07 September 2013

ရွှေဝါရောင်မျိုးဆက် သံဃာတစ်ပါး နိုင်ငံရေးလှုပ်ရှားမှုဖြင့် ကျောင်းတိုက်မှ ထုတ်ပယ်ခံရ

   သာသနာ ပိုင်မြေရောင်းစားမှုဖြင့် ကျောင်း ထိုင်ဆရာတော်ကို တရားစွဲခဲ့ သော သံဃာတော်တစ်ပါးအား နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ နိုင်ငံရေးလှုပ်ရှားမှုများပြု လုပ်သည်ဟု ဆိုကာ ကျောင်းတိုက် အတွင်းမှထုတ်ပယ်လိုက်ကြောင်း ထုတ်ပယ်ခံရသော သံဃာတော် ၏မိန့်ကြားချက်အရသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ငါး/မြောက်ရပ် ကွက် လိပ်ပြာ ကန်ကျောင်း တိုက် အ လယ်ကျောင်းကြီးနေ ဦးဃောသိ တမှာ ၂၀၁၂ ခုနှစ်တွင် ကျောင်း ထိုင်ဆရာတော်မှ ကျောင်းတိုက် အတွင်းမှ သာသနာ ပိုင်မြေပေ (၃၀*၇၀)အား ရောင်းချမှုပြုသည် ကို သံဃာတော်အပါး ၃၁ပါးခန့် လက်မှတ်ဖြင့်ကန့်ကွက်ခဲ့ကြောင်း၊ စာကိုနိုင်ငံတော် သံဃမဟာနာယ ကအဖွဲ့သို့စာတင်ခဲ့သော်လည်း ဦးဇင်းဃောသိတအား ကျောင်း တိုက်အတွင်းမှ အမြန်ဆုံးဖယ်ရှား ပေးပါရန် နိုင်ငံတော်သံဃမဟာ နာယကသို့ လျှောက်ထားလိုက် သည့်အတွက် ကျောင်းမှ ထုတ်ပယ် ခြင်းခံလိုက်ရကြောင်း ရွှေဝါရောင် သံဃာအရေးအခင်းတွင် လှုပ်ရှား ခဲ့သူတစ်ဦးဖြစ်သူ ဦးဃောသိတ ကမိန့်သည်။

ဦးဃောသိတက ''ဦးဇင်း က သာသနာမြေရောင်းစားတာ မကျေနပ်လို့လျှောက်ထားခဲ့ပေ မယ့် ဦးဇင်းကိုနိုင်ငံရေးလှုပ်ရှား မှုတွေပြုလုပ်ခဲ့တယ်ဆိုပြီး နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ကို ဆရာတော်ဦးဇောတိကကလျှောက် ထားတယ်။ အခုလဲနိုင်ငံတော်သံ ဃမဟာနာယကအဖွဲ့က ရန်ကုန် တိုင်းဒေသကြီး သံဃမဟာနာယ ကအဖွဲ့ကိုကျောင်းတိုက်က ဖယ် ရှားဖို့အမိန့်ပေးလို့ ဦးဇင်းကျောင်း ကနေထုတ်ပယ်လိုက်တယ်''ဟု မိန့်သည်။ ဦးဃောသိတသည် လိပ်ပြာ ကန်ကျောင်းတိုက်အလယ်ကျောင်း ကြီး၏ စာချကိုယ်တော်တစ်ပါး ဖြစ်ပြီး သီတင်းကျွတ်လပြည့်ကျော် ၁ရက် (၂၀ -၁၀-၂၀၁၃ ရက်) ညနေ ၄နာရီနောက်ဆုံးထားပြီး ကျောင်းတိုက်အတွင်းမှ ထွက်ခွာ ရမည်ဖြစ်ကြောင်း စက်တင်ဘာ ၆ ရက်တွင် နိုင်ငံတော်သံဃမဟာ နယကအဖွဲ့ ၄ရ ပါးစုံညီဒုတိယ အစည်းအဝေးဆုံးဖြတ်ချက်နှင့် အညီဩဝါဒခံယူကာ ဝန်ခံကတိ ပြုခဲ့သည်ဟုဆိုသည်။

ဦးဃောသိတက ''ဦးဇင်းကို ခေါ်ယူစစ်ဆေးတုန်းက လုံးဝကိုေ မြယာကိစ္စကိုမဖော်ပါဘူး၊ေ မြ ယာကိစ္စကိုမပြောဘဲနဲ့ ဦးဇင်းကို သာလျှင် ဒီကျောင်းထဲမှာ နိုင်ငံရေး တွေလုပ်နေပါတယ်ဆိုပြီး ပုဒ်မ ကြီးတွေ တပ်ပြီးထုတ်ပယ်တာပါ။ ဦးဇင်းက မြေယာကိစ်စတုန်းကလဲ ခေါင်းဆောင်ပြီး ကန့်ကွက်လို့ ဦးဇင်းကိုပဲထုတ်ပယ်တာဖြစ်မယ်'' ဟု မိန့်သည်။


ဆက်လက်ပြီး ''ကျောင်းတိုက် ကို မော်ရွှပြေည်ရှမ်းကျောင်းဆရာ တော်ကို ရောင်းစားခဲ့တယ်။ ဦး ဇင်းတို့ရှမှော့တင် ကျောင်းတိုက် နှစ်ကျောင်းကို ရောင်းစားခဲ့တာ မြင်ခဲ့ရတယ်။ အမှန်တကယ်ဆို နိုင်ငံတော်ကခွင့်ပြုချက်ရမှ သာ လျှင် အဲ့ဒီကျောင်းကကျန်တဲ့ တစ် ပါးကို လက်ဆင့်ကမ်းခွင့်ရတယ်။ အခုဟာကအဲ့လိုမဟုတ်ဘဲ သူတို့ ဘာသာရောင်းစားသွားတာဖြစ် တယ်''ဟု ဦးဃောသိတကမိန့် သည်။

