04 June 2011

နှလုံးသားတွင် ဘုရားတည်...

နှလုံးသားတွင် ဘုရားတည်

လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကျွန်တော် မဖူးမြှော်ရသည်မှာ လေးနှစ်တာ ကာလအတွင်းသို့ ရောက်ခဲ့ပြီဖြစ်သည်။

ကုန်လွန်ခဲ့ပြီးသောကာလ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမတိုင်မီ အချိန်များတွင် ကျွန်တော် သည် တစ်ပါတ်လျှင် တစ်ကြိမ်အနည်းဆုံး ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်သို့ တက်ရောက် ဖူးမြှော်ခဲ့ဖူးပါသည်။ ထို့အပြင် တက်ရောက်ကြည်ညို ဖူးမြှော်ခွင့်ရခဲလှသော ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ အထွဋ်အထိပ်တွင် တည်ရှိနေသော စိန်ဖူးတော်ကြီးအားလည်း ကျွန်တော်နှင့် ကျွန်တော်၏သား ပြည်သိမ်းကျော်တို့ တက်ရောက် ဖူးမြှော်ခဲ့ဘူးပါသည်။

ရွှေတိဂုံ စေတီတော်မြတ်ကြီးသည် မြန်မာပြည်သူလူထုတင်မက ကမ္ဘာ့နိုင်ငံအသီးသီးမှ ဘာသာခြားများနှင့်ပါ မစိမ်းပါ။ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး လွတ်လပ်စွာတက်ရောက် ဖူးမြှော် ခွင့်ရရှိသည့် တန်ခိုးကြီးမားလှသည့် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ အထွဋ်အမြတ်ထား ကိုးကွယ်ရာတည်း ဟူသော ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်များကိန်းဝပ်ရာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၂၀၀၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေး၊ ဆေးကူညီမှု၊ ပညာရေးကဏ္ဍများအား (အခမဲ့) ဖေးမကူညီပေးနေသော ကျွန်တော်တက်ရောက် ဖူးမြှော်ရာတွင် လွတ်လပ်မှုများ ဆုံးရှုံးခဲ့တော့သည်။

ရန်ကုန်မြို့ အမေရိကန် သံရုံးမှ ထုတ်ပြန်တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ သတင်းစာရှင်းလင်းပွဲ မှပြောကြားချက် (မြန်မာ၊ အင်္ဂလိပ်)

John McCain Press Release Myanmar
အောက်မှာ ဆက်ဖတ်ရန်...

02 June 2011

John McCain နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)



John McCain နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)
အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် John McCain နှင့် အမေရိကန်သံရုံးအရာရှိ များသည် ၂.၆.၂၀၁၁ (ကြာသပတေး)နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ မြောက်ဒဂုံ မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ အသင်းဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အလုပ်အမှုဆောင်အဖွဲ့များ၊ အသင်းသူ/သားများနှင့် လာရောက်တွေ့ဆုံခဲ့သည်။

လူမှုရေးလုပ်ငန်းများဖြစ်သော နာရေး (အခမဲ့) ကူညီမှု၊ ဆေးဝါး (အခမဲ့) ကုသမှု၊ ပညာရေး (အခမဲ့) ပညာဒါနပြုမှုများကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ဧည့်သည်တော်များအား နာရေးကူ ညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် (အခမဲ့) ကူညီပေးမှုများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း ၏ (အခမဲ့) ဆေးဝါးကုသမှုများ၊ ပညာဒါနအဖြစ် (အခမဲ့) ပညာသင်ကြားမှုများ၊ သုခအလင်း စာကြည့်တိုက်၊ နာရေးလမ်းကြောင်း လက်ခံမှုရုံးခန်းတို့အား လိုက်လံပြသခဲ့သည်။ ထို့နောက် အမေရိကန်နိုင်ငံ၏ အထက်လွှတ်တော်အမတ် John McCain သည် ယမန်နေ့က မြန်မာပြည်ရှိ ကြီးကျယ်ခမ်းနား၍ အရောင်အဆင်းများ တောက်ပသောအဆောက်အဦးများရှိရာ နေရာသို့ ရောက်ရှိ ခဲ့ကြောင်း၊ ယနေ့မှ မြန်မာပြည်သူလူထုတို့၏ လူနေမှုစရိုက်များ၊ ဆင်းရဲဒုက္ခရောက်နေမှုများ၊ မြန်မာနိုင်ငံ၏ လက်ရှိအနေအထား အစစ်အမှန်ကို တွေ့ရှိရသည့်အတွက် ၀မ်းနည်းမိကြောင်း၊ ယခုလို လူသားချင်း စာနာထောက်ထားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် လွန်စွာဝမ်း မြောက်မိကြောင်းတို့ကို ပြောကြားသွားသည်။ 

