28 June 2012

၂၀၀၄ခုနှစ်က ပေးအပ်ခဲ့တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ဂုဏ်ထူးဆောင် မြို့သားဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ..

 မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၄ခုနှစ်က ပေးအပ်ခဲ့တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ဂုဏ်ထူးဆောင် မြို့သားဆု အား ဇွန်လ(၂၇)ရက်နေ့က ပဲရစ်မြို့တော်ခန်းမှာ ပဲရစ်မြို့တော်ဝန် Bertrand Delanoeမှ အခမ်းအနားနဲ့ ပေးအပ်ခဲ့ပါတယ်..။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ဂုဏ်ထူးဆောင် မြို့သားဆုရှင် မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက်လာတဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့သားကြီးတဦးရဲ့ အမှတ်တရ လက်ဆောင်အား လက်ခံရယူပြီး နှုတ်ဆက်နေစဉ်...
ပြည်တွင်းသာမက ပြည်ပမှာပါ.. လူကြီး၊ လူငယ်၊ သက်ကြီးရွယ်အိုမကျန် လေးစားချစ်ခင်ကြတာပါ။ ဓာတ်ပုံ AP,Getty Images

27 June 2012

ပြင်သစ်နိုင်ငံရဲ့ အစိုးရဧည့်သည်တော် အဖြစ်ရောက်ရှိနေတဲ့ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ Francois Hollandeမှ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်..

ပြင်သစ်သမ္မတ Francois Hollande ရဲ့ အထူးဧည့်သည်တော် မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..။ အပြိုင်အဆိုင် ခမ်းခမ်းနားနားကို ကြိုဆိုကြတာပါ..။
ဇွန်လ(၂၆)ရက်နေ့က ပြင်သစ်နိုင်ငံမှာ အစိုးရဧည့်သည်တော် အဖြစ်ရောက်ရှိနေတဲ့ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ Francois Hollandeမှ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်..။ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့မနက်ပိုင်းက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ Eurostar အမြန်ရထားဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့ကို ရောက်ရှိလာခဲ့ပါတယ်..။
ဓာတ်ပုံ၊ AP,Reuters

ယနေ့ ပြင်သစ်နိုင်ငံအစိုးရ ဧည့်သည်တော်အဖြစ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့  Gare du Nord မီးရထားဘူတာရုံသို့ ရောက်ရှိလာတဲ့ မြန်မာပြည်သူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ် ဖွံဖြိုးရေးဝန်ကြီး Pascal Canfinမှ လာရောက်ကြိုဆိုစဉ်..

ပြင်သစ်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ Eurostar အမြန်ရထားဖြင့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ Gare du Nord မီးရထားဘူတာရုံသို့ ရောက်ရှိလာတဲ့ မြန်မာပြည်သူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ် ဖွံဖြိုးရေးဝန်ကြီး Pascal Canfinမှ လာရောက်ကြိုဆိုစဉ်..

26 June 2012

မြန်မာနိုင်ငံကနေ လှေနဲ့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ၅ ရာလောက် ထိုင်းနိုင်ငံ Trang ခရိုင်ဘက်ကို ဦးတည်လာနေ

မြန်မာနိုင်ငံကနေ လှေနဲ့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ၅ ရာလောက် ထိုင်းနိုင်ငံ Trang ခရိုင်ဘက်ကို ဦးတည်လာနေတဲ့ သတင်း ရရှိထားတဲ့အတွက် လုံခြုံရေး တပ်ဖွဲ့တွေ ချထားတယ်လို့ ထိုင်းသတင်းဌာန TNA က ဒီကနေ့ ရေးသားပါတယ်။ ထိုင်း ထောက်လှမ်းရေး သတင်းရပ်ကွက်က ဒေသခံ အာဏာပိုင်တွေကို အခုလို သတိပေးထားတာပါ။ 

 ထိုင်းနိုင်ငံ Trang ခရိုင်ဟာ ထိုင်းပင်လယ်ကွေ့နဲ့ မုတ္တမ ပင်လယ်ကွေ့ အဝနားမှာ ကပ်လျက်ရှိတဲ့ ခရိုင်ဖြစ်ပြီး ရခိုင်ပြည်နယ်ဘက်ကနေ လှေစီး ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ဆိုက်ရောက်လေ့ရှိတဲ့ ဒေသလို့ သိရပါတယ်။ တကယ်လို့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ရောက်လာရင် ဒေသတွင်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ နိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေက လက်ခံ ကူညီထားမှာကို စိုးရိမ်တဲ့အတွက် ထိုင်းလုံခြုံရေး တပ်တွေနဲ့ ဒေသခံ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ပူးတွဲ ကင်းလှည့်နေကြတယ်လို့ ဆိုပါတယ်။

