယ်။
ထိုစဉ်က ဂျာနယ်ကျော်ဦးချစ်မောင်မှာ သူရဲ့ကျောင်းဆရာ ဖြစ်ပါတယ်။

၁၉၃၄ ခုနှစ်၊ မတ်လတွင် လက်ပံတန်းမြို့ အစိုးရအထက်တန်းကျောင်းမှ ဆယ်တန်းအောင်ခဲ့ရာ ဆေးတက္ကသိုလ်သို့ စာရင်းသွင်းပြီး မတက်ဘဲ ရန်ကုန် သတင်းစာလောကသို့ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

၁၉၃၆ ခုနှစ်တွင် 'မမြန် မမာသော နှေးပျော့များ' ဆောင်းပါးနဲ့ မြန်မာ့အလင်းသတင်းစာမှာ စတင်ရေးသားခဲ့တယ်။ ဆယ့်နှစ်ရာသီပြုံး၊ မြင့်အုန်း ကလောင်အမည်များနဲ့ အခန်းဆက် ဝတ္ထုရှည်၊ ဆောင်းပါးများ ရေးသားခဲ့ပြီး ရေကျော်ရပ်နှင်းပန်းလမ်းမှာ ဂျာနယ်ကျော်ဦးချစ်မောင်နှင့် အတူနေထိုင်ခဲ့တယ်။

၁၉၃၇ ခုနှစ်၊ ဧပြီလတွင် မန္တလေးမြို့မှာကျင်းပတဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ကွန်ဖရင့် တက်ရောက်ခဲ့တယ်။

၁၉၃၈၊ ဧပြီလမှာ ပုသိမ်တွင်ကျင်းပသော တတိယအကြိမ်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ကွန်ဖရင့် တက်ရောက်ခဲ့တယ်။

၁၉၃၈ ခုနှစ်၊ ဇွန်လတွင် တိုးတက်ရေးသတင်းစာ အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။

သခင်အမည် စတင်ခံယူခဲ့ပြီး ဦးချစ်မောင်နှင့် အတူ ထုတ်ဝေသူနာမည်ခံ၍ ဂျာနယ်ကျော်ကို ထုတ်ဝေခဲ့ပြီး ဂျာနယ်ကျော်မှာ နိုင်ငံရေးဆောင်းပါးအမြောက်အများ ရေးသားခဲ့တယ်။

၁၉၃၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဆီမီးခွက် ကလောင်အမည်ဖြင့် ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် တိုးတက်ရေးသတင်းစာ အာမခံတောင်းခံခဲ့ရတယ်။

ထိုနှစ်မှာ တို့ဗမာအစည်းအရုံး ဌာနချုပ် အမှုဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။


၁၉၄ဝ ပြည့်နှစ်၊ မတ်လတွင် အိန္ဒိယပြည်လုံးဆိုင်ရာ အမျိုးသား ကွန်ဂရက်ကြီး၏ ဖိတ်ကြားချက်အရ ရမ်းဂါးကွန်ဖရင့်သို့ တို့ဗမာအစည်းအရုံး ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တယ်။

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်တွင် ဖက်ဆစ်ဆန့်ကျင်ရေး တော်လှန်ရေးလုပ်ငန်းများမှာပါဝင် ဆောင်ရွက်ခဲ့တယ်။

၁၉၅၁ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ ကျော်လင်းစာပေကို လုပ်ကိုင်ခဲ့ပြီး နိုင်ငံရေးစာအုပ်များ ထုတ်ဝေခဲ့ပါတယ်။

၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်မှာ နိုင်ငံရေးပုဒ်မ (၅)ဖြင့် အထိန်းသိမ်းခံရပြီး ကိုကိုးကျွန်းသို့ အပိုခံခဲ့ရတယ်။

၁၉၈၉ ခုနှစ်တွင် နိုင်ငံရေးပုဒ်မဖြင့် ထောင်ဒဏ် ၅ နှစ် ချခံခဲ့ရပါတယ်။

၁၉၉၆ ခုနိုဝင်ဘာလ ကျောင်းသားအရေးအခင်းမှာ အောင်သပြေစစ်ကြောရေးစခန်းမှာ ၃ ပတ်ခန့် ထိန်းသိမ်းခံခဲ့ရပါတယ်။

၁၉၉၈ ခုနှစ်ဇန်န၀ါရီလမှာလည်း တကသ၊ ဗကသ သမိုင်းပြုစုရာမှာ ကူညီခဲ့မှုကြောင့် ထောင်ဒဏ် ရ နှစ် ချခံခဲ့ရပါတယ်။

သခင်အုန်းမြင့်ဟာ အန်အယ်လ်ဒီ ပါတီဝင်မဟုတ်ပေမယ့် အန်အယ်လ်ဒီပါတီရဲ့ လူမှုထောက်ကူအဖွဲ့မှာ ဒုဥက္ကဋ္ဌ တာဝန်ယူပြီး အကျဉ်းသားတွေအတွက်ထောက်ပံ့ရေး အစီအစဉ်တွေမှာတက်ကြွစွာ ဆောင်ရွက်ခဲ့သူဖြစ်တယ်။
သခင်အုန်းမြင့်ဟာ မကွယ်လွန်ချိန်အထိ ၀ါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့မှာ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

သခင်အုန်းမြင့်ရဲ့ ဈာပနအခမ်းအနားကို ၁၉၊ ၉၊ ၂၀၁၀(တနင်္ဂနွေနေ့) ညနေ ၄ နာရီ ရေဝေးသုသန်မှာ မီးသဂြိင်္ုလ်မှာဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားပါတယ်။

ကွယ်လွန်ချိန်တွင် ဇနီး (ဒေါ်မြမြ) နှင့် သားသမီးများ ဖြစ်ကြသော (ဦးသက်နိုင်)၊ ဒေါ်ခင်အေးအေး၊ ဦးအောင်ခင်၊ ဦးဌေးအောင်၊ ဒေါ်နီနီခင်၊ (ဦးခင်မောင်ဝင်း)တို့ ကျန်ရစ်ခဲ့ပါတယ်။


ဘဘဦးအုန်းမြင့် ၏နာရေးဓာတ်ပုံ များအားပြည်တွင်းမှ ပေးပို့ လာသော သူငယ်ချင်းများနှင့် တကွ ကိုမောင်ရစ်
အားကျေးဇူးအထူးတင်ရှိပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) မှဝါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့်ကွယ်လွန်ခြင်းအတွက်ဝမ်းနည်းကြောင်းထုတ်ပြန်

Condolence Letter for Thakhin Ohn Myint

ရန်ကုန်၊ မန္တလေးနှင့် ပုဂံဒေသရှိ ဟိုတယ်အခန်းခနှင့် အသုံးစရိတ်များအား အမေရိကန် ဒေါ်လာသာပေးချေရတော့မည်

ရန်ကုန်၊ မန္တလေးနှင့် ပုဂံဒေသရှိ ဟိုတယ်အချို့သည် အောက်တိုဘာ ၁ ရက်မှစ၍ ဟိုတယ် အခန်းခနှင့် အသုံးစရိတ်များအား အမေရိကန် ဒေါ်လာဖြင့်သာ ပေးချေပေးရန် ခရီးသွားကုမ္ပဏီများသို့ အကြောင်းကြားလာကြောင်း ယင်းကုမ္ပဏီများကပြောသည်။

အကယ်၍ အက်ဖ်အီးစီဖြင့် ပေးချေမည်ဆိုပါက ဒေါ်လာဈေးနှင့် ကွာခြားချက်အား အလိုက်ပေးကာ ပေးချေရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။ အက်ဖ်အီးစီ တစ်ယူနစ်တန်ဖိုးမှာ စက်တင်ဘာ ၈ ရက်တွင် ကျပ် ၈၀၀ ခန့် ဈေးရှိချိန်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၉၄၀ ဈေးရှိရာမှ ဟိုတယ်နှင့်ခရီးသွား ကုမ္ပဏီများကြား အဆင်မပြေမှုများ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

အခန်းခ ပေးချေရာတွင် နိုင်ငံခြားသားများထဲတွင် ကမ္ဘာလှည့် ခရီးသွားများကသာ အမေရိကန် ဒေါ်လာ သို့မဟုတ် ယူရိုငွေဖြင့် ပေးချေလေ့ ရှိသော်လည်း မြန်မာနိုင်ငံတွင် နေထိုင်၍ အလုပ်လုပ်နေသော နိုင်ငံခြားသားများကမူ အက်ဖ်အီးစီဖြင့် ပေးချေမှုများကြောင်း သိရသည်။ ဟိုတယ်နှင့်ခရီးသွားကုမ္ပဏီများကြား အခန်းခပေးချေမှုနှင့် ပတ်သက်၍ စာချုပ်ချုပ်ဆိုစဉ်က အမေရိကန် ဒေါ်လာဖြင့်သာ ဈေးနှုန်းများ သတ်မှတ်ထားသဖြင့် အမေရိကန်ဒေါ်လာဖြင့်သာ ပေးချေပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့သူ ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုံမှန်အားဖြင့် ပြင်ပပေါက်ဈေးတွင် အက်ဖ်အီးစီနှင့် အမေရိကန်ဒေါ်လာတို့အား မြန်မာကျပ်ငွေဖြင့် ပြန်လည်လဲလှယ်ရာတွင် ဈေးနှုန်းကွာဟချက် သိပ်မရှိလှသော်လည်း သြဂုတ်လဆန်းမှစ၍ အက်ဖ်အီးစီးနှင့် အမေရိကန်ဒေါ်လာကြား တစ်ယူနစ်လျှင် ကျပ်တစ်ရာနီးပါး စတင်ကွာဟလာခဲ့သည်။ ထို့အပြင် အက်ဖ်အီးစီနှင့် အမေရိကန်ဒေါ်လာတို့၏ ပြင်ပပေါက်ဈေးများ နေ့စဉ်ဈေး ကျလျက်ရှိပြီး ၊စက်တင်ဘာ ၈ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၉၀၀ ဝန်းကျင်ရှိ၍ အက်ဖ်အီးစီ တစ်ယူနစ်လျှင် ၇၈၀ ကျပ်သာ ဈေးရှိကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဓာတ်ပုံသတင်း

(CRPP) ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ ၁၂နှစ်မြောက် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုက္ကဌ ဦးတင်ဦး နေအိမ် တွင်ကျင်းပပြုလုပ်




အာရှတော်ဝင်ဆေးရုံ တွင် ဆေးကုသ ခံယူနေသော ဘဘဦးဝင်းတင်အား တိုင်းရင်းသားခေါင်ဆောင်များ လာရောက်တွေ့ဆုံ

သီတဂူ ဆရာတော်ကြီး အင်းစိန်ထောင်အတွင်း တရားပွဲ.. (ရုပ်သံ)...

Download:
FLVMP43GP

သီတဂူ ဆရာတော်ကြီး အင်းစိန်ထောင်အတွင်း တရားပွဲ.. တတိယပိုင်း(နောက်ဆုံးပိုင်းပါ..) ကျန်ရှိနေသေးသော အပိုင်းများ ဆက်လက် တင်ပြပေးပါမည်။

ယခု ရုပ်သံဖိုင်မှာ ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းကျခံနေရတဲ့ ထောင်သားတွေကို ထူးထူးခြားခြား ဆရာတော်ကြီး တရားပွဲမှာ အတူတကွ တွေ့မြင်ရပါတယ်။

လူအချင်းချင်း နှိပ်စက်ခြင်းကင်းရှင်းကြပါစေ..
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ..
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ..

