13 March 2010

ဟံသာဝတီ ဦးဝင်းတင်ရဲ့ ထောင်တွင်းအတွေ့အကြုံ စာအုပ်ထွက်ရှိဖတ်ချင်သူများအတွက် ဖတ်လိုရအောင်(ဘာလဲဟဲ့ ....လူ့ ငရဲ)




U Win Tin's book

သုံးရောက်ခြယ် ကျောင်းသားခေါင်းဆောင်လဲဖြစ်၈၈မျိုးဆက်ကျောင်းသား ကိုမြတ်စံ ပြန်လည်လွတ်မြောက်..


ကိုမြတ်စံ


သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်လည်းဖြစ် ၈၈ မျိုးဆက် ကျောင်းသားလည်းဖြစ်တဲ့
ကိုမြတ်စံအားစစ်အာဏာရှင်များ၂၀၀ရခုနှစ်နိုဝင်ဘာလ(၂ရ)ရက်နေ့တွင်ဖမ်းဆီးပြီထောင်ဒဏ်
(၂)နှစ်ချခဲ့ပြီးနှစ်ပြည့်နေခဲ့ရပြီး၂၀၁၀မတ်လ(၁၀)ရက်နေ့တွင်မြစ်ကြီးနားထောင်မှပြန်လည်
လွတ်မြောက်ပါပြီ.။မတ်လ(၁၂)ရက်နေ့တွင်ရန်ကုန်မြို့ရှိသူ၏နေအိမ်သို့ပြန်လည်ရောက်
ရှိခဲ့ပါသည်ဟုသတင်းရရှိပါသည်.။

၂၂ နှစ်မြောက် ကိုဖုန်းမော် နေ့ကို ဆွေးနွေးပွဲ ပြုလုပ် ဖိတ်ကြားခြင်း(မဲဆောက်)


ပြည်ဖျက် မိစ္ဆာ

မဲဆောက်မြို့ AAPP-B ရုံး၌ ကျင်းပပြုလုပ်သည့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် (၈၀) ပြည့်မွေးနေ့အထိမ်းမှတ် ‘ဘာလဲဟဲ့ လူ့ငရဲ’ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား.

မတ်လ သူရဲကောင်းများသို့ အမှတ်တရ



ကျောင်းသားအတ္ထုပ္ပတ္တိ


(၁)

မင်းရဲ့ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်။
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တခေတ် မင်းအောင်မြင်စေကွယ်။
အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံ ငါတို့ဆုတောင်း
မင်း……..ကောင်းရာသုဂတိလားပါစေ……..လို့
ငါတို့ ရဲ့သွေးတစက်ကို
ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ရင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ… မို… က… ရေ… စီ….
ဒီမိုကရေစီ…..လို့ ဆိုလိမ့်မယ်။

ညီလေးရယ်……………….
ရနိုင်မယ်ဆိုရင်
မင်းရဲ့အရိုးတမှုန်ကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားသခင်ကို ပြကြည့်ချင်တယ်။
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်။
မင်းဟာ အာဇာနည်လေးဖြစ်တယ်။
မင်းဟာ……..
ဗမာကျောင်းသားလေး… ဖြစ်တယ်လေ။

(၂)

ရေငတ်သလို ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး” ဟာ
အကျဉ်းထောင်ထဲမှာ…..
သင်္ချိုင်းမြေမှာ……
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ………… ရှိနေတယ်။
မင်း… စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်….
မင်းအတွက်….
“နောက်ထပ်စာအုပ် အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု…
ဖောင်တိန်မလုံလောက်မှု…
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု… စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကိုနှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ…
ခွပ်ဒေါင်းရဲ့ တကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့………………..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ။

(၃)

ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာ မနက်ဦးများမှာ
ဒို့ ကမ္ဘာကို ပြန်လာဦးမှာလား…ဟင်…
“ အမျိုး၊ ဘာသာ၊ သာသနာ အတွက်
သားနှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်နဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုတ်ထားတယ်…
မင်းရဲ့မေမေဟာ
အခန်ထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် (လု) နေရှာတော့မယ်။

“ကောင်မွန်စွာ
သင်္ဂြိုလ်ပြီးစီးပါကြောင်း” …. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့အထ္တုပ္ပတ္တိဟာ
အတောင်ပံပါတယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာ ဘ၀အဆက်ဆက်မှာ
မင်း…. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ်…။

(၄)

အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေး ခေတ်ဒဏ်သင့်နေရှာတယ်…
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး” ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆို
ရဟန္တာဖြစ်တဲ့ထိ လိမ္မာမယ်”
ဒါပေမယ့်………………………
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်…………။

ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်
စစ်မောင်းသံကြားရင်
ခွာတရှပ်ရှပ် ဖြစ်ချင်တဲ့
စစ်မြင်းကလေးလို
မင်းဟာ…………..
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ညီလေးရေ…
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံတွေ
မင်း… ရောက်ရာအရပ်က ကြားပါစေ….

(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်“ တော့နော်
မင်း စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့ တည်ဆောက်တဲ့ အုတ်ဂူတလုံး
တလောကလုံး လင်းစေသားကွယ်
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်း ကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့
ငါတို့ အောင်မြင်မှာပါ………….
ဗမာပြည်အတွက် လိုအပ်တဲ့
“လူအခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ…
စစ်မြင်းတွေ ပြိုင်လာပြီ…
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ…..
ညီလေးရေ
ငြိမ်းချမ်းစွာ….
အေးမြစွာ….
သန့်ရှင်းစွာ…..
နောင်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့ တလူလူ ကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလိုပန်လို့ … လှလို့ …
သြော်…………………..
ဒေါင်းအလံကို ပန်းလိုပန်လို့ …………
လှလို့ ပါပဲ…………………ညီလေးရယ်…။


( ရွှေဘုန်းလူ )

မတ်လ(၁၂)ရက်နေ့ တွင်ကျရောက်သော ဘဘဦးတင်ဦးအသက်(၈၃)ပြည့်နှစ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ကျင်းပပြုလုပ်..







Align Center








မတ်လ (၁၂) ရက်နေ့တွင် ကျရောက် သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုက္ကဌဘဘဦးတင်ဦး ၏ အသက် (၈၃) ပြည့်မွေး နေ့ အခမ်းအနား အား အဖွဲ့ ချုပ် အမျိုးသမီးများ မှဦးဆောင်၍ ဘဘဦးတင်ဦးအားမွေးနေ့ကန် တော့ ပွဲ ကို အဖွဲ့ချုပ်ရုံးတွင်ကျင်းပရာ ရန်ကုန်တိုင်း အတွင်းရှိ မြို့  နယ် အသီးသီး မှ အမျိုးသမီး အဖွဲ့ ၀င်များတက်ရောက် ခဲ့ကြသည် ။တက်ရောက်လာကြသည့် ပါတီဝင်များအားအမျိုးသမီးအဖွဲ့ ၀င်များအား မုန့် ဟင်းခါးဖြင့် ပြန် လည် ဧည်ခံ ခဲ့သည်ဟုသတင်းရရှိပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မှနအဖ၏၂၀၁၀ခုနှစ်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းအပါအဝင်ရွေးကောက်ပွဲဆိုင်ရာဥပဒေများကိုသဘောထားထုန်ပြန်

Statement March 12

12 March 2010

ဟံသာဝတီ ဦးဝင်းတင်ရဲ့ ထောင်တွင်းအတွေ့အကြုံ စာအုပ်ထွက်ရှိ

Photobucket

သတင်းထုတ်ပြန်ချက်

မတ်လ ၁၂၊ ၂၀၁၀

ဟံသာဝတီ ဦးဝင်းတင်ရဲ့ ထောင်တွင်းအတွေ့အကြုံ စာအုပ်ထွက်ရှိ


သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်ရဲ့ စာမျက်နှာ ၃၁၈ မျက်နှာပါရှိပြီး ရက်ပေါင်း ၇၀၀၀ ကျော် ထောင်တွင်း အတွေ့အကြုံများကို ရေးသားတင်ပြထားတဲ့ 'ဘာလဲဟဲ့ လူ့ငရဲ' စာအုပ်ကို ဆရာကြီးရဲ့ အသက် (၈၀) ပြည့် မွေးနေ့ (၂၀၁၀ ခုနှစ် မတ်လ ၁၂ ရက်နေ့) မှာ စတင်ထုတ်ဝေ ဖြန့်ချိမှာ ဖြစ်ပါတယ်။

ဒီစာအုပ်ကို ဒီမိုကရက်တစ် မြန်မာ့အသံ က စီစဉ်ထုတ်ဝေပြီး နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က တာဝန်ယူ ဖြန့်ချိမှာ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ အခန်းငယ် ၁၀ ခန်းနဲ့ ဆောင်းပါးပေါင်း ၄၂ ပုဒ် ပါဝင်ပါတယ်။

ဆရာက မကြောက်တရားကို အခြေခံပြီး ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ပွင့်ပွင့်လင်းလင်း မကွယ်မ၀ှက် ဖွင့်ချဖေါ်ပြထားပါတယ်။ ဒါ့အပြင် "ထောင်ကျတဲ့ နိုင်ငံရေးမလုပ်ဘူး၊ ထောင်ကျတဲ့ လှုပ်ရှားမှု မလုပ်ဘူးဆိုတဲ့ ထောင်ကြောက်တရားတွေဟာ ခေတ်အဆက်ဆက် နိုင်ငံရေးအတွက် ထောင်ချခံရသူတွေ ယုံကြည်ချက်အတွက် ထောင်ကျခဲ့သူတွေ၊ ပြည်သူ့ကောင်းကျိုးအတွက် ထောင်ကျခံရသူတွေ၊ လူထုအုံကြွမှုအတွက် ထောင်ကျခံရသူတွေ၊ အာဏာရှင်စနစ် ဆန့်ကျင်တွန်းလှန်ရေးအတွက် ထောင်ကျခံရသူတွေ၊ တော်လှန်ရေးတွေ၊ အရေးတော်ပုံတွေ လှုပ်ရှားမှုတွေအတွက် ထောင်ကျခံရသူတွေ၊ ထောင်ကျခဲ့ရသူတွေကို ရှုတ်ချတာပဲ၊ စော်ကားတာပဲ" ဆိုတဲ့ ဆရာရဲ့ ရဲရင့်ပြတ်သားတဲ့ အမြင်ကိုလည်း ဆရာ့ဆောင်းပါးတွေထဲမှာ တွေ့မြင်ရပါတယ်။

တနိုင်ငံလုံးကို ထောင်ချထားသလို ဖြစ်နေတဲ့ စစ်အစိုးရခေတ် မြန်မာနိုင်ငံမှာ ထောင်ကျတာဟာ အထူးအဆန်းမဟုတ်ကြောင်း၊ ထောင်ကြီးထဲကနေ နှိုင်းယှဉ်ချက်အရ ပိုမိုကျပ်တည်းတဲ့ ထောင်လေးထဲကို ရောက်သွားခြင်းသာ ဖြစ်တဲ့အတွက် ဘာမှကြောက်စရာမလိုကြောင်း ဆရာက သူ့ဆောင်းပါးတွေနဲ့ သူရဲ့ အမှာစာမှာ ဖေါ်ပြထားပါတယ်။