ဦးဃောသိတသည်ရွှေဝါ ရောင်သံဃာအရေးအခင်းတွင် လှုပ်ရှားခဲ့ဖူးသူဖြစ်ပြီး ၂၀၀၈ခု နှစ်တွင် ဖမ်းဆီးခံခဲ့ရကာထောင် ခုနစ်နှစ်ကျခဲ့ပြီး ၂၀၁၀ ပြည့်နှစ် တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရသည်။ ''ဦးဇင်းအနေ နဲ့နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆရာ တော်ကြီးများအနေနဲ့ အမှားကို အမှန်တရားဖြစ်အောင် ဖော်ဆောင် ပေးဖို့လိုသလို သာသနာရေးဝန် ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေ ကလဲ ပြန်လည်စစ်ဆေးပြီး အမှန် တရားကိုဖော် ဆောင်ဖို့လို ပါတယ်'' ဟုမိန့်သည်



သတင်း....  Yangon Media Group

05 September 2013

မီဒီယာတွေကိုကြောက်နေတဲ့ ရွှေတိဂုံဂေါပက

ရွှေတိဂုံစေတီတော်၏ သတင်းထုတ်ပြန်ရေး ကိစ္စနှင့် ယခုရက်ပိုင်းအတွင်း ကောလာဟလများ ထွက်ပေါ်လျက် ရှိချိန်တွင် စက်တင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်သည့် ဂေါပကအဖွဲ့ဝင်များ အစည်းအဝေးတွင် မီဒီယာများသို့ သတင်းအချက်အလက် များကို တိုက်ရိုက်ထုတ်ပြန် တော့မည်မဟုတ် ဟု အတည်ပြုဆုံးဖြတ် လိုက်ကြောင်း စေတီတော်ဂေါပကအဖွဲ့ တာဝန်မှူး ဦးမြင့်ဦးက စက်တင်ဘာ ၄ ရက် နေ့တွင် ပြောကြားသည်။

ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှုအရှိဆုံး နေရာဖြစ်သော ရွှေတိဂုံစေတီရှိ သတင်းအချက်အလက် များကို သတင်းမီဒီယာများကို တွေ့ဆုံရှင်းလင်းပြီး တိုက်ရိုက်သတင်း ထုတ်ပြန်တော့မည် မဟုတ်သည့်အပြင် သတင်းများကို တိုက်ရိုက်ဖြေကြားမှုများပါ ပြုလုပ်တော့ မည်မဟုတ် ဘဲ သတင်းအချက်အလက် များကို စေတီတော် ဝက်ဘ်ဆိုက်တွင်သာ ဖော်ပြပေးသွား မည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

သတင်းအချက်အလက်များအား သတင်းမီဒီယာများသို့ ဆက်လက်လက်ခံ ဖြေကြားပေးသွားမည်ဟု စက်တင်ဘာလ ၂ ရက်နေ့က The Voice ၏ မေးမြန်းချက်ကို ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းကြိုင်က ပြန်လည်ဖြေကြား ခဲ့ပြီး နောက်တွင် ယခုကဲ့သို့ အတည်ပြု ဆုံးဖြတ်ချက် ထွက်ရှိလာခြင်းဖြစ်သည်။

"မေးမြန်းချင်တဲ့ အကြောင်းအရာ၊ မေးခွန်းတွေကို စာတင်ပြီးတော့ မေးခွင့်ရှိပါတယ်။ ပြီးရင် ရွှေတိဂုံ ဝက်ဘ်ဆိုက်ကနေ ပြန်လည် ဖြေကြားပေးသွားပါမယ်။ အရင်လိုတော့ လက်ခံမဖြေကြားတော့ ဘူး။ ဂေါပကအဖွဲ့ လူကြီးတွေက အလုပ်များတဲ့အတွက် ဒီလိုမျိုးလုပ်ရတာပါ" ဟု ယင်းစေတီ၏ လုပ်ငန်းဌာနမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဒေါ်သင်းသင်းအေးက ပြောကြားသည်။

ကျွန်တော့်ပိုက်ဆံ သိန်း ၃၀ ပြန်ရဖို့ ဦးလေးတို့ ကူညီကြပါ

  ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့ နယ် သောက်ရေခပ်ဆည် စီမံကိန်းနယ် မြေမှ ဖယ်ရှားခံခဲ့ရသော ထုံးဘို ကျေးရွာ အိမ်ခြေ ၉၃အိမ်အတွက် သက်ဆိုင်ရာကုမ္ပဏီမှ နစ်နာကြေး အဖြစ် တစ်အိမ်ထောင်လျှင် ကျပ် သိန်း၃ဝ နှုန်းဖြင့် ကာယကံရှင်များ လက်ဝယ်သို့ အတိအကျပေးအပ် ခဲ့ပြီးဖြစ်သော်လည်း အသက်၁၃ နှစ် အရွယ် ရှိ မောင်ဇော်ဝင်းမောင် ဆိုသူမှာ ၎င်းတို့အိမ် အတွက်ရရှိ ခဲ့သောကျပ်သိန်း၃ဝအား သက် ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး က ပြန်လည် တောင်းယူသွားခြင်း ကို ခံလိုက်ရကြောင်း သိရသည်။ ''ကုမ္ပဏီက လူကြီးတွေက ကျွန်တော့်ကို တခြားလူတွေလိုပဲ သိန်း၃ဝပေးခဲ့တာပါ။ ကျွန်တော် ကိုယ်တိုင် ကျွန်တော့်လက်နဲ့သွား ယူခဲ့ရတာပါ။ ရွာလူကြီး ဦးအောင် ထွန်းဝင်းက အဲဒီငွေတွေ မင်းနဲ့ မဆိုင်ဘူး။ လာပြန်ပေးလို့တောင်း တာနဲ့ သိန်း ၃ဝလုံး သွားပေးလိုက် ရတယ်။ သုံးသိန်းကျွန်တော့်ကိုပြန်ပေး တယ်။ ကျွန်တော်မကျေနပ်ဘူး။ ကျွန်တော့်အဖေက တခြားမှာအ လုပ်သွားလုပ်ရင်း နောက် အိမ် ထောင်ပြု သွားပြီ။ ရွာကို ပြန်မလာ တော့ဘူး။ အမေကလဲဆုံးသွားပြီ။ ကျွန်တော့် မှာ အသက် ၁၀ နှစ်အ ရွယ် ညီမလေးတစ်ဦးရှိတယ်။ ကျွန် တော်တို့ မောင်နှ မနှစ်ဦး အဒေါ့် အိမ်မှာကပ်နေရတယ်။ စီးပွားရေး က အဆင်မပြေဘူး။ ကျွန်တော့် ငွေ သိန်း ၃ဝကိုပြန်လိုချင်တယ်။ ဦးလေးတို့ ကျွန်တော့်ကို ကူညီပေး ကြပါ''ဟု မောင်ဇော်ဝင်းမောင် က ပြောသည်။