 လောလောဆယ် ဒီကနေ့အထိ သံသယဖြစ်စရာ လှေတွေ ဆိုက်ရောက်တာ မတွေ့ရသေးပေမယ့် တကယ်လို့ ရောက်လာခဲ့ရင် ပင်လယ်ပြင်ဘက်ကို ပြန်ပြီး နှင်ထုတ်မှာ ဖြစ်တယ်လို့ ထိုင်းသတင်းဌာန TNA က ရေးသားထား ပါတယ်။ 

သတင်း.. RFA

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက သူ့ မဲဆန္ဒနယ်ထဲက ချို့တဲ့တဲ့ မူလတန်းကလေး အယောက် ၁ ထောင့် ၇ ရာအတွက် ကျောင်းသုံးပစ္စည်း တွေ လှူဒါန်းဖို့ စီစဉ်

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက သူ့ မဲဆန္ဒနယ်ထဲက ချို့တဲ့တဲ့ မူလတန်းကလေး အယောက် ၁ ထောင့် ၇ ရာအတွက် ကျောင်းသုံးပစ္စည်း
တွေ လှူဒါန်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မင်္ဂလာတောင်ညွန့် မြို့နယ် ထဲက အချို့တဲ့ဆုံး ရပ်ကွက် (၈) ခုက ကလေးသူငယ် တွေကို ထောက်ပံ့သွားမယ်လို့ ဒေါ်ဖြူဖြူသင်းကပြောပါတယ်။
ဒေါ်ဖြူဖြူသင်းဟာ သူရရှိမယ့် လွှတ်တော်အမတ် လစာငွေ ကျပ်ငွေ ၃ သိန်းကိုလည်း အခု ထောက်ပံ့မယ့် ရန်ပုံငွေထဲမှာ ထည့်ဝင်သွားမယ်လို့ သိရပါတယ်။

ထောက်ပံ့ပေးမယ့် အထဲမှာ ပုသိမ်ညွန့်၊ ကူးတို့ဆိပ်၊ ဆားစက်ဝင်း စတဲ့ ရပ်ကွက်တွေက ကလေးတွေ ပါဝင်မှာ ဖြစ်ပြီး စုစုပေါင်း ၂၃ သိန်းဖိုးလောက် ထောက်ပံ့နိုင်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်ဖြူဖြူသင်း ကပြောပါတယ်။

 သတင်း.. RFA

ရွှေပြည်သာ NLD ၏ ရပ်/ကျေး ရုံးဖွင့်ပွဲ ဆန္ဒပြကန့်ကွက်ခံရ


၂၀၁၂ ဇွန်လ ၂၃ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအင်အားစု(NLD)ပါတီ၏ ရွှေပြည်သာမြို့နယ်၊ ထ/၁၆ ရပ်ကွက်၊ အောင်တေဇလမ်း၊ ဦးကျော်ထွန်းဦးနေအိမ်တွင် ပြုလုပ်ကျင်းပခဲ့သည့် NLD ရပ်/ကျေးရုံးဖွင့်လှစ်ပွဲကို NLD ပါတီဝင်အချို့က ဆန္ဒပြကန့်ကွက် ခဲ့ကြောင်း NLD ပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ဒီကိစ္စမှာ NLD ပါတီပာာ ပြည်သူတွေရဲ့ဆန္ဒ၊ ပါတီဝင်တွေရဲ့ ဆန္ဒမပါဘဲ ရွှေပြည်သာမြို့နယ်မှာ NLD ပါတီရဲ့ ရပ်/ကျေးရုံးဖွင့်လို့ ဆန္ဒပြကန့် ကွက်ခဲ့တာပါ။ အခု ဒီရုံးဖွင့်သွားတာက ဗပာိုဦးစီးစနစ်ကို ကျင့်သုံးသွားတဲ့ပုံစံမျိုးပါ။ သူတို့ရဲ့လုပ်ရပ်တွေကြောင့် အန်တီစုရဲ့ ဂုဏ်သိက္ခာပိုင်းကို ထိခိုက် နိုင်တဲ့အတွက် ခုလို ဆန္ဒပြကန့်ကွက်ရတာပါ။ ကျွန်တော်လည်း NLD ပါတီဝင်တစ်ဦးပါပဲ။ NLD ပါတီရဲ့ မူဝါဒပိုင်းတွေ၊ စေတနာတွေကို ယုံလည်း ယုံကြည်ပါတယ်။ လက်လည်းခံပါတယ်။ ဒါပေမယ့် NLD ကလူတစ်ချို့ကိုတော့ ကျွန်တော်မုန်းနေပြီ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာ့အရေးလေ့လာနေသူတစ်ဦးက “ဒီမိုကရစီ၊ ဒီမိုကရေစီလို့ ခနခနပြောပြီး NLD ပါတီအနေနဲ့ ဒီလိုမျိုး ဒီမိုကရေစီ မကျတဲ့ နည်းလမ်းတွေကို အသုံးမပြုသင့်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ခု ဘယ်သူ့ကို ယုံကြည်ရကောင်းမှန်း မသိတော့ဘူး။ ပြည်သူတွေက ယုံကြည်လို့ ဇက်ပေါ်ကဓားကို မမှုပဲ တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကော တကယ်ဒီမိုကရေစီကျလားဆိုတာ မေးစရာဖြစ်လာပါပြီ”ပာု ဆိုသည်။