ပေးပို့ပေးသူ KSL အား အထူးကျေးဇူးတင်ပါသည်။

ဒီမိုဝေယံ

17 September 2010

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) မှ နိုင်ငံရေးအကျဉ်းသားဟောင်းသခင်းအုန်းမြင့်ကွယ်လွန်ခြင်းဝမ်းနည်းကြောင်း သတင်းထုတ်ပြန်

Information Release_Thakhin Ohn Myint Passes Away

ထင်ရှားကျော်ကြားသော ကြယ်တစ်ပွင့် လွင့်ကြွေခဲ့ပြီ






ထင်ရှားကျော်ကြားသော ကြယ်တစ်ပွင့် လွင့်ကြွေခဲ့ပြီ


ယနေ့ ၁၇.၉.၂၀၁၀ (သောကြာ) နေ့ နံနက် (၄း၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ် နေအိမ်၌ ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့် အသက် (၉၃) နှစ် သည် ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါသည်။


မြန်မာ့စာနယ်ဇင်းလောက၊ နိုင်ငံရေးလောက၊ ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင်ခဲ့သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် နီးစပ်သူတဦးဖြစ်ပြီး အကျဉ်းကျနေသူများ၏ မိသားစု ၀င်များကိုလည်း အားပေးကူညီသူများကြားတွင် သခင်အုန်းမြင့်သည် အထင်ရှားဆုံး တစ်ဦး ဖြစ်ခဲ့သည်။ ထိုသို့သော ကောင်းသတင်းများဖြင့် ထင်ရှားကျော်ကြားခဲ့သော ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့်သည် နာရေးကူညီမှုအသင်း(ရန်ကုန်) ကိုလည်း နှစ်စဉ်နှစ်တိုင်း မွေးနေ့တိုင်းတွင် အလှူငွေများ လှူဒါန်းလျှက်ရှိသူ တစ်ဦးလည်း ဖြစ်သည်။


ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့်၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် တွဲဖက်အတွင်းရေးမှူးတို့မှ ရန်ကင်းမြို့နယ် နေအိမ်သို့ သွားရောက်သယ်ဆောင်ကာ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ဈာပန အခမ်းအနားကို ၁၉.၉.၂၀၁၀ (တနင်္ဂနွေ) နေ့ ညနေ (၄း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း . . . .


ဘဘဦးအုန်းမြင့် နာရေးသတင်းအား ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်။

နအဖ စစ်အာဏာရှင်များ မတရား ဖမ်းဆီး ထားသော နိုင်ငံရေးအကျဉ်းးသားမိသားစု များအားအစဉ်အမြဲကူညီပေးနေသော ဘဘဦးအုန်းမြင့် ကွယ်လွန်


ဘဘဦးအုန်းမြင့်

သခင်အုန်းမြင့် ယနေ့နံနက် ၄ နာရီခွဲတွင် ကွယ်လွန်သွားသည်ဟု ရန်ကုန်မှ လာသော သတင်းများအရ သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ် ရှိပြီ ဖြစ်သည်။

သခင်အုန်းမြင့်သည် မြန်မာ့စာနယ်ဇင်းလောက၊ နိုင်ငံရေးလောကတွင် ထင်ရှားသူတဦး ဖြစ်သည်။ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင်ခဲ့သည့် အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် နီးစပ်သူ တဦးဖြစ်သည်။ ၁၉၈၈ နောက်ပိုင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင်လည်း ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဖော်ကိုင်ဘက် တဦး ဖြစ်ခဲ့သည်။ စစ်အစိုးရ အဆက်ဆက်က သူ့ကို အကြိမ်ကြိမ် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

၁၉၉၈ ခုနှစ်က ကျောင်းသားလှုပ်ရှားမှုသမိုင်း မှတ်တမ်းတင်သူ တဦးကို ကူညီမှုဖြင့် နောက်ဆုံးအကြိမ် အထိန်းခံခဲ့ရသည်။ ထိုအချိန်က အသက် ၈၀ အရွယ် ရှိပြီ ဖြစ်သော သခင်အုန်းမြင့်သည် ထောင် ၇ နှစ် ချမှတ်ခံရသည်။

လက်ရှိ စစ်အစိုးရ လက်ထက် မြန်မာပြည် ထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂ ထောင်ဝန်းကျင် အစဉ်အမြဲ ရှိနေရာ ထိုသို့ အကျဉ်းကျနေသူများ၊ ၎င်းတို့၏ မိသားစုများကို အားပေး ကူညီသူများကြားတွင် သခင်အုန်းမြင့်က အထင်ရှားဆုံး ဖြစ်သည်။

NLD ၏ လူမှု အထောက်အကူပြု အဖွဲ့တွင် ဒုတိယဥက္ကဋ္ဌ တာဝန် ယူခဲ့ပြီး အကျဉ်းကျနေသော၊ ပြန်လည် လွတ်မြောက်လာသော နိုင်ငံရေးသမားများကို နှစ်ပေါင်း များစွာ ကူညီခဲ့သည်။

ကြွင်းကျန်သော ရုပ်ကလာပ်ကို တနင်္ဂနွေနေ့တွင် သင်္ဂြိုဟ်မည်ဟု သိရသည်။



NLD လူမှု အထောက်အကူပြု အဖွဲ့မှ လုပ်ဖော်ကိုင်ဘက်များနှင့် ဦးအုန်းမြင့်

ဘဘဦးအုန်းမြင့် နာရေးသတင်းပေးပို့ ပေးသော ကိုမောင်ရစ်အားကျေးဇူးတင်ရှိပါသည်.။
.......................................................................................................................။

ဘဘဦးအုန်းမြင့် အတွက် ဝမ်းနည်းမှတ်တမ်း
............................................................................................................

ဘဘဦးအုန်းမြင့် ကွယ်လွန် သောသတင်းအား ကြားလိုက်တဲ့အချိန်မှာ တော်တော်စိတ်ထိခိုက်မိခဲ့ပါတယ်ရှင်၊
ကျမ သိပ်ဒုက္ခ ရောက်ခဲ့စဉ် က ဘဘဟာ ကျမနေတဲ့ ဆင်းဒဝစ်လမ်း ရှိနေအိမ် အား လွယ်အိတ်ကလေး ကိုလွယ်ပြီး ကျမအဆင်ပြေရဲ့လား၊ထောင်ဝင်စာကို သွားနိုင်ရဲ့လားဆိုပြီး စိတ်ပူပင်စွာဖြင့် အမြဲလိုလို လာရောက်မေးလေ့ရှိခဲ့ သူတစ်ဦးပါ။ အမြဲတမ်း ကျမ အား စိတ်ဓာတ်မကျဘို့နဲ့ ကြိုးစားဘို့ကို ပြောလေ့ရှိပါတယ်။ ကျမ အမျိုးသား ကိုလဲ သူခေါ်နေကြနံမည်လေးက မိုးမိုး ဆိုပြီ အမြဲတမ်း နုတ်မှ ခေါ်လေ့ရှိပြီ၊ ကျမ အမျိုးသား မိုးမြတ်သူ အား ဘဘ က အင်မတန် ချစ်ခင် ခဲ့သူပါ။

ကျမ ထောင်ဝင်စာ ကိုမသွားမှာလဲ သူတော်တော် စိတ်ပူတတ်ပါတယ်၊ ကျမ အမျိုးသား ကျန်းမာရေးအတွက် ဆေးဝါးများကို လတိုင်း ဘဘ အမြဲ ပေးလေ့ရှိခဲ့တယ်၊ ကျမ ရဲ့ ထောင်ဝင်စာ အခက်အခဲ ကိုလဲ ဘဘ ကအမြဲနိုင် တဲ့ဘက်က ကူညီတတ်တာပါ၊ဘဘ ရဲ့ သိပ်ချစ်စရာကောင်တဲ့ အကျင့်လေးကတော့ သူထက်ငယ်တဲ့ဘယ်သူကိုမဆို နံမည်ရှေ့မှာ ကို ...၊မ....၊ ဆိုပြီးပြောလေ့ ရှိပါတယ်၊အမြဲတမ်း စိတ်ဓာတ်တက်ကြွ စွာနေလေ့ရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဝင်များမှ မဟုတ်ဘဲ နအဖ ရဲ့ မတရားမှုမှန်သမျှ ကို တော်လှန်နေကြတဲ့ နိုင်ငံ ရေးအကျဉ်းသား၊ ကျောင်းသား ပြည်သူ များရဲ့ မိသားစု နာရေးတိုင်းကို ဘဘ တစ်ယောက် အမြဲတမ်း သွားရောက် အားပေးစကားပြော လျက် ရှိခဲ့ပါသည်။ကျမ ၏ အဖေ နာရေးတွင် လည်း ဘဘ တစ်ယောက် လာရောက်ခဲ့ ပါသည်.။ယခု ဘဘ၏ နာရေး အား ကျမတို့ မိသားစု မသွားရောက် နိုင်တော့ပါဘူး။

ဘဘကွယ်လွန် တဲ့သတင်းကိုကြားရင်ဖြင့် နအဖ က မတရားဖမ်းဆီးထောင်ချ ထားသော နိုင်ငံရေး အကျဉ်းသားများမှာ တော်တော် စိတ်ထိ ခိုက်ကြပါမည်၊နိုင်ငံရေး အကျဉ်းသား ဟောင်းများ သည်လည်း ထိုနည်းအတူ စိတ်ထိ ခိုက်ကြမည် ဆိုတာ အမှန်ပါဘဲရှင်၊ ကျမ တို့လို နိုင်ငံရေး အကျဉ်းသား မိသားစုဝင် များလဲ အထူးပင်စိတ်မကောင်းဖြစ်ကြရမည်ဖြစ်ပါသည်.။

ဘဘဦးအုန်းမြင့်၏ မိသားစု နှင့် အတူ မိုးမြတ်သူ (မိုးမိုး) နှင့် မြတ်လေးငုံ တို့မှ ထပ်တူ ထပ်မျှ အထူးပင် ဝမ်းနည်းကြေကွဲ ရပါသည်.။

မြတ်လေးငုံ

....................................................................................................................................
ကျမတို့ ဘဝ မှာအစဉ်အမြဲ သတိတရ ရှိခဲ့တဲ့ သခင်အုန်းမြင့် ရဲ့ ကိုယ်ရေးအကျဉ်း

၁၉၁၈ ခုနှစ် ဧပြီလ ၂၈ရက်တွင် ပဲခူးတိုင်း-လက်ပန်းတန်းမြို့နယ်တွင် အဘ ဦးမိုးကောင်း ၊အမိ ဒေါ်အေးတင် တို့၏သားတဦးအဖြစ် မွေးဖွားခဲ့သည်။

၁၉၃၃ခုနှစ် နိုဝင်ဘာတွင် ၁၀တန်းကျောင်းသားဘ၀ဖြင့် ဒို့ဗမာအစည်းအရုံး ကြွေးကြော်သံ စာရွက်များ ဖြန့်ဝေခြင်းဖြင့် နိုင်ငံရေးနယ်ပယ်ထဲသို့ စတင်ဝင်ရောက်ခဲ့သည်။

၁၉၃၄ မတ်လတွင် ဆယ်တန်းအောင်ပြီးနောက် အောက်တိုဘာလတွင် ရန်ကုန်သို့ရောက်ရှိပြီး-

ရေကျော်ရပ်ကွက် နှင်းပန်းလမ်းတွင် ဂျာနယ်ကျော် ဦးချစ်မောင်နှင့်အတူနေထိုင်ခဲ့ပြီး-

၁၉၃၆ခုနှစ် မှစတင်၍ မြန်မာ့အလင်းသတင်းစာတွင် "မမြန်မမာသော နှေးပျော့များ "ဆောင်းပါးပါရှိခြင်းဖြင့် စာနယ်ဇင်းလောကတွင် စတင်ဝင်ရောက်ခဲ့သည်။

ထို့နောက် ဈေးနှုန်းသတင်းစာတွင် "ဆယ့်နှစ်ရာသီပြုံး၊မြင့်အုန်း "ဟူသော ကလောင်အမည်များဖြင့် အခန်းဆက် ဆောင်းပါး၊၀တ္ထုရှည်များ ရေးသားလာခဲ့သည်။

၁၉၃၇ခုနှစ်-ဧပြီတွင် ပုသိမ်မြို့တွင် ကျင်းပသော တတိယအကြိမ် -မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ကွန်ဖရင့်သို့ တက်ရောက်ခဲ့သည်။

