03 December 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ ရုပ်ရှင်အနုပညာရှင်များ တွေ့ဆုံ








ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က တက္ကသိုလ်ရိပ်သာလမ်း ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့်ရုပ်ရှင်အနုပညာရှင်များ တွေ့ဆုံ ခဲ့ကြကြောင်းသိရသည်။ ထိုသို့တွေ့ဆုံရာတွင် ရုပ်ရှင်အနုပညာ အသိုင်းအ၀ိုင်းမှ ဒါရိုက်တာများနှင့် သရုပ်ဆောင်များ တက်ရောက်ခဲ့ကြပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ....Eleven Media Group

ဒီမိုကရေစီလမ်းပေါ် မရောက်သေး ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုအပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို “ ခိုင်မာပြီး အလွန်ရှင်းလင်းပြတ် သားသော ခေါင်းဆောင်မှု အတွက် ကျေးဇူးတင်ကြောင်း” ပြောကြားပြီး အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင်း အခြေအနေများ တိုးတက်ကောင်းမွန်ရေးနှင့် အစိုးရနှင့်ရော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဒီမိုကရေစီရေး လှုပ်ရှားသူနှင့်ပါ ပူးတွဲအလုပ်လုပ်လိုကြောင်း ပြောကြားလိုက်သည်။

ယနေ့နံနက်ပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် နှစ်နာရီ
နီးပါးတွေ့ဆုံမှုအပြီး နှစ်ဦးစလုံး ကခရီးစဉ်နှင့်ပတ်သက်ပြီး မီဒီယာသို့ ၇ မိနစ်ကြာ ထုတ်ပြန်ပြောဆိုမှုတစ်ရပ်ပြုလုပ်ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ အတူတကွ ရှေ့ဆက်တိုးတက်နိုင်မယ်ဆိုရင် ဒီမိုကရေစီစနစ်ဆီ သွားမယ့်လမ်းကနေ နောက်ပြန်ဆုတ်စရာအကြောင်းမရှိတော့ဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ခုထက်ထိ အဲဒီလမ်းပေါ် ကျွန်မတို့ မရောက်သေးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး မြန်မာအစိုးရနှင့် အမေရိကန် ထိတွေ့ဆက်ဆံမှုကို အလွန်တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးနှင့် တိုင်းရင်းသားလူမျိုးစုပြဿနာများရပ်တန့်ရေးကိုလည်း တောင်းဆိုခဲ့သည်။

ဟီလာရီခရီးစဉ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကပြောကြားရာတွင် ဟီလာရီခရီစဉ်သည်သမိုင်းဝင် ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ အမေရိကန်အစိုးရကိုကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိကန်အစိုးရ၏စေ့စပ်မှုသည် စစ်မှန်သောစေ့စပ်ဆွေးနွေးမှုတစ်ရပ်ဖြစ်ကြောင်း၊ ပြည်တွင်းတွင် တရားဥပဒေစိုးမိုးရေးသည်အရေးကြီးကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သော ဦးဝင်းတင်က ဟီလာ ရီနှင့်တွေ့ဆုံဆွေး နွေးမှုနှင့် ပတ်သက်ပြီး “ဟီလာရီရဲ့တုံ့ပြန်မှုတွေကိုအားရကျေနပ်ပါတယ်။ သူပြောတဲ့စကားတွေက ကတိက၀တ် သဘောဆောင်တယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးတို့၊ တိုင်းရင်းသားကိစ္စဖြေရှင်းရေးတို့မှာ ကတိက၀တ်ပြုပြောဆိုသွားတာတွေကို အားရကျေနပ်ပါတယ်” ဟု တွေ့ဆုံမှုအပြီးသတင်းထောက်များ၏ မေးမြန်းမှုကိုဖြေကြားသည်။

သတင်း...7Day News Journal
ဓာတ်ပုံ..AP

ဟီလာရီကလင်တန်မြန်မာ့ခရီးစဉ် အတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နှင့် NLD ပါတီခေါင်းဆောင်များအမြင်



သတင်းတိုလေးများစုစည်းတင်ပြလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ၊ လူ့အခွင့်အရေး ကိစ္စရပ်များဖြေရှင်းရေးတို့ကို အစိုးရသစ်ထံ အဓိကထား တိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အခြေခံ လိုအပ်ချက် ဖြစ်သော ပညာရေးနှင့် ကျန်းမာရေး ကိစ္စရပ်များအတွက် အမေရိကန် ပြည်ထောင်စုမှ အကူအညီများ ပေးအပ်မည်ဟု ဟီလာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြုခဲ့ကြောင်း သိရသည်။

အခု တွေ့ဆုံမှုကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရက ကြိုဆိုကြောင်း ကြေငြာချက် ထုတ်ပြန်မှု အပေါ် ကျွန်မတို့ကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ကျွန်မတို့ရဲ့ မူဝါဒကလည်း နိုင်ငံတိုင်းနဲ့ သင့်သင့်မြတ်မြတ်ဆက်ဆံမဲ့ မူဝါဒ ဖြစ်ပါတယ်။ ခု တွေ့ဆုံမှုဟာလည်း စစ်မှန်တဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ ကျွန်မ ယုံကြည်တယ်။

ဒေါ်အောင်ဆန်းစုကြည်။


ကျွန်မ ခရီးစဉ်ရဲ့ ရည်ရွယ်ချက် အတိုင်းပါပဲ။ မြန်မာနိုင်ငံရဲ့ အစိုးရနဲ့ အတိုက်အခံကိစ္စတွေ လူမှုရေးအဖွဲ့ အစည်း ကိစ္စတွေ၊ တိုင်းရင်းသား ရေးရာကိစ္စတွေ အကြောင်းကို မနေ့က အစိုးရအဖွဲ့နဲ့ တွေ့ဆုံ စဉ်မှာ ပြောခဲ့ ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံနဲ့ မိတ်ဘက်နိုင်ငံ ဖြစ်လိုပါတယ်။

ဟီလာရီကလင်တန်။


မစ္စကလင်တန်ရဲ့ တုံ့ပြန်ချက်၊ ပြန်ကြားချက်များဟာ အလွန်ကို တိကျပြီးတော့ အလွန်ကို ပြတ်သားတယ်။ သူပြောဆိုသွားတာတွေဟာ ကတိက၀တ် စကားများပမာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အင်မတန် အားရှိပါတယ်။

ဦးဝင်းတင်။


ဒီဆွေးနွေးပွဲဟာ မြန်မာနိုင်ငံ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန် တိုးမြင့်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။

ဦးဥာဏ်ဝင်း။


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ယနေ့ နေ့လည်တွင် အမေရိကန် သံရုံး၌ ရွှေမြ၀ါဆရာတော်၊ သတင်းစာဆရာ မောင်ဝံသ၊ Myanmar Egress မှ ဒေါက်တာ နေ၀င်းမောင်၊ နာရေးကူညီမှု အသင်းမှ ဒေါ်ရွှေဇီးကွက်၊ ကိုဇာဂနာ၊ ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိန်း၊ မလှလှစိုး၊ မဖြူဖြူသင်း၊ ၈၈ မျိုးဆက်သစ် ကျောင်းသူ မဇင်မာအောင်၊ ဇေယျာသော်တို့နှင့် တွေ့ဆုံခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းတိုများအား Messenger News Journal ပြန်လည် ဖော်ပြပေးလိုက်ပါသည်။

ဓာတ်ပုံ...AP

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ မြန်မာပြည် ခရီးစဉ် အတွင်း ပြောကြားချက်များ

ဒီနေ့ အစိုးရသစ်နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုအရ ကောင်းမွန်တဲ့ အခွင့်အရေးတွေ ရှိနေပြီဆိုတာတွေ့ ခဲ့တယ်။ ပြီးတော့ နိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေလိုအပ်တဲ့ အဆင့်လိုက်ဆောင်ရွက်နိုင်ဖို့ အမေရိကန်နိုင်ငံ ကိုယ်စား ကျွန်မက မျှော်လင့်ပါတယ်။ ထပ်ပြီး ဖြေရှင်းရမယ့် အဆင့်တွေဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေးကိစ္စ၊ နိုင်ငံသားအကျဉ်းသားထောင်ကျော် ကျန်ရှိနေသေးတဲ့ ကိစ္စ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိစ္စတွေမှာ ဘယ်လောက်အထိ ရလာမလဲဆိုတာတွေကို ကျွန်မ မျှော်လင့်ထားတယ်။

_ဟီလာရီ ကလင်တန်



မြန်မာခေါင်းဆောင်တွေရဲ့ ခြေလှမ်းဟာ သန်းပေါင်း ၆၀ ရှိတဲ့ မြန်မာနိုင်ငံသားတွေ လွတ်လပ်မှု ဂုဏ်သိက္ခာနဲ့ နေထိုင်ကြဖို့ အခွင့်အလမ်း ဖြစ်ပါတယ်။ သမ္မတအိုဘားမားက မြန်မာနိုင်ငံမှာ မှိန်ပျပျ တိုးတက်မှုတွေ တွေ့ရှိရပြီလို့ ပြောခဲ့ပါတယ်။ သမိုင်းကြောင်းအရတော့ မှိန်ပျပျအလင်းရောင်တွေဟာ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒီမှိန်ပျပျ အလင်းရောင်တွေဟာ လွတ်လပ်မှုအတွက် ထတောက်နိုင်ဖို့နဲ့ အနာဂတ် ကောင်းစားရေးအတွက်ဆိုတာ ခေါင်းဆောင်တွေအပေါ်မှာ မူတည်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်ကြိမ်တစ်ခါ လာရောက်တဲ့ ခရီးစဉ်အပေါ် အခြေခံပြီးတော့ နှစ်နိုင်ငံ ဆက်ဆံရေး မဟာမိတ်ထားရှိဖို့ ဖြစ်ပါတယ်။ မြန်မာသမ္မတကို စောစောက ပြောခဲ့တဲ့အတိုင်းပါပဲ။ အမေရိကန် အနေနဲ့ ပြုပြင်ပြောင်းလဲရေးခြေလှမ်းနှင့်အတူ ကူညီဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။