အမျိုးသားဒီမိုကရစီအင်အားစု NLD ပါတီသည် ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင်ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လစ်လပ်မဲဆန္ဒနယ် (၄၅) နေရာအနက် (၄၃)နေရာတွင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့ပြီး လွှတ်တော်တွင်းဒုတိယအမတ်အများဆုံး ပါတီတစ်ခု အဖြစ် ရပ်တည်လျက်ရှိသည်။ 

သတင်း... မြန်မာပို့စ်

လယ်သမားအရေးဆောင်ရွက်သူ ဦးခင်ဇော်နှင့် လယ်သမားသုံးဦး အာမခံမရ


မြန်မာနိုင်ငံအတွင်းရှိ လယ်သမားများ၏ ဘဝကို စာနာထောက်ထားသောအားဖြင့် လယ်သမားအရေး လိုက်ပါ ကူညီဆောင်ရွက်ခဲ့ကြသည့် အတွက် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ(၆/၁)ဖြင့် တရားစွဲဆိုဖမ်းဆီးခြင်းခံခဲ့ရသည့် ဦးခင်ဇော်နှင့် လယ်သမားသုံးဦး အာမခံ ရရှိခြင်း မရှိကြောင်း တောင်သူတစ်ဦးက ဆိုသည်။
“ပြည်သူပိုင်ပစ္စည်း စောင့်ရှောက်ရေးဥပဒေနဲ့ဆိုပြီး ဦးခင်ဇော်နဲ့ လယ်သမားတွေကို ဖမ်းဆီးထားပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ဖြူးရဲစခန်း က ဦးခင်ဇော်အမှုကို ပုဒ်မ ၄၄၇ နဲ့ပလပ်လိုက်ပေမယ့် ဦးခင်ဇော်နဲ့ လယ်သမား ၃ ဦးကို အာမခံမပေးဘဲ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။
တောင်သူလယ်သမာများက ဖြူးမြို့နယ်အတွင်းရှိ လယ်မြေအတွင်း ကျွန်းပင်ပေါက်များ စိုက်ပျိုးထားကာ ကျွန်းစိုက်ခင်းပာု ဆိုင်းဘုတ်ထောင် ထားသည့်အတွက် လယ်သမားအရေးဆောင်ရွက်နေသူ ဦးခင်ဇော်အား အကူအညီတောင်းခံခဲ့ရာ ပြီးခဲ့သည့် မေလ ၂ ရက်နေ့တွင် လယ်သမားများမှ ဖြူးမြို့နယ်အတွင်းရှိ လယ်မြေများသည် တောင်သူများပိုင်ဆိုင်ကြောင်း ဘုတ်ဆိုင်းထူခဲ့သည့်အတွက် ၁၁၅ မိုင် ယာဉ်ရပ်နားစခန်း အုပ်ချုပ်ရေးမှူးက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၆/၁)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
“တောင်သူတွေရဲ့ လယ်မြေတွေအပေါ်မှာ လယ်ပဲစိုက်ရတော့မှာပေါ့။ ဘာဖြစ်လို့ ကျွန်းပင်တွေ လာစိုက်ရမှာလဲ။ ဒီကိစ္စအပေါ်မှာ မခံမရပ်နိုင် လို့ တောင်သူဘက်က ကူညီဆောင်ရွက်ပေးတဲ့သူတွေကိုပါ အရေးယူတယ်ဆိုတော့ တောင်သူအတွက် အားကိုးရာမဲ့နေပြီပေါ့”ပာု ဖြူးမြို့နယ်အတွင်းမှ တောင်သူတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း လယ်ယာပိုင်ဆိုင်မှုပြဿနာ အများအပြားဖြစ်ပေါ်လျက်ရှိပြီး တောင်သူများမှာလည်း စပါးဈေးကျဆင်းမှု များ၊ လယ်ယာမြေလုပ်သားရှားပါးမှုများနှင့် စိုက်စရိတ်ချေးငွေအပြည့်အဝ မရမှုများကြောင့် အခက်အခဲ၊ အကြပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရသည်။
သတင်း... Newday News

