07 April 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲနှင့် ပါတ်သက်၍ကြေငြာစာတမ်းတရပ်ကို ဧပြီလ (၇) ရက်နေ့စွဲဖြင့်ထုတ်ပြန်ကြေညာလိုက်ပါသည်။


KNU နှင့် အစိုးရတို့ ပထမဆုံးအကြိမ်ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် ၁၃ ချက် သဘောတူ


ယမန်နေ့က Sedona ဟိုတယ်တွင် KNU(ကရင်အမျိုးသားအစည်းအရုံး) နှင့် မြန်မာနိုင်ငံအစိုးရတို့ ပထမဆုံးအကြိမ်ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် ၁၃ ချက်ချ၍ သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် အဓိက အချက် ၆ ချက်ကိုဆွေးနွေးခဲ့ ပြီး အဆိုပါအချက် ၆ ချက်နှင့်ပတ်သတ်၍ အချက် ၁၃ ချက်ကို သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သဘောတူဆုံခဲ့သည့်အချက် အချို့မှာ တတိုင်းပြည်လုံးအတိုင်းအတာ အပြစ်ရပ်စဲရေး ဖြစ်ပေါ်လာရန်အတွက် အဆင့်ဆင့်တိုးတက် အကောင်အထည်ဖော် လုပ်ဆောင်သွားခြင်း မူလသဘောထားကို သဘောတူလက်ခံပြီး တိုင်းရင်းသားနယ်မြေများအတွင်း စစ်မက်ဖြစ်ပွားမှုများကိုလည်း အမြန်ဆုံးရပ်စဲ ရန်ကြိုးစားလုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံသည်။

ထို့အပြင် ပြည်တွင်း ဌာနေမဲ့ ပြည်သူလူထုများနေရပ်ဒေသသို့ ပြန်လည်းအခြေချနေထိုင်ရန်အတွက် လိုအပ် သည့်အစီအစဉ်များကို ချမှတ်လုပ်ဆောင်သွားရန်ဖြစ်ပြီး သက်ဆိုင်ရာမြေယာ ဥပဒေ ရေးဆွဲခြင်း မပြီးသေးသည့် ကာလတွင်မြေယာပြသာနာများကို ဆိုင်ရာပြည်နယ် ၀န်ကြီးချုပ်ဆီ ထံသို့တင်ပြတောင်းဆို ရန် သဘောတူလက်ခံသည်။

ဆုံးဖြတ်ချက် ၁၁ အရ တိုင်းရင်းသားအဖွဲ့အစည်းများ၊ကေအန်ယူမှချမှတ်ထားသည့် မြေယာ ဂရမ်များကို အသိအမှတ်ပြုပြီး ဓလေ့ထုံးတမ်းအရ ပိုင်ဆိုင်သည့်မြေယာ များနှင့် ဌာနေမဲ့ IDPs ဧ။်မြေယာကိစ္စများကိုလည်း ညှိုနှိုင်းဖြေရှင်း သွားမည်ဟုသဘောတူလက်ခံသည်။

ဆုံးဖြတ် ချက် ၁၂ နှင့် ၁၃ အရငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စောင့်ကြပ်စစ်ဆေးခြင်း ( monitoring ) ကိုအဆင့် ၃ ဆင့်(နှစ်ဦးနှစ်ဖက်လက်ခံသောပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းစောင့်ကြည့်စစ်ဆေးခြင်း၊အခြေအနေတိုးတက်ကောင်းမွန်
သည့်အခါ နိုင်ငံတကာ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် ထားရှိရန် နှင့် ငြိမ်းချမ်းရေးဖြစ်စဉ် ပျက်စီးရန်အလားအလာမရှိသည့်အချိန်တွင် ပွင့်လင်းစွားစောင့်ကြပ်ကြည့်ရှုခြင်း)စောင့်ကြည့်ခြင်းတို့ဖြစ်သည်။

သဘောတူဆုံးဖြတ်ခဲ့သည့် အချက် ၁၃ ချက်အပြင်မှတ်ချက် အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများဦးဆောင်ပါဝင်မှုကိုထည့်သွင်းသွားမည်ဟူ၍ လည်းပါရှိသည်။

ယခုတွေ့ဆုံပွဲတွင်KNU ဘက်မှ အဖွဲ့ခေါင်းဆောင် အတွင်းရေးမှူးနော်စီဖိုးရာစိန် အပါအ၀င်အဖွဲ့ဝင် ၇ဦးနှင့် မြန်မာအစိုးရဘက်မှ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့ရထားပို့ဆောင် ရေးဝန်ကြီး
ဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မင်းအပါအ၀င်အဖွဲ့ဝင် ၇ ဦးတို့က သဘောတူဆုံးဖြတ်ချက် ၁၃ ချက်ကိုလက်မှတ်ရေးထိုးခဲ့သည်။

ယခုပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သတ်၍ မီဒီယာများက အစိုးရဘက်မှငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ အရေးပါမှုကို မေးမြန်းရာတွင်ပြန်ထောင်စုဝန်ကြီးဦးအောင်မင်းက

“တကယ်တော့ ဒါကရောဂါကြီးတခုလို(ပြည်တွင်းစစ်ကိုရည်ညွှန်း၍ )ပဲ ယူဆပါတယ် ဒီရောဂါကြီးဖြစ်ခဲ့တာ နှစ်ပေါင်း ၆၃ နှစ်ရှိပါပြီး ဒီရော ဂါကိုလည်းနိုင်ငံတော်အစိုးရ ပေါင်း အစဉ်အဆက်က ဒီရော ဂါကိုပျောက်အောင်ကုခဲ့ပါတယ် ၊ကုခဲ့ပေမဲ့လည်းအနာနဲ့ဆေးမတည့်တဲ့ အခါကျတော့ဒီရော ဂါကမပျောက်ဘူး ၊အခုတော့ဆေးအသစ်ကိုတွေ့ပြီးဖြစ်တဲ့အတွက်အနာနဲ့ဆေးတည့်ပြီးလို့ ခန့်မှန်းလို့ရပါပြီး”ဟုဆိုသည်။

ဆေးအသစ်ဖော်ထုတ်ရာတွင် ယခင်ကဖြစ်ပျက်ခဲ့သည့်ဖြစ်စဉ်များ ကိုပြန်လည်ဆန်းစစ်ပြီး တိုင်းရင်းသားများဧ။်လိုအပ်ချက်များကို ပြန်လည်ကြည့်ရှုပြီးသည့်အခါ ရှေးသန်ခန်းစာများမှအတွေ့အကြုံများ
ကိုဖော်ထုတ်ပြီးမှသာ ဆေးအသစ်ဖော်ထုတ်ခြင်းဖြစ်သည် ဟု ၎င်းကဆက်ပြောသည်။

“ဆေးအသစ်ကလည်း ဘာလဲဆိုတော့ မြန်မာနိုင်ငံ ခေတ်သစ်စနစ်သစ်နဲ့ချီတက်နေပါပြီး အရင်တုန်းကစနစ်ကခွင့်မပြုလို့ဖြစ်တာပါ ။အခုကစနစ် ခွင့်ပြုနေပါပြီးဖြစ်တဲ့ အတွက်အနာနဲ့ဆေးတည့်ပြီးလို့တော့ ခန့်မှန်းလို့ရပါပြီး တည့်မတည့် ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်အပေါ်မူတည်တာပေါ့ “ဟဦးဇော်မင်းက ပြောသည်။

KNU ဘက်မှ သဘောထားနှင့်ပတ်သတ်၍ ပြန်ကြားရေးတာဝန်ခံဒေါ်နော်မေဦးက

“အပြစ်ခတ်ရပ်ဆိုင်းရေးဆိုတာ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ပြည်တွင်းစစ်တွေကို ချုပ်ငြိမ်းသွာဖို့ စလှမ်းတဲ့အချိန် ဖြစ်ပါတယ်။ဒီစစ်မက်တွေချုပ်ငြိမ်းဖို့ ဆိုတာ ကျွန်မတို့ ဖြေရမဲ့မေးခွန်းတွေအများကြီးရှိသေးတယ် ဒီမေးခွန်းတွေကို ဖြေနို်င်ဖို့ဆိုတာ ကျွန်မတို့တနေရာကနေစဖို့လိုတယ် ဒီလိုအပြစ်ခတ်ရပ်ဆိုင်းပြီးတော့ကျွန်မတို့ ပွင့်ပွင့်လင်းလင်းနဲ့ရင်းရင်းနှီးနှီးဒီထက်ပိုပြီး ဆွေးနွေးနိုင်မယ်ဆိုရင် ကျွန်မတို့ ဖြေဖို့ ကျန်နေတဲ့မေးခွန်းတွေဆက်ပြီး ဖြေနိုင်မှာဖြစ်ပါတယ် ဒီခြေလှမ်းဟာ ဒုတိယခြေလှမ်းကိုလှမ်းဖို့ အတွက် ပထမခြေလှမ်းပါ အင်မတန်အရေးကြီးတယ်လို့ကျွန်မမြင်ပါတယ်”ဟု ပြောသည်။

၆၃ နှစ်ကြာ လက်နက်ကိုင် ဆန့်ကျင်ခဲ့သော KNU နှင့်အစိုးရဘက်မှပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့က ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့က ကရင်ပြည်နယ် ၊ဘားအံမြို့တွင်တွေ့ဆုံဆွေးနွေးခဲ့ပြီး ပဏမသဘောတူညီချက် ၅ချက်ဖြင့် လက်မှတ်ရေးထိုးခဲ့ပြီး အပစ်ရပ်စဲ ခဲ့သည်။