လူကိုသာ အကျဉ်းချထားလို့ရချင်ရမယ်၊ သူ့ရဲ့ ယုံကြည်ချက်နဲ့ ပြည်သူတွေကို ချစ်တဲ့စိတ်နဲ့ ဒီမိုကရေစီကို ချစ်တဲ့စိတ်တွေကိုတော့ ထောင်ချထားလို့ မရဘူးဆိုတဲ့ အချက်ကို ဆရာရဲ့ စာအုပ်တအုပ်လုံးမှာ တွေ့ရှိရမှာ ဖြစ်ပါတယ်။

စာအုပ်ဝယ်ယူလိုသူများဟာ info@aappb.org သို့ ဆက်သွယ်မှာ ယူနိုင်ပါတယ်။



###



နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)

ဆက်သွယ်ရန် ----- ကိုတိတ်နိုင် (အတွင်းရေမှုး) +၆၆ (၀)၈၁ ၂ ၈၇ ၈၇၅၁

ကိုဘိုကြည် (တွဲဘက် အတွင်းရေးမှုး) +၆၆ (၀)၈၁ ၃၂၄ ၈၉၃၅

book

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှညီညီညွတ်ညွတ်နဲ့ စိန်ခေါ်မှုတွေကို လက်တွဲရင်ဆိုင်ရမယ်ဟု ပြောဆို....

ဒီကနေ့ နေ့လည် ၂နာရီမှ၎နာရီ အထိ ထူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အကျိုးဆောင်ရှေ့နေကြီး ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းတို့ နှစ်ဦး ၂နာရီကြာခန့်တွေ့ဆုံခွင့်ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်....။

" ဒီနေ့ ဆရာဦးကြည်ဝင်းနဲ့ အန်ကယ်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့လည် ၂နာရီကနေ ၄နာရီအထိ အထူးအယူခံအမှုအတွက် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အယူခံကိစ္စ အပါအဝင် တခြားအကြောင်းအရာတွေ တော်တော်များများ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ မနေ့က ထုတ်တဲ့ဥပဒေနဲ့ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ ဒီဥပဒေတွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးတယ်လို့ ထင်စရာ ဖြစ်နေတယ်တဲ့။ ဥပဒေဆိုတာလူတိုင်းအတွက် ဖြစ်တယ်။ ပုဂ္ဂလိက တစ်ဦးတစ်ယောက်တည်း အတွက် ရည်ညွန်းပြီး ရေးဆွဲတယ်ဆိုရင် အင်မတန်မှ ရှက်ဖို့ကောင်းတယ်လို့ ပြောပါတယ်။ "

မနေ့က အစိုးရသတင်းစာများမှာ ပါရှိတဲ့ ရွေးကောက်ပွဲ ဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုရည်ညွန်းတဲ့ ဥပဒေတွေ အများအပြားပါရှိနေပါတယ်။ ထောင်ဒဏ်ကျခံနေရသူဆိုသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၌ (ထောင်ဒဏ်ကျခံနေရသူဆိုသည်မှာ တရားရုံးတခုခု၏ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေသူကို ဆိုသည်။ ယင်းစကားရပ်တွင် သက်ဆိုင်ရာ တရားရုံး၏ စီရင်ချက်ကို မကျေနပ်၍ အယူခံမှုသို့မဟုတ် ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်သူလည်းပါဝင်သည်ဟု ဖော်ပြထားပါတယ်။

law

" အခုထုတ်ပြန်တဲ့ ဥပဒေအရ စိန်ခေါ်မှုတွေ ကြုံရမယ် ..။ ဒီစိန်ခေါ်မှုတွေကြုံရတဲ့ အတွက် အင်အားအသစ်တွေ ဖြစ်စေတယ်..။ အဖွဲ့ချုပ်အဖွဲ့ဝင်တွေရော.. ပြည်သူလူထုရော ညီညီညွတ်ညွတ်နဲ့ ဒီစိန်ခေါ်မှုတွေကို လက်တွဲရင်ဆိုင်ရမယ်လို့ မှာကြားလိုက်ပါတယ်.....။ အဖွဲ့ချုပ်ကလာမယ့် ကာလမှာ ရွေးကောက်ပွဲဝင်ရေး မဝင်ရေး ဒီအချိန်မှာ စဉ်းစားစရာမလိုဘူး ... စိန်ခေါ်မှုတွေ ဥပဒေတွေကို တကယ်အလုပ်လုပ်ပြီး ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။ နောက်ဒေါ်အောင်ဆန်းစုကြည်က ဒီထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သတ်ပြီး သူရဲ့တွေးခေါ်မှုတွေ စဉ်းစားမှုတွေကိုလည်း ပြောပြလိုက်ပါတယ်။ ပြန်လည်ဖွင့်ခွင်ရမယ့် အဖွဲ့ချုပ်ရုံးခန်းတွေမှာ လုပ်ဆောင်ရမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်ကို မနက်ဖြန်မှာ ထုတ်ပြန်ပါမယ်.. ။ နောက်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ချုပ် CEC တွေအားလုံးတွေ့ဆုံနိုင်ဖို့ကို တနင်္လာနေ့မှာ တောင်းဆိုပါမယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်မာရေးကောင်းမွန်ပြီး စိတ်ဓာတ်လည်း အထူးကြံ့ခိုင်ပါတယ်ဟု" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်....။

သတင်း... ဒီမိုဝေယံ

ဘဘဦးဝင်းတင်မွေးနေ့ အမှတ်တရ...

U Win Tin Birthday

11 March 2010

၁၉၉၀ပြည့်နှစ် မေလ(၂ရ)ရက်နေ့တွင် ကျင်းပခဲ့သည့်ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှတ်တမ်း..။

၁၉၉၀-ပါတီစုံ-ဒီမိုကရေစီ-အထွေထွေရွေးကောက်ပွဲ-မှတ်တမ်း

စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ချိတ်ပိတ်ထားသော အဖွဲ့ချုပ်ရုံးခန်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခြင်း.....





ယနေ့ စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဟာ လိုက်နာဖို့အတော်ခက်ခဲပြီး တမင်တကာရည်ရွယ်ချက် ရှိရှိနဲ့လုပ်ဆောင်သွားတာ ဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်....။

" ဒီကနေ့ စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားတာကတော့... ဒီနေ့ဥပဒေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အဓိက စောင်းပေးပြီး ထုတ်ပြန်သွားတာလို့ ပြောလို့ရပါတယ်...။ ဒီဥပဒေ မှတ်ပုံတင်မတင် မဆုံးဖြတ်ခင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CEC)တွေအာလုံးတွေ့ဆုံပြီး စဉ်းစားဆုံးဖြတ်နိုင်ဖို့အတွက် အားလုံးတွေ့ဆုံခွင့်ရဖို့ အရေးကြီးပါတယ်။ အဲဒါကြောင့် အန်ကယ်တို့ တွေ့ဆုံခွင့် ရဖို့တောင်းဆိုပါမယ်။ အရေးကြီးတာကတော့ အဲ့ဒီဥပဒေတွေမှာ ပါတဲ့အပိုဒ်တွေဟာ လိုက်နာဖို့ အင်မတန်ခက်ခဲပါတယ်။ တမင်တကာရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်သွားတာပါဟု" ပြောဆိုသွားပါတယ်။


ယနေ့ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုအဓိက စောင်းပေးပြီး ထုတ်ပြန်သွားတာဖြစ်ကြောင်း အကဲခတ်များက ပြောဆိုပါတယ်။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေတွင် ထောင်ဒဏ်ကျခံနေသူများအား ပါတီဝင်အဖြစ် သတ်မှတ်ခြင်း မပြုရန် ရေးသားထားပြီး သတ်မှတ်ထားသော ရက် ၆၀ အတွင်း ပြန်လည် လျှောက်ထားခြင်းမပြုပါက အလိုအလျှောက် ပျက်ပြယ်သွားမှာ ဖြစ်ကြောင်း တဘက်သတ်ရေးသားထားပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေရဲ့  နောက်ဆုံးအပိုဒ် ၂၇ အရ - “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး တည်ဆောက်ရေးအဖွဲ့  ဥပဒေ အမှတ်၊ ၄/၈၈) ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်” ဆိုတဲ့အချက်တချက်လည်း ပါဝင်နေခြင်းဟာလည်း ယခင်နိုင်ငံရေးပါတီ အဖြစ်တရားဝင်ရပ်တည်နေတဲ့ ပါတီတွေကို တရားမဝင်တော့တဲ့ သဘောကိုဆောင်နေပါတယ်။

ဆက်လက်ပြီး ယနေ့ ပြည်နယ်နှင့်တိုင်းတွေမှာရှိတဲ့ ချိတ်ပိတ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရုံးခန်းတွေကို ယနေ့ညနေ ၄နာရီ ပြန်လည်ဖွင့်ခွင့်ပေးကြောင်း အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်....။

ဗုဒ္ဓဟူးနေ့ည ၁၁နာရီအထိ ....... နောက်ဆုံးရရှိတဲ့ ပြန်လည်ဖွင့်ခွင့်ပြုတဲ့ နေရာတွေကတော့ ....... ရန်ကုန်တိုင်း..... တိုင်းရုံး ၊ ဒဂုံမြို့သစ်၊ အလုံ။ မန္တလေးတိုင်း..... တိုင်းရုံးအပါအဝင် မြို့နယ်များ.. စစ်ကိုင်းတိုင်း.... အင်းတော်၊ မုံရွာ၊ ရေဦး၊ ရွှေဘို.. ပဲခူးတိုင်း..... ပြည်၊ ပေါင်းတည်... ရှမ်းပြည်နယ်.... ရှမ်းပြည် မြောက်ပိုင်း ၁၁ မြို့နယ်.... မွန်ပြည်နယ်... ဖွင့်ခွင့်ပြုလို့ လိုက်သွားကြတယ် ဟုသိရ... ကချင်ပြည်နယ်... မိုးညှင်းမြို့နယ် တို့ဖြစ်ပါတယ်..... ဒီနေ့ညနေ ၄နာရီနောက်ပိုင်းကပါ.. ချိတ်ပိတ်ထားတာတွေကို ပြန်ဖွင့်ခွင့် ပေးမယ်ဆိုပြီးလာပြောတာပါ။ အချိန်ကိုက်လုပ်တာပါ... အန်ကယ်အမြင်တော့ ဒီနေ့ဥပဒေမှာ အဖွဲ့ချုပ်ကို စောင်းပေးနှိပ်ကွက် ပြီးတော့ တခုနဲ့တခု Balance ပြန်လုပ်တယ်လို့ ဒီလိုပဲမြင်ပါတယ် ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားတာပါတယ်။





အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းများဟာ ၂၀၀၃ခုနှစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ် အတွင်း နေရာတော်တော်များများ မှာရုံးခန်းများ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီး အပြီးမှာ စစ်အစိုးရမှ ရုံးခန်းအားလုံး ချိတ်ပိတ်ခဲ့ပါတယ်..။ နှစ်ကာလကြာမြင့်ပြီဖြစ်တဲ့အတွက် ရုံးခန်းများအနက် တချို့ရုံးခန်းများမှာ ပျက်စီးယိုးယွင်းမှုများနဲ့ ကြုံတွေ့နေရပါတယ်။ ရွှေဂုံတိုင်အဖွဲ့ချုပ် ရုံးချုပ်ကိုသာ ဟန်ပြဖွင့်လှစ်ခွင့် ပေးခဲ့ပါတယ်။

သတင်း.... ဒီမိုဝေယံ



ယခုထုတ်ပြန်တဲ့ နအဖရဲ့  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေက အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရဲ့  တရားဝင်မှုကို ရုပ်သိမ်းလိုက်ပါပြီ။



ပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျောင်းသားခေါင်းဆောင်တွေနဲ့  တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်တွေ ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံခွင့် မရှိအောင် ပေါ်တင် ကန့် သတ်ထားပါတယ်။

နအဖကနေ မတရားလုပ်ကြံလီဆည်ပြီး အမှုဆင်စွပ်စွဲခံရသူ မည်သူမဆို ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံခွင့် မရှိစေရန် စီစဉ်ထားပါတယ်။

မြန်မာနိုင်ငံသား မဖြစ်တော့ကြောင်း နအဖဘက်ကနေ တစ်ဘက်သတ် မတရား ကြေညာခြင်းကို ခံရသူ မည်သူ့ ကို မဆို ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံခွင့် မရှိစေရန် ယုတ်မာထားပါတယ်။

မလိုလားတဲ့ နိုင်ငံရေးပါတီတွေကိုကြတော့ လွတ်လပ်စွာ စည်းရုံးမှုတွေ နိုင်ငံရေးပါတီတစ်ခု ရသင့်ရထိုက်တာတွေကိုတော့ ပိတ်ပင်ထားခဲ့ပြီး အခုမှ (၃) လအတွင်း စည်းရုံးရမယ့် ပါတီဝင်ဦးရေနဲ့ ပါ မတရားထိန်းချူပ်ထားပါတယ်။

နောက်ဆုံး အချူပ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကနေ ရွေးကောက်ပွဲ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ရင်တော့ ဒီဥပဒေအချက်တွေနဲ့  ရွေးကောက်ပွဲထဲ ပါဝင်ခွင့်ပြုမှာ မဟုတ်ပါဖူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ မဟုတ်ပါဖူး။ နအဖရဲ့  ဘက်တော်သားတွေ ပါဝင်တဲ့ နိုင်ငံရေးပါတီတွေမှလွဲလို့  အခြားသော မည်သည့်နိုင်ငံရေးပါတီကိုမှ ရွေးကောက်ပွဲထဲ ၀င်ခွင့်မရှိအောင် အချက်တစ်ခုခုနဲ့  ညှိတယ်လို့  အကြောင်းပြပြီး ပယ်ဖျက်ပစ်ဖို့  နအဖက ဦးတည်ရေးသားထားတာပါဘဲ။

အဆိုးဆုံးကတော့ ယခုထုတ်ပြန်လိုက်တဲ့ နအဖရဲ့  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေက အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်အပါအ၀င် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းအတွက် မှတ်ပုံတင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေ အားလုံး တရားမ၀င်တော့ဖူးလို့  ဆိုလိုလိုက်တဲ့ အချက်ဘဲ ဖြစ်ပါတယ်။

ယခု နအဖရဲ့  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေရဲ့  နောက်ဆုံးအပိုဒ် ၂၇ အရ - “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး တည်ဆောက်ရေးအဖွဲ့  ဥပဒေ အမှတ်၊ ၄/၈၈) ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်” ဆိုတဲ့အတွက် ဖြစ်ပါတယ်။

၁၉၉၀ တုန်းက တည်ရှိခဲ့တဲ့ န၀တရဲ့  “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အမှတ် ၄/၈၈” ဆက်လက်မတည်တံ့တော့အတွက် ယခုအချိန်မှ စပြီး မြန်မာပြည်မှာ မည်သည့်နိုင်ငံရေးပါတီမှ တရားမ၀င်တော့ပါဖူး။

ယခုထုတ်ပြန်တဲ့ နအဖရဲ့  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေက အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်နဲ့  အားလုံးသော ပြည်သူ့ နိုင်ငံရေးပါတီများ တိုင်းရင်းသားလူမျိုးစုများရဲ့  နိုင်ငံရေးပါတီများ အားလုံးရဲ့  တရားဝင်မှုကို ရုပ်သိမ်းလိုက်ပါပြီ။

ကျွန်တော်တို့  ရဟန်းရှင်လူပြည်သူပြည်သားတွေရော တပ်မတော်သားတွေအပါအ၀င် ရင်ထဲကနေ ဆန္ဒမှန်တွေနဲ့  နှစ်နှစ်ကာကာ ရွေးချယ်မဲပေးခဲ့ကြတဲ့ ပြည်သူ့ အတွက် ရပ်တည်နေကြတဲ့ နိုင်ငံရေးပါတီတွေအားလုံးကို အခု နအဖက ပေါ်တင် ကြေညာရုပ်သိမ်းလိုက်ပါပြီ ……

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို ပထုတ်သည့်အပေါ် အမေရိကန် ဝေဖန်





စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဝင်နိုင်ရန် ရွေးကောက်ပွဲဥပဒေ ထုတ်၍ တားဆီးလိုက်ခြင်းသည် လက်ခံနိုင်စရာ မရှိကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် Mr. Kurt Campbell က ပြောသည်။ “ကျနော်တို့ကတော့ သူပြန်လွတ်မြောက်ပြီး မြန်မာ့နိုင်ငံရေးမှာ အပြည့်အဝ ပါဝင်ခွင့်ပြုရမယ်ဆိုတဲ့ မူပေါ်မှာပဲ ဆက်ပြီး ရပ်သွားမှာပါ” ဟု အရှေ့တောင်အာရှ ခရီးစဉ် တစိတ်တပိုင်းဖြစ်သော မလေးရှားနိုင်ငံသို့ ရောက်ရှိနေစဉ် ယနေ့ သတင်းစာရှင်းပွဲ တခု၌ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သတင်းစာများမှ ယနေ့ထုတ်ပြန်သည့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” အခန်း ၁၊ ပုဒ်မ ၂ (ဌ) နှင့် အခန်း ၂၊ ပုဒ်မ ၄ အရ “ထောင်ဒဏ် ကျခံနေရသူ” ဖြစ်လျှင် နိုင်ငံရေးပါတီ တခု၌ပင် ပါဝင်ခွင့်မရှိဟု ဖော်ပြထားသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရနိုင်တော့ခြင်း ဖြစ်သည်။





မစ္စတာကမ်းဘဲလ်နှင့် သူ၏ လက်ထောက် အာဆီယံရေးရာ သံတမန် စကော့ မာစီယယ် (Scot Marciel) တို့သည် ယခင်နှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ၂ ရက်ကြာ ရောက်ရှိခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံများသာမက စစ်အစိုးရဝန်ကြီးချုပ် အပါအဝင် အရာရှိများအား တွေ့ဆုံ၍ နိုင်ငံရေးကိစ္စများ ဆွေးနွေးခဲ့သည်။
ယင်းမှအပြန် ဘန်ကောက်မြို့ သတင်းစာရှင်းပွဲ၌ ''ငြိမ်းချမ်းတည်ငြိမ်ပြီး ညီညွတ်သော နိုင်ငံကို တည်ဆောက်လိုလျှင် စစ်အစိုးရနှင့် နိုင်ငံရေးပါတီများ၊ လူနည်းစု တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေးသည်သာ တခုတည်းသော လမ်းဖြစ်သည်'' ဟု စကော့ မာစီယယ်က ပြောခဲ့ သည်။



စစ်အစိုးရကမူ တွေ့ဆုံဆွေးနွေးရန် စိတ်ပါဝင်စားခြင်း မရှိဘဲ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” ကိုလည်း ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ နှင့် အညီ ပြဋ္ဌာန်းခြင်း ဖြစ်သည်ဟုပင် ဆိုသည်။ NLD ပါတီနှင့် အတိုက်အခံ တိုင်းရင်းသား နိုင်ငံရေးပါတီများကမူ ယင်းဖွဲ့စည်းပုံသည် ပြည်သူအများစု၏ ဆန္ဒနှင့် မညီဟုဆို၍ ပြန်လည်သုံးသပ်ရန် တောင်းဆိုနေကြသည်။ အခြေခံဥပဒေပါ ပုဒ်မ ၄၄၅ အရ စစ်အစိုးရအဆက်ဆက် ကျူးလွန်ခဲ့သည့် ပြစ်မှုများကို နောက်တက်မည့် အစိုးရက တရားစွဲနိုင်ခြင်း မရှိစေရန် တားမြစ်ထားခြင်း၊ မြန်မာပြည် နိုင်ငံရေးတွင် စစ်တပ်က ဦးဆောင်ရမည် ဆိုသည့် အခြေခံမူ၊ ပုဒ်မ ၅၉ အရ နိုင်ငံတော်သမ္မတသည် စစ်တပ်မှ အငြိမ်းစားသာ ဖြစ်ရမည်ဟု ဆိုထားခြင်း၊ ပုဒ်မ ၄၁၃ အရ သမ္မတအား လိုအပ်လျှင် စစ်တပ်က အာဏာသိမ်းခွင့် ပြုထားခြင်းတို့ကို ဥပမာအဖြစ် ထောက်ပြကြသည်။



“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” အခန်း ၂၊ ပုဒ်မ ၆ (ခွဲ) ဂ အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟု ဝန်ခံချက်ရေးထိုးမှသာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရမည် ဖြစ်သောကြောင့် မြန်မာ့နိုင်ငံရေးသည် အကျဉ်းအကျပ်ထဲ ရောက်သွားစေသည်ဟု လေ့လာနေသူများက သုံးသပ်ကြသည်။ ရွေးကောက်ပွဲဥပဒေ မထုတ်မီ ရက်ပိုင်းအလို၌ပင် ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးပြီး ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပြုမှသာ ၂၀၁၀ ရွေးကောက်ပွဲကို အများလက်ခံနိုင်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာပေးပို့ခဲ့သေးသည်။



မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို လေ့လာရန် ယခင်လက ရောက်ရှိခဲ့သည့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံ မစ္စတာကွင်တားနားကလည်း နိုင်ငံတကာ အဆင့်မမီသော ၁၉၇၄ ခု ဥပဒေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားသည်မှာ တရားမျှတမှု မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် စစ်အစိုးရကမူ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” အတွင်း၌ ၁၉၉၀ ခု ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ - နဝတ ၏ ဥပဒေအမှတ် ၄/၈၈ အရ တည်ရှိနေသော နိုင်ငံရေးပါတီများ အနေဖြင့် တရားဝင် ဆက်လက်ရှင်သန်နိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်အသစ်သို့ ယခုလ ၈ ရက်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း လျှောက်ထားရမည်ဟု ထည့်သွင်းလိုက်ပြီး NLD နှင့် တိုင်းရင်းသားပါတီများကို ရက်ကန့်သတ်ပေးလိုက်ပြီး ဖြစ်သည်။




သို့သော် နအဖ၏ ဥပဒေများအတွင်း၌ ရွေးကောက်ပွဲ ကော်မရှင်ဟောင်းကို ဖျက်သိမ်းလိုက်ကြောင်းသာ ပါဝင်ပြီး ကော်မရှင်အသစ်ကို မည်သည့်အချိန် ဖွဲ့စည်းမည်ကိုမူ ထည့်သွင်းထားခြင်း မတွေ့ရသောကြောင့် ရက်ပေါင်း ၆၀ မပြည့်မီ ဆက်သွယ်လိုလျှင်ပင် မည်သို့ ပြုလုပ်ရမည်မှာ ရှင်းလင်းမှု မရှိကြောင်း တက်ကြွလှုပ်ရှားသူများက ဝေဖန်နေကြသည်။




သတင်းရင်းမြစ် ..
မဇ္ဈိမ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးထက် ပါတီရပ်တည်ရေး ဆုံးဖြတ်ရန်လိုဟု ဦးဝင်းတင်ပြောကြား




နအဖထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် အန်အယ်လ်ဒီပါတီကို ရပ်တည်ခွင့်မပေးသည့် သဘောဆောင်နေကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောကြားသည်။








“အခု မှတ်ပုံတင် ဥပဒေအရ ကြည့်မယ်ဆိုရင် ကန့်သတ်ချုပ်ချယ်မှုတွေက အများကြီးပဲ။ အထူးသဖြင့်ကတော့ ထောင်ကျနေတဲ့လူများနဲ့ ပတ်သက်တဲ့ဟာ ပါလာတဲ့အတွက် ဒီတချက်တည်းနဲ့ကို ကျနော်တို့မှာ ခက်ခဲတဲ့အနေအထားမှာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ကိုယ်တိုင်က ထောင်ကျနေတဲ့သူတွေကို ပါတီတာဝန် ထမ်းဆောင်နေတယ်လို့ သဘောထားပြီးတော့ ဗဟိုကော်မတီတို့ ဖွဲ့တဲ့အခါ ထည့်သွင်းဖွဲ့စည်းထားတယ်။ နောက်တခါ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောင်ကျနေတယ်။ ဒါပေမယ့် စီအီးစီထဲမှာ ထည့်သွင်းသတ်မှတ်ထားတယ်။ အခု ဥပဒေအရဆို ဒီပုဂ္ဂိုလ်များကို ထည့်သွင်းထားမယ်ဆိုရင်တောင်မှ ကျနော်တို့ရဲ့ပါတီရပ်တည်ရေးကို မပေးဘူးဆိုတဲ့ သဘောမျိုး ဆောင်နေပါတယ်။ တော်တော်ကြီးကျယ်တဲ့ ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်လာပါတယ်” ဟု ပြောသည်။




နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအမှတ် ၂/၂၀၁၀ ပါ အခန်း (၂)၊ နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၄)၊ ပုဒ်မခွဲ (င) အရ ပါတီထောင်လိုသူများသည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရဟု အတိအလင်းဖော်ပြထားပြီး အခန်း (၁) ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဌ) တွင် ထောင်ကျခံနေရသူဆိုသည်မှာ တရားရုံးတခုခု၏ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေရသူကို ဆိုကြောင်း၊ သက်ဆိုင်ရာ တရားရုံး၏ ထောင်ဒဏ်စီရင်ချက်ကို မကျေနပ်၍ အယူခံမှု သို့မဟုတ် ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲသူလည်း ပါဝင်ကြောင်း ဖော်ပြပါရှိသည်။




အဆိုပါ ဥပဒေအရဆိုလျှင် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအား အင်းစိန်အထူးတရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ပြစ်ဒဏ်ချမှတ်မှုကို ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက် အယူခံတင်သွင်းထားသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီထောင်ခွင့်မရှိသူ တဦးအဖြစ် အဓိပ္ပာယ်သက်ရောက်နေသည်။




ထို့အပြင် ဥပဒေပါ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (င) အရလည်း ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့် မရှိဟု ဖော်ပြထားသည်။




ပါတီ ဆက်လက်ရပ်တည်ခွင့် မရှိခြင်းနှင့်ပတ်သက်၍မူ ပုဒ်မ (၁၀) ပါ အချက်တရပ်ရပ်နှင့် ကိုက်ညီခြင်း မရှိသောသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲ တမင်ထိမ်ချန်ထားပါက ယင်းအချက်တရပ်ရပ်နှင့် ငြိစွန်းသောပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟု ဖော်ပြထားသည်။



အထက်ဖော်ပြပါ အခန်း (၃) ပုဒ်မ (၁၂) အရဆိုလျှင် အန်အယ်လ်ဒီပါတီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားပါတီဝင် အကျဉ်းကျနေသူများကို ပါတီမှ ထုတ်ပယ်ခြင်းမပြုပါက ပါတီအနေဖြင့် တရားဝင် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဘဲ ဖျက်သိမ်းရမည့်သဘောဖြစ်သည်။




လျှောက်ထားမည့် ပါတီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြဋ္ဌာန်းသည့်နေ့မှစ၍ ရက်ပေါင်း (၆၀) အတွင်း ကော်မရှင်သို့ လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သည်ဟု ဖော်ပြထားပြီး လျှောက်ထားသည့် နိုင်ငံရေးပါတီအနေဖြင့် ဥပဒေ ပုဒ်မ (၆) ပါ အချက်တချက်ဖြစ်သည့် ပုဒ်မခွဲ (ဂ) အရ ပြည်ထောင်စုသမ္မတ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက် လိုက်နာမည်ဖြစ်ကြောင်း ၀န်ခံချက်ကိုလည်း လျှောက်လွှာတွင် ဖော်ပြရမည်ဟု ရေးသားထားသည်။




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် ယခုလောလောဆယ်တွင် ရွေးကောက်ပွဲဝင်ရေး မ၀င်ရေး ဆိုသည်ထက် ပါတီရပ်တည်ရေးကို ဦးစားပေး ဆုံးဖြတ်သွားရမည်ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။




“နောက်တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အယူခံထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့တောင် မရအောင် လုပ်ထားတယ်။ အယူခံထားတယ်ဆိုတဲ့လူလည်း မလိုချင်ဘူးပေါ့။ ဆိုလိုတာကတော့ သူတို့က ကျနော်တို့ပါတီကို မှတ်ပုံတင်လို့မရအောင်ပေါ့။ နောက်တခုက ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကျနော်တို့က ဒီမိုကရေစီစံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်အလက်ပေါင်းများစွာ ပါဝင်နေတဲ့အတွက် ကျနော်တို့ လက်မခံနိုင်ဘူး၊ ပြင်ဆင်ပေးဖို့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ တောင်းဆိုထားတယ်။ အခုတခါ ပါတီမှတ်ပုံတင်မယ်ဆိုရင် ကျနော်တို့က ဒီအခြေခံဥပဒေတခုလုံးကို ကာကွယ်စောင့်ရှောက် ပါမယ်လို့ ပြောရတဲ့အခါ ကျနော်တို့မယုံကြည်တဲ့ ဒီဥပဒေကို ဘယ်လိုမှ ကာကွယ်စောင့်ရှောက်နိုင်စရာ အကြောင်းမရှိဘူး ဖြစ်တယ်” ဟု ၎င်းက ပြောသည်။




အန်အယ်လ်ဒီသည် ပါတီတခုအနေဖြင့် ရပ်တည်ရန် မှတ်ပုံတင်ခြင်းကိစ္စတွင် ယခုထုတ်ပြန်သည့် ဥပဒေကြောင့် အဟန့်အတား အများကြီးဖြစ်နိုင်ကြောင်း ဦးဝင်းတင်က ယူဆသည်။




ယခုကဲ့သို့ နအဖထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံတကာနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့က တောင်းဆိုထားသည့် အားလုံးပါဝင်ပတ်သက်သည့် ရွေးကောက်ပွဲဖြစ်မြောက်ရေးဆိုသည်မှာ အဓိပ္ပာယ်ကင်းမဲ့သွားပြီ ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောသည်။




သို့သော် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးဆိုသည်မှာ ယခု နအဖထုတ်ပြန်လိုက်သည့် ဥပဒေပေါ်တည်၍ ဆုံးဖြတ်၍မရကြောင်းလည်း ၎င်းက ပြောသည်။




“ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့ မ၀င်ဖို့ဆိုတာ ဒီဥပဒေနဲ့ တည်ပြီးတော့ မဆုံးဖြတ်နိုင်ဘူး။ ကျနော်တို့ ဆုံးဖြတ်မှာက နိုင်ငံရေး တောင်းဆိုချက်တွေမှာ ဘယ်လောက်တုံ့ပြန်မှုရှိသလဲ၊ နိုင်ငံရေးတောင်းဆိုချက်တွေကို ဘယ်လောက် လိုက်လျောမှုရှိသလဲ ဆိုတဲ့အပေါ်မှာ တည်ပြီး ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကို ဆုံးဖြတ်မှာပါ။ ဒီဥပဒေဟာ ပါတီရပ်တည်ရေးအတွက် စဉ်းစားဆုံးဖြတ်ဖို့နဲ့ ရွေးကောက်ပွဲ ၀င်မ၀င်ဆိုတာကတော့ နိုင်ငံရေးလိုက်လျောမှုပေါ်မှာ တည်တယ်လို့ နှစ်ပိုင်းခွဲ ပြောချင်တယ်” ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။




သတင်းရင်းမြစ်...ခေတ်ပြိုင်

10 March 2010

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ....