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပြီးတွင် ဗြိတိသျှကုန်သွယ်ရေးမစ်ရှင် မြန်မာနိုင်ငံသို့လာမည်


(Business Daily မှ 22 June 2012 ရက်စွဲပါ "Burma trade mission follows Suu Kyi visit" ကို YC မှဘာသာပြန်ဆိုသည်။)
ဗြိတိန်နိုင်ငံ UKTI စီးပွားရေးသံတမန်များ အုပ်စု၏ ဥက္ကဌ လောဒ့်မာလန်သည် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ နောက်လတွင် သွားရောက်မည်ဟု သိရှိရသည်။
ပြီးခဲ့သောဧပြီလတွင် EU Sanctions အချို့ တစ်စိတ်တစ်ပိုင်းရုတ်သိမ်း၍ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံကုန်သွယ်မှု တားမြစ်ထားသည့် ဗြိတိန်၏ ယခင်မူဝါဒကို ရုတ်သိမ်းပေးပြီးနောက်ပိုင်း ပထမဆုံးသွားရောက်မည့် ဗြိတိသျှကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ ဖြစ်သောကြောင့် လော့ဒ်မာလန်၊ UKTI CEO နစ်စ်ဘိုင်းတို့နှင့်အတူ ဗြိတိသျှကုမ္ပဏီများ လိုက်ပါရန် စီစဉ်နေကြသည်။
ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး လော့ဒ်ဂရင်းက "UK စီးပွားရေးလုပ်ငန်းတွေဟာ လူမှုဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိမှု၊ တာဝန်သိမှုကို အားပေးမြှင့်တင်တဲ့နေရာမှာ အကောင်းဆုံးတာဝန်ယူ ဆောင်ရွက်တက်တယ်ဆိုတာကို ကုန်သွယ်ရေးမစ်ရှင်မှာပါဝင်တဲ့ ကုမ္ပဏီ တွေက ပြသကြ ပါလိမ့်မယ်"ဟု ပြောကြားသည်။
"အထူးသဖြင့် မှန်ကန်တိကျတဲ့ ပြည်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲမှုနဲ့ ပွင့်လင်းမြင်သာရှိမှုကို တိုးတက်လာစေဖို့အတွက် ယူကေနိုင်ငံဟာ မြန်မာအစိုးရနဲ့ အတူ အားသွန်ခွန်စိုက် ကြိုးပမ်းသွားမှာဖြစ်ပါတယ်"ပာု လော့ဒ်ဂရင်းက ပြောကြားသည်။
မြန်မာနိုင်ငံသည် ကြီးထွားဖွံ့ဖြိုးမည့်အလားအလာများ၊ ကြွယ်ဝသောသယံဇာတများနှင့် ပျိုမြစ်သော လုပ်သားအင်အားစုတို့ဖြင့် ပြည့်စုံသော နိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံမှ အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လတ်တလော ဗြိတိန်နိုင်ငံသို့ ရောက်ရှိကာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများ၏ အရေးကြီးပုံကို ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်တွင် ယခု ဗြိတိသျှကုန်သွယ်ရေး မစ်ရှင်အဖွဲ့သွားရောက်မည့် အစီအစဉ် ထွက်ပေး လာခြင်း ဖြစ်သည်။

25 June 2012

နေပြည်တော်ခရိုင်မှာရှိတဲ့ ကျောင်းသူကျောင်းသားတွေ ဘာသာရပ်ဆိုင်ရာရွေးချယ်ခွင့်ပိတ်ပင်ခံထားရ