ရန်ကုန်တွင် ရောက်ရှိနေသော KNU အဖွဲ့ဝင်များသည် ဧပြီလ ၇ရက်တွင်ရန်ကုန်ရှိတိုင်းရင်းသားပါတီများနှင့်တွေ့ဆုံခြင်း၊ ရန်ကုန်ရှိ ကရင်လူမျိုးများ၊သံရုံအဖွဲ့ဝင်များ ၊NGO အဖွဲ့ဝင်များနှင့်တွေ့ဆုံခြင်းများပြုလုပ်မည်ဖြစ်သည်။

ဧပြီလ ၈ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်သူမဧ။်နေအိမ်တွင် နံနက်ပိုင်းတွေ့ဆုံမည်ဖြစ်သည်။

သတင်း..... Yangon Press International

လွှတ်တော်ကိုယ်စားလှယ် ၃ဦး NLD ပါတီသို့ ကူးပြောင်း

ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများစု၌ အနိုင် ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦး ပါတီဝင်အဖြစ် လျှောက်ထားကြောင်း NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း The Voice Weekly သို့ ပြောကြား သည်။

NLD ပါတီဝင်အဖြစ် လျှောက် ထားကြသူ လွှတ်တော်ကိုယ်စားလှယ် သုံးဦးမှာ အမျိုးသားဒီမိုကရေစီအင်အား စုပါတီမှ လမ်းမတော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် လသာ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် တို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော အမျိုးသား ဒီမိုကရေစီအင်အားစုပါတီအား ထူထောင်ရန်ညှိနှိုင်းဆွေးနွေးကတည်း ကပင် NLD ပါတီ မှတ်ပုံတင်ပြန်လည် လျှောက်ထားပါက ပြန်လည်ပေါင်းစည်း ရန် မူအားဖြင့် ချမှတ်ထားပြီး ဖြစ်ကြောင်း လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောကြားသည်။

NLD ပါတီဝင်အဖြစ် လျှောက်ထားရခြင်းနှင့် ပတ်သက်၍ လသာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကြည်မြင့်အား ဆက်သွယ် မေးမြန်းရာတွင် “အိတ်ဖောင်းလို့ စိတ် ပြောင်းတာ မဟုတ်ပါဘူး။ လာမယ့် ၂၀၁၅ မှာလည်း အမတ်ပြန်လုပ်ဖို့ မရည်ရွယ်ပါဘူး။ NLD မှတ်ပုံပြန်တင် ရင် NLD ကိုပဲ ပြန်သွားမယ်လို့ ကျွန်တော်အစောကြီးကတည်းက ကြေညာပြီးသားပါ” လို့ ပြန်လည် ဖြေ ကြားသည်။

အဆိုပါလွှတ်တော်ကိုယ်စားလှယ် သုံးဦးတွင် ဦးခင်မောင်ဝင်းအား ဧပြီလ ၄ရက်နေ့မှ စတင်ကာ NLD ပါတီဝင် အဖြစ် လက်ခံလိုက်ပြီဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ NLD ပါတီသို့ ထပ်မံကူးပြောင်းခဲ့သူ ဒေါက်တာ မြတ်ဥာဏ်စိုးက ပြောကြားခဲ့သည်။

ကြားဖြတ် ရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၄၄ နေရာ၌ ၄၃ နေရာ အနိုင်ရရှိခဲ့ရာ ယခုကူပြောင်းလာသော လွှတ်တော် ကိုယ်စားလှယ်များအား လက်ခံလိုက်ပါက ပြည်ထောင်စု လွှတ်တော်၌ NLD ပါတီအား ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် ဦးရေမှာ ၄၇ ဦးထိ ရောက်ရှိလာပြီ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီပြီးလျှင် လွှတ်တော်ကိုယ်စားလှယ် ဒုတိယအများဆုံး ရပ်တည်နိုင်တော့မည်ဖြစ်သည်။
·

သတင်း.... The Voice Weekly

06 April 2012

တရုတ်ကဆောက်လုပ်ပေးပြီး ၂၀၀၉ခုနှစ်က ဖွင့်ပွဲပြုလုပ်ခဲ့တဲ့ ရွှေလီရေကာတာ ၂၀၁၂မှာတော့ ပျက်စီးမှုတွေနဲ့ ကြုံတွေ့ နေရပါပြီ...

၂၀၀၉ခုနှစ် ၅လပိုင်းက ဖွင့်လှစ်ခဲ့တဲ့ ရွှေလီရေကာတာဟာ ၂၀၁၂ခုနှစ်မှာတော့ အောက်ခြေတမံတွေ ပျက်စီးနေလို့ ပြန်လည် ပြင်ဆင်နေရပါပြီ.. (အောက်က Scribd ဖိုင်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်..)
ယနေ့ ရန်ကုန်နဲ့ တခြားမြို့ကြီးများအပါအဝင် နိုင်ငံနဲ့အဝှမ်းမှာ လျှပ်စစ်မီးပြသနာ မလုံလောက်မှုနဲ့ ကြုံတွေနေကြရတာ အများသိပြီး ဖြစ်ပါတယ်..။ ရန်ကုန်မြို့နေ လူထုမှာတော့ ယခုလို ပူပြင်းတဲ့ နွေရာသီ အခါသမယမှာ တနေ့(၆)နာရီအလှည့်ကျ စံနစ်နဲ့ပေါ့..။ နှစ်ပေါင်း (၂၃)နှစ်အတွင်း ဆောက်လိုက်တဲ့ ဆည်တွေ၊ ထွက်လိုက်တဲ့ ဓာတ်ငွေ့တွေ၊ ဆောက်လုပ်ပြီး ဆောက်လုပ်နေဆဲ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ မစားဝမခန်း သတင်းစာထဲမှာ ပြည်သူတွေ မြင်တွေ့ခဲ့ရတာပါ...။ 
ကိုယ့်ပြည်တွင်းမှာ ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကိုတော့ ပြည်ပထုတ်ရောင်း ပြည်တွင်းမှာတော့ ပြီးခဲ့တဲ့ တပတ်က ဖတ်လိုက်ရတာလေး ရန်ကုန်မြို့အား ယခုလာမည့် လဆန်းပိုင်းမှ စတင်ကာ အုပ်စုစနစ်ဖြင့် မီးပေးတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ခေါင်းဆောင် ဦးမောင်မောင်လတ်က ဆိုပါသည်။ လျှပ်စစ်ဓာတ်အားပေးနေသည့် တာဘိုင်များကို လည်ပတ်ရန်အတွက် လိုအပ်သည့် Gas မလုံလောက်သဖြင့် ယခုခဲ့သို့ ရန်ကုန်မြို့တော်အား အုပ်စုခွဲကာအ ချိန်ပိုင်းဖြင့် မီးပေးခြင်းဖြစ်ကြောင်း သိရသည်တဲ့... ဒါကတပိုင်းပေါ့..
နောက်တခုကတော့ ပြီးခဲ့တဲ့နှစ် မြစ်ဆုံဆည် အရေးမှာ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက သတင်းစာရှင်းလင်းပွဲမှာ ကြားလိုက်ရတာကတော့ လျှပ်စစ်မီးတွေ ပိုလျှံနေလို့ ထုတ်ရောင်းနေရဆိုပဲ...။ ဟုတ်ပါတယ်... သူဆိုလိုတာ ဒီမိုဝေယံကို ပေးပို့လာတဲ့ သတင်းဖတ်လိုက်ရတော့မှ သိလိုက်ရပါတယ်..။ ရွှေလီဓာတ်အားပေး စက်ရုံက ထုတ်လုပ်လိုက်တဲ့ ဓာတ်အားတွေကို ပြည်တွင်းနဲ့ ပြည်ပကို ပို့လွှတ်နေတဲ့ တနေ့တာ ဓာတ်အား ယူနစ်စာရင်းပါပဲ...။ ကိုယ့်ပြည်သူတွေကတော့ မှောင်မှောင်မဲမဲထဲမှာ စမ်းတဝါးဝါးနေ့ မီးပြတ်လို့ နေ့စဉ်နဲ့အမျှ စိတ်ဒုက္ခတွေ ရောက်နေကြရတာပါ...။ (၂၃) နှစ်လုံးလုံး မီးလေးတောင် လင်းအောင် မစွမ်းဆောင်နိုင်ခဲ့လို့ တကယ့်ပြည်သူ့ပါတီနဲ့ ယှဉ်ပြိုင်အရွေးခံတဲ့ မဲဆန္ဒတွေမှာတော့ မြင်တဲ့အတိုင်းပေါ့..။
၂၀၀၉ မေလ(၁၆)ရက်နေ့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းဖွင့်ပွဲမှ ဝန်ကြီးချုပ်ဦးသိန်းစိန်နှင့် လျှပ်စစ်ဝန်ကြီးဦးဇော်မင်း

ဒီထက်ဆိုးတာကတော့ ကျွန်တော်တို့ ပြည်တွင်းမှာ တရုတ်ကုမ္ပဏီတွေနဲ့ ဆောက်လုပ်ခဲ့တဲ့ စီမံကိန်းတွေဟာ နောင်တချိန်မှာ ကျွန်တော်တို့ ပြည်သူတွေအတွက် ရတက်မအေးရတဲ့ အဖြစ်တွေပါပဲ..။ ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ် မေလ(၁၆)ရက်နေ့က ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ လျှပ်စစ်ပါရဂူ ဦးဇော်မင်းတို့ ဖွင့်လှစ်ပေးခဲ့တဲ့ ရွှေလီ(၁)ရေအား လျှပ်စစ်စီမံကိန်းကတော့ ၂၀၁၂ခုနှစ် (၃)နှစ်တာ အရောက်မှာတော့ ရေတားတမံ အောက်ခြေတွေ ပျက်စီးလို့ ပြန်လည် ပြင်ဆင်နေရပါပြီ။ ဒီလိုရွှေလီမြစ်က  ရေကာတာတောင် (၃)နှစ်တာကာလမှာ ပျက်ဆီးမှုတွေ မြင်တွေ့လာရပြီဆိုတော့ ကျွန်တော်တို့ရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ဆုံကို တမံဖို့ပြီး ဧရာမဆည်ကြီး ဆောက်မယ်ဆိုတဲ့ တရုတ်စီမံကိန်းတွေကို စဉ်းစားကြည့် ကြစေလိုပါတယ်..။ ဒါတရုတ်ရဲ့ နည်းပညာနဲ့ ဆောက်တဲ့ ရေကာတာစီမံကိန်း တခုထဲကို စဉ်းစားကြည့်တာပါ..။ ကဲကျွန်တော်တို့ ပြည်သူတွေ ကန့်ကွက်နေတာ လွန်ပါသလား...။ မြစ်ဆုံဆည်အရေး ထာဝရရပ်ဆိုင်းပေးဖို့ ထပ်မံတောင်းဆိုပါတယ်...။

