Showing posts with label ဖိတ်ကြားလွှာ. Show all posts
Showing posts with label ဖိတ်ကြားလွှာ. Show all posts

10 December 2011

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရရှိခြင်း အနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနားဖိတ်ကြားလွှာ



အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရရှိခြင်းအနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနားနှင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ပိဋကတ်စာကြည့်တိုက်ဖွင့်ပွဲကို၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈း၃၀ နာရီမှ နံနက် ၁၁း၀၀ နာရီအထိသာဓုပရိယတ္တိစာသင်တိုက်၊ ရွှေညဝါပညာ့ဗိမာန်၊ နတ်စင်လမ်း၊ ကြည့်မြင့်တိုင်မြို့နယ်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါသည်။

(၁၉၉၁ ခုနှစ်၊ 10-D/ နိုဗယ်လ်ကျောင်းသားများနှင့် မြန်မာ့ဒီမိုကရေစီအင်အားစုများ)

19 November 2011

(၉၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားဖိတ်စာ


(၉၁)ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စုပေါင်းဆွမ်းကပ်လှုပွဲကိုရန်ကုန်မြို့ ၊ကြည့်မြင်တိုင်မြို့ 
နယ်၊(ရွှေည၀ါကျောင်းတိုက်)သာဓုကျောင်းတိုက်ဝင်းတွင်နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့်အတူဒီမိုကရေစီ အင်အားစုများစုပေါင်းကျင်းပပြုလုပ်ကြမည်ဖြစ်ပါသဖြင့်အားလုံးပူးပေါင်းပါဝင်ကြပါရန် ဖိတ်ကြားအပ်ပါသည်။


ဆက်သွယ်ရန်- ကိုကိုကြီး- ၀၉-၇၃၁၀၄၂၃၄

-ကိုဇော်ရဲဝင်း ၀၉-၄၃၁၃၅၈၉၄

22 September 2011

နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများ ပူးပေါင်းစီစဉ်သော “လူငယ်များရဲ့  ဧရာဝတီ” အစီအစဉ်အား ပါဝင်ပေးကြပါရန်။


နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများ ပူးပေါင်းစီစဉ်သော “လူငယ်များရဲ့  ဧရာဝတီ” အစီအစဉ်အား မနက်ဖြန် စက်တင်ဘာလ (၂၃) ရက်နေ့  မနက် (၁၀) နာရီမှာ အချိန်မှာ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ကျွန်တော်တို့ ရဲ့  အသက်သွေးကြော ဧရာဝတီကို ချစ်မြတ်နိုးကြသူများ ပူးပေါင်းပါဝင်ကြဖို့  အထူးဖိတ်ခေါ်အပ်ပါတယ်။

“လူငယ်များရဲ့  ဧရာဝတီ” အစီအစဉ် ကျင်းမည့်နေရာကတော့ နာရေးကူညီမှုအသင်း၊ အမှတ် ၁၃ (က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ ဒဂုံမြောက်ပိုင်းမြို့ နယ်၊ ရန်ကုန် ဖြစ်ပါတယ်။

ယခုဖိတ်စာအားလည်း မြစ်ကြီး ဧရာဝတီကို ချစ်မြတ်နိုးသူ မည်သူကိုမဆို လက်ဆင့်ကမ်းဖိတ်ကြားနိုင်ပါတယ်။

06 September 2011

(၇၂)နှစ်မြောက် အသျင်ဦးဥတ္တမနေ့အထိမ်းအမှတ်ဖိတ်ကြားခြင်း



(၇၂)နှစ်မြောက် အသျင်ဦးဥတ္တမနေ့အထိမ်းအမှတ်ဖိတ်ကြားခြင်း

မြန်မာ့နိုင်ငံရေးအတွက် ပထမဦးဆုံး နိုင်ငံရေးမျက်စိကို ဖွင့်လှစ်ပေးခဲ့သော အသျင်ဦးဥတ္တမ၏ (၇၂)နှစ်မြောက် အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲကိုကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အောက်ပါအစီ
အစဉ် အတိုင်းလူကြီးမင်းကိုယ်တိုင်ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။

U Ottama Day 9.September.(1939),U Ottama Day, death of Nationalist Buddhist Arakanese Monk Venerable U Ottama (1879-1939), The pioneer of the Burmese independence movement, cosmopolitan revolutionary.
by kumara in Rangoon, Myanmar.