ထို့ပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးမျိုး ဆက်သစ်သင်တန်း အမှတ်စဉ် (၃/၂၀၁၁)မှ သင်တန်းသူ/သားများနှင့် တွေ့ဆုံကာ “မိမိကိုယ်မိမိ ကယ်ဆယ်ခွင့် မရရှိသူတွေကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လူမှုရေးသမားများက ၀ိုင်းဝန်း ကယ်ဆယ် အကူအညီများပေးနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ ဘုရားသခင်မှလည်း ကောင်းချီးပေးပါစေ” ဟု အားပေးစကားများ ပြောကြားခဲ့ပြီးနောက် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် ဆုတောင်းမေတ္တာပို့စာသား ရေးသားလက်မှတ်ထိုးကာ မွန်းတည့် (၁၂း၀၀) နာရီအချိန် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နှုတ်ခွန်း ဆက်ကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်...။

ဓာတ်ပုံများ အောက်တွင် ဆက်ကြည့်နိုင်ပါသည်...။

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ အဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌဘဘဦးတင်ဦးနဲ့ အတူတွေ့ရတဲ့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း...

အလင်းအိမ်မဂ္ဂဇင်း (ဇွန်လထုတ်)

Luminary 5of3

အဖေ့ကို ပြန်လွှတ် ပေးကြပါတော့ (ကဗျာရှင် ဗမာ့သွေး)

အဖေ့ကို ပြန်လွှတ် ပေးကြပါတော့
(ကဗျာရှင် ဗမာ့သွေး)
အဖေ.........
သမီးဘ၀မှာ အဖေဆိုတာ
ပြင်ပကမ္ဘာမှာ   မမြင်တွေ့ရသေးပါဘူး ........။
မြင်ဘူးချင်လိုက်တာ အမေရယ်ဆိုတော့
ကြိတ်ပြီး ရှိုက်ကာ မျက်ရည်ကျတတ်တဲ့
 အမေ့က  အမြဲတမ်းလိုလို
ဝမ်းနည်းစွာ ငိုကြွေးပြတဲ့ အခါတိုင်း
အမေ့ကို တင်းကြပ်စွာဖက်ထားပြီး
ခေါင်းရင်းခန်းက  သမီးကို ချီထားတဲ့
အဖေ့ဓါတ်ပုံလေးကို ငေးကာကြည်ရင်း
သမီးလည်း ရောလို့ မျက်ရည်တွေ
ကျခဲ့ရတာ များလှပါပြီ အဖေ……….။

သူငယ်ချင်းတွေမှာ အဖေရှိလို့
ကျောင်းကို လိုက်ပို့ခဲ့ကြတယ်
စားချင်တာတွေ ၀ယ်ကျွေးပြီး
နွေးထွေးစွာ ကြင်နာပြနေကြတယ်……..
သမီးမှာတော့ တစ်ယောက်ထဲပါလားလို့
တွေးမိလိုက်တိုင်း  အဖေ့ကို တမ်းတနေရတုန်းပါဘဲ  အဖေ....။

သုံးယောက်ထဲ နဲ့ တည်ထောင်ထားတဲ့
မိသားစုမှာ အဖေမရှိတော့ မပြည့်စုံသလို
ခံစားရတယ်လို့ အမေပြောတိုင်း
အဖေ့ကို အရမ်းတမ်းတ မိတဲ့ အခါ
အဖေ့ဓါတ်ပုံအောက်က
အမှန်တရားကို လက်ကိုင်ထားလို့
ဒုက္ခခံစားရတာ ဒီမိုကရေစီ စံနစ်
မထွန်းကားလို့ပါ ဆိုတဲ့စာသားလေးကို
သေချာ နားမလည်ပေမယ့်
အကြိမ်ကြိမ် စာလုံးပေါင်း ဖတ်နေဆဲပါဘဲ အဖေ……..။