PPLPPL1

PPL2PPL3

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CC စာရင်းပြန်လည် ဖြည့်စွက်ချက်....

repair

၂ဝ၁ဝနှစ်ဆန်းအတွင်းစစ်အစိုးရမှ ကေအာန်ယူအပေါ် ထိုးစစ်ဆင်မှုပိုမိုလုပ်ဆောင်ခဲ့

စစ်အစိုးရနှင့်အပစ်ခတ်ရပ်ဆဲခြင်းမပြုသေးသော ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကေအာန်ယူခေါ် ကရင်အမျိုးသားအစည်းအရုံးမှ ဝင်ထွက်လှုပ်ရှားနေသည့် ကရင်ပြည်နယ် နယ်မြေဒေသများတွင် ယခုအခါ စစ်အစိုးရတပ်များမှ ထိုးစစ်ဆင်မှုပိုမိုများပြားလာသည်ဟု ကေအာန်ယူဘက်မှပြောပါသည်။ ဤကဲ့သို့ထိုးစစ်ဆင်ခံခဲ့ရသည့်အအတွက် ဒေသခံကျေးရွာ သားများအနေနှင့် အစိုးရတပ်ဖွဲ့များ၏ ညှင်းပန်းနှိပ်စက်မှု၊ လူ့အခွင့် အရေးချိုးဖေါက်မှု ပို၍ခံနေရသည်ဟု ကေအာန်ယူတပ်မဟာ(၆)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစောထဲနေ က ကောင်းဝါသတင်းဌာနကိုယခုလို ပြောပါသည်။

မတ်လ(၂)ရက်နေ့မှာ ကြာအင်းဆိပ်ကြီး မြို့နယ်လှုပ်ရှားနေတဲ့ ဗျူဟာစစ်ဗျူဟာ(၁)မှာ တောင်ဝိုင်းရွာထဲကိုဝင်ပြီးတော့အဲဒါရွာ သား(၇)ဦး(၈)ဦးကိုထိုးတယ်၊ကန်တယ် ပြီးလို့ရှိရင် ရိုက်တယ်၊နှက်တယ်။ အသဲအသန် ဖြစ်လုနီးဖြစ်တယ်။ ပြီးလို့ရှိရင် ထုထောင်း ခံရတဲ့လူတွေလဲ ပေါ်တာအထမ်းကို ဟိုလေးပင်တဲ့ အထမ်းကိုလည်းထမ်းရသေးတယ်။ ဖေဖော်ဝါရီလ (၁၉)ရက်နေ့မှာ ခေးပူကျေးရွာအခြေစိုက် နအဖစစ်တပ်ကနေ နံနက် (ဝ၉း၄၇) အချိန်တွင် သေသူးခီး ပြည်တွင်းဒုက္ခသည်များ ယာယီစခန်းနေရာ တရူချောင်းဝသို့ လက်နက်ကြီးတစ်လုံး ပစ်ချခဲ့တယ်။ ကျောင်းဝန်းကျင်မှာ လက်နက်ကြီးကျည်ပြုတ်ကျပြီး ကျောင်းသား(၃)ဦး ထိမှန်သွား ခဲ့တယ်။ (၁) စောရီဘီထူ အသက် (၁၅)နှစ်တစ်ဦးက ဖေဖေါ်ဝါရီ (၂၁)ရက်နေ့ မနက် (၃)နာရီ (၁၅) မိနစ် အချိန်မှာ အသက် ဆုံးရှုံး သွား ခဲ့တယ်။ စောဆာကပရူ အသက် (၈)နှစ်ကျောင်းသားတစ်ဦးက လက်မောင်းမှာ လက်နက်ကြီးကျည်ထိမှန်သွားတယ်။ စောအယ်ကော်တော အသက် (၈)နှစ် တစ်ဦးက ပေါင်ကိုထိမှန်သွားခဲ့တယ်။ အဲဒီလိုပစ်ခတ်တာဟာ ဒါ လူမျိုးတုံးစစ်ဆင်ရေးပဲလို့ ကျွန်တော် သုံးသပ်မိတယ်။ ဒီတပ်မဟာ(၆)မှာဆိုလို့ရှိရင် ဒေသတစ်ခုလုံးမှာ မကြာခဏတိုက်ပွဲငယ် ပြောက်ကြားများ အဲဒါမကြာ ခဏဖြစ်တယ်။

စစ်အစိုးရတပ်မှ ထိုးစစ်ဆင်မှု ပိုပြီးပြုလုပ်သည့်အကြောင်းအရင်းနှင့်ပက်သက်၍ ကေအာန်ယူ တပ်မဟာ (၆)မှ ပြောရေးဆို ခွင့်ရှိသူဗိုလ်ကြီးစောထဲနေက ယခုလိုဆက်လက်ပြောဆိုခဲ့ပါသည်။
တပ်မဟာ(၅)ဘက်မှာဆိုရင် ဇန်နဝါရီလ(၆)ရက်နေ့မှာ တပ်မဟာ(၅)က ဒေါကျုကြိုး နအဖ မိုက်ခရိုဝေ့ ဆက်သွယ်ရေးအရေးကြီးတဲ့စခန်းတစ်ခုကို သိမ်းပိုက်ဖျက်စီးပြီးတဲ့နောက်မှာ နအဖနဲ့ DKBA တပ်တွေ ဤဒေသအပေါ်မှာ ရွာသားတွေအပေါ်ကို ရက်စက်လာတာတွေ့ရတယ်။ KNU ဗဟိုသတင်း ထုတ်ပြန်ချက်အရ ဆိုလို့ရှိရင် (၂ဝ၁ဝ) မှာ တပ်မဟာ(၁)၊ တပ်မဟာ (၂)၊ တပ်မဟာ (၃)၊ တပ်မဟာ(၅)၊ နယ်မြေအတွင်းထဲမှာ တိုက်ပွဲတွေများ လာတယ်လို့တွေ့ရတယ်။

(၂ဝ၁ဝ)နှစ်ဆန်းပိုင်းမှစ၍ စစ်အစိုးရမှ ထိုးစစ်ဆင်ခဲ့သောကြောင့် ဒေသခံကျေး ရွာသားတွေအနေနှင့် နေရပ်ကိုစွန့်ခွါတိမ်းရှောင်နေရသလို တောတောင်ထဲတွင် ပုန်းအောင်းနေ ရသည်ဟု ကရင်လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူများမှဆိုပါသည်။ ဤကဲ့သို့ စစ်အစိုးရနှင့် ကေအာန်ယူတို့၏ လက်နက်ကိုင်ပဋိပက္ခ အကြားတွင် ကရင်ပြည်နယ်အတွင်းမှာရှိသည့် ဒေသခံ ကျေးရွာသားများအနေနှင့် နေရပ်ကိုစွန့်ခွါနေရပြီး လူ့အခွင့်အရေးတွေချိုးဖေါက်ခံနေရဆဲဟု ပြည်တွင်းဌာနေ စွန့်ခွါရသူများကော်မီတီ တစ်ဦးမှ ပြောပါသည်။

သတင်းရင်းမြစ်..ကောင်းဝါ

နအဖက ကြေညာထုတ်ပြန်လိုက်တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကော်မရှင်ဥပဒေ အပြည့်အစုံ။

SPDC 2010 Elections Law

09 March 2010

တပ်မတော် မှတ်တမ်းရုံး မီးလောင်....

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ဘောက်ထော်ရှိ တပ်မတော် မှတ်တမ်းရုံးဝင်းရှိ အဆောက်အအုံ နှစ်လုံး ယခုလ ၆ ရက်နေ့ နေ့ခင်းပိုင်းတွင် မီးလောင်ခဲ့ကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့ အဆိုအရ သိရသည်။

''မီးလောင်တာတော့ ပေါ့ဆမီးပါပဲ။ အဲဒီမှာက စစ်တပ်မိသားစုတွေပဲ နေတာလေ။ ဝန်ထမ်းအိမ်ယာလိုမျိုးပေါ့။ အဆောက်အအုံ ဟောခန်းအကျယ်ကြီးထဲမှာ အခန်းတွေကန့်ပြီးတော့ နေတာ။ မီးဖိုချောင်မှာ မီးကျန်နေတာက စလောင်တာပါ။ မိသားစုတွေကတော့ များတယ်။ ဆယ်ဂဏန်းလောက်တော့ ရှိတယ်'' ရန်ကင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ကျတဦးက ပြောသည်။

ရန်ကုန်တိုင်း ဗဟိုမီးသတ်တပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ အရာရှိက မီးလောင်သည်မှာ ဟုတ်မှန်ကြောင်း ပြောဆိုသော်လည်း ဆုံးရှုံးမှုတန်ဖိုး မပြောဘဲ၊ အနည်းငယ်သာ မီးလောင်ခြင်းဖြစ်ကြောင်း ပြောသည်။

အဆိုပါ မှတ်တမ်းရုံးရှိ မြဝတီ ရုပ်မြင်သံကြားဌာနခွဲမှ ဝန်ထမ်းတဦးအဆိုအရ မီးလောင်သဖြင့် ရန်ကုန်တိုင်း မီးသတ်ဌာနမှ ကားများ ရောက်ရှိလာကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်၍ သတင်းမပြန့်ရန် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ပိတ်ပင်ထားကြောင်း သိရသည်။

သတင်းရင်းမြစ်.။(မဇ္ဈိမ)။

နေပြည်တော်တွင် ငလျင်လှုပ်

စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် မတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ငလျင်တခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနက ပြောကြားသည်။

“ငလျင်လှုပ်သွားတယ် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သတင်း မထုတ်ပြန်ဘူး ခင်ဗျ။ ” ဟု မြေငလျင်ဌာနမှ ဝန်ထမ်းတဦးက မဇ္ဈိမသို့ ပြောသွားသည်။

နေပြည်တော်ရှိ အစိုးရ ဝန်ထမ်းများ အဆိုအရ စနေနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က လှုပ်ခတ်သွားသော ငလျင်ကြောင့် တုန်ခါမှုကို ခံစားလိုက်ရသည်ဟု ပြောသည်။

သို့သော် နေပြည်တော်ရှိ မိုးလေဝသနှင့် ဇလဗေဒဌာနက အသေးစိတ် ထုတ်ပြန်ရန် ငြင်းဆိုလိုက်သည်။

သတင်းရင်းမြစ်..။(မဇ္ဈိမ)

ရွေးကောက်ပွဲ ဥပဒေ ကြေငြာ


ရွေးကောက်ပွဲ ဥပဒေ ကြေငြာ

၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို စစ်အစိုးရက နိုင်ငံပိုင် ရုပ်မြင်သံကြား (MRTV) မှယနေ့ ညနေ ၄ နာရီတွင် ကြေညာ လိုက်ပြီဖြစ်သည်။ အဆိုပါ ကြေညာချက်တွင် ရွေးကောက်ပွဲဥပဒေ၊ ပြည်သူ့လွှတ်တော် ဥပဒေ၊ နိုင်ငံရေး ပါတီမှတ်ပုံတင် ဥပဒေ၊ ပြည်သူ့လွှတ်တော် ဥပဒေ၊ အမျိုးသား လွှတ်တော်ဥပဒေနှင့် တိုင်းဒေသကြီး ဥပဒေတို့ ပါဝင်သည်။ ရွေးကောက်ပွဲကျင်းပမည့် ရက်ကိုမူ ကြေညာခြင်း မရှိသေးပေ။ နောက်ဆက်တွဲ သတင်းများ ဆက်လက်ဖော်ပြပါမည်။

နောက်ဆက်တွဲ သိရှိမှုအရ နအဖက - ဥပဒေ အမှတ် ၁/၂၀၁၀ ကနေ ၅/၂၀၁၀ အထိ ရွေးကောက်ပွဲ ဥပဒေ ၅ မျိုးအတွက် ဥပဒေ ၅ ခု ထုတ်လိုက်ကြောင်း သိရှိရပါတယ်။ မနက်ဖြန်ထုတ် နအဖသတင်းစာတွေမှာ အချပ်ပို အဖြစ်ပါမှာ ဖြစ်ကြောင်းနဲ့ စာအုပ်အဖြစ်လည်း ထုတ်ဝေမယ်လို့  သိရပါတယ်)။

သတင်း အာကာမိုး...

