27 October 2012

ဝန်ကြီးဌာနသုံးခုပိုင် စက်ရုံနှင့်မြေကွက်များကို ပုဂ္ဂလိကသို့လွှဲပြောင်းပြီ


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနပိုင် စက်ရုံနှင့် မြေကွက်များကို ပုဂ္ဂ လိကသို့ စတင်လွှဲပြောင်းရောင်းချလိုက်ပြီဖြစ်ကြောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စက်မှုဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက “ဒီသတင်းက ပာုတ်ပါတယ်။ ကျပ်သန်း ၅၅၀၀ ကျော်နဲ့ လွှဲပြောင်းရောင်းချ ခဲ့တာပါ။ နောက်ပိုင်းလည်း အစိုးရနဲ့ ပုဂ္ဂလိက ပာန်ချက်ညီညီစီးပွားရေးလုပ်ကိုင်သွားဖို့ ရည်ရွယ်ထားပါတယ်”ပာု အတည်ပြုပြောကြားသည်။
ယင်းရောင်းချမှုများတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန် တောင်လမ်း၊ စက်ဆန်းရပ်ရှိ မြေ ၁ ဒသမ ၄၃၀ဧကနှင့် အဆောက်အအုံအား ကျပ်သန်း ၁၆၀၀ ဖြင့်လည်းကောင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပိုင် မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းပိုင်မြေ ၄ ဒသမ ၇၀ ဧကကျယ်ဝန်းသည့် သာကေတမြို့နယ် မြမာလာလမ်း၊ စက်မှုဇုန်ရှိ သာကေတ စည်သွပ်စက်ရုံကိုကျပ် ၃၂၉၀သန်းဖြင့်လည်းကောင်း၊ စက်မှုဝန်ကြီးဌာနပိုင် သင်္ဃန်းကျွန်းအထည်စက်ရုံအမှတ်(၁၅)နှင့် ဆက်စပ်မြေကွက်၏ မြေ ၀ ဒသမ ၄၃၈ဧကနှင့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်ကံညွန့်ရပ်ကွက် ဦးဘဟန်လမ်းရှိ အဆောက်အအုံတစ်ခုတို့အား ကျပ်သန်း ၆၇၀ဖြင့် လည်းကောင်း ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခဲ့ကြောင်း သိရသည်။
ထိြု့ပင် မကြာသေးမီကာလအတွင်းကလည်း စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင် ရေနံချက်စက်ရုံများ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံများ၊ မက်သနေစက်ရုံများနှင့် ဓာတ်မြေသြဇာစက်ရုံများကို ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်ခဲ့ပြီး နိုင်ငံပိုင်စွမ်းအင်ဆိုင်ရာရုံးများ အား ပုဂ္ဂလိသို့ အကျိုးတူလွှဲပြောင်းပေးအပ်ရန် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

သတင်း.......... yangonchronicle

26 October 2012

ရခိုင်အရေးနှင့် ပတ်သက်ပြီး ဆူးလေတွင် သံဃာအပါး ၁၀၀ ကျော် ဆန္ဒပြ (ဓာတ်ပုံ)

ရခိုင်ပြည်နယ်တွင်း ခုရက်ပိုင်းတွေမှာ ဖြစ်ပွားနေတဲ့  အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်အောင် လုပ်ပေးဖို့ ဒီနေ့မွန်းလွဲပိုင်း ၁ နာရီလောက်က သံဃာတော်အပါး ၁၀၀ ကျော်လောက် က အစိုးရကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ 

ဆန္ဒပြပွဲမှာ သံဃာတော်တွေက  ပိုစတာတွေကိုင်စွဲပြီး ဆူးလေးဘုရား ရင်ပြင်မှာ လှည့်လည် ဆန္ဒပြခဲ့ကြပြီး ခုရက်ပိုင်းအတွင်း သေဆုံးသွားတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် လည်း မေတ္တာပို့ အမျှပေးဝေမှုတွေ လုပ်ခဲ့ကြပါတယ်။
အာဏာပိုင်တွေက ဆန္ဒပြပွဲကို စောင့်ကြည့်မှုရှိပေမယ့် နှောင့်ယှက်တားဆီးတာတွေ မရှိဘူးလို့ သံဃာတော်တွေက မိန့်ပါတယ်။

 






သတင်း.. DVB

24 October 2012

ရောင်းစားခံရတဲ့ အသက် ၁၂ နှစ် ကလေးမ တာချီလိတ် ၉ ထပ်ဟော်တယ်၌သေဆုံး

 ထိုင်းနယ်စပ် တာချီလိတ် - မယ်ဆိုင်တံတား
ထိုင်းမြန်မာနယ်စပ် တာချီလိတ် - မယ်ဆိုင်သို့ ရောင်းစားခံရသည့် ကျိုင်းတုံမြို့နယ်မှ အသက်မပြည့်သေးသည့် ၁၂ နှစ်အရွယ်ကလေးတယောက် တာချီလိတ် မယ်ခေါင်မြစ်ဟိုတယ် (၉ ထပ် ဟိုတယ်) ၌ ညသန်းခေါင်ခန့်က သေဆုံးသွားကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။

