02 July 2011

ဒေးပါတီများ ပြန်လည် ထွန်းကား၊ မြန်မာအမျိုးသမီးငယ်များ လာရောက်မှုများပြား

နိုက်ကလပ်တချို့နှင့် မနက် ပိုင်း ကလပ်များတွင် ပြုလုပ်သည့် ဒေးပါတီများသို့ ငယ်ရွယ်သော အမျိုးသမီးလေးများ လာရောက် ပျော်ပါးမှုများပြားလာကြောင်း အဆို ပါကလပ်၊ ဒီဂျေတီးခတ်သူအသိုင်း အဝိုင်းအတွင်းမှ သိရသည်။

လွန်ခဲ့သော ၅ နှစ်ခန့်က နိုက် ကလပ်သို့ သွားရောက်သည့် အမျိုး သမီးအများစုမှာ ပြည့်တန်ဆာနှင့် အပျော်ကြူးသော လူလတ်ပိုင်းအ ရွယ်များသာ ဖြစ်ခဲ့သော်လည်း တိုး တက်လာသည့် အိုင်တီခေတ်နှင့် အညီ အနောက်တိုင်းယဉ်ကျေးမှု အမျိုးမျိုးတက်သစ်စ လူငယ်လူရွယ် များအကြားလွှမ်းခြုံလာသော ကြောင့် ယခုနောက်ပိုင်းတွင် နိုက် ကလပ်၊ ဒေးကလပ်များသို့ အထက် တန်းလွှာ ဆယ်ကျော်သက်အရွယ် အမျိုးသမီး များအပြင် အရွယ် မရောက်သေး သည့် အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်များ လည်းအများအပြားလာရောက်လေ့ ရှိကြောင်း ဝါရင့်ဒီဂျေသမားများက ပြော သည်။

”မနက်ပိုင်း ဒေးကလပ်ပုံစံမျိုးနဲ့ ပိုက်ဆံရှိတဲ့ လူငယ်လူရွယ်တွေ စုပြီး တော့ ကလပ်တွေကို ငှားပြီး ဒေးပါ တီတွေအပတ်စဉ်ပြုလုပ်လာတာတွေ ပြန်ပြီး တွင်ကျယ်လာတယ်။ မနက် ပိုင်းလုပ်တဲ့ပွဲတွေဆိုတော့ ကျောင်းသူ အရွယ်အမျိုးသမီးငယ် တွေ အလွယ်တကူ အိမ်က ထွက် လာလို့ ရနေတာပေါ့၊ ဝင်ကြေးနဲ့ ဖျော်ဖြေရေးပုံစံကတော့ အမျိုးမျိုး ပါပဲ။ တချို့ပွဲတွေမှာ စတိတ်ရှိုး သီဆိုမှုပါဝင်ပေမယ့် အများစုက နိုက်ကလပ်ပုံစံပါပဲ။

အမျိုးသမီးတွေ ရဲ့ ဝတ်စားဆင်ယင်မှု တွေကတော့ ပြောမနေပါနဲ့။ ကျွန် တော်တောင် နိုင်ငံခြားကလပ်မှာ တီးနေရတယ်လို့ တစ်ခါတလေ ထင်မိပါတယ်” ဟု ဝါရင့် ဒီဂျေ တစ်ဦးက ဆိုသည်။ အဆိုပါ နိုက်ကလပ်၊ ဒေးက လပ်များ ဖွင့်လှစ်မှုသည် ၂ဝဝ၈-၂ဝဝ၉ ခုနှစ်တွင် တွင်ကျယ်ခဲ့ကြောင်း အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင် ပြပြီးမှသာလျှင် ဝင်ခွင့်ပြု သည့်စနစ် ကို နောက်ပိုင်းကျင့်သုံးခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သက် ဆိုင်ရာမှ ဖွင့်လှစ်ခွင့် ပိတ်ပင်ခဲ့ ကြောင်း သိရှိရသည်။ ဒေးကလပ်ပုံစံပါတီများ၏ ဝင်ကြေးမှာ တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ မှ ၁ဝဝဝဝ ဝန်းကျင်ဖြစ် ကြောင်းသိရသည့်သတင်းအား Popular News ဂျာနယ်တွင်ဖော်ပြပါရှိပါသည်.။


ကျောက်ပန်းတောင်း ဆေးရုံ ဆရာဝန်ကြီးရဲ့ စရိတ်မျှပေးဆေးဆိုင်

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာယုဝေနဲ့ စာရေးကြီး စိုးရွှေတို့ဟာ မွေးစားရင်း ထုတ်ပေးရာမှာ တစောင် တထောင်ကျပ် ပေးမှသာ လက်မှတ်ရေးထိုး ထုတ်ပေးပါတယ်။

ကျနော်တို့ ဆေးရုံမှာ အရင်တုန်းက ၀န်ထမ်းသက်သာဆိုပြီးတော့ ကော်မတီဖွဲ့စည်းထားတာ ရှိပေမယ့် အဲဒီကော်မတီနဲ့ ညှိနှိုင်းဆွေးနွေးမှု မရှိဘဲ သူတို့နှစ်ဦးတည်း တိုင်ပင်ပြီး ဆေးကုမ္ပဏီကနေ ဆေးတွေ မှာပြီးတော့ စရိတ်မျှပေး ဆေးဆိုင်က ငွေတွေနဲ့ မတည်ပြီးတော့ ဆရာဝန်ကြီးအတွက် ၁၅ ရာခိုင်နှုန်း အမြတ်တင်တယ်။ ဆေးတွေကို သူ့အိမ်မှာ သိလှောင်ထားပြီးတော့ ဆေးရုံဝန်ထမ်းသက်သာအတွက် ၁၅ ရာခိုင်နှုန်း ထပ်တင်တော့ ကျနော်တို့ ဒေသခံ ပြည်သူလူထုတွေ ဆေးရုံတက်တော့ ဆေးဈေးနှုန်းတွေက အပြင်ကထက် ပိုပြီးတော့ စရိတ်ကြီးမားနေတာပေါ့။

နောက်တချက်က ကိုယ်ဝန်ဆောင် မိခင်တွေအတွက် PNCB ပရောဂျက်ကနေပြီးတော့ HIV/AIDS ရှိမရှိ ဆေးရုံမှာ အခမဲ့ စစ်ဆေးပေးတယ်ဆိုတာ ဆရာဝန်ကြီးကိုယ်တိုင် သိလျက်သားနဲ့ ဆေးရုံမှာ စစ်ဆေးမပေးဘဲနဲ့ သူ့ရဲ့ နေအိမ်မှာပဲ တခါသုံးတွေနဲ့ စစ်ပြီးတော့ ဘီပိုး၊ စီပိုးနဲ့ HIVရယ် စစ်ဆေးခနှုန်း တသောင်းကျပ် ယူပါတယ်။ နောက် ဆေးရုံက လူနာတွေကို မွေးဖွားပေးတဲ့အခါမှာ ရိုရိုး သာမန်မွေးကို နှစ်သောင်းခွဲ၊ ခွဲစိတ်မွေးဖွားခက သုံးသောင်းခွဲ တောင်းတယ်။ ဆေးရုံမှာ ကိုယ်လိုချင်တဲ့နေ့ ဆိုရင်တော့ ကျပ် တသိန်းပေါ့။ ဆေးဖိုးဝါးခအပြင် အလှူငွေလည်း တောင်းခံနေပါတယ်။ အခမဲ့ ထောက်ပံ့ပေးတဲ့ ဆေးဝါးတွေကိုလည်း ရောင်းချနေပါတယ်။ မြို့နယ်ဆရာဝန်ကြီးနဲ့ စာရေးပေါင်းလုပ်တဲ့ အတွက်ကြောင့် လက်ထောက်ဆရာဝန်တွေ၊ သူနာပြုဆရာမကြီးတွေက သူတို့နှစ်ယောက်ကို ကြောက်နေရပါတယ်။ ပြောတော့ ပြည်သူ့ဆေးရုံဆိုပြီး သူတို့ အိတ်ထဲပဲ ထည့်နေကြတယ်လေ။ ကျန်တဲ့သူတွေကိုလည်း သူတို့ဘက်ပါအောင် မဲဆွယ်နေပါတယ်။ ဒီအကြောင်းတွေ အထက်ကို တင်ပြထားပေမယ့် သက်ဆိုင်ရာလူကြီးတွေက အရေးမယူကြောင်းကို DVB သတင်းဌာန တွင်ဖော်ပြထားပါထားပါသည်.။


CRPP အနေနဲ့ လူငယ် သွေးသစ်တွေကို ကော်မတီမှာ တာဝန်ပေးဖို့ ဆုံးဖြတ်

ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီ CRPP အနေနဲ့ လူငယ် သွေးသစ်တွေကို ကော်မတီမှာ တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက NLD ပါတီ ဌာနချုပ်မှာ ပြုလုပ်တဲ့ CRPP အစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာပါ။

CRPP အစည်းအဝေးကို NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပြင် ဗဟို အလုပ် အမူဆောင် ဦးဝင်းတင်၊ ဦးသန်းထွန်း ဦးလှဖေ တို့နဲ့ CPPP အတွင်းရေးမှူး ဦးအေးသာအောင်၊ ဦးကျင်ရှင်းထန် နဲ့ ဦးစိုးဝင်းတို့ တက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလိုပြောပါတယ်။ "အထွေထွေ နိုင်ငံရေး အခြအနေကို သုံးသပ်တယ်။ ပြီးတော့ CRPP အဖွဲ့မှာ အသက်အရွယ် ကြီးရင့်တာ၊ တချို့ကလည်း ကျမ်းမာရေးချို့တဲ့တာတွေကြောင့် လစ်လပ်သွားတဲ့ နေရာတွေမှာ သက်ဆိုင်ရာ ပါတီတွေအလိုက် သင့်တော်တဲ့ ပုဂ္ဂိုလ်များကို အစားထိုး အားဖြည့်သွားဖို့ သူတို့ ဆုံးဖြတ်တယ်လို့ သိရပါတယ်။ " အစည်းအဝေးမှာ NLD ပါတီ အပေါ် ပြည်ထဲရေး ၀န်ကြီး ဌာနက သတိပေးချက်နဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီအကြောင်း အသေးစိတ်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။