04 September 2013

အမေ အားလပ်ရက် ကို နားနားနေနေ စိတ်အပန်းဖြေစေဘို့ အတွက် အဝေးရောက် သား တယောက် ရဲ့ ရင်ထဲက လာတဲ့ စကား....

ဒီတပတ်ထုတ် ဒီလှိုင်းဂျာနယ်မှာ အံတီကိုယ်တိုင်ရေးထားတဲ့ အားလပ်ရက်အဓိပ္ပါယ်ဖွင့်ထားတာကို ဖတ်လိုက်ရတော့ ဘ၀ပေးအကြောင်းကြောင်းကြောင့် အံတီအပါးမှာ မနေနိုင်တော့ပေမယ့် ရင်ထဲမှာ ကျဉ်ကနဲခံစားလိုက်ရပါတယ်။ အံတီရင်ထဲကိုလဲ ၀င်ရောက်ခံစားနားလည်လိုက်ရတယ်။
ကျွန်တော့အတွက် ဒါဟာ ၂၅နှစ်တာကြာပြီး ပထမဆုံးပြန်ကြားလိုက်ရတဲ့ စကားတခွန်း သို့မဟုတ် မြင်တွေ့လိုက်ရတဲ့ မြင်းကွင်းတခုဖြစ်နေပါတယ်။ အသစ်မဟုတ်ပေမယ့် တကယ့်ကိုအဆန်းတခုပါ။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးထဲ စိတ်ဒုံးဒုံးချပြီး ရှိသမျှ ကာယအား ဥာဏအား အကုန်လုံးကို အိတ်သွန်ဖာမှောက် သွန်ချပြီး တိုင်းပြည်နဲ့လူထုအတွက် ထမ်းရွက်နေခဲ့တဲ့ အံတီ..

မိသားစုအရေး စီးပွားရေး အမျိုးဆွေသဟာအရေး ဘာအရေးကိုမျှ ၀တ်ကျေတန်းကျေတောင်ဂရုမထားနိုင်ခဲ့တဲ့ အံတီ..

နေအိမ်ပြင်ပ အကျယ်ချုပ်မှာလဲ အသက်အန္တရယ် ရန်ပြုခံရမှုတွေကို သတိ သတ္တိ ပညာနဲ့ ရင်ဆိုင်ရင်း၊ နေအိမ်တွင်း အကျဉ်းချုပ်မှာလဲ အထီးကျန်ဆန်မှု သိက္ခာချဖန်တီးလုပ်ကြံခံရမှုတွေကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်ရင်း တိုင်းပြည်နဲ့လူမျိုးအတွက် မမှိတ်မသုန် ယနေ့တိုင် လုံ့လမလျှော့သေးတဲ့ အံတီ….

ကျွန်တော်တို့ သိပါတယ်..။ တကယ်ကို ပင်ပန်းနွမ်းနယ် နေပါပြီ..။

လူထုက လိုလားတောင့်တနေတဲ့ စနစ်တခုကို လူထုလက်ထဲရောက်အောင် စွမ်းဆောင်ကြတဲ့အခါ ပေးဆပ်မှုတွေအများကြီး ရှိခဲ့ကြပါတယ်။ သူရဲကောင်းတွေ အများကြီးပေါ်ထွန်းခဲ့ကြပါတယ်။ အထင်ကရတွေကော အညတရတွေကော ဒုနဲ့ဒေးပါ။ တာဝန်သိသူအနေကနေ တာဝန်ရှိသူတွေဖြစ်အောင် အနစ်နာခံ ပေးဆပ်ကြံဆခဲ့ကြတာ ဆယ်စုနှစ်များကြာခဲ့ပါပြီ။

ဒါပေမယ့် အံတီလို တာဝန်ယူရဲသူအဖြစ် သတ္တိရှိရှိဆက်လက်ထိန်းသိမ်းကြဘို့အတွက်ကတော့ တော်တော်ကိုနည်းနေပါတယ်။ အဲဒီအတွက်လဲ တာဝန်မယူရဲသူတွေက ကိုယ့်ဂုဏ်ပုဒ်လေးတွေ ထိခိုက်မှာစိုးလို့ ဝေဘန်တိုက်ခိုက်တာတွေခံနေရတာမို့ ….ကျွန်တော်တို့ ခေါင်းဆောင် စိတ်ရောကိုယ်ပါ တကယ်ကို နွမ်းနယ်နေမှာပါ..။

တကယ်ကို ဘာအပူအပင်မှမတွေးရ မကြားရ မမြင်ရတဲ့နေရာမျိုးမှာ တရက် သို့မဟုတ် ၂ရက် ဒါမှမဟုတ် ရသလောက်အချိန်လေးတခု လိုချင်နေမှာ အမှန်ပါ။