တခါမှ မကြုံဘူးအောင် ရွှင်လန်းနေတဲ့ အမေ
မှန်ရှေ့မှာ တသသနဲ့ ဖီးလိမ်းလို့ ချယ်သနေတယ်…….
မသေချာတဲ့ အတွေးတစ ပေမယ့်
အမေ့ကိုကြည့်ပြီး ပျော်မြူးခဲ့ရတယ်…..
မနေနိုင်လို့  အမေ့လက်ကို ကိုင်စွဲပြီး
ဘာကြောင့်လည်း ဆိုတာ မေးလိုက်တဲ့ အချိန်
အမေ့စကားကြောင့် တကိုယ်လုံး 
မြှောက်တက်သွားတယ် အဖေပြန်လာတော့မယ်တဲ့……….။

31 May 2011

လုပ်ငန်း (၇၆ )ခု ကျပ်သန်းပေါင်းနှစ်သိန်းခန့် နဲ့ ရောင်းချတယ်ဆိုတော့ပြည်သူ့တွေ စားဝတ်နေရေးကြပ်တည်းနေကြတာ ဝယ်ယူသူတွေက ငွေတွေကိုဘယ်ကရကြသလဲ.။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က လုပ်ငန်း ၇၆ခုအား ရောင်းချခဲ့ရာ ကျပ်သန်းပေါင်းနှစ်သိန်းခန့်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်း ၇၆ခုအား ၀ယ်ယူခွင့်ရရှိသူ များတွင် ဒုတိယဗိုလ်ချုပ်ကြီး မောင်လှ(ငြိမ်း) ၊ ဦးတေဇ၊ ဦးဇော်ဇော်၊ နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းအိုက်ပေါင်းနှင့် ဒေါ်ဝါ၀ါဝင်းရွှေတို့လည်းပါဝင်ခဲ့ကြသည်။

ယင်းလုပ်ငန်း ၇၆ခုရောင်းချခြင်း မှ တန်ဖိုးငွေကျပ်သန်းပေါင်း ၁၈၈ယ၂၈၇ ဒသမ၉၄၅ ရရှိခဲ့ပြီး ၂၀၁၁ခုနှစ် ဇန်န၀ါရီ ၂၁ရက်နှင့် ၂၂ရက်ထုတ် သတင်းစာများ တွင် ကြော်ငြာ၍ရောင်းချခဲ့ခြင်းဖြစ်သည်။

တန်ဖိုးငွေအများဆုံးအဖြစ် အမှတ်(၂)ပျဉ်းမနားသကြားစက်ရုံ ပျဉ်းမနား မြို့နယ် သနပ်ပင်ဆိပ်ကျေးရွာကို ကျပ် သန်းပေါင်း ၂၉၉၉၉ဖြင့် ဒေါ်အိအိ ထွေး +၃တို့က ၀ယ်ယူခွင့်ရရှိခဲ့ကြကြောင်း သိ ရသည်။

တန်ဖိုးငွေအနည်းဆုံးအဖြစ် ရန် ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ၉ရပ်ကွက် မြေဧက ၁ဒသမ၅၂ နှင့် ၎င်းင်း မြေပေါ်ရှိ သိုလှောင်ရုံသုံးလုံးကို ဦးသိန်း ၀င်းက ကျပ် ၂၉သန်းဖြင့် ၀ယ်ယူရရှိခဲ့ကြောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်မှ ထုတ် ပြန်သည့်စာရင်းများအရ သိရသည်ဆိုသော သတင်းအား ရန်ကုန်တိုင်းဂျာနယ်တွင်ဖော်ပြပါရှိသည်.။

ဇွန်လမှ စတင်၍ လေဆိပ်များတွင် ပြည်တွင်းထွက်ခွာခရီးသည်တဦးလျှင် ဝန်ဆောင်ခ ကျပ် ၁၀၀၀ ကောက်ခံသွားမည်.။

လေဆိပ်များတွင် ဇွန်လ ၁ရက်နေ့မှ စတင်၍ ပြည်တွင်းထွက်ခွာ ခရီးသည်များထံမှ ခရီးသည် ၀န်ဆောင်ခ (Passenger Service Charge) ကို တစ်ဦးလျှင် မြန်မာငွေကျပ် ၁၀၀၀ နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ညောင်ဦးလေဆိပ် တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။ “ညောင်ဦးလေဆိပ်ရော တစ်နိုင်ငံလုံးမှာရှိတဲ့ လေဆိပ်တွေမှာပါ ကောက်ခံသွားမှာပါ။ နိုင်ငံခြားသားရော နိုင်ငံသားပါ လေဆိပ်က ပြည်တွင်းခရီး ထွက်ခွာရင် ခရီးသည် ၀န်ဆောင်ခ ကျပ် ၁၀၀၀ ပေးဆောင်ရပါမယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောပါသည်။