သတင်းရင်းမြစ်..RFA

ဒေါ်အောင်ဆန်းစုကြည် နှင့် လူငယ် များတွေ့ဆုံပွဲ ရုပ်သံ

01 July 2011

စစ် နဲ့ ပြည်သူ အထူးသတင်း တင်ပြချက်

ပြောချင်လာပြီ ..။


NLD နဲ့ အန်တီစု အပေါ် သတင်းစာတွေက စည်းမဲ့ကမ်းမဲ့ ရေးနေတာတွေကြောင့် မေးပြောကလေး ပြောချင်လာတယ် ။ အခုလက်ရှိ အစိုးရပါလို့ ပြောနေတာ ဘာအစိုးရလဲ ? သူတို့ပြောနေတာ အရပ်သားအစိုးရ ၊ ဒီမိုကရေစီအစိုးရ ...အဲဒီလိုပဲ သူတို့ ကိုယ်တိုင် ခဏခဏ ပြောနေတာပဲ ။

အရပ်သားအစိုးရ ဒီမိုကရေစီအစိုးရ ဆိုတဲ့ပုဂ္ဂိုလ်တွေကိုပဲ မေးချင်တယ် ။ အဲ့ဒီနိုင်ငံရဲ့ အမြင့်ဆုံးအာဏာ သုံးရပ်ဖြစ်တဲ့ (အုပ်ချုပ်ရေးအာဏာ ၊ တရားစီရင်ရေးအာဏာ ၊ ဥပဒေပြုအာဏာ) အဲ့ဒီအာဏာ သုံးရပ်ဟာ ဘယ်မှာတည်သလဲ သိပါသလား ? ပြည်သူ့လွှတ်တော်မှာသာတည်တယ်ဆိုတာ မသိလို့လား ? ဒါမှမဟုတ် ရူးချင်ယောင်ဆောင်နေတာလား ? ဒါမှမဟုတ် စာမတတ်လို့လား ? ဒါဆိုရင် လွှတ်တော်တရပ် မရှိသေးစဉ်ကာလတုန်းက ၊ ရွေ့းကောက်ပွဲကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဆိုတဲ့လူက သူ့သဘောနဲ့ သင်းဖွဲ့စည်းမျဉ်းဥပဒေ ဆိုတဲ့ ဥပဒေကိုလွှတ်တော်မပါပဲ ဖျက်သိမ်းခွင့် ရှိသလား ? မသိလို့လား ? ရူးနေတာလား ? ဥပဒေပြုအာဏာ ဆိုတာ ဥပဒေတရပ်ကို ပြဋ္ဌာန်းချင်ရင်ပဲဖြစ်ဖြစ် ၊ ဖျက်သိမ်းချင်ရင်ပဲဖြစ်ဖြစ် လွှတ်တော်မှာသာ အာဏာ တည်တယ်ဆိုတာ ကော်မရှင်ဥက္ကဋ္ဌကြီး ရူးနေလို့ မသိဘူးထင်တယ် ။

အခု လွှတ်တော်ရှိနေပြီ ဆိုတော့လည်း ၊ ပြည်ထဲရေးဝန်ကြီး က သူ့သဘောတစ်ခုထည်းနဲ့ သင်းဖွဲ့စည်းမျဉ်းဥပဒေကို ဖျက်သိမ်းလို့မရတာကို မသိဘူးလား ? စစ်အစိုးရမဟုတ်တော့ဘူးလေ ။ အမိန့် အာဏာ နဲ့ အုပ်ချုပ်လို့ မရတော့တာ သတိမထားမိဘူးထင်ပါရဲ့ ။

ဥပဒေတရပ်နဲ့အညီ မှတ်ပုံတင်ခဲ့တဲ့ NLD ပါတီကို ဖျက်သိမ်းဖို့ဆိုတာ ။ အဲဒီ သင်းဖွဲ့စည်းမျဉ်းဥပဒေကို ၊ ဥပဒေနဲ့အညီ ပြည်သူ့လွှတ်တော်ကသာလျှင် ဖျက်သိမ်းပြီးမှ ... အဲ့ဒီဥပဒေနဲ့ မှတ်ပုံတင်ခဲ့တဲ့ ပါတီဟာလည်း ပျက်ပြယ်တယ်ဆိုတာ ရူးချင်ယောင်ဆောင်ပြီး အရူးကွက်ဖမ်းပြီး မသိကြတာလား? နောက်တစ်ခု ပြောဦးမယ် ... လွှတ်တော်တရပ်နဲ့အတူ တရားဥပဒေနဲ့အညီ တက်လာတဲ့ အစိုးရကြီးက ( ကချင်ပြည်နယ်) မှာစစ်ပွဲတွေ ဆင်နွှဲနေတာ ၊ လွှတ်တော်မှာ အတည်ပြုချက်ယူခဲ့သလား ? စစ်ပွဲအတွက် သမ္မတ ကြီးကိုယ်တိုင် လက်မှတ်ထိုးပြီး ခွင့်ပြုခဲ့သလား? ( မင်းအောင်လှိုင် ) ဆိုတဲ့ ဗိုလ်ချုပ်တယောက်ရဲ့ အမိန့်နဲ့ စစ်ပွဲ လုပ်ခွင့်ရှိသလား ။

သမ္မတကြီး လက်မှတ်ထိုးပြီးတိုက်ခိုင်းရင် တရားဝင် ကြေငြာသလား ? မေးစရာတွေ များစွာ ကို ဖြေကောဖြေနိုင်သလား ? ပြည်သူလူထုကိုစာမတတ်တဲ့သူတွေလို သဘောထားနေသလား ? စစ်အာဏာရှင်လက်ထက်က တမျိုးလုပ်ခဲ့သေးတယ် ။။ (ဥပဒေ ကဲ့သို့ အာဏာတည်သောအမိန့်) တဲ့လေ ။ လွှတ်တော်မရှိပဲ ဥပဒေပြုခွင့်မရှိတဲ့ စစ်တပ်က လုပ်ချင်တာလုပ်ဖို့ ဥပဒေ မဟုတ်ပဲ ၊ အမိန့်ကို အရူးကွက်ဖမ်းပြီး ( ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်) တဲ့လေ ။

အမိန့်က အမိန့်ပဲ ။ဥပဒေမှ မဟုတ်တာ ။ ဒါကိုပဲ ဥပဒေကဲ့သို့ အာဏာတည် ရမယ်တဲ့ ။ ဥပမာ တစ်ခုပေးချင်တယ် ... သွေးသည် နီ၏ ။ ခွေးသွေးသည်နီ၏ ။ထို့အတူ လူ၏သွေးသည်နီ၏ ။ နီတာချင်းတူ၏ ...ဆိုတာမျိုးလိုဖြစ်နေပြီ ။ နီတာခြင်းတူတိုင်း ခွေးက လူမဖြစ်ဘူး ။ ခွေးကခွေးပဲ ။ လူကလူပဲ ။ ဥပဒေက ဥပဒေပဲ ။ အမိန့်က အမိန့်ပဲ ။ အမိန့်နဲ့ ဥပဒေပြုခွင့်မရှိသလို ဖျက်သိမ်းခွင့်လည်းမရှိဘူး ဆိုတာ မသိတာလား? လူတစ်ဦးတယောက် ။ ကော်မရှင်တစ်ခု ၊ အဖွဲ့တစ်ခု ။

မည်သူ့သဘောနဲ့မှ ဥပဒေပြုခွင့် မရှိပါဘူး ။ ဖျက်သိမ်းခွင့်မရှိပါဘူး ။ ဥပဒေပြုအာဏာသည် ပြည်သူ့လွှတ်တော်မှာ တည်တယ်ဆိုတာကို ၊ မသိတာလား ။ ရူးချင်ယောင်ဆောင်ပြီး နေတာလား ။ စာမတတ်လို့ လားလို့ မေးရင်နဲ့ မသိရင်မှတ်ထား ။ နိုင်ငံတော် အမြင့်ဆုံး အာဏာသုံးရပ်ဖြစ်တဲ့ ( အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ ဥပဒေပြုအာဏာ ) တွေဟာ ပြည်သူ့လွှတ်တော်မှာပဲတည်တယ်ဟေ့ ။

ရေးသားသူ.........(အ.ဘ.ယ)

30 June 2011

ဦးသိန်းစိန်ကပြည်သူတွေလုံခြုံရေးနဲ့စားဝတ်နေရေးအဓိကထားနေလို့ ပေါက်လိုက်တဲ့ဗုံး၊ခရီးသွားကားများလည်းမီးရှို့ခံရ၊ တိုက်ပွဲများလည်းဆက်တိုက်ဖြစ်.

ရန်ကုန်-ရေး-ထားဝယ် လမ်းကြောင်းကို ပြေးဆွဲ နေသည့် ခရီးသည်တင် အဝေးပြေး မော်တော်ယာဉ် နှစ်စီးကို ယနေ့ ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ရေးမြို့ အနီးတွင် လက်နက်ကိုင် သောင်းကျန်းသူများက မီးရှို့ဖျက်ဆီး လိုက်ကြောင်း အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်း ဒဂုံလမ်းပေါ်ရှိ ရန်ကုန် - ထားဝယ် ယာဉ်လိုင်းဂိတ်မှူး တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

မီးရှို့ဖျက်ဆီးခြင်း ခံရသော အဝေးပြေးကား နှစ်စီးမှာ ရန်ကုန်-ရေး-ထားဝယ် ပြေးဆွဲနေသည့် ရာဇာမင်းဂိတ်နှင့် ရွှေလီ ရတနာဂိတ်တို့မှ အဝေးပြေး မော်တော်ယာဉ်များ ဖြစ်ပြီး သံဖြူဇရပ်နှင့် ရေးမြို့ အကြားရှိ လိမ္မော်ခြံအနီးတွင် ဖြစ်ကြောင်း နှင့် အခြားရန်ကုန် - ထားဝယ် ပြေးဆွဲနေသည့် အဝေးပြေး မော်တော်ယာဉ် အချို့မှာလည်း ဆက်ကြေး တောင်းခံရ ကြောင်း ၎င်းထံမှ သိရှိရသည်။