လွန်ခဲ့တဲ့ ၂၄နှစ်ကျော်ကာလ ၁၉၈၉ခုနှစ် ဇွန်လ ၁၉ ရက်နေ့ အံတီရဲ့ ၄၄နှစ်မြောက်မွေးနေ့မှာပါ..။ အဲဒီနေ့ဟာ ယနေ့အချိန်အထိ အံတီရဲ့ နောက်ဆုံးအားလပ်ရက်ဖြစ်ခဲ့မယ်လို့ ကျွန်တော်ထင်ပါတယ်။

အဲဒီကာလမှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ အာဏာဖီဆန်ရေး၊ တိုက်ပွဲဝင်နှစ်ပတ်လည်အခမ်းအနားတွေ၊ ကျွန်တော်တို့ကျောင်းသူ ကျောင်းသားများအတွက် ကျောင်းပြန်တက်ရေး မတက်ရေး သဘောထားတွေနဲ့အတူ စစ်အစိုးရနဲ့ အတင်းမာဆုံး တိုက်ပွဲရှိန်အမြင့်မားဆုံးအချိန်လဲဖြစ်ပါတယ်။ အံတီအနေနဲ့ " မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ "ဆိုတဲ့ကြွေးကြော်သံနဲ့အတူ မြို့နယ်တော်တော်များများကို စည်းရုံးလှည့်လည်ဟောပြောရနေချိန်၊ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်) ပထမအကြိမ် တိုင်းနှင့်ပြည်နယ် မျက်နှာစုံညီအစည်းအဝေးကျင်းပဘို့ ပြင်ဆင်နေကြချိန် နေ့မအား ညမအား အလုပ်လုပ်နေကြရတဲ့အချိန်ပါ။

အဲဒါကြောင့် အံတီအနေနဲ့ အဲဒီမွေးနေ့ကျရင် အိမ်မှာအေးအေးလူလူ နားဘို့ဆုံးဖြတ်ခဲ့ပါတယ်။ အံတီရဲ့နားရက်က အများတကာလို စနေ တနင်္ဂနွေမဟုတ်ဘဲ တနင်္လာနေ့ဖြစ်နေပါတယ်။ မွေးနေ့မနက်က ကျွန်တော်တို့အစောကြီးနိုးနေကြပါတယ်။ ကျွန်တော်မှတ်မိသလောက် ကျွန်တော်တို့ သုံးရောင်ခြယ်က ကျွန်တော်အပါအ၀င် ကျော်သူရ၊ ဘန်နီ၊ ကိုမျိုးသိန်း၊ ထင်ကျော်၊ နေလွင်၊ အောင်လေး တို့နဲ့အတူ ဗိုလ်ကြီးဝင်းထိန်၊ မသိင်္ဂီ၊ ကိုစိန်အုန်း၊ ဦးနီ၊ ကိုပေါ်လွင်၊ ကိုအောင်ကျော်မိုးတို့လောက်ဘဲ အိမ်မှာရှိကြပါတယ်။ မြို့နယ်တော်တော်များများက မွေးနေ့လက်ဆောင်တွေ ဆုတောင်းတွေနဲ့အတူ ကိတ်မုန့်တွေ လာပို့ကြပါတယ်။ အမှတ်အရဆုံး လက်ဆောင်ကတော့ အခုကွယ်လွန်သွားပြီဖြစ်တဲ့ ပန်းဘဲတန်းမြို့နယ်က ဦးသိန်းဟန်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံ ကိတ်မုန့်က ကျွန်တော်တို့အတွက် တာအစားဆုံးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အံတီရဲ့ဧည့်ခန်းထဲမှာ စုထိုင်ကြပြီး ဗူဘောင်းလေးတွေကို လေမှုတ်ကြပါတယ်။ ဗူဘောင်းတွေ လေတင်းပြီးပေါက်သွားတာ၊ ပေါက်မှာစိုးလို့ ရဲရဲလေမှုတ်မသွင်းရဲကြတာ၊ လေမှုတ်သွင်းရင်း လွတ်ထွက်သွားတာ ရီကြမောကြရင်း ဗူဘောင်းလေးတွေပေါ်မှာ ပုံလေးတွေဆွဲကြပါတယ်။ နောက်တော့ တဖက်ခြံမှာရှိတဲ့ မူလတန်းကျောင်းလေးက ကလေးတွေကို ဗူဘောင်းလေးတွေ သွားဝေကြပါတယ်။ လက်ဆောင်ရရှိတဲ့ မွေးနေ့မုန့်လေးတွေကို စားကြပြီး ကဒ်ထူစာရွက်လွတ်တခုမှာ ကျွန်တော်တို့အားလုံး အံတီအတွက် မွေးနေ့ဆုတောင်းလေးတွေရယ် လက်မှတ်တွေရယ်ထိုးပြီး အမှတ်တရပေးအပ်လိုက်ကြပါတယ်။ ကိုစိန်အုန်းကတော့ စိတ်ကြိုက်ဓါတ်ပုံတွေရိုက်ပါတယ်။ မွေးနေ့လက်ဆောင်အတွက် ကျွန်တော်တို့ တော်တော်ကုန်သွားပါတယ်။ အဲဒါဟာ ကျွန်တော့ဘ၀မှာ ကိုယ်ကနေ ပေးဘူးတဲ့ ပထမဆုံးမွေးနေ့လက်ဆောင်ဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံး အံတီနဲ့အတူ ကျွန်တော်တို့အကြောင်းလေးတွေအပါအ၀င် ရီစရာ မောစရာ စကားတွေပြောဖြစ်ကြပါတယ်။ ဗဟုသုတရမယ့် ဗွီဒီယိုအခွေလေးတွေလဲ ကြည့်ဖြစ်ခဲ့ကြတယ်လို့ ထင်ပါတယ်။ အဲဒါတော့သိပ်မမှတ်မိဘူး။ ဒါပေမယ့် အံတီအတွက် တကယ့်ကိုပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေသွားတယ်လို့ ထင်ပါတယ်။ နောက်တော့ အံတီက အပေါ်ထပ်တက်သွားပြီး တယောက်တည်း စာဖတ်အနားယူပါတယ်။

