28 December 2009

(သားဖိုးဥာဏ်ရဲ့မေတ္တာရပ်ခံချက်)။


ဖခင်လွတ်မြောက်ရေးတွက်၊ သားဖိုးဥာဏ်ရဲ့ဆုတောင်းပွဲ..။


(သားဖိုးဥာဏ်ရဲ့မေတ္တာရပ်ခံချက်)။


မိထ္ထိလာထောင်၌ ထောင်ဒဏ်(၁၉)နှစ် ကျခံနေရသော အင်းစိန်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်၊ တွဲဖက်တာဝန်ခံ(၁)၊ ကိုထွန်းထွန်းနိုင်(ခ) ဖိုးဥာဏ် အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဇနီးမအေးအေးသက်နှင့် သားဖြစ်သူ ဖိုးဥာဏ်တို့သည် အမှတ်(၁၇)ဗောဓီညောင်ပင်လမ်း၊ ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်နေအိမ်၌ ယနေ့(၂၇.၁၂.၀၉)နေ့ နံနက်တွင် ပင့်သံဃာတော်ငါးပါးအား အရုဏ်ဆွမ်းဆက်ကပ်၍ နိုင်ငံရေးအကျဉ်းသားအရေတွက်တိုင်း ဝထ္ထုငွေ ၂၂၀၀ိ ကျပ်၊ အပြာ ရောင်မျက်နှာသုတ်ပုဝါတို့ ဆက်ကပ်လှူဒါန်းပြီး ကိုထွန်းထွန်းနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ ဆုတောင်း
ခဲ့သည်။ ဇနီးနှင့်သားမှ အကျဉ်းသားဝတ်စုံအရောင်ဖြစ်သည့် အပြာရောင်ဝတ်ဆင်၍ ဆုတောင်း
ခြင်းကို ပြုလုပ်ခဲ့သည့် ဟု သိရသည်။

ဆုတောင်းပွဲသို့ ဖိတ်ကြားထားသည့် ရပ်ကွက်ပြည်သူများ၊ အကျဉ်းသားမိသားစုများနှင့် နိုင်ငံရေး
မိတ်ဆွေများ တက်ရောက်ကြသည်။ ဧည့်ပရိတ်သတ်များကို ကြက်သားပလာတာဖြင့် ဧည့်ခံခဲ့သည်
ဟု သိရသည်။
(အကျဉ်းသားဝတ်စုံအပြာရောင်နှင့်တွေ့ရသော ဇနီးမအေးအေးသက်နှင့်သားဖိုးဥာဏ်)။

(အဖေတွက်ရည်စူးပီးငှက်လွှတ်ရန်ပြင်နေသည့်သားဖိုးဥာဏ်)

(အပြာရောင်ဝတ်စုံနှင့်သားဖိုးဥာဏ်)။

(ဖိတ်ကြားထားသည့်ပြည်သူ)။

(နိုင်ငံရေးအကျဉ်းသားမိသားစုများ)။

ပေးပို့ ပေးသော မောင်လေး စိုင်းငယ် အားကျေးဇူးတင်ပါသည်.။