ယင်းကဲ့သို့ ရန်ကုန် - ရေး - ထားဝယ် အဝေးပြေး မော်တော်ယာဉ်နှစ်စီး သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခြင်း ခံရသည်မှာ မှန်ကန်ကြောင်းနှင့် ၎င်းတို့ဂိတ်မှ မီးရှို့ခံရသောကားမှာ ယမန်နေ့ညက ရန်ကုန်မှ ထားဝယ်သို့ ထွက်ခွာသွားသည့် ဟွန်ဒိုင်း အမျိုးအစား (၆ ခ / ၁၄၆၅) ခရီးသည်တင်ယာဉ် ဖြစ်ကြောင်းနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များ အန္တရာယ် တစ်စုံတစ်ရာ မရှိကြောင်းမှာ ရွှေလီရတနာဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် လကလည်း မွန်ပြည်နယ် ရေးမြို့အနီးတွင် ခရီးသည်တင်ယာဉ် ငါးစီးကို အကြမ်းဖက် သောင်းကျန်းသူများက ပစ်ခတ် တားဆီးကာ ဆက်ကြေးအဖြစ် ထားဝယ် - ရန်ကုန် ကားတစ်စီးလျှင် ကျပ် ၁၀ သိန်း တောင်းခံခဲ့ပြီး ရွှေမြင်းပျံ၊ ရွှေဝယ်ရတနာ၊ သုခရတနာ ဂိတ်တို့မှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မေလ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိခဲ့သည်။

ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ရေးမြို့အနီး၌ လက်နက်ကိုင် သောင်းကျန်းသူများ တားဆီးကာ ဆက်ကြေးအဖြစ် တောင်းခံသည့် ဖြစ်စဉ်တွင် ရန်ကုန် - ရေး - ထားဝယ် ပြေးဆွဲနေ သည့် အဝေးပြေး မော်တော်ယာဉ် ရှစ်စီးခန့် ပါဝင်ပြီး အဆိုပါ ယာဉ်များအားလုံး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာက လိုက်လံ ရှင်းလင်းလျက် ရှိကြောင်း အဝေးပြေးဂိတ်များထံမှ သတင်းရရှိသည်။ သောင်းကျန်းသူများ မီးရှို့ခဲ့သည့် အဝေးပြေး မော်တော်ယာဉ် နှစ်စီး၏ အခြေအနေနှင့် ပတ်သက်၍ The Voice Weekly က သတင်းများ ဆက်လက် စုံစမ်းလျက် ရှိသည်ဟု ၄င်းသတင်းဂျာနယ်တွင်ဖော်ပြထားပါသည်.။

သီပေါစော်ဘွား၏ မဟာဒေ၀ီ စ၀်သုစန္ဒီနှင့် တွေ့ဆုံမေးမြန်းခန်း နှင့် သူတို့၏ကြေကွဲဖွယ်ရာဇတ်လမ်း



နောက်ခံစကားပြောမထည့်ထားလျှင်ပို၍စိတ်ဝင်စားဘို့ကောင်းပါမည်။

Interesting story about Shan


စာအုပ်ရဲ့ အဖွင့်မှာ- (သြစကြီးယားနိုင်ငံ ဗီယင်နာမြို့Schloss Laudon) ဆိုတဲ့ ဇိမ်ခံ ဟော်တယ်ကြီး တခုရဲ့ ဧည့်ခန်းထဲကို နောက်ဆုံးသော မျှော်လင့်ချက်တွေ.. နာကျည်းမူတွေ နဲ့ အတူ သမီးလေး ၂ယောက်ကို လက်ဆွဲပြီး ၀င်လာတဲ့.. အမျိုးသမီးငယ် တယောက် နဲ့ စထားပါတယ်။ အဲဒီ အမျိုးသမီးကတော့..တချိန်တုန်းက.. ရပ်ရွာလူထု က..ချစ်ခင်လေးစားခဲ့ကြတဲ့.. ရှမ်းမင်းသမီးတပါး ဖြစ်ခဲ့တဲ့ ..သြစကြီးယားနိုင်ငံသူ အင်ဂျီ ဖြစ်ပြီး.. သူလက်ဆွဲလာတဲ့ ကလေး ၂ယောက်ကတော့.. (ကိန္ဒရီ နဲ့ မာယာရီ) ဆိုတဲ့ ရှမ်း-သြစကြီးယန်း ကပြား သမီးလေး ၂ယောက်ပါ။ သူတို့ တွေ့ဖို့ ကြိုးစားခဲ့တဲ့ သူကတော့.. ဥရောပါမှာ ဇိမ်ခံ ရင်း ..ဆေးကုဖို့ ရောက်နေတဲ့..မြန်မာပြည်က..ခေါင်းဆောင်ကြီး ဦးနေ၀င်း ဖြစ်ပါသတဲ့။



အဖြစ်အပျက်တွေက.. နှစ်လေး ငါး ဆယ်နှစ် ကြာနေပြီ ဖြစ်ပေမဲ့.. အင်ဂျီ မှာ..သူ့ခင်ပွန်းသည်ရဲ့ ကံကြမ္မာ ဘယ်လို အဆုံးသပ်ခဲ့ရတယ် ဆိုတာ..သိဖို့အတွက်..ဇွဲမလျော့ပဲ တောက်လျှောက် ကြိုးစားနေခဲ့တယ်။ အခုလည်း.. သတ္တိတွေ အပြည့်နဲ့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် မေးဖို့..သူ ရောက်လာခဲ့ပြန်တယ်။ ဒါပေမဲ့..အခန်းထဲက..ထွက်မလာတဲ့..တာဝန်ရှိသူကြီးက.. သူ့ဇနီး ဒေါ်ခင်မေသန်းကို လွှတ်ပြီး..စပ်ကြာဆိုင် မသေသေးပါဘူး..ကျန်းကျန်းမာမာ ရှိနေပါတယ် လို့.. အဖြေပေးလိုက်သတဲ့။


ဒီအဖြေ စကားက..အခြေအမြစ်မရှိ သလို ဘယ်ကိုမှ ဆက်သွားစရာလည်း မရှိတော့တဲ့.. ငရဲကလာတဲ့ အလိမ်အညာ လမ်းဆုံးစကားတခုသာ ဖြစ်တယ်ဆိုတာ..သူသိပေမဲ့.. အခု ထက်ထိလည်း..သူ့ခင်ပွန်း အလောင်း ကို မတွေ့ခဲ့ရ။

တကယ်တော့.. ငယ်ရွယ် ထက်မြတ်တဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ဟာ.. ၁၉၆၂ ခုနှစ် စစ်အာဏာ အသိမ်းမှာ တခြားသော.. တိုးတက် ထက်မြတ်တဲ့ တိုင်းရင်းသားခေါင်းဆောင် များနည်းတူ.. လက်စဖျောက် ခံခဲ့ရတာပါ။

+++++

သူတို့ ၂ယောက်ရဲ့ ဇတ်လမ်းလေးက.. တကယ့်ကို ပုံပြင်ဆန် ပြီး ကြည်နူးဖွယ်..ကြေကွဲဖွယ်တွေ အတိနဲ့ပါ။

အချိန်က..၁၉၅၁ ခုနှစ်။ ကော်လိုရာဒို ပြည်နယ်ရဲ့ ဒန်ဗာ ဆိုတဲ့မြို့လေးက Colorado School of Mines မှာ.. ကျောင်းလာတက်ကြတဲ့..အာရှတိုက်သား မိုင်းအင်ဂျင်နီယာ ကျောင်းသားလေး နဲ့ exchange student အနေနဲ့ ခဏ ရောက်နေတဲ့ သြစကြီးယား နိုင်ငံသူလေး တို့ ချစ်ခင်စုံမက်သွားကြတဲ့.. သာမာန် အချစ်ဇတ်လမ်းလေး တခုပါပဲ။ အဲဒီတုန်းက..ကျောင်းအုပ်ကြီးကလွဲလို့.. ဒီ အင်ဂျင်နီယာ ကျောင်းသားလေးဟာ အာရှတိုက်က.. ဘုရင်ငယ်လေး တပါး ဆိုတာ ဘယ်သူမှ မသိစေအောင်..သူကိုယ်တိုင်က..သိုဝှက်ထားခဲ့တယ်တဲ့။


သူတို့ ၂ယောက် လက်ထပ်ပြီးတော့.. အင်ဂျီက..ယောင်နောက်ဆံထုံးပါ.. လိုက်လာခဲ့တယ်။ သူတို့ သဘောင်္ကြီး ရန်ကုန် ဆိပ်ကမ်းကို ကပ်ကာနီးလို့ .. အလံတွေ ပုဝါတွေ တရမ်းရမ်း..ဗုံမောင်းသံ တညံညံ နဲ့ ဆိပ်ကမ်းပြည့် ကြိုနေကြတဲ့ ရှမ်းလူမျိုးတွေကို မြင်တော့မှ.... "There is something I have to tell you, my dear." လို့ ပြောလိုက်တဲ့..ခင်ပွန်းသည်ရဲ့ စကားအဆုံးမှာ... သူမဘ၀ဟာ အရှင်လတ်လတ်ကနေပြီး.. မင်းသမီးတပါး ဖြစ်သွားခဲ့ရပြီး....တပြိုင်တည်းမှာပဲ..ရှုပ်ထွေးလာနိုင်မဲ့ သူ့ အနာဂါတ်ကိုလည်း အာရုံရမိလိုက်တယ်..လို့.. အင်ဂျီက လွမ်းဆွတ် ထားပါတယ်။