_ဟီလာရီ ကလင်တန်



မိုးရွာတုန်း ရေခံ ဆိုတဲ့ မြန်မာစကားပုံ ရှိပါတယ်။ မြန်မာသမ္မတနဲ့တွေ့တုန်းက သူပြောခဲ့တာပါ။ ကျွန်မတို့ အနေနဲ့ မသိပါဘူး။ ခေါင်းဆောင်တွေယူတဲ့ ခြေလှမ်းတွေဟာ နောက်ပြန်ဆုတ်လို့ မရတဲ့ ခြေလှမ်းတွေလား၊ စီးပွားရေးကို ဖွင့်ပေးရင် အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေလား။ ဒီမေးခွန်းတွေဟာ ကျွန်မဖြေဖို့ မဟုတ်ပါဘူး။ ဒီမေးခွန်းတွေကို ဖြေရမယ့်သူတွေက နိုင်ငံသားတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

_ဟီလာရီ ကလင်တန်



တစ်ချိန်က မြန်မာနိုင်ငံဟာ စပါးကျီတစ်ခု ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်အချိန်မှာ တခြား နိုင်ငံတွေက ဖြတ်ကျော်သွားပြီးတော့ အရှေ့အာရှဒေသမှာ အင်အားကြီးမားတဲ့ နိုင်ငံတွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါကြောင့်မလို့ မြန်မာအစိုးရအတွက် အရေးကြီးတဲ့ မေးခွန်းရှိလာပါတယ်။ အခုချိန်မှာ အရေးကြီးတာက အမေရိကန် ဒါမှမဟုတ် အခြားနိုင်ငံတစ်ခုခုနဲ့ ဆက်ဆံရေးမဟုတ်ပါဘူး။ မြန်မာခေါင်းဆောင်တွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ မွေးရာပါ အခွင့်အရေးကို နိုင်ငံသားတွေ ခံစားနိုင်ဖို့ အတွက် ယုံကြည်ချက်ခိုင်မာစွာနဲ့ ဆောင်ရွက်မလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီလိုလုပ်မှလည်း အာရှ-ပစိဖိတ်ဒေသမှာ အင်အားကြီးအဖြစ် ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေကြားရာမှာ ဘယ်လိုထွက်လာမလဲဆိုတာတော့ မသိပါဘူး။ အပြုသဘောဆောင် ဖြေကြားမယ် ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ တိုးတက်လာမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ကျွန်မတို့အနေနဲ့လည်း အထောက်အကူပေးဖို့ အဆင်သင့်ပါပဲ။

_ဟီလာရီ ကလင်တန်



တစ်ချိန်က ဗီယက်နမ်နဲ့ ဆက်ဆံရေးမှာ ပျောက်ဆုံးနေတဲ့ အမေရိကန် စစ်မှုထမ်းတွေကို ပြန်လည်ရှာဖွေရေးဟာ အကျိုးပြုခဲ့သလို မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်းက Burma Road တည်ဆောက်စဉ်က ပျောက်ဆုံး ခဲ့တဲ့ အမေရိကန်စစ်သားတွေ ပြန်လည်ရှာဖွေရေးမှာ ပူးပေါင်း ဆောင်ရွက်ဖို့လည်း မြန်မာအစိုးရနဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒါတွေဟာ ခြေလှမ်းတွေ ဖြစ်ပါတယ်။ ဒီအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် ကျွန်မတို့ဘက်က လုပ်ဆောင် သွားမှာတွေ ရှိပါတယ်။ မြန်မာ-အမေရိကန် သံတမန်ရေးဆက်ဆံမှု တိုးတက်ဖို့နဲ့ သံအမတ်ချင်း ဖလှယ်ဖို့လည်း ပါဝင်ပါ တယ်။ နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်မှုတွေကို တင်ပြနိုင်ဖို့လည်း လမ်း ကြောင်းတစ်ရပ် ချမှတ်ထားပါတယ်။ ဒါဟာ နှစ်နိုင်ငံအပြန်အလှန် ယုံကြည် ကိုးစားမှုရရှိဖို့အတွက် ဖြစ်ပါတယ်။

_ဟီလာရီ ကလင်တန်



အမေရိကန်အစိုးရအနေနဲ့ အစိုးရအတွင်းနဲ့ အစိုးရပြင်ပရှိ ခိုင်မာတဲ့ စစ်မှန်တဲ့ စေတနာရှိသူတွေကို ထောက်ခံပါတယ်။ မြန်မာနိုင်ငံက ခေါင်းဆောင်တွေရဲ့ ရွေးလမ်းမှားတွေကြောင့် လွန်ခဲ့တဲ့ အတိတ်မှာ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံ ဖြစ်ခဲ့ပါတယ်။ အမေရိကန်အနေနဲ့ အခုလိုမျိုး တိုးတက်မှုတွေ မြင်လာတာကို အပြုသဘောဆောင် တုန့်ပြန့်ဖို့ရှိပါတယ်။ အဲဒီတုန့်ပြန်ဆောင်ရွက်မယ့် အရာတွေဟာ မဲခေါင်ဒေသ အောက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုတွေ လေ့လာရာမှာ ပါဝင်နိုင်မှုနဲ့ ကမ္ဘာ့ဘဏ်၊ ADB စရှိတဲ့ အဖွဲ့ အစည်းတွေ မြန်မာနိုင်ငံကို လာရောက်လေ့လာနိုင်ဖို့တို့ ဖြစ်ကြပါတယ်။ ဒါတွေအပြင် UNDP ရဲ့ အသေးစားငွေချေးလုပ်ငန်းတွေ၊ ပညာရေး ကဏ္ဍတွေမှာ ကူညီနိုင်မယ့် ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

_ဟီလာရီ ကလင်တန်



အမေရိကန်နဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့အတွက် အရေးကြီးတာကတော့ အစိုးရတစ်ရပ်လုံးဟာ နျူကလီးယားလက်နက်မပြန့်ပွားရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ သဘောတူညီမှုတွေကို လိုက်နာစေဖို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာပြီးတော့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု ဖြတ်တောက်ဖို့အတွက် မြန်မာနိုင်ငံရဲ့ သန္ဓိဌာန်ခိုင်မာမှုကိုလည်း ကျွန်မတို့ ကြိုဆိုပါတယ်။ ဒီတိုးတက်မှုတွေကို အခုထက်ပိုပြီး ကျယ်ပြန့်အောင် မြှင့်တင်ပြီးတော့ လုပ်ဆောင်သွားလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။

_ဟီလာရီ ကလင်တန်



အခုပြုလုပ်လာတဲ့ ကနဦးခြေလှမ်းတွေကို ကြိုဆိုပါတယ်။ အထူးသ ဖြင့် တိုင်းရင်းသား ဒေသတွေမှာ တင်းမာမှုတွေ လျော့ကျစေဖို့ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြာရှည်ဆုံးဖြစ်တဲ့ ပဋိပက္ခတွေမှာ အကြမ်းဖက်မှုဖြစ်တဲ့အခါ ဝမ်းနည်းစရာကောင်းပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေ များစွာရှိပြီးတော့ ကိုးကွယ်မှုဆိုင်ရာ ဘာသာရေးအမျိုးမျိုးလည်း ရှိပါတယ်။ မြန်မာသမ္မတကို ကျွန်မတိုက်တွန်းခဲ့တာကတော့ လူ့အခွင့်အရေးစောင့်ကြည့်သူတွေကို လာရောက်တာကို ခွင့်ပြုဖို့ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ တကယ်တန်းတော့ အကဲစမ်းမှုတွေ ဖြစ်ပါတယ်။ ပဋိပက္ခရဲ့ အခြေခံအ ကြောင်းတရားတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အားလုံးကို ငြိမ်းချမ်းရေးရရှိစေမှာ ဖြစ်ပါ တယ်။ ကျွန်မတို့အနေနဲ့ ဒီအချက်တွေအပြင် အခြားအကဲစမ်းမှုတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် လူကုန် ကူးမှုတိုက်ဖျက်ရေး အပစ်အခတ်ရပ်စဲရေး အကြောင်းတွေကို ဆွေးနွေးဖြစ် ခဲ့ပါတယ်။

_ဟီလာရီ ကလင်တန်



ရွေးကောက်ပွဲဥပဒေတွေကို ပြန်လည်ရေးသားခဲ့တဲ့ အပြင် ဥပဒေတွေ ကိုလည်း ပြင်ဆင်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား ၂၀ဝကျော် လွှတ်ပေးခဲ့ ပါတယ်။ ကျွန်မအနေနဲ့ ပြောခဲ့တာက အခုယူခဲ့တဲ့ ခြေလှမ်းတွေဟာ အစဉ် အလာမရှိခဲ့ပေမယ့် အစဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ နိုင်ငံရေးအကျဉ်း သားတွေ လွှတ်ပေးတာက အားရစရာဖြစ်ပေမဲ့လို့ ၁၀ဝ၀ကျော် ကျန်ရှိနေပါ သေးတယ်။ ဒီကိစ္စကို ကျွန်မအနေနဲ့ သီးခြားပြောခဲ့သလို လူသိရှင်ကြားပြော လိုတာကတော့ ဘယ်နိုင်ငံမှာမဆို ဘယ်သူကိုမှ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့် ယုံကြည်ချက်တွေကြောင့် အကျဉ်းချထားခြင်း မရှိခဲ့ပါဘူး။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလွတ်လာပြီးတော့ နိုင်ငံရေး ဖော်ဆောင်မှုမှာ ပါဝင်တာဟာ အားရစရာဖြစ်ပါတယ်။ ဒါပေမဲ့လို့လည်း နိုင်ငံရေးပါတီတွေ အားလုံးဟာ နိုင်ငံတဝမ်း ရုံးတွေကို ဖွင့်လှစ်ခွင့်ရပြီးတော့ လွတ်လပ်ပြီး တရားမျှတပြီး ယုံကြည်ကိုးစားမှုရှိတဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့်ရရှိဖို့ လိုအပ်ပါတယ်။

_ ဟီလာရီ ကလင်တန်

Eleven Media Group Facebook စာမျက်နှာတွင် ဖော်ပြထားသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ မြန်မာပြည် ခရီးစဉ် အတွင်း ပြောကြားချက်များကို ကောက်နုတ်ပြီး ပြန်လည်တင်ပြထားခြင်းဖြစ်ပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် လူမှုအဖွဲ့စည်းကဏ္ဍအစုံကပုဂ္ဂိုလ်တွေ ဒီကနေ့တွေ့ဆုံဆွေးနွေးခဲ့