“ဗုဒ္ဓဟူးနေ့ညက ထင်တယ်။ သေသွားတာ ။ ကျနော်သိ ထားသလောက်ဆို ဝယ်ယူတဲ့ သူဌေးက ဝ ငြိမ်း အဖွဲ့က လို့ဘဲသိတယ်။ ၁၂ နှစ်အရွယ်ကလေးမလေး။ နာမည်မသိ၊ မိဘလဲမသိဘူး၊ ကျိုင်းတုံက ကလေး မလေးလို့ဘဲသိတယ်။ သေသေချင်း သန်းခေါင်ကျော်လောက် ဟိုတယ်ကနေ သယ်ထွက်သွားတယ်” - ဟု မယ်ခေါင်မြစ်ဟိုတယ် ၀န်ထမ်းတဦးက ပြောပါသည်။

ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းပြင်း မြို့နယ် အတွင်းအပြင် အခြား သျှမ်းပြည်အနှံ့မြို့နယ်များမှ ဖြားယောင်းခံရ သော အရွယ်မရောက်သေးသည့် မိန်းခလေးများ ယခု သုံးလေးလအတွင်း နယ်စပ်တာချီလိတ်မြို့သို့ အများ အပြားရောက်ရှိလာကြောင်းနှင့် ကျိုင်းတုံ မြို့နယ်အတွင်းမှ အများဆုံးဖြစ်ကြောင်းသိရသည်။

နယ်စပ်တွင် အပျိုစင် ဝယ်ယူခြင်းကို  ပိုက်ဆံရှိ လူကုံထံ အသိုင်းအဝိုင်းများကြား ခေတ်စားနေကြောင်းနှင့် ၁၇ ရက်နေ့ ည သေဆုံးမှုနှင့် ပတ်သက်သည့် ကားဆရာ၊ လူပွဲစား၊ သူဌေး များအားဖမ်းဆီးနိုင်ရေးအတွက် အာဏာပိုင်များက စုံစမ်းမှုများ ပြုလုပ်နေကြောင်း တာချီလိတ် ကျိုင်းတုံ ကားဆရာတဦးကပြောပါသည်။

အလားတူ “ထိုင်းစကားအရဆို ပွတ်ဘောရီးဆွတ် ခေါ်တယ်။ ဗမာစကားဆို အပျိုစင်ကို ဈေးဦးဖေါက်တယ် လို့ဘဲ ပြောရ မှာလား။ အသက်အရွယ်အလိုက် တယောက်ကို ထိုင်းဘတ်ငွေ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ဝယ်ယူနေကြတယ်။  လွန်ခဲ့တဲ့ လေးလလောက်ကစပြီး ကျိုင်းတုံ ကနေ တာချီလိတ်ကို ဖြားယောင်း ခံလာရတာ အများကြီးဘဲ။ ဒေသ စကား အရဆို စီးပွားထွက်ရှာတယ်လို့ဘဲ ပြောတယ်” - ဟု တာချီလိတ်မြို့ခံ ဒေါ်ခမ်းမိုက ပြောပါသည်။

မြန်မာနိုင်ငံတိုးတက်ပြောင်းလဲလာသည်ဟု ဆိုကာ အရွယ်မရောက်သေးသည့် မိန်းခလေးများ နယ်စပ်သို့ သွားလာခွင့်တားမြစ်မှု လွန်ခဲ့သည့် မေလမှစ၍ ရုပ်သိမ်းပြီးနောက်ပိုင်း အမျိုးသမီးငယ် လူကုန်ကူးမှုများပြား လာသည်ကို တွေ့ရကြောင်းနှင့် ယခင်နှစ်များထက် ပိုများ နေသည်ကိုတွေ့ကြောင်း၊ အသိဉာဏ်မကြွယ်ဝ သည့် မိဘအချို့ကလည်း တိုက်အိမ်၊ ကား၊ ပိုင်ဆိုင်ရေးအတွက် မိမိသမီးပျိုများအား အလေးမထားဘဲ  ငွေထွက်ရှာ ရန် ဖိအားပေးတိုက်တွန်းမှုကြောင့်လည်း ယခုလို ကလေးငယ်များ လူကုန်ကူးခံနေရခြင်းဖြစ် ကြောင်း တာချီလိတ်မြို့ အမျိုးသမီးအဖွဲ့ဝင်ဟောင်းတဦးက ပြောပါသည်။

ကိုယ်ထိလက်ရောက်စော်ကားခဲ့(ပါးရိုက်)မှုအပေါ်ဝန်ချတောင်းပန်

ဟိုတယ်ဝန်ထမ်းအား ကိုယ်ထိလက်ရောက်စော်ကားခဲ့မှုအပေါ် ကျူးလွန်ခဲ့သူ ဂျပန်နိုင်ငံသားမှ ၀န်ချတောင်းပန်ခဲ့ပြီး လျော်ကြေးငွေပေးအပ်