ခရီးသည် ၀န်ဆောင်ခအား ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လေဆိပ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသည် ၀န်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရေး အတွက် ဆောင်ရွက်နိုင်ရန် ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။ ခရီးသည် ၀န်ဆောင်ခ ကောက်ခံမှုအတွက် လေကြောင်းလိုင်းများ၊ သက်ဆိုင်သူများ သိရှိရန် အကြောင်းကြားစာ ဖြန့်ဝေထားကြောင်း သိရသည်။ PSC ကောက်ခံခြင်းအား ယခင်က ပြည်ပထွက်ခွာ (နိုင်ငံခြားသား/နိုင်ငံသား) ခရီးသည်များကိုသာ ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ကောက်ခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဂံညောင်ဦး လေဆိပ်သည် ပုဂံဒေသ ခရီးသွားလုပ်ငန်း၏ အဓိက ၀င်/ထွက်ပေါက် တစ်ခုဖြစ်ရာ ပြည်တွင်းပြည်ပ ခရီးသွား နေ့စဉ် ၁၀၀ ၀န်းကျင်မှ ၉၀၀ ၀န်းကျင်ထိ ၀င်/ထွက် သွားလာ အသုံးပြုလျက်ရှိကြောင်း Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""

30 May 2011

ဘုရား သော်မှ ငြင်းမရ...


ဘုရား သော်မှ ငြင်းမရ

အမေ့အိမ် (ပညာဒါန) ပထမအကြိမ် အာစရိယ ပူဇော်ပွဲနှင့် နွေရာသီတန်းခွဲများ သင်တန်းဆင်းပွဲ...

အမေ့အိမ် နွေရာသီ သင်တန်းဆင်းပွဲ

2011 summer course နွေရာသီသင်တန်းဆင်းပွဲကို မေလ (၂၉ )ရက် မနက်(၁၀)နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ NLD အဖွဲ့ချုပ်မှ လူကြီးများဖြစ်ကြသော
ဦးဝင်းထိန်၊ ဦးဟံသာမြင့်၊ ဦးအောင်ကြည်ညွန့်၊ Dr.မျိုးအောင်၊ ဒေါ်မေ၀င်းမြင့်၊ ဒေါ်ခင်ဋ္ဌေးကြွယ်၊
ဒေါ်အေးအေးမာ၊ ဒေါ်ခင်စောမူ နှင့်ကိုဖြိုးမင်းသိန်း။ အနုပညာရှင်များဖြစ်ကြသော
ကိုရဲလွင်၊ ကိုတိုးလွင်၊ ကိုတင်အုန်း၊ ကိုသားထွေး၊ ကိုညီညီလွင်၊ ကိုဝဲ၀ဲ၊ ကိုဟိန်းမြတ်ဇော်
နှင့်ကိုမျိုးထွန်း၊ အထူးဧည့်သည်အဖြစ် Englishစာဆရာကြီးဦးမြကြိုင်တို့ တက်ရောက်အားပေး ချီးမြှင့်ကြပါသည်။

သင်တန်းဆင်း ကျောင်းသား(၃၇၆)ယောက်နှင့် ဧည့်သည်အယောက် (၂၀၀)ခန့် တက်ရောက်ကြပါသည်။ အခမ်းအနားတွင် လူကြီးများမှ အမှာစကား ပြောကြားခြင်း၊ ဆရာဆရာမများအား ကန်တော့ခြင်း၊ ထူးချွန်ကျောင်းသားများအား ဆုချီးမြင့်ခြင်း၊ အနုပညာရှင်များမှ တေးဂီတဖြင့် ဖျော်ဖြေခြင်း၊ ကြက်သားပလာတာ၊ အအေး ကျွေးမွေးဧည့်ခံခြင်းတို့ဖြင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ကြွရောက်အားပေးကြသော လူကြီးများ၊ အနုပညာရှင်များ၊ စေတနာဖြင့် သင်ကြားပေးသော ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ အလှူရှင်များ၊ ၀ိုင်းဝန်းကူညီကြသော သူငယ်ချင်းများ အားလုံးအား အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

အမေ့အိမ်ပညာရေးကော်မတီ

အလျှုရှင်များနှင့် သူငယ်ချင်များအားလုံး မင်္ဂလာပါ...