အဲဒီလိုမျိုးအားလပ်ရက်ဟာ နောင် ၂၄နှစ်ကျော်ကြာတဲ့အထိ ပြန်မရနိုင်ဘူးဆိုတာ အဲဒီတုန်းက ဘယ်သူမှထင်မိမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့မှာ အိမ်ထောင်ကျပြီး သားသမီးလေးတွေရလာတော့ ချစ်လိုက်ရတာ။ သူများနိုင်ငံမှာ မျက်နှာငယ်ရမှာစိုးလို့ သူတို့တွေ အတွက် ပူလိုက်ရတာ၊ အလုပ်တွေလုပ်လိုက်ရတာ၊ အားလပ်ရက်တွေမှာ ဗဟုသုတရ အပန်းလဲပြေအောင် ကမ်းခြေပို့၊ ဟိုသွား ဒီသွားလေးတွေ တတ်နိုင်သလောက် လုပ်လိုက်ရတာ။ ကိုယ်အလုပ်သွားတဲ့အချိန်လေးမှာ သူတို့မျက်နှာငယ်လေးတွေနဲ့ကျန်ခဲ့ကြပြီး ကိုယ်အလုပ်ကပြန်လာလို့ သူတို့လေးတွေ ပျော်ရွှင်ကြတာကိုကြည့်ပြီး သနားပြီး အချစ်ပိုရတာ….။

အံတီကော…..သူ့သားတွေနဲ့…အဲဒီလို မနေချင်ဘဲ…မချစ်ချင်ဘဲ…မသွားချင် မလာချင်ဘဲ….အခုလို ဝေးကွာနေချင်ပါ့မလား..? ဘာအတွက်ကြောင့်ကို ဘယ်လိုသတ္တိမျိုးနဲ့…အခုလို ဆုံးဖြတ်ခဲ့သလဲ..? အဖြေက ရှင်းပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက်..ပါ။ တိုင်းပြည်နဲ့ပြည်သူတွေကို အကျိုးပြုဘို့ဆိုရင် အနစ်နာခံ အပင်ပန်းခံပြီး အခွင့်အလမ်းကိုရအောင်ရှာတယ်။ ကိုယ့်ကိုအသက်အန္တရယ်ပြုခဲ့တာတွေကိုတောင် ယနေ့အချိန်အထိ ဥပက္ခောပြုထားပါတယ်။

အဲဒါကြောင့် အံတီအနေနဲ့ အခုလိုအားလပ်ရက်မျိုးလေးတခါလောက် တောင့်တမိတာဟာ ကျွန်တော့အတွက် အသစ်မဟုတ်ပေမယ့် တကယ့်ကို ဆန်းလှပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးအတွက်အပူ ကိုယ်သာယူမယ်ဆိုတဲ့ ခံယူချက်ကြောင့်မို့လို့ပါ။ တာဝန်ယူရဲသူ တာဝန်ယူရသူ တာဝန်ရှိတယ်လို့ ခံယူထားသူတယောက်အနေနဲ့ တိုင်းပြည်မှာနှစ်ရှည်လများ ရှုပ်ထွေးပွေလီနေတဲ့ ပြဿနာတွေ ပြည်သူလူထုရဲ့လိုအပ်ချက်တွေက လွှတ်တော်ပိတ်လို့လဲ ရပ်ထားလို့မရ၊ စနေ တနင်္ဂနွေမို့လို့ မဖြစ်ရဘူးဆိုပြီး အမိန့်ထုတ်လို့မရ နောက်ဆုံး အိပ်ရင်တောင် အိမ်မက်ထဲမှာ စဉ်းစားအဖြေရှာနေရတာမဟုတ်လား..? အဲဒါ ကျွန်တော်တို့ဘ၀တွေနဲ့ကွာတဲ့ ထူးခြားချက်ဖြစ်နေလို့ အမြဲတန်းဆန်းနေရတာပါ..။

ဒီအကြောင်းလေး စဉ်းစားနေရင်း အံတီ ၄၄နှစ်မွေးနေ့မတိုင်ခင် တလ၀န်းကျင်မှာ အတူတူရှိခဲ့ကြတဲ့ အဖြစ်ကလေးတခုကိုလဲ ပြန်လည် အောင့်မေ့မိပါတယ်။ ၁၉၈၉ခုနှစ် မေလမှာပါ။ အဲဒီတုန်းက ယနေ့အထိအံတီရဲ့ခရီးစဉ်တွေထဲမှာ အကြာမြင့်ဆုံးနဲ့ အအောင်မြင်ဆုံး ဖြစ်ခဲ့တဲ့ကချင်ပြည်နယ်ခရီးစဉ်ကာလပါ။ ကျွန်တော့ဇာတိ မြစ်ကြီးနားမြို့ကနေ မိုးကောင်းအထိ ရထားနဲ့ မိုးကောင်းကနေ ကသာမြို့အထိ ကားနဲ့ ရက်သတ္တပတ် ၁ပတ်ကျော် ခရီးဆက်လာခဲ့ပြီးနောက် ရေလမ်းကနေတဆင့် ဗန်းမော်မြို့ကို ရောက်ရှိခဲ့ကြပါတယ်။

