22 January 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်ဘီစီသတင်းဌာနက မနက်တိုင်း ထုတ်လွှင့်တဲ့ တူဒေးအစီအစဉ် အင်တာဗျူး (အပိုင်း ၁၊၂)






The Voice ဂျာနယ်. 7-7

ဒီတပတ် The Voice ဂျာနယ်မှာပါတဲ့ ဇန္နဝါ၇ီလ (၁၆)ရက်နေ့ ညသန်းခေါင်ကျော်အချိန် ကုန်သည်ကြီးများ ဟိုတယ်နံဘေး ဗိုလ်ချုပ်လမ်းပေါ်တွင် အရှိန်ပြင်း မောင်းနှင်လာသော မော်ဒယ်မြင့်ကားနှစ်စီးကြောင့် ဓားစာခံဖြစ်သွားသော အငှားယာဉ်တစ်စီး ဆိုပြီး ဖော်ပြပါရှိပြီး ဘယ်သူ့ကား ဘယ်သူတွေ မောင်းနှင်လာတာ ဘာကြောင့်ဆိုတဲ့ နောက်ဆက်တွဲ သတင်းကတော့ ပါရှိမလာပါဘူး..။ အဲ့ဒီတော့ မြန်မာပြည်မှာ ဘယ်လိုလူမျိုးတွေက ဘယ်လိုကားမျိုးတွေနဲ့ အနောက်တိုင်း ရုပ်ရှင်ကားတွေထဲကအတိုင်း မိုက်ရူးရဲဆန်ဆန် ညသန်းခေါင်ယံအချိန်တွေမှာ လောင်းကြေးတွေနဲ့  ပြိုင်ဆိုင် မောင်းနှင်နေကြတယ် ဆိုတာတော့ အားလုံးသိပြီးဖြစ်ပါတယ်..။ ဥပဒေရဲ့အထက်မှ မည်သူမျှ မရှိစေရဆိုတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းရဲ့ စကားပုံဟာ.. ရှိသင့်သောသူတွေပဲ ရှိရမယ်ဆိုတဲ့ စကားအဓိပ္ပါယ်များ သက်ရောက်နေမလားဆိုတာ.. အာဏာရှင် စစ်ခေါင်းဆောင်ကြီးများ ဖြေကြားပေးကြပါဦးခင်ဗျာ....

လွှတ်တော်ထဲမှာ ဝင်ရောက်နေရာယူမယ့် တစ်မတ်သားအဖွဲ့ အမည်စာရင်းများ..

ဆိုမာလီ ပင်လယ်ဓားပြများ ပြန်ပေးဆွဲထားတဲ့ SAMHO JEWELRY သဘောင်္ပေါ်မှ မြန်မာလူမျိုး ၁၁ဦး ပြန်လည်လွတ်မြောက်


APသတင်းဋ္ဌာန ရုပ်သံ
ဆိုမာလီ ပင်လယ်ဓားပြများအား ဖမ်းဆီးထားစဉ်
ဤသို့ စွန့်စွန့်စားစား ကိုရီးယား ကွန်မာန်ဒိုများ
သောကြာနေ့ မနက် အစောပိုင်းက ဤသို့ စစ်ဆင်ရေး ပြုလုပ်ခဲ့ပါတယ်။
ဖမ်းဆီးရမိသော လက်နက်များ AK-47
စစ်ဆင်ရေးအား ပြန်လည်ရှင်းလင်း ပြောကြားနေစဉ်


ဂျပန် TBS သတင်းဋ္ဌာနမှ ထုတ်လွှင့်သွားတဲ့ SAMHO JEWELRY သဘောင်္ သတင်း
ပြီးခဲ့တဲ့ ရက်သတ္တပတ်က  UAE နိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဓာတု ပစ္စည်းများ သယ်ဆောင်လာတဲ့ SAMHO JEWELRY သဘောင်္အား ဆိုမာလီ ပင်လယ်ဓားပြများက ပြန်ပေးဆွဲခဲ့ပါတယ်..။ အဆိုပါ သဘောင်္ပေါ်၌ ကိုရီးယားလူမျိုး (၈)ဦး မြန်မာ (၁၁)ဦးနဲ့ အင်ဒိုနီးရှား (၂)ဦး ပေါင်း သဘောင်္ဝန်ထမ်း ၂၁ဦး လိုက်ပါခဲ့ပါတယ်..။ အဆိုပါ ပြန်ပေးဆွဲခံရတဲ့ သဘောင်္နှင့် သဘောင်္ပါဝန်ထမ်း ၂၁ဦးအား ကိုရီးယား ရေတပ် ကွန်မန်ဒို အထူးတပ်ဖွဲ့မှ.. သောကြာနေ့ မနက်အစောပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီး ယနေ့ ၂၁ရက်နေ့ မနက်မှာတော့ သဘောင်္ဝန်ထမ်း (၂၁)ဦးအား ဘေးမသီရန်မခ အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပါတယ်...။ အဆိုပေါ်သဘောင်္အား ပြန်ပေးဆွဲခဲ့သည့် ဆိုမာလီ ပင်လယ်ဓားပြ (၅)ဦးအား အရှင်ဖမ်းမိပြီး (၈)ဦးအား အသေဖမ်းမိခဲ့ပါတယ်..။

အဆိုပါ အောင်မြင်တဲ့ Opertion စစ်ဆင်ရေး အပြီးမှာတော့ ကိုရီးယား သမ္မတ  Lee Myung-bak မှသတင်းစာရှင်းလင်းပွဲနဲ့ ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး ကိုရီးယားတစ်နိုင်ငံလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါတယ်...။ မိမိနိုင်ငံသား ကိုရီးယား လူမျိုး (၈)ဦးရဲ့ အသက်အန္တရယ်မှ လွတ်မြောက်ရန်အတွက် ကိုရီးယားသမ္မတ ကိုယ်တိုင်နဲ့ ကိုးရီးယားစစ်တပ်မှ စီမံကိန်းချပြီး ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်..။ ကိုရီးယား သမ္မတမှ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာကတော့  ပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက် ဘယ်လို အပြုအမူမျိုးကိုမှ ခွင့်မလွှတ်နိုင်ဘူးဟု  ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မယ့် အထူးအားရဖွယ် စကားကို ပြောဆိုသွားခဲ့ပါတယ်။ တခြားနိုင်ငံတွေမှာတော့ မိမိတို့ နိုင်ငံသားတွေရဲ့ အသက်ကို တန်ဘိုးထားပြီး အထူးအလေးပေးထား ဆောင်ရွက်ကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်...။ အဆိုပါ သဘောင်္ပေါ်မှာတော့ မြန်မာလူမျိုး သဘောင်္ Crew (၁၁)ဦးတိတိ ပါဝင်ပါတယ်.။

သတင်း ဓာတ်ပုံ ရင်းမြစ် AP,Reuters
ဒီမိုဝေယံ

မြန်မာကွန်မာန်ဒိုများ မြို့တွင်းစစ်ဆင်ရေးတစ်ခု မြင်ကွင်း

သေရင် မီးခိုးနဲ့ပြာ . . . ပါသွားမှာက ကုသိုလ် အကုသိုလ်..