ဒီမိုဝေယံ..
ရွှေလီစီမံကိန်းမှ လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်တဲ့ အချက်အလက်၊ ဓာတ်ပုံများ ထပ်မံဖော်ပြပေးပါမည်.. ပညာရှင်များ ဝင်ရောက် ထောက်ပြပေးစေလိုပါတယ်.။

ခေတ်သစ်တစ်ခုစတင်ရန် ဒေါ်အောင်ဆန်းစုကြည်မျှော်လင့်


(BBC သတင်းဌာနမှ 2 April 2012 ရက်စွဲပါ Burma poll: Aung San Suu Kyi hopes for 'new era' ကို ဘာသာ ပြန်ဆိုသည်)

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင်း ခေတ်သစ်တစ်ခု စတင်မှုပြုသည့် အမှတ်အသားပင် ဖြစ်ကြောင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲသည် "ပြည်သူလူထု၏ အောင်ပွဲ"ဖြစ်ကြောင်း ၎င်းကပြောဆိုပြီး အခြားသောပါတီ အဖွဲ့အစည်းများနှင့် ပြန်လည် သင့်မြတ်ရေးသည် မိမိတို့၏ ပန်းတိုင်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ကြားဖြတ် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၄၅ နေရာအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအပါအဝင် အခြားသော နိုင်ငံရေးပါတီများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ NLD ၏အဆိုအရ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းဝင်ရောက်ယှဉ်ပြိုင်သည့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်တွင် အသာတကြည်ပင် အနိုင်ရရှိခဲ့ကြောင်း၊ အခြားသော မဲဆန္ဒနယ် များတွင်လည်း NLD ပင် နေရာအများဆုံးရရှိမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ "ယခုအောင်ပွဲဟာ ကျွန်မတို့ရဲ့ အောင်မြင်မှုမဟုတ်ပါဘူး။ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ အောင်ပွဲပါ" ဟု NLD ရုံးတွင်လာရောက်စုရုံးကြသော ထောက်ခံအားပေးသူများအား ပြောကြားသည်။ "ဒါဟာ ခေတ်သစ်တစ်ခုအစပဲလို့ ကျွန်မတို့ မျှော်လင့်တယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ထွန်းနိုင်ရေးအတွက် အခြားသောပါတီတွေအနေနဲ့ ကျွန်မတို့နဲ့အတူ လက်တွဲလုပ်သွားမယ့် အနေအထားမှာ ရှိတယ်လို့လည်း ထင်ပါတယ်"

ဧပြီလ ၁ ရက်ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် အရေးကြီးသော စမ်းသပ်ချက်တစ်ခုအဖြစ် အများက ရှုမြင်ကြသည်။ သို့သော် စစ်တပ်နှင့် ၎င်း၏ မဟာမိတ်များက အမတ်နေရာ ၆၆၄ နေရာရှိသည့် လွှတ်တော်ကို သြဇာလွှမ်းမိုးထားနိုင်ဆဲဖြစ်သည်။ ယခင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း အစိုးရ ကက်ဘိနက်ဝန်ကြီးများ ခန့်အပ်ခံရသူ လွှတ်တော်ကိုယ်စားလှယ်များ၏ လစ်လပ်နေရာ များအတွက် ယခုကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပခြင်းဖြစ်သည်။

ယခုတစ်ကြိမ်သည် NLD ပါတီအတွက် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ NLD သည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပစဉ်ကာလက စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ တရားမျှတမှုမရှိဟု ဆိုကာသပိတ်မှောက်ခဲ့သည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အပါအဝင် နိုင်ငံရေးပါတီပေါင်း ၁၇ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုရွေးကောက်ပွဲတွင် သူမဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် ကိုယ်တိုင် အနိုင်ရရှိခဲ့ရုံ သာမက လုပ်ဖော်ကိုင်ဖက် ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိအောင်လည်း ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်း သတင်းထောက်များက ဆိုသည်။ ဧပြီလ ၂ ရက်နေ့ ရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသူများ စာရင်းအား ထုတ်ပြန်ကြေညာမှုမပြုမီ NLD ပါတီက ၎င်းတို့အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် အားလုံးနီးပါး အနိုင်ရရှိမည်ဟု မျှော်လင့်ကြောင်းပြောဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အတိုက်အခံ NLD ပါတီအနိုင်ရရှိသည့်တိုင် ပါလီမန်လွှတ်တော်တွင် စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမတ်နေရာအများစုကို ထိန်းချုပ်ထားမြဲပင် ဖြစ်လိမ့်မည်။ နှစ်ပေါင်း ၁၅ နှစ်ကျော်တာကာလမျှ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်အောင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။

အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် ကမ္ဘောဒီးယားသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က "ယခုကြားဖြတ် ရွေးကောက်ပွဲသည် လွတ်လပ်မျှတမှုရှိပြီး ပွင့်လင်းမြင်သာမှုလည်း ရှိကြောင်း" ပြောကြားသည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီများ မဲဆွယ် စည်းရုံးမှု ပြုလုပ်စဉ် ကာလအတွင်း နိုင်ငံခြား သတင်းထောက်များနှင့် လေ့လာစောင့်ကြည့်သူများအနေဖြင့် ကောင်းစွာ ကြည့်ရှုလေ့လာခွင့် ရရှိခဲ့ကြသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ရွေးကောက်ပွဲ ကျင်းပသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် မြန်မာ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ကူညီထောက်ပံ့သွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဆိုသည်။

ဥရောပသမဂ္ဂ(အီးယူ)ကမူ အကယ်၍ ရွေးကောက်ပွဲဖြစ်စဉ်သာ အဆင်ချောမွေ့စွာပြီးဆုံးသွားမည်ဆိုပါက ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှား ပေးနိုင်ကြောင်း အရိပ်အမြွက်ပေးပြောဆိုသည်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်သည့် ဥပဒေရေးဆွဲခဲ့ကြသော အမေရိကန် လွှတ်တော်အမတ် များကမူ သတိကြီးစွာဖြင့် အကောင်းမြင်လျက် ရှိသည်။

"မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းဖြစ်မြောက်ရေး အစည်းအဝေးကျင်းပ"


မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့အားဖျက်သိမ်း၍ ပြန်လည်ဖွဲ့စည်းရန်စီစဉ်နေသည့် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းဖြစ်မြောက်ရေးအတွက် အစည်အဝေးကို ဧပြီလ(၅)ရက်နေ့ မွန်းလွဲ ၃ နာရီက ဗိုလ်တထောင်ဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် အဆိုပါ အသင်းဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဆရာဖိုးသောကြာ(ခေတ်/မိုး)၊ နာယက ဆရာမာင်ဝံသ ၊ ဆရာ ဦးကိုကိုလှိုင် တို့က အသင်းပေါ်ပေါက်ရေးနှင့်ပတ်သက်၍ အမှာစကားများ ပြောကြားခဲ့ကြပြီး အတွင်းရေးမှူး ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)က ဖွဲ့စည်းပုံမူကြမ်းပါ အချက်အလက်အချို့ကိုတင်ပြဆွေးနွေးရာ တက်ရောက်လာသူများမှဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။ ထို့နောက်ဖြစ်မြောက်ရေးကော်မတီဝင်အသစ်များထပ်မံဖြည့်စွက်ခြင်း၊ စည်းရုံးရေးအဖွဲ့၊ ပြန်ကြားရေးအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့၊ ဖွဲ့စည်းပုံစည်းမျဉ်းရေးဆွဲရေးအဖွဲ့ များဖွဲ့ စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဖြစ်မြောက်ရေး အစည်းအဝေးကို ဧပြီလ ၉ ရက်နေ့ မွန်းလွဲ(၃)နာရီတွင် အဆိုပါ နေရာ တွင်ပင် ထပ်မံကျင်းပသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက် ပါဝင်ဆွေးနွေးနိုင်ကြကြောင်း သိရသည်။

သတင်း....... Popular Myanmar News Journal

"မြန်မာ့ပညာရေးကဏ္ဍာ ဖွံ့ဖြိုးရေး အီတလီ ကူညီမည်ဟု ဆို"


မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အီတလီ အစိုးရအနေဖြင့် ကူညီထောက်ပံ့ပေးသွားရန် စီစဉ် လျက်ရှိကြောင်း အီတလီ ဆီး နိတ်လွှတ်တော်အမတ် မစ္စတာMalpeli Giuseppe က ပြောသည်။