ဟိုတယ်ဝန်ထမ်းအား ကိုယ်ထိလက်ရောက်စော်ကားခဲ့မှုအပေါ် ကျူးလွန်ခဲ့သူ ဂျပန်နိုင်ငံသားမှ ၀န်ချတောင်းပန်ခဲ့ပြီး လျော်ကြေးငွေပေးအပ်ခဲ့သည့် သိန်း ၁၃၀ အနက် သိန်း၁၀၀ အာလူမှုအဖွဲ့အစည်းများသို့ ပြန်လည်လှူဒါန်းခဲ့ကြောင်း အော့ခ်ခစ်ဟိုတယ်ဝန်ထမ်း မအေးအေးကြည် ကပေါ်ပြူလာနယူးစ်သို့ပြောသည်။

““ သိန်း ၁၃၀ မှာ သိန်း ၃၀ က တရားရေးစရိတ်အဖြစ် ဟိုတယ်က စိုက်ပေးထားတဲ့ငွေမို့ ဟိုတယ်ကိုပြန်ပေးတာပါ။ ကျန်တဲ့သိန်းတစ်ရာကို ညီမပိုင်ငွေမို့အားလုံးလှူဒါန်းခဲ့ပါတယ်”” ဟု မအေးအေးကြည်ကပြောသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်က ဟိုတယ်သို့ လာရောက်တည်းခိုသည့် ဂျပန်နိုင်ငံသား မစ္စတာ အိုကာအာဂျီတာကာရှီမှ ပြင်ပမှ အမျိုးသမီးတစ်ဦးကို ဟိုတယ်သို့ခေါ်ဆောင် လာသည့်အတွက် ဟိုတယ်စည်းကမ်းနှင့်မညီသဖြင့်တာမြစ်ခဲ့သည်တွင် ဂျပန်နိုင်ငံသားမှ မအေးအေးကြည်အားကိုယ်ထိ လက်ရောက်(ပါးရိုက်ခဲ့)စော်ကားခဲ့ခြင်းအတွက် နှစ်ဦးနှစ်ဖက်တရားရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

““ အခုလို ၁၀ လကျော် တစ်နှစ်နီးပါး ဘာကြောင့် တရားရင်ဆိုင်ခဲ့ရသလဲဆိုရင် ညီမလိုမဟုတ်ဘဲ ဆင်းရဲနွမ်းပါးပြီး ဘာမှ အသိဥာဏ်မရှိတဲ့ မိန်းကလေးတွေဆိုရင် ဘယ်လိုဖြစ်မလဲဆိုတဲ့စိတ် ခံစားမှုနဲ့လုပ်ဖြစ်တာပါ။ မြန်မာမိန်းကလေးကို ဘယ်နိုင်ငံခြားသားကမှ ကိုယ်ထိလက်ရောက် စော်ကား လို့မရဘူးဆိုတာကို သိစေချင်လို့ပါ”” ဟု ၄င်းကပြောကြားသည်။

အဆိုပါ ကိစ္စရပ်များအတွက် ၀န်ချတောင်းပန်မှုကို အော့ခ်ခစ်ဟိုတယ် ခန်းမတွင် အောက်တိုဘာလ ၂၃ ရက်က မီဒီယာအချို့နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များရှေ့မှောက်တွင်ဆောင်ရွက်ခဲ့ပြီး ကိုယ်ထိ  လက်ရောက်စော် ကားခဲ့ သည့် ဂျပန်နိုင်ငံသား မစ္စတာ အိုကာအာဂျီတာကာရှီ မှ ယခုလို ဂျပန်နှင့်မြန်မာ ချစ်ကြည် ရင်းနှီးမှုတည်ဆောက်နေသည့်အချိန်တွင် ယခုကဲ့သို့ မှားယွင်းမှုဖြစ်ပေါ်ခဲ့သည့်အတွက် ခွင့်လွှတ်ပေးပါရန်တောင်းပန်ပါကြောင်း ကာယကံရှင်မအေးအေးကြည် အား တောင်းပန် စကားဆိုခဲ့သည်။

““ လူအများရှေ့မှာ အခုလိုတောင်းပန်တဲ့အတွက် ညီမအနေနဲ့ကျေနပ်ပါတယ်”” ဟု မအေးအေးကြည်က အဆိုပါကိစ္စအပေါ်သူ့ခံစားမှုကိုပြောသည်။

နစ်နာကြေးရရှိခဲ့သည့် ငွေများအနက် ငွေသိန်း ၁၀၀ အား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ နှင့် ယင်းလက်အောက်ရှိ သားဖွားခန်းတည်ဆောက်ရေးအတွက်မျက် မမြင်ကျောင်း၊နှင်းဆီကုန်းဘိုးဘွား ရိပ်သာ၊ နာရေးကူညီမှုအသင်း၊ မြသိန်းတန်ဘုန်းတော်ကြီးကျောင်းနှင့် လက်ခုပ်ကုန်းတိုက်နယ်ဆေးရုံ များသို့ ငွေကျပ် ၁၀ သိန်းစီ အသီးသီးပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

 

သတင်း... Popular Myanmar News Journal

22 October 2012

သမ္မတဦး​သိန်း​စိန် ပထမဆုံး​အကြိမ် သတင်း​စာရှင်း​လင်း​ပွဲ ( ရုပ်သံ )