သူတို့ မောင်နှံ သီပေါ ဟော်နန်းကို ရောက်တဲ့ အချိန်ကစပြီး..အဲဒီ နယ်တခွင်မှာ ပြုပြင်ပြောင်းလဲ ရေးတွေ ဖြစ်လာတော့တယ်။ စပ်ကြာဆိုင်က..သူကိုယ်တိုင် လူဖြစ်ခဲ့တဲ့ မြေရှင်ပဒေသရာဇ် စနစ်ကြီး ကို ပြောင်းလဲဖို့ ကြိုးစားရင်း..သူ့ရဲ့ ရှမ်းအမျိုးသားတွေကို ဒီမိုကရေစီ စနစ်ဆီ လမ်းခင်းပေးခဲ့တယ်။ မြေယာတွေ ကို ပြည်သူ့ဆီ ပြန်ရောက်အောင် လုပ်ပေးခဲ့တယ်။ သူသင်ခဲ့တဲ့ ပညာတွေနဲ့..ဒီဒေသ ရဲ့ အသက်သွေးကြော..တွင်းထွက် သယံဇာတတွေ ကို အောင်အောင်မြင်မြင် ထုတ်ဖော်နိုင်ခဲ့တယ်။ သြစတြေလျ နိုင်ငံက..ဘူမိဗေဒ ပညာရှင်တွေ ငှားပြီး တိုင်းတာ ရှာဖွေရေး တွေကို အကောင်းဆုံးအဆင့် နဲ့လုပ်တယ်..။ နိုင်ငံခြားက..မျိုးစိတ်အသစ်တွေ ၀ယ်ယူပြီး.. စိုက်ပျိုးမွေးမြူရေးတွေကို..စက်မူ နည်းပညာတွေနဲ့ မြှင့်တင်ပေးခဲ့တယ်။ အင်ဂျီ ကိုယ်တိုင်လည်း စာသင်ကျောင်းတွေနဲ့ အမျိုးသမီးကဏ္ဍ တွေကို ကိုယ်ဖိ ရင်ဖိ ဆောင်ရွက်ခဲ့တယ်။ ဗမာလုံခြည်နဲ့ ဆံထုံးနဲ့ နေထိုင် ဆင်ယင်ခဲ့တဲ့ အင်ဂျီ တဖြစ်လဲ သုစန္ဒီမင်းသမီးကို အားလုံးက.. အလေးထား လေးစားခင်မင်ကြတယ်။ အဲဒီ ရပ်ရွာတွေမှာဆို.. သူတို့ မောင်နှံပုံကို ဘုရားစင်မှာတင်ပြီး ကိုးကွယ်တာမျိုးတောင် ရှိခဲ့တယ်တဲ့။

ဒါပေမဲ့.. လူကောင်းလူတော် တွေကို ၀မ်းပန်းတသာ ကြိုဆို လက်ခံလေ့ မရှိတဲ့..ဒီမြေ..ဒီရေ..ဒီထုံး..ဒီအမုန်းတွေနဲ့ အတူ ၁၉၆၂ ခု နှစ် မတ်လ ရဲ့ နိုင်ငံရေး မုန်တိုင်း ထဲမှာပဲ..ရန်ကုန်မြို့လွှတ်တော်ညီလာခံ က အပြန် ဘယ်မှာ ပျောက်ဆုံး သွားမှန်း မသိတဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ကို ယနေ့ထက်ထိ ဘယ်သူမှ ပြန်မတွေ့ကြရတော့ပါဘူး။



အဲဒီ အချိန်မှာ လူမမယ် သမီး ၂ယောက်နဲ့ ကျန်ခဲ့တဲ့ အင်ဂျီ ကို သီပေါဟော်မှာပဲ..အစောင့်အကြပ် ထူထပ်စွာ နဲ့ အကျယ်ချုပ် ထားခဲ့တယ်။ ဘာကိုမှ မကြောက်တတ်ခဲ့တဲ့ အင်ဂျီ ကလည်း..သူ့ဆက်သွယ်နိုင်သမျှ အရာရှိ စစ်အာဏာပိုင် မှန်သမျှ ထံ လိုက်လံ စုံစမ်းခဲ့ပေမဲ့.. "I am writing this secretly. I am being locked up in the army lockup at Ba Htoo Myo at Lawksawk... Miss you all. Conditions here are not clean. Hope to see you soon. Cheer up yourself! I am still OK. Love, Sao Kya Seng." ဆိုတဲ့ လျှို့ဝှက်စွာ ရောက်လာတဲ့..စာလေးတစောင်ကလွဲလို့..ဘာသဲလွန်စ မှ မရခဲ့တော့ဘူး။

၂ နှစ်လောက်..အားမလျှော့တမ်း စုံစမ်း နေခဲ့ရင်း..နောက်ဆုံးမှာတော့..သူ့အတွက် အန္တရယ်တွေ ၀ိုင်းနေတဲ့..တစိမ်းပြင်ပြင် ဖြစ်လာတဲ့ အခြေအနေတွေကြောင့်.. သြစကြီးယားသံရုံးရဲ့ အကူအညီနဲ့ သမီးလေး ၂ ယောက်အတွက် နိုင်ငံကူးလတ်မှတ် အတု လုပ်ပြီး မြန်မာနိင်ငံထဲက..ခိုးထွက် လာခဲ့တော့တာ..ကနေ့အထိ..အခု စာအုပ်ကို ရေးသားဖြစ်တဲ့ အထိပေါ့။

ဒီစာအုပ်ကို ဒုတိယ အိမ်ထောင်ဖြစ်တဲ့ ခင်ပွန်းသည်ရဲ့ အားပေးတိုက်တွန်းမူ နဲ့ ရေးသားထုတ်ဝေခဲ့တာဖြစ်ပြီး..အလင်းရောင် ပျောက်ကွယ်ရင်း..မှောင်စပြုနေတဲ့ ဗမာပြည်ရဲ့ ဖိနှိပ်ကန့်သတ်မူတွေကို ကမ္ဘာက သိအောင်..နောက်..သူ့ခင်ပွန်းစပ်ကြာဆိုင် ရဲ့ သူ့မြေသူ့ရေ အပေါ် တာဝန်ကျေခဲ့ပုံ.. နိုင်ငံရေး အမြင်ကျယ်ခဲ့ပုံတွေ..လူသားဆန်ခဲ့ပုံတွေကို မှတ်တင်းတင် ရစ်ဖို့ပါလို့ ဆိုထားပါတယ်။


ဒီစာအုပ်ကို ၁၉၉၄ မှာ ဟာဝိုင်ယီတက္ကသိုလ် စာအုပ်တိုက်က..ပုံနှိပ်ခဲ့ပါတယ်။ စာအုပ်ရဲ့ အတွင်းအဖုံးမှာ အမေရိကန်မှာ အခြေချ နေထိုင်နေတဲ့.. စာရေးသူ -အငြိမ်းစားကျောင်းဆရာမ ကြီး အင်ဂျီရဲ့ မဟာနဖူး ဆံထုံး မြင့်မြင့်ကြီးနဲ့ ဓါတ်ပုံ ကို ကြက်သရေ ရှိစွာ မြင်ရနိုင်ပါတယ်။ Burma lifeline ဆိုတဲ့ ဖောင်ဒေးရှင်းတခုကိုလည်းအင်ဂျီ နဲ့ သူ့ဒုတိယခင်ပွန်းက မတည်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

(အကြောင်းအချက် တချို့နှင့် ပုံများကို ဤနေရာမှ ရယူပါသည်။ )

--

ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ မတရားသည့် ကြေငြာချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြေငြာချက်..

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ကြေငြာချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေငြာချက်..

Today NLD Statement

29 June 2011

အာဏာပိုင်ရဲ့သတင်းဌာန တခုဖြစ်တဲ့ကြေးမုံ သတင်းညာက ဗုံးပေါက်ကွဲ မှုနဲ့ပါတ်သက်ပြီးလုပ်ချလိုက်ပြန်ပြီး..

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ ဇွန် ၂၄ရက် နံနက်ပိုင်းက ပေါက်ကွဲမှုများ အသီးသီးဖြစ်ပွားခဲ့ရာ နေအိမ်နှစ်လုံးနှင့် မော်တော်ယာဉ်တစ်စီးပျက်စီးခဲ့ပြီး လူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်မှ ဗုံးဖောက်ခွဲသူ တရားခံအား ဖမ်းဆီးရမိရေးအတွက်သက်ဆိုင်ရာတာဝန်ရှိသူများက အသေးစိတ် စုံစမ်းစစ်ဆေး ဖော်ထုတ်ဆောင်ရွက်ခဲ့ရာ တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုကြောင့် နေပြည်တော်တွင် ပေါက်ကွဲသော နေအိမ်မှာ မန္တလေးမြို့မဟာအောင်မြေမြို့နယ်နေ ဒေါ်သန်းမြင့်၏ နေအိမ်ဖြစ်ပြီး ဧပြီ ၂၄ရက်က စိုင်းဆမ်နှင့် စိုင်းအိုက်ဆိုသူတို့ကတစ်လလျှင် ငွေကျပ် ခြောက်သိန်းငါးသောင်းနှုန်းဖြင့် ခြောက်လစာပေး၍ငှားရမ်း ထားခြင်းဖြစ်ကြောင်း၊ထို့အတူ ပြင်ဦးလွင်၌ ပေါက်ကွဲမှု ဖြစ်သောအိမ်မှာ ဒေါ်စောစန္ဒာပိုင် နေအိမ်ဖြစ်ပြီး စိုင်းဆမ်နှ င့် စိုင်းအိုက်ဆိုသူတို့ကပင် မေ ၅ရက်က တစ်လလျှင် ငွေကျပ်တစ် သိန်းလေးသောင်းနှုန်းဖြင့် ခြောက်လစာပေး၍ငှားရမ်းနေခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

မန္တလေးတွင် ပေါက်ကွဲခဲ့သည့် ကားနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ပေါက်ကွဲသည့် SURF ကားအမှတ် ၃ခ/၁၉၀၄ (လိုင်စင်မဲ့) ယာဉ်မှာ ကားပွဲစား ဟာရှင်နှင့် ကျော်ကျော်ထက်တို့ထံမှ တစ်ဆင့် ဇွန် ၂၁ရက်တွင် အမျိုးသားသုံးဦးက ငွေကျပ် သိန်းခြောက်ဆယ်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသားတစ်ဦးမှာ ငွေထုပ်ကို ကိုင်ဆောင်လာကြောင်း၊ ကားဝယ်သူများသည် ယင်းကားအမှတ် ၃ခ/၁၉၀၄ ဖြင့် မန္တလေးမြို့ ပစ္စဖိတ်ဟိုတယ်သို့ ဇွန် ၂၃ရက်က တစ်ညလာရောက် တည်းခိုသွားကြောင်း၊ ဆက်လက်စုံစမ်း ဖော်ထုတ်ချက် အရ မဟာအောင်မြေမြို့နယ် ၈၃လမ်း၊ ၃၅နှင့် ၃၆လမ်းကြားရှိ အားဝေ(ခ)စိုင်းလှအောင်၏ နင်ဂျာဆိုင်ကယ် အပိုပစ္စည်းဆိုင်တွင် လုပ်ကိုင်နေသူ မူဆယ်မြို့နယ် တိန်လုံရွာနေ စိုင်းမိုးဟိန်း ၁၉နှစ် (အဘ ဦးအိုက်စိုင်း)၏ အစ်ကို စိုင်းကျော်မြင့်ဦးမှာ ကားလာဝယ်စဉ် ငွေထုပ်ကိုင်လျက် ပါလာသူဖြစ်ကြောင်း ပေါ်ပေါက်သိရှိရပြီး စိုင်းမိုးဟိန်းထံမှ ရရှိသည့် စိုင်းကျော်မြင့်ဦး၊ စိုင်းဆမ်နှင့် စိုင်းအိုက်တို့၏ ဓာတ်ပုံများကို ပြသစုံစမ်းရာ ဟာရှင်နှင့် ကျော်ကျော်ထက်တို့က ကားလာဝယ်သူများမှာ စိုင်းကျော်မြင့်ဦး၊ စိုင်းဆမ်နှင့် စိုင်းအိုက်တို့ဖြစ်ကြောင်း အတည်ပြုထွက်ဆိုခဲ့ကြောင်း သိရသည်။