ထိုသို့ ကူညီရာ၌ ကျောင်း သားကျောင်းသူများအား အီတလီနိုင်ငံရှိ တက္ကသိုလ်နှင့် ကော လိပ်များတွင် ပညာသင်ကြား နိုင်မည့် ပညာသင် ဆုများ အပါ အဝင် အခြေခံပညာကျောင်း များမှ ထူးချွန် ကျောင်း သား ကျောင်းသူများအား ဆက် လက် ပညာသင်ကြားနိုင်ရေးအတွက် ရန်ပုံငွေများပေးအပ်မည့် အစီ အစဉ်များလည်း ပါဝင်ကြောင်း ၄င်းက ရှင်းပြ သည်။ ”အီတလီ အစိုးရအနေနဲ့ ဒီအစီအစဉ်ကို စတင်ဆောင် ရွက်ဖို့ စီစဉ်ထားတာကြာပါပြီ။ ပိတ်ဆို့အရေးယူမှုတွေ ရှိနေ သေးတဲ့ အတွက် ကူညီဖို့ အဆင်မပြေဘူးဖြစ်နေတာ။ အခု ပိတ်ဆို့မှု တွေကို ဖယ်ရှား ဖို့ ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် မကြာခင် မှာ အီတလီ အစိုးရနဲ့ မြန်မာ အစိုးရ အကြား ညှိနှိုင်းပြီး ဒီအစီအစဉ်တွေ ကို အကောင်အထည်ဖော်သွား ပါမယ်” ဟု ၄င်းက ထပ်မံ ပြောကြား သည်။

သတင်း.....Popular Myanmar News Journal

ယနေ့နံနက်ပိုင်း ဖားအံမြို့ ဇွဲကပင်ဟိုတယ်တွင် ကရင်အမျိုးသား အစည်းအရုံးနှင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နှင့် ဆွေးနွေးနေကြစဉ် (ဓာတ်ပုံသတင်း)

ယမန်နေ့က ဖားအံမြို့သို့ နော်စီဖိုးရာစိန် ခေါင်းဆောင်သည့် ကရင်အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ဆွေးနွေးမှုအဖွဲ့ ဆိုက်ရောက်လာရာ ကြိုဆိုသူများနှင့်အတူ၊
(၀ဲမှယာ၊ ဒေါ်နန်းစေဟွာ၊ နော်စီဖိုးရာစိန်၊ (အမည်မသိ)၊ ဗိုလ်မှူးချုပ် ဇော်မင်း)

ဧပြီလ ၄ ရက်နေ့က ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ဆောင်ရွက်လျှက်ရှိသည့် ကရင်အကျိုးဆောင်အဖွဲ့ ဖားအံမြို့ အမှတ်တရ ဓါတ်ပုံအရိုက်ခံစဉ်

ယနေ့နံနက်ပိုင်း ဖားအံမြို့ ဇွဲကပင်ဟိုတယ်တွင် ကရင်အမျိုးသား အစည်းအရုံးနှင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နှင့် ဆွေးနွေးနေကြစဉ်

ဧပြီလ ၄ ရက်နေ့က ဖားအံမြို့သို့ ရောက်ရှိလာသည့် ကရင်အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ နော်စီဖိုးရာစိန်( ပန်းရောင် အကျီဖြင့်) နှင့် ဖလုံစဝေါ် ပါတီမှ ဒေါ်နန်းစေဟွာတို့ နှုတ်ဆက်နေသည်ကို ဖားအံမြို့ ဇွဲကပင် ဟိုတယ်၌တွေ့ရစဉ်

ဓာတ်ပုံ.....
Yangon Press International
ပို့စ်ရိုမန်တစ်



ဘယ်သူ့ကိုမှမယုံရဘူး ဘယ်သူမှမယုံဘူး (ကိုယ်ဒူးတောင်ကိုယ်)

လက်ရှောင်တယ်

ဟိုဘက်လှည့်နေတုန်း ဒီဘက်နားရွက်ထဲဟုတ်ယောင်ဟုတ်ငြားတွေ ပစ်ထည့်သွား

ကစားမှာလား နားမှာလား

ကစားရင်လည်း ဒီကိုင်းကြီးကြီးမှာ နားချင်ရင်လည်း ဒီကိုင်းကြီးကြီးမှာ

အမှိုက်ကစ၍ပြသာဒ်အထိ မီးပေါင်အတိုးအလျှော့လုပ်လိုရတယ်

(ကျမရဲ့ efficiency က…..)

သဘာဝမှာအင်အားမရှိပါဘူး အင်အားမရှိတာသဘာဝဘဲ…

အသင်ဇိးုသမားတစ်ယောက်ဘယ်လိုစဖြစ်!

ခပ်အစ်အစ်အသံနှင့်တူသည့် ကျီးပေါင်းတက်ဘ၀က

ဝိညာဉ်တစ်ကောင်လို

အရိုးကို အသက်ငါးဆယ်ကျော်ကျော်မှာပျော့ဆင်းစေခဲ့

အရည်ဘဲသောက်လို့ရခဲ့တယ်

မှည့်ဆေးအသုံးခံလိုက်ရတဲ့သစ်သီးတစ်လုံးရဲ့သွေးသားဖွဲ့စည်းမှုလို

ချက်ခြင်းကြီး ကဗြောင်းတိကဗြောင်းဆန် ဥဏ်

မှီသလောက်လေးလိုက်တွေးကြည့်တော့ ထိပ်မှာ

ဖင်ဆီခံက အလျားလိုက် ကြပ်တယ် စပ်တယ်

မီးညှိလိုက် ရေစွတ်လိုက် တဖွာဖွာလိုက် နှပ်ထားလိုက်နဲ့

လူကို ဘယ်အတန်းအစားထဲက မှတ်နေ ညနေ

နေ၀င်ရီမှာထိုးတဲ့ တယောလို သောက ဗျာပါဒ

ပုဒ်ထီးနဲ့ပုဒ်မ ဘယ်သူ့အရင်တယောက်နဲ့တယောက်ချကြမလဲ

ခုထိဘယ်သူ့မှလည်းမယုံဘူးဆိုတဲ့အကြောင်း

ဘယ်သူ့ကိုယုံအောင်ပြောရပါ့ အရှုးလို

အရောတ၀င်နဲ့ မီးသွားဝိုင်းပေးလိုက်တာ

လိုင်းပေါ်ချက်ခြင်းတက်လာတယ်

ကျမ်းကိုင်ပြီးပြောတော့ ကာလာတတ်တယ်ပေါ့

အဲဒါက ခင်ဗျားအပိုင်းလေ

ကမ်းနားမှ ဆူးလေအ၀ိုင်းကိုဖြတ်တိုက်၍တက်လာသောလေများ

သူမ၏စကတ်အနားစများနှင့်တွေ့သောအခါကျမှပင်

မယုံရဲရဲ ယုံရဲရဲ

ဒါပုံပြင်ထဲက သူရဲခြောက်သောအိမ်ကြီး နဲ့

ထိုအိမ်တွင် မခြောက်တတ်တတ်ခြောက်တတ်တတ်နှင့်

ခြောက်နေသောသူရဲများက

မိုဃ်းဇော်၏ကများများအား ဇစ်အဆုံးဖွင့်၍

ဇေယျာလင်း၏ကဗျာများအား ကြယ်သီးတလုံးစီချွတ်၍

ခွဲခြမ်း စိတ်ဖြာ စမ်းသပ် ရွတ်ဖတ်

ဘုရားသခင်လည်း ကြုံတောင့်ကြုံခိုက် ၄င်းနှင့်

ကြိုက်ရောင်းကြိုက်ဝယ် ဈေးဆစ်ကြလေသောအခါ

ပြန်ချင်ရင် ကားဂိတ်ထိလိုက်ပို့ပေးမယ်

တိတ်တိတ်လေးတော့ ကြိတ်ကြိတ်ပြီးမငိုနဲ့

အမှောင်ဆိုတာ ဘယ်တော့မှမလင်းဘူး

အမှောင်ကအမှောင်သတ်သတ် အလင်းက အလင်းသတ်သတ်

တို့ရဲ့ဆုံရပ်က မင်းနှုတ်ခမ်းကိုသတ်ထားတဲ့ လိုင်နာစလေးပေါ်မှာ

လွန်ရောကျွံရော သေရောကြေရော အဖန်ငါးရာ ငါးကမ္ဘာပေါ့

ကိုယ့်ကဗျာကို ကိုယ်ကိုယ်တိုင်ကြိုးဆွဲချရမှ ကျေနပ်မယ်

အရပ်တကာလှည့်ပြီးတိုက်နေရတဲ့ကြက်ဖ

သူ့ရဲ့မျိုးဗီဇက သူ့ဆီမှာလား ခင်ဗျားဆီမှာလား

ဒီနေရာမှာ ကျနော်ပြချင်တဲ့ performance က

ပျက်ကျသွားတဲ့တိုက်လေယာဉ်ထဲက ခုန်ထွက်လာတဲ့လေသူရဲလို

ဘာကောင်မှတင်မထားဘဲ အခုတ်ခံရဲတဲ့စဉ်းတီတုံးလို့

နေပူစပ်ခါးထဲရပ်ထားခဲ့တဲ့ရဲရဲတောက်ရေခဲတင်ကားတစ်စီးလို

ခင်ဗျားရဲ့ဒဿနိက အလှဗေဒကျောင်းက

ဒါမှမဟုတ်

ရေထဲကပေါ်လာပြီးရေထဲပြန်ခုန်ချသွားတဲ့ငါးလို

ဘ၀ကိုဥုံခံပြီး ဥုံခံပြီးသားဘ၀ကိုမှ

ခြေအိတ်လိုအသင့်ဝယ်စွပ်ချင်ကြ ကျုပ်က

ဆူးကိုငုံပြီး ဒီခရောင်းလမ်းကိုဖောက်ခဲ့တာ

ခုလိုတယောက်နဲ့တယောက်ယုံယုံကြည်ကြည်လက်တွဲလျှောက်လာခဲ့ကြတဲ့ နှစ်တွေမှာ -

အချစ်ရေ

ဘာတစ်ခုမှ သာမန်ကာလျှံကာ မဖြစ်စေချင်ဘူး

မြစ်ရေက အခုနှစ်တွေထဲ တိုးတယ်……………………….။

လူလူလက်ျာ (ကိုအောင်သူ)