ဒီကနေ့နေ့လည် ၁၂ နာရီခွဲအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် လူမှုအဖွဲ့စည်းကဏ္ဍအစုံကပုဂ္ဂိုလ်တွေ အမေရိကန်သံရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ရွှေညဝါ ဆရာတော်၊ဆရာ မောင်ဝံသ ၊ ဒေါက်တာ နေဝင်းမောင် ၊ ကိုဇာဂနာ ၊ ကိုဇေယျာသော် ၊ ကိုမျိုးရန်နောင်သိန်း ၊ မရွှေဇီးကွက် ၊ မဖြူဖြူသင်း ၊ မဇင်မာအောင် ၊ မလှလှမိုး တို့ ပါဝင် ဆွေးနွေးခဲ့ကြတာပါ။ဆွေးနွေးပွဲကို နေ့လည် ၂ နာရီမှာ ပြီးဆုံးသွားတယ်လို့ သိရပါတယ်။အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ မဖြူဖြုသင်း ( HIV/ ADIS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေး တာဝန်ခံ)ကို ဘားမားဗီဂျေမှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။



မေး - အမတို့ ဒီကနေ့နေ့လည် ၁၂ နာရီခွဲအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ကဏ္ဍအစုံက လူတွေ ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဘယ်သူတွေ ပါဝင်လဲဆိုတာ ပြောပြပေးပါ။

ဖြေ - အားလုံး ၁၀ ဦးပေါ့။ကိုဇာဂနာ၊ကရင်အမျိုးသမီးအဖွဲ့က မလှလှမိုး၊ နေဝင်းမောင်၊ ကိုမျိုးရန်နောင်သိန်း၊ မရွှေဇီးကွက်၊ ဆရာ မောင်ဝံသ၊ မဇင်မာအောင်၊ ကိုဇေယျာသော် ၊ ရွှေညဝါ ဆရာတော် ၊ ကျမရယ် ၁၀ယောက်ပေါ့ အားလုံး။



မေး - ဘာတွေဆွေးနွေးဖြစ်တယ်ဆိုတာ ပြောပြပေးပါ။

ဖြေ - အားလုံးကတော့ ကဏ္ဍအလိုက်ပေါ့။ ဒေါက်တာ နေဝင်းမောင် ဆို ပညာရေး၊ ကိုဇာဂနာ ဆို political အကျဉ်းသားကိစ္စတွေ အဲလိုသူ့ကဏ္ဍအလိုက် ဆွေးနွေးဖြစ်ကြတယ်။ သူမသိတာတွေ၊ သူ မရှင်းတာတွေ ပြန်မေးတယ်။ အဲလိုပုံစံမျိုးပါပဲ ။



မေး - အမ အနေနဲ့ကော ဘယ်လိုမျိုး ဝင်ဆွေးနွေးလဲ ။

ဖြေ - ကျမကတော့ အခုလုပ်ကိုင်နေတဲ့ HIV ကိစ္စတွေကို ပြောဖြစ်တယ်။



မေး - အဲ့အပေါ်ကော ဟီလာရီ ကလင်တန်က ဘယ်လိုမျိုး ပြန်လည်ပြောကြားပေးလဲခင်ဗျ။

ဖြေ - အဓိကတော့ သူပြောကြားတာတွေကို မှတ်သားထားတယ်။ နောက်ပြီး သူ မရှင်းတာတွေကို ပြန်မေးတယ်။ အဓိကကတော့ဒီအဖမ်းဆီးခံနေရတဲ့လူတွေထဲမှာElectronicအက်ဥပဒေနဲ့ နှစ်(၆၀)လောက်ကျထားတဲ့ကိစ္စမျိုး
တွေ။နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဆရာ မောင်ဝံသ က ပြောတယ်။မီဒီယာသမားတွေ အဖမ်းဆီးခံထားတာတွေကို လွှတ်ပေးဖို့ ကိစ္စတွေကို ပြောတော့ အကျဉ်းသားတွေ အားလုံး လွတ်မြောက်လာဖို့ သူတို့ မျှော်လင့်တယ်။ သူတို့ကြိုးစားတယ်။ နောက်ပြီးတော့ အားလုံးကတော့ သူတို့ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြတာပါ။ တချို့ထောင်တွေထဲမှာ ဘယ်လိုမျိုး အရေးယူသလဲ။ ဘယ်လိုနေရသလဲ အဲလိုမျိုးတွေကို သူသိချင်တာလေးတွေ မေးပါတယ်။



မေး - အခုဆွေးနွေးတဲ့အထဲမှာကော ထူးခြားတာမျိုးရှိလား။

ဖြေ - ထူးခြားတာတော့ အဓိကကတော့ ကဏ္ဍပေါင်းစုံ အမြင်ပေါင်းစုံ ဆွေးနွေးခဲ့ကြတဲ့ အတွက် တော်တော်လေးကို ကောင်းပါတယ်။



မေး - အခုလိုတွေ့ဆုံဖြစ်တဲ့အပေါ် အမရဲ့  သဘောထားအမြင်လေးပြောပေးပါ။

ဖြေ - အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးလာတယ် ။ လာတယ်ဆိုတော့ ဘာပဲပြောပြော ကျမတို့နိုင်ငံက ဒီမိုကရေစီစနစ်ကို ဦးတည်နေတယ်ဆိုပေမယ့် ဒီမိုကရေစီအစစ်ကို မရသေးဘူး။ ဒီအမေရိကန်နိုင်ငံကနေပြီးတော့ ဒီမိုကရေစီ အင်အားကြီးနိုင်ငံတစ်နိုင်ငံက လာတယ်။ ပြီးတော့ ကျမတို့ မြန်မာပြည်ရေးအတွက် ရှေ့ဆက်ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးလိမ့်မယ်လို့လဲ မျှော်လင့်တယ်။ နောက်ရှေ့ဆက်အလားအလာတွေလဲ ပိုပြီးကောင်းမွန်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။


သတင်း..ဘားမားဗီဂျေ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး နယ်ပါယ်အသီးသီးမှ ကျွမ်းကျင်သူတို့၏ အမြင်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် နိုဝင်ဘာလ-၃၀ရက်နေ့ ညနေပိုင်းက အမေရိကန်လေယာဉ် (၈၀၀၀၂)ဖြင့် နေပြည်တော်လေဆိပ်သို့ ရောက်ရှိကာ ဒီဇင် ဘာလ(၁)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်အပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း၊ အမျိုးသားလွတ်တောဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ဟီလာရီကလင်တန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်အထူးကိုယ်စားလှယ်နှင့်မူဝါဒညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်နှင့် အမေရိကန်နိုင်ငံဒီမိုကရေစီလူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်ပိုစနာတို့လည်းပါဝင်ခဲ့ကြောင်းသိရှိရသည်။

နှစ်ပေါင်း(၅၆)နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွက် သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်လာနိုင်သည့် ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံ(၃)ရက်တာခရီးစဉ်နှင့်ပတ်သက်၍ မြန်မာအစိုးရ၏ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြင့်တက်စေမည်ဟု ဒေါ်အောင်ဆန်းစုကြည်မှ သုံးသပ်ပြောဆိုခဲ့သည်။

ဒီဇင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏နေအိမ်တွင် သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ အဆိုပါဆုံတွေ့မှုနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေး စိတ်ပါဝင်စားသူများအား ၄င်းတို့၏ အမြင်နှင့်သဘောထားများအားမေးမြန်းဖြစ်သည်များကို တင်ပြအပ်ပါသည်။



ဦးကိုကိုလှိုင် (နိုင်ငံရေးသမ္မတ၏ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင်)


အခုလို အမေရိကန်နိုင်ငံရဲ့အရေးပါဆုံးပုဂ္ဂိုလ်တစ်ယောက် ရောက်လာတာက လက်ရှိမြန်မာ့နိုင်ငံရေးအခြေ အနေကို အများကြီးအပြောင်းအလဲဖြစ်စေတာကတော့ အမှန်ပါပဲ။ သူမအနေနဲ့ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံခဲ့ သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှုတွေလုပ်ခဲ့တယ်၊ နှစ်ဘက်စလုံးကိုလည်း အားပေး ထောက်ခံမှု တွေပြုလုပ်တာတွေ့ရတယ်၊ လက်ရှိအချိန်မှာ နှစ်ဘက်စလုံးကလည်း နားလည်မှုရှိစွာနဲ့ လက်တွဲလုပ်ဆောင် နေကြတာကြောင့် မြန်မာ့နိုင်ငံရေးလောကအနေနဲ့ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်
လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ Section ကိစ္စကတော့ အမေရိကန်အစိုးရအနေနဲ့ ချက်ချင်းကြီးရပ်တန့်ဖို့ မဖြစ်နိုင်သေးပါဘူး၊ သူတို့အနေနဲ့ဒီကိစ္စကို လွှတ်တော်မှာ ဆန္ဓသဘောထားခံယူပြီး လုပ်ဆောင်ထားတာကြောင့် ရပ်ဆိုင်းဖို့ ကိစ္စမှာလည်း လွှတ်တော်တွင်းဆွေးနွေးမှုတွေလုပ်ရဦးမယ်၊ လာတွေပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရ အနေနဲ့ အပြောင်းအလဲကို အရှိန်အဟုန် နဲ့ဆောင်ရွက်နေ တာကြောင့် ကောင်းမွန်တဲ့အကျိုးဆက်တွေ ရရှိလာ မယ်လို့ ထင်ပါတယ် ။



ဦးဖေသိန်း (၀ါရင့်အားကစားကလောင်ရှင်)

ကျွန်တော်ကတော့ ဒီကိစ္စကို အပြုသဘောဆောင်တဲ့ ဖြစ်ရပ်လို့ပဲမြင်တယ်၊ ဒီတွေ့ဆုံမှုကနေတဆင့် မြန်မာ့နိုင်ငံရေးဟာတဆင့်ပြီးတဆင့် တိုးတက်မှုတွေရှိလာမယ်လို့ထင်ပါတယ်၊ စီးပွားရေးပိတ်ဆို့မှုကိစ္စနှင့်ပက်သတ်လို့ ယခုတွေ့ဆုံမှုတစ်ခုတည်းကြောင့်တော့ အားလုံးပြေလည်သွား မယ်လို့တော့မထင်ဘူး၊ သူတို့တောင်းဆို ထားတဲ့ အချက်တွေ (ဥပမာ-ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ သူတွေ အမြန်ဆုံးလွတ်မြောက်ရေး) အဲ့ဒီလို ကိစ္စတွေကို အစိုးရအနေနဲ့လုပ်ပြနိုင်မှသာ ဒီကိစ္စပြေလည်မယ်လို့ယုံကြည်တယ်၊ အချုပ်အားဖြင့်တော့ အလုပ်နဲ့သက်သေပြရမယ့် သဘောပါပဲ။