အဲဒီတုန်းကစီးခဲ့ရတဲ့ကားတွေဆိုတာ များသောအားဖြင့် ဂျစ်ကားတွေပါ။ လမ်းတွေဆိုတာကလဲ နွေရာသီသုံးသာသာပါ။ အဲဒီတော့ ကားစီးရတယ်ဆိုတာ ငြိမ်ငြိမ်လေးဇိမ်နဲ့ထိုင်စီးလို့မရပါဘူး။ ကားအခုန်မှာ ဟန်ချက်မပျက်အောင် မြဲမြဲကိုင်ပြီး အလိုက်သင့်ထိန်းစီးရတာပါ။ ရက်ပေါင်းများစွာ အဲလိုခရီးသွားခဲ့ရလို့ ဗန်းမော်မြို့ကိုရောက်တဲ့အခါ အရမ်းကို ပင်ပန်းနေပါပြီ။ ဗန်းမော်မြို့ကိုမရောက်ခင်ညကတည်းက အာဏာပိုင်တွေအနေနဲ့ အံတီနဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာချတဲ့စာတွေကို စစ်ကားတွေအသုံးပြုပြီး ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အချိန် ညဘက်မှာတမြို့လုံးကို ကျဲထားပါတယ်။ မြို့ထဲတလျှောက် အံတီသွားလေရာကိုလဲ အသံချဲ့စက်တွေနဲ့ လူစုလူဝေးမလုပ်ဘို့ ခြိမ်းခြောက်နှောင့်ယှက်ခဲ့ပါတယ်။ ဒီလိုနဲ့ အနှောင့်အယှက်တွေကြားကနေ လုပ်စရာရှိတာတွေကိုလုပ်ပြီး မိုးချုပ်တော့ တည်းခိုအနားယူရမယ့်အိမ်ကို ရောက်လာပါတယ်။

တနေကုန် ပင်ပန်းထားလို့ လန်းဆန်းသွားအောင် ရေချိုးသန့်စင်ဘို့ အံတီကအောက်ထပ်ကိုဆင်းလာတဲ့အခါ ကျွန်တော်တို့လဲ လိုက်လာကြပါတယ်။ ရေချိုးခန်းတွေက အိမ်အနောက်ဖက်မှာဖြစ်ပြီး လမ်းမှာ မီးချောင်းတွေ လင်းထိန်နေအောင်ထွန်းထားပါတယ်။ ချက်ပြုတ်ကြတဲ့အဖွဲ့ဝင်တွေ လုံခြုံရေးယူပေးကြတဲ့ လူငယ်အဖွဲ့တွေအားလုံးက အိမ်ရှေ့ခြံအပြင်တ၀ိုက်မှာရှိကြပေမယ့် အမျိုးသမီးတွေရေချိုးခန်းဘက်မှာတော့ ရှင်းနေပါတယ်။ ကျွန်တော်တို့နဲ့အတူ လုံခြုံရေးတာဝန်ခံလူငယ်တယောက်သာ ရှိပါတယ်။ အဲဒီအချိန်မှာ အံတီက မြစ်ဆိပ်မှာချိုးချင်တဲ့အကြောင်းနဲ့ မြို့ခံတွေသိရင် အလုပ်ပိုမှာစိုးလို့ အသိမပေးချင်ကြောင်းပြောလာပါတယ်။ ကျွန်တော်တို့လဲ အနီးမှာရှိနေတဲ့လူငယ်ကို မေးကြည့်တော့မြစ်ဆိပ်က မဝေးကြောင်းပြောလို့ သူ့ကိုဦးဆောင်ခိုင်းပြီး အိမ်နောက်ပေါက်ကနေ မြစ်ဆိပ်ကိုရောက်ပြီး ရေဆင်းစိမ်ကြပါတယ်။ မြစ်ဆိပ်အဆင်းမှာ ကုန်းမြင့်လေးဖြစ်နေလို့ အံတီနဲ့မသိဂိံကို တွဲကူဆင်းပေးရပါတယ်။ မြစ်ကြီးနားကနေတလျှောက်လုံး ထပ်ချပ်မကွာလိုက်လာတဲ့ ထောက်လှန်းရေးတွေလဲ မသိလိုက်ပါဘူး။

ညမိုးချုပ်ချိန် ဧရာဝတီမြစ်ရေအေးအေးလေးစိမ်လိုက်ရတဲ့အတွက် အံတီတော်တော်လေးလန်းဆန်းပြီး စိတ်လက်ပေါ့ပါးသွားပုံရပါတယ်။ အသံမကျယ်အောင် ထိန်းပြီးပြောကြရင်း မီးရောင်ထိန်ထိန်နဲ့ မြစ်လယ်ကနေ ခုတ်မောင်းနေတဲ့ ခရီးသည်တင်သင်္ဘောကြီးကို ကြည့်ပြီးပျော်ကြပါတယ်။ ပါလာတဲ့လူငယ်လေးကလဲ ကျွန်တော်တို့နဲ့အတူ ရေလိုက်စိမ်ရင်း အဲဒီသင်္ဘောနဲ့တဖက်ကမ်းက ရွာတချို့အကြောင်းပြောပြပါတယ်။ ၁၅ မိနစ်လောက်ဘဲ ကြာမယ်ထင်ပါတယ်။ အဖွဲ့ဝင်တချို့ လိုက်လာကြလို့ ကျွန်တော်တို့ ပြန်တက်လာကြပါတယ်။ သူတို့သတိထားမိချိန်မှာ အံတီအပါအ၀င်ဘယ်သူ့ကိုမှ မတွေ့တဲ့အပြင် တာဝန်ကျလူငယ်ပါပျောက်နေလို့ အရမ်းစိတ်ပူပြီး ရှာကြတာပါ။ အဲဒီလူငယ်ပါမတွေ့တော့ မြစ်ဆိပ်ဆင်းမယ်လို့တွက်ပြီး လိုက်လာကြတာပါ။ အဲဒီလူငယ်ကို အပြစ်တင်စကားပြောကြလို့ ကျွန်တော်တို့အကျိုးအကြောင်းရှင်းပြလိုက်ပါတယ်။