၆.၈.၂၀၁၁

ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲသို့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ တက်ရောက်မည်


ယခုနှစ် မေလ ၂၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် ပြည်သူ့ဂုဏ်ရည်အသင်း၏ တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ တက်ရောက်မည်ဖြစ်သည်။

အခမ်းအနားသို့ တက်ရောက်ရန် ပြည်သူ့ဂုဏ်ရည်အသင်းက ဖိတ်ကြားခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရှိ ပြည်သူ့ဂုဏ်ရည်မိသားစုများနှင့်လည်း တွေ့ဆုံရန် စီစဉ်လျက်ရှိသည်။ ဦးကျော်သူ သည် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ဧပြီလ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပသော ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် နိုင်ငံပေါင်း ၅၄ နိုင်ငံမှ အင်တာနက်ဆန္ဒမဲဖြင့် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ခဲ့ခြင်းဖြစ်သည်။

05 April 2012

‘ဒေါ်အောင်ဆန်းစုကြည် ပြောပြသည့် ရာမာယဏ’


ဇာတ်လမ်းက ကျွန်မတို့ အများကြီးစဉ်းစား စရာရှိတယ်။ စဉ်းစားစရာ ဆို တာနိုင်ငံရေး အမြင်နဲ့ အများကြီး စဉ်းစားစရာ ရှိတယ်။ ဒါကျွန်မတို့ အရှေ့တိုင်းမှာ အင်မတန် မှ သြ ဇာအာဏာ လွှမ်းမိုးတဲ့ ဇာတ်လမ်းတစ်ခုဖြစ်တယ်။

ကျွန်မတို့ အရှေ့တိုင်းသူ၊ အရှေတိုင်းသားများဟာ ဘယ်လောက်နိုင်ငံရေး အမြင်ရင့်ကျက်လဲဆိုတာကိုပြတယ်လို့ ကျွန်မက ဒီလိုပဲမြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့သူဟာ အမည်းနဲ့အဖြူ၊ အကောင်းနဲ့ အဆိုးဒီလိုချည်းပဲလဲ မဟုတ်ဘူး ။ ရာမမင်းသားရဲ့ခမည်းတော်ဆိုရင်လည်း ကောင်းတာရှိတယ်၊ ဆိုးတာရှိတယ်။ အင်မတန်မှ ကောင်းတဲ့ မင်းကြီးဖြစ်ခဲ့ပေမယ်လည်း သူ့အပြစ်တွေရှိခဲ့တာကြောင့်မို့ ဒီအပြစ်တွေရဲ့ဝဋ်ကြွေးတွေသူဆပ် သွားရ တယ်။ရာမမင်းဆိုရင်လည်း မင်းတစ်ပါးအနေနဲ့ အင်မတန်မှကောင်းတဲ့မင်းပဲ။ဒါပေမဲ့လည်း တကယ်ကြည့်လိုက်တဲ့အခါကျတော့ သူ့ရဲ့မိဖုရားကြီးအပေါ်မှာ သူမျှမျှတတ မဆက်ဆံခဲ့ဘူး ။ သီတာမိဖုရားပြောချင်တာကသူဖြူစင်သန့်ရှင်းမှန်းသိရက်သားနဲ့သူများပြောတာ ဘာဖြစ်လို့ နားထောင်ရလဲ ဆိုတာကိုပြောတာ၊ ဒီတော့ ဒါကျွန်မတို့ အတွက်အများကြီးစဉ်းစားစရာဖြစ်တယ်။

ကျွန်မတို့ပြောတယ်မဟုတ်လား။ ဒီမိုကရေစီဆိုတာ အကောင်းချည်းပဲမဟုတ်ဘူး၊သူ့ရဲ့အားနည်းချက်တွေရှိတယ်ဆိုတော့ ဒီကိစ္စဟာ ဒီမိုကရေစီရဲ့ အားနည်းချက် တစ်ခုကို ထောက်ပြတယ်လို့ ကျွန်မပြောချင်တယ်။အများကနေ အလကားသက်သက်၊သွားပုပ်လေလွင့်၊ အားအား ယားယာြးေ ပာနေတဲ့ ကိစ္စတွေ ဟာ တစ် ခါ တလေ ဒီမိုကရေစီမှာလည်း လွှမ်းမိုးထားတတ်တယ်။ အဲဒီဟာတွေကို ကျွန်မတို့ အများကြီးသတိထားရမယ်။ကျွန်မကတော့ထင်တယ်၊ အခုခေတ်လိုအခြေအနေဆိုရင် သတင်းစာတွေဘာတွေရှိပြီးတော့၊ သတင်းစာလွတ်လပ်ခွင့်ရှိတယ်ဆိုရင်သီတာမိဖုရားကြီး ဘက်က နေပြီး တော့ရေးပေးမယ့် သတင်း စာတွေ အများကြီးရှိမှာပဲလို့ ကျွန်မထင်တယ်။ အဲဒီလိုသာရှိခဲ့ရင် သက်သက်၊ အားအားယားယားအတင်းပြောနေတဲ့လူတွေကြောင့် ဒီမိဖုရားကြီးဟာ ပြည်နှင်ဒဏ်အပေး ခံရမှာမဟုတ်ဘူးလို့ ကျွန်မက ဒီလိုမြင်တယ။် ဘာဖြစ်လဲ လို့ ဆိုတော့  သီတာမိဖုရားဘက်ကရပ်တည်တဲ့သတင်းစာတွေက ရေးကြမှာကိုး၊ ဘယ့်နှယ့်၊ မီးထဲဝင်တာေ တာင် မှမလောင်တဲ့ မိဖုရားဟာ မဖြူစင်ဘဲရှိနိုင်ပါ့မလား ။မင်းတို့မှန်ရင်၊မ င်း တို့ ချေမှာလားမေးတယ်။ ကျွန်မကပြောတယ်။ ကလဲ့စားချေတယ်ဆိုတာဟာကျွန်မတို့ရဲ့ ‘မူ’ လည်းမဟုတ်ဘူး။နောက်ပြီးတော့ ဒီမိုကရေစီအရကလဲ့စားချေချင် တိုင်းလိုက်ချေနေလို့ရတာမဟုတ်ဘူး။ တရားမျှမျှတတလုပ်ရတာ။အခုပြောချင်တာကအရှေ့တိုင်း ဒီမိုကရေစီဆိုတာဟာ တကယ်ကျတော့ ဒီမိုကရေစီအခွင့်အရေး ပြည့်ဝတဲ့ ဒီမိုကရေစီကို ဆိုလိုချင်တာ။

ကျွန်မတို့အနေနဲ့ကတော့ အရှေ့တိုင်းဒီမိုကရေစီဆိုတာ အနောက်တိုင်းဒီမိုကရေစီများထက် ပိုပြီးတော့မေတ္တာ၊ ကရုဏာတရားနဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီလို့ ဒီလို ကျွန်မတို့မြင်ချင်တယ်။ဒါကြောင့် အားလုံးအတွက်ကောင်းတဲ့ စနစ်ဖြစ်ရမယ်။တချို့ကဆိုရင် ဒီမိုကရေစီရဲ့အဓိပ္ပာယ် ကို နားမလည်ဘူး။ ဒီမိုကရေစီရဲ့ရဲရင်၊ စွပ်စွဲနေတဲလူတွေမီး ထဲဝင်ကြလို့ပြောမှာပေါ့။ စွပ်စွဲနေတဲ့လူကကောမီးထဲ ကို ဝင်ပြရဲမလား၊ဝင်ရင်ကောသူတို့ဟာ မလောင်ဘဲနေမလား။ဒါတွေဟာ အများကြီးစဉ်းစားစရာဖြစ်တယ်။အဲဒါကြောင့် ရာမဇာတ်တော်ကြီးဟာနိုင်ငံရေး ပညာအများ ကြီးပဲ ပါပါတယ်။ ဒါဟာ ကျွန်မတို့ ဒီမိုကရေစီ လိုအပ်တယ် ဆိုတာကျွန်မတို့ အရှေ့တိုင်း ယဉ်ကျေးမှုအရအထောက်အထားတွေ အများကြီးပြနိုင်ပါတယ်။

အဲဒီလို အဘက်ဘက်ကပေါ့လေ၊ နိုင်ငံရေးအမြင်နဲ့စဉ်းစားတဲ့ ဇာတ်တွေဟာ ကမ္ဘာကြီးမှာ နည်းပါတယ်။ အများအားဖြင့်ပုံပြင်တွေ၊ဒ ဏ္ဍာရီတွေ ဆိုရင် နောက်ဆုံး မှာ ပျော်ပျော် ရွှင်ရွှင် နဲ့ပြီး သွားတာတို့၊ ဒါမှမဟုတ်ရင်လည်း သိပ်ပြီးတော့ စိတ်ညစ်စရာကောင်းတဲ့ဟာတွေဆိုရင်လည်း တစ်ယောက်မှ မကျန်အောင် အားလုံး သုတ်သင်ရှင်းလင်း ပစ်လိုက်တာတို့ ဒါတွေရှိတတ်တယ်ဒီလိုအဖြူနဲ့ အမည်း တင်မဟုတ်ဘဲနဲ့အဖြူနဲ့ အမည်းကြားမှာ မီးခိုးရောင် အမျိုးမျိုးရှိတဲ့ ဇာတ်မျိုးဆိုတာဟာ သိပ်ခေတ်မီတယ်လို့ ကျွန်မတို့ပြောနိုင်တယ်။ ဘယ်တော့မှခေတ်မရှိဘူးရယ်လို့ မဖြစ်သွားနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားဟာခေတ်မရှိဘူးလို့ ဘယ်တော့မှ မဖြစ်ဘူး။ ဒါကြောင့် ကျွန်မတို့လိုချင်တဲ့စနစ်ဟာ ကမ္ဘာကြီးတည်သရွေ့ ဒီစနစ်မျိုးဟာ လိုလားအပ်တဲ့ စနစ်မျိုးကို ဖြစ်မှာပဲ။ဒီစနစ်ဟာ ပြည်သူလူထုကို အကာ အကွယ်ပေးတဲ့စနစ်လည်း ဖြစ်တယ်။တကယ်တော့ အစိုးရများကို ကာကွယ်ပေး တဲ့စနစ် လည်း ဖြစ်တယ်။ တချို့အစိုးရတွေက ဒီလိုဒီမိုကရေစီစနစ်ကို မနှစ်သက်ဘူး။