ခင်မောင်ညို (ဘောဂဗေဒ) စီးပွားရေးပညာရှင်

ဟီလာရီကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှုမှာ အပြောင်းအလဲက ဘာရှိမလဲဆိုတော့ အမေရိကန် အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ဆက်ဆံရေးတိုးမြှင့်တာပါ၊ (ဥပမာ-မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ထားမယ်) ဆိုတာမျိုးပေါ့၊ ဒါပေမယ်ဟီလာရီကလင်တန်ပြောခဲ့တာလည်းရှိတယ်လေ၊ တစ်ဘက် က တောင်းဆိုထားတဲ့အချက်တွေကို အကောင်ထည်ဖော်နိုင်မှ သာ မျှော်လင့်ထား တဲ့အပြောင်းအလဲတွေ မြင်တွေ့ရမှာပါ၊

အားလုံးကတော့ ကောင်းတဲ့အပြောင်းလဲကို မျှော်လင့် ထားကြတာပဲလေ။



ဦးစိုးမိုးကျော် - မီဒီယာ ဒါရိုက်တာ (မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

ဒေါ်စုနဲ့ ဟီလာရီကလင်တန်လာရောက်တွေ့ဆုံမှုကို သဘောကျကြိုဆိုပါတယ်၊ ဒီလိုမျိုး ဆုံတွေမှုတွေ များများလာရင် နိုင်ငံအတွက်ပိုကောင်းမယ်လို့မြင်ပါတယ်။


ကျော်သူ (နာရေးကူညီမှုအသင်းဥက္ကဋ္ဌ)

ဟီလာရီကလင်တန်ရောက်လာလို့ မြန်မာ့နိုင်ငံရေးအခြေအနေက ရုတ်ချည်းပြောင်းလဲ သွားမှာပါလို့တော့ ပြောလို့မရပါဘူး၊ အပြောင်းအလဲတွေ ဆက်ပြီးဖြစ်နေမှာပါ၊ ဘယ်လောက်အထိပြောင်းလဲသွားမလဲဆိုတာသာ စောင့်ကြည့်ရမှာပါ၊ Section ကိစ္စကလည်း လက်ရှိအနေအထားအရ ထူးခြားမှုရှိမယ်အထင်ဘူး၊ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရဘက်က ထင်သာမြင်သာတဲ့အပြောင်းအလဲတွေလုပ်နိုင်မှသာ အမေရိကန်အစိုးရအနေနဲ့လည်း Section ကိစ္စပြောင်းလဲလိမ့်မယ်လို့ ထင်ပါတယ်။

နေမျိုးဝေ (မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ)

ဒေါ်စုနဲ့ဟီလာရီကလင်တန်တွေ့ဆုံမှုနဲ့ပတ်သက်လို့ အခုအချိန်မှာ ဘာမှမျှော်လင့်လို့ မရသေးဘူးလို့ ထင်ပါတယ်၊ ကောင်းမွန်တဲ့အပြောင်းအလဲဖြစ်ပေါ်ဖို့အတွက် အရိပ်အယောင်တစ်ခုလောက်ပါပဲ၊ အမေရိကန်နဲ့ ကျွန်တော်တို့နိုင်ငံ တကယ့်စီးပွားရေးလုပ်ငန်းတွေမှာ ဆက်ယှက်လုပ်တော့မယ် ဆိုမှ တကယ့်စစ်မှန်တဲ့ ရီရယ်လဇင်ဖြစ်လာမှာပါ၊ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆီကိုသွားဖို့အတွက် အရိပ်ယောင်တစ်ခုလို့တော့ ပြောလို့ရတယ်၊ စက်မှုလုပ်ငန်းတွေ အမေရိကန်က လာရောက်လုပ်ကိုင်မယ့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေ လုပ်ကိုင်မယ့်အပေါ်မှာ မူတည်ပြီးတော့ ပြောလို့ရမှာဖြစ်တဲ့ အဲ့ဒါလေးအတွက် ရှေ့ပြေးအရိပ်အယောင်တစ်ခုလို့ပဲ မြင်ပါတယ်၊

ဦးလျှံကြယ် (ချင်းတိုးတက်ရေးပါတီ)

တိုင်းရင်းသားပါတီတစ်ခုအနေနဲ့ ဒေါ်စုနဲ့ဟီလာရီကလင်တန်တွေ့ဆုံမှုကို ကြိုဆိုပါတယ်၊ ကျန်တဲ့တိုင်းရင်းသားပါတီကလုန်လုံးကလည်း ကြိုဆိုကြမှာပါ၊ ဖြစ်ပေါ်လာတဲ့ တိုးတက်ပြောင်းလဲမှုနဲ့ လက်ရှိအခြေအနေကိုလာကြည့်တယ်၊ ဖြစ်စေချင်တဲ့ အရာတွေပြောမယ်၊ ညှိုနှိုင်းကြမယ်၊ အဲ့ဒါမျိုးတွေ ဆောင်ရွက်ကြမယ်လို့ထင်ပါတယ်၊စီးပွားရေးပိတ်ဆို့မှု ကိစ္စပြန်ဖွင့်ပေးဖို့ အပြောင်းအလဲအနည်းငယ်တော့ရှိနိုင်တယ်၊ နိုင်ငံတော်ပိုင်းကလည်း အင်အယ်လ်ဒီပါတီ မှတ်ပုံတင်သွင်းမှုအပိုင်းမှာ သူကလည်း အားရမယ်၊ကျွန်တော်တို့ ကလည်းကြိုဆိုတယ်၊ မျှော်လည်းမျှော်လင့် တယ်၊ ဖြစ်ဖို့တိုးတက်ဖို့အတွက်လည်း ကောင်းတယ်၊ပြောင်းလဲဖို့ လည်း အချိန်ကောင်းရောက်နေပြီ၊ သေချာတာက တိုးတက်ပြောင်းလဲမှုတစ်ခုတော့ ဖြစ်လာမှာပါ၊ အဲ့ဒါနဲ့ပတ်သက်ပြီး တိုင်းရင်းသားပါတီတစ်ခုအနေနဲ့လည်း အများကြီးမျှော်လင့်ထားပါတယ်၊

ဒေါ်နေရီဗဆွေ (ဒီမိုကရက်တစ်ပါတီ-မြန်မာ)

ကျွန်မအနေနဲ့ အများကြီးတိုးတက်လာတယ်၊ အမေရိကန်အစိုးရနဲ့ လက်ရှိဆက်ဆံနေတဲ့ အနေအထားထက် ပိုမိုတိုးတက်လာတဲ့အရိပ်အရောင်ကို တွေ့ရတယ်၊၊ ဟီလာရီကလင်တန် ရောက်လာတဲ့ အတွက် လာမယ့် ရွေးကောက်ပွဲတွေအပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေ ရှိလာမှာပါ၊ တစ်ကမ္ဘာလုံးက တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေး စောင့်ကြည့်မှုတွေကလည်း ပိုပြီးအရှိန်မြင့်လာဖို့ရှိပါတယ်၊ စီးပွားရေးပိတ်ဆို့မှုကိစ္စ ကတော့ အမေရိကန်အစိုးရမှုဝါဒနဲ့ပဲဆိုင်မယ်ထင်ပါတယ်၊ အရင်ကပြောခဲ့သလိုမျိုး ပြည်သူတွေနစ်နာစေ မယ့်ကိစ္စမျိုး ရပ်တန့်ပေးဖို့လည်း တောင်းဆိုပါတယ်၊ လက်ရှိမြန်မာအစိုးရကလည်း နောက်ပြန်ဆုတ်ဖို့ မရှိဘူးလို့ဆိုထားတာကြောင့် သူမရဲ့လာရောက်မှုဟာ အကောင်းဘက်ကိုဦးတည်တယ်လို့ပဲ ယုံကြည် ထားပါတယ်။

ယခုခရီးစဉ်မှာ မြန်မာနိုင်ငံနှင့်အမေရိကန်နိုင်ငံ၏ နှစ်နိုင်ငံဆက်ဆံရေးသည်လည်း ပိုမိုကောင်းမွန်လာနိုင်ပြီး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလမ်းပွင့် နိုင်ကြောင်း ပြောဆိုလျက် သုံးသပ်လျက်ရှိပါသည်။

ပြန်လည်ဝေမျှ ပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် အနေဖြင့်မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် ပညာရေကဏ္ဍများတွင် ပါဝင်ကူညီမည်ဖြစ်ကြောင်း ပြောဆို


ယနေ့၊(ဒီဇင်ဘာ ၂ ရက်နေ့) နေ့လည် ၂နာရီ ၃၀ မိနစ်အချိန်တွင် ရန်ကုန်မြို့၊ အမေရိကန်သံရုံးတွင်ပြုလုပ်ကျင်းပခဲ့သော သတင်စာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့်ပညာရေးကဏ္ဍများအား ကူညီထောက်ပံ့ပေးသွား မည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်ခြင်းမှာ မြန်မာ့နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး အတွက် ဖြစ်သည်ကို ယုံကြည်ကြောင်း ၊ မြန်မာ့နိုင်ငံရေးတွင် ပြုပြင်ပြောင်းလဲရေး တိုးတက်မှုကို မြင်တွေ့ရပါက စီးပွားရေးပိတ်ဆို့မှုကိုလည်း ရုတ်သိမ်းပေးမည်ဟု ပြောကြားခဲ့သည်။