သေရင် မီးခိုးနဲ့ပြာ . . . ပါသွားမှာက ကုသိုလ် အကုသိုလ်

၂၀.၁.၂၀၁၁ (ကြာသပတေးနေ့) နေ့လည် (၃း၀၀) အချိန်ထိ နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် တစ်နေ့တာ နာရေးကူညီမှုပေါင်း (၃၈) ဦးအား မီးသဂြိုလ်ပေးခြင်း၊ အအေးခန်းထားပေးခြင်း တို့ကို ကူညီဖေးမ လုပ်ဆောင်ပေးလျှက်ရှိရာ - 

နေ့လည် (၁း၀၀) နာရီခန့်တွင် သန်လျင် ဖားအောက်တောရရိပ်သာ၏ ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယိကာမကြီး မိခင်ကြီး ဆရာကြီး အဘွားဒေါ်သုမေဓာ(ခ) ဒေါ်စိန်လင်း (ပငရွာ) အသက် (၈၅) နှစ်၊ ၀ါတော် (၂၀) သည် ၁၈.၁.၂၀၁၁ (အင်္ဂါနေ့) တွင် ကွယ်လွန်သွားပါသည်။ ဈာပနအခမ်းအနားကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ၊ ပုံတော်တင်ဆောင်ရန် ရှေ့ပြေးမော်တော်ယာဉ်နှင့် ဂျပန်နိုင်ငံတွင် အသုံးပြုသော အထူးနိဗ္ဗာန် မော် တော်ယာဉ်ကြီးတို့ဖြင့် သွားရောက်၍ ကူညီဖေးမ မီးသဂြိုလ်ပေးခဲ့ပါသည်။ ယင်း ဈာပနအခမ်းအနား သည် သန်လျင်နာရေးကူညီမှုအသင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တို့ ပူးပေါင်းဆောင်ရွက်ခြင်း၊ လူမှုရေးသမားအချင်းချင်း စည်းလုံး ညီညွတ်ခြင်း အင်အားကို ပြသနိုင်ခဲ့သည်။ 

ယင်း အခမ်းအနား၏ ထူးခြားချက်မှာ ဆရာကြီး အဘွားဒေါ်သုမေဓာ (ခ) ဒေါ်စိန်လင်းကို သက်ဆိုင်ရာ သန်လျင်သုဿန်တွင် မီးသဂြိုလ်ခြင်း မပြုလုပ်ပဲ ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် မြတ်ကြီး၏ အနောက်ဘက်ဝင်းတွင် မီးသဂြိုလ်ခြင်း အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်း မီးသဂြိုလ်ခြင်း အခမ်းအနားတွင် လောင်မြိုက်နေသော မီးတောက်များ၊ မိုးယံသို့ တက်သွားသော မီးခိုးငွေ့များ၊ လောင်ကျွမ်းသွားသော ရုပ်ခန္ဓာတို့၏ အနောက်ဖက် ခပ်လှမ်း လှမ်းတွင် ဖူးမြော်လိုက်ရသော စေတီတော်တို့ကို မြင်တွေ့လိုက်ရသည်နှင့် . . .သေရင် … မီးခိုးနဲ့ပြာ ပါသွားမှာက … ကုသိုလ် အကုသိုလ် ဟူသော စကားရပ်ကို ပြန်လည်၍ ကြားယောင်မိတော့သည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်။

21 January 2011

မြန်မာပြည်ရဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင်တဲ့ ပုဂံက Aureum Palace Hotel.. ...

စစ်အာဏာရှင်တွေနဲ့ အကျိုးတူ အကျိုးဖက်..မြန်မာပြည်ရဲ့ နံပါတ်(၁)  စီးပွားရေး လုပ်ငန်းရှင် လက်နက်ပွဲစားကြီး တေဇပိုင်တဲ့ ပုဂံက Aureum Palace Hotel ... ဓာတ်ပုံ မြင်ကွင်းတွေပါ....။
မြေနေရာ အကျယ်အဝန်းနဲ့ အဆောက်အဦး တွေကို ခန့်မှန်းတွက်ချက် နိုင်ပါတယ်.... ။ တစ်ဦးတည်း ပိုင်ဆိုင်တာပါ..။ နန်းမြင့် မျှော်စင်ပေါ်က မြင်ရတဲ့ မြင်ကွင်းတွေပါ..။ ဓာတ်ပုံ DMWY...
ဟိုတယ် အတွင်းပိုင်း decoration ကို ကြည့်ချင်ရင်တော့.. http://www.aureumpalacehotel.com/ တည်းချင် ပြုချင်ရင်လည်း အဲ့မှာ.. လိပ်စာ ဖုန်းနံပါတ်.. အီးမေးလ်တွေ ရှိပါတယ်...
ပိုင်ဆိုင်မှုတွေ အခွင့်အလမ်းတွေ တစ်ဦးတည်း လုပ်ပိုင်ခွင့်တွေ ကိုတော့ ဒီလို လက်အုပ်ချီပြီး ရခဲ့ပါတယ်...။ နောက်ဆုံးမှာ လက်အုပ်ချီနေတာပါ...။ လက်အုပ်ချီတာတောင် ဒီလောက်ရတယ်ဆိုတော့.... သြော် မပြောလိုပါ.. ။

ဟိုတယ်အကြောင်း ပြန်ဖတ်ချင်ရင်..
မြန်မာပြည်ရဲ့စီးပွားရေးဘီလူး တေဇပိုင်တဲ့ ဟိုတယ်များအကြောင်း http://www.demowaiyan.co.cc/2010/08/blog-post_720.html

စစ်သူခိုးတွေ ဖြိုးကြွတဲ့အချိန်..

ကိုကိုအောင် (ဆန်ဖရန်စစ္စကို)

20 January 2011

တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီ....