၁၉၃၈-ဇွန်တွင် တိုးတက်ရေးသတင်းစာတွင် သတင်းအယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်ပြီး -သခင်အမည် စတင်ခံယူခဲ့သည်။ထို့နောက် ဂျာနယ်ကျော် ဦးချစ်မောင်နှင့်အတူ ဂျာနယ်ကျော် ဂျာနယ်ထုတ်ဝေရာတွင် ထုတ်ဝေသူအဖြစ် နာမည်ခံခဲ့သည်။ပြီးလျှင် ဂျာနယ်ကျော်တွင် ဆောင်းပါးများ ရေးသားခဲ့သည်။

၁၉၃၉ ၊ဇန်န၀ါရီတွင် တိုးတက်ရေးသတင်းစာတွင် ဆီမီးခွက် ဟူသော ကလောင်အမည်ဖြင့် ရေးသားသော နိုင်ငံရေးဆောင်းပါးတပုဒ်ကြောင့်အင်္ဂလိပ်အစိုးရက တိုးတက်ရေးသတင်းစာအား အာမခံ တောင်းခံခဲ့သည်။
ထို့နောက် ဒို့ဗမာအစည်းအရုံး ဌာနချုပ်တွင် အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

၁၉၄၀-မတ်လတွင် အိန္ဒိယပြည်လုံးဆိုင်ရာ အမျိုးသားကွန်ဂရက်ကြီး၏ ဖိတ်ကြားချက်အရ -ရမ်းဂါး ကွန်ဖရင့်သို့
ဒို့ဗမာအစည်းအရုံး ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

၁၉၄၂-မှ ၁၉၄၅ခုနှစ်တွင် ဖက်ဆစ်၈ျပန် ဆန့်ကျင်တော်လှန်ရေး လုပ်ငန်းများလုပ်ဆောင်ခဲ့သည်။
၁၉၅၈ခုနှစ်တွင် တော်လှန်ရေးကောင်စီ နေ၀င်းစစ်အစိုးရ၏ နိုင်ငံရေးပုဒ်မ=၅(ည)ဖြင့် ထန်းသိမ်းခံရပြီး ကိုကိုးကျွန်း အပို့ခံခဲ့ရသည်။

၁၉၈၉ခုနှစ်တွင် န၀တ စောမောင် စစ်အစိုးရက နိုင်ငံရေးပုဒ်မဖြင့် ထိန်းသိမ်းခဲ့သည်။

၁၉၉၆နှင့်၁၉၉၈တွင် နအဖ သန်းရွှေ စစ်အစိုးရက နိုင်ငံရေးပုဒ်မဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည်။

အသက်၈၇တွင် ထောင်ကလွတ်လာပြီးနောက် အန်အယ်လ်ဒီ လူမှုအထောက်အကူအဖွဲ့တွင် ၀င်ရောက်ပြီး
ထောင်ကျနေသော နိုင်ငံရေးအကျဉ်းသားများ၊မိသားစုဝင်များကို ကူညီထောက်ပံ့ခဲ့သည်မှာ ကွယ်လွန်ချိန်အထိဖြစ်သည်။အဘသည် သူ့မွေးနေ့ရောက်တိုင်းလည်း ကိုကျော်သူတို့ နာရေးကူညီမှုအသင်းသို့သွားရောက်ကာ လှုဒါန်းမှုများပြုလုပ်လေ့ရှိခဲ့သည်။

အဘသည် ၂၀၁၀ စက်တင်ဘာ ၁၇ နံနက်ပိုင်းတွင် ရန်ကုန်နေအိမ်၌ ကွယ်လွန်ခဲ့ပြီး-နောက်ဆုံးအချိန်အထိ အန်အယ်လ်ဒီ လူမှုအထောက်အကူအဖွဲ့တွင် ဒု-ဥက္ကဌ အဖြစ် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။
အဘရေးသားခဲ့သော ထောင်အရသာ စာအုပ်သည် နာမည်ကျော်ခဲ့ပါသည်။

အဘ၏ဇနီးမှာ ဒေါ်မြမြ(ကွယ်လွန်)ဖြစ်ပြီး-အဘ နောက်ဆုံးနေထိုင်ခဲ့သောလိပ်စာမှာ အမှတ်(၃) ဘီ- သုခ၀တီလမ်း၊ကမ္ဘာအေး-ရန်ကုန်မြို့ဖြစ်ပြီး- သားသမီး ၄ဦးကျန်ရစ်ခဲ့ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များရဲ့ စည်းရုံးရေးခရီးစဉ်


ဦးတင်ဦး ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များဟာ ၂၀၁၀ သြဂုတ် ၂၈ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၂၀ က ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ မော်တော်ကားများနဲ့ ထွက်ခွာပြီး ဧရာဝတီတိုင်း စည်းရုံးရေး ခရီးစဉ်များကို စတင်ခဲ့ရာ ပုသိမ်မြို့သို့ နေ့လည် ၁ နာရီခန့်တွင် ရောက်ရှိခဲ့ပါတယ်။ ထိုသို့ ရောက်ရှိပြီး မွန်းလွဲ ၂ နာရီ ၁၅ မိနစ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ပြည်သူများ စုစုပေါင်း ၁၂၀ ခန့်နဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ညနေ ၄ နာရီမှာ ပြီးဆုံးခဲ့ပါတယ်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဟာ သြဂုတ် ၂၉ ရက်နေ့ မနက် ၇ နာရီမှာ ပုသိမ်မြို့မှ ကျုံပျော်မြို့သို့ ထွက်ခွာခဲ့ရာ ကျုံပျော်သို့ မနက် ၁၀ နာရီမှာ ရောက်ရှိခဲ့ပါတယ်။ ကျုံပျော်မြို့တွင် ကျုံပျော်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ရဲ့နေအိမ်တွင် ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်း၊ အသုတ်မြို့နယ်များမှ မြို့နယ် စည်းရုံးရေး အဖွဲ့ဝင်များ၊ လူငယ်များ၊ အမျိုးသမီးလုပ်ငန်းအဖွဲ့ဝင်များ၊ ပြည်သူများ စသည်ဖြင့် ပရိသတ် ၁၅၀ ခန့်နဲ့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ နေ့လည် တနာရီခန့်တွင် ပြီးဆုံးခဲ့ပါတယ်။


အဲဒီနောက် နေ့လည် ၂ နာရီခန့်တွင် ပန်းတနော်မြို့သို့ ထွက်ခွာလာခဲ့ရာ ပန်းတနော်သို့ ညနေ ၄ နာရီ မိနစ် ၄၀ တွင် ရောက်ရှိခဲ့ပါတယ်။ ထို့နောက် ညနေ ညနေ ၅ နာရီအချိန်တွင် ပန်းတနော်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တရာကျော်နဲ့ ဆွေးနွေးပွဲ ပြုလုပ်ရာ ည ၇ နာရီ ၁၅ မိနစ်တွင် ပြီးဆုံးခဲ့ပါတယ်။ ထို့နောက် ပန်းတနော်တွင် ညအိပ်ကာ မနက် ၆ နာရီတွင် ပန်းတနော်မှ မအူပင်မြို့သို့ ဆက်လက် ထွက်ခွာလာရာ မအူပင်မြို့သို့ မနက် ၈ နာရီခွဲတွင် ရောက်ရှိခဲ့ပါတယ်။


မအူပင်မြို့သို့ ရောက်ရှိစဉ် မအူပင်မြို့နယ် စည်းရုံးရေး အဖွဲ့ဝင်များနဲ့ လက်ဘက်ရည်သောက်ရင်း စကားစမည် ပြောဆိုကြကာ နံနက် ၉ နာရီတွင် ကျိုက်လတ်မြို့သို့ ဆက်လက် ထွက်ခွာခဲ့ပါတယ်။ ကျိုက်လတ်မြို့သို့ နံနက် ၉ နာရီ ၅၀ မိနစ်တွင် ရောက်ရှိပြီး ထိုမှတဆင့် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဖျာပုံမြို့သို့ ရောက်ရှိခဲ့ပါတယ်။ ဖျာပုံမှ ဘိုကလေးမြို့သို့ စက်လှေများနဲ့ ဆက်လက် ထွက်ခွာခဲ့ရာ ဘိုကလေးမြို့သို့ ညနေ ၄ နာရီခန့်တွင် ရောက်ရှိခဲ့ပါတယ်။







ဦးတင်ဦးခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များဟာ သြဂုတ် ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဘိုကလေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ပိုနေအိမ်တွင် ဘိုကလေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၁၉၀ ကျော်နဲ့ တွေ့ဆုံခဲ့ပြီး ဘိုကလေးမှ ဖျာပုံသို့ နေ့လည် ၁၂ နာရီတွင် ထွက်ခွာလာရာ ဖျာပုံမြို့သို့ နေ့လည် ၂ နာရီ ၃၀ မိနစ်တွင် ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ထိုမှ ဒေးဒရဲသို့ ဆက်လက် ထွက်ခွာလာရာ ဒေးဒရဲမြို့သို့ ညနေ ၃ နာရီခွဲတွင် ရောက်ရှိပြီး ဒေးဒရဲမြို့နယ်အဖွဲ့ဝင်များနဲ့ နာရီဝက်ခန့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ ဦးတင်ဦးနဲ့အဖွဲ့ဟာ ဒေးဒရဲမှ ရန်ကုန်သို့ ပြန်လည် ထွက်ခွာလာရာ သြဂုတ် ၃၁ ရက်နေ့ ည ၈ နာရီခန့်တွင် ရန်ကုန်သို့ ပြန်လည် ရောက်ရှိခဲ့ပါတယ်။





အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ဟာ ၂၀၁၀ စက်တင်ဘာ ၄ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ တွံတေးမြို့သို့ သွားရောက်ခဲ့ပြီး တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းမှာ နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုများကို သွားရောက် အားပေးခဲ့ပါတယ်။ ထို အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အကျဉ်းကျနိုင်ငံရေးသမားများနဲ့ အခြား နိုင်ငံရေးအကျဉ်းသား မိသားစုများ ဖြစ်ကြတဲ့ ကိုရဲထွဋ်အောင်၊ ကိုအောင်စိုး၊ ဦးချစ်ခင်၊ ကိုဇော်မင်း၊ မစန္ဒာ၊ ဦးစံဘော်၊ ဦးသုဓမ္မ (ခ) ဦးသက်ဇော်တို့ မိသားစုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။








အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ဟာ စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက တိုက်ကြီးနဲ့ မှော်ဘီမြို့နယ်ရှိ နိုင်ငံရေးအကျဉ်းသား မိသားစုများနဲ့ တွေ့ဆုံရန် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပါတယ်။ ထို့နောက် တိုက်ကြီးသို့ နေ့လည် ၁၂ နာရီခွဲတွင် ရောက်ရှိပြီး တိုက်ကြီးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ရှိန်ရဲ့နေအိမ်မှာ ကိုစိုးမင်းသိန်း၊ ကိုအောင်ကျော်ဦးတို့ရဲ့ မိသားစုများကို အားပေးစကား ပြောကြားခဲ့ပါတယ်။ ထို့နောက် မှော်ဘီမြို့သို့ ဆက်လက် ထွက်ခွာလာရာ မှော်ဘီသို့ နေ့လည် ၂ နာရီတွင် ရောက်ရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးတင့် (ခ) ဦးစိုးရဲ့ နေအိမ်မှာ ဦးပန္နိတ (ခ) ဦးမြင့်စိုး၊ ဒေါ်နော်အုန်းလှတို့ရဲ့ မိသားစုများကို အားပေးစကား ပြောကြားခဲ့ပါတယ်။












အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါက်တာမေ၀င်းမြင့်၊ လူငယ်လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့က ကိုအောင်စိုးတို့အဖွဲ့ဟာ တနင်္သာရီတိုင်းသို့ သွားရောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနဲ့ တွေ့ဆုံခြင်း၊ အမှတ်တရသစ်ပင် စိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ပါတယ်။



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များရဲ့ စည်းရုံးရေးခရီးစဉ်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များရဲ့ စည်းရုံးရေးခရီးစဉ်



ဓာတ်ပုံ.....Burma Today

ပလပ်စတစ် လောင်းတဲ့ အကြော်စုံ...