`ကျမတို့ ဆောင်ရွက်သွားမှာကတော့ နိုင်ငံတစ်ဝန်းလုံး အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာဒေသတွေမှာ အသေးစားချေးငွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တခြားအရေးကြီးတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနေသော အရပ်သားလူ့ဘောင်အဖွဲ့များကို တိုးမြှင့် ထောက်ပံ့သွားပါ့မယ်။ ဒုတိယက အာဆီယံနဲ့ အရှေ့-အနောက်စင်တာတို့ တွဲပြီး အင်္ဂလိပ်စာ ထိရောက်စွာ သင်ကြားရေး အစီအစဉ်နဲ့ ပြန်လည်ဖလှယ်ရေး အစီအစဉ်သစ်များကို ဆောင်ရွက်သွားပါ့မယ်။ တတိယကတော့ ပြည်တွင်း မိတ်ဖွဲ့အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံသားများ တိုးတက်အောင် လက်တွေ့ဆောင်ရွက်နေသူများနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်။ စတုတ္ထအနေနဲ့ ကျန်းမာရေး၊ အုပ်ချုပ်ရေးနဲ့ တခြားကိစ္စရပ်များမှာ ပညာရေးဆိုင်ရာ ဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်နေကြတဲ့ အမေရိကန်တက္ကသိုလ်တွေ ဖောင်ဒေးရှင်းတွေကို ကျမတို့ ပံ့ပိုးပေး သွားမယ်`ဟု ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးဖို့ကို လည်း မြန်မာအစိုးရခေါင်းဆောင် တို့နှင့်တွေကဆုံစဉ် ပြောဆိုခဲ့ကြောင်း၊ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ရွေးကောက် ပွဲ ၀င်ခြင်းမှာလည်း တိုင်းပြည်အတွက်၊ ဒီမိုကရေစီအတွက် ၀င်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ခြင်းကို ယုံကြည်ကြောင်း ၊ မြန်မာ့နိုင်ငံရေးပြောင်းလဲလာမည်ကိုလည်း မျှော်လင့်ကြောင်း၊ မြန်မာ့နိုင်ငံရေးတွင် လုံလောက်သော တိုးတက်မှုကို မြင်တွေ့ရပါက စီးပွားရေးပိတ်ဆို့မှုကိုလည်း ရုတ်သိမ်းပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

"နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေး၊ တိုင်းရင်းသား လူမျိုးစုဒေသများ နိုင်ငံရေး၊ လူမှုရေးနယ်များ နေရာချဲ့ပေးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိရေး၊ နိုင်ငံပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းသွားရာကနေ ဆွေးနွေးသွားကြပါမယ်။ ဒီနေ့မနက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီ ပြန်လည်မှတ်ပုံတင်
မယ်ဆိုတာလည်း သိခဲ့ရပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ထောင်ကျော် ကျန်ရှိနေပါသေးတယ်။

နိုင်ငံပြုပြင်ပြောင်းလဲရေး အတွက် အစိုးရအနေဲ့ ဆုံးဖြတ်ပေးမှာကတော့ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးရေးသာဖြစ်လိမ့်မယ်လို့ သဘောတူညီခဲ့ကြပါတယ်`ဟု အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။

ထို့ပြင် ဟီလာရီကလင်တန်က နိုင်ငံရေးနဲ့ လူမှုရေးကိစ္စတွေ တစ်စုံတရာ ဖွံ့ဖြိုးတိုးတက်လာသော်လည်း အထူးသဖြင့် ရန်ကုန်မြို့တွင် တိုးတက်မှုတစ်စုံတစ်ရာ ရရှိလာခဲ့သည်ကို တွေ့မြင်ရသော်လည်း ကျန်ဒေသတွေ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေ အများဆုံး နေထိုင်ကြတဲ့ဒေသတွေများတွင် အကြမ်းဖက်မှုတွေ၊ ဆင်းရဲနွမ်းပါးမှု၊ အဓမ္မ နှိပ်စက်ခြင်းတွေကို ခံစားနေရသည်ကိုတွေ့ရကြောင်း ကိုလည်း သုံးသပ်ပြောဆိုခဲ့သည်။

`ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန် တခြားဘာသာကို ကိုးကွယ်နေကြတဲ့သူတွေ၊ ကိုယ်တိုင် သီးခြားဘာသာစကားနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေရှိကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ တစ်ရာကျော် ရှိကြတဲ့ နိုင်ငံလည်းဖြစ်တယ်။သူတို့အားလုံးဟာ ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးတွေ ရှိသင့်သလိုသူတို့ဟာ လည်း နိုင်ငံရဲ့အနာဂတ်ရေးမှာလည်း ပါဝင်ဆုံးဖြတ်ခွင့် ရှိသင့်ပါတယ်။ နိုင်ငံရဲ့သဘာဝ သယံ ဇာတ ကြွယ်ဝမှုကို နိုင်ငံသားတိုင်းခံစားခွင့် ရှိသင့်တဲ့ အရပ်သားလူ့ဘောင်ခေါင်းဆောင်တွေနဲ့ ကျမတို့တွေ သဘောတူညီမှုရှိခဲ့ကြပါတယ်`ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာအစိုးရပိုင်းခေါင်းဆောင်များမှ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း
အတိုင်းဆက်လျက်လျှောက်လှမ်းပါက အတူလျှောက်လှမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို နေ့လည် ၂နာရီ ၃၀ မိနစ်အချိန်တွင် စတင်ခဲ့ပြီး ၂နာရီ မိနစ် ၅၀ ခန့်အချိန်တွင် ပြီးဆုံးသွားခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲ သို့ နိုင်ငံခြားသတင်းထောက် များနှင့်အတူ ပြည်တွင်းသတင်းထောက်များလည်း တက်ရောက်ခဲ့ကြသည်။

သတင်းများပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်။

ဟီလာရီကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မှ နှစ်ဦးနှစ်ဖက် သဘောထား အမြင်များ

02 December 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့တွေ့ဆုံသော ဓာတ်ပုံမှတ်တမ်း





















ဓာတ်ပုံ...AP

မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုအပေါ် ပုံအောယုံကြည်စွန့်စားရန် ဒေါ်အောင်ဆန်းစုကြည် အဆင်သင့်ရှိ

(Reuters သတင်းမှ 30 Nov 2011 ရက်စွဲပါ “Myanmar’s Suu Kyi ready to gamble on Political reform” သတင်းဆောင်းပါးကို yangonchronicle မှဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် လက်ရှိအစိုးရ၏ ဥခွံပေါက်စ ပြုပြင်ပြောင်းလဲမှုများကို အမှန် တကယ်ပာု ပုံအောယုံကြည်ရန် အဆင်သင့်ဖြစ်နေပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် အခွင့်အလမ်းကို ဖမ်းဆုပ်လျက်ရှိကြောင်း ဗုဒ္ဓပာူးနေ့တွင် ပြောကြား လိုက်သည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့နေအိမ်မှ ပြုလုပ်သော ရှားရှားပါးပါး လူထုရုပ်မြင်ဗီဒီယိုဆွေးနွေးပွဲ video conference တွင် ပြုံးရွှင်ကြည်လင်နေသော ဒေါ်အောင်ဆန်စုကြည်က “သူမအား ၁၅ နှစ်ခန့် ဖမ်းဆီးထိန်းသိမ်းခဲ့သော နိုင်ငံမှ တာဝန်ရှိသူအချို့သည် အပြောင်းအလဲလုပ်ရန် လိုအပ်ကြောင်း နားလည် သိရှိ သွားကြပြီပာု သူမအနေဖြင့် ယူဆကြောင်း” ပြောကြားခဲ့သည်။ မြန်မာအစိုးရ၏ လတ်တလော ပြုပြင်ပြောင်းလဲမှုများကို သူမက “ဒီအရာတွေ တကယ် မှန်ကန်လေးနက်တယ်လို့ ကျွန်မတို့ မျှော်လင့်ထားတာပါ” “ဒီအပေါ်မှာ ယုံကြည်ပြီး စွန့်စားဖို့ ကျွန်မတို့ ပြင်ဆင်ရလိမ့်မယ်လို့ ထင်ပါတယ်။ အရာ ခပ်သိမ်း အာမခံ နိုင်တဲ့အရာဆိုတာ မရှိပါဘူး” ပာု သုံးသပ်ပြောကြား သည်။

နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံရောက် ပထမဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန် နေပြည်တော်သို့ ခြေချသည့်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဝန်ကြီး ကလင်တန်အနေဖြင့် အရှေ့တောင်အာရှမှ မိုက်မဲစွာ တံခါးပိတ်ထားခဲ့ သော မြန်မာနိုင်ငံမှ ခေါင်းဆောင်သစ်များက ပိုမို ပြုပြင်ပြောင်းလဲရေးကို မောင်းခတ် ကြေညာအောင် တွန်းအားပေးလိမ့်မည်ပာု မျှော်လင့်ရသည်။

ဒေါ်အောင်ဆန်းစုကြည်က လာမည့် လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲများတွင် သူမဝင်ရောက် ယှဉ်ပြိုင်မည်ပာု အတည်ပြုပြောကြားသည်။ သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် မနှစ်က လွှတ်တော် ရွေးကောက်ပွဲ များကို သပိတ်မှောက်ခဲ့သော်လည်း ယခုအခါ လွှတ်တော်ထဲသို့ ဝင်ရန်၊ နိုင်ငံတစ်ဝှမ်း ရုံးခွဲများဖွင့်ရန် သတင်းစာစောင် စတင်ထုတ်ဝေရန် မျှော်လင့်ထားသည်ပာု သူမကဆိုသည်။ ပြီးခဲ့သည့် လအနည်းငယ်အတွင်း ထွက်ပေါ်လာတဲ့ အခွင့်အလမ်းတွေအပေါ်မှာ ကျွန်မတို့ အကောင်းဆုံး လုပ်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ် ပာု သူမက ဆက်လက်ပြောကြား၍ သူမ၏နိုင်ငံတွင် ဒီမိုကရေစီပေါ်ထွန်းလာတော့မည်ပာု သတိထားအကောင်းမြင်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။ “မြန်မာပြည်သူအများစုက ဒီမိုကရေစီစနစ်ကို အေးချမ်းစွာ အလိုက်သင့် ကူးပြောင်းဖို့ ဆန္ဒရှိကြတယ်လို့ ကျွန်မ စိတ်ချ ယုံကြည်ထားပါတယ်” ပာု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဝါရှင်တန်ရှိ အမေရိကန် နိုင်ငံခြားရေးရာကောင်စီတွင် တက်ရောက်နားထောင်ကြသော ပရိသတ်နှင့် အချိန် ကြာကြာ မေးကြ၊ ဖြေကြရာတွင် ဒေါ်အောင်ဆန်းစုကြည်က သွက်လက်ချောမွေ့သော အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆို ခဲ့သည်။ ထိုသို့ သူမက မှတ်ချက်ပေးပြောဆိုရာတွင် သူမ၏ မျက်နှာကို ရုပ်မြင်ပိတ်ကားပေါ်တွင် ပြသထားပြီး အင်တာနက် Singnal တခါတရံ အားနည်းသွားခြင်းကြောင့် သူမ၏ စကားလုံးများ ပြတ်တောက်မှုရှိခဲ့သည်။

“ကျေးဇူးအများကြီးတင်ပါတယ်။ နောက်တစ်ကြိမ်ဆိုရင် ညသန်းခေါင်အချိန်မှာ ဆွေးနွေးကြတာပေါ့” ပာု မြန်မာ နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု အကြား အချိန်ကွာပာမှုကို သူမက ရယ်စရာပြောဆိုကာ နှုတ်ဆက်ပါသည်။

အပြောင်းအလဲလုပ်ဖို့လိုသည်ကို အချို့တာဝန်ရှိသူများ သိရှိကြ

မနှစ်က ရွေးကောက်ပွဲများအပြီး လွှတ်တော်ခေါ်ယူ၍ အရပ်ဖက်အစိုးရသစ် အာဏာလွှဲပြောင်းယူချိန်တွင် မြန်မာနိုင်ငံ၌ ရာစုနှစ်ဝက် စစ်ဖက်က တိုက်ရိုက် အုပ်ချုပ်မှု အဆုံးသတ်သွားခဲ့သည်။

မနှစ်က နာမည်ပျက်ရွေးကောက်ပွဲများအပြီးတွင် တပ်မတော်အစိုးရ၏ အာရုံပြောင်းလှည့်စားမှုရ လာဒ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်း လွတ်မြောက်ခဲ့သော်လည်း ထို့နောက် လအနည်းငယ်အတွင်း အာဏာလွှဲပြောင်းယူ လိုက်သော အစိုးရသစ်က မီဒီယာများကို ကြီးကြီးမားမား လွတ်လပ်ခွင့် ပေးထားသည့်အပြင် နိုင်ငံရေးအကျဉ်းသား အချို့ကိုလည်း မကြာမီက လွှတ်ပေးလိုက်ပြီဖြစ်သည်။

“အစိုးရအဖွဲ့ထဲက တစ်ချို့ကတော့ မြန်မာနိုင်ငံ ဒီလမ်းအတိုင်း သွားလို့မရတော့ဘူးဆိုတာကို သိနေကြပါပြီ။ သူတို့က ပြုပြင်ပြောင်းလဲရေး လုပ်ကြလိမ့်မယ်လို့ ကျွန်မယူဆပါတယ်” ပာု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

မြန်မာနိုင်ငံ၌ တရားဥပဒေ မှန်ကန်မျှတ စနစ်ကျစွာ စိုးမိုးမှု Rule of Law ဖြစ်ပေါ်လာရေးသည် နိုင်ငံရေး အကျဉ်းသားများအားလုံး ချက်ခြင်း လွှတ်ပေးခြင်းထက် ပို၍ပင်အရေးကြီးပြီး အကယ်၍ စစ်မှန်သော ဥပဒေစိုးမိုးမှုမရှိပါက ယနေ့လွတ်လာသော နိုင်ငံရေးအကျဉ်းသားများ မနက်ဖြန်တွင် ပြန်လည် ဖမ်းဆီးခံရနိုင်သည်ပာု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုသည်။ သူမက ဆက်လက်၍ “မြန်မာနိုင်ငံတွင် စီးပွားရေး ပြုပြင်ပြောင်းလဲနေ သကဲ့သို့ တိုင်းရင်းသားပဋိပက္ခ ပြီးဆုံးရေး သည်လည်း အလားတူ အရေးကြီးကြောင်း” ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် အမေရိကန်-မြန်မာ ထိတွေ့ဆက်ဆံမှုကို သဘောကျကြောင်း၊ ကလင်တန်၏ ခရီးစဉ်ကြောင့် ဆက်ဆံ ရေး ပိုကောင်းလာအောင် လမ်းပွင့်သွားမည်ပာု မျှော်လင့်ကြောင်း၊ သို့သော် မြန်မာ နိုင်ငံမှ ဖြစ်ရပ်များကို နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်နေမည် ပာု ရှင်းလင်းစွာ အသိပေးရန် လိုအပ်ကြောင်း မှတ်ချက်ပေး ပြောဆိုသည်။ “တကယ်လို့ နိုင်ငံရေးလုပ်တဲ့သူတွေ ကို နောက်တစ်ကြိမ် ထပ်ပြီး ဖမ်းဆီးပြီဆိုရင် တော့ တစ်ကမ္ဘာလုံးက ပြတ်ပြတ်သားသား ကျယ်ကျယ်လောင်လောင် ဝိုင်းဝန်းအောင်ပာစ် သတိပေးဖို့လိုလိမ့်မယ်လို့ ကျွန်မထင်ပါတယ်” ပာု သူမက ထုတ်ဖော် ပြောဆိုသည်။ စီးပွားရေး ဦးဆောင်ပုဂ္ဂိုလ်များ အနေဖြင့်လည်း သူတို့၏ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးသော တရားဝင် ရာသီဥတု ဝန်းကျင် ကိုသာ မျှော်လင့်ကြကြောင်း ရှင်းလင်းစွာအသိပေးကြပါ ပာု သူမကတိုက်တွန်းသည်။

ကွယ်လွန်သူ မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ့တပ်မတော်၏ ၄၉ နှစ်ကြာ သက်ဦးဆံပိုင် အုပ်ချုပ်ရေးကာလအတွင်း ခိုင်မာ တည်ကြည်စွာ ဆန့်ကျင်ခဲ့သူ ဖြစ်သော်လည်း ဗိုလ်ချုပ်ပောာင်းများ နေရာအပြည့် ယူထားသော ယခု အရပ်ဖက် အစိုးရသစ်နှင့် တွေ့ဆုံဆွေးနွေးရန် လိုလားကြောင်းကို ပြသခဲ့သည်။ တိုင်းပြည်အတွက် ဘာအကောင်းဆုံးလဲ ဆိုသည်ကို လုပ်ပေးချင်သူများ လက်ရှိမြန်မာ့တပ်မတော်နှင့် လက်ရှိ အစိုးရထဲတွင် ရှိနေပြီပာု သူမက ယုံကြည်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“ဒီ ပြုပြင်ပြောင်းလဲရေးကို သူတို့(တာဝန်ရှိသူ အာဏာပိုင်များ) အားလုံးက ထောက်ခံဖို့ မဖြစ်နိုင်သလို အစိုးရ နဲ့ ပူးပေါင်း ဆောင်ရွက်တာကိုလည်း ဒီမိုကရေစီ လှုပ်ရှားမှု ရေစီးထဲက လူတိုင်းက သဘောကျဖို့၊ မဖြစ်နိုင်ပါဘူး။ ဒီလို သဘောကွဲလွဲမှုမျိုးက ရှိပြီးသား ဖြစ်ရမှာပါ။ အဲ့ဒါပာာ နိုင်ငံရေးပါပဲ” ပာု သူမ က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် တာဝန်ယူနိုင်မှုပာူသော အရာကို ယုံကြည်ထားသော်လည်း အနာ ကျက်အောင် အထောက်အကူပြုမည့် အမျိုးအစားကိုသာ ရွေးချယ်လိုသည်ပာု ပြောကြားသည်။ ဘာကြောင့်များ ဒါလောက် တည်ငြိမ်လန်းဆန်းနေသလဲပာု မေးမြန်းသောအခါ သူမက “ကျွန်မတို့ အတိတ်ကို မဖြစ်မနေ ရင်ဆိုင်ရမှာပါ။ မေ့ပျောက်ပစ်လို့ မရနိုင်ပါဘူး။ ဒါပေမယ့်လည်း အတိတ်ရဲ့ ခါးသီးမှုတွေကိုတော့ သတိရနေဖို့မလိုအပ်ပါဘူး” ပာု ဖြေကြား သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမနှင့် အမေရိကန်ပြည်ထောင်စု၏ ရင်းနှီးသော ဆက်ဆံရေးကို မြန်မာအစိုးရက လုံးဝကြည်လင်သွားပြီဖြစ်ပြီး မြန်မာ နိုင်ငံကို သူမ ဒုက္ခပေးလိုခြင်းမရှိခဲ့ကြောင်း နားလည်သဘောပေါက် သွားပြီပာု ထင်မြင်ယူဆထားသည်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးခြင်းအပါအဝင် အမေရိကန် ကွန်ဂရက်လွှတ်တော်က သတ်မှတ်ထားသော အခြေအနေများ ဖြစ်ပေါ်လာ ချိန်တွင် မြန်မာနိုင်ငံအပေါ် အရေးယူထားသော Sanctions များကို ဝါရှင်တန်က ရုတ်သိမ်းပေးသင့်သည်ပာု သူမက အကြံပြုပြောကြားသည်။

မြန်မာ့ ဒီမိုကရေစီ တန်ဘိုးများကို အိမ်နီးခြင်း အိန္ဒိယနိုင်ငံက ပိုမိုမြှင့်တင်ပေးခြင်းကို သူမအနေဖြင့် မြင်တွေ့ လိုပြီး၊ တရုတ်နိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံ ရေးကိုလည်း ထိန်းသိမ်းနိုင်ဖို့ သူမအနေဖြင့် မျှော်လင့်သည်ပာု ဒေါ်အောင်ဆန်းစုကြည်က အိမ်နီးခြင်း နှစ်နိုင်ငံအကြောင်း ထည့်သွင်းပြောဆို သည်။ သူမကဆက်လက်၍ မြန်မာနိုင်ငံမြောက်ဖျားတွင် တရုတ်နိုင်ငံက ငွေကြေးစိုက်ထုတ် တည်ဆောက်နေသော ဒေါ်လာ ၃.၆ ဘီလျံတန် တမံစီမံကိန်းကို ရပ်ဆိုင်း ထားရန် သမ္မတဦးသိန်းစိန်က မကြာသေးမှီက ဆုံးဖြတ်ခဲ့ခြင်း၏ အရေးကြီးဆုံးအရာမှာ ဤနိုင်ငံတွင် မိခင်မြစ်တစ်စင်း အဖြစ်တင်စားကြသော ဧရာဝတီ မြစ်၏ အောက်ပိုင်းဒေသများကို ဆိုးကျိုး သက်ရောက်နိုင်ခြင်းကို မကျေနပ်ကြသော မြန်မာပြည်သူတို့၏ သဘောထားကို သမ္မတကြီးက လေးစားစွာ နားထောင်ခြင်းပင်ဖြစ်သည်ပာု သုံးသပ်ပြောကြားသွားခဲ့သည်။

နားလည်မှုစွမ်းအားဖြည့်၍ PLHIVကို အားလုံးနှင့်အတူတူပဲဟု မြင်သင့်ကြောင်း World AIDS Day အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြား



PLHIV ( HIV နှင့်အတူနေထိုင်သူများ)ကို နားလည်မှုစွမ်းအားတွေကိုဖြည့်၍ သီးခြားမမြင်ပဲ အားလုံးနှင့်အတူတူပဲဟု၍သာ မြင်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြုလုပ်သော World AIDS Day အခမ်းအနားတွင် ပြောကြားခဲ့သည်။

̏ အဓိကကတော့ ကိုယ်ခံစွမ်းအားကျခြင်းလို့ ဆိုတယ်။ ငါ့မှာဒီရောဂါရှိလို့ဆိုပြီးတော့ အားနည်းတဲ့စိတ်တွေမရှိပါနဲ့။ ဒါဟာ အပြစ်ကြီးလဲမဟုတ်ဘူး။ ကိုယ့်မှာဒီရောဂါရှိပါတယ်ဆိုပြီးတော့ သူများတွေကို အားငယ်နေစရာလဲ မလိုဘူး။ နားလည်တဲ့ လူတွေအားလုံးဟာ ဒီရောဂါရဲ့အခြေအနေကို သဘောပေါက်တယ်။ ဘယ်လိုမြင်ရမလဲဆိုတာကို သိတယ်။ နားမလည်တဲ့ သူတွေက သူတို့ကိုယ်တိုင် စွမ်းအားနည်းနေတဲ့သူတွေပဲ။ အဲတော့ ကျမတို့အားလုံးဟာ နားလည်မှုစွမ်းအားတွေကိုဖြည့်ပြီး အားလုံးဟာအတူတူပဲဆိုပြီးတော့ လက်တွဲပြီးဆောင်ရွက်သွားရမယ်။ အမှန်ပြောရရင် အမေ့အနေနဲ့ ဘာမှထူးထူးခြားခြား မမြင်ပါဘူး။ အားလုံးဟာ အတူတူပဲလို့ပဲမြင်တယ် ̋ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

လူတိုင်းသည် အသက်အရွယ်တစ်ခုသို့ရောက်လာပါက ရောဂါတစ်ခုမဟုတ်တစ်ခုရှိတတ်ကြောင်း လူသားဆိုသည်မှာ ပြီးပြည့်စုံခြင်း မရှိကြောင်း အဓိကအရေးကြီးသည်မှာ စိတ်ဓာတ်ပင်ဖြစ်ကြောင်း စိတ်ဓာတ်မှန်ကန်ပါက အရာအားလုံးကို ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် အားပေးစကားပြောကြားခဲ့သည်။

̏လူတိုင်းလူတိုင်းဟာ အသက်အရွယ်ရောက်လာလို့ရှိရင်ရောဂါလေးတွေဟာ ရှိတတ်တာပဲ။ အမေတို့လဲရှိတာပဲ လူတိုင်း လူတိုင်းမှာ ဟိုဟာလေးချို့ယွင်းတာ ဒီဟာလေးချို့ယွင်းတာ ပေါ့နော်။ အဲတော့ ရောဂါဝေဒနာဆိုတာ ချို့ယွင်းချက် တစ်ခုပဲ။ လူသားများဆိုတာ ပြီးပြည့်စုံတယ်လို့မရှိပါဘူး။ အပြစ်အနာကင်းရှင်းတယ်လို့မရှိပါဘူး။ အရေးကြီးတာက စိတ်ဓာတ်ပဲ စိတ်ဓာတ်ကမှန်ကန်လို့ရှိရင် တခြားဟာတွေအားလုံးကို ကျော်ဖြတ်နိုင်တယ်။ အဲတော့ စိတ်ဓာတ်မှာ ဝေဒနာရှင်တွေရဲ့စိတ်ဓာတ်နဲ့ ဝေဒနာရှင်တွေအပေါ်မှာ ဂရုဏာသက်တဲ့သူတွေ နားလည်မှုရှိတဲ့သူတွေရဲ့ စိတ်ဓာတ် ဒီနှစ်ခုနဲ့ ပေါင်းပြီးတော့ ဆက်သွားမယ်ဆိုလို့ရှိရင် ဘာမှအားငယ်စရာမရှိဘူး ̋ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဓိကအားဖြင့် PLHIV ကလေးငယ်များကို ဝိုင်းဝန်း၍ ပံ့ပိုးစေချင်ကြောင်း ထိုကလေးငယ်များတွင် မျှော်လင့်ချက်များ ရှိကြောင်း ထိုမျှော်လင့်ချက်များအားလုံးကို ဖြည့်စည်းနိုင်ရန် ၎င်းနှင့်အတူ ဝိုင်းဝန်းရုန်းကန်ရမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

အရင်နှစ်တွေကဆိုရင် ကျမတို့တွေဟာ အနှေက်အယှက်တွေ အမျိုးမျိုးကိုခံခဲ့ရတယ်။ လူနာတွေကို နှင်ထုတ်တာတွေ ဘာတွေပေါ့။ အဲဒီ့မှာဘာတွေ့ရလဲဆိုရင် ကျမတို့အခက်အခဲတွေ့လာတိုင်း အမြဲတမ်းဝိုင်းဝန်းဖြေရှင်းပေးနေတဲ့ ကျမတို့ မြန်မာနိုင်ငံတွေထဲမှာ ရှိနေတဲ့ ပြည်သူပြည်သားတွေက အမြဲတမ်းဝိုင်းဝန်းဖြေရှင်းပေးနေတာကို တွေ့ရတယ် ̋ ဟု PLHIV (HIV နှင့် အတူနေထိုင်သူများ) ဂေဟာကို ဦးဆောင်ဖွင့်လှစ်ခဲ့သူ မဖြူဖြူသင်းကပြောသည်။

၂၀၁၁ ခုနှစ်တွင် လူငယ်များအနေနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ပတ်သတ်မှုအခြေအနေသည် ၂၀၁၀ အရှေ့ပိုင်းနှစ် များထက်စာလျှင် ထူးထူးခြားခြား တိုးတက်လာသည်ဟု မြင်ကြောင်း မဖြူဖြူသင်းကပြောသည်။

ဒီနေ့ World AIDS Day အခမ်းးအနားကို လာရောက်ရတဲ့အတွက် ဝမ်းသာပါတယ်။ အခုလိုမျိုးပွဲလေးတွေလုပ်ပေးတော့ တစ်ခြားဝေဒနာရှင်တွေနဲ့ တွေ့ရတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် မိသားစုဝင်တွေလိုဖြစ်ရတယ်လေ။ အဲဒါကြောင့် ဒီလိုပွဲမျိုးလေးတွေ များများ လုပ်ပေးပါလို့ ပြောချင်ပါတယ် ̋ ဟု World AIDS Day အခမ်းအနားသို့ တက်ရောက် လာ သောPLHIV (HIV နှင့် အတူနေထိုင်သူ) တစ်ဦးကပြောသည်။

ယနေ့အခမ်းအနားသို့ ရုပ်ရှင်သရုပ်ဆောင်နှင့်အဆိုတော်ချစ်သုဝေ၊ အဆိုတော် စံလင်း၊ လင်းလင်း၊ ကိုရဲလွင်၊ ထက်ထက် စတဲ့အနုပညာရှင်များအပါအ၀င် အနုပညာရှင် ရဦးခန့်တက်ရောက်လာခဲ့ပြီး အခမ်းအနားတွင် သီဆိုဖျော်ဖြေသွားကြောင်း သိရှိရသည်။

သတင်းများ ပြန်လည်ဝေမျှ ပေးသော မြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်







ဓာတ်ပုံ......AP

01 December 2011

ဝန်ကြီးကလင်တန်နဲ့ သမ္မတဦးသိန်းစိန် ဒီဇင်ဘာ ၁ရက် နံနက် ၁၀နာရီ ၇မိနစ်က သမ္မတရုံးတွင် တွေ့ဆုံစဉ်သတင်းဓာတ်ပုံ


ဝန်ကြီးကလင်တန်နဲ့ သမ္မတဦးသိန်းစိန် ဒီဇင်ဘာ ၁ရက် နံနက် ၁၀နာရီ ၇မိနစ်က သမ္မတရုံးတွင် တွေ့ဆုံစဉ်။











ဦးဝဏ္ဍမောင်လွင် နဲ့ တွေ့ဆုံစဉ်


photo .... AFP

အာရှကို အမေရိကန် ပြန်လည်အာရုံစိုက်ကြောင်း တရုတ်အပေါ် သတိပေးလိုက်သည့် ဟီလာရီ၏ မြန်မာပြည်ခရီးစဉ်

(The Vancouver Sun သတင်းစာမှ၊ 28 Nov 2011 ရက်စွဲပါ Clinton's visit to Burma warns China of U.S refoucs on Asia ကို yangonchronicle မှဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

ရာစုနှစ် ထက်ဝက်တာကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမည့် ဟီလာရီကလင်တန်၏ မြန်မာပြည်ခရီးစဉ်သည် ဝါရှင်တန်အနေဖြင့် အာရှဒေသနှင့် ပြန်လည်ချိတ်ဆက်မှုများပြုလုပ်လျက်ရှိသည်ဟူသော သတင်း စကားများအနက် နောက်ဆုံး တစ်ခုဟုဆိုရပေမည်။ အထူးသဖြင့် ယင်းသတင်းစကားသည် တရုတ်နိုင်ငံကို အဓိကဦးတည်ထားခြင်း သာဖြစ်သည်။ ဝါရှင်တန် အနေဖြင့် အရှေ့အလယ်ပိုင်းဒေသအပေါ် ဆယ်စုနှစ်ကြာမျှ စိတ်စွဲလမ်းမှုများဖြစ်ခဲ့ပြီးနောက် ယခုကဲ့သို့ အာရှဒေသကို အာရုံ စိုက်လာခြင်းကို အာရှ အစိုးရများက ကြိုဆိုကြသည့် အရိပ်လက္ခဏာများလည်းထွက်ပေါ်လာသည်။

အမှန်အတိုင်းဆိုပါက အိုဘားမားအုပ်ချုပ်ရေးအဖွဲ့က ဆိုထားသော 'အာရှကိုမဏ္ဍိုင်ပြုခြင်း' ဟူသည်မှာ အာရှမြို့ကြီးပြကြီး များတွင် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးကြီးထွားလာမှုကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စိုးရိမ်ပူပန်မှုများအတွက် တုံ့ပြန်မှုတစ်ခုပင်ဖြစ်သည်။ သို့သော် တရုတ် သြဇာအာဏာ၏ ဦးတည်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားသော အချက်ပြမှုများနည်းပါးနေသည်ကိုတွေ့ရသည်။

အိုဘားမားသည် နိုဝင်ဘာလဆန်းပိုင်းလောက်က ဟိုနိုလူလူတွင် အာရှပစိဖိတ်စီးပွားရေးဖိုရမ်(အေပက်) ကျင်းပပြီး အာရှဒေသအပေါ်ဖိုးကပ်စ် (Focus) လုပ်မှုကို အစပျိုးခဲ့သည်။ ထို့နောက် ကာလကြာရှည်စွာအချိန်ဆွဲခဲ့သော သြစတြေးလျ နိုင်ငံ အလည်အပတ်ခရီးစဉ်ကို စတင်ခဲ့သည်။ သြစတြေးလျ ပါလီမန်၌ မိန့်ခွန်းပြောဆိုရာ၌ ထူးခြားထင်ရှားသော ကြေညာချက်တစ်ရပ်ကိုပါ ထုတ်ပြန်ခဲ့သည်။ ယင်းမှာ Darwin ဆိပ်ကမ်းတွင် အမေရိကန် မရိန်း တပ်သား ၂၅၀၀ အပါအဝင် သင်္ဘောများနှင့် လေယာဉ်များ စခန်းချထားမည့်ကိစ္စပင်ဖြစ်သည်။

ယခုကဲ့သို့ အမေရိကန်တပ်များ အာရှဒေသတွင်တိုးချဲ့ချထားမည့်ကိစ္စသည် ဗီယက်နမ်စစ်ပွဲပြီးဆုံးသွားပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုသို့ တိုးချဲ့မှုကြောင့် အမေရိကန်တပ်ဖွဲ့များနှင့် ဒေသတွင်း ပိုမိုနီးကပ်သွားစေသော်လည်း ဒေသတွင်းလုံခြုံရေးကို အဓိကခြိမ်းခြောက်လာမည့်အရေးကိစ္စများနှင့် များစွာ နီးစပ်မှုရှိမည်မဟုတ်ပေ။ လတ်တလော အာရှဒေသလုံခြုံရေးအတွက် ခြိမ်းခြောက်မှုသဖွယ်ဖြစ်လာသည့် ကိစ္စမှာ တောင်တရုတ်ပင်လယ်ပြင်တစ်ခုလုံး ပိုင်ဆိုင်ရန် တရုတ်နိုင်ငံကတောင်းဆိုထားမှုနှင့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့အပေါ် ဦးတည်သည့် တရုတ်နိုင်ငံပိုင်မီဒီယာများက ရေးသားသော စစ်မက်ရေးရာ ခြိမ်းခြောက်မှုများပင်ဖြစ်သည်။

အိုဘားမားသည် သြစတြေးလျမှတစ်ဆင့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီသို့သွားရောက်သည်။ အဆိုပါ ထိပ်သီး ဆွေးနွေးပွဲ၌ အိုဘားမားက တောင်တရုတ်ပင်လယ် အရေးကိစ္စများနှင့် တရုတ်နိုင်ငံ၏ မလေးရှား၊ ဘရူနိုင်းအပါအဝင် ဖိလစ်ပိုင်၊ ဗီယက်နမ်တို့အပေါ် တရုတ်နိုင်ငံ၏ ရန်ပြုလိုသည့် သဘောထား ကိစ္စများကို ထုတ်ဖော်ပြောဆိုပြီး ဝန်ကြီးချုပ် ဝမ်ကျားပေါင် အမျက်ဒေါသထွက်အောင်ပြုလုပ်ခဲ့သည်။

ထို့နောက် အိုဘားမားက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ် ကြောင်း ကြေညာချက်ထုတ်ပြန်သည်။ စစ်အုပ်ချုပ်မှု စနစ်အောက်သို့ ဆယ်စုနှစ်များစွာ ကျရောက်ခဲ့သော မြန်မာနိုင်ငံ သည် ဒေသတွင်းနိုင်ငံများအကြား နှစ်ရှည် လများ အရောင်အသွေးမှေးမှိန်ခဲ့ရာမှ ယခုအခါ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကြောင့် အရောင်အသွေးရွှန်းလဲ့တောက်ပလာပြီဖြစ်သည်။ ထို့အတူ တရုတ်နိုင်ငံ၏ စီးပွားရေးတတ်စွမ်းမှုမှ အကျိုးအမြတ်များရရှိခဲ့သည့် နိုင်ငံများအနေဖြင့် မမျှော်လင့်ထားသည့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသလို အမေရိကန်ပြည်ထောင်စု၏အကာအကွယ်ပေးမှုရယူနိုင်မည့် နည်းလမ်းများလည်းရှာရမလိုလည်း ဖြစ်လာသည်။

မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်ကတည်းကစတင်အုပ်ချုပ်လာသော စစ်ဗိုလ်ချုပ်ကြီးများနှင့်ပတ်သက်၍ သံသယ ဖြစ်မှုများကတော့ ဆက်လက် ကျန်ရှိ နေဆဲဖြစ်သည်။ သို့သော် စစ်အုပ်ချုပ်ရေးစနစ်မှ အရပ်ဘက်အုပ်ချုပ်ရေးစနစ်သို့ အာဏာလွှဲပြောင်းခဲ့ပြီး ဒီမိုကရေစီပြောင်းလဲကျင့်သုံးနေသည့် အသွင် ကူးပြောင်းရေးကာလအတွင်း အဆက်မပြတ် ဖြစ်ပေါ်လာသော အရိပ်လက္ခဏာများအရ မြန်မာပြည် ၏အပြောင်းအလဲများမှာ အစစ်အမှန်ဖြစ်ဖွယ်ရှိနေသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသော အရေးကိစ္စများအနက် လွန်စွာထူးခြားခဲ့သည့်ဖြစ်ရပ်တစ်ခုမှာ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က တရုတ် ကျောထောက် နောက်ခံဖြင့် တည်ဆောက်လျက်ရှိသော မြစ်ဆုံရေ အားလျှပ်စစ် စီမံကိန်းကို အများပြည်သူသဘောထားဆန္ဒနှင့်ဆန့်ကျင်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်သောကြောင့် ရပ်တန့်မည်ဟု ကြေညာခဲ့ခြင်းပင်ဖြစ်သည်။ နောက်ထပ်ထူးခြားချက်တစ်ခုမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံက ၂၀၁၄ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌ ရာထူးရယူမည့်ကိစ္စကို သဘောတူညီလိုက်ခြင်းပင်ဖြစ်သည်။ အဆိုပါသတင်းသည် နှစ်ပေါင်းများစွာ စစ်ဗိုလ်ချုပ်ကြီးများ၏ ဖိနှိပ်မှု ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က လတ်တလောဖွံ့ဖြိုးတိုးတက်မှုများကို အသိအမှတ်ပြုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ဖြစ်ရပ် များသည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် ဟီလာရီကလင်တန်ဆုံးဖြတ်ရာ၌ လွန်စွာအခရာကျသည့် အချက်များဖြစ်သည်မှာ သံသယဖြစ်စရာ လိုမည်မဟုတ်ပေ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရောက်ရှိ သတင်းဓာတ်ပုံ


ပြည်တွင်း၊ပြည်ပသတင်းသမားများအာလက်ဝှေ့နုတ်ဆက်စဉ်




နေပြည်တော်လေဆိပ်တွင်ဟီလာရီကိုခရီးဦးကြိုဆိုသည့်မြန်မာအစိုးရအဖွဲ့ဝင်များ




နေပြည်တော် ဟိုတယ်ဇုံသစ်ရှိ သင်္ဂဟ ဟိုတယ်ရှေ့တွင်လွှင့်ထူထားသော မြန်မာ-အမေရိကန် နှစ်နိုင်ငံအလံ



ဟီလာရီလိုက်ပါစီနင်းမည့်မော်တော်ယာဉ်တန်း



မြန်မာလုံခြုံရေးအရာရှိများနှင့်အမေရိကန်လုံခြုံရေးအရာရှိ(မ)တို့လုံခြုံရေးကိစ္စဆွေးနွေးနေစဉ်



ဟီလာရီခရီးစဉ်အတွက်လုံခြုံရေးတာဝန်ယူထာသည့်မြန်မာအဖွဲ့ဝင်များ။




မြန်မာအစိုးရအဖွဲ့ဝင်များကိုရင်းရင်းနှီးနှီးနှုက်ဆက်နေသည့်ဟီလာရီ




ဖေါက်ခွဲရေးပစ္စည်းများရှာဖွေရာတွင်အနံ့ခံရှောဖွေပေးသည်ခွေးနှင့်
ဟီလာရီခရီးစဉ်အတွက်လုံခြုံရေးတာဝန်ယူထားသူများ



အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နေပြည်တော် ( အေလာ လေဆိပ် )သို့ ညနေ ငါးနာရီ နှစ်ဆယ့်ရှစ်မိနစ်တွင်ရောက်ရှိကြောင်းသိရသည်။


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် နေပြည်တော် ဟိုတယ်ဇုံသစ်ရှိ သင်္ဂဟ ဟိုတယ်တွင် တည်းခိုကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်၏ဒီဇင်ဘာ တစ်ရက်နေ့ခရီးစဉ်မနက် ၉း၀၀ နာရီတွင် သမ္မတကြီးဦးသိန်းစိန်နှင့်တွေ့ဆုံမည်။

မနက် ၁၀း၀၀ နာရီခန့်တွင် နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဍမောင်လွင်နှင့်တွေ့ဆုံမည်။(နေ့လည်စာကို ဦးဝဏမောင်လွင်နှင့်အတူစားမည်)။

နေ့လည်စာစားပြီးမွန်းလွဲပိုင်းတွင်ပြည်သူ့လွတ်တော်ဥက္ကဌသူရဦးရွှေမန်းနှင့်တွေ့ဆုံမည်။

ညနေ ၄း၀၀ နာရီတွင်ရန်ကုန်သို့လာမည်။လေဆိပ်မှရွှေတိဂုံဘုရားသိုတန်းသွားမည်။

ဘုရားမှအပြန် Chatrium Hotel ၌ တည်းခိုအနားယူမည်။ဒီဇင်ဘာ ၂ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင် သွားရောက်တွေ့ဆုံမည်ဟုသိရသည်။

သတင်း၊ဓာတ်ပုံ...။Messenger News Journal