 
 

တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီ
နာရေးကူညီမှုအသင်း(ရန်ကုန်) ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှစ၍ နှစ်သစ်တွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေးလူသားတို့၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နာရေးကိစ္စအ၀၀တို့ကို အင်တိုက်အားတိုက် အရှိန်အဟုန်မြင့်စွာဖြင့် အများပြည်သူတို့အတွက် ပေးဆပ်နိုင်ရန် သင်းလုံးကျွတ် အစည်းအဝေးပွဲ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ ယခု နှစ်သစ် ဇန်န၀ါရီလတွင် ကလေးသူငယ်များ၏ ပညာရေးအတွက် အင်္ဂလိပ်စာအခြေခံသင်တန်းများ၊ လူငယ်မျိုးဆက်သစ်များအတွက် အဆင့်မြင့် အင်္ဂလိပ်စာ သင်တန်းများ၊ သုခအလင်းစာကြည့် တိုက်မှလည်းစာပေဗဟုသုတများ ရရှိရန်အတွက်၎င်း၊ သုခကုသိုလ်ဖြစ်ဆေးခန်းမှလည်းအများပြည် သူတို့ လှူဒါန်းထားသော မျက်စိခွဲစိတ်ခန်းသုံး အာရုံကြောစမ်းသပ်သည့် စက်ကိရိယာဖြင့် စတင်ကာ အများပြည်သူတို့၏ မျက်စိဝေဒနာများကို အချိန်တိုအတွင်းကုသပေးလျှက်ရှိသည်။ မျက်စိခွဲစိပ်ခန်း အဆောင်ကိုလည်း ဖွဲ့စည်း တည်ဆောက်လျှက်ရှိသည်။ ဂျပန်နိုင်ငံမှ မှာယူထားသော ခွဲစိတ်ခန်းသုံးကိရိယာများ ပြည့်စုံမှုရှိပါက ဧပြီလအတွင်းစတင်၍ ဖွင့်လှစ်ခွဲစိပ်မှုများကို ပြုလုပ်နိုင်တော့မည် ဖြစ်ပါသည်။ နာရေးနှင့် ပတ်သက်၍လည်း (၉၆) ပါး ရောဂါဝေဒနာများဖြင့် ဘ၀ကူးပြောင်းသွားသော ပြည်တွင်းရှိ (၇) ရက် သားသမီးတို့၏ ရုပ်အလောင်းများကို(အခမဲ့) သယ်ဆောင် သဂြိုလ်ပေးခြင်းတို့အပြင် နိုင်ငံရပ်ခြား၌ ဆုံးပါးသွားသော ရုပ်အလောင်းများကိုလည်း သယ်ဆောင် သဂြိုလ်ပေးခြင်းတို့ကို ပြုလုပ်ပေးလျှက်ရှိသည်။ 

ထို့အပြင် ရဲမှုခင်းဆိုင်ရာ (ရထားကြိတ်၊ ဆွဲကြိုးချ၊ ရေနစ်၊ လမ်းဘေး) အစရှိသည့် သေဆုံးမှုများကိုလည်းနာရေးကူညီမှုအသင်း(ရန်ကုန်)မှ (အခမဲ့) ထမ်းရွက် သဂြိုလ် ပေးလျှက်ရှိသည်။ ထိုသို့ အခမဲ့ ပေးဆပ်ကူညီမှုများ ရှိသလို နာရေးကူညီမှုအသင်း (ရန်ကုန်)သို့လည်း စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် ငွေကြေး၊ နာရေး အထောက်အကူပြု ပစ္စည်းများ၊ စာအုပ်စာပေများ၊ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လိုအပ်သောရုံးသုံးပစ္စည်းပရိဘောဂများ၊ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် အသုံးဝင်သော ဆေးဝါးကုသရေးဆိုင်ရာ ဆေးပစ္စည်းများ၊ ဆေးဝါးများ စသဖြင့် လာရောက်လှူဒါန်းမှုများလည်းရှိခဲ့ပါသည်။ ထို့ကြောင့် အများပြည်သူတို့အတွက် အများပြည်သူတို့၏ ကောင်းမှုများကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ၊ ဖေးမမှုများတို့သည် တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီအရှိန်အဟုန်မြင့်မားစွာဖြင့် ပေးဆပ်ထမ်းဆောင် လျှက်ရှိပါသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်...။

နာရေးကူညီမှုအသင်း(ရန်ကုန်)
အမှတ် (၁၃/က)၊ ၄၂ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၀၉ ၈၆၄ ၀၂၂၀၊ ၀၉ ၈၅၀ ၁၆၅၆
သုခကုသိုလ်ဖြစ်ဆေးခန်း
၅၈၃၅၁၄

ဆောင်းဦးလှိုင်ရဲ့ပျံသန်းသွား . . .

ဆောင်းဦးလှိုင်ရဲ့ ပျံသန်းသွား

ဂီတပညာရှင်များ သီဆိုပေးထားသောလူမှုရေး၊ ငြိမ်းချမ်းရေးသီချင်းများကို အလှူရှင်များအတွက် (ကန့်သတ်) အခွေအဖြစ် ဂုဏ်ပြုပေးအပ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု အရုပ်မြင်ကွင်းများအပြင် အဆိုတော်များ၏ သီဆိုမှုပုံရိပ်လွှာများပါရှိရန် သီးခြားရိုက်ကူးမှုများ ပြုလုပ်လျှက်ရှိရာ ယနေ့ ၁၉.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့) တွင် မြောက်ဒဂုံမြို့နယ်ရှိနာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးအသစ်ပေါ်တွင် တေးရေး/ဆိုဆောင်းဦးလှိုင် သီဆိုတီးခတ်ထားသော “ပျံသန်းသွား” အမည်ရှိ တေးသီချင်းအား ရိုက်ကူးမှုများ ပြုလုပ်ခဲ့သည်။


“ပျံသန်းသွား”
ရေး/ဆို/တီး - ဆောင်းဦးလှိုင်
ပျံသန်းသွား/ကြမယ် မမောနိုင်ဘူး xxx ဘယ်လိုခက်ခဲလူသားတို့အတွက် xxx သယ်ဆောင်လာခဲ့ မြင့်မြတ်တဲ့နှလုံးသားတွေနဲ့ xxx ယုံကြည်ချက်အတိုင်းxxx ခရီးဆက်လာ/နေမယ်
အမှန်တရားဘက်ကရပ်တည်နေမယ် xxx မလွယ်ကူနိုင်လည်း ဖြတ်သန်းရဲတယ် xxx ရှင်သန်ချိန်ခဏ လူ့ဘ၀ရဲ့နေ့ရက်များ xxx စာနာစိတ်ထားအများအတွက်ကူမယ်
(ငါ့လက်ကိုတွဲခွန်အားပေးမယ့် xxx လိုနေတာဂရုဏာများနဲ့ မေတ္တာတရားပဲ xxx လောကရဲ့အကျိုးတစ်ထောင့်တစ်နေရာကနေ xxx သယ်ဆောင်ကာပျံသန်းသွားစို့ လက်တွေတွဲလို့)

မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါးကိုလက်ကိုင်ပြု၍ အမှန်တရားနှင့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ဦးတည်လျှောက်လှမ်းနေကြသော ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် လူမှုရေးသမားစစ်စစ်များအတွက် ဤ “ပျံသန်းသွား” တေးသီချင်းသည် မဟာ အားဆေးတစ်ခွက်ပင် ဖြစ်တော့သည်။ ဆောင်းဦးလှိုင်၏ သီချင်းစာသားထဲကအတိုင်း ကျွန်တော်တို့ လူမှုရေးသမားများ လက်ချင်းတွဲကာ အများပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်ဖေးမကူညီပေး ကြရန် လိုအပ်ပေတော့သည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)
အမှတ် (၁၃/က)၊ ၄၂ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၀၉ ၈၆၄ ၀၂၂၀၊ ၀၉ ၈၅၀ ၁၆၅၆

သုခကုသိုလ်ဖြစ်ဆေးခန်း
၅၈၃၅၁၄

19 January 2011

ဇန္နဝါရီလ ၂၂ရက်နေ့ ဂီရိ (၃)လပြည့် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်နှင့် တိုက်တွန်းနှိုးဆော်လွှာ..

မြေပုံမြို့လူငယ်များ (၂)လပြည့် ဂီရီသက်တမ်း အောက်မေ့ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဆီမီးထွန်းညှိနေကြခြင်း
တိုက်တွန်းနိုးဆော်သူ။ ။ Khine BraveHeart

17 January 2011

နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ (၂)

 ဖျောက်ဆိတ်ပင် ရေဒါစက်ရုံ ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်တစ်ခုပါ.. ညာဘက်က နှစ်ဦးကတော့ မြောက်ကိုရီးယား နိုင်ငံသားတွေဖြစ်ပြီး .. ဘယ်ဘက်က ဝေါ်ကီတော်ကီ.. ခါးကြားညှပ်ထားတာကတော့ စစ်အရာရှိတစ်ဦးပါ..။

မြန်မာစစ်အာဏာရှင်တွေဟာ မြန်မာပြည်အနှံအပြားမှာ လျှို့ဝှက်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေပါတယ်...။ ပြီးခဲ့တဲ့ နှစ်များက စပြီးစစ်အစိုးရရဲ့ လျှို့တည်ဆောက်ရေး လုပ်ငန်းခွင်တွေမှာ မြောက်ကိုရီးယား ပညာရှင် ၁၀၀ဦးခန့် လက်ရှိမြန်မာပြည်တွင်းမှာ ရောက်ရှိနေပါတယ်။ ဒီအကြောင်းတွေနဲ့ ပက်သတ်ပြီး လက်ခံရရှိထားတဲ့ သတင်းတစ်ချို့ထဲက ကျောက်ဆည်မြို့နဲ့ ၁၇မိုင်အကွာမှာ လျှို့ဝှက်လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဖျောက်ဆိပ်ပင် ရေဒါစခန်းအကြောင်းအား မျိုးချစ်တပ်မတော်သားတစ်ဦး ပေးပို့လာတဲ့ သတင်းဓာတ်ပုံနဲ့အတူ ရေးသား တင်ပြလိုက်ရပါတယ်..။

ဖျောက်ဆိပ်ပင်ရေဒါစက်ရုံဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ မွေးရာဇာတိ ကျောက်ဆည်မြို့အရှေ့ဘက် ၁၇မိုင်ခန့်အကွာက တောင်ကြားတစ်ခုမှာ တည်ဆောက်ထားပါတယ်..။ တောင်ကြားမှာ ရှိနေတဲ့ စက်ရုံကို အစိမ်းရောင်နဲ့ ဆေးသုတ်ထားတဲ့ အတွက် ရုတ်တရက်ကြည့်ရင် ပတ်ဝန်းကျင်တောင်ပေါ်က သစ်ပင်အရောင်တွေနဲ့ တစ်ထပ်တည်းကျနေတဲ့ အတွက် ရုတ်တရက်ကြည့်ရင် မမြင်နိုင်ပါဘူး (စက်ရုံဓာတ်ပုံများ ဆက်လက် ဖော်ပြပေးပါမယ်)။ အဆိုပါဒေသကို ကျောက်ဆည်မြို့ အရှေ့ဘက်ကနေ (ရှမ်းပြည်ဘက်) သွားတဲ့လမ်းမှာတော့ စက်မှု(၁)ဝန်ကြီးဋ္ဌာနရဲ့ စက်ဘီးစက်ရုံ၊ ဖိနပ်စက်ရုံစတဲ့ လူသိမများတဲ့ စက်ရုံတွေကို လမ်းတစ်လျှောက်မှာ တွေ့မြင်ရပါမယ်...။ Google Earth ကနေရှာကြည့်မယ် ဆိုရင်တော့  ဖြောင့်ဖြူးနေတဲ့ ကွန်ကရစ်လမ်းတွေက အစမြင်ရတယ်လို့ ဆိုပါတယ်.။ အဆိုပါ ဖျောက်ဆိပ်ပင် ဒေသနှင် အနီးအနား၌  ဖျောက်ဆိပ်ပင် ရေဒါတပ်၊ မိုင်းမောဆိုတဲ့ သံချပ်ကာတပ် ယင်းမာပင် တင့်ကားစက်ရုံက ထုတ်လုပ်လိုက်တဲ့ တင့်ကားများအား ပြင်ဆင်သည့်စက်ရုံ၊ ပခန ဆိုတဲ့ ပင်မခဲယမ်းမီးကျောက် ထုတ်လုပ်ရေး အလုပ်ရုံနဲ့ သပိတ်ကျင်းတပ်တို့ ရှိတယ်လို့ ဆိုပါတယ်...။