ကယ်တော်မူကြပါ.

ဆရာကြီးအောင်သင်းရဲ့ ဟောပြောပွဲတစ်ခုက အသံဖိုင်ပါ..

စာရေးဆရာကြီး အောင်သင်းရဲ့ ငယ်ရုပ်သွင်ပါ..
Get this widget | Track details | eSnips Social DNA

ဆရာအောင်သင်း အသံဖိုင် Download လုပ်ချင်ရင်

16 September 2010

တရုတ် စစ်တက္ကသိုလ်တွင် စစ်အာဏာရှင် ဦးသန်းရွှေ၏မြေး ဖိုးလပြည့်အား တရုတ်ပြည်၏ အဆွေတော် နိုင်ငံမှ ခေါင်းဆောင် တစ်ဦး ၏ သားသမီး အဖြစ် ချွင်းချက် ဖြင့်လက်ခံ

အဘိုး ဖြစ်သူ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် အတူ တရုတ် ပြည်သို့  ငါးရက် ကြာအလည်အပတ်သွားရောက်ခဲ့သည့် နေရွှေသွေးအောင် သည် သက်တမ်း ၈၅ နှစ် ရှိပြီ ဖြစ်သည့် တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၏ စစ်တက္ကသိုလ် တွင် ပညာသင်ယူ နိုင်ရန် အတွက် စာရင်းသွင်းထားပြီး ဖြစ်သည် ဟု သိရသည်။

စစ်တက္ကသိုလ် များ အနေဖြင့် အရည်အချင်း ပြည့်မှီ မှု ရှိမှ အချိန်ပြည့် သင်ကြားခွင့်ရရှိရန်လက်ခံသော်လည်းနေရွှေသွေးအောင် ကိုမူ တရုတ်ပြည်၏ အဆွေတော် နိုင်ငံမှ ခေါင်းဆောင် တစ်ဦး၏ သားသမီး အဖြစ် ချွင်းချက် ဖြင့် လက်ခံ နိုင်သည် ဟု ရုရှား နိုင်ငံ မော်စကို မြို့ တွင်ပညာ သင်ကြားနေသည့် စစ်တပ် အရာရှိတစ်ဦး က Freedom News Group သို့ ပြောသည်။

ထိုအရာရှိ က ဘယ်လို ပြောရမလဲ Honorable Doctrine ပေါ့ ဒီရုရှား မှာ လည်းရှိတယ်။ရုရှားစစ်တက္ကသိုလ်ကနေ အရှေ့ ဥရောပ နဲ့  တခြား နိုင်ငံက ဒိုင်နက်စတီ သားသမီး တွေ ကို ခေါ်ပြီး တစ်နှစ် လောက် ပညာသင်ပေးသူတို့ ရဲ့ တိုက်ချင်းပစ် လက်နက် ထားတဲ့ နေရာ (ရှေ့တန်း) တွေ နဲနဲ ပါးပါး လိုက်ပြပြီး ရင် ဂုဏ်ထူးဆောင်ဘွဲ့ ပေးလိုက်တာ တို့  ဘာတို့ ရှိတယ်။ သူက ဘယ် လို ဘာသာရပ် ကို ယူမလဲ တော့ မသိဘူး။ဒါမျိုးကပညာတော်သင် ဆုပေး သလိုမျိုး ပဲ ဟု ပြောသည်။

နေရွှေသွေးအောင် သည် ပြီးခဲ့သည့် လက သူ၏ ရဟတ်ယာဉ် မိတ်ဆက် ပွဲ တွင် သူငယ်ချင်း များ အားနိုင်ငံ အုပ်ချုပ် ရေး ကို စိတ်မ၀င်းစား ဟု အတိအလင်းပြောကြားခဲ့သည်။

ယခု ဆေးတက္ကသိုလ် တက်နေ သည့် နေရွှေသွေးအောင် သည် အမေရိကန် စစ်ဘက်သုံး အပါချီ နှင့်ဘလက်ဟော့ ရဟတ်ယာဉ် များ ကို မောင်းနှင် လိုစိတ် ရှိ သည် ဟု ဆိုသည်။ ၎င်းသည် ထိုင်းတပ်မတော်သုံး
အမေရိကန် ရဟတ်ယာဉ် များ ရရှိ ရန် နည်းလမ်းများ စွာ ဖြင့် ကြံဆနေ သည် ဟု ၎င်း ၏ သူငယ်ချင်း တစ်ဦးက FNG သို့ ပြောသည်။

သတင်းရင်းမြစ်.. Freedom News Group

မြန်မာပြည်တွင်းက မရိုးနိုင်သောလိမ်နည်းနောက်တမျိုးကတော့ မင်္ဂလာဆောင်တွေကို ပစ်မှတ်ထား လိမ်လည် လုပ်စားလာ

‘မကြာမီ ဝါကျွတ်တော့မည်’၊ ဝါကျွတ်ချိန် မင်္ဂလာဆောင်ကြမည့် သူများလည်းပွဲ ကျင်းပနိုင်ရေးအတွက် စတင်ပြင်ဆင် နေကြလေပြီ။ သို့သော်လည်း ယင်းတို့သတိမထားမိသော အချက်တစ်ချက်ကို ကြိုတင် သတိပေးလိုသဖြင့် ကိုယ်တိုင် ခံစားရသူများက သတိပေးပြောကြား လိုက်သည်။ ယင်းမှာ မင်္ဂလာဆောင်ပွဲများကို ပစ်မှတ်ထား လိမ်ညာလှည့်ဖြား အမြတ်ထုတ်မှုဖြစ်ကြောင်း ယင်းတို့ကဆိုသည်။

လိမ်လည်သူများသည် ဟိုတယ်တွင် မင်္ဂလာဆောင်သည့် သူများကို ပစ်မှတ်ထားပြီး လက်ဖွဲ့ခုံနှင့် မင်္ဂလာပွဲ ကျင်းပရာနေရာဝေးသော ပွဲများကို အဓိကထားကြကာ နည်းမျိုးစုံနှင့် လိမ်ညာကြပြီး အများစု လိမ်လည်ပုံမှာ ဆွေမျိုးသားချင်း ယောင်ဆောင်ကာ လက်ဖွဲ့ငွေများညာယူခြင်း၊ လက်ဖွဲ့ငွေစာအိတ် ပုံမှားရိုက်လဲလှယ်ခြင်း၊ မင်္ဂလာလက်ဖွဲ့များအား သယ်ယူရာတွင် ကားအစီးလိုက် ယူဆောင်သွားခြင်းမျိုးတို့ ဖြစ်တတ်ကြောင်း လိမ်လည်ခံရသူများက ရင်ဖွင့် ပြောကြားလိုက်သည်။

စာအိတ်ချင်း လဲလှယ်ခံရသူ တစ်ဦးကလည်း “မင်္ဂလာလက်ဖွဲ့ ဖလားထဲကနေ လူကြီးလူကောင်းပုံစံနဲ့ တစ်ဦးက စာအိတ်အထူကို သူလက်ဖွဲ့ထားတာ မှားနေလို့ဆိုပြီး ပြန်နှိုက်ယူပါတယ်။ သူ့ဆီက စာအိတ်ကို ပြန်ပေးတော့လက်ဖွဲ့ ခုံထိုင်တဲ့သူကပြောတာပေါ့။ ဦးလေးက ဘယ်သူ့နာမည်နဲ့ လက်ဖွဲ့တာလဲဆိုတော့ သူပြောတဲ့သူနဲ့ လွဲနေတဲ့အတွက် အော်တိုင်ပါတယ်။ အဲဒီမှာပဲ သူ့စာအိတ်ပါထားခဲ့ပြီး ကားငှားလစ်ပြေးပါတယ်”ဟု ပြောကြားခဲ့သည်။

ယင်းသို့ဖြစ်ရာ မင်္ဂလာယူနေသည့် အချိန်တွင် စိတ်အနှောင့်အယှက်ဖြစ်ရမည့် ပုံစံမျိုးမှ ကင်းဝေးရန်အတွက် ပွဲမတိုင်ခင် အချိန်များ ကတည်းကစ၍ နှစ်ဖက်ဆွေမျိုးသိသော သူများထားရှိခြင်း၊ လူလိမ်သည် မည့်သည့်ပုံစံမျိုးနှင့် ဟာကွက်ရှာနေမည်လဲ မသိသည့် အတွက် ဝါကျွတ်ချိန် မင်္ဂလာဆောင်ကြမည့် သူများအတွက် ဂရုပြုနိုင်ကြစေရန် ရေးသားတင်ပြလိုက်ခြင်း ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

မဟာဗန္ဓုလတံတားအဆင်း ဒေါပုံသင်္ဘောကျင်းအနီး၌ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၁၀နာရီဝန်းကျင်အချိန်တွင် သစ်လုံးတင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား


မဟာဗန္ဓုလတံတားအဆင်း ဒေါပုံသင်္ဘောကျင်းအနီး၌ သစ်လုံးတင်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၃ရက်နေ့ ည၁၀နာရီဝန်းကျင်အချိန်က သစ်လုံးရေ ၈ လုံးဝန်ကျင် သယ်ဆောင်လာသည့် ၁၀ ဘီးကားတစ်စီးသည် မဟာဗန္ဓုလတံတားအဆင်းတွင် အရှိန်လွန်ကာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ပြီး တိမ်းမှောက်ခဲ့မှုကြောင့် လူသေဆုံးမှုမရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဖြစ်ပွားမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မဟာဗန္ဓုလတံတားအနီးရှိ ထမင်းဆိုင်မှ ၀န်ထမ်းတစ်ဦးက "တံတားပေါ်ကနေ သစ်လုံးတင်ကားကြီးတစ်စီးအရှိန်နဲ့ ပြေးဆင်းလာတာကိုတွေ့ရတယ်။ အဲဒီကားကြီးကို ကြည့်ရတာ အရှိန် မထိန်းနိုင်ဖြစ်ပြီး ဒယိမ်းဒယိုင် မောင်လာရင်းက တံတားအဆင်း မြေညီလမ်းပေါ်လည်းရောက်ရော ဖြည်းဖြည်းခြင်းယိုင်ပြီး လဲကျသွားတယ်။ ကားပေါ်က သစ်လုံးတစ်ဝက်ကျော်က လမ်းမပေါ်ကို ပြုတ်ကျကုန်တယ်။ ညပိုင်းဆိုတော့ တစ်ဖက်ယာဉ်ကြောက ကားမလာတာကံကောင်းသွားတယ်။ ပြီးတော့ ဖြစ်တဲ့အချိန်မှာ လမ်းဘေးပလက်ဖောင်းပေါ်မှာ လူတွေရှိမနေလို့ အခြေအနေကောင်းသွားတယ်"ဟု ပြောပြခဲ့သည်။

အရှိန်လွန်တိမ်းမှောက်ခဲ့သည့် နေရာသည် သစ်လုံးတင်ယာဉ်ကြီးများ တိမ်းမှောက်လေ့ရှိသော နေရာတစ်ခုဖြစ်ပြီး ယခုဖြစ်ပွားသည့် သစ်လုံးတင်ယာဉ်တိမ်းမှောက်မှုသည် ယခုနှစ်အတွင်းဒုတိယ အကြိမ်မြောက်ဖြစ်ကြောင်း၊ ယခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း သစ်လုံးတင်ယာဉ်ပေါ်မှ သစ်လုံးများပြုတ်ကျကာ အနီးအနားရှိ မော်တော်ယာဉ်များကို ပိမိခဲ့သဖြင့် လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း eleven ဂျာနယ်တွင် ဖော်ပြထားပါသည်.။