အထက်ပါ ပေါ်ပေါက်ချက်များအရ စိုင်းကျော်မြင့်ဦး၊ စိုင်းဆမ်နှင့် စိုင်းအိုက်တို့ သုံးဦးသည် နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် တစ်ပြိုင်တည်း ဗုံးဖောက်ခွဲရန် ကြိုတင်ကြံစည်၍ ပြည်သူများ ထိခိုက်သေကျေစေရန်၊ ထိတ်လန့်ကြောက်ရွံ့ကြပြီး အလုပ်ပျက် အကိုင်ပျက် ဖြစ်စေရန် ရည်ရွယ်၍ ဖောက်ခွဲမည့်ကားကိုလူစည်ကားရာမန္တလေး ဈေးချိုတိုက်တန်း ရှေ့တွင်ထား၍ ဖောက်ခွဲခဲ့ခြင်းဖြစ်
ကြောင်း တွေ့ရှိရသည်။

ဖောက်ခွဲမှုသုံးခုကို ပူးပေါင်းကြံစည် ကျူးလွန်ခဲ့သည့် တရားခံ သုံးဦး၏ ပုံပန်းသဏ္ဌာန်မှာ စိုင်းဆမ်- အသက် ၂၅နှစ်၊ အရပ် ၅ ပေ ၅လက်မ၊ အသားဖြူ၊ ၀ဲမျက်စိဘေးတွင် အမာရွတ် တစ်ခုရှိ၊ စိုင်းအိုက်- အသက် ၂၅နှစ်၊ အရပ် ၅ ပေ ၃လက်မ၊ ဆံပင်ဘိုကေ၊ အသားဖြူ၊ ပါးတွင် တင်းတိပ်များရှိ၊ စိုင်းကျော်မြင့်ဦး- အသက် ၂၅နှစ်၊ အရပ် ၅ ပေ ၄လက်မ၊ ဆံပင် ကုပ်ထောက်၊ နဖူးကျယ်၊ နှာတံပေါ်၊ အသားလတ်၊ စကားဝဲ။ အဆိုပါ တရားခံသုံးဦးအား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်သိပြည်သူများအနေဖြင့် မသင်္ကာသူ တွေ့ရှိပါက အမြန်ဆက်သွယ် သတင်းပေးပို့ကြပါရန် ဇွန်လ ၂၉ရက်နေ့ထုတ် ကြေးမုံ သတင်းညာတွင် ဖော်ပြထားပါသည်။


အာဏာရှင်တို့ ရဲ့  ကြိုးပေးသတ်ဖြတ်မှုကို မတရားခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်း ကိုတင်မောင်ဦးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်။

ဒါလား တရားဥပဒေ....မျှတမှု မရှိရင် တည်မြဲမှု ဆိုတာ ဘယ်ရှိ နိုင်တော့မှာလဲ..။

မတရားအကျဉ်းချခံထားနေရတဲ့ ဘလော့ဂါ နေဘုန်းလတ်ရဲ့  ယနေ့  ကျရောက်သော မွေးနေ့ အမှတ်တရ။


၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ( ၂၉) ရက်နေ့ မှာ နအဖ အာဏာ ရူးတွေရဲ့ မတရား အကျဉ်းချခံထားနေရတဲ့ နေဘုန်းလတ်ရဲ့ ယနေ ကျရော က် သော မွေးနေ့  အမှတ်တရ အနေနဲ့  နေဘုန်းလတ် ရေးသားခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ပြန်လည် တင်ပြရင်း ဘလော့ဂါ နေဘုန်းလတ်တစ်ယောက်လွတ်လပ်သော ဘ၀များ ပိုင်ဆိုင်ပြီး လွတ်လပ်သော ရေးသားမှုများနဲ့ မွေးနေ့ ဆက်တိုင်း လွတ်လပ်ပျော်ရွှင်ပါစေလို့  ဆုတောင်းအပ်ပါတယ်။

ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များ (ရေးသားသူ - နေဘုန်းလတ်)။




ဆရာက ကျောင်းသားတစ်ယောက်ကို သူ့ရဲ့စားပွဲရှေ့မှာထိုင်ခိုင်းပြီး ငါ့ကို 'က' တစ်လုံးရေးပြလို့ ပြောပါတယ်။ ကျောင်းသားကလည်း သူ့ရှေ့ကစာရွက်အလွတ်ထဲမှာ 'က' အကြီးအကြီးတစ်လုံးရေးပြီး ဆရာ့ရှေ့ကို ထိုးပေးလိုက် ပါတယ်။ ဆရာက သူ့အဖြေကို လက်မခံပါဘူး။ ဆရာ့ဘက်က ကြည့်တော့ သူ့ရဲ့အဖြေက 'ယ' ဖြစ်နေတာကိုး။

နောက်ကျောင်းသားတစ်ယောက်ကို ဆရာက ခေါ်ယူပါတယ်။ ခုနကအတိုင်းပဲ 'က' ရေးခိုင်းပါတယ်။ ကျောင်းသား ကလည်း စာရွက်ပေါ်မှာ 'က' လို့ရေးပြီး စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်။ ဆရာက သူ့အဖြေကို သဘောကျ လက်ခံပါတယ်။

ဒီအဖြစ်အပျက်လေးမှာ ကျွန်တော်တို့ ဘာကို သွားတွေ့ရသလဲဆိုရင် ကိစ္စရပ်တိုင်းမှာ Angle of Vision လို့ခေါ် တဲ့ ရှု့ထောင့်အမျိုးမျိုး ရှိနိုင်တယ်ဆိုတာပါပဲ။ ဒီအဖြစ်အပျက်လေးမှာဆိုရင် ကျောင်းသားနှစ်ယောက်လုံးက မှန် နေတာပါပဲ။ ဒါပေမယ့် ဆရာက ပထမကျောင်းသားရဲ့ အဖြေကို ဘာကြောင့်လက်မခံရတာလဲ။ တစ်ခုတည်း ကွာ သွားတာပါ။ ပထမကျောင်းသားက သူ့ဘက်ကအမြင်အတိုင်း ဆရာ့ကိုသွားပြတာကိုး။ ဒုတိယကျောင်းသားက တော့ ဆရာ့ရဲ့ရှုထောင့်ကနေ အမှန်မြင်နိုင်အောင် စာရွက်ကို လှည့်ပြလိုက်တာကိုး။ ဒီနေရာမှာ သတိထားရမှာ တစ်ခုက ဒုတိယကျောင်းသားဟာ ဆရာ့ဘက်ကို 'က' မြင်ရအောင် သူက 'ယ' လို့အမှားကြီးရေးလိုက်တာ မဟုတ်ပါဘူး။ သူလဲအမှန်ပဲရေးလိုက်ပြီး ဆရာ့ဘက်ကလည်း အမှန်ပဲ မြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေ မယ့် အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ။

အဲဒီကျောင်းသားလေးကိုနမူနာယူပြီး -

ကျွန်တော်တို့လည်း အချို့သောကိစ္စရပ်တွေမှာ သူ့ဘက်ကလည်း ဘယ်လိုများမြင်နိုင်မလဲလို့ စဉ်းစား တွေးခေါ် ချင့်ချိန်ပြီး သူ့ရဲ့ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊ ဆွေးနွေးပြဖို့လိုပါလိမ့်မယ်။ အဲဒါမှလည်း ကိုယ်မှန်တယ်ဆိုတာကို သူနားလည် လက်ခံလာနိုင်မှာပါ။ အဲဒီလိုမဟုတ်ဘဲ ကိုယ်မှန်တယ်ဆိုတာကို ကိုယ့်ဘက်က အမြင်တစ်ခုထဲနဲ့ ကြည့်ပြီး ဇွတ်အတင်း ငြင်းခုံနေမယ်ဆိုရင်တော့ လိုလားအပ်တဲ့ အခြေအနေတစ်ခုကို ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး။

ဘလောဂ်ဂါ ကိုနေဘုန်းလတ်ရဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။




နေဘုန်းလတ်အတွက် မှတ်တမ်းတင်ထားတဲ့ အင်တာနက်စာမျက်နှာလေးဖြစ်တဲ့ http://freenpl.blogspot.com/ ကိုလည်း သွားရောက်ဖတ်ရှူကြပါလို့  လမ်းညွှန်အပ်ပါတယ်။

28 June 2011

အမျိုးသမီးများ ပြည်ပ သွားရောက် လုပ်ကိုင်ခွင့် ပိတ်ထားချိန် ၊ အလည်အပတ် ဗီဇာ ဖြင့် လာရောက် လုပ်ကိုင် ရန် ပွဲစားများ ဆွဲဆောင်

မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနမှ မလေးရှား သို့ အမျိုးသမီးများ တရားဝင် အလုပ် သွားရောက် လုပ်ကိုင်မှုကို တားမြစ်ထား ပြီးနောက်ပိုင်း ပွဲစား အချို့မှာ အလည်အပတ် ဗီဇာ (visit visa) ဖြင့် အမျိုးသမီးများ အားပို့ ဆောင်ပေးမှုများ ရှိလာကြောင်း သိရသည်။

ပြည်ပသို့ အလည်အပတ်ဗီဇာ (VISIT VISA) ဖြင့် သွားရောက် အလုပ်ရှာဖွေ သူများ အနေဖြင့် အလုပ်အကိုင် ရရှိပါက ၄င်းအလုပ် မှာ တရားဝင် မဟုတ်သောကြောင့် အလုပ်သ မား ရပိုင်ခွင့်၊ အကျိုးခံစားခွင့်များ ရရှိနိုင်မည် မဟုတ်ကြောင်း ပြည်ပ အလုပ်အကိုင် ကျွမ်း ကျင်သူ အသိုင်းအ၀ိုင်း များထံမှ သိရသည်။