မြန်မာ့အသံ ရုပ်မြင်သံကြား သတင်း ကြည့်လိုလျှင်.. ဒီနေရာမှာကြည့်ပါ http://www.youtube.com/freeburmamedia
ရုပ်သံ မဇ္ဈိမသတင်းဋ္ဌာန..မှရယူပါသည်။

အမျိုးသမီး အခွင့်အရေးများ....

Women Module5 Wr

အရှေ့တောင်အာရှအတွင်းရှိ အမျိုးသမီးများ၏အခွင့်အရေးအခြေအနေ...

Women-sea

08 March 2010

မြန်မာနိုင်ငံအလုပ်သမားလယ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်

Statement No-3-2010 of bur

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ လုံးဝ ပါဝင် အရွေးမခံပါဖူးလို့  တိုင်းပြည်ကို တရားဝင် ကြေညာရဲပါသလား နအဖတို့ ။




၁၉၈၈ ခုနှစ်တုန်းက တစ်ပါတီ အာဏာရှင် နေ၀င်း ဦးဆောင်ခဲ့တဲ့ မဆလပါတီ (မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ) က ပြည်သူလူထုတစ်ရပ်လုံးကို သတင်းစာတွေကနေ ပေါ်ပေါ်တင်တင် ကြေညာရဲခဲ့တယ်။

ထိုအချိန်ကာလက တိုင်းပြည်ကို အာဏာလုပြီး အုပ်ချူပ်ထားတဲ့ နေ၀င်းအစိုးရရဲ့  ဦးဆောင်မှု ထိပ်ပိုင်းဖြစ်တဲ့ နိုင်ငံတော်ကောင်စီ၊ ပြည်သူ့ တရားသူကြီးအဖွဲ့ ၊ ပြည်သူ့ အကျိုးဆောင်ဥပဒေအဖွဲ့ နဲ့  ပြည်သူ့ လုပ်ငန်းစစ်ဆေးရေးအဖွဲ့ တွေဟာ “နောက်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲတွေမှာ ၀င်ရောက်အရွေးခံခြင်း ပြုတော့မှာ မဟုတ်ဖူး” လို့  တိုင်းပြည်ကို တရားဝင် ကြေညာပြောကြားရဲခဲ့တယ်။

ယခု ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ဖို့  စီစဉ်နေတဲ့ နအဖလို့  ခေါ်တဲ့ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ) တွေ၊ နအဖလက်အောက်က ၀န်ကြီးဌာနက ၀န်ကြီးအဖွဲ့ ဝင် ၀န်ကြီးတွေ၊ နအဖကောင်စီဝင် ဗိုလ်ချူပ်ကြီးတွေအားလုံး ရွေးကောက်ပွဲမှာ လုံးဝ ပါဝင်အရွေးခံမှာ မဟုတ်ဖူးလို့  တိုင်းပြည်ကို တရားဝင် ကြေညာရဲပါသလား။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ နအဖတွေ ရွေးကောက်ပွဲထဲ ပါဝင်အရွေးမခံပါဖူးလို့  မကြေညာရဲသရွေ့  နအဖတွေ ၀န်ကြီးတွေ ဗိုလ်ချူပ်ကြီးတွေဟာ တိုင်းပြည်အာဏာကို ဆက်လက်လုယူအုပ်စိုးနေဦးမယ်ဆိုတာ မတရား အနိုင်ကျင့်အုပ်ချူပ်ဖို့  လိမ်လည်လှည့်ဖြား လုပ်ဆောင်နေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

ဗုဒ္ဓမြတ်စွာဘုရားဆင်းတုတော်တွင် မွှေးညှင်းတော်များ ပေါ်ထွက်လာခြင်း။

မတ်လ(၃)ရက်နေ့ထုတ်ပြည်တွင်းသတင်းစာစောင်တစ်ခုဖြစ်တဲ့WeeklyElevenမှာထူးခြားတဲ့သတင်းတစ်ပုဒ်ကို ဖတ်ရှူလိုက်ရပါတယ်။




ဒီသတင်းကတော့ - သရက်မြို့ ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်း အမှုထမ်းနေအိမ်နေမှာ နေထိုင်နေကြတဲ့ ကျန်းမာရေးဌာန အမှုထမ်းများဖြစ်ကြတဲ့ ဦးခိုင်ထွန်း၊ ဒေါ်အမာမြင့်တို့ရဲ့  နေအိမ်ကျောင်းဆောင်တော်မှာ ကိုးကွယ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်မှာ အလိုအလျောက် မွေးညင်းတော်များ ပေါ်ပေါက်တော်မူလာကြောင်း သတင်းဘဲ ဖြစ်ပါတယ်။

လွန်ခဲ့သော နှစ် ၂၀ ခန့် ၁၉၉၀ ပြည့်နှစ် ၀န်ထမ်းဘ၀ ပထမဦးဆုံး တာဝန်ကျရာ ချင်းပြည်နယ်၊ မင်းတပ်မြို့ နယ်ကနေ ရရှိခဲ့တဲ့ သရက္ခန်သားနဲ့  ဉာဏ်တော် ခြောက်လက်မခန့်ရှိ ဗုဒ္ဓရုပ်ပွားတော်ကို ထုလုပ်ပူဇော်ခဲ့ကြောင်း၊ ကျန်ခဲ့တဲ့ လ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ မနက်က ဘုရားစင်ကို ရှင်းလင်းစဉ်မှာ အဆိုပါ ဗုဒ္ဓ ရုပ်ပွားတော် ညာဘက်နားတော်၊ လက်မောင်းတော်နှင့် တင်ပါးတော်တို့မှာ နှစ်စင်တီမီတာ အရှည်ခန့်ရှိတဲ့ မွေးညင်းတော် ခုနစ်ပင် ထွက်ပေါ်နေတာကို ထူးဆန်းစွာ တွေ့ မြင်ရကြောင်း၊ ဒါနဲ့  သက်တော်ရှည် ကျိုက်ဒေးယျုံဆရာတော်ကြီးထံ ပင့်ဆောင်ပူဇော်ထားရှိခဲ့ကြောင်း ဗုဒ္ဓရုပ်ပွားတော်အား ပူဇော်ထားသူ ဦးခိုင်ထွန်းက ပြောပါတယ်။

ဒီ သရက္ခန်သား ဗုဒ္ဓရုပ်ပွားတော်ကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကစပြီး သရက်မြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ သံဃာဆေးရုံ ဘုရားခန်းမှာ အနေကဇာတင်မင်္ဂလာပြုလုပ်ပြီး ပူဇော်ထားရှိရာ လာရောက် ဖူးမြော်သူများနဲ့ စည်ကားလျက်ရှိကြောင်း သတင်းအနေနဲ့  ဖေါ်ပြထားပါတယ်။

ယခင်ကလည်း ဗုဒ္ဒရုပ်ပွားတော်တွေမှာ ပျားအုံဖွဲ့ တာတွေ ဓါတ်ပုံတွေနဲ့ တကွ တွေ့ ရှိခဲ့ရပါတယ်။ ယခု ဒီလို ဗုဒ္ဓရုပ်ပွားတော်မှာ မွှေးညင်းတော်တွေ ပေါ်ထွက်လာတဲ့သတင်းနဲ့  ပတ်သက်ပြီး သုံသပ်ချက်များကို ဖေါ်ပြလိုပါတယ်။


(၁) ။

ဒီလို ဗုဒ္ဓရုပ်ပွားတော်မှာ မွှေးညင်းတော်တော်ပေါ်ထွက်တာဟာ - အမွှေးဆိုတာ အသားထဲကနေ ဖေါက်ထွက်ပြီး ပေါ်ထွက်လာတဲ့ သဘာဝကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့  အခြေအနေအရ တပ်မတော်ထဲကနေ ပြည်သူလူထုဘက်ကို မားမားမတ်မတ်ရပ်တည်ပြီး ပြည်သူ့ အကျိုးကို မှန်မှန်ကန်ကန် လုပ်ဆောင်လာမယ့် တပ်မတော်သား ခေါင်းဆောင်ကောင်း တစ်ယောက်ပေါ်ထွက်လာနိုင်တယ်လို့ ထင်မြင်ယူဆပါတယ်။

ဗုဒ္ဓ ရုပ်ပွားတော် ညာဘက်နားတော်၊ လက်မောင်းတော်နှင့် တင်ပါးတော်တို့ မှာ မွှေးညင်းတော် ပေါ်ထွက်လာတာဟာ လက္ခဏာဘေဒမဉ္ဇူရီကျမ်းမှာ “နားတို့၏ သဘောလက္ခဏသည် သောတာပန်၏ အရည်သွေးကိုဆောင်၏” ဟု ဆိုထားတာကြောင့် သာသနာမှာ ကျရောက်နေတဲ့ အန္တရာယ်တွေကို အသိဥာဏ် ထက်သန်ကြကုန်သော အောက်ခြေ သံဃာထု(၀ါ) ရဟန်းပျိုတို့က ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြလိမ့်မယ်။ အသိဥဏ်အားကောင်းတဲ့ သံဃာငယ် ရဟန်းပျိုတွေက သာသနာကို ချီးမြောက်ကြလိမ့်မယ်လို့  နမိတ်ယူပါတယ်။

ထို့ အတူ သရကွန်သား သောကြာနံကို ဖောက်ထွက်ပြီး အမွှေး ကြာသပတေးနံ ပေါက်တာကြောင့် ပြည်သူပြည်သားများကို ဦးဆောင်အကျိုးပြုနိုင်တဲ့ ကြာသာပတေးသား ပုဂ္ဂိုလ်တစ်ဦးဦး ပေါ်ထွက်နိုင်တယ်လို့ လည်း ကောက်ချက်ချပါတယ်။