Weekly Eleven သတင်းဂျာနယ်၏ မကွေးသတင်းထောက်အား ခေတ္တ ထိန်းသိမ်းထား



Weekly Eleven သတင်းဂျာနယ်၏ မကွေးသတင်းထောက် ကိုအောင်သူငြိမ်း ၂၈ နှစ်အား ရေကြီးရေလျှံမှု ဖြစ်စဉ်၊ သစ်ပင်ပြိုလဲခြင်း ဖြစ်စဉ်တို့ကို ဓာတ်ပုံရိုက်ခြင်းနှင့် ပတ်သက်၍ ကင်မရာသိမ်းဆည်းပြီး ခံဝန်လက်မှတ် ရေးထိုးခိုင်းသည်ကို ခံဝန်မထိုးသောကြောင့် အဆိုပါ သတင်းထောက်အား မကွေးမြို့ အမှတ်(၁) မြို့နယ်ရဲတပ်ဖွဲ့စခန်းဝင်းအတွင်းရှိ မြို့နယ်မှူးရုံးတွင် ခေတ္တခေါ်ယူ ထိန်းသိမ်းထားသည်။

မကွေးမြို့တွင် စက်တင်ဘာလ ၁၃ ရက်နေ့၊ ညနေပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ နေရာအချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး၊ မကွေး အ.ထ.က(၁)ကျောင်းနှင့် ဆက်သွယ်ရေး ရုံးအနီးရှိ သစ်ပင်တစ်ပင်သည်လည်း မိုးအရှိန်ကြောင့် အမြစ်မှ ပြိုလဲခဲ့သည်။ ယင်းဖြစ်စဉ်များကို မကွေးမြို့ရှိ Weekly Eleven သတင်းထောက်သည်(စက်တင်ဘာလဆန်းမှ အစမ်းခန့်အဖြစ် အသစ်ခန့်အပ်ထားသော သတင်းထောက် ဖြစ်သည်) သတင်းဓာတ်ပုံများ လိုက်လံရိုက်ကူးခဲ့သည်။ ထိုသို့ ရိုက်ကူးမှုနှင့် ပတ်သက်၍ အဆိုပါ သတင်းထောက်အား သက်ဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူ အချို့က တွေ့ရှိမေးမြန်းပြီး ပထမတွင် ကင်မရာပါပုံများကို ဖျက်ခိုင်းသလို၊ ကင်မရာအား သိမ်းဆည်းသွားကာ နောက်နေ့တွင် မြို့နယ်မှုရုံးသို့ လာရောက်ရန် ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ သတင်းထောက်သည် စက်တင်ဘာလ ၁၄ ရက်နေ့တွင် မြို့နယ်မှူးရုံးသို့ သက်ဆိုင်ရာ ရ.ယ.က တာဝန်ရှိသူ တစ်ဦးနှင့် သွားရောက် တွေ့ဆုံရာ မြို့နယ်မှူးက နောက်နောင် ယခုကဲ့သို့ မပြုလုပ်တော့ပါ ဆိုသည့် ခံဝန်ချက်အား ရ.ယ.က သက်သေ နှစ်ဦးဖြင့် လက်မှတ်ထိုးရန် ပြောကြားခဲ့သည်။ ထို့အတွက် ရ.ယ.က သက်သေတစ်ဦး လိုအပ်နေသေးသလို၊ ဂျာနယ်တိုက်သို့ အကြောင်းပြန်ကြားရန် ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ ယင်းနောက် ခံဝန်လက်မှတ် မထိုးနိုင်ကြောင်း ပြန်လည် အကြောင်းပြန်ခဲ့သော်လည်း ထိုအချိန်တွင် မြို့နယ်မှူးမှာ အဆိုပါ ရုံးတွင် ရှိမနေတော့ကြောင်း သိရသည်။ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထပ်မံသွားရောက်ခဲ့ရရာ အချက် ၄ ချက်ပါ ခံဝန်လက်မှတ် မထိုးပါက မကွေးသတင်းထောက် ကိုအောင်သူငြိမ်းကို မြို့နယ်မှူးရုံးမှ ပြန်လည်မထွက်ခွာရန် တားမြစ်ထားသည်မှာ ယခု သတင်းရေးသားချိန်အထိ ဖြစ်သည်(စက်တင်ဘာလ ၁၅ ရက် ည ၈ နာရီခွဲအထိ)။ Eleven Media Group ရန်ကုန်ရုံးချုပ်မှ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်မှူး ရဲတပ်ဖွဲ့ဝင် အချို့နှင့်သာ တွေ့ရပြီး ယင်းဖြစ်စဉ်နဲ့ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်မရဘဲ တိတိကျကျ စုံစမ်းနိုင်ခြင်း မရှိပါ။

'ဖြစ်စဉ်က မိုးရွာလို့ ရေလျှံတာကို သတင်းဓာတ်ပုံရိုက် သတင်းယူတဲ့ လုပ်ရိုးလုပ်စဉ် တစ်ခုပါပဲ။ ဒါနဲ့ပတ်သက်လို့ ဒီလောက်အထိ အကျယ်ချဲ့ဖို့ လိုမယ်မထင်ပါဘူး။ အခုဖြစ်စဉ်နဲ့ဆို မကွေးမှာဖြစ်တာ ဒုတိယအကြိမ်ပါ။ ပထမတစ်ကြိမ်တုန်းကလည်း မကွေးမှာ ခန့်ထားတဲ့ နယ်သတင်းထောက်နဲ့ ပတ်သက်ပြီး ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ အခု ဖြစ်စဉ်နဲ့တော့ မတူပါဘူး။ ရဲစခန်းမှာ (၂)ရက် အချုပ်ခံခဲ့ရပါတယ်။ တကယ်တော့ နယ်တွေမှာ သတင်းထောက်ရရှိဖို့ အင်မတန် ခက်ခဲပါတယ်။ အခု ကိစ္စမှာတော့ ဒီသတင်းထောက်ဟာ မကြာခင်ကမှ အစမ်းခန့်အနေနဲ့ ခန့်ထားရတဲ့သူပါ။ ဖြစ်စဉ်အရလည်း သတင်းထောက်အနေနဲ့ ရာသီဥတုသတင်း ဖြစ်စဉ်တစ်ခုကို သတင်းရယူ ဓာတ်ပုံရိုက်ကူးတာကလွဲလို့ ဘာမှ အပြစ်ကျူးလွန်ထားတာ မရှိပါဘူး။ ကင်မရာသိမ်းတဲ့ အချိန်မှာလည်း သူတို့ကို ပေးလိုက်တာပါပဲ။

ဒါပေမယ့် ငယ်တဲ့အမှု ပပျောက်စေအောင် လုပ်ရမှာကို လက်ခံနိုင်စရာ မရှိတဲ့ ခံဝန်တွေ ထိုးခိုင်းပြီး မထိုးရင် ပြန်လို့မရဘူးဆိုတဲ့ အနေအထားကတော့ မဖြစ်သင့်ပါဘူး။ ခံဝန်ကလည်း နောက်နောင် ဒီလိုမလုပ်ပါဘူး ဆိုတာမျိုးတွေက သတင်းထောက် တစ်ယောက်အတွက် ဘယ်လိုမှ ထိုးစရာ အကြောင်းမရှိပါဘူး။ သတင်းထောက်ကတော့ သတင်းယူရမယ့် တာဝန်ရှိပါတယ်။ သတင်းဓာတ်ပုံ ရိုက်ရမယ့် တာဝန်ရှိပါတယ်။ အခုလိုမျိုး ကိစ္စတွေများလာရင် နောက်နောင်နယ်တွေမှာ သတင်းယူရတာ၊ သတင်းထောက်တွေ ရပ်တည်ရတာ မလွယ်ပါဘူး။ ဒါမျိုးတွေများလာရင် သတင်းထောက် လုပ်ရဲကြမှာတောင် မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ အပြောင်းအလဲကာလမှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါပါတယ်။ ဘယ်လို ကိစ္စမျိုးကိုမဆို ဆင်ခြင်တုံတရားနဲ့ ခွဲခြားကိုင်တွယ်ဖို့ လိုမယ်ထင်ပါတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ အခြား မြို့တွေမှာဆိုရင် ဒါဟာ သာမန် သတင်းကိစ္စ တစ်ခုပါပဲ။

ဒါပေမယ့် မကွေးမှာတော့ သတင်းနဲ့ ပတ်သက်ရင် Sensitive ဖြစ်နေတယ်လို့ ထင်ပါတယ်။ တိုင်းဒေသကြီး မြို့တော်တစ်ခုအနေနဲ့ ဒါမျိုးက လုံးဝမဖြစ်သင့်ပါဘူး။ အဲဒီအတွက် ကန့်ကွက်ပါတယ်။ မနက်ဖြန်မှာ အကြီးတန်း အယ်ဒီတာတစ်ယောက် မကွေးကို စေလွှတ်သွားမှာပါ။ နောက်ရက်မှာလည်း အခုလိုပဲ ဆက်ထိန်းသိမ်းထားမယ်ဆိုရင် ဥပဒေ နည်းလမ်းတွေအတိုင်း ဥပဒေကြောင်းအရပဲ ဆက်လက်တုံ့ပြန် ဆောင်ရွက်သွားမှာပါ'ဟု Weekly Eleven တာဝန်ခံအယ်ဒီတာ ကိုဝေဖြိုးက ပြောပါသည်။ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ မြို့နယ်မှူးမှာ ဒုရဲမှူး ကြည်ဝင်း ဖြစ်ကြောင်း သိရသည်။

နအဖရွေးကောက်ပွဲကော်မရှင်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါဝင်၊ နိုင်ငံရေးပါတီများအားမတရားဖျက်သိမ်းခြင်းပေါ်သဘောထားထုတ်ပြန်ချက်

15 September 2010

နအဖ စစ်အာဏာ ယစ်မှူး သူတို့ အတွက် ပြောကြားချက်

နအဖ စစ်အာဏာရှင် ဆိုတာက နိုင်ငံတော်အာဏာကို မတရား လက်နက်အာကိုးနဲ့သိမ်းယူထားတဲ့ အဖွဲ့

့ဖြစ်တယ်။

အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(NLD)ဆိုတာက တရားဝင် လူထုမှ မေတ္တာတရားနဲ့ အာဏာ အပ်နှင့်ထားတဲ့

အဖွဲ့ ဖြစ်တယ်။

အဲဒီလို မတရားအာဏာသိမ်းထားတဲ့အဖွဲ့ က တရားဝင် အဖွဲ့ အစည်းကို မတရားတဲ့ အဖွဲ့ ဖြစ်တယ်လို့ 

ကြေညာတာဟာ ရီစရာ ပျက်လုံးတစ်ခုလိုပါပဲ ။

ဒါပေမယ့် - ဒါဟာ။

- ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ဥပက္ခောပြုတာဖြစ်တယ်၊

- လူထုကို စော်ကားတာဖြစ်တယ်၊

- စစ်အာဏာရှင် စနစ်အတွက် စစ်အာဏာရှင်လူအုပ်စုက လူထုအားလုံးကို စိန်ခေါ် လိုက်ခြင်းဆိုတာ

ကိုသက်သေ ပြနေတာလည်းဖြစ်တယ်.။

နအဖ ကော်မရှင်. မတရား ထုတ်ပြန်ကြေညာ ချက်

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်

နေပြည်တော်

ကြေညာချက်အမှတ် (၉၇/၂ဝ၁ဝ)

၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်

(၂ဝ၁ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်)

နိုင်ငံရေးပါတီ ဆက်လက်ရပ်တည်ခွင့်ပြုခြင်းနှင့်

မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျကှ်ု ပါတီအားဖျက်သိမ်းခြင်း

၁။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အသီးသီး၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိုသော နိုင်ငံရေးပါတီ အဖွဲ့အစည်းများအား ၁၈-၃-၂ဝ၁ဝ ရက်စွဲပါ ကြေညာချက်အမှတ် (၁/၂ဝ၁ဝ)ဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားနိုင်ကြောင်းနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ၂၅ တွင် အကျုံးဝင်သော အောက်ပါ နိုင်ငံရေးပါတီ (၁ဝ)ပါတီကိုလည်း သတ်မှတ်ထားသည့် ရက်ပေါင်း ၆ဝ အတွင်း ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားနိုင်ကြောင်း ၉-၄-၂ဝ၁ဝ ရက်စွဲပါ ကြေညာချက် အမှတ် (၁၈/၂ဝ၁ဝ) ဖြင့် အသိပေးကြေညာခဲ့သည်-