“အခုနောက်ပိုင်း အရင်ကလို မိန်းကလေး တွေကို အလုပ်အကိုင်ဗီဇာ (job visa) နဲ့ ထွက်ခွင့်မပြုတော့ တစ်ဖက်လှည့်ပြီးအလည် အပတ် ဗီဇာ (VISIT VISA) နဲ့သွားဖို့ ပွဲစား အချို့ က ဆွဲဆောင်ကြတယ်။ အလည်အပတ် ဗီဇာ ဆိုတာ ဟိုရောက်သွား လို့သူ့ရဲ့ သတ်မှတ်ထား တဲ့အချိန် ကာလ ကျော်လွန် လို့မှ နိုင်ငံ ကပြန် မထွက်ရင် အဲ့ဒီလူက အိုသမား(over stay) ဖြစ်သွားရော၊ ပွဲစားတွေက ဟိုရောက်ရင် အလုပ်ပါ တစ်ပါတည်း ရမယ်လို့ပြောပေမယ့် အဲဒီ အလုပ်ကလည်း တရားဝင် အလုပ်မဟုတ် တဲ့ အတွက် တစ်ခုခု ထိခိုက်မှု၊ နစ်နာမှု တစ်စုံ တရာဖြစ်လာရင် အလုပ်သမား အခွင့်အရေး ဘာတစ်ခု မှရမှာ မဟုတ်သလို တစ်ဖက် အစိုး ရကလည်း ဘာမှ ဖြေရှင်း ပေးမှာ မဟုတ်ဘူး။ယောက်ျားလေး တောင် အိုသမား (over stay) တစ်ယောက် အ နေနဲ့ ရပ်တည်ဖို့ မလွယ်ကူတာ။ မိန်းကလေး ဆိုရင် ပိုပြီး ဆိုးတာပေါ့” ဟု ပြည်ပ အလုပ် အကိုင်ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

ထို့ပြင် ယင်းသို့ အလည် အပတ်ဗီဇာ (VISIT VISA) ဖြင့် အလုပ် သွားရောက် လုပ်ကိုင် သူများမှာ သာမန် တရားဝင် အလုပ် ခေါ်စာဖြင့် သွားရောက် သူများထက် ၀န်ဆောင်ခ ငွေကြေး ပိုမို ကုန်ကျ ကြောင်း သိရသည်။

“ပွဲစားခက အားလုံးပေါင်းရင် ကျပ် ၁၃ သိန်းနီးပါ လောက်ကုန်တယ်။ နောက် တစ်ပတ် ထဲ သွားရမယ် လို့တော့ပြောတယ်။ ဟိုရောက် ရင် တစ်ခါတည်း အလုပ်ပါရ မယ်လို့လည်းပြော တယ်။ ဘာပဲဖြစ်ဖြစ် ရောက်သွားဖို့ အရေးကြီး တယ်။ ဟိုနိုင်ငံမှာ သူငယ်ချင်းတွေလည်း အများ ကြီးရှိတော့ သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး” လို့ မလေးရှားသို့ အလည်အပတ် ဗီဇာ(VISIT VISA) ဖြင့် သွားရောက်မည့် အသက်(၂၀) အရွယ် မိန်းလေး တစ်ဦးက ပြောပြသည့်သတင်းအားမြန်မာပို့စ် ဂျာနယ်တွင်ဖော်ပြထားသည်။

မန္တလေးတက္ကသိုလ်ကျောင်းအတွင်း Daimond Sky ဆိုတဲ့ KTV

ကျမတို့​ မန္တ​လေး​မြို့​ ၇၈ လမ်း​နဲ့​ သိပ္ပံလမ်း​ထောင့်​ မန္တ​လေး​တက္ကသိုလ်​ကျောင်း​ ဧရိယာအတွင်း​မှာ Daimond Sky ဆိုတဲ့​ KTV ကို ​ဗြောင်ကျကျ ဖွင့်​ထား​ပါတယ်။

ဒီဆိုင်က မိန်း​က​လေး​တွေလည်း​ ထား​တော့​ ​ဘေး​ပတ်ဝန်း​ကျင်က အ​ဆောင်​နေတဲ့​ ​ကျောင်း​သူ​တွေအတွက် အများ​ကြီး​ အ​နှောင့်​အယှက်ဖြစ်ရပါတယ်။ ​ကျောင်း​သား​တွေကလည်း​ ညဆိုရင် အဲဒီဆိုင်မှာပဲ အချိန်ကုန်​နေကြပါတယ်။ ရန်ပွဲကလည်း​ ညတိုင်း​နီး​ပါး​ဖြစ်ပြီး​ ပတ်ဝန်း​ကျင်ကို အ​နှောင့်​အယှက်ဖြစ်ရပါတယ်။ ​နေ့​ခင်း​ဆိုရင် အဲဒီဆိုင်က အခန်း​တွေကို အချိန်ပိုင်း​နဲ့​ငှား​တဲ့​အတွက် စုံတွဲ​တွေအတွက် လွတ်လပ်စွာ ချိန်း​တွေ့လို့​ ရပြီး​ အခန်း​ထဲမှာဆိုရင် ကွန်ဒုံ​တွေ၊​ အပြာကား​တွေ ကြည့်​နိုင်​အောင် စီစဉ်​ပေး​ထား​ပါတယ်။ အဆိုး​ဆုံး​က​တော့​ ​ကျောင်း​သား​တွေအတွက် လွတ်လပ်စွာ မူး​ယစ်​ဆေး​ဝါး​သုံး​လို့​ရတဲ့​ ​နေရာကြီး​ ဖြစ်​နေပါတယ်။

မန္တ​လေး​တက္ကသိုလ်​ကျောင်း​ ဧရိယာမှာ ဘီယာဆိုင်၊​ အရက်ဆိုင်​တောင် ဖွင့်​ခွင့်​မ​ပေး​တာ ဒီလိုဆိုင်ကို ဘာလို့​ဖွင့်​ခွင့်​ရ​နေတာလဲဆိုတာ တိုင်း​ဝန်ကြီး​ချုပ် ဦး​ရဲမြင့်​နဲ့​ ပညာ​ရေး​ဝန်ကြီး​ကို ​မေး​ပေး​ပါရှင့်​။ ကျမတို့​ ​ကျောင်း​သူ ​ကျောင်း​သား​တွေအတွက် ပျက်စီး​အောင် ဖျက်ဆီး​နေတဲ့​ အဲဒီ KTV ဆိုင်ကို အမြန်ဆုံး​ပိတ်​ပေး​ပါလို့​ သမ္မတ ဦး​သိန်း​စိန်ကို တင်ပြလိုက်ပါတယ်။

တတိယနှစ် ရတနာပုံ ​ကျောင်း​သူတဦး

သတင်း .DVB

27 June 2011

Hip Hop ကြိုက်တဲ့၊ မောင်လမြိုင်ထောင် ရောက်နေတဲ့ မဖြိုးဖြိုးအောင်


မဖြိုးဖြိုးအောင်

၂၀၀၇ ခုနှစ် ဗကသ ပြန်ဖွဲ့ရာမှာ ခေါင်းဆောင်တဦး၊ အဖွဲ့ဝင်တဦး အနေနဲ့ ပါဝင်သူ မဖြိုးဖြိုးအောင်(ခေါ်) မနှင်းပွင့်ဝေဟာ အဲဒီအချိန်က နည်းပညာ တက္ကသိုလ် မြို့ပြအင်ဂျင်နီယာ ကျောင်းသူပါ။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလ ဗကသ လှုပ်ရှားမှုတွေကြောင့် အာဏာပိုင်များ လိုက်လံဖမ်းဆီးလို့ မဖြိုးဖြိုးအောင် တိမ်းရှောင်ရပါတယ်။

၂၀၀၈ နာဂစ်ဒေသကို ကူညီဖို့ ပုန်းနေရာက ထွက်ပြီး သူငယ်ချင်းများနဲ့အတူ ဖခင်ဖြစ်သူရဲ့ဦးဆောင်မှုနဲ့ အစားအစာ ဝေငှခြင်း၊ တလကျော်ကြာ ဥပက္ခောပြုခံထားရတဲ့ ရုပ်အလောင်းများ ရှင်းလင်း မြှုပ်နှံခြင်းတွေ လုပ်ခဲ့ပါတယ်။

ဧရာဝတီတိုင်း အပြန်လမ်းမှာ သူတို့ အားလုံး အဖမ်းခံရပြီး မဖြိုးဖြိုးအောင် ထောင် ၄ နှစ် ကျပါတယ်။ မော်လမြိုင်ထောင် ရောက်ပါတယ်။ ဖခင်က ဖားအံထောင် ရောက်ပါတယ်။ မိသားစုက ၂ နေရာ ခွဲပြီး ထောင်ဝင်စာ တွေ့ရတာပါ။

ဖခင်ဖြစ်သူက မကြာခဏ ထိန်းသိမ်းခံရသူပါ။ ၁၉၈၉ မှာ ဒေါက်တာနေ၀င်း ထောင် ၁၅ နှစ် ချခံရချိန်မှာ မဖြိုးဖြိုးအောင်ဟာ တနှစ်သမီးပဲ ရှိပါသေးတယ်။ မိခင်ရဲ့ သွန်သင်မှု၊ ဖခင်ရဲ့ ထောင်ဝင်စာ သံဇကာတွေ ကြားက ဆုံးမမှုတွေနဲ့ ကြီးပြင်းခဲ့ပြီး ပညာ ကြိုးစား သင်ပါတယ်။

ပညာရေး အခွင့် အလမ်းတွေကိုလည်း မပြည့်စုံတဲ့ မိသားစု ဘ၀ထဲက ခက်ခက်ခဲခဲ ရှာဖွေရပါတယ်။

ဖခင် ဒေါက်တာနေ၀င်းက ဒီနှစ် မေလမှာ ပြန်လွတ်လာပါပြီ။ မဖြိုးဖြိုးအောင် ကတော့ မော်လမြိုင် ထောင် အတွင်း ကြမ်းတမ်း ခက်ခဲမှုတွေကို ယုံကြည်ချက်နဲ့ ကျော်ဖြတ်ဆဲပါ။