မန္တလေးအဝေးသင် တက္ကသိုလ် ကျောက်ဆည်ဌာနခွဲကနေ နေပြည်တော်ခရိုင်အတွင်း တက္ကသိုလ်ဝင်တန်းအောင်မြင် တဲ့ကျောင်းသူကျောင်းသားတွေကို သိပ္ပံဘာသာရပ်တွေကို ရွေးချယ်ခွင့် မပေးပဲကန့်သတ်ထားတယ်လို့ မနေ့ကရက်စွဲနဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နေပြည်တော်ခရိုင်)က သတင်းထုတ်ပြန်ထားပါတယ်။ 

 ဒါကြောင့် ကျောင်းသူကျောင်းသားတွေအနေနဲ့ ပညာရပ်ဆိုင်လေ့လာ မှုတွေမှာ အခက်အခဲတွေအများကြီးရင်ဆိုင်ကြရတယ်လို့ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီရဲ့ အတွင်းရေးမှုး မဖြိုးဖြိုးအောင် က ပြောပြပါတယ်။ သိပ္ပံတွဲနဲ့ ဆယ်တန်းစာမေး ပွဲအောင်လာတဲ့ ကျောင်းသူကျောင်းသားတွေ အတွက် အခုလို အကန့်အသတ်တွေကြောင့် သူတို့ မသင်ကြားခဲ့ရတဲ့ ပထ၀ီ၊ သမိုင်းစတဲ့ဝိဇ္ဇာဘာသာရပ်တွေကို အဝေးသင်တက္ကသိုလ်ရောက်မှ မဖြစ်မနေယူပြီးသင်ကြားနေကြရပါတယ်။ သိပ္ပံဘာသာရပ်တွေရွေးချယ်ယူခွင့် ပိတ်ပင်ခံထားရ တဲ့ ကျောင်းသူကျောင်းသားတွေ ဟာ နေပြည်တော်ခရိုင်အတွင်း ပျဉ်းမနား၊ လယ်ဝေး (အေလာ)၊ တပ်ကုန်း၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ ဒက္ခိဏသီရိစတဲ့နယ်မြေတွေ မှာ နေထိုင်နေကြသူတွေ ဖြစ်တယ်လို့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။ 

 သတင်း... RFA

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေ ပိုင်ဆိုင်ခွင့်အမှု ဆုံးဖြတ်ချက်

(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေ ပိုင်ဆိုင်ခွင့်အမှု ဆုံးဖြတ်ချက်ဟာ ဥပဒေအရ အမွေဆက်ခံခွင့် ရှိပေမယ့် ဦးအောင်ဆန်းဦးဟာ နိုင်ငံခြားသား ဖြစ်နေတဲ့ အတွက်ကြောင့် ဥပဒေအရ တကယ်တန်း လက်တွေ့ အကောင်အထည် ဖော်လို့မရဟု ရှေ့နေကြီး ဦးဥာဏ်ဝင်းပြောဆို)

အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးမှ ၂၀၀၀ခုနှစ်က ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းရှိ ခြံအမှတ် ၅၄အား နေအိမ်အေ...မွပိုင်ဆိုင်ခွင့် ရယူလိုမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်..။

အဆိုပါအမှုအား ပြီးခဲ့တဲ့ ဇွန်လ(၂၂)ရက်နေ့ သောကြာနေ့ကရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ နေအိမ်ဟာ ဗိုလ်ချုပ်နှင့်ဒေါ်ခင်ကြည်တို့၏ သားနှင့် သမီးများဖြစ်ကြ၍ တဝက်စီခွဲဝေ ယူစေဟု အမိန့်ချမှတ်လိုက်ပါတယ်..။ အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါဆောင်ရွက်သူ အဖွဲ့ချုပ် ရှေ့နေကြီး ဦးဥာဏ်ဝင်းမှ အောက်ပါအတိုင်း ပြောဆိုခဲ့ပါတယ်..။