နိုင်ငံ ​တော်သမ္မတဦး​သိန်း​စိန်မှာ ​အောက်တိုဘာ ၂၁ ရက်​နေ့​ ​နေပြည်​တော်က သမ္မတအိမ်​တော်မှာ သတင်း​စာရှင်း​လင်း​ပွဲတစ်ခု ပြုလုပ်သွား​ပါတယ်။ ဒီပွဲကို ပြည်တွင်း​ပြည်ပ မီဒီယာ​တွေက သတင်း​ထောက် (၁၃၀)​ကျော် တက်​ရောက်ခဲ့​ပါတယ်။ ဒါဟာ သမ္မတသက်တမ်း​တ​လေ်ွာက် ပြည်တွင်း​မှာ ပထမဆုံး​အကြိမ် ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲ ဖြစ်ပါတယ်။ သမ္မတဦး​သိန်း​စိန်ရဲ့​ အ​မေရိကန်ခရီး​စဉ်အတွင်း​ နယူး​ယောက်မြို့​ မြန်မာမစ်ရှင်ရုံး​မှာ စာနယ်ဇင်း​တွေ့​ဆုံပွဲတစ်ခု ပြုလုပ်ခဲ့​ဖူး​ပြီး​ DVB ၊​ BBC၊​ RFA၊​ VOA နဲ့​ MNTV မီဒီယာ​တွေ တက်​ရောက်ခဲ့​ပါတယ်။
နေပြည်​တော်မှ တိုက်ရိုက်သတင်း​ပေး​ပို့​ချက် (ရုပ်သံ)

အမြင်မတော် ဆင်တော်နှင့် ခလောက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ ကို ဂုဏ်သိက္ခာနှင့်အညီ စနစ်တကျ နည်းလမ်းမှန်ဖြင့် အသုံးပြုနိုင်ကြစေရန် နိုင်ငံတော်အလံဥပဒေကို (၂၁-၁၀-၂၀၁၀)နေ့က ဥပဒေအမှတ်(၈/၂၀၁၀)ဖြင့် အမိန့်ထုတ်ပြန်ပြဌာန်းထားပါသည်။

 နိုင်ငံတော်အလံဥပဒေတွင်-ပုဒ်မ ၁၃။နိုင်ငံတော်အလံနှင့်စပ်လျဉ်း၍မည်သူမျှအောက်ဖေါ်ပြပါ တစ်ခုခုကို မပြုလုပ်ရ-(က)နိုင်ငံတော်အလံပေါ်တွင် စာလုံး၊ဂဏန်း၊ရုပ်ပုံနှင့်သင်္ကေတ စသောအ မှတ်အသားတစ်ခုခု ကို ရေးသားချယ်လှယ်ခြင်း ၊တွယ်ကပ်ခြင်း၊ပုံနှိပ်ခြင်း၊(သို့)တစ်ခုခုဖြင့် အရာထင်စေခြင်း(ခ)နိုင်ငံတော် အလံကို (၁)အဆင်းအရွယ်၊ပုံသဏ္ဍန်(သို့) အချိုးအစားပျက်ပြားရန်ပြုခြင်း(၂)ပြဌာန်းခွင့်ပြု ထားခြင်းမရှိသည့်နေရာ၊ဒေသနှင့်ကိစ္စများတွင် အသုံးပြုခြင်း။ (၃)မလေးမစားပြုခြင်း၊။ ပုဒ်မ(၁၃)ပါ ပြဌာန်းချက်ကိုဖောက်ဖျက်ကျူးလွန်လျှင် ထိုသူကို ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ့ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေတွင်ပါရှိသည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဗဟိုညီလာခံကို အောက်တိုဘာ(၁၄)ရက်မှ (၁၇)ရက်နေ့ အထိ နေပြည်တော် တွင်ကျင်းပခဲ့ပါသည်။ညီလာခံဖွင့်ပွဲတွင် တေးသရုပ်ဖော်အစီအစဉ်ဠ် နိုင်ငံတော် အလံကို ဇောက်ထိုးပြောင်းပြန်လွှင့်ထူခဲ့သည်ကို TRUE NEWS ဂျာနယ်မျက်နှာဖုံး တွင် တွေ့လိုက် ရပါသည်။ထိုဂျာနယ်တွင်ရေးသားထားသည်မှာ နိုင်ငံတော်၏ အထွတ်အမြတ် အလံတော် ကို ပြောင်းပြန်လွှင့်ထူခြင်းသည် ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးအတွက် ယတြာအစီ အရင်ဆောင် ရွက်ခြင်းဖြစ်နိုင်ကြောင်းပါရှိပါသည်။ဗေဒင်ယတြာအလိုအရ တည်ဆဲဥပဒေ ကို ချိုးဖောက်၍ရပါ ၏လော၊ဥပဒေအထက်တွင်မည်သူမှ မရှိပါ ။နိုင်ငံတော်က အသိအမှတ်ပြုလေးစား လိုက်နာကြရသော နိုင်ငံတော် အလံဥပဒေကို အထင်ကရပါတီကြီးကိုဖေါက်ဖျက်ကြူးလွန်ခွင့် မည်သူကခွင့်ပြုခဲ့ပါ သနည်း။နိုင်ငံတော်အလံကပြောင်းပြန်ဇောက်ထိုးလွှင့်ထူဖြင်းသည်အမြင်မတော်ဆင် တော်နှင့် ခလောက် ဆိုသလိုဖြစ်နေပါသည်။(ဦးခင်ဇော်(မရမ်းကုန်း)၏ ဆောင်းပါးမှ ကောက်နှုတ်ထားပါသည်။)