ဟစ်ပ်ဟော့နဲ့ ပေါ့ပ် ဂီတကို နှစ်သက်တဲ့၊ အင်္ဂလိပ်စာ၊ ကွန်ပြူတာ ဘာသာရပ်တို့ကို အထူး စိတ်ဝင်စားတဲ့၊ အများ အကျိုးဆောင်ရွက်တဲ့ မဖြိုးဖြိုးအောင် မိသားစုနဲ့ အမြန်ဆုံး ပြန်လည် ဆုံဆည်းပါစေ။

သားကြီး (AAPP)

ရန်ကုန်မြို့ပေါ်ကအလှည့်ကျ နယ်မြေ ရဲ များနှင့် နယ်မြေ အာဏာပိုင်လူကြီးများ စားပေါက်တမျိုး ဖန်တီးကြအုန်းမည်.။

ငွေ အကြွေစေ့ဖြင့် လဲလှယ် ကစားသည့် လောင်းကစား ဝိုင်းများ အပါအဝင် Game Centerများနှင့် ကာစီနို ကစားဝိုင်း လုပ်ငန်းရှင်များအား ယခုလ တတိယပတ်အတွင်း မှစ၍ ပိတ်သိမ်း တော့မည်ဟု သတင်းရရှိသည်။ရန်ကုန်တိုင်းဒေသကြီး မြို့တွင်းဧရိယာနှင့် လူစည်းကားရာ အဆောက်အအုံများနှင့် ဈေးအနီး ဝန်းကျင် အခန်းများတွင် ခေတ်ပေါ်စနစ်ဖြင့် ပြုလုပ်လျက်ရှိသော ကာစီနိုခေါ်ဂိမ်းကစားဝိုင်းများနှင့် ဂိမ်းဆိုင်များဖွင့်လှစ်ထားသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အား အာဏာပိုင်များ ခေါ်ယူသတိပေး၊ လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ဧရိယာရှိ သိမ်ကြီးဈေး၊ ညောင်ပင်လေးဈေး၊ သံဈေး၊ မင်္ဂလာဈေးနှင့် အခြားမြို့နယ်များရှိ လူစည်ကားရာ အဆောက်အအုံများတွင် ဆိုင်ပေါင်း ၂ဝဝ ဝန်း ကျင်ခန့်ရှိပြီး ငွေအကြွေစေ့ တစ်စေ့လျင် ၁ဝဝ ကျပ် သတ်မှတ်ထားကြောင်း ယင်းငွေအကြွေစေ့များနှင့် စက်ပစ္စည်းများသည် တရုတ်နှင့်ထိုင်းနိုင်ငံမှ ထုတ်လုပ်သည့် ပစ္စည်းများဖြစ် ကြောင်း လသာမြို့နယ်နေ အဆိုပါကစားဝိုင်းများနှင့် နီးစပ်သူတစ်ဦးထံမှသိရသည်။

“ကာစီနိုဝိုင်းတွေမှာ ကစားနည်းပေါင်း ၂ဝ လောက်ရှိတယ်။ ပိုက်ဆံကို တစ်သောင်းဖိုးကနေ သိန်းပေါင်းများစွာအထိ ဆိုင်ရှင်ဆီမှာ လဲထားလို့ရတယ်။ ကိုယ်ကနိုင်လို့ ရှိရင်လည်း ပြန်လဲလို့ရတယ်။ စက်ထဲမှာထည့်ထားတဲ့ အကြွေစေ့တွေ ကုန်သွားရင်လည်း ကွန်ပျူတာက အလိုလျောက်ပြတယ်။ အကုန်လုံးက နိုင်ငံတကာ အဆင့်မီတယ်လို့ ပြောတာပဲ။ ကစားဝိုင်းတွေမှာ အရွယ်ကောင်းတဲ့ မိန်းကလေးတွေက စောင့်ကြည့်ပေး ကြတာ။ နိုင်တဲ့အခါလည်း သိန်းပေါင်းများစွာ နိုင်သလို ရှုံးတဲ့အခါဆိုလည်း ပြန်ယူလို့တောင် မလောက်ပါဘူး” ဟု ၄င်းကဆိုသည်။

အဆိုပါ ကစားနည်းများသည် ၂ဝဝ၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး သက်ဆိုင်ရာမှ တရားဝင်ဖွင့်လှစ် ခွင့်မပေးခဲ့ကြောင်း၊ ယခုအခါ ယင်းကစားဝိုင်းများသည်ခေတ် ပေါ် နည်းပညာများဖြင့် လုပ်ကိုင်လာကြခြင်းကြောင့် တားမြစ်အရေးယူသွားရန် အစိုးရသစ်မှ ညွှန်ကြားထားကြောင်း သိရသည်။

အကြွေစေ့ဖြင့် လဲလှယ်ကစားသည့် ကစားနည်းများကို ယခင်က မြန်မာနိုင်ငံတွင်နေထိုင်သည့် တရုတ်လူမျိုးများသာ ကစားလေ့ရှိခဲ့ပြီး ယခုအခါလူမျိုးမရွေး စိတ်ဝင်တစားကစားလာ ကြကြောင်း သိရ သည်။၏့သတင်းအား ပေါ်ပြူလာဂျာနယ်တွင်ဖော်ပြထားပါသည်.။

ရန်ကုန်မြို့ကြီးမှာမိုးသည်းကြီးမည်းကြီး ရွာလို့ ရေကြီးတာမဟုတ်ပါဘူး၊ နည်းနည်းလေး ရွာလည်း ကြီးတာပဲ..


ဇွန် ၁၇ ရက်နေ့ဝန်းကျင် မှစ၍ မိုးများဆက်တိုက် ရွာသွန်းသဖြင့် နှစ်စဉ်လိုလို ကြုံတွေ့နေရသည့် ရေကြီးမှုသည် ဒဂုံမြို့သစ် မြို့နယ်များ အတွင်းမှ အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ယခုနစ်တွင် ဆိုးဆိုးရွားရွား ကြုံတွေ့နေရသည် ဟုလည်း ၎င်းတို့က ပြောကြားသည်။

“မိုးသည်းကြီးမည်းကြီး ရွာလို့ ရေကြီးတာမဟုတ်ပါဘူး၊ နည်းနည်းလေး ရွာလည်း ကြီးတာပဲ။ ရေထွက် ပေါက် မရှိတဲ့အတွက် လေးငါးရက်ကြာရင် ရေပုပ်တွေ ဖြစ်သွားပြီး ထွက်လာတဲ့ အနံ့တွေကို ကလေး လူကြီးအားလုံး ရှူနေရတယ်” ဟုလည်း အမှတ် ၅ ရပ်ကွက် ဒဂုံမြို့သစ် အရှေ့ပိုင်း နေထိုင်သူ ဦးလှ သန်းက ပြောကြားသည်။

ရေလျှံမှု ဖြစ်ပွားနေသော မြို့နယ်များတွင် ဒဂုံမြို့သစ် မြောက်ပိုင်း UE ၁၊ ၂၊ ၃၊ ၄၊ ၅ ရပ်ကွက်များ၊ ၄၄၊ ၄၇ ၊ ၁၁၊ ၁၂ ရပ်ကွက်တို့ ပါဝင်ပြီး ယခုရက်ပိုင်းတွင်လည်း မိုးရွာသွန်းနေပြန်ရာ ရေကျရန် စောင့်နေရပြီး လမ်းမများတွင်ပါ ရေလျှံနေသည့်အတွက် ကူးသန်းသွားလာရေးပင် ခက်ခဲနေကြောင်း မြို့သစ် နေထိုင်သူများက ပြောကြားသည်။

“တစ်ချို့ အနိမ့်ပိုင်းအိမ်တွေဆိုရင် အိမ်ထဲကို ရေတွေဝင်နေတာ တစ်ပတ်လောက် ရှိပြီ ရေကအခုထိ မကျနိုင်သေးဘူး”ဟု ၎င်းတို့က ပြောဆိုကြသည်။

“ဆက်တိုက် ဖြစ်နေမယ် ဆိုရင် တော့ ကျန်းမာရေးအတွက်ပါ စိုးရိမ်လာရပြီ ကလေးတွေ သွေးလွန်တုပ်ကွေးဖြစ်ကြဦးမှာ။ ရေမြောင်းတွေက မစီးတော့ ဘာမှလုပ်လို့မရဘူး”ဟုလည်း ဒဂုံမြို့သစ် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွါးလျက်ရှိသော မြို့နယ်များတွင်၊ လှိုင်သာယာ၊ ဒဂုံမြောက်၊ ဒဂုံတောင်၊ ဒဂုံ အရှေ့၊ ရွှေပေါက်ကံ၊ မြို့သစ်များ ပါဝင်ပြီး မဆလ အစိုးရလက်ထက် တည်ဆောက်ခဲ့သော မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ မြို့နယ်များလည်း ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။ “ကျန်းမာရေးကိစ္စ ဖြစ်လာရင် အကြွေး ထပ်တင်ဖို့ပဲ ရှိတယ် အလုပ်အကိုင်တွေက မကောင်းဘူး” ဟု ဒဂုံမြို့သစ် နေထိုင်သူ လက်လုပ်လက်စား ဈေးသည်တစ်ဦးက ပြောဆိုသည့်သတင်းအား The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်.။

26 June 2011

စစ်အာဏာရှင်အဆက်ဆက်မြန်မာပြည်ထဲက ပြည်သူတွေလုံခြုံရေး


မြို့တွေပေါ်မှာ ဗုံးခွဲတိုက်ခိုက်တာ မဖြစ်ရ အောင် လုံခြုံရေး အစီအမံ က မရှိ သလောက် ဖြစ်နေ တယ်လို့ မြန်မာနိုင်ငံ စစ် ထောက်လှမ်းရေး ဘက်မှာ တာဝန်ယူ ခဲ့ဘူးတဲ့ သူ တဦး က ပြော ပါတယ်။

သောကြာနေ့ က မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင် စတဲ့ မြို့တွေမှာ ဖြစ်ခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှု မျိုးတွေ မဖြစ်ရအောင် ကြိုတင် ကာကွယ်တဲ့ စီမံချက် က သူတို့ ခေတ် တုန်း ကလဲ သေသေချာချာ မရှိ သလို အခုလည်း မရှိပါဘူး လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် က ဘီဘီစီ ကို ပြောပါတယ်။