အမေ့အိမ် ပညာဒါနကျောင်းရဲ့  Summer Course သင်တန်းများကို လာမည့် 29th May မှာ သင်တန်းဆင်းပွဲ ကိုကျင်းပပြုလုပ် ပါမည်။ အမှတ်တရအဖြစ် အမေ့အိမ်ရဲ့ ကိုယ်ပိုင် facebook စာမျက်နှာကို 29th May , 2011 တွင် စတင်ဖွင့်လှစ်ပါမည်။

Facebook name မှာ '' အမေ့အိမ် ( Mother's house ) '' ဖြစ်ပါသည်။

ကျောင်းလိပ်စာ။
အမှတ် ၅၄၈ , မေခလမ်း , ၁၄ ရပ်ကွက် , လှိုင်သာယာမြိုနယ်, ရန်ကုန်တိုင်း။

လေးစားစွာဖြင့်
ကိုငယ်
095162060

29 May 2011

၁၉၈၈ အရေးအခင်းကာလ အတွင်းက ရိုက်တာ သတင်းဋ္ဌာနက ရိုက်ကူးထားတဲ့ မှတ်တမ်း ရုပ်သံမြင်ကွင်းများ..



သတင်းရုပ်ပုံများ ရပ်ဆိုင်းသွားပါက ခေတ္တစောင့်ဆိုင်းပြီး ကြည့်ရှုနိုင်ပါတယ်...။



ထိုစဉ်က လူထုဆန္ဒပြပွဲများ၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင် ကြေငြာချက်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးနဲ့ ဗိုလ်ချုပ်စောမောင်ရဲ့ အာဏာသိမ်း ကြေငြာချက် စသည်တို့ ပါဝင်တဲ့ ရှားပါး ရုပ်သံဖိုင်တွေပါ.... ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးကို မမှီ၊မသိရှိလိုက်တဲ့ ယနေ့ခေတ် လူငယ်များ လေ့လာသိရှိနိုင်ဖို့ ရှာဖွေ တင်ပြလိုက်ပါတယ်...

ဒီမိုဝေယံ

ပြည်တွင်း ပရိသတ်များ ဒေါင်းလုပ်လုပ်ချင်ရင်
http://www.mediafire.com/?a9aoqa0qnhun2af (file 1)

ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော


နိုင်ငံတနိုင်ငံဟာ သိက္ခာရှိဖို့နဲ့ တိုးတက်ဖို့ဆိုရင် အစိုးရတရပ်ဟာ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားဖို့ လိုအပ်ကြောင်း မေလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၁၉၉ဝ ရွေးကောက်ပွဲ နှစ်ပတ်လည် နေ့ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

“၁၉၈၈ ခုနှစ် ပြည်သူလူထုရဲ့ အုံကြွမှုကြီးကနေ ပေါက်ဖွားလာတဲ့ အဲဒီရွေးကောက်ပွဲကို ကျင်းပစဉ် အခါတုန်းက ကျမတို့ကို ပေးခဲ့တဲ့ကတိတွေ၊ အဲဒီတုန်းက နဝတ ပေါ့နော်။ ပေးခဲ့တဲ့ကတိ ဆိုတာဟာ ပြည်သူလူထုကို ပေးခဲ့တဲ့ကတိတွေ။ ပြီးတော့ နိုင်ငံတနိုင်ငံဟာ သိက္ခာရှိဖို့၊ နိုင်ငံတနိုင်ငံဟာ တိုးတက်ဖို့ ဆိုတာဟာ အခြေခံအားဖြင့် ပြည်သူလူထုကို လေးစားရမယ်။ ပြည်သူလူထုကို လေးစားရမယ်ဆိုတာ ပြည်သူလူထုကို မလှည့်ဖျားရဘူး။ ပြည်သူလူထုကို အခု စကားတမျိုးပြောပြီး နောက် စကားတမျိုး မပြောရဘူး။ ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ ၁၉၉ဝ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ် မပြုတာကို ကျမတို့ အမြဲ ကန့်ကွက်တယ်။ အမြဲ ကန့်ကွက်တဲ့အကြောင်းက NLD ကို အာဏာ မလွှဲလို့ မဟုတ်ဘူး၊ ပြည်သူလူထုကို မလေးစားလို့,