(မိတ်ဆွေ ဘလော့ဂါတစ်ဦးမှ သုံးသပ်ချက် ဖြစ်ပါတယ်)။

(၂)။


ဘုန်းတစ်ခိုးကြီးခြင်း ကျော်ဇောခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေ၊ ပြည်သူပြည်သူတွေနဲ့ တိုင်းနိုင်ငံအတွက် ထွန်းလင်းတောက်ပြောင်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ တိုင်းပြည်အတွက် တရားနဲ့ယှဉ်သော မင်းကောင်းမင်းမြတ်များလည်း ရနိုင်တယ်လို့ လယ်တီဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။

(မြန်မာရဟန်းသံဃာတော်တစ်ပါးမှ မိန့် တော်မူတာ ဖြစ်ပါတယ်)။

(၃)။

လွန်ခဲ့သော အနှစ် (၂၀) လောက်က အဖြစ်အပျက်တစ်ခုကို ပြောပြပါမယ်။ သန်လျှင်မြို့မှာ နေထိုင်ခဲ့တဲ့ ဦးအေးနဲ့  မိသားစုဝင်တွေဟာ ဗုဒ္ဓ ရုပ်ပွားတော် ညာဘက်နားတော်၊ လက်မောင်းတော်နှင့် တင်ပါးတော်မှာ မွှေးညှင်းတော်ပေါက်လို့ ထူးခြားစွာ အိမ်မက် မြင်မက်ခဲ့ပါတယ်။ ဒါနဲ့ သူတို့အိမ်ကို ဆွမ်းခံကြွနေတဲ့ ဓမ္မိကာရုံကျောင်းဆရာတော်ကြီးကို လျှောက်ထားခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးဟာ (၆) ကြီမ်မြောက် သင်္ဂါရတနာတင်ပွဲ ၀ိနည်းကျမ်းကို ၀ီသဇ္ဖန ပြုလုပ်ခဲ့တဲ့ ဆရာတော်ကြီးပါ။

အိမ်မက်မက်ပြီးတဲ့နောက်မှာ ဦးအေးရဲ့  ဘုရားစင်မှာ ပူဇော်ကိုးကွယ်ထားတဲ့ ဗုဒ္ဒရုပ်ပွားတော်မှာ မွှေးညင်းတော်တွေ ပေါ်ထွက်တော်မူနေတာ သိရှိရပါတယ်။ ဆရာတော်ဘုရားကြီးဟာ ဦးအေး မိသားစုရဲ့ အိမ်ကို နေ့ စဉ်နေ့ တိုင်း ဆွမ်းခံကြွပြီး ခန္ဒာငါးပါးကြောင်းကို ဟောပြောပါတယ်။ မကြာခင်မှာ ဦးအေး တရားအားထုတ်လို့ ရက်ပေါင်း (၉၉) ရက်၊ သူဇနီးက (၁၀၉) ရက်၊ သားက (၁၁၈) ရက်၊ သမီးက (၁၂၈) ရက်မှာ ခန္ဒာတာဝန့်ကို ပြီးမြောက်တယ်လို့ သိရပါတယ်။ နောက်ဆက်တွဲအနေသိရတာကတော့ မြန်မာနိုင်ငံမှာ မင်းပြောင်းမင်းလွှဲတွေ ဆက်တိုင်ကြုံရတယ်လို့ ဆရာတော်ဘုရားကြီးရေးသားခဲ့တဲ့ ထူးခြားဖြစ်စဉ် စာအုပ်မှာ တွေ့ ရပါတယ်။

ဒါကြောင့် ယခုလိုမျိုး ဗုဒ္ဓရုပ်ပွားတော်မှာ မွှေးညင်းတော်တွေ ပေါ်ထွက်တော်မူတာဟာ တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်သတင်းကောင်းပါဘဲ။ ဒီလို ထူးခြားမှုတွေဟာ မှန်ကန်တယ် ဆိုရင်တော့ ပြည်သူပြည်သားတွေအတွက် ငြိမ်းချမ်းရေး လမ်းစပါဘဲ။ ဒီနှစ်အတွင်းမှာ
တိုင်းပြည်မှာ ကြီးမားတဲ့ ပြောင်းလွှဲမှုကို ငြိမ်းချမ်းစွာ ရနိုင်မယ်လို့ ယုံကြည်ပါတယ်။
(မြန်မာရဟန်းသံဃာတော်တစ်ပါးမှ မိန့် တော်မူတာ ဖြစ်ပါတယ်)။

(၄)။

အဓမ္မမှုတွေ မတရားလွမ်းမိုးလာတဲ့အခါမှာ ဒီလို့အဖြစ်အပျက်တွေ ရှိလာတတ်ပါတယ်။ အဲဒီအခါမှာ သူတော်ကောင်းတွေဟာ အဓမ္မမင်းတွေ အုပ်စိုးတဲ့ တိုင်းပြည်က မြို့ရွှာ ဇနပုဒ်တွေကို တိမ်းရှောင်ကြရပါတယ်။ တိုင်းနိုင်ငံကို စွန့် လွှတ်ပြီး သူတပါးနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ အဲဒီကမှတဆင့် မိမိတိုင်းနိုင်ငံမှာ သူတော်ကောင်းတရားတွေ ထွန်းကားလာအောင် ကျင့်ကြံကြရပါတယ်။ ဘုရားရှင်လက်ထက်တော်အခါကလည်း သာဓကပေါင်း မြောက်များစွာရှိခဲ့ပါတယ်။ အခုလို အဖြစ်အပျက်မျိုးတွေ တိုင်းပြည်မှာ ပေါ်ပေါက်လာရင်တော့ တိုင်းပြည်ဟာ တရားနဲ့ အုပ်စိုးသော မင်းကောင်းမင်းမြတ်တွေ အာဇာနည်တွေ ပေါ်ပေါက်လာနိုင်ပြီး တိုင်းသူပြည်သားတွေကို ရင်သားကဲ့သို့ ချစ်ခင်သော မင်းမြတ်တွေကိုလည်း မကြာခင်မှာ တွေကြုံလာနိုင်ပါတယ်။ တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေဟာလည်း ကိုယ်စိတ်နှစ်လုံးသုံးပါးစလုံး ပြည့်စုံနိုင်ပါတယ်လို့  ပြောလိုပါတယ်။

(မြန်မာရဟန်းသံဃာတော်တစ်ပါးမှ မိန့် တော်မူတာ ဖြစ်ပါတယ်)။

ဤထူးခြားသော သတင်းအား ပြန်လည် ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးအထူး တင်ရှိပါသည်.။

Brief on the Women Political Prisoners in Burma_Eng

Press Release

8 March 2010 – International Women’s Day

On International Women’s Day, AAPP has released a brief on the women political prisoners. The brief shows that there are women from all across Burma and from various sectors of society, who are imprisoned for their political beliefs. There are women in prison as young as 21 and as old as 68. The brief also describes one woman’s experience during her 11 years in prison which includes difficulties with access to health care.

According to AAPP there are presently 177 women political prisoners across Burma. Many women have been separated from their husbands and children. The report continues AAPP’s calls for better access to healthcare in prison, as it describes three women who currently have serious health concerns.

AAPP secretary, Tate Naing says “these women are a powerful force for the future of Burma. They need to be treated with respect and dignity and released immediately”.
“Women political activists have played a very important part in the pro-democracy movement and the protection of women’s rights in Burma, and they will continue to make valuable contributions. We need them.”

AAPP calls for immediate release of all political prisoners in the lead up to the 2010 elections and for political prisoners to be able to participate in the national reconciliation process.

###
Assistance Association for Political Prisoners (Burma)
For further information, please contact:
Tate Naing, Secretary, +66(0)81-287-8751
Bo Kyi, Joint-Secretary, +66(0)81-324-8935


Thanks N Regards,

Assistant Association for Political Prisoners (Burma)
Office Ph: 66-55-545495
Web: http://www.aappb.org, http://www.fbppn.net
"There can be no national reconciliation in Burma,
as long as there are political prisoners."


Brief on the Women Political Prisoners in Burma_Eng

၂ဝ၁ဝ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ထုတ်ပြန်ချက်(AAPP)

၂၁ဝဝ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ထုတ်ပြန်ချက်


ထုတ်ပြန်ကြေငြာချက်
မတ်လ ၈ ရက်၊ ၂ဝ၁ဝ ခုနှစ်


၂၀၁၀ ခုနှစ် မတ်လ ၈ နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများနှင့်ပတ်သက်သော အကျဉ်းချုပ်အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများဟာ မြန်မာပြည်တနံတလျား လူမှုအလွှာအသီးသီးမှဖြစ်ကြပြီး သူတို့ရဲ့နိုင်ငံရေး ယုံကြည်ချက်များကြောင့် ထောင်သွင်းအကျဉ်းချခံရသူများဖြစ်ကြောင်းကို အကျဉ်းချုပ်အစီရင်ခံစာက ဖော်ပြထားပါတယ်။ အကျဉ်းထောင်အသီးသီးရှိ အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများမှာ အသက်၂၁ နှစ် အရွယ်မှ အသက် ၆၈ အရွယ်အထိ အသက်အရွယ် အမျိုးမျိုး ပါဝင်ကြပါတယ်။ အကျဉ်းချုပ်အစီရင်ခံစာက အကျဉ်းထောင်အတွင်းမှာ ၁၁ နှစ်ကြာအောင်နေခဲ့ရပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှုရရှိဖို့ အခက်အခဲ မျိုးစုံကို တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ အတွေ့အကြုံကိုလည်း ဖေါ်ပြထားပါတယ်။

အေအေပီပီရဲ့ စာရင်းဇယားများအရ မြန်မာပြည်ထောင်တွေထဲမှာ လက်ရှိအမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၁၇၇ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အမျိုးသမီးအများစုဟာ သူတို့ရဲ့ခင်ပွန်းတွေ သားသမီးတွေ၊ မိဖတွေနဲ့ ခွဲခွာခံထားရသူများ ဖြစ်ကြပါတယ်။ ကျန်းမာရေးအရစိုးရိမ်ရတဲ့အခြေအနေရှိတဲ့ အမျိုးသမီးနိုင်ငံရေးအကျဉ်းသား သုံးယောက် အကြောင်းကို တင်ပြထားပြီး ပိုမိုသင့်တော်ကောင်းမွန်တဲ့ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တခု ဖန်တီးပေးနိုင်ဖို့ အေအေပီပီက တောင်းဆိုထားတဲ့အကြောင်း အစီရင်ခံစာက ဆက်လက်ဖော်ပြ ထားပါတယ်။

အေအေပီပီ အတွင်းရေးမှူးဖြစ်သူ ကိုတိတ်နိုင်က “ဒီအမျိုးသမီးတွေက အနာဂါတ် မြန်မာနိုင်ငံအတွက် အားကိုအားထားပြုရမယ့် ကြီးမားတဲ့ အင်အားတွေ ဖြစ်ကြတယ်။ သူတို့ကို သိက္ခာရှိရှိ လေးလေးစားစားဆက်ဆံပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့လိုပါတယ်။”

အမျိုးသမီး နိုင်ငံရေးလှုပ်ရှားသူများဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ တတပ်တအား ပါဝင်ဆောင်ရွက်ကြသူများဖြစ်ကြပါတယ်။ ဒါ့အပြင် သူတို့က တန်ဖိုးဖြတ်မရနိုင်တဲ့ ပူးပေါင်းပါဝင်မှုတွေ ဆက်လက်လုပ်ဆောင်ကြမယ့် သူများဖြစ်ကြလို့ အနာဂတ်မြန်မာနိုင်ငံအတွက် သူတို့ရဲ့ စွမ်းဆောင်မှု တွေကို အထူး လိုအပ်ပါတယ်။

အေအေပီပီမှ ၂ဝ၁ဝ ရွေးကောက်ပွဲ အကြိုအဖြစ် မဖြစ်မနေလုပ်ဖို့လိုအပ်တဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် တလျှောက် သူတို့တွေပါဝင်နိုင်ရေးအတွက် တောင်းဆိုထားပါတယ်။


နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန် -
ကိုတိတ်နိုင် ၆၆(၀)၈၁ ၂၈၇၈၇၅၁
ကိုဘိုကြည် ၆၆(၀)၈၁ ၃၂၄ ၈၉၃၅

မြန်မာနိုင်ငံ လူအခွင့်ရေးနေ့ အထိမ်းအမှတ်ဆန္နပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားခြင်း.