ပြည်သူလူထုကိုသာ အကာ အကွယ်ပေးတဲ့စနစ်လို့ သူတို့ ဒီလိုထင်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ဟာ လူတိုင်း လူတိုင်းကို အကာ အကွယ်ပေးတဲ့ စနစ်ပါ။ကျွန်မတို့ကိုတချို့ကေ မးတယ်။ဒါလည်းအားလုံးသိနေတဲ့ ကိစ္စကြီးပါ။ ဒီမိုကရေစီတက်လို့ရှိရင် ဘယ်သူဘယ်ဝါကို ကလဲ့စားအနှစ်သာရ ကို နားမလည်ဘူး။ အတိုက်အခံများဟာ တိုက်တယ် ၊ခိုက်တယ်ဆိုတာဟာအာဃာတတရားနဲ့ဖျက်ဆီးချင်လို့ တိုက်တယ်လို့ထင်တယ်။ ကိုယ့်စိတ်နဲ့ကိုယ် နှိုင်းတာလည်းဖြစ်နိုင်တာပေါ့လေ။ အဲသည်လို စိတ်တွေကလည်း အများကြီးရှိတယ်။ ဒါပေမဲ့ ဒါဟာလုံးလုံးမဟုတ်ဘူး။ အတိုက်အခံများရဲ့အလုပ်ကိုက အစိုးရမမှားအောင်လုပ်ဖို့ပဲ။အစိုးရမမှားအောင်ဆိုတော့ အစိုးရမှား နေတာတွေကို ထောက်ပြရမယ်။ ထောက်ပြမှသာလျှင် မမှားအောင်လုပ်နိုင်မှာပေါ့။ ကိုယ်ဘာမှားမှန်းမသိဘူး၊ ဒါမှမဟုတ် သိရင်လည်းဘယ်သူမှမပြောရဲဘူးဆိုရင် ဆက်ပြီးတော့ မှားနေမှာပေါ့။ ဒီတော့ ကျွန်မတို့က အတိုက်အခံဆိုတော့ အတိုက်အခံအလုပ်ပဲ ဆက်ပြီးတော့ လုပ်မှာပဲ။ ဒီလိုလုပ်တာဟာ ကျွန်မတို့ကတော့ အာဃာတစိတ်နဲ့လုပ်တာ မဟုတ်ဘူး။ ကိုယ့်နှလုံးသားထဲမှာ အာဃာတ အင်မတန်များနေတဲ့ လူတွေကတော့ ယုံမှာမဟုတ်ဘူး။

ဒါကိုတော့ ကျွန်မတို့ ဘာမှမတတ်နိုင်ဘူး။ ကျွန်မတို့တတ်နိုင်တာ တစ်ခုပဲရှိတယ်။ အဲဒီနှလုံးသားထဲက အာဃာတတွေကို ဖျောက်လိုက်ပါလို့ ဒါပဲပြောနိုင် တယ်။ဖျောက်လိုက်ရင်တော့ ယုံနိုင်ပါလိမ့်မယ်။ဒီမိုကရေစီနိုင်ငံတွေကိုကြည့်ရင် ဒါသိနိုင် တယ်။ ရွေးကောက်ပွဲ မတိုင်ခင် နောင်ဂျိန်နောင်ဂျိန်ချနေတဲ့ သူများဟာ ရွေးကောက်ပွဲပြီးတော့ လက်ဆွဲနှုတ်ဆက်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့လူများပီပီ ဆက်ဆံကြ တာ ပဲ။ ဒါဒီမိုကရေစီစိတ်ဓာတ်ပဲ။ ကျွန်မတို့ အရှေ့တိုင်း ယဉ်ကျေးမှုအရ ဒီလို လူပီပီနေ တဲ့စနစ်ကိုအင်မတန်မှလိုလားပါတယ်။လူတွေကိုလူလိုဆက်ဆံတဲ့စနစ်ကို အင်မတန်မှလိုလားပါတယ်။ ပြည်သူလူထုကို တန်ဖိုးထားတဲ့စနစ်ကို ကျွန်မတို့အရှေ့တိုင်းက အင်မတန်မှ လိုလားပါတယ်။ ။

(၁၉၉၉ စာဆိုတော်နေ့ အထိမ်းအမှတ်ထုတ် ဒေါ်အောင်ဆန်းစုကြည်ပြောသော ရာမာယဏလက်ကမ်းစာစောင်မ်မှ ကောက်နုတ်ချက်) ကို Popular News တွင်ဖော်ပြထားပါသည်.။

ဓာတ်ပုံ....မြတ်လေးငုံ

04 April 2012

ဩဇာအရှိဆုံး လူပုဂ္ဂိုလ်တစ်ရာတွင် ဒေါ် အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်ကို ဆန္ဒပြုနိုင်ဟုဆို


ကမ္ဘာကျော် TIMES မဂ္ဂဇင်းက ၂၀၁၂ခုနှစ် အတွက် ဩဇာတိက္ကမ အရှိဆုံး ပုဂ္ဂိုလ် ၁၀ဝ ရွေးချယ်ရန် ဆန္ဒပြုနိုင်သော လူအမည် စာရင်းများကို ထုတ်ပြန် လိုက်ရာတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် မြန်မာသမ္မတ ဦးသိန်းစိန်၏ ကမ္ဘာကျော် အမည် စာရင်းကိုလည်း ထည့်သွင်း ဖော်ပြ လိုက်ကြောင်း ယင်းမဂ္ဂဇင်း၏ တရားဝင် ထုတ်ပြန်ချက် အရ သိရှိရသည်။

ဆန္ဒပြုလိုသူများ အနေနှင့် ဧပြီ ၆ ရက်နေ့ နောက်ဆုံးထား ဆန္ဒပြုရမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်က ဆိုသည်။ ဆန္ဒမဲအများဆုံးအနိုင်ရ သူများကို TIMES မဂ္ဂဇင်း၏ ၂၀၁၂ ခုနှစ် လူ ပုဂ္ဂိုလ် ၁၀ဝ စာရင်းတွင် ထည့်သွင်း ဖော်ပြမည်ဖြစ် ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်အား ဒုတိယဗိုလ်ချုပ်မှူးကြီး ခန့်အပ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးအဖြစ် ခန့်အပ် ကြောင်း မတ်လ ၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် သုံးနှုန်းဖော်ပြခဲ့သည်။

နိုင်ငံပိုင်သတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီနှင့် News Light of Myanmar သတင်းစာပါ “ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အကြိမ်(၂၀)မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ” သတင်း တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖြစ် သုံးနှုန်းဖော်ပြခဲ့ခြင်းဖြစ်သည်။

“ဒါဆို ဗိုလ်ချုပ်မှူးကြီးက ဘယ်သူလဲဗျ။ ဗိုလ်ချုပ်မှူးကြီးက ဦးသန်းရွှေပဲလား။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီး ရွှေသန်းရွှေ အနားယူတယ် ဆိုတာကို နိုင်ငံပိုင်သတင်းစာတွေမှာ တရားဝင်ဖော်ပြခြင်းမရှိဘူး။ နိုင်ငံရေးက အနားယူသွားတယ်လို့ ဦးရွှေမန်းတို့၊ ဦးဌေးဦးတို့၊ ဦးကျော်ဆန်းတို့က ပြောနေပေမယ့် တပ်မတော်က အနားယူသွားတယ်လို့တော့ ဘယ်သူမှ မပြောကြဘူးဗျ”ပာု မြန်မာ့နိုင်ငံရေးလေ့လာနေသူ တစ်ဦးက ဆိုသည်။
မျှ
“ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတော့ ဗိုလ်ချုပ်မှူးကြီး ရာထူးဆိုတာတော့ မရှိဘူး။ ဒီတော့ နိုင်ငံပိုင်သတင်းစာတွေရဲ့ မှားယွင်းမှုလို့ပဲ ယူဆပါ တယ်”ပာု မြန်မာ့စီးပွားရေးလေ့လာနေသူတစ်ဦးက ဆိုသည်။

သတင်း.... yangonchronicle

03 April 2012

မကြုံဖူးအောင် မသမာမှုတွေ မြင်ရတယ်လို့ NLD ပါတီ ပြောဆို



NLD ပါတီ အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်အားလုံး မဲ နိုင်သွားပေမဲ့ မြန်မာနိုင်ငံအနှံ့ နေရာ တော်တော်များများမှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး NLD ပါတီ အောင်နိုင်ရေး ကော်မတီ အတွင်းရေးမှူးက ပြည်ထောင်စုကော်မရှင်ကို မနေ့က နေ့စွဲနဲ့ စာရေးသား ကန့်ကွက်ထားပါတယ်။