" အန်ကယ် တခုပြောချင်တာက ဒီအမှုစီရင် ဆုံးဖြတ်ချက်ဟာ မပြည့်စုံဘူးလို့ ဆိုချင်ပါတယ်..။ ဥပဒေအကြောင်းအရ ပြောရင် ရှည်နေမှာစိုးလို့ အတိုချုပ်ပြောရရင် ဥပဒေအရ အမွေဆက်ခံခွင့် ဆိုတာရှိတယ်..။ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း ဥပမာ အိမ်တို့ မြေတို့ဆိုတာ နိုင်ငံခြားသားက ပိုင်ဆိုင်ခွင့် မရှိစေရဆိုတာ ဥပဒေမှာ အတိအလင်း ဖော်ပြထားပြီးသားဖြစ်တယ်။ ဒါကြောင့် တရားရုံးက ဆုံးဖြတ်ချက် ချပေမယ့် တကယ်တန်းမှာ ဒါဟာ အကောင်အထည်ဖော်လို့ မရပါဘူး.။ ဒါကြောင့်ယခုဆုံးဖြတ်ချက်ဟာ တရားတာ မတရားတာထက် ဥပဒေအရ မပြည့်စုံဘူးလို့ ပြောလို့ရတယ်..။ အန်ကယ်တို့ ဆက်ပြီး အယူခံဝင်မှာပါဟု ပြောဆိုသွားပါတယ်..။"

အဖွဲ့ချုပ် အတွင်းရေးမှူးလည်းဖြစ် ရွေးကောက်ပွဲ အောင်နိုင်ရေး မာန်နေဂျာလည်း ဖြစ်တဲ့ ရှေ့နေကြီးဦဥာဏ်ဝင်းအား ရွေးကောက်ပွဲ ကော်မရှင်မှ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲစာရွက်များမှာ ဖယောင်းသုတ်ထားတယ်ဆိုပြီး မမှန်သတင်း ပေးခဲ့တယ်ဆိုတဲ စွပ်စွဲချက်နဲ့ လာမယ့် ၂၆ရက်နေ့မှာ နေပြည်တော်မှာ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်..။ အဆိုပါအမှုဟာ အနည်းဆုံး ထောင်ဒဏ်(၆)လနဲ့ ငွေဒဏ် ၁ထောင်ကျပ်အထိ အမိန့်ချမှတ်နိုင်တယ်လို့ ဆိုပါတယ်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ် အတွင်း ယင်းကဲ့သို့ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဥာဏ်ဝင်းအား တရားစွဲဆိုမှု၊ ဦးအောင်ဆန်းဦးရဲ့ နေအိမ်ပိုင်ဆိုင်ခွင့် အမှုအား တဝက်စီ ခွဲဝေယူရန် တရားစီရင် ဆုံးဖြတ်မှုများဟာ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာပါတယ်။ ဒါဟာတိုက်ဆိုင်မှု မဟုတ်ပဲ တမင်ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင် နေသလားဆိုတာ စဉ်းစားစရာ ဖြစ်နေပြီး ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်များအတွက် အဟန့်အတားဖြစ်စေကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း စိတ်အနှောင့်အယှက် ဖြစ်အောင် တမင် လုပ်ဆောင်နေသလားဆိုတာ သံသယဖြစ်မိကြောင်း သုံးသပ်သူများမှ ဆိုပါတယ်..။

ဒီမိုဝေယံ

ရသေ့တောင်မြို့နယ်တွင်း အကြမ်းဖက်မှုကြောင့် လူ ၂၂ဦးအား မသင်္ကာမှုဖြင့် ဖမ်းဆီးထားကြောင်း သိရ