The Hot News

 

21 October 2012

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများအား တတိယနိုင်ငံသို့ ပို့ဆောင်ပေးရန် သံတွဲတွင် ဆန္ဒပြမည်

            ရခိုင်ပြည်နယ်အတွင်းတွင် ဘင်္ဂါလီလူမျိုးများအား မိခင်နိုင်ငံသို့မဟုတ် တတိယနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန်အတွက် သံတွဲမြို့တွင် အောက်တို ဘာလ ၂၁ရက်နေ့၌ နေ့လည် ၁၂နာရီတွင် ဆန္ဒပြမည်ဖြစ်ကြောင်း သံတွဲမြို့ရှိ အစိုးရဝန်ထမ်း တစ်ဦး က Yangon Chronicle သို့ ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်အမျိုးသားလှုပ်ရှားမှုအဖွဲ့အစည်းမှ ဦးဆောင်ဆန္ဒပြခြင်းဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက်မရရှိသော် ကြောင့် ခရိုင်ရဲတပ်ဖွဲ့မှုးရုံးသို့လျှောက်ထားရာ ခွင့်ပြုချက်ရရှိခဲ့ကြောင်းနှင့် ဆန္ဒပြရခြင်းမှာ ဘင်္ဂါလီလူမျိုးများသည် လူဦးရေတိုးပွားနှုန်း မြန်ဆန်လွန်းသ ဖြင့် ယခုအချိန်တွင်ပင် ရခိုင်ပြည်နယ်၏ ၇၀ရာခိုင်နှုန်းခန့်သော လူဦးရေအား ဘင်္ဂါလီများမှ ပိုင်ဆိုင်ထားကြောင်း သိရသည်။
“OIC ကိစ္စတွေ ပြီးသွားပေမယ့်။ အခုလို လူဦးရေတိုးပွားနှုန်းကြောင့် ရခိုင်တိုင်းရင်းသားတွေရဲ့လုံခြုံရေး ထိခိုက်နိုင်တယ်။ ဒါ့ကြောင့် ဒီလူတွေ ကို ရခိုင်ပြည်နယ်ကနေ တတိယနိုင်ငံကို ပို့ဆောင်ဖို့တောင်းဆိုတာပါ”ဟု အထက်ပါအစိုးရဝန်ထမ်းက ဆိုသည်။
မြန်မာနိုင်ငံတွင်းသို့ ဘင်္ဂါလီလူမျိုးများသည် ၁၈၈၄ ခုနှစ်ဝန်းကျင်ခန့်တွင် အလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ လူဦးရေတိုးပွားနှုန်း အား ထိမ်းချုပ်ထားသည့် ဥပဒေမရှိသေးကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေး၏ ဥပဒေမှာလည်း ပြင်းထန်သော အရေးယူမှုမရှိသေးကြောင်း ရခိုင်အမျိုးသား ကွန်ုယက်မှ ဥက္ကဌ ကိုတင်ထူးအောင်က ပြောကြားသည်။
“ဥပဒေက ထိန်းချုပ်မှုအားနည်းသေးတယ်။ အကောင်းဆုံးကတော့ သူတို့ကို သူ့နိုင်ငံသူပြန်ပို့တာ အကောင်းဆုံးပဲ။ တကယ်လို့ တစ်ဖက်နိုင်ငံက လက်မခံရင်လည်း နိုင်ငံတော်နဲ့ ကုလသမဂ္ဂ ညှိနှိုင်းပြီး ဒုက္ခသည်စခန်းမှာ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်စေဖို့လိုတယ်။ဒီလို ဥပဒေကရော သူတို့ကို ထိမ်းချုပ်နိုင်ပြီဆိုရင် တစ်ဖက်က ခိုးဝင်လာမယ့်သူတွေရန်ကော၊ လူဥိးရေတိုးပွားနှုန်းကိုလည်း ထိမ်းချုပ်နိုင်မယ်”ဟု ကိုတင်ထူးအောင်က ပြောကြားသည်။
လူဝင်မှုကြီးကြပ်ရေးဥပဒေ၏ ယခုအချိန်ထိ အားနည်းနေသေးမှုနှင့် ယခင်အစိုးရလက်ထက်တွင် ကိုယ်ကျိုးစီးပွားရှာခဲ့သော အစိုးရဝန်ထမ်းများ ကြောင့် ဘင်္ဂါလီလူမျိုးတို့သည် ရခိုင်လူမျိုးတို့အား ဝါးမျိုသွားနိုင်ကြောင်း ရခိုင်အမျိုးသားတိုးတက်ရေးပါတီ၏ ဥက္ကဌ ဒေါက်တာအေးမောင်က “လူမျိုးမျိုရင် လူမျိုးပြုတ်မယ်”ဟု ညွှန်းဆိုခဲ့သည်။

သတင်း.....Yangon Chronicle

နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကစာသင်ကျောင်းများ မိခင်စာပေနှင့် ဘာသာစကားကို စိန်ခေါ်နေပြီလား???