(က) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊

(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊

(ဂ) ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်၊

(ဃ) ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊

(င) မြို (ခ) ခမိအမျိုးသားညီညွတ်ရေးအဖွဲ့ (မ.ခ.မ.ည.ဖ)၊

(စ) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊

(ဆ) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊

(ဇ) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

( ဈ ) ''ဝ'' အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ည) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။

၂။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ တွင် အကျုံးဝင်သော အပိုဒ် (၁) ပါ ပါတီ (၁ဝ)ပါတီအနက် အောက်ပါ နိုင်ငံရေးပါတီ (၅)ပါတီသည် သတ်မှတ်ထားသည့် ရက်ပေါင်း (၆ဝ) အတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခဲ့သည်-

(က) မြို (ခ) ခမိအမျိုးသားညီညွတ်ရေးအဖွဲ့ (မ.ခ.မ.ည.ဖ)၊

(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊

(ဂ) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ဃ) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊

(င) ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်။

၃။ အထက်အပိုဒ်(၁)ပါ ပါတီများအနက် အောက်ပါနိုင်ငံရေးပါတီ(၅)ပါတီသည် သတ်မှတ် ရက်အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုကြောင်း လျှောက်ထားခြင်းမရှိ၍ ဥပဒေအရ အလိုအလျောက်ပျက်ပြယ်ပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိသော အဖွဲ့အစည်းများဖြစ်သဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများကိုလည်း ဖျက်သိမ်းလိုက်သည်-

(က) ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊

(ခ) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊

(ဂ) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊

(ဃ) ''ဝ'' အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(င) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။

၎။ ၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ(၄၂)ပါတီတွင် အပိုဒ် (၂) ပါ ပါတီ (၅) ပါတီနှင့် အသစ်လျှောက်ထားသည့် ပါတီ(၃၇)ပါတီ ရှိခဲ့သည်။

၅။ ယင်းသို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပေးခဲ့ပြီးသော နိုင်ငံရေးပါတီ(၄၂)ပါတီအနက် အောက်ဖော်ပြပါ နိုင်ငံရေးပါတီ (၃၇) ပါတီသည် ၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များအနက် အနည်းဆုံးမဲဆန္ဒနယ် သုံးနယ်တွင် ယင်းတို့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်၍ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိမည်ဖြစ်သည်-

(က) မြို့ (ခေါ်)ခမိအမျိုးသားညီညွတ်ရေးအဖွဲ့(မ.ခ.မ.ည.ဖ)၊

(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊

(ဂ) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ဃ) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊

(င) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊

(စ) ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊

(ဆ) ကယန်းအမျိုးသားပါတီ၊

(ဇ) မြန်မာနိုင်ငံရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊

(ဈ ) ကရင်ပြည်သူ့ပါတီ၊

(ည) ''ဝ'' အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊

(ဋ) တအာင်း(ပလောင်)အမျိုးသားပါတီ၊

(ဌ) မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊

(ဍ) ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊

(ဎ) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊

(ဏ) ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UFP)၊

(တ) ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၊

(ထ) ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်၊

(ဒ) အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်၊

(ဓ) ချင်းအမျိုးသားပါတီ၊

(န) ဝံသာနုNLD (ပြည်ထောင်စုမြန်မာနိုင်ငံ)၊

(ပ) ခေတ်သစ်ပြည်သူ့ပါတီ၊

(ဖ) ပြည်ထောင်စုဒီမိုကရေစီပါတီ၊

(ဗ) မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊

(ဘ) ချင်းတိုးတက်ရေးပါတီ၊

(မ) အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ယ) ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊

(ရ) ''ဝ''ဒီမိုကရက်တစ်ပါတီ၊

(လ) ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊

(ဝ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ၊

(သ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊

(ဟ) တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊

(ဠ) ကမန်အမျိုးသားတိုးတက်ရေးပါတီ၊

(အ) ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ကက) အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊

( ခ ခ ) စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)၊

( ဂ ဂ ) ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ဃဃ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ။

၆။ အောက်ဖော်ပြပါ မှတ်ပုံတင်ခွင့်ပေးခဲ့ပြီးဖြစ်သည့် နိုင်ငံရေးပါတီ (၅)ပါတီသည် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်မဲဆန္ဒနယ်များအနက် အနည်းဆုံး မဲဆန္ဒနယ်သုံးနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုနိုင်သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ၁၂ (ခ)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများကိုလည်း ဖျက်သိမ်းလိုက်သည်-

(က) ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်၊ မှတ်ပုံတင်အမှတ်စဉ် (၁၁)

(ခ) မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မှတ်ပုံတင်အမှတ်စဉ် (၂ဝ)

(ဂ) မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီ၊ မှတ်ပုံတင်အမှတ်စဉ် (၃၄)

Myanmar Democracy Congress

(ဃ) မြိုတိုင်းရင်းသားပါတီ၊ မှတ်ပုံတင်အမှတ်စဉ် (၃၅)

(င) ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်)၊ မှတ်ပုံတင်အမှတ်စဉ် (၃၉)

(ပုံ)

သိန်းစိုး

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၁၀ရွေးကောက်ပွဲတွင် ဟောပြောမဲဆွယ်လျှောက်ထားခွင့်နှင့် လျှောက်လွှာတွင် သိရမည့်အချက်များ

လျှောက်ထားခွင့်ရှိသူများ။ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ယင်းရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ လက်မှတ်ရေးသား လျှောက်ထားရမည်။ လျှောက်လွှာတွင် ဖော်ပြရမည့် အချက်များ။ ခွင့်ပြုမိန့် လျှောက်ထားရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များသည်။ စုဝေးခြင်းနှင့်ဟောပြောခြင်းများကို တားမြစ်ချက်များခွင့်ပြုမိန့်ပါ သတ်မှတ်ချက်များ၊ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြလျှောက်ထားရမည့်အပြင်....

(က) ပြုလုပ်လိုသည့်နေရာ၊

(ခ) ပြုလုပ်လိုသည့်နေ့ရက်၊

(ဂ) စတင်မည့်အချိန်နှင့်ပြီးဆုံးမည့် အချိန်(ခန့်မှန်း)၊

(ဃ) တက်ရောက်မည့် အင်အား (ခန့်မှန်း)၊

(င) ဟောပြောမည့်ပုဂ္ဂိုလ် သို့မဟုတ်ပုဂ္ဂိုလ်များအမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာ၊

(စ) လျှောက်ထားသူ၏ အမည်၊ မှတ်ပုံတင်နှင့်နေရပ်လိပ်စာ စသည့်အချက်များကိုလည်း လျှောက်လွှာတွင်

အပြည့်အစုံဖော်ပြရမည်ဟု စစ်အာဏာပိုင်သတင်းစာမှ ဖော်ပြပါရှိသည်။

ရဲမွန်တပ်ရင်း ၈ ရင်းက တပ်ရင်းမှူးတွေ အဖမ်းခံရပြီးတဲ့နောက် ကျန်တဲ့ အရာရှိ အရာခံနဲ့ တပ်သားတွေ အရွေ့အပြောင်းခံနေရ

ရဲမွန်တပ်ရင်း ၈ ရင်းက တပ်ရင်းမှူးတွေ အဖမ်းခံရပြီးတဲ့နောက် ကျန်တဲ့ အရာရှိ အရာခံနဲ့ တပ်သားတွေ အရွေ့အပြောင်း ခံနေရတယ်လို့ တပ်ကြပ်ကြီး တစ်ဦးက ပြောပါတယ်။

“အခု ကျနော်တို့ တပ်မှာဆိုရင် ရဲဘော်တွေကို ကြိုတင်အသိမပေးပဲ တပ်နေရာတွေ ပြောင်း ပစ်တယ်၊ သိမ်းထားတဲ့ လက်နက်တွေ လည်း အခုထက်ထိ ချမပေး သေးဘူး၊ တပ်ရင်း လုံခြုံရေးကို တပ်မ ၁၁ ကပဲ တာဝန်ယူထားတာ ၊ ဘဏ်စုငွေတွေလည်း ထုတ်မပေးသေးဘူး၊ ချထားတဲ့ လုံခြုံရေး တွေလည်း ပြန်မရုပ်သိမ်းသေးဘူး” လို့ ရဲမွန်တပ်ကြပ်ကြီး တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရဲမွန်တပ်တွေကိစ္စ အပြင်ဘက်ကို မပေါက်ကြားရအောင်နဲ့ တပ်ရင်းအတွင်း ဘာမှမဖြစ်ပဲ ပုံမှန်အနေအထားလို့ အများထင်အောင် ရဲမွန်မြို့အတွင်းမှာ တပ်မ ၁၁ က တပ်မမှူး ကိုယ်တိုင်လာပြီးတော့ ဘော်လုံးပွဲ၊ ခြင်းပွဲ၊ လက်ဝှေ့ပွဲလို ပွဲတွေကို အားကစားရုံကွင်းမှာ လုပ်ပေးနေတဲ့အကြောင်း သူက ပြောပါတယ်။

ဒီပွဲတွေမှာ ရဲမွန်တပ်ရင်းက ရဲဘော်တွေမပါပဲ တပ်မ ၁၁ နဲ့ ရန်ကုန်တိုင်းက တပ်သားတွေသာ ပါဝင်တယ်လို့ တပ်ကြပ်ကြီးက ပြောပါတယ်။

ရဲမွန်တပ်ရင်းတွေမှာ အခုထက်ထိ တပ်ရင်းမှူးအသစ်တွေ ရောက်မလာသေးသလို ဘဏ်စုငွေပြန်ထုတ်ပေးဖို့ ပြဿနာအပါအဝင် တပ်တွင်းပြဿနာတွေ ပြေလည်မှု မရှိသေး ဘူးလို့ သူက ပြောပါတယ်။

သတင်းရင်းမြစ်..ဘီဘီစီ

စစ်အာဏာရှင်တွေ ၂၀၁၀ရွေးကောက်ပွဲကို နေပြည်တော်က ဝင်ရွေးခံမယ့်ဗိုလ်ချုပ်ကြီးများ


မကြာသေးခင်ကမှ စစ်ဖက် ရာထူးကို စွန့်လွှတ်ခဲ့ကြတဲ့ နအဖ ကောင်စီဝင် တွေဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ နေပြည်တော်ခရိုင် ထဲက မြို့နယ်သစ်တွေ ကနေ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီ ကိုယ်စားလှယ်လောင်းတွေ အဖြစ် ဝင်ရောက် အရွေးခံကြမှာ ဖြစ်ပါတယ်။

နေပြည်တော် ခရိုင်အတွင်းက သီရိ ငါးမြို့နယ်လို့ လူသိများတဲ့ ဇေယျာသီရီ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိနဲ့ ဇမ္ဗူသီရိ မြို့နယ်တွေမှာ မကြာသေးခင်ကမှ စစ်ဖက်ကနေ အရပ်ဖက် ပြောင်းခဲ့ကြတဲ့ နအဖ ကောင်စီဝင် သူရဦးရွှေမန်း၊ သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ ဝန်ကြီးချုပ် ဦးသိန်းစိန်တို့တွေက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းတွေ အဖြစ် ဝင်အရွေးခံ ကြမှာပါ။

ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း တွေကို သောကြာနေ့က စိစစ်ပြီးပြီ ဖြစ်ပေမယ့် ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာ ကော်မရှင်ရုံးခွဲတွေ ကနေ တဆင့် ကိုယ်စားလှယ်လောင်း တွေကို အကြောင်းကြား တာသာ ရှိပြီး နိုင်ငံနဲ့အဝန်း ထုတ်ပြန် ကြေငြာခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ဘီဘီစီက စုံစမ်း ရရှိတဲ့ စာရင်းအရ ဆိုရင်တော့ ဝန်ကြီးချုပ် ဦးသိန်းစိန်က ဇမ္ဗူသီရိ၊ ဦးရွှေမန်းက ဇေယျာသီရိ၊ ဦးတင်အောင်မြင့်ဦးက ပုဗ္ဗသီရိမြို့နယ် တွေကနေ ဝင်ကြမှာဖြစ်ပါတယ်။