အချိန်။ ။နံနက်(၈)နာရီတိတိ
နေ့ရက်။ ။၉-၉-၂၀၁၁ (သောကြာနေ့)
နေရာ။ ။ဓည၀တီသာသနာပြုကျောင်းတိုက် ဦးထောင်ဘိုလမ်း ဗဟန်းမြို့နယ်။တွင်ကျင်းပပြု
လုပ်မည့်ဖြစ်ပါကြောင့်သိရသည်။ (ဆက်သွယ်နိုင်ရန် ဖုန်း 01.503964 / 01.200740)
အခမ်းအနားဖြစ်မြောက်ရေးကော်မတီ (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်) (ALD) ရန်ကုန်မြို့

ဆရာတော်ဦးဥတ္တမ၏ သြ၀ါဒ
တစ်ယောက်တည်း-------------ကောင်းစားချင်ကေ။
ကြိုးစာလို့-----------------အလုပ်လုပ်ကတ်။
တစ်မျိုးသားလုံးကောင်းစားစီချင်ကေ။
တစ်မျိုးသားလုံး--------အမျိုးသားနိုင်ငံရေးကို။
လုပ်ကတ်ရဖို့။
For more Information
Web:www.alodawpyei.org

ပေးပို့ ပေးသော ဒိမိုဝေယံ အားကျေးဇူးတင်ရှိပါသည်.။

31 July 2011

(၂၃) နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံ အခမ်းအနား ဖိတ်ကြားခြင်း..

Invitation Letter- Eversion Format

19 April 2010

ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲ ကို Los Angeles မှာပြုလုပ် တဲ့ဖိတ်စာ



ဧပြီလ ၂၄ရက် စနေနေ့တွင် မြန်မာဂုဏ်ရည် အခမ်းအနားကို ကျင်းပမည် ဖြစ်ကြောင်း အိမ်ရှင်မြို့အဖြစ် လက်ခံကျင်းပမည့် လော့စ်အိန်ဂျလိစ်က ပြည်သူ့ဂုဏ်ရည် ဖြစ်မြောက်ရေးအဖွဲ့က ပေးပို့ဖြန့်ဝေသော ဖိတ်စာ ဖြစ်ပါသည် ။




မြန်မာပြည်၏ လူမှုလုပ်ငန်း စေတနာဝန်ထမ်း စွမ်းဆောင်သူ အများအပြားအနက်မှ ပရိသတ်၏ ဆန္ဒပြုလွှာများအရ ပဏာမဆန်ကာတင် စာရင်းတွင် ၂၄ ဦး/ အဖွဲ့ ရှိခဲ့ရာ၊နောက်ဆုံးဆန်ကာတင် ၅ ဦးကို ဧပြီလ ၁၂ ရက် တွင် ထုတ်ပြန်ပြီး အင်တာနက်မှတဆင့် အများပြည်သူက မဲဆန္ဒဖြင့် ၀ိုင်းဝန်း ဆန္ဒပြုနိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ထိုဆန်ကာတင်(၅)ဦးမှာ



၁။ ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း -

၂။ ဇာဂနာ၊ လူရွှင်တော်၊ ဒါရိုက်တာ၊ စေတနာ့ဝန်ထမ်း စွမ်းဆောင်သူ -

၃။ သီတဂူဆရာတော် ဦးဉာဏိသရ -

၎။ ဖြူဖြူသင်း၊ အင်န်အယ်ဒီပါတီဝင်၊ HIV လူနာများ ကူညီစောင့်ရှောက်ခြင်း -

၅။ ဦးအေးမြင့်၊ (ဦးအေးမြင့်မောင်) လမ်းပြကြယ်ဥပဒေအကျိုးဆောင်အဖွဲ့ -


တို့ဖြစ်ကြပါသည်.။

ယခု ဧပြီလ ၁၂ ရက်မှ ၂၁ ရက် အတွင်း နောက်ဆုံးဆန်ကာတင် ၅ ဦးမှ ပရိသတ်အားလုံး၏ ဆန္ဒအရှိဆုံး တဦးကို အင်တာနက်မဲစနစ်ဖြင့် ပြည်သူ့ဂုဏ်ရည် ( Citizen of Burma Award ) အဖြစ်ဂုဏ်ပြုနိုင်ရန် ရွေးချယ်မည် ဖြစ်သည်။ ဧပြီလ ၂၄ တွင် ၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်သည့် အခမ်းအနားကို အိမ်ရှင်အဖြစ် အယ်လ်အေမိသားစုများက ကျင်းပကြမည် ဖြစ်သည်။ ထိုအခမ်းအနားတွင် မဲအများဆုံး ဆန္ဒပြုခံရသူကို ကြေငြာမည်။