 
 လက်ရှိမြန်မာ့ပညာရေးလောကတွင် စာပေသင်ကြားမှုစနစ်ကို နိုင်ငံတကာအဆင့်မီမှုမမီမှုတိုင်း တာနေသောပေတံများ အမျိုးမျိုးရှိနေသော်လည်း မြန်မာ့ယဉ်ကျေးမှုနှင့်အဆင်ပြေမှုရှိမရှိ တိုင်းတာမှုမျိုး မှာမတွေ့ရသေး သည်မှာ ၀မ်းနည်းဖွယ်ရာဖြစ်ကြောင်း လေ့လာသူများကထောက်ပြလိုက်သည်။

တိုက်တွန်း အားပေးမှုများ ရှိနေပြီး ပုဂ္ဂလိကစာသင်ကျောင်းများဖွံ့ဖြိုးစေရန် ကူညီအားပေးမှုများလည်း အစိုးရပိုင်းကလုပ်ဆောင်နေသည်။ ငွေကြေးတတ်နိုင်သည့် မိဘအသိုင်းအ၀ိုင်းများကလည်း မိမိတို့ ကလေးများကို နိုင်ငံတကာအဆင့်မီသည်ဟုဆိုသော နိုင်ငံခြားဘာသာဦးစားပေးသင်သည့် ကျောင်းများတွင် တက်ရောက်စေကြသည်မှာလည်း ခေတ်စားနေသော ကြွားစရာပြယုဂ်တစ်ခုဖြစ်နေပါတယ်။သို့သော် ထိုကျောင်းများကပင် မိခင်စာပေ၊ ဘာသာစကားကို ထိခိုက်အောင် စိန်ခေါ်မှုများရှိနေသည်ကိုလည်း မငြင်းနိုင်ပေ။ လက်ရှိအစိုးရလက်ထက်တွင် ပညာရေးစနစ်ကို နိုင်ငံတကာအဆင့်မီစေရန်
 
 နိုင်ငံတကာသင်ရိုးနှင့်အညီသင်ကြားနေသည်ဆိုသော သံရုံးကျောင်းတစ်ကျောင်းမှ ကျောင်းသား မိဘတစ်ဦးက " ကျွန်မကလေးကို ဒီကျောင်းမှာထားရတာ တော်တော်အဆင်ပြေတယ်၊ ဒီကျောင်းက သင်ကြားမှုစနစ်လည်းကောင်းတယ်။ အင်္ဂလိပ်စာကို အသားပေးသင်တော့ ကလေးက အင်္ဂလိပ် စကားတော်တော်ကျွမ်းကျင် လာတယ်။ တစ်ခြား ဘာသာရပ်တွေမှာလည်း မဆိုးဘူး။ ကျွန်မတော့ ကလေးအတွက် တော်တော်စိတ်ချရပြီ။ ဒီကျောင်းကပြီးလို့ ကလေးကြီးလာရင် နိုင်ငံခြားကကျောင်းမှာ ထားဖို့ကျတော့လည်း အဆင်ပြေတယ်လေ " ဟုပြောကြားသွားသလို သာမန်အစိုးရကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသာ မိဘတစ်ဦးကမူ " ကျွန်မတို့က ငွေကြေးအရမ်းကြီးမတတ်နိုင်တော့ ရိုးရိုးကျောင်းမှာပဲထားရတာပေါ့။ 
 
ဒါတောင်ကျူရှင်စရိတ်က နည်းတာမဟုတ်ဘူး။ ဒါပေမယ့် ကလေးရဲ့ ကြိုးစားအားထုတ်မှုကိုလိုက်ပြီး တတ်နိုင်သမျှဖြည့်ဆည်းပေးသွားမယ်လို့တော့ စိတ်ပိုင်းဖြတ်ထားတယ်။ ပုဂ္ဂလိကကျောင်းမှာထားဖို့ကျတော့ ကျမတို့က တတ်နိုင်သူတွေမဟုတ်ဘူးလေ။ တော်ကြာ ဖြုန်းနိုင်သုံးနိုင်တဲ့ကလေးတွေနဲ့ ပေါင်းပြီး ကျမကလေးပျက်စီးသွားမှာလဲကြောက်တယ်" ဟုပြောကြားသွားပါတယ်။ အဆိုပါနိုင်ငံခြားဘာသာဦးစားပေးသင်သောကျောင်းများနှင့်ပတ်သက်ပြီး လေ့လာသူ ကိုမျိုးညီညီက "ကျွန်တော် တစ်နေ့က အလှူတစ်ခုမှာ မိဘတွေပြောနေတဲ့စကားတစ်ခုကြားလိုက်ရတယ်။ ပြောနေတဲ့ သူက သူ့ကလေးကို Private ကျောင်းတစ်ခုမှာထားတဲ့အကြောင်း၊ အဲဒီကျောင်းကတော်တော်ကောင်းကြောင်း ကလေးတွေ ကိုလည်း စနစ်တကျသင်တဲ့အကြောင်း။ အဲဒီအထိကြားရတာအဆင်ပြေသေးတယ်။
 