ဒက္ခိဏသီရိနဲ့ ဥတ္တရသီရိမြို့နယ် တွေမှာ ဝင်ပြိုင်မယ့် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း တွေက ဦးမြင့်လှိုင်နဲ့ ဦးကျော်စွာခိုင်တို့ ဖြစ်ပါတယ်။ ကျန်တဲ့ သုံးမြို့နယ် ဖြစ်တဲ့ ပျဉ်းမနား မြို့နယ်မှာ ဦးလှမြင့်ဦး၊ လယ်ဝေးမှာ ဦးဌေးဝင်း နဲ့ တပ်ကုန်း မှာတော့ ဦးမောင်ဦးလို့ အမည် စာရင်းမှာ တွေ့ရပါတယ်။

အဲဒီသုံးမြို့နယ်မှာ တသီး ပုဂ္ဂလနဲ့ တခြား ပါတီ ကိုယ်စားလှယ် တချို့၊အမည်တွေကို တွေ့ရ ပေမယ့် သီရိငါးမြို့နယ် မှာတော့ ကြံခိုင်ဖွံ့ဖြိုးရေးကလွဲရင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီသာ ကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင် နိုင်ပါတယ်။ အဲဒီ ကိုယ်စားလှယ်လောင်း တွေဟာ ဒေသခံ ပါတီဝင်တွေ ဖြစ်တယ်လို့ တစညပါတီ ပြောခွင့်ရသူ ဦးဟန်ရွှေက ဆိုပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဖက်က ဒီကနေ့ ထိပ်တန်း စစ်ခေါင်းဆောင်တွေနဲ့ ပြိုင်ရမယ် ဆိုပေမယ့် နိုင်ငံရေး ဆိုတာ ဘာမှ ကံသေကံမ၊ မပြောနိုင်တဲ့အတွက်သူတို့ပါတီ ကိုယ်စားလှယ်တွေ အဲဒီနယ်မြေတွေမှာ အနိုင်ရနိုင် ပါသေးတယ် လို့တော့ ဦးဟန်ရွှေက ဆိုပါတယ်။

သတင်းရစ်မြစ်.....ဘီဘီစီ

NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်ဖို့ဆုံးဖြတ်ခဲ့ ပေမဲ့ ပါတီ လုပ်ငန်းတွေ ကိုတော့ ဆက်လက် လုပ်ဆောင် သွားမယ်လို့ ပါတီ ခေါင်းဆောင် တွေကကြေငြာထားခဲ့ပါတယ်


မြန်မာ နိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေး ပါတီ တစ်ခု အဖြစ် ဆက်လက် ရပ်တည် နိုင်ခွင့် မရှိတဲ့ တရားမဝင် ပါတီ အဖြစ် စက်တင်ဘာ (၁၄) ရက် နေ့က ကြေငြာလိုက်ပါတယ်။

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတဲ့ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ကတည်းက ရပ်တည်လာခဲ့ကြတဲ့ ပါတီ ငါးခုနဲ့ ရွေးကောက်ပွဲ ဝင်မယ်လို့ မှတ်ပုံ တင်ပြီးမှ ကိုယ်စားလှယ် လောင်း အမည် စာရင်းကို အချိန်မီ မတင်သွင်း နိုင်တဲ့ ပါတီ သစ် ငါးခုကိုလည်း ဆက်လက် ရပ်တည်ခွင့် မရှိ တော့ဘူးလို့ကော်မရှင်က ကြေငြာ လိုက် ပါတယ်။

အန်အယ်လ်ဒီ ပါတီဟာ ရွေးကောက်ပွဲ မဝင်ဖို့ဆုံးဖြတ်ခဲ့ ပေမဲ့ ပါတီ လုပ်ငန်းတွေ ကိုတော့ ဆက်လက် လုပ်ဆောင် သွားမယ်လို့ ပါတီ ခေါင်းဆောင် တွေက ကြေငြာ ထားခဲ့ ပါတယ်။

တုံ့ပြန်မှုများ

ကော်မရှင် ဟာ တရားဥပဒေ အရ အာဏာ အပ်နှင်း ခံရခြင်း မရှိဘဲ ကြေငြာချက် တာလို့ ဦးဉာဏ်ဝင်းဆို

အန်အယ်လ်ဒီ ပါတီ ကို ဖျက်သိမ်းတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာတာဟာ နည်းလမ်း မကျတဲ့ အကြောင်းနဲ့ နဂို ကတည်း က စာရင်း တင်သွင်း ထားတာ မရှိတဲ့ အတွက် ဖျက်သိမ်း စရာလည်း မလိုဘူးလို့ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက တုန့်ပြန် ပါတယ်။

အဖျက်ခံရတဲ့ တိုင်းရင်းသား ပါတီတွေ စုပေါင်းပါဝင်တဲ့ စီအာပီပီ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မီတီကလည်း အန်အယ်ဒီက ရွေးကောက်ပွဲကိုလည်း ဝင်မှာ မဟုတ် တဲ့ အပြင် မှတ်ပုံတင် ထားတာလည်း မရှိတဲ့ အတွက် တချိန်ချိန်မှာ ဒီလို ကြေငြာနိုင်တယ် ဆိုတာ ခန့်မှန်းထားပြီး ဖြစ်တယ်လို့ အတွင်ရေးမှူး ဦးအေးသာအောင် က ပြော ပါတယ်။

နိုင်ငံရေး အရ ထိခိုက်မှု

အန်အယ်ဒီကို နိုင်ငံရေး ပါတီ အဖြစ်ကနေ ဖျက်သိမ်းလိုက်တဲ့ အတွက် နိုင်ငံရေး အဖွဲ့ အပေါ် အခြေခံ ပြီး လုပ်ဆောင်နိုင်တဲ့ စည်းရုံး လှုပ်ရှားခွင့်၊ လှုံ့ဆော်ခွင့်၊ လူထုနဲ့ ထိတွေ့ နိုင်မယ့် အခွင့် အလမ်းတွေကို ကန့်သတ်လိုက်တာ ဖြစ်တယ်၊ ဒါပေမဲ့ အန်အယ်ဒီဟာ အတိုက်အခံ အဖွဲ့ အစည်း တစ်ရပ် အနေနဲ့ ဒါမှ မဟုတ် အစု အရုံး တစ်ခု အနေနဲ့ တော့ ပြည်တွင်းက ပြည်သူတွေကြားမှာသာ မက နိုင်ငံတကာ အလယ်မှာ ပါ ဆက်လက် တည်ရှိနေမှာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု က နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး ပညာရှင် ဦးမင်းဇော်ဦးက သုံးသပ်ပါတယ်။

အခု လုပ်ဆောင်မှုကို မြန်မာနိုင်ငံရဲ့ အင်အား အကြီးဆုံး အတိုက် အခံ ပါတီကြီးကို လုံးဝ ချုပ်ကိုင်လိုက်တာ လို့တော့ မမြင်ဘူးလို့ သူက ဆက်ပြောပါတယ်။ မြန်မာ အစိုးရ အစိုးရိမ်ဆုံး အချိန်က အခု လောလောဆယ် အချိန်သာ ဖြစ်တဲ့ အကြောင်း၊ လာမယ့် ရွေးကောက်ပွဲမှာ သူတို့ မျှော်မှန်းထားတဲ့ အတိုင်း စစ်တပ်က ကြောထောက် နောက်ခံ ပေးထားတဲ့ ပါတီ ကို ထိခိုက်မှာမျိုးကို မလိုလားလို့အခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့ ဦးမင်းဇော်ဦးက မြင်ပါတယ်။

လောလောဆယ်မှာ ရွေးကောက်ပွဲ ဟာ တရားမဝင်ဘူးလို့ နိုင်ငံတကာက မြင်အောင် အန်အယ်လ်ဒီက လုပ်ဆောင်မှုတွေကြောင့် ကန့်သတ် တာတွေ လုပ်နေတာ ဖြစ်ပေမဲ့ ရွေးကောက်ပွဲ လွန်ကာလ နိုင်ငံရေး အခင်း အကျင်း အသစ်မှာတော့ အန်အယ်ဒီ ပါတီ ဟာ ပါတီလို မဟုတ်ပေမဲ့ တခြား အသင်း အဖွဲ့အနေနဲ့ စည်းရုံး လှုံဆော်မှုတွေ ကို လုပ်ဆောင် နိုင်မှာ ဖြစ်တယ်၊ အန်အယ်ဒီ ဆိုတဲ့ နာမည်နဲ့ မဟုတ်ရင်တောင် တခြား နာမည် အောက်မှာ နိုင်ငံရေး လုပ်ဆောင်မှုတွေ လုပ်လာနိုင်မယ့် အခွင့် အလမ်းတွေ ရှိပါတယ်လို့ နိုင်ငံ တကာ ပဋိပက္ခ လေ့လာရေး ပညာရှင် ဦးမင်းဇော်ဦးက ယူဆပါတယ်။

သတင်း...BBC

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်တို့မှ ဟောပြောမည်ဆိုပါခုနစ်ရက်ကြိုတင်ရမည်




၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်တို့မှ ဟောပြောမည် ဆိုပါက ခုနစ်ရက် ကြိုတင်၍ ခွင့်ပြုမိန့် လျှောက်ထားရမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရေဒီယိုအစီအစဉ်မှ ဟောပြောတင်ပြရာတွင် ဟောပြောတင်ပြခွင့် အချိန် ၁၅ မိနစ် ခွင့်ပြုမည်ဖြစ်ပြီး ရုပ်မြင်သံကြားအစီအစဉ်မှ ဟောပြောတင်ပြရာတွင်လည်း ဟောပြောချိန် ၁၅ မိနစ် ခွင့်ပြုမည်ဖြစ်ကြောင်း နှင့် ပါတီ၏ သီချင်းများကိုလည်း ထုတ်လွှင့်လိုပါက သတ်မှတ်ထားသည့် ၁၅ မိနစ်အချိန်အတွင်း ထုတ်လွှင့်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီများ အနေဖြင့် မဲဆွယ်စည်းရုံးရန် မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်တို့မှ ထုတ်လွှင့်လိုပါက ပါတီ၏ ဥက္ကဋ္ဌ (သို့မဟုတ်) အတွင်းရေးမှူး က သတ်မှတ် ခွင့်ပြုပေးသည့် ရက်မတိုင်မီ အနည်းဆုံး ခုနစ်ရက်ကြိုတင်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဟောပြောတင်ပြလိုသည့် စာမူနှင့်အတူ ခွင့်ပြုမိန့် လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် အဆိုပါစာမူသည် A4 အရွယ်အစား စက္ကူ ခုနစ်မျက်နှာထက် မပိုရကြောင်း သိရသည်။

ယင်းကဲ့သို့ လျှောက်ထားကြသည့် နိုင်ငံရေးပါတီများအား အဆင်ပြေစွာ ဟောပြောတင်ပြ နိုင်စေရန်အတွက် နိုင်ငံရေးပါတီ တစ်ခုချင်းအလိုက် ဟောပြောတင်ပြခွင့်ရရှိမည့် နေ့ရက်နှင့်အချိန်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းသတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဟောပြောတင်ပြလိုသည့် စာမူကို လိုအပ်သလို စိစစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ခွင့်ပြုမိန့် ထုတ်ပေးခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်း ပြုနိုင်ကြောင်းနှင့် ခွင့်ပြုမိန့်လျှောက်ထားခြင်းကို ငြင်းပယ်ပါက အကျိုးအကြောင်း ဖော်ပြ၍ လျှောက်ထားသူထံ အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဟောပြောတင်ပြရာတွင် ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရသည့် တားမြစ်ချက် ကိုးချက်ကိုလည်း သတ်မှတ်ထားရာ ယင်းတားမြစ်ချက်များအနက် အချို့မှာ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် (သို့မဟုတ်) တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောပြုလုပ်ခြင်းနှင့် လူမျိုးရေး (သို့ မဟုတ်) ဘာသာရေး (သို့မဟုတ်) လူတစ်ဦးချင်း (သို့မဟုတ်) လူအများနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ဟောပြောမှု (သို့မဟုတ်) စည်းရုံးလှုံ့ဆော်မှု ပြုလုပ်ခွင့်ဲပုမည်ဟုeleven.ဂျာနယ်တွင်ပါရှိပါသည်.။