အခု ရွေးကောက်ပွဲမှာ မကြုံဖူးအောင် မသမာမှုတွေ မြင်ရတယ်လိုNLD ပါတီ အောင်နိုင်ရေး ကော်မတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ မဲကတ်ပြားတွေမှာNLD အမှတ်တံဆိပ်နေရာမှာ ဖယောင်းတွေ သုတ်ထားတဲ့အပြင် အာဏာပိုင်တွေ ကိုယ်တိုင် မဲရုံထဲဝင်ပြီး မဲထည့်တဲ့ လူတွေကို နှောင့်ယှက်တယ်လို့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်NLD ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ကျေးရွာများဖြစ်ကြတဲ့ ညောင်ပင်သာ၊ ဆင်ရှင်၊ တနယ်၊ အလယ်ပုံ၊ ချောင်းနားကျေးရွာတို့အပြင် တခြားမဲဆန္ဒနယ်များ ဖြစ်ကြတဲ့ မော်လမြိုင်၊ မြန်အောင်၊ မကွေး၊ ကော့မှူး၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ ဒဂုန်ဆိပ်ကမ်း၊ တောင်တွင်းကြီးနဲ့ ကလော(အောင်ပန်း)မြို့တွေမှာ အလားတူဖြစ်ရပ်များ ဖြစ်ပွားနေကြောင်း NLD အောင်နိုင်ရေး အတွင်းရေးမှူးရဲ့ ပြည်ထောင်စု ကော်မရှင်ကို ကန့်ကွက်တဲ့စာမှာ ဖော်ပြပါရှိပါတယ်။

စစ်ကိုင်းမြို့မှာ ကြိုတင်မဲ ပြဿနာတွေ တက်သလို ကန့်ဘလူ၊ ရေဦးတန့်ဆည်၊ ကျွန်းလှ မဲဆန္ဒနယ် အမှတ် ၃ မှာလည်း မဲလက်မှတ်မှာ တံဆိပ်တုံးတွေ မပါတဲ့ မဲလက်မှတ်တွေ ရှိသလို မဲစာရင်းမှာ မပါတဲ့ မဲဆန္ဒရှင်တွေ အများအပြား ရှိနေပါတယ်။

ဧရာဝတီတိုင်း၊ မြောင်းမြ မြို့နယ် မဲကျော် ဥယျာဉ်ကုန်းရွာမှာ NLD ပါတီက မဲရုံကိုယ်စားလှယ်ကို ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေက ရန်လုပ်တာကြောင့် ထွက်ပြေးခဲ့ရပါတယ်။

ဒါ့အပြင် မရမ်းကုန်း ရပ်ကွက် အမှတ်(၃) မဲရုံမှာလည်း လုံခြုံရေး တာဝန်ယူထားသူ တစ်ယောက်က ဘယ်ဘက်လက်မှာ ကြံခိုင်ရေးတံဆိပ် ပတ်ထားပြီး လာသမျှလူတွေကို ဒီဟာကို မဲပေးရမယ်ဆိုပြီး ခိုင်းနေသလို၊ ကံ့ကော်မြိုင် ရပ်ကွက်မှာလည်းပဲ မဲရုံတာဝန်ကျတဲ့ ဆရာမတစ်ယောက်က လူတွေကို ဆွဲခေါ်သွားပြီး တစ်ယောက်ပြီး တစ်ယောက် မဲပေးခိုင်းနေတာ ရှိတယ်လို့ မဲရုံစောင့် တာဝန်ကျသူတွေက သတင်းပို့ ထားပါတယ်။

သတင်း..... RFA

အမှတ်ခြစ်လို့ မရအောင် ဖယောင်းသုတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ်ဦးဝင်းကို မေးမြန်း

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲများ၏ မဲဆန္ဒနယ် ၄၀ ၏ရလဒ်အရ အနိုင်ရရှိသူများ

ပြည်သူ့လွှတ်တော်
(၁) စစ်ကိုင်း - ဦးခင်မောင်သိန်း
(၂) ပုလဲမြို့နယ် - ဒေါ်ခင်စန်းလှိုင်
(၃) လောင်းလုံမြို့နယ် ဦးအောင်စိုး
(၄) တောင်ငူမြို့နယ် ဦးအောင်စိုးမြင့်
(၅) ထန်းတပင်မြို့နယ် ဦးစိန်ထွန်း
(၆) သနပ်ပင်မြို့နယ် ဦးမြင့်ဦး
(၇) လက်ပံတန်းမြို့နယ် ဦးကျော်မင်
(၈) မကွေးမြို့နယ် ဦးမြင့်သိန်း
(၉) ရေစကြိုမြို့နယ် ဒေါက်တာတင်ဌေးအောင်
(၁၀) မြိုင်မြို့နယ် ဦးမြင့်အောင်
(၁၁) ပခုက္ကူမြို့နယ် ဦးပိုက်ကို
(၁၂) ပွင့်ဖြူမြို့နယ် ဒေါက်တာအောင်မိုးညို
(၁၃) ဇမ္ဗူသီရိမြို့နယ် ဒေါ်စန္ဒာမင်း
(၁၄)ပုဗ္ဗသီရီမြို့နယ် ဦးဖြိုးဇေယျာသော်
(၁၅) ဒက္ခိဏသီရိမြို့နယ် ဦးနိုင်ငံလင်း
(၁၆)ဥတ္တရသီရီမြို့နယ် ဦးမင်းသူ
(၁၇)ကျောက်ပန်းတောင်း ဒေါက်တာဇော်မြင့်အောင်
(၁၈) နွားထိုးကြီးမြို့နယ် ဦးပေါခင်
(၁၉) မဟာအောင်မြေမြို့နယ် ဦးအုန်းကြိုင်
(၂၀) တံတားဦးမြို့နယ် ဒေါ်ခင်သန္တာ
(၂၁) မိတ္ထီလာမြို့နယ် ဦးဝင်းထိန်
(၂၂) ပြင်ဦးလွင်မြို့နယ် ဦးကျော်သီဟ
(၂၃) မော်လမြိုင်မြို့နယ် ဒေါ်ခင်ဌေးကြွယ်
(၂၄) ကော့မှူးမြို့နယ် ဒေါ်အောင်ဆန်းစုကြည်
(၂၅) သုံးခွမြို့နယ် ဒေါ်စုစုလွင်
(၂၆) ဒဂုံဆိပ်ကမ်းမြို့နယ် ဒေါက်တာမျိုးအောင်
(၂၇) မင်္ဂလာတောင်ညွန်မြို့နယ် ဒေါ်ဖြူဖြူသင်း
(၂၈) လှည်းကူးမြို့နယ် ဦးဖြိုးမင်းသိန်း
(၂၉) မရမ်းကုန်းမြို့နယ် ဒေါက်တာဒေါ်မေ၀င်းမြင့်
(၃၀) ကလောမြို့နယ် ဒေါက်တာဒေါ်သန်းငွေ
(၃၁) ပုသိမ်မြို့နယ် ဦးဝင်းမြင့်
(၃၂) မအူပင်မြို့နယ် ဦးစိန်ဝင်း (ခ) ဦးစိန်ဝင်းဟန်
(၃၃) မြောင်းမြမြို့နယ် ဦးမန်းဂျော်နီ
(၃၄) ၀ါးခယ်မမြို့နယ် ဒေါ်မြင့်မြင့်စန်း
(၃၅) မြန်အောင်မြို့နယ် ဦးကျော်မြင့်

အမျိုးသားလွှတ်တော်
(၃၆) ပဲခူးတိုင်း ဒေသကြီး အမှတ် (၇) ဦးမင်းဦး
(၃၇) မကွေးတိုင်းဒေသကြီး အမှတ် (၄) ဦးအောင်ကြည်ညွန့်
(၃၈) ဧရာဝတီတိုင်းဒေသကြီး အမှတ် (၁၀) ဦးသိန်းဆွေ

တိုင်းဒေသကြီးလွှတ်တော်
(၃၉) ပဲခူတိုင်းဒေသကြီး အမှတ် (၂) ဦးမျိုးခိုင်
(၄၀) ဧရာဝတီတိုင်းဒေသကြီ အမှတ်(၂) ဒေါက်တာလှမြတ်သွေး

02 April 2012

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၄၃နေရာမှာ အနိုင်ရရှိကြောင်း အတည်ပြုချက်ရယူနိုင်ပါပြီ.. လားရှိုးအမျိုးသားလွှတ်တော် မဲဆန္ဒနယ်တခုသာ မဲဆက်လက်ရေတွက်လျှက်ရှိကြောင်း သိရှိရ

(ဓာတ်ပုံ) ဒီမိုကောင်းကင်၊ ဒီမိုဝေယံ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၄၃နေရာမှာ အနိုင်ရရှိကြောင်း အတည်ပြုချက် ရယူနိုင်ပြီဖြစ်ကြောင်းနှင့် လားရှိုး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တခုသာ မဲဆက်လက် ရေတွက်လျှက်ရှိကြောင်း အဖွဲ့ချုပ်ရွေးကောက်ပွဲ အောင်နိုင်ရေးမန်နေဂျာ ဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်..။

အန်ကယ်တို့ ၄၃နေရာမှာ အနိုင်ရရှိတာကို အတည်ပြုချက် ရယူနိုင်ပါပြီ။ နောက်ဆုံးတခု လားရှိုး အမျိုးသားလွှတ်တော် တခုပဲ မဲဆက်လက် ရေတွက်နေပါတယ်..။ လက်ရှိအနေအထားမှာ ကျားဖြူပါတီနဲ့  အပြိုင်ရေတွက်နေပြီး အန်ကယ်တို့ NLDက မဲအသာရရှိနေပါတယ်...။ မကြာခင် ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ်ရုံးမှာ စကားပြောဖို့ ရောက်ရှိလာပါမယ်..။ အဖွဲ့ချုပ်ရုံးရှေ့မှာ ပရိသတ်တွေနဲ့အတူ သတင်းထောက်တွေလည်း အတော်များများ ရောက်ရှိနေပါတယ်လို့ ပြောဆိုသွားပါတယ်..။ (ရန်ကုန် မနက်၉နာရီခွဲ အချိန် ဆက်သွယ်မေးမြန်းချက်) ဖြစ်ပါတယ်..။