အဆိုပါ စက်ရုံစီမံကိန်း တွေကိုတော့ မန္တလေးက GE တပ်ကကိုင်တွယ် ဆောင်ရွက်တာလို့ ဆိုပါတယ်။ အဲ့ဒီ ဖျောက်ဆိပ်ပင်ကျေးရွာမှာ ရေဒါတပ်နဲ့ အဆင့်မြင့် ဆက်သွယ်ရေးတပ်ကို ဖွဲ့စည်းထားပြီး  လက်ရှိတပ်မှူးကတော့ ဗိုလ်မှူးချုပ်ဝေလွင် (ရေးသားထားချက်၌ အမည်စာလုံး ဝေဝါးနေပါသဖြင့် အနီးစပ်ဆုံးအမည်) ဖြစ်ပါတယ်။ စက်ရုံအဆောက်အဦး အများအပြား ယခုလက်ရှိ ဆောက်လုပ်လုပ်ကိုင် ဆောင်ရွက်နိုင်ပါတယ်..။ အဆိုပါစီမံကိန်းအား (၂၀၀၇) ကတည်းက စတင်ဆောင်ရွက်နေခဲ့ပြီး ဆက်စပ် ဖျောက်ဆိပ်ပင် ရေဒါစခန်းမှာ စက်ရုံပေါင်း (၂၇)ရုံရှိပါတယ်။

အဆိုပါဖျောက်ဆိပ်ပင် ဒေသ၌ မြောက်ကိုရီးယား ပညာရှင် (၁၀၀)ခန့် အဝင်အထွက်ရှိနေပြီး ၎င်းတို့အား ရန်ကုန်မြို့မှာထားရှိခြင်းမရှိပဲ မြောက်ကိုရီးယားမှ တရုတ်ပြည်ကူးမင်းမြို့သို့ရောက်ရှိလာပြီး ကူမင်းမှတစ်ဆင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက် ခေါ်ဆောင်လာတာဖြစ်ပါတယ်။ မန္တလေး ကူမင်း တိုက်ရိုက်ပျံသန်းနေတဲ့ လေယာဉ်နဲ့ ခေါ်ဆောင်လာတာပါ..။ ပြီးခဲ့တဲ့နှစ် မေလက မြောက်ကိုရီးယား အယောက် (၂၀)ခန့် ထပ်မံ ရောက်ရှိလာခဲ့ပြီး သပိတ်ကျင်းဒေသမှာတော့ အယောက်(၆၀)ခန့်ရှိတယ်လို့ သိရှိရပါတယ်..။ အများစုသော ပညာရှင်များဟာ ဆင်းရဲမွဲတေသည့် အသွင်အပြင်ဆောင် နေသည်ဟု ဆိုပါတယ်။ မြောက်ကိုရီးယား ပညာရှင် အများစုဟာ ဆင်းရဲ မွဲတေကြပြီး မိမိတို့ရဲ့ အရေးကြီး စာအုပ်စာတမ်းနဲ့ ပစ္စည်းများအား သေတ္တာများဖြင့် သယ်ဆောင်လာနိုင်ခြင်း မရှိပဲ ဂုံနီအိတ်ကဲ့သို့သောအိတ်များ ဂုံနီကြိုးများဖြင့် ထုတ်ပိုး သယ်ဆောင် လာကြပါတယ်...။

လက်ရှိ ထုတ်လုပ်နေတဲ့ ရေဒါအမျိုးအစား များထဲမှ တစ်ချို့ အဆင့်မြင့်ရေဒါတွေဟာ ဝေါ်ကီတော်ကီ အရွယ်အစားခန့်သာ ရှိပေမယ့် မိုင်(၁၀၀) အကွာအဝေးအထိနဲ့  မြေအောက်ပေတစ်ရာ အနက် လှိုဏ်ခေါင်းထဲအထိ ဖမ်းမိနိုင်ကြောင်း ဆိုပါတယ်။ အဆိုပါရေဒါ စက်ရုံစီမံကိန်းဟာ ကုန်ကြမ်းပြတ်လတ်မှုကြောင့် ၂၀၀၉ခုနှစ် မတ်လမှာ ခေတ္တရပ်နားခဲ့ပြီး ၂၀၁၀မှာ ပြန်လည် ထုတ်လုပ်နေပြီဖြစ်ပါတယ်..။ အဆိုပါဒေသ စီမံကိန်းများ၌ ရေဒါများစက်ပစ္စည်းများနဲ့ အတူ ရေဒါပဲ့ထိန်းစံနစ်ပါ ထိန်းချုပ် လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

အဆိုပါဒေသများသို့ အပြင်လူများ လုံးဝဝင်ရောက်ခွင့် မရှိကြောင်းသိရှိရပါတယ်။ အဆိုပါ ဖျောက်ဆိပ်ပင် ဆောက်လုပ်ရေး စီမံကိန်းများအား  ဦးစိုင်းတင့်အောင် (ကျိုင်းတုံရှိ နောင်တုံ ဆောက်လုပ်ရေး ကုမ္ပဏီ)မှ ကန်ထရိုက် ရယူ  လုပ်ဆောင်ပေးလျှက် ရှိပါတယ်...။ အဆိုပါ ကန်ထရိုက် ဦးစိုင်းတင့်အောင်ဟာ ယခုလက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် အရှေ့မြောက်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူးတာဝန်ယူစဉ်က ဗိုလ်ချုပ်သိန်းစိန်ရဲ့ အလွန်ရင်းနှီးတဲ့ ပါတနာတစ်ဦး ဖြစ်ပါတယ်။

အဆိုပါ အစိမ်းရောင်သုတ်ထားတဲ့ အဆောက်အဦးများဟာ တောင်နံရံကို ပေါင်မုန့်ဖြတ်သလို ဖြတ်ပြီး ထိုအထဲမှာမှ ထည့်သွင်း တည်ဆောက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် လေယာဉ်ပေါ်မှ ကြည့်လျှင်ပင် မမြင်နိုင်ပဲ ကွန်ကရစ်လမ်းများသာ တွေ့မြင်နိုင်တယ်လို့ ဆိုပါတယ်။ အထဲ၌လည်း မည်သည့်နေရာ၌ မည်သည့် အဆောက်အဦးရှိသည်ကို မသိနိုင်ကြောင်း ရေးသားထားပါတယ်။ အဓိက ထုတ်လုပ်နေတာကတော့ အဆင်မြင့် ရေဒါစက်တွေနဲ့ ပဲ့ထိန်းသုံးရေဒါ စံနစ်ဖြစ်ကြောင်းသိရှိရပါတယ်..။

ယခုလက်ရှိ အဆိုပါစီမံကိန်းများအား ယခုဆက်သွယ်ရေး ဒုဝန်ကြီးဗိုလ်ချုပ်သိန်းထွန်း (ယခုကြံ့ဖွတ်အမတ် ဦးသိန်းထွန်း)မှ တာဝန်ယူ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်...။ ဗိုလ်ချုပ်သိန်းထွန်းဟာ ဆက်သွယ်ရေး ဒုဝန်ကြီးမဖြစ်ခင်က  (ကကဆက်) ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဆက်သွယ်ရေး ညွန်ကြားရေးမှူးရုံးရဲ့ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။