ဇွန်လ ၁၉ ရက်နေ့၌ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်တိုင်းရင်းသား ၁၀ ဦး အကြမ်းဖက် သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာများမှ တရားခံများဟု မသင်္ကာမှုဖြင့် ၂၂ဦးတို့အား ဖမ်းဆီးထားကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သည့် ဒေသခံလူကြီးတစ် ဦး၏ ပြောပြချက်အရ သိရှိရသည်။
"အခုလောလောဆယ်တော့ ၂၂ယောက်ကို မသင်္ကာမှုနဲ့ ဖမ်းထားတယ်။ ပြီးတော့ နောက်ထပ် လူ ၃၀ ကိုလည်း စစ်ဆေးနေတယ်လို့ သိရ တယ်။ အသတ်ခံရလို့ သေသွားကြတဲ့ လူတွေရဲ့ ရုပ်အလောင်းတွေကို မြေမြှပ်ထားတယ်။ ပထမ ဖြစ်ဖြစ်ပြီးချက်ချင်း အသတ်ခံရသူတွေရဲ့ ရုပ်အလောင်း ကိုသွားတောင်တာ ၁၀ လောင်းမှာ တစ်လောင်းပဲ ပြန် ရတယ်။ အခုတော့ အားလုံးနီးပါး ပြန်ရပါပြီ။ တစ်ချို့အလောင်းတွေဆို မီးပါရှို့ခံထားရတယ်"ဟု ၎င်းက ဆိုသည်။
အဆိုပါ လူ ၁၀ ဦးအကြမ်းဖက်အသတ်ခံရခြင်းသည် ရသေ့တောင်မြို့နယ်ရှိ အောက်ငယ်ကျေးရွာအား ဘင်္ဂါလီများမှ ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် လူနေအိမ်များအား မီးရှို့မှုများ ပြုလုပ်ကြသောကြောင့် ရခိုင်တိုင်းရင်းသားများက မကျေနပ်၍ ပြန်လည်တိုက်ခိုက်ကြရာမှ စတင်ဖြစ်ပွား ခဲ့ပြီး ယင်းသို့ဖြစ်ပွားရာ၌ ဘင်္ဂါလီများ၏ လူဦးရေသည် ၄၀၀ နီးပါးခန့်ရှိကြောင်း သိရပြီး သေဆုံးခဲ့ကြသည့် ရုပ်အလောင်းများအား ဆရာဝန်များမှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ဆက်လက်ပြောပြချက်အရ သိရှိရသည်။
ထို့ပြင် ဇွန်လတွင်း ပြီးခဲ့သည့်အပတ်ထဲ၌ မြန်မာပြည်တောင်ပိုင်းရှိ ရေးမြို့နယ် သဲခုံရွာသို့ ဆိုက်ကယ်ဝင်ရောက်လာသည့် ဘင်္ဂါလားဒေ့ရှ်လူမျိုး ၈၄ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် ရေးမြို့နယ်ရှိ တရားရုံးတွင် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခဲ့ကြောင်း သတင်းများအရ သိရှိရသည်။

သတင်း...  yangonchronicle

အလုပ်သမားများ ည ၉ နာရီထက်ကျော်လွန်၍ အလုပ်ဆင်းခွင့် ပြုတော့မည်မပာုတ်

စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းရှိ အလုပ်သမားများအား ၎င်းတို့၏ ဆန္ဒအရ အချိန်ပိုအလုပ် လုပ်ကိုင်ခွင့်များ ပေးရမည်ဖြစ် သော်လည်း ည ၉ နာရီထက် ကျော်လွန်၍ အချိန်ပို အလုပ်မဆင်းခိုင်းကြရန် ၂၀၁၂ ဇွန်လ ၁၂ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနမှ စက်ရုံပိုင်ရှင်များ အား တွေ့ဆုံ၍ ပြောကြားကြောင်း သိရသည်။

 “ပြည်တွင်းက အလုပ်သမားတွေကို သူတို့ဆန္ဒရှိတယ်ဆိုရင် အလုပ်ရှင်တွေက အချိန်ပိုဆင်းခွင့်ပြုရမှာပါ။ ဒါပေမယ့် ည ၉ နာရီထက်ကျော် ပြီးတော့ ခိုင်းလို့တော့မရပါဘူး။ တစ်နေ့ အလုပ်ချိန် ၈ နာရီထက် မကျော်ပဲနဲ့ တစ်ပတ်ကို ၄၄ နာရီထက် ပိုလုပ်ရမယ်ဆိုရင် အချိန်ပိုကြေးဆိုပြီး စေခိုင်း တာတွေ မလုပ်ရတော့ပါဘူး”ပာု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

 ယခုနှစ်ပိုင်းအတွင်း၌ လုပ်ခလစာကိစ္စရပ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ (၁၁)ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများ ကြား ပဋိပက္ခမျုား ဖြစ်ပွားခဲ့သည့်အနက် လက်ရှိအချိန်တွင် စက်ရုံ (၁၀)ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများကြား သဘောတူညီချက်ရရှိထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းသို့ အကြံပြုခဲ့ကြောင်း သိရသည်။ ထို့ပြင် အလုပ်သမားအခွင့်အရေးနှင့် ပတ်သက်သည့် နည်းဥပဒေနှင့် ဥပဒေများ မထွက်ရှိသေးသည်အချိန်ထိ အခြေခံလစာအား ၅၆၇၀၀ ကျပ် နှုန်းပေးရန် စက်မှုလက်မှုအသင်းအား အကြံပြုပြောထားကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရှိရသည်။ 

 သတင်း.. News Watch