ဒီနေ့မနက် ၈နာရီက ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ရောက်ယှဉ်ပြိုင်သည့် ရန်ကုန်တိုင်း ၆နေရာစလုံးမှာ အနိုင်ရရှိကြောင်းကို ကြေငြာချက် ထုတ်ပြန်ပေးပါတယ်...။

၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မဲဆန္ဒနယ် (၄၈)နေရာ ပြုလုပ်ရန် စီစဉ်ထားပြီးမှ ကချင်ပြည်နယ်အတွင်း (၃)နေရာမှာ နယ်မြေ လုံခြုံရေးဟူသော အကြောင်းပြချက်ဖြင့်  မဲဆန္ဒနယ် (၄၅)နေရာမှာသာ ကျင်းပပြုလုပ်ခဲ့ပါတယ်..။ စစ်ကိုင်းတိုင်း မဲဆန္ဒနယ်အမှတ်(၇) (ဗန်းမောက်-ကောလင်း- ၀န်းသို- ပင်လယ်ဘူး) အမျိုးသား လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစောလှိုင်အား နိုင်ငံသားဥပဒေနှင့် မကိုက်ညီဟုဆိုကာ ပယ်ချခံခဲ့ရပြီး ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့တဲ့အတွက်ကြောင့် ၄၄နေရာသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်..။
သတင်း ဒီမိုဝေယံ

NLD ၏အတည်ပြုပြီး အနိုင်ရမြို့နယ်စာရင်း

NLD ၏အတည်ပြုပြီး အနိုင်ရမြို့နယ်စာရင်း


၁။ ၀ါးခယ်မ ဧရာဝတီတိုင်း
၂။ မြန်အောင် ဧရာဝတီတိုင်း
၃။ မအူပင် ဧရာဝတီတိုင်း
၎။မြောင်းမြ ဧရာဝတီတိုင်း
၅။ဖျာပုံ၊ဒေးဒရဲ(အမျိုးသားလွှတ်တော်) ဧရာဝတီတိုင်း
၆။ ရေကြည် ဧရာဝတီတိုင်း
၇။ ပခုက္ကူ မကွေးတိုင်း
၈။ ရေစကြို မကွေးတိုင်း
၉။ မကွေး မကွေးတိုင်း
၁၀ ။ မြိုင် မကွေးတိုင်း
၁၁။ ပွင့်ဖြူ မကွေးတိုင်း
၁၂။ ကျောက်ပန်းတောင်း မန္တလေးတိုင်း
၁၃။ တံတားဦး မန္တလေးတိုင်း
၁၄။ ပြင်ဦးလွင် မန္တလေးတိုင်း
၁၅။ မဟာအောင်မြေ မန္တလေးတိုင်း
၁၆။ မိထ္တီလာ မန္တလေးတိုင်း
၁၇။ ဒက္ခိဏသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၈။ ဥတ္တရသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၉။ တောင်ငူ ပဲခူးတိုင်း
၂၀။ ထန်းတပင် ပဲခူးတိုင်း
၂၁။ လက်ပံတန်း ပဲခူးတိုင်း
၂၂။ က၀ ပဲခူးတိုင်း
၂၃။ ကော့မှူး ရန်ကုန်တိုင်း
၂၄။ ဒဂုံဆိပ်ကမ်း ရန်ကုန်တိုင်း
၂၅။ လှည်းကူး ရန်ကုန်တိုင်း
၂၆။ မရမ်းကုန်း ရန်ကုန်တိုင်း
၂၇။ မင်္ဂလာတောင်ညွန့် ရန်ကုန်တိုင်း
၂၈။ စစ်ကိုင်း စစ်ကိုင်းတိုင်း
၂၉။ ပုလဲ စစ်ကိုင်းတိုင်း
၃၀။ မင်းကင်း စစ်ကိုင်းတိုင်း
၃၁။ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် စစ်ကိုင်းတိုင်း
(အမျိုးသားလွှတ်တော်)
၃၂။ ကျွန်းစု တနင်္သာရီတိုင်း
၃၃။ လောင်းလုံ တနင်္သာရီတိုင်း
၃၄။ ပုသိမ် ဧရာဝတီတိုင်း
၃၅။ တောင်တွင်းကြီး မကွေးတိုင်း
၃၆။ နွားထိုးကြီး မန္တလေးတိုင်း
၃၇။ ပုဗ္ဗသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၈။ ဇဗ္ဗူသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၉။ မော်လမြိုင် မွန်ပြည်နယ်
၄၀။ သုံးခွ ရန်ကုန်တိုင်း
၄၁။ လားရှိုး ရှမ်းပြည်နယ်

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနေ့ ယှဉ်ပြိုင်ရာ ၄၄ နေရာလုံး NLD နိုင်ပြီဟုဆို

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ မဲဆန္ဒနယ် ၄၄ နေရာလုံးတွင် အနိုင်ရရှိသွားကြောင်း NLD ရုံးချုပ်မှ သိရသည်။

၄၄ နေရာအနက် ၃၈ နေရာမှာ မဲရေတွက်ပြီးဖြစ်ကာ ကျန် ၆ နေရာတွင် မဲရေတွက်ဆဲဖြစ်သော်လည်း NLD ကိုယ်စားလှယ်လောင်းများက ပြိုင်ဘက်များအား မဲအရေအတွက် အများအပြား အသာဖြင့် ဦးဆောင်ပြီး
သေချာနေသည့်အတွက် ၎င်းတို့ အနိုင်ရရှိပြီးဖြစ်ကြောင်း ရုံးချုပ်သို့ ဖုန်းဖြင့် သတင်းပို့လာသဖြင့် ယခုကဲ့သို့ ယှဉ်ပြိုင်နေရာအားလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။


တနင်္လာနေ့ နံက်နက်တွင် မဲအနိုင်ရရှိမှု အသေးစိတ်စာရင်းကို NLD မှ ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။

သတင်း.... (မဇ္ဈိမ)

တံတားဦး မြို့နယ် NLD ပါတီ မှ ဒေါ်ခင်သန္တာ အနိုင် ရရှိ

မအူပင် မြို့နယ် NLD ပါတီမှအနိုင်ရရှိ

မြန်အောင်မြို့နယ် NLD ပါတီ မှ ဦးကျော်မြင့် အနိုင်ရရှိ

ဘိတ်ကျွှန်းစု မြို့နယ် NLD ပါတီမှ ဒေါ်တင်တင်ရီ အနိုင်ရရှိ

ပုသိမ်မြို့နယ် NLD ပါတီမှ ဦးဝင်းမြင့် အနိုင်ရရှိ

မဲဆန္ဒနယ်အမှတ်(၇)၊ ပဲခူးတိုင်းဒေသကြီိး NLDပါတီမှ ဦးမင်းဦး(ခ)ဦးမင်းကြည် အနိုင်ရရှိ

မင်းကင်းမြို့နယ် NLD ပါတီမှ ဒေါ်ခင်မွှေးလွင် အနိုင်ရရှိ

လက်ပံတန်းမြို့နယ် NLD ပါတီမှ ဦးကျော်မင်း အနိုင်ရရှိ

ကလောမြို့နယ် NLD ပါတီမှ ဒေါက်တာသန်းငွေ အနိုင်ရရှိ

သနပ်ပင် မြို့နယ် NLD ပါတီမှ ဦးမြင့်ဦး အနိုင်ရရှိ

မဟာအောင်မြေ မန္တလေးမြိုနယ် NLD ပါတီမှ ဦးအုန်းကြိုင် အနိုင်ရရှိ

ဒေါ်အောင်ဆန်းစုကြည် ပန်ကြားချက် ထုတ်ပြန်

တောင်ငူမြို့နယ် NLD ပါတီမှ ဦးအောင်စိုးမြင့် အနိုင်ရရှိ

မိတ္တီလာ မြို့နယ် NLD ပါတီ မှ ဦးဝင်းထိန် အနိုင်ရရှိ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ယနေ့ထုတ်ပြန်ကြေငြာတဲ့ ဆန္ဒမဲလက်မှတ် ဖျက်ဆီးခြင်းကိစ္စ...

သုံးခွမြို့နယ် NLD ပါတီမှ ဒေါ်စုစုလွင် အနိုင် ရရှိ

နေပြည်တော် ဒက္ဒိဏသိရိ မြို့နယ် NLD ပါတီ မှ ဦးနိုင်ငံလင်း အနိုင်ရပြီ

နေပြည်တော် ဥတ္တရသီရိမြို့နယ် NLD ပါတီမှ ဦးမင်းသူ(ခ)ကိုဦး အနိုင်ရရှိ

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် NLD ပါတီမှ ဦးဇေယျာသော် အနိုင်ရရှိ

နေပြည်တော် ဇမ္မူသိရိမြို့နယ် NLD ပါတီမှ မစန္ဒာမင်း အနိုင်ရရှိ

ကော့မှူးမြို့နယ် NLD ပါတီမှ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိ

ယနေ့ညနေ အဖွဲ့ချုပ်ရုံးရှေ့ အောင်ပွဲခံနေတဲ့ ခွပ်ဒေါင်းမြင်ကွင်းများ...

ဓာတ်ပုံ Reuters

မြောင်းမြမြို့နယ် NLD ပါတီမှ ဦးမန်းဂျော်နီ အနိုင်ရရှိ