ယခင်ဖော်ပြခဲ့တဲ့ နအဖရဲ့မိတ္ထီလာ လေယာဉ်တပ်ဆင် ထုတ်လုပ်တဲ့ စက်ရုံစီမံကိန်းအကြောင်း ပြန်ဖတ်ချင်ရင်. http://www.demowaiyan.co.cc/2010/12/blog-post_30.html

နောက်ဆုံးသိရှိရတဲ့ သတင်းများအရ အဆိုပါ မိတ္ထီလာ လေယာဉ်စက်ရုံမှ UAV (မောင်းသူမဲ့လေယာဉ်) နှင့် MISSILE ဒုံးကျည်များ စမ်းသပ်ထုတ်လုပ် အောင်မြင်နေပြီး ဖျောက်ဆိပ်ပင် ရေဒါစခန်းမှ ရေဒါပဲ့ထိန်းစံနစ်ဖြင့် ထိန်းချုပ်လျှက်ရှိတယ်လို့ ဆိုပါတယ်. အဆိုပါ လျှို့ဝှက်တည်ဆောက်ရေး လုပ်ငန်းများဟာ တစ်ခုနဲ့တစ်ခု အဆက်အစပ်ရှိနေကြောင်း သိရှိရပါတယ်။

သတင်းများ ဆက်လက်ဖော်ပြပေးပါမယ်...။

ပြည်တွင်းမှ ပြည်ချစ်စစ်သည်များအား လေးစားဦးညွှတ်လျှက်..

သတင်း၊ ဓာတ်ပုံ .. ဒီမိုဝေယံ..။

16 January 2011

နအဖသန်းရွှေ အာဏာပြအမိန့် ထုတ် ဆင့်ခေါ်တဲ့ လွှတ်တော်အစည်းအဝေးနဲ့  အစီအမံ ဆွမ်းအုပ်ကြီး။

SPDC Parliament and Soon Oat Gyi ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်။

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၁,၂,၃,၄)

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၁)
မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၂)
မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၃)

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - နိဂုံးပိုင်း (VOA အသံဖိုင်)

ဝဋ်ကြွေးတွေကျေ၊ ကံကြွေးတွေပြေ

ဝဋ်ကြွေးတွေကျေ၊ ကံကြွေးတွေပြေ

ရှစ်သောင်းလေးထောင် ဓမ္မက္ခန္ဓာစေတီ ကိန်းဝပ်စံပယ်တော်မူသော ပန်းပေါင်းစုံ “လိုချင်တိုင်းပြည့် ယွန်းဘုရားကြီး” သည် (၉) ရက်တိုင်တိုင် ဒေသစာရီ လှည့်လည်အပူဇော်ခံခဲ့ပြီး သည့်နောက် ယနေ့ (၉) ရက်မြောက်သောနေ့တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၂ ရပ်ကွက် မေတ္တာချောင်းကူးရပ်ရှိ ၀ဋ်ကြွေးတော်ပြေ စေတီတော်မြတ်ကြီးတည်ရှိရာ ရန်အောင်မြေကျောင်း တိုက်တွင် ပြန်လည်၍ သီတင်းမသုံးခင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ကြွချီကာ အပူဇော်ခံ ခဲ့ပါသည်။
ဝဋ်ကြွေးတော်ပြေ ဝေယျာဝိစ္စအဖွဲ့မှ ရှမ်းရိုးရာ ရှမ်းအိုးစည်၊ ရှမ်းသိုင်းအဖွဲ့များ ဆရာတော်ကြီး ၏ တပည့်၊ ဒါယာကာများမှ ပင့်ဆောင်လာခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အသင်းသူ/သား များ၊ ၀န်ထမ်းများ၊ ဆေးဝါးလာရောက်ကုသသော လူနာများ၊ လူနာရှင်များနှင့် အလှူရှင်များပါမကျန် ဖူးမျှော်ကြည်ညို လှူဒါန်းခွင့်ကို ရရှိခဲ့ပါသည်။
ရှစ်သောင်းလေးထောင် ဓမ္မက္ခန္ဓာစေတီ ကိန်းဝပ်စံပယ်တော်မူသော ပန်းပေါင်းစုံ “လိုချင်တိုင်းပြည့် ယွန်းဘုရားကြီး” တည်ထားခြင်း၏ တင်ပြချက်မှာ -
သမ္မာသမ္ဗုဒ္ဓ ခပ်သိမ်းသော တရားတော်တို့ကို သိမြင်တော်မူသော မြတ်ဗုဒ္ဓသည် သတ္တ၀ါတို့ အား (အန္ဓ) အကန်းဘ၀မှ (၀ိဇ္ဇာ) အလင်းရောင်သို့၎င်း ပုထုဇဉ်ဘ၀မှ အရိယာသူတော်ကောင်း အဖြစ်သို့ ရောက်ရှိသည်အထိ (ဓမ္မ) တည်းဟူသော တရားတော်မြတ်တို့ကို ဟောကြားတော်မူခဲ့သည်။
(သုတ္တန်၊ ၀ိနည်း၊ အဘိဓမ္မာ) အမည်အားဖြင့် ခေါ်ဝေါ်သတ်မှတ်ကြပြီး၊ ၂၁၀၀၀ သော (လိုက်နာရေး) သုတ္တန်တော်တို့ကို၎င်း၊ ၂၁၀၀၀ သော (ကျင့်သုံးရေး) ၀ိနယ ဓမ္မက္ခန္ဓာတော်တို့ကို၎င်း၊ ၄၂၀၀၀ သော (သိမြင်ရေး) အဘိဓမ္မာ ဓမ္မက္ခန္ဓာတော်တို့ကို၎င်း၊ ပေါင်းစပ်အပ်သော ၈၄၀၀၀ ရှစ်သောင်းလေးထောင်သော “ဓမ္မ၀ိနယ” အားဖြင့် (၂) ပါး၊ နိကာယ်အားဖြင့် (၅) ရက်၊ ပိဋကတ်အား ဖြင့် (၃) ပုံသော တရားတော်မြတ်တို့ကို ဟောကြားဆုံးမတော်မူခဲ့ပေသည်။