 နောက်သူက ဘာပြောလဲဆိုရင် ကလေးက အင်္ဂလိပ်စာကို တော်တော်ကျွမ်းကျင်နေပြီတဲ့ ဘယ်လောက်တောင်လဲဆိုရင် မြန်မာစာကိုတောင် အင်္ဂလိပ်စာလောက်ကောင်းကောင်းမဖတ်နိုင်ဘူးတဲ့။ သူပြောနေတာတော့်တော့်ကို ၀မ်းပန်းတသာနဲ့ကိုပြောနေတာ။ ဒီဟာလေးကိုကြည့်ပြီးပြောလို့ရတာတစ်ခုကတော့ မိဘတွေအနေနဲ့ ပညာရေးအားပေးတာ လမ်းကြောင်းလွဲလာပြီလို့ပြောလို့ရတယ်။ 
 
 ကိုယ့်ရဲ့ မိခင်ဘာသာကို မကျွမ်းကျင်ဘဲနဲ့ တခြားဘာသာကျွမ်းကျင်တာကို မိဘတွေအနေနဲ့ ဂုဏ်ယူနေကြပြီလားလို့ ကျွန်တော်မေးချင်တယ်။ ဒါဟာ ကိုယ့်ရဲ့ မိခင်ဘာသာစကား ပျောက်သွားတော့ မယ့် ရှေ့ပြေးနမိတ်ပုံပဲ။ ဒီလိုအပြောအဆိုမျိုး ရပ်ကွက်ထဲမှာ အပြောများလာပြီ။ ကိုယ့်ရဲ့ကလေး မိခင်ဘာသာစကားထက် နိုင်ငံခြားဘာသာစကားကို ပိုကျွမ်းကျင်တယ်ဆိုတဲ့ ကြွားစရာမဟုတ်တဲ့ အကြွားမျိုးတွေ ခေတ်စားလာတယ်။ ဘယ်နိုင်ငံမှာမဆို မိမိတို့ရဲ့ မိခင်ဘာသာစကားကို ပထမဦး စားပေးစာပေ အနေနဲ့ သင်ကြားရတာပါ။ မြန်မာဖြစ်ပြီး မြန်မာစာ၊စကားမကျွမ်းကျင်ရင် ကိုယ့်ယဉ်ကျေး မှုကို ဘယ်လိုထိန်းသိမ်းမလဲ။ မိဘတွေစဉ်းစားဥာဏ်ရှိရင် စဉ်းစားကြဖို့ကောင်းတယ်။ 
 
အခုဥပမာအနေနဲ့ပြရင် ကိုရီးယားတို့ တရုတ်တို့ ဂျပန်တို့ပေါ့။ သူတို့ရဲ့မိခင်ဘာသာစကားကို နိုင်င်္ငတကာက အသိအမှတ်ပြုအောင် လက်ခံသုံးစွဲလာအောင် ကြိုးစားနေတာ။ ကျွန်တော်တို့နိုင်ငံက မိခင်စာပေ၊ ဘာသာစကားမရှိတဲ့နိုင်ငံမဟုတ်ပါဘူး။ ခိုင်မာတဲ့ ယဉ်ကျေးမှုနဲ့အတူ ရှေးရိုးစဉ်ဆက် စာပေ၊ဘာသာ စကားထွန်းကား တဲ့နိုင်ငံပါ။ ကျွန်တော်က ခေတ်လူငယ်ပါ။ နိုင်ငံခြားဘာသာရဲ့အသုံးဝင်ပုံကို အများကြီးသိတယ်။ ဒါပေမယ့် သုံးသင့်တဲ့နေရာမှာ သင့်တော်သလိုသုံးတာပဲကောင်းတယ်။ ဥပမာဒေါ်အောင်ဆန်းစုကြည်လိုပေါ့။ အရမ်းလေးစားဖို့ကောင်းတယ်။ အင်္ဂလိပ်စကားကို အထေ့အငေါ့မရှိ လိုတိုရှင်းပြောနိုင်တယ်။ အင်္ဂလိပ်လို မေးမြန်းသမျှကိုလည်း အဆိုင်းအတွမရှိ ကျွမ်းကျင်လိမ်မာစွာပြောနိုင်တယ်။ ဒါပေမယ့် အမေစုက ဘယ်တော့မှ ကိုယ့်မြန်မာလူမျိုးအချင်ချင်းစကားပြောရာမှာ အင်္ဂလိပ်လိုပြောတာ အားမပေးဘူး။ အထူးသဖြင့် နိုင်ငံရပ်ခြား မှာ ရောက်နေတဲ့ မြန်မာ လူမျိုးတွေနဲ့ တွေ့တဲ့အခါ မြန်မာလို ကြိုးစားပြောခိုင်းတာ အားလုံးအသိပါ။ 
 
အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း ဒါတွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်သင့်ပါတယ်။ တစ်ချို့ကျောင်းတွေဆို မြန်မာစာကို ပြီးပြီးရောသင်တယ်။ ၄တန်းလောက်ထိပဲ မြန်မာစာသင်တယ်၊ အဲဒီကျောင်း ကလေးကို မြန်မာဆေး အညွှန်းကို ဖတ်ခိုင်းတာ မဖတ်တတ်တော့ဘူး။ မြန်မာစာ ပါဍ်ဆင့်တွေကို မဖတ်တတ်တော့ဘူး။ ဘုရားစာဖတ်ခိုင်းလိုက်တာ ဂုဏ်တော်ကိုးပါးကိုတောင် ဖတ်ခိုင်းလို့မ ရတော့ဘူး။ ဒီလိုမဖတ်တတ်တာကို ပဲ မိဘတွေက ဂုဏ်ယူနေမယ်ဆိုရင် တစ်ချိန်ချိန်မှာ မြန်မာလိုမ၀တ်စားတတ်တာကို ဂုဏ်ယူနေမယ့် မိဘတွေပေါ်ထွက်များပြားလာတော့မယ်ဆိုတာ မြေကြီးလက်ခက်မလွဲဘူး"လို့ ဝေဖန်ပြောဆိုသွားပါတယ်။
 

ပုသိမ်ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသူများ ဒဏ်ငွေချမှတ်ခံရ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ကုန် ဈေးနှုန်းကျဆင်းရေး ဆန္ဒဖော် ထုတ်ခဲ့ကြသူ (၁၄)ဦးကို ပုသိမ် မြို့နယ် တရားရုံးက ပုဒ်မ (၁၅၃) ရုန်းရင်းဆန်ခတ်မှုကျူးလွန်ရန် ကြံရွယ်မှုနဲ့ အောက်တိုဘာ ဒုတိယအပတ်တွင် ဒဏ်ငွေ ၁ထောင် သို့မဟုတ် ထောင်ဒဏ် ၁လကျ ခံဖို့ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ဆန္ဒပြသမားများကို စည် ပင်သာယာဌာနက မူလက၀တ္ထ ရားနှောင့်ယှက်မှုနဲ့ တရားစွဲထား တာဖြစ်ပေမဲ့ တရားသူကြီးပုဒ်မ (၁၃၅)အရ အပြစ်ရှိတယ်ဆိုပြီး ဆုံးဖြတ်လိုက်သည်ဟု ပြစ်ဒဏ်ချ ခံရသူ ကိုချစ်အေးကပြောဆို သည်။

 ““ကျွန်တော်တို့ကို ထောင် ပဲချမယ်လို့ ဆုံးဖြတ်ထားတာ၊ မနေ့က အမိန့်တွေအစုံဖတ်ပြပြီး နောက်ဆုံးပုဒ်မ (၁၅၃)နဲ့ ဒဏ်ငွေ တစ်ယောက် ၁ထောင်ဒဏ်ကြေး ရိုက်တယ်။ ဒဏ်မဆောင်နိုင်ရင် ၁လ ပုံစံနဲ့လုပ်လိုက်တယ်။ ကျွန် တော်တို့က မတရားအပြစ်ပေးခံ ရတာပဲ၊ ဥပဒေချိုးဖောက်ပြီး ကျွန်တော်တို့ကို မတရားလုပ် လိုက်တာ။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့တိုင် ပင်ဆွေးနွေးပြီး ပြန် ထပ်ဖော်ထုတ် ဦးမယ်””ဟုပြော သည်။ ပြစ်ဒဏ်ပေးခံရသူတွေ က တော့ ကိုချစ်အေး၊ ကိုဇော်မိုး၊ ကို ၀င်းဇော်စတဲ့ ပုသိမ်မြို့ခံတွေနဲ့ လူ့ အခွင့်အရေးလှုပ်ရှားသူတွေပါဝင် ပြီးတရားရုံးမှာ ဒဏ်ငွေဆောင်ခဲ့ သည်ဟု သိရသည်။ အခုနှစ် ဆန်းပိုင်းဖေဖော်ဝါရီ ၂ ရက်နေ့ ပုသိမ်မြို့ မြို့နယ်စည်ပင်သာယာ ရေးရုံးရှေ့မှာ လူ ၁၆ ယောက် လောက်က ကိုန်ဈေးနှုန်းကျဆင်း ရေးအတွက် ပိုစတာတွေကိုင် ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြ ခြင်းဖြစ်သည်။ ဆန္ဒပြပွဲအပြီး တွင် ၎င်းတို့ကို ဖမ်းဆီးထိန်းသိမ်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ ပြီး စည်ပင်သာယာတရားစွဲဆို ထားခဲ့ရာက အခု (၈)လလောက် အကြာမှာ တရားရုံးက အပြီးသတ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း..... Hot News