၂၅နှစ်တာကာလတခုလုံး တိုင်းပြည်နဲ့ပြည်သူလူထုလွတ်မြောက်ရေးအတွက် ကြိုးပမ်းနေရင်း လွတ်လပ်စွာအနားယူခွင့်ဆုံးရှုံးနေတဲ့ အံတီကို တကမ္ဘာလုံးမှာရှိနေကြတဲ့ သားတွေ သမီးတွေက စာနာလေးစားချစ်ခင်နေကြမှာပါ။ ဖြစ်နိုင်ရင်တော့ သမုဒ္ဒရာနှစ်ခု ၀န်းရံထားတဲ့ ကျွန်တော်လက်ရှိနေနေတဲ့ နယူးဇီလန်က ပေါများလှတဲ့ကမ်းခြေတခုကို ကိုယ်တိုင်ကားမောင်းခေါ်သွား၊ ပြီးတော့ ယာယီတဲလေးထိုး၊ အံတီစားချင်တာလေးတွေ ကျွန်တော်တို့မိသားစုက ချက်ပြုတ်ကျွေးချင်ပါတယ်။ အံတီက စာအုပ်ဖတ်လိုက် လမ်းလျှောက်လိုက် ပင်လယ်ပြင်ကြီးကို ငေးကြည့်ပြီး တွေးချင်တာတွေး ဗိုက်စာလာရင် ပူပူနွေးနွေးစားလိုက်..။ အဲဒီလိုမှ ပျင်းလာရင် ရီစရာလေးတွေပြော နောက်ပြီး… အံတီကိုယ်တိုင် ဘွဲ့တံဆိပ်တော် အပ်နှင်းထားဘူးသော အထာမကျတဲ့ ကျွန်တော့ရဲ့ ဦးရွှေရိုးအကနဲ့လဲ ဖျော်ဖြေတင်ဆက်နိုင်ပါတယ်..။

တချိန်ချိန်ပြန်ဆုံနိုင်ဘို့ အခွင့်အရေးကို တောင့်တလျက်
အဝေးရောက်သား
မိုးမိုး(မိုးမြတ်သူ)

03 September 2013

အခြေခံပညာအဆင့် အင်္ဂလိပ်စာသင်ရိုး အဆင့်မြှင့်မည်

အခြေခံပညာအဆင့် အင်္ဂလိပ်စာ သင်ရိုးများကို အဆင့်မြှင့်တင်ရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ဗြိတိသျှကောင်စီတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်စတင်သင်ကြား ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဗြိတိသျှ ကောင်စီမှ ၂-၉-၂၀၁၃ ရက်က သိရသည်။ “ပညာရေးဝန်ကြီးဌာနနဲ့ ဗြိတိသျှ ကောင်စီတို့ပူးပေါင်းပြီး သင်ရိုးအဆင့်မြှင့်တင် ရေးဆွဲမှာဖြစ်ပါတယ်။ လိုအပ်တဲ့ နေရာတွေမှာ သင်ခန်းစာ ထပ်ဖြည့်တာတွေ ဖြည့်မယ်၊ ဖြုတ်သင့်တာတွေ ဖြုတ်မယ်။ သင်ရိုးက ပြောင်းတာ မဟုတ်ပါဘူး။ အဆင့်မြှင့်တာဖြစ်တဲ့အတွက် သင်ရိုးတွေ ပိုကောင်းလာမှာပါ။ အပြောစွမ်းရည်တိုးတက်ဖို့ သင်ခန်းစာတွေ ထပ်ထည့်ပေးသွားမှာပါ” ဟု ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။ “ ဗြိတိသျှကောင်စီအနေနဲ့ သင်ရိုးညွှန်းတမ်း ရေးဆွဲတဲ့နေရာမှာ နိုင်ငံခြားက ပညာရှင်တွေ၊ Unicef က ပညာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ ဖိတ်ခေါ်ပြီး ပရောဂျက်တွေ ပြုလုပ်ပြီး အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူတွေ အင်္ဂလိပ်စာ အရည်အသွေး မြင့်မားစေဖို့ ဦးတည် ရေးဆွဲသွားမှာ ဖြစ်ပါတယ်” ဟု ဗြိတိသျှကောင်စီမှ ဒေါက်တာ ခိုင်ဖြူထွဋ်က ပြောသည်။ အင်္ဂလိပ်စာ ဘာသာရပ် အဆင့်မြှင့်တင်ရန် သင်ရိုးညွှန်းတမ်း၊ ဆရာ၊ ဆရာမများ၏ သင်ကြားမှု အပိုင်း၊ သင်ထောက်ကူ ပစ္စည်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အနေအထားပေါ်မူတည်၍ သင်ရိုးညွှန်းတမ်းအပြင် အကြံပြုချက်များပါ တစ်ပါတည်း ရေးဆွဲသွားမည်ဖြစ်ကြောင်း  ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