တရားတော်မြတ်တို့ကြောင့် (သံသရာ) ဘ၀ခရီးသွား ဓမ္မအနှစ်ကို “ရှာမှီးသူ” တို့သည် ထို (ဓမ္မ) အစစ်ကို သိအောင်၊ မြင်အောင်၊ (ကိုယ်ကျိုးစွန့်) ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ခဲ့ကြ၍ ၀ဋ် (၃) ပါးမှ လွတ်မြောက်ကြကာ၊ ကိလေသာ (၁၀) ပါးမှ ရပ်စဲကြပြီး မီး (၁၁) တစ်ဆယ့်တစ်ပါးတို့မှ ငြိမ်းသတ် နိုင်ခဲ့ကြလေပြီ၊ ဤကဲ့သို့ အကြောင်းတရား အကျိုးတရားတို့ကို သိမြင်သောအားဖြင့် . . . . မြတ်ဗုဒ္ဓသည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်သော (ဓမ္မ)ကို ဟောကြားတော်မူ ခဲ့ပေသည်။ ရှစ်သောင်းလေးထောင်သော ဓမ္မက္ခန္ဓာတရားတော်အပေါင်းတို့သည်ကား၊ မြတ်ဗုဒ္ဓ၌သာ ကိန်းဝပ်စံပယ်တော်မူ၏။ (ဗုဒ္ဓ၌သာရှိ၏) သို့အတွက်ကြောင့် ဗုဒ္ဓသည်လည်း ဓမ္မဖြစ်၏။ ဓမ္မသည်လည်း ဗုဒ္ဓဖြစ်၏။ ထို (ဓမ္မပိုင်ရှင်) မြတ်ဗုဒ္ဓ၏ ဘုန်းတော်၊ ကံတော်၊ ဥာဏ်တော်၊ ကရုဏာတော်၊ သစ္စာတော်၊ မေတ္တာတော်၊ တန်ခိုးတော်တို့သည် (အပြစ်ကင်း၊ ကောင်းမြတ်သော) အရာမှန်သမျှတို့ကို “လိုချင်တိုင်းပြည့်” စုံစေနိုင်၏။ သို့အတွက်ကြောင့် အမြတ်ဆုံး (အာဇာနည်စစ်) မြတ်ဗုဒ္ဓအား ဂုဏ်ပြုလျှက် မိမိတို့စွမ်းနိုင်သော ဗုဒ္ဓဆင်းတုတော်ပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်တို့ဖြင့် တပေါင်းတစည်း တစ်နေရာတည်း စုပုံလျက် ဤ ရှစ်သောင်းလေးထောင် ဓမ္မက္ခန္ဓာ စေတီ လိုချင်တိုင်းပြည့်ဘုရားကြီးကို တည်ထားအပ်ပါသည်။

ရန်အောင်မြင်ကျောင်းတိုက်၊ ၀ဋ်ကြွေးတော်ပြေဆရာတော် ဘဒ္ဒန္တ သိရီပါလ (ဒီပါရာမ သာသနာပြု)၏ အာသီသပတ္ထနာ
“ခေတ်ကောင်းရေးဆောင် အမှားအမှန်ဖွေရှာ
ရှစ်သောင်းလေးထောင် တရားဓမ္မက္ခန္ဓာစေတီသာ
ဖြစ်ကြောင်းအေးအောင် သနားရှု့တော့မှာ
ဖြစ်ကြောင်းအားလုံးအေးပါစေ”
ကျွန်တော်/ ကျွန်မတို့ ယခုကဲ့သို့ ၀ဋ်ကြွေးတော်ပြေ ကျောင်းဝန်းအတွင်းရှိ ရှစ်သောင်းလေး ထောင် ဓမ္မက္ခန္ဓာစေတီ “လိုချင်တိုင်းပြည့်ဘုရားကြီး” အား ဖူးမျှော်ကြည်ညို အပူဇော်ခံခွင့် ရရှိခဲ့သလို ပြည်တွင်း ပြည်ပရှိ အများပြည်သူအပေါင်းတို့သည်လည်း ဖူးမျှော်ကြည်ညိုနိုင်ရန် ယခုကဲ့သို့ တင်ပြ ရခြင်းဖြစ်ပါသည်။ အများပြည်သူအပေါင်း ၀ဋ်ကြွေးများကျေ၊ ကံကြွေးများပြေပြီး လိုရာဆန္ဒပြည့်ဝ ကြပါစေ။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်..။

ရောင်နီလာ နံနက်ခင်းဆီသို့ အပိုင်း (၁,၂,၃) ကိုမောင်မောင်ဝမ်း..... ရောင်နီလာ နံနက်ခင်းဆီသို့ အပိုင်း (၁,၂,၃) ကိုမောင်မောင်ဝမ်း.....

ငယ်စဉ်ကြီးလိုက်

ငယ်စဉ်ကြီးလိုက်

ငယ်   -        သူငယ်ချင်းတို့ . . .
                   မင်းတို့နဲ့ငါ ငယ်ငယ်ကလေးထဲက သူငယ်ချင်းတွေပါ။
                   ကစားဖော်, ကစားဖက်
                   ကျောင်းပြေးဖော်, ကျောင်းပြေးဖက်
                   ဆိုးဖော်, ဆိုးဖက်
                ဆော့ဖော်, ဆော့ဖက်
                   ဘောလုံးကစားဖော်, ကစားဖက်
                   ဘာဘဲလုပ်လုပ် တဖက်ဖက်နဲ့
                   မင်းတို့ထဲမှာ ငါက စာအညံ့ဆုံး
                   ဒါပေမဲ့ “ငယ်” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံး။

စဉ် -            သူငယ်ချင်းတို့ . . .
                   အစဉ်လိုက် - တပူးပူး, တတွဲတွဲနဲ့ ကောလိပ်ရောက်တော့လဲ ရှေ့ဆင့်နောက်ဆင့်ဘဲ။
                   မင်းတို့က ရှေ့ကသွား ငါက နောက်ကလိုက်ခဲ့။
                   ပညာရေးကနိမ့်ပါးတော့ ငယ်ဘဝ မိဘတွေမရိပ်မိအောင်
မူးယစ်သုံးတော့လည်း မင်းတို့က တား၊
                   တားမရတော့လည်း ချစ်နေကြမြဲ။
                   မင်းတို့ကတော့ ပညာတတ်ကြီးတွေဖြစ်သွား
                   ငါကတော့ မူးယစ်သံသရာထဲ တဝဲဝဲလည်။
                   ဒါပေမဲ့ “ငယ်စဉ်” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံးဘဲ။

ကြီး -           သူငယ်ချင်းတို့ . . .
                   ဘဝပေးအခြေအနေကြောင့် ငါက မင်းသားဖြစ်သွား
                   မင်းတို့မှာတော့ အင်ဂျင်နီယာကြီးတွေ၊ ဆရာဝန်ကြီးတွေ၊
                   စစ်ဘက်အရာရှိတွေ၊ သဘောင်္အရာရှိတွေနဲ့
                   ငါနဲ့မင်းတို့ ဘဝတွေက ကွာခြားသွား။
                   ငါ့ရဲ့ဘဝထဲ ကြီးသူငယ်ချင်းတို့ နဲ့ ထပ်ဆုံတွေ့
                   ငါ့ရဲ့ လောကထဲမှာက ပြဿနာပေါင်းစုံ။
                   အရက်၊ မူးယစ်၊ မိန်းမ၊ လောင်းကစား အစုံဘဲ။
                   အဲဒီ အစုံအစုံတွေကြား နစ်မွန်းခဲ့ရ။
                   ဒါပေမဲ့ “ငယ် စဉ် ကြီး” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံးဘဲ။

လိုက် -        သူငယ်ချင်းတို့ . . .
                   ငါ့ဘဝကို ငါရုန်းထွက်
                   နာရေးကောင်းမှုထဲ စုံးစုံးဝင်ခဲ့။
                   လူမှုရေးလမ်းကြောင်းထဲ အဆုံးထိလိုက်ခဲ့။
                   နာရေး လူမှုရေး တပူးတွဲတွဲ စက်တင်ဘာကိစ္စ စခဲ့ပြီဘဲ။
                   အကျဉ်းကျ မိသားစု ဘဝကိုယ်ချင်းစာခဲ့။
                   ငါ့ကို ခေါ်ယူမေးမြန်းခဲ့။
                   ငါလှည့်ကြည့်မိတယ်    …… ဘယ်သူမှ မရှိတော့ဘူး။
                                                …… ဘယ်သူမှ ပါမလာတော့ဘူး။
                    ၂ဝဝ၇ နောက်ပိုင်း      …… ငါ့ဘဝမှာ ငါတစ်ယောက်တည်း။
          မွေးကတည်းက တစ်ယောက်ထဲ ….. ဆုံးတဲ့အခါမှာလဲ တစ်ယောက်တည်း။
          ဒီစကားက မှန်နေဆဲပါ သူငယ်ချင်းတို့
                    အခု……ငါကောင်းမှုတွေလုပ်နေပြီလေကွာ။
          မြတ်စွာဘုရား ဆုံးမဟောကြားထားတဲ့ အတိုင်းဗြဟ္မစိုရ် လူမှုရေးတွေ လုပ်နေလေပြီကွာ။
                    လူလူချင်း စာနာထောက်ထားနေပြီလေကွာ။

                    ငါ့နားမှာ ငယ်စဉ်ကသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
                   ငါ့ဘေးမှာ ကြီးမှပေါင်းတဲ့ အနုပညာသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
                   ငါတို့ လက်ချင်း မတွဲကြတော့ဘူးလားကွာ။
                   ငါဟာ အနက်ရောင်လူသား မဟုတ်ရပါလားကွာ။
                   ငါဟာ အရှင်လတ်လတ် ဥပေက္ခာလူသားဖြစ်သွားပြီလား ……

                   အခုတော့ …. ငါ့ဘေးမှာ လူသေတွေနဲ့ လူနာတွေချည်းပဲပေါ့။
                   ငါ့ကို မင်းတို့တွေ့ရမှာ၊ ဆုံရမှာ ဘာလို့များ ကြောက်နေရတာလည်းကွာ။
                   ငါဟာ တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ မကောင်းဆိုးဝါး မဟုတ်ပါဘူးကွာ။
                   ပြည်သူတွေရဲ့ဒုက္ခ အခက်အခဲတွေကို တပိုင်တနိုင် ဖေးမပေးနေတဲ့ ငါပါကွ။
                   မင်းတို့၊ ငါတို့ အများပြည်သူ လူသားအားလုံးဟာ
                   ခင်ပွန်းကြီးဆယ်ပါးထဲမှာ အကျုံးဝင်တယ်ဆိုတာ မမေ့ကြပါနဲ့ကွာ။

                   လူမှုရေးဟာ … ပြည်သူ့အရေး
                   ပြည်သူ့အရေးဟာ … နိုင်ငံ့အရေး
                   နိုင်ငံ့အရေးဟာ …. မင်းတို့ ငါတို့ရဲ့ အရေးလေကွာ။

                   မင်းတို့ မရက်စက်ကြပါနဲ့
                   မင်းတို့ အတ္တမကြီးကြပါနဲ့
                   မင်းတို့ရဲ့ ပညာရပ်တွေကို ဘယ်သူမှမထိနိုင်၊ မခိုးနိုင်ပါဘူး။
                   မင်းတို့ရဲ့ ပညာတွေ မပွန်းနိုင်ပါဘူး။ မပဲ့နိုင်ပါဘူးကွာ။
                   ဓားဆိုတာ သွေးနေမှထက်တယ်တဲ့။
                   မင်းတို့တတ်မြောက်ထားတဲ့ပညာရပ်တွေကို အသုံးချကြပါတော့ကွာ။
ဒါမှ မင်းတို့ရဲ့ပညာတွေ တောက်ပြောင်ထက်မြက်လာမှာပါ။

ခုတော့ ……    ငါ့မှာတော့ တစ်ယောက်ထဲ
                   မင်းတို့ရဲ့ ဥပေက္ခာလုပ်ရပ်က မှားနေပြီလား။
                   မင်းတို့ရဲ့ အယူအစွဲတွေ မှားနေပြီလား။
                   မင်းတို့ရဲ့ ပညာရပ်တွေ ဥစ္စာချောက်နေကြပြီလား။
မိချောင်းမင်း  ရေခင်းပြတာတော့ မဟုတ်ရပါကွာ။

ငယ်စဉ် ကြီးလိုက် သူငယ်ချင်းတို့ရေ …
ငါတို့ ဟိုတုန်းကလို … လက်ချင်းဆက်ပြီး စိတ်ချင်းဆက်ကာ
  အများအတွက် ဒို့တွေပေးဆပ်ကြပါစို့လား။ ။

ဒါပေမဲ့ . . . “ငယ် စဉ် ကြီး လိုက်” သူငယ်ချင်းတို့ မင်းတို့ကိုတော့ ငါချစ်နေဆဲပဲ။

                                                                           မောင်မောင် (ခ) ကျော်ဝင်း (ခ) ကျော်သူ