ရန်ကုန်မြို့ ရွှေဂုံတိုင် NLD ပါတီဌာနချုပ်မှာ မနေ့က ကျင်းပတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောဆိုခဲ့တာပါ။

ဒါ့အပြင် NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကလည်း အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရဲရဲဝံ့ဝံ့ ပါဝင် လက်မှတ်ရေးထိုးကြဖို့ အခမ်းအနားမှာ ဖိတ်ခေါ် ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ လုံးပမ်းမှာပဲ။ ဥပဒေနည်းအရလည်း လုံးပမ်းမှာပဲ။ ငြိမ်းချမ်းသောနည်းအားဖြင့် လုံးပမ်းမှာပဲ။ အခုလည်း လက်မှတ်တွေ ထိုးခိုင်းနေတယ်။ လက်မှတ်တွေ ထိုးကြပါ။ အခုကြားတယ်၊ ရွံ့သလိုလို ကြောက်သလိုလို ဘာညာနဲ့။ ဘာ ရွံ့သလို ကြောက်သလို ဖြစ်နေရမှာလဲ။ အခုက သူတို့ကိုယ်သူတို့ စစ်အစိုးရ မဟုတ်ဘူးလို့ ပြောနေတယ်၊ အရပ်သားအစိုးရလို့ ပြောတယ်။ အဲဒီအရပ်သား အစိုးရ တကယ် ဟုတ်မဟုတ်၊ သူတို့ စိတ်ဓာတ် အမှန် ရှိမရှိ ကျနော်တို့ စမ်းသပ်တဲ့အနေနဲ့ လက်မှတ်တွေ ထိုးပါလို့ ကျနော်တို့ ပြောချင်တယ်,

၁၉၉၀ ရွေးကောက်ပွဲမှာ NLDပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ နဝတ၊ နအဖ စစ်အစိုးရ အဆက်ဆက်က ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ (၂၁) နှစ်ပြည့် အခမ်းအနားမှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပြောစကားတွေကိုRFAအဖွဲ့သား ကိုဥာဏ်ဝင်းအောင်က ကောက်နှုတ် တင်ပြထားပါတယ်။

သတင်းရင်းမြစ်..RFA

မြန်မာနိုင်ငံတွင်ခေတ် နဲ့ မညီ တဲ့ ဥပဒေများအားပယ်ဖျက်မည်ဆိုပြန်ပြီး ..။


“ဒီလထဲမှာ Capacity Building ကို စလုပ်နေတယ်။ လာမယ့်လမှာ ဥပဒေတွေကို စပြီး ပြန်လည်ဆန်းစစ်၊ စိစစ်မယ်။ ခေတ်နဲ့ မညီတဲ့ ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ ဥပဒေတွေ ဥပမာ-ဒေါ်လာ ကိုင်ဆောင်ခွင့်လိုမျိုးတွေကို ပယ်ဖျက်၊ ပြုပြင်နိုင်အောင် စိစစ်တာတွေလုပ်ဖို့ လွှတ်တော်နာယကကြီး တွေက ညွှန်ကြားထားပြီးပြီ” ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဒေါက်တာမြတ်ဥာဏစိုး (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)က ပြောကြားသည်။


မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော ဥပဒေများတွင် အင်္ဂလိပ်လက်ထက်က ပြဋ္ဌာန်းထားသော ဥပဒေအချို့ ကျန်ရှိနေသေးပြီး အချို့ဥပဒေများမှာ နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပြန်ပြင်ထားပြီး ဖြစ်သော်လည်း ခေတ်နှင့် လျော်ညီမှုမရှိခြင်း၊ လက်တွေ့လိုက်နာရန် မဖြစ်နိုင်ခြင်းဆိုသည့် အားနည်းချက်များရှိသော ဥပဒေများလည်းရှိကြောင်း၊ နိုင်ငံခြားငွေ ကိုင်ဆောင်ခြင်း ဥပဒေကဲ့သို့သော ဥပဒေများမှာ ခေတ်နှင့် အံမဝင်သကဲ့သို့ ခေတ်ကာလအရ ပြည်သူများ လက်တွေ့ လိုက်နာရန် မဖြစ်နိုင်သော ဥပဒေဖြစ်ကြောင်း အသက် ၅၉နှစ်အရွယ်ရှိ အမည်မဖော်လိုသူ ဗဟိုတရားရုံးချုပ် ရှေ့နေတစ်ဦးက သုံးသပ်ခဲ့ကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ "