27 December 2009

မိဘကျေးဇူး အမှန်တကယ် သိတတ်ရိုသေတယ်ဆိုရင် မိဘစကား မိဘဖြစ်စေချင်တာကို လက်တွေ့ လေးစားလိုက်နာရပါတယ် အောင်ဆန်းဦး။


ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျက်နှာကိုမှ မထောက်မြန်မာနိုင်ငံ စစ်မိစ္ဆာတွေနဲ့ ပေါင်းပြီးတော့ ဘဝင်မြင့်အောက်ခြေလွတ်နေတဲ့ အောင်ဆန်းဦးကို မြန်မာပြည်သူတို့က နွားလောက်မှ အသိတရားမရှိတဲ့အတွက် မြန်မာနိုင်ငံထဲကို ပြည်သူအားလုံးက ဝင်ခွင့်ပေးစရာ မလိုဘူး။

ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး အောင်ဆန်ဦးဆိုတာလည်း ပြည်သူအားလုံးက အသိအမှတ်ပြု
စရာမလိုဘူး။ ဘာဖြစ်လို့ အသိအမှတ်ပြုစရာမလိုတာလည်းဆိုရင်ဘဝင်မြင့်အောက်ခြေလွတ်တာ
လည်းမပြောနဲ့ စစ်မိစ္ဆာခွေးတွေဟာ အောင်ဆန်းဦး မြန်မာနိုင်ငံကိုလာပြီး အကုသိုလ်လာလုပ်တဲ့
အချိန်မှာ အသိတရားမရှိတဲ့ အောင်ဆန်းဦးရဲ့နောက်မှာ စစ်မိစ္ဆာခွေးတွေနဲ့ တစ်နှစ်တစ်ခါ
ပုဇွန်တောင်မြို့နယ်၊ မြသိန်းတန်ကျောင်းတိုက်ကို ဆွမ်းလာကပ်ပါတယ်။







အောင်ဆန်းဦးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြင့်မြတ်တဲ့စိတ်ဓါတ်၊ မြင့်မြတ်တဲ့နှလုံးသား၊ မြင့်မြတ်တဲ့ကိုယ်ကျင့်တရားကို မလိုက်တော့ပဲနဲ့ စစ်မိစ္ဆာခွေးတွေရဲ့ အယူဝါဒလမ်းစဉ်ကို
လိုက်သွားတဲ့ အောင်ဆန်းဦးကို ပြည်သူအားလုံးက စစ်မှန်တဲ့ဒီမိုကရေစီကြီးကိုရရှိတဲ့အချိန်
်မှာလည်း အယူဝါဒလွဲမှားနေတဲ့ အောင်ဆန်းဦးကို လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့
သားကြီး အောင်ဆန်းဦးလို့ မပြောကြပါနဲ့။

မြန်မာနိုင်ငံအတွက်၊ ပြည်သူအတွက်ကို ကိုယ်ကျိုးစွန့်လွှတ် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်
အောင်ဆန်းနှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ခေါ်အောင်ဆန်းစုကြည်တို့ဟာမြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်၊ လူသားအားလုံးနဲ့ သတ္တ၀ါအားလုံးအတွက်ကို စွန့်ခြင်းကြီးငါးပါးကို စွန့်ပြတော်
မူခဲ့ပါတယ်။
စွန့်ခြင်းကြီးငါးပါးဟာ ဘယ်လိုလဲဆိုလို့ရှိရင် -

ပစ္စည်းဥစ္စာကို စွန့်တာကဓနပရိစ္စာဂ၊

သားသမီးကို စွန့်တာက ပုတ္တရိစ္စာဂ၊

မယားကို စွန့်တာကဘရိယပရိစ္စာဂ၊

ကိုယ်လက်အင်္ဂါကို စွန့်တာကအင်္ဂါပရိစ္စာဂ၊

ကိုယ့်အသက်ကို စွန့်လွှတ်တာက ဇီဝိတပရိစ္စာဂ - ကို မြတ်စွာဘုရားရှင်က စွန့်ခြင်းကြီးငါးပါးကို လူသားအားလုံးအတွက် နည်းပေးလမ်းပြအဖြစ်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအင်္ဂါရပ်တွေနှင့်
ပြည့်စုံတဲ့ လူသားအားလုံးဟာ သေသွားခဲ့သော်လည်း ကမ္ဘာကြီးမပျောက်ကွယ်သရွေ့ထင်
ကျန်နေမှာ အမှန်ပါပဲ။

ရှေးရှေးက မင်းကောင်းမင်းမြတ်တွေကို ကြည့်မနေပဲနဲ့ မိမိတို့ မြန်မာနိုင်ငံသူ/သားတွေကို
ညှင်းပန်းနှိပ်စက်ခဲ့တဲ့ နေမ၀င်အင်ပါယာဆိုတဲ့ (ဗြိတိသျှ)အင်္ဂလိပ်တွေ၊ ဖက်ဆစ်ဂျပန်တွေကို
တိုက်ထုတ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘောသုံးကျိပ်တို့သမိုင်းကို ကြည့်လိုက်ပါ။

အဲဒီသမိုင်းကို စစ်မိစ္ဆာခွေးတွေနှင့် အသိတရား မရှိတဲ့ အောင်ဆန်းဦးတို့ဟာ ကောင်းတဲ့သမိုင်း
နောက်ကို မလိုက်ပဲနဲ့ ခွေးကျင့်ခွေးကြံ ကြံတဲ့ စစ်မိစ္ဆာခွေးတွေနောက်ကို လိုက်သွားတဲ့ အောင်ဆန်းဦး
ဟာ အသက်နှစ်ဆယ်ကျော် သုံးဆယ်ဝန်းကျင် မော်ဒယ်မလေးနဲ့ လာပြီးတော့ ပုဇွန်တောင်မြို့နယ်၊ မြသိန်းတန်ကျောင်းတိုက်ကို ဆွမ်းလာကပ်သွားတာကတော့ အမှန်ဖြစ်ပါတယ်။

အောင်ဆန်းဦးဟာ ဒါနမျိုးစေ့ ဘယ်လောက်ပဲ မြှုပ်နေမြှုပ်နေ အောင်ဆန်းဦးရဲ့ ဒါနဟာ
နှမ်းစေ
လောက်ပဲ ဖြစ်ပါတယ်။ အောင်ဆန်းဦးဟာ ကိလေသာအမှောင်ဖုံးပြီး စစ်မိစ္ဆာတွေနဲ့
ပေါင်းပြီးတော့
ပတ္တမြားလို တောက်ပနေတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
နွံထဲမြှုပ်ဖို့ကို စစ်မိစ္ဆာခွေးတွေနဲ့ပေါင်းပြီး လုပ်ကြံနေတာကို တို့ပြည်သူ/သားတွေအားလုံးကရပ်
ကြည့်နေတော့
မှာလား .... ?

ရပ်ကြည့်မနေကြပါနဲ့။ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူအားလုံး အဲဒီစစ်မိစ္ဆာခွေးတွေ ရှိနေသ၍ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်စားထားခဲ့တဲ့ ဆင်းတုတော်တွေကို ခေါင်းတွေဖြတ်၊ ဗိုက်တွေဖောက်
ပြီးတော့ ထာပနာပစ္စည်းတွေကို ထုခွဲရောင်းချပြီး ကိုယ်ကျိုးအတွက် သုံးနေတဲ့ စစ်မိစ္ဆာခွေးတွေကို ငရဲပြည်ပို့ကြရမယ်။

မြန်မာနိုင်ငံသူ/သားတွေ ကြည်ညိုလေးစားခဲ့ရတဲ့ ဗုဒ္ဓဆင်းတုတော်တွေကိုလည်း ဖျက်ဆီးတယ်၊ ရဟန်းသံဃာတွေကိုလည်း သတ်ခဲ့တယ်၊ ကျောင်းသားတွေကိုလည်း သတ်တယ်၊ ပြည်သူအား
လုံးကိုလည်း ညှင်းပန်းနှိပ်စက်ခဲ့တယ်။

မြန်မာနိုင်ငံကိုလည်းကမ္ဘာ့အလယ်မှာနိမ့်ကျအောင်လုပ်ခဲ့တဲ့စစ်မိစ္ဆာခွေးတွေကိုအ၀ီစိငရဲမပို့
နိုင်ကြဘူးဆိုရင်တော့ မိမိတို့မြန်မာနိုင်ငံမှာ စစ်မိစ္ဆာခွေးတွေကြောင့် မိမိတို့ကြည်ညိုလေးစားရတဲ့ ဗုဒ္ဓဘာသာတရားတော်တွေကို လေးစားလိုက်နာရမှန်း မသိရတဲ့ မြန်မာနိုင်ငံကြီး ဖြစ်သွားလိမ့်မယ်။

ယခုပစ္စုပ္ပန်မှာလည်း စစ်မိစ္ဆာခွေးတွေ လက်အောက်ရောက်နေတဲ့ စစ်အာဏာရူးလေးတွေဟာ
ဘုရားကို ဘုရားမှန်း မသိ၊ တရားကို တရားမှန်း မသိ၊ သံဃာကိုသံဃာမှန်း မသိ၊ ကျေးဇူးရှင်ကို
ကျေးဇူးရှင်မှန်း မသိတဲ့ စစ်မိစ္ဆာခွေးတွေကို တိုက်ပွဲဝင်ပြီး ငရဲပြည်ပို့လိုက်ကြပါလို့ ဆိုပြီးတော့ နိဂုံးချုပ်လိုက်ပါတယ်။

(ရွှေဝါရောင် နန္ဒာစရိယ)။

ပြန်လည် ဝေမျှ ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။