စစ်အာဏာပိုင် သတင်းဌာန မြန်မာအသံ မှယနေ့ညနေခင်းသတင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအပါအဝင် နိုင်ငံရေးပါတီ(၁၀)ခုအား တရားဝင်ဖျက်သိမ်းပါသည်ဟုကြေငြာ

၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တည်ဆဲ ပါတီဟောင်းများအနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ပြည်ထောင်စု ပအိုးဝ်အမျိုးသားများ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီနှင့် “ဝ” အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ဖြစ်ကြပြီး ထိုပါတီတို့သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို လျှောက်ထားခြင်းမရှိသဖြင့် ဖျက်သိမ်းခြင်း ဖြစ်သည်ဟု ကြေညာသွားသည်။

၂၀၁၀ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ကြသည့် ပါတီသစ်များထဲမှ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်၊ မြန်မာ့ လူ့ဘောင်သစ်ပါတီ၊ မြန်မာဒီမိုကရေစီ ကွန်ဂရက်၊ မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေးအဖွဲ့နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးပါတီ (ပြည်) တို့ကို လွှတ်တော်သုံးရပ်စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အတွက် ဖျက်သိမ်းခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဖျက်သိမ်းကြောင်း ကြေညာခံရသည့် ၁၀ ပါတီတို့သည် ဆက်လက်တည်ထောင်ခွင့် မလျှောက်ထားခြင်း၊ မှတ်ပုံမတင်ခြင်း၊ လွှတ်တော်သုံးရပ်စလုံးတွင် ဝင်ရောက် မယှဉ်ပြိုင်နိုင်ခြင်းတို့ကြောင့် တရားဝင် ဆက်လက် ရပ်တည်ခွင့် မရှိတော့ဘဲ ဖျက်သိမ်းလိုက်သည်ဟု စစ်အာဏာပိုင်သတင်းဌာန မြန်မာအသံ မှ ကြေငြာ သွားသည်။

14 September 2010

ပွဲကြိုက်ခင် အမေရိကန် ရောက် မြန်မာများအတွက် နောက်ထပ်ပြုလုပ်အုံးမည့် စတိတ်ရှိုးပွဲ တစ်ပွဲ အားပေးလိုက်ကြပါအုန်းလား



ကိုယ့်ကျောင်းသားတွေ သွေးမြေကျခဲ့တဲ့ အရေးတော်ပုံတွေကို အရုဏ်ဦးမှာဖူးသည်ကြာ ဆိုသောဇတ်ကားမှာ မဟုတ်မမှန် လုပ်ကြံမှုတွေ နဲ့ ပြောဆိုပြီးသရုပ်ဆောင် နေသော မြန်မာသရုပ်ဆောင်ပျက် များကိုအားပေးအားမြှောက် ပြုလုပ်နေသော ၊တကိုယ်ကောင်းဆန်သော ၊စိတ်ဓာတ် အပြည့်အဝ ရှိနေကြသော ပြည်ပအားကိုးပုဆိန်ရိုး ဆိုသူများအတွက် နောက်ထပ်စတိတ်ရှိုးပွဲ တစ်ပွဲ အား ကြေငြာ ပေးလိုက်ပါသည်.။

့မြန်မာပြည်သူက ကျွေး မြန်မာပြည်သူက အားပေးပြီး မြန်မာပြည်သူတွေရဲ့ ထမင်းကိုစား ၊မြန်မာလူငယ်တွေ အတွက်ထင်ယောင်ထင်မှားပြုလုပ်နေသောမြန်မာသရုပ်ဆောင်ပျက်များ၏သရုပ်ဆောင်မှုများကိုစစ်အာဏာရှင် အလိုကျ ပီပြင်စွာသရုပ် ဆောင်ထားသော အထူးသဖြင့် ထိုဇတ်ကားတွင် ကလျာမျိုးချစ် အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သော ဝိုင်းစုခိုင်သိန်းဆိုသော သရုပ်ဆောင်အားလုံးဝလုံးဝ ရွံရှာမိခဲ့ပါတယ်။ စစ်အာဏာပိုင်တွေကတော့ မြန်မာပြည်သူတွေရဲ့ ငွေကြေးတွေကိုအလွှဲသုံးစားပြုလုပ်နေပြီး ယခုလို အသက်ငယ်ငယ် မြန်မာသရုပ်ဆောင်အမျိုးသမီးများအား စပွန်ဆာ ပေးပြီးဟောတစ်ယောက် ဟောတစ်ယောက်ဆိုပြီး သားသမီးချင်းမစာနာဘဲ ၊တွဲချင်တိုင်းတွဲ၊ကဲချင်တိုင်းကဲ၊အပြိုင်ကဲပြီး အင်တာနက် စာမျက်နှာများတွင်လည်း ယိုသူမရှက် မြင်သူရှက်၊ အများပြည်သူတွေမြင်တွေ့နေကြဖြစ်ပါသည်။

ဝိုင်းစုခိုင်သိန်းဆိုသော သရုပ်ဆောင်မှာ မြန်မာ့သမိုင်း အားတကယ်ဘဲ မသိတာလား၊ဒါမှမဟုတ် စစ်အာဏာပိုင်များဆီက စပွန်ဆာ မရရှိမှကြောက်ပြီး မသိချင်ယောင်ဆောင်နေတာလားဆိုတာကိုတော့ သူကိုယ်တိုင်သာသိမှာဖြစ်ပါသည်.။ထို့အတွက်ကြောင့် ပြည်ပသို့ရောက်ရှိနေချိန်တွင် ပြည်ပမှာ ရှိသောမြန်မာ့ သမိုင်း နဲ့ပါတ်သက်သော ၈၈၈၈ လုံးအရေးတော်ပုံကြီး၏ ဗွီဒီယိုဖိုင်များ နှင့် သံဃာတော်အရေးအခင်းမှ ဗွီယိုဖိုင်များအားစစ်အာဏာရှင်တွေဟာဘယ်လောက်ရက်စက်စွာ ကျောင်းသားလူငယ်များ ၊မြန်မာပြည်သူများ၊ သံဃာတော်များကို သတ်ဖြတ်ထားသောသမိုင်းမှတ်တမ်းများကို လွတ်လပ်စွာကြည့်ရှုပြီး ခံစားနားလည် ပေးစေချင်ပါသည်.။ထိုဇတ်ကား ၏ဇတ်ဝင်ခန်းတွေမှာလို မေးနေသည့် မေးခွန်းများအား ကိုယ်တိုင်မျက်စေ့ဖြင့် လေ့လာ သွားသင့်ပါသည်.။

ပြည်ပ သို့ရောက်ရှိနေချိန်တွင် အမျိုးသားများအပေါ် မပေါ်တပေါ်တွေဝတ်ပြ၊ လှုပ်ပြ၊ ခါပြ၊ သီချင်းတွေဆိုပြ၊ ရောနှောမှုများပြုလုပ်နေပြီး စပွန်ဆာရှာ နေမည့်အစား ကိုယ့်ကမြန်မာသရုပ်ဆောင် အမျိုးသမီးတစ်ဦးဖြစ်သော ကြောင့် မြန်မာ့ သမိုင်း အားသေချာ လေ့လာသင့်ပါသည်။ဝိုင်းစုခိုင်သိန်းဆိုသော မြန်မာအမျိုးသမီးသရုပ်ဆောင်အားမနာလိုချင်အလျှင်မရှိသလို၊မစာနာလို့ပြောနေချင်းလည်းအလျှင်မရှိပါ.။

သူ၏ ထိုဇတ်ကားတွင် ပြောဆိုခဲ့သော စကားများမှာလည်း မြန်မာအရေးတော်ပုံများတွင် သွေးမြေကျပြီး သေဆုံးသွားခဲ့သော မြန်မာပြည်သူများ၊ ကျောင်းသားလူငယ်များ၊ သံဃာတော်များ နှင့် ယနေ့အချိန်ထိ စစ်အာဏာရှင်တွေ မတရားအကျဉ်းချထားသော မြန်မာနိုင်ငံအတွင်း ရှိစစ်အာဏာပိုင်တွေရဲ့ အကျဉ်းထောင်ထဲမှကျောင်းသားလူငယ်များ၊မြန်မာပြည်သူများ၊သံဃာ တော်များအား သူမအနေနဲ့ အရင် ကိုယ်ချင်း စာနာသင့် ပါသည်.။
လူတိုင်းတွင် စိတ်ခံစားမှု၊နားလည်တတ်မှုဆိုသိမှာ သင်ပေးစရာမလိုပါ၊ကိုယ်တိုင်စာနာ နားလည် မှသာ သိရပါသည်။

ယခုလို အမျိုးသမီးချင်း ဤကဲ့သို့ ရေးသားရသည်မှာ ဝိုင်းစုခိုင်သိန်းအနေနှင့်ကိုယ်ချင်းစာနာ သင့်ကြောင်း သူ့လို သူ့အရွယ် မြန်မာ မိန်းကလေးများ အရေးတော်ပုံတည်းတွင်ကျဆုံးသွားခဲ့ရခြင်း၊ အကျဉ်းထောင်ထဲ တွင် ယနေ့အချိန်ထိ မတရားဖမ်းဆီးခံထားရဆဲရှိပါသည်။ထိုမြန်မာမိန်းကလေးများသည် ပြည်သူများကမြှောက်ပေးလို့ ပြုလုပ်နေခြင်း မဟုတ်သလို အရေးတော်ပုံတိုင်းတွင်လည်း လူငယ် ဆိုသော စိတ်ဓာတ် တစ်ခုဖြင့်သာ ပါဝင် ခဲ့ခြင်းဖြစ်ပါသည်.။ထိုသို့သော မြန်မာမိန်းကလေးများအား စော်ကားသော အသုံးအနှုန်းများဖြင့် ထိုအမျိုးသမီး ဝိုင်းစုခိုင်သိန်း ကမပြောဆိုသင့်ပါ။

ထိုကားတွင် ပြောဆိုသုံးနှုန်းခဲ့ခြင်း အတွက် ကျမ အနေဖြင့် ယခုလို သူမ အားပြန်လည် ရေးသားခဲ့ခြင်း သာဖြစ်ပါသည်။ထိုအမျိုးသမီး ဝိုင်းစုခိုင်သိန်း ဆိုသူသည် သူကိုယ်တိုင် ဘာတွေ ပြုလုပ်နေပါသနည်း၊မြန်မာအမျိုးသမီး လူငယ်တစ်ဦး ဖြစ်ပြီး၊ လူငယ် စိတ်ဓာတ် မ ပြောပါနဲ၊့ပြည်သူတွေ အတွက်တောင် သမိုင်းအမှန် မပြောရဲဘဲ သမိုင်းအမှားတွေကို မဟုတ်မဟပ် လုပ်ဇတ်ခင်းပြီးပြောဆို နေခြင်းသာဖြစ်ပါသည်။

အရုဏ်ဦးမှာဖူးသည့်ကြာ ဇတ်ကားတွင် ပါဝင်ခဲ့ သောသရုပ်ဆောင်များအားလုံး အားအပြတ်အသတ်ကို ရွံ့ရှာမိပါကြောင်း....။

အရုဏ်ဦးမှာဖူးသည့် ကြာ ဇတ်ကားတွင် စစ်အာဏာရှင်အလိုကျ ပီပြင်စွာပါဝင်သရုပ်ဆောင်ပြခဲ့သော ဝိုင်းစုခိုင်သိန်း လို သရုပ်ဆောင်ပျက်များအား အမေရိကန် ရောက် မြန်မာများ မလိုလားကြောင်း ဆန္ဒပြခြင်းအား အပြည့်အဝကို ထောက်ခံ အပ်ပါသည်။

မြတ်လေးငုံ

ဘီဘီစီ ဟဲလို သတင်းလွှာ

September Hello BBC