ထိုနည်းတူ ပြည်သူ့ဂုဏ်ရည်အဖြစ် အမည်စာရင်းတင်သွင်းခံရသူ မြန်မာပြည်၏ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူ ၂၄ ဦး ထံ ပြည်သူ့ဂုဏ်ရည် မိတ်ဆွေများအားလုံးက လေးစား ဂုဏ်ယူပါကြောင်း ၂၀၁၀ ပြည်သူဂုဏ်ရည်အစီအစဉ်၏ မှတ်တမ်းလွှာကို ပေးပို့သွားမည် ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။

အားလုံးရဲ့ကိုယ်စား
ဦးကိုလေး(အယ်လ်အေ) 626-383-6901 ကိုဝေလ(နယူးယောက်) 718-505-0080 ကိုထိန်လင်း(ဆန်ဖရန်စစ္စကို) 415-531-3761 ကိုကျော်ဝဏ္ဏ (အယ်လ်အေ) 626-478-7717 ကိုမောင်ရစ် (ဆန်ဖရန်စစ္စကို) 415-595-1485

ပေပို့ ပေးသော ကိုဘိုဘို Los Angeles အားကျေးဇူးတင်ပါသည်.။



28 December 2009

(သားဖိုးဥာဏ်ရဲ့မေတ္တာရပ်ခံချက်)။


ဖခင်လွတ်မြောက်ရေးတွက်၊ သားဖိုးဥာဏ်ရဲ့ဆုတောင်းပွဲ..။


(သားဖိုးဥာဏ်ရဲ့မေတ္တာရပ်ခံချက်)။


မိထ္ထိလာထောင်၌ ထောင်ဒဏ်(၁၉)နှစ် ကျခံနေရသော အင်းစိန်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်၊ တွဲဖက်တာဝန်ခံ(၁)၊ ကိုထွန်းထွန်းနိုင်(ခ) ဖိုးဥာဏ် အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဇနီးမအေးအေးသက်နှင့် သားဖြစ်သူ ဖိုးဥာဏ်တို့သည် အမှတ်(၁၇)ဗောဓီညောင်ပင်လမ်း၊ ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်နေအိမ်၌ ယနေ့(၂၇.၁၂.၀၉)နေ့ နံနက်တွင် ပင့်သံဃာတော်ငါးပါးအား အရုဏ်ဆွမ်းဆက်ကပ်၍ နိုင်ငံရေးအကျဉ်းသားအရေတွက်တိုင်း ဝထ္ထုငွေ ၂၂၀၀ိ ကျပ်၊ အပြာ ရောင်မျက်နှာသုတ်ပုဝါတို့ ဆက်ကပ်လှူဒါန်းပြီး ကိုထွန်းထွန်းနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ ဆုတောင်း
ခဲ့သည်။ ဇနီးနှင့်သားမှ အကျဉ်းသားဝတ်စုံအရောင်ဖြစ်သည့် အပြာရောင်ဝတ်ဆင်၍ ဆုတောင်း
ခြင်းကို ပြုလုပ်ခဲ့သည့် ဟု သိရသည်။

ဆုတောင်းပွဲသို့ ဖိတ်ကြားထားသည့် ရပ်ကွက်ပြည်သူများ၊ အကျဉ်းသားမိသားစုများနှင့် နိုင်ငံရေး
မိတ်ဆွေများ တက်ရောက်ကြသည်။ ဧည့်ပရိတ်သတ်များကို ကြက်သားပလာတာဖြင့် ဧည့်ခံခဲ့သည်
ဟု သိရသည်။
(အကျဉ်းသားဝတ်စုံအပြာရောင်နှင့်တွေ့ရသော ဇနီးမအေးအေးသက်နှင့်သားဖိုးဥာဏ်)။

(အဖေတွက်ရည်စူးပီးငှက်လွှတ်ရန်ပြင်နေသည့်သားဖိုးဥာဏ်)

(အပြာရောင်ဝတ်စုံနှင့်သားဖိုးဥာဏ်)။

(ဖိတ်ကြားထားသည့်ပြည်သူ)။

(နိုင်ငံရေးအကျဉ်းသားမိသားစုများ)။

ပေးပို့ ပေးသော မောင်လေး စိုင်းငယ် အားကျေးဇူးတင်ပါသည်.။