ဗုံးခွဲမယ့် သတင်းရ ရင် လမ်းပိတ်ရှာတာ၊ ဧည့်စာရင်း စစ်တာ ကလွဲလို့ တင်ကြိုစီမံချက် ဘာမှ မရှိဘူးလို့ သိရ ပါတယ်။

ဗုံးတွေ ကွဲပြီးမှသာ ဘာဗုံး အမျိုးအစား ဖြစ်လို့ ဘယ်သူ့လက်ချက် ဖြစ်တယ် ဆိုတာ ခန့်မှန်း ကြပြီး အခင်း ဖြစ်တဲ့ နေရာ က လူတွေရဲ့ ပြောကြားချက် ကို အခြေခံကာ မသင်္ကာတဲ့ သူကို လိုက်ဖမ်း စစ်ဆေးတာ သာ ဖြစ်ကြောင်း လည်း သူ က သူတို့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြော ပြပါတယ်။

အဲဒီတော့ ဗုံးခွဲသူ အဖြစ် မသေချာပဲ တရားရုံး က ပြစ်ဒဏ် ချမှတ် လိုက်သလို ဖြစ်နေ ကြောင်း သူ က ရှင်းပြပါတယ်။

မြန်မာနိုင်ငံ မှာ ဖြစ်ခဲ့တဲ့ ဗုံးကွဲမှု တွေ ဥပမာ ၂၀၀၅ က ကမ္ဘာအေးစေတီ မှာ စွယ်တော် ပူဇော်ပွဲမှာ ဗုံးကွဲမှု ၊ Junction 8 နဲ့ သင်္ကြန် X2O ရေကစား မဏ္ဍပ် ဗုံးကွဲမှု တွေ အပါအဝင် ဗုံးကွဲမှု အကုန် နီးပါး လက်သည် မရှာနိုင်ခဲ့ ကြောင်း နဲ့ စွပ်စွဲခံရသူ ထုတ်ပြ လာရင်လည်း ယုံကြည်နိုင်စရာ အချက် အလက် တွေနဲ့ သက်သေ မပြနိုင် ကြောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် က ပြောသွား ပါတယ်။

ကမ္ဘာအေးစေတီ မှာ စွယ်တော် ပူဇော်ပွဲမှာ ဗုံးကွဲမှု မှာ ပါဝင် ပတ်သက်တယ် လို့ သင်္ကာ မကင်းခံရသူ စစ်ဗိုလ် တဦး ကို လည်း အထက် က အမိန့် နဲ့ မစစ်ဆေး နိုင်ပဲ လွှတ် ခဲ့ ရတာ တွေ ရှိခဲ့ကြောင်းလည်း သူ က ဆိုပါတယ်။

သတင်းရင်းမြစ်..ဘီဘီစီ

ဗုံးပေါက်ကွဲမှုကြောင့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နယ်လှည့်ခရီးအပေါ်စိုးရိမ်ရသလား..


မြန်မာနိုင်ငံ ဗုံးပေါက်ကွဲမှုတွေ မငြိမ်မသက် ဖြစ်နေတဲ့ အခြေအနေ တွေကြောင့် ဒေါ်အောင်ဆန်း စုကြည် ရဲ့ နယ်လှည့်ခရီး လုံခြုံစိတ်ချရ ပါ့မလား လို့ စိုးရိမ်စရာတွေ ဖြစ်နေ ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌလည်း ဖြစ် ၊ ဒီပဲယင်း အရေး အခင်းမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူတူ တိုက်ခိုက်ခံ ရဖူးတဲ့ ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်ဦးက လုံခြုံရေးနဲ့ ပတ်သက်ပြီး ကျေနပ်လောက်အောင် သက်ဆိုင်ရာ အာဏာ ပိုင် တွေနဲ့ ညှိပြီးမှ သွားမယ်လို့ ဆိုပါတယ်။

လွှတ်တော်ခေါ် အစိုးရဖွဲ့ပြီး နောက်ပိုင်း အစိုးရ က ကေအန်ယူ နဲ့လည်း စစ်ဖြစ် ၊ ရှမ်းနဲ့ လည်း ဖြစ် ၊ ကချင်မှာလည်း ကေအိုင်အိုနဲ့လည်း ဖြစ်နေ တာတွေ ဟာ ကောင်းတဲ့ သဘော သဘာဝ မဟုတ် ဘူး ဆိုတာကို သဘောပေါက်တယ် လို့ ဦးတင်ဦး က ပြောပါတယ်။

နယ်လှည့် ခရီးသွားမယ် ဆိုရင်တဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို သေသေချာချာ တာဝန် ယူဖို့ ညှိနှိုင်း အကြောင်းကြားပြီးမှ သွားမှာ ဖြစ်တယ် ၊ ဒေါ်အောင်ဆန်း စုကြည် ကို မငြိမ် သက်အောင်လုပ်မယ့် လူလိုလို ပြောနေတာ၊ အာဏာပိုင်တွေက အရပ်သား တယောက် လို့ သတ်မှတ်ပြီး သူ့ အတွက် လုံခြုံရေး မစီစဉ် မယ့် သဘော ပြောနေတာ တွေ ဟာ လက်လွတ် စပယ် ပြောတဲ့ သဘော ရောက်နေ တဲ့ အတွက် ဒါတွေကလည်း စဉ်းစားစရာ ဖြစ်တယ် လို့ လည်း သူ က ဆိုပါတယ်။

သတင်းရင်းမြစ်..ဘီဘီစီ

တန်ဖိုး … ကိစ္စ


ဂုဏ်သိက္ခာတဲ့

ငွေကြေးနဲ့ ၀ယ်ထားကြသူများ

အာဏာနဲ့ တည်ဆောက်ထားသူများ

ခန့်ညားထည်ဝါ ဥစ္စာဓနပစ္စည်းများ

သူတောင်းစားရဲ့

ခွက်စုတ်တလုံးလောက်တောင် မရိုးသားခဲ့မှုများ

ငါ့ရှေ့မှာ မော်ကြွားနေကြတယ် …။



အထီးကျန်ဆန်မှုဆိုတာ

ခေတ်ကြီးက သယ်ဆောင်လာတာလား

ခေတ်ကြီးကိုသာ …

အထီးကျန်ဆန်မှုက သယ်ဆောင်နေတာလား

သားဈေး ငါးဈေးထဲက အလှုခံပိုက်ဆံ သေတ္တာပုံးတလုံးလို

ဘ၀က ငါ့ကို ပစ်ချထားခဲ့တယ် …။



နေညိုချိန်လည်း နေညိုချိန်မို့

ပျို့ပျို့တက်လာတဲ့ ချဉ်ခြင်းဟာ

သေရည်အတွက်လို့ မင်းကထင်မယ်

တကယ်က

ငါတို့ငတ်မွတ်နေတာ …။



ကျောင်းထွက်သွားရတဲ့

ကျောင်းသူမကလေးကို

စာနာစိတ်နဲ့

ငါ့မှာ လွမ်းနာကျတယ်

ဒါကို မင့်က ….

မင့်စိတ်နဲ့ နှိုင်းတယ်

မနက်ဖြန်ဟာ …

တန်ဖိုးတွေကို သယ်ဆောင်လာလိမ့်မယ် … ။ ။



ကမာပုလဲ

၂၁၊ ၀၆၊ ၂၀၁၁။

အဘမင်းသိင်္ခ (၇၃) အမှတ်တရ...

အဘမင်းသိင်္ခ (၇၃) အမှတ်တရ
၂၅.၆.၂၀၁၁ (စနေနေ့)၊ နံနက် (၉း၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ရာ အတွင်းရှိ သန္တိသုခသာသနာ့ဗိမာန်တော်ကြီး၌ ကွယ်လွန်သူ အဘဒေါက်တာ မင်းသိင်္ခ၏မွေးနေ့ (၇၃) နှစ်မြောက်အမှတ်တရပွဲနှင့် ပညာသင်ထောက်ပံ့ပွဲ အခမ်းအနား၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် အလှူငွေပေးအပ်ခြင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းအခမ်းအနားတွင် နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ရာ အဘ မင်းသိင်္ခ၏ တပည့်ရင်းမှ ၀ိဇ္ဇာအပေါင်းတို့အား ပင့်ဖိတ် ၍ အဘမင်းသိင်္ခအား သတိရအောက်မေ့ခြင်းအဖြစ် (၂) မိနစ်ခန့် ငြိမ်သက်ခဲ့ကြပြီးနောက် အဘ ဆရာကြီး မင်းသိင်္ခ၏ ကျေးဇူးတရားများအား ရည်စူးကန်တော့ခဲ့ကြသည်။ ထို့နောက် ရာမ ဦးအုန်းမောင် မှ ကန်တော့ရခြင်း၏ ရည်ရွယ်ချက်နှင့် ခင်ပွန်းကြီးဆယ်ပါး၏ ဂုဏ်ကျေးဇူးများကို မမေ့မလျော့ခြင်းသည် အကျိုးထူး အကျိုးမြတ်များ ရရှိခံစားရမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အဘဆရာကြီးမင်းသိင်္ခနှင့် ပတ်သက်၍ အမှတ်တရ စကားပြောကြားခြင်းနှင့် အဘ ဆရာကြီးမင်းသိင်္ခသည် ရုပ်ခန္ဓာ ကွယ်လွန်အနိစ္စ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သော်လည်း ကျွန်တော်တို့၏ အနီးအနားတွင် အစဉ်ထာဝရ ရှိနေသကဲ့သို့ ခံစားမိကြောင်း ပြောကြားခဲ့သည်။ အဘ ဆရာကြီးမင်းသိင်္ခ၏ တပည့်ရင်း ဆရာ/မများမှ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ (၁) သိန်းကျပ်၊ ဆရာမ ချစ်စုသွယ်မှ (၅) သောင်းကျပ် စုစုပေါင်း အလှူငွေကျပ် ၁၅၀၀၀၀/- (တစ်သိန်းငါးသောင်း) ကျပ်တိတိအား လှူဒါန်းခဲ့ရာ ဥက္ကဌ ဦးကျော်သူမှ လက်ခံရယူ သာဓုခေါ်ဆိုခဲ့ပါသည်။

အမှန်တရားရဲ့ အခြားတဖက်ဟာ အမှားမဟုတ်ဘူးနော် … အခြားသော အမှန်တရားတစ်ခုသာ ဖြစ်တယ်။ (မင်းသိင်္ခ)