14-3-2010[1][1]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲ၏အဌမအကြိမ်မြောက်အလုပ်မှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်တင်မြောက်ခြင်း

Elaction of NLD{LA}KOREA Branch for 2010 to 2012[1]

07 March 2010

စီအာပီပီ ပုံမှန်အစည်းဝေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး သဘာပတိမိန့်ခွန်းပြော





ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ စီအာပီပီက ဒီကနေ့ အဖွဲ့ ချုပ်ရုံးချုပ်မှာ ပုံမှန်အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌလည်းဖြစ် စီအာပီပီအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးတင်ဦး နေ အိမ်အကျယ်ချုပ်က လွတ်လာပြီးတဲ့နောက် ပထမဆုံးပြုလုပ်တဲ့ အစည်းအဝေးဖြစ် ပါတယ်။ ဒီကနေ့အစည်းအဝေးမှာ ဦးတင်ဦးက သဘာပတိမိန့်ခွန်း ပြောကြားခဲ့ တယ်လို့ စီအာပီပီအတွင်းရေးမှူး ဦးအေးသာအောင်က အခုလို ပြောပြပါတယ်။

“အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်းဦက ပထမဆုံးအကြိမ် စီအာပီပီ အစည်းအဝေးမှာ တက်ရောက်လာတယ်၊ ဥက္ကဋ္ဌ ဦးအောင်ရွှေက ကျန်းမာရေးမ ကောင်းတော့ အစည်းအဝေးမတက်ရောက်နိုင်တာကြာပြီ၊ အဲဒီတော့ ဦးတင်းဦးကို ပဲ ဒီနေ့ အစည်းအဝေးရဲ့ သဘာပတိအဖြစ် အားလုံးက သဘောတူ တင်မြှောက်ပြီး တော့ သဘာပတိ မိန့်ခွန်းပြောပါတယ်။ “သဘာပတိ မိန့်ခွန်းမှာ ဦးတင်ဦးက ကျနော်တို့ စီအာပီပီအနေနဲ့ လွှတ် တော်ကိုယ်စားပြုကော်မတီဆိုတော့ ပြည်သူရဲ့အရေးအရာ ပြည်သူကို မျက်နာမူပြီး တော့ အကျိုးရှိနိုင်မယ့် အလုပ်တွေကို တက်နိုင်သလောက်လုပ်ဖို့ ပန်ကြားသွားပါ တယ်။” စီအာပီပီအဖွဲ့ဝင် ၁၂ ဦး တက်ရောက်တဲ့ ဒီကနေ့ အစည်းအဝေးအတွင်း ဆွေးနွေးခဲ့တာတွေကိုလည်း ဦးအေးသာအောင်က အခုလို ဆက်ပြောပြပါတယ်။

“ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကတော့ အခု လှိုင်သာယာမှာ ဖြစ် နေတဲ့ အလုပ်သမားဆန္ဒပြမှုတွေ၊ ပြီးတော့ အစိုးရပိုင်ကနေ ပုဂ္ဂလိကပိုင်လုပ်ငန်း ပြောင်းပေးတဲ့ ကိစ္စတွေ၊ ပြီးတော့ နိုင်ငံတကာ မြေမြုပ်မိုင်းနဲ့ ပတ်သက်ပြီးတော့ စီအာပီပီရဲ့ သဘောထားကို တောင်းထားတဲ့အပေါ်မှာ ဆွေးနွေးကြပါတယ်၊။ “နောက်ပြီး နယ်စပ်ဒေသတွေမှာ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ စစ်ရေးအရ တင်းမာမှုတွေဖြစ်နေတဲ့ အခြေအနေ တွေကို ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်တခု ဖြစ်လာနိုင်တဲ့၊ ဖြစ်လာမယ်ဆိုရင် တိုင်းပြည် အတွက် ပြည်သူတွေအတွက် စိုးရိမ်စရာ အလွန်ကောင်းတယ်၊ ဒါတွေကို ဆွေးနွေး ကြပါတယ်။” အလုပ်သမားဆန္ဒပြပွဲတွေ ပြေလည်စေဖို့အတွက် အလုပ်သမား အခွင့်ရေး တွေကို အခြေခံကစပြီး စနစ်တကျ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖြစ်နေတဲ့ ပြဿနာနဲ့ပတ်သက်လို့လည်း ငြိမ်းချမ်း ရေးစာချုပ် ချုပ်စဉ်က နှစ်ဘက်သဘောတူထားတဲ့အတိုင်း ဖြေရှင်းဆောင်ရွက်မှ သာ ပြေလည်စေမှာဖြစ်ကြောင်း သုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့ ဦးအေးသာအောင် က ပြောပါတယ်။

ဒါ့အပြင် လက်ရှိ နိုင်ငံရေးအခြေနေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာ တွေကိုလည်း ဦးအေးသာအောင်က အခုလိုဆက်ပြောပြပါတယ်။ “အထူးသဖြင့်တော့ အန်အယ်လ်ဒီ အပါအဝင် တိုင်းရင်းသားတွေကတော့ ဒီ ရွှေဂုံတိုင်ကြေညာချက်အပေါ်မှာပဲ ရပ်တည်ပြီးတော့ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး ဖြစ်ရေးဟာ တိုင်းပြည်ရဲ့ အခု အခြေအနေအတွက် ရော အနာဂတ်အတွက်ပါ အကျိုးရှိနိုင်တယ်၊ ဒီနေရာမှာ အားလုံး သုံးသပ်ကြတာ ကတော့ လက်ရှိအချိန်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဖို့ပေါ့၊ အဲဒီလို ပြင် ဖို့ဆိုတဲ့နေရာမှာ တိုင်းရင်းသားအခွင့်အရေး၊ ပြည်နယ်တွေရဲ့ အခွင့်အရေးတွေကို ဖေါ်ဆောင်ပေးဖို့အတွက် ဖွဲ့စည်းပုံကို ပြင်ဖို့လိုပါတယ်။

“အထူးသဖြင့် အခြေခံအကျဆုံးဖြစ်တဲ့ ဒီမိုကရေစီရဲ့ အခွင့်အရေးတွေဟာ မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့ လိုပါတယ်၊ ပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲကနေပြီးတော့ ပြည်သူ့ကိုယ်စားလှယ်တွေ ရွေးကြမယ်၊ ပြည်သူ့ကိုယ် စားလှယ်တွေနဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေနဲ့တကွ စီမံခန့်ခွဲမှု တွေကို လုပ်ဆောင်သွားမယ်၊ ဒီလို ခြေခံအခွင့်အရေးတွေကို ဖေါ်ဆောင်ပေးဖို့ အတွက်ပဲ လိုတယ်လို့ အများက ဆွေးနွေးကြပါတယ်။”

ရင်းမြစ် DVB

VOICE OF BURMA စာစောင်..

VOB752KK

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ သူရ ဦးတင်ဦး အကျယ်ချုပ်မှ လွတ် မြောက်ခြင်းနှင့် အဖွဲ့ချုပ်ရုံးသို့ ပြန်လည်တက်ရောက်ခြင်းကို ကြိုဆိုသည့်မှတ် တမ်း

"မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့.." “May I reward your affection, Mother”

မတ်လ (၈)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အမျိုးသမီးများနေ့အတွက် မောင်လေးအလင်းဆက်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာကို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ဂုဏ်ပြုထားပါတယ်။




"မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့.."
“May I reward your affection, Mother”

သည်းစွာသောအနာကို ကုစားပါအံ့
May I cure your serious ailments


သမီး၏လုံ့လ၀ီရိယဖြင့် နာလန်ထူပါစေအံ့....

With my diligence and industry, Mother.


မွေးကျေးဇူးကို မသိတတ်သော ထိုသူတို့အား သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို သမီးအား ပေးပါလေ...

Give me ability
that tempt those who
disregard the debt of gratitude, Mother.


တွေ့ရအံ့သော ဘေးရန်တို့ကို သမီး ထီမည်မဟုတ်...

I dare to face
any
oncoming danger…


တဘဝတွင် တခါသာ သေရသည်ဖြစ်၍ အဘယ်နည်းနှင့် သေရသည်ဖြစ်စေ သမီး၌ မထူးခြား...

It is no peculiar for me
to think of dying in any way.

I know all will pass away in life, Mother.



သမီး၏ စိတ်ကူးတို့ အကယ်အဖြစ်သို့ ရောက်သောအချိန်တွင် အသင်တို့သည်လည်း ပျော်မြူးကြရမည်...

You all will be happy surely

When my dreams come true.



အခြားအခြားသော သူတို့၏ ရှုတ်ချခြင်း ကဲ့ရဲ့ခြင်း မုန်းတီးရွံရှာခြင်း နာမည်ဖျက်ခြင်းတို့ကို သမီး အလျဉ်း ဂရုမပြု...

I pay no mind to their

condemnation,

ridicule,

hate,or

defamation, Mother.



မိခင်ထံမှ ဒါမှ ငါ့သမီး ဟူသော ကျုးရင့်သံကိုသာ တောင့်တပါ၏..

I long passionately for the praise

that I am your true and worthy daughter, Mother.


လောကတွင် မိခင်၏ကျေးဇူးကို အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။

I wish to be only a person

who deserve your gratitude, Mother.


အောင်ဆန်းစုကြည်
Aung San Suu Kyi

Translated by Alinsek

5.March, 2010