ရန်ကုန်မြို့ မြေအသုံးချမှုကို အရောင် ၁၁ ရောင်ခွဲပြီး သတ်မှတ်မည်

 မြို့ပြစည်းမျဉ်းနဲ့ မလျော်ညီတဲ့ မြေအသုံးချမှုတွေမရှိဘဲ ကြည့်လိုက်တာနဲ့ သိနိုင်အောင် ရန်ကုန်မြို့ မြေအသုံးချမှုတွေ မရှိဘဲ ကြည့်လိုက်တာနဲ့ သိနိုင်အောင် ရန်ကုန်မြို့ မြေအသုံးချမှုကို အရောင် ၁၁ ရောင်နဲ့ မျဉ်းကျားတစ်ခု သတ်မှတ်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်း ရေးဆွဲရေးဌာနမှ ဦးတိုးအောင်က “ဒီလို သတ်မှတ်ရတာက မြေအသုံးချမှုတွေ မရှိဖို့နဲ့ ကန့်သတ်ချက်နဲ့အညီ အဆောက်အအုံ တည်ဆောက်နိုင်ဖို့၊ လူတိုင်း ထင်သာမြင်သာရှိအောင် ကြည့်ရုံနဲ့ သိနိုင်ဖို့ အဓိက ရည်ရွယ်တယ်” လို့ ပြောပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ လူနေထိုင်မှုနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ အရောင် ၁၁ ရောင်နဲ့ မျဉ်းကျားတစ်ခုကတော့ လူနေသိပ်သည်းမှုနည်းတဲ့ အဝါနုရောင်ကို ဆိတ်ငြိမ်ရပ်ကွက်တွေကို သတ်မှတ်မှာ ဖြစ်ပြီး အင်းလျား၊ ရွှေတောင်ကြား စတဲ့ လူနေတိတ်ဆိတ်တဲ့ နေရာတွေ၊ လူနေသိပ်သည်းမှု အသင့်အတင့်ရှိတဲ့ အဝါရောင်ကတော့ အထပ်မြင့်တွေ မများတဲ့ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းမြို့နယ်တို့လို နေရာတွေ ဖြစ်ပါတယ်။ အဝါရင့်က လူနေသိပ်သည်းမှုများတဲ့ မြို့ထဲလို နေရာတွေ ဖြစ်ပါတယ်။ မြို့မြေမျိုးစုံ ရောနှောပါဝင်တဲ့ ပန်းရောင်က မြို့တွင်းနေရာတွေဖြစ်ပြီး ရုံးတွေ၊ စီးပွားရေး အဆောက်အအုံ၊ လူနေသိပ်သည်းမှု များတဲ့ နေရာတွေကို အဓိကထားတယ်လို့ ဆိုပါတယ်။ ကုန်သွယ်မှုနဲ့ စီးပွားရေးဇုန် အနီရောင်က စီးပွားရေး အဆောက်အအုံတွေ ကျယ်ကျယ်ပြန့်ပြန့် များတဲ့နေရာဖြစ်ပြီး တော်ဝင်စင်တာ၊ စိန်ဂေဟာ၊ ဂျန်းရှင်းစကွဲတို့ ဖြစ်ပါတယ်။ စက်မှုနဲ့ ကုန်လှောင်လုပ်ငန်းဇုန် ခရမ်းရောင်က စက်မှုဇုန်ထဲမှာ ကုန်လှောင်ရုံတွေ ထားတဲ့နေရာကို သတ်မှတ်တာ ဖြစ်တယ်လို့ သိရပါတယ်။ မီးခိုးရောင်က ဆိပ်ကမ်းနဲ့ ဆိပ်ကမ်းဆက်စပ် ဝန်ဆောင်မှုနေရာတွေကို သတ်မှတ်ပါတယ်။ စိမ်းလန်းမြေနဲ့ ရေပြင်များဇုန် အစိမ်းရောင်က အစိမ်းနဲ့ အပြာဇုန်လို့ ပြောလို့ရတယ်။ ကန်တော်ကြီး၊ ပြည်သူ့ရင်ပြင်၊ မဟာဗန္ဓုလပန်းခြံ၊ အင်းလျားကန်တို့ကို သတ်မှတ်တယ်။ အစိုးရအဖွဲ့အစည်းနဲ့ အခြေခံအဆောက်အအုံ အပြာရောင်ဇုန်က လွှတ်တော်အစိုးရ အဖွဲ့အစည်းနဲ့ အခြေခံအဆောက်အအုံတွေကို သတ်မှတ်ပါတယ်။ မြို့ပြအမွေအနှစ်များ ထိန်းသိမ်းမှုဇုန် အညိုရောင်က မြို့ထဲမှာရှိတဲ့ ရှေးဟောင်းအဆောက်အအုံတွေ ရှိတဲ့နေရာတွေကို သတ်မှတ်တယ်လို့ သိရပါတယ်။ အရောင်သီးသန့် မဟုတ်ဘဲ ပန်းရောင်မျဉ်းကျားနဲ့ သတ်မှတ်တဲ့ ကမ်းနားအထူး ဖွံ့ဖြိုးရေးဇုန်က ရန်ကုန်ဆိပ်ကမ်းလို နေရာမျိုးကို သတ်မှတ်မှာ ဖြစ်တယ်လို့ ပြောပြခဲ့ကြောင်း  ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသား ခရီးသွားများ ကြိုတင်ခွင့်ပြုချက် မတင်ဘဲ သွားလာခွင့် ပြုရမည့်ဒေသ နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၂၀ ခန့် ကျန်ရှိနေ

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ကြိုတင်ခွင့်ပြုချက် မတင်ဘဲ သွားရောက် လေ့လာခွင့်ရှိသည့် ဒေသများသည် နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၈၀ ကျော်အထိ ရှိလာပြီး ကြိုတင်ခွင့်ပြုချက် မတင်ဘဲ သွားလာခွင့်ပြုရမည့် ဒေသသည် နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၂၀ ခန့် ကျန်ရှိနေကြောင်း သိရသည်။

နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ နိုင်ငံတွင်း လည်ပတ်မှုများနှင့် ပတ်သက်၍ ယခင်က ကြိုတင်ခွင့်ပြုချက် မလိုအပ်ဘဲ သွားလာရန် ခွင့်ပြုသည့် မြို့နယ်များ၊ မြို့ပေါ်သာ သွားလာခွင့်ပြုသည့် မြို့နယ်များ၊ ကြိုတင်ခွင့်ပြုချက် တောင်းခံရသည့်မြို့နယ်များ၊ ခရီးသွားများ လုံးဝသွားရောက်ခွင့် မရှိသည့် ကန့်သတ်ဒေသများဟု ရှိခဲ့သည်။

အစိုးရသစ် လက်ထက်တွင် ယခင်သတ်မှတ်ခဲ့သည့် သတ်မှတ်နယ်မြေ ဒေသများ၌ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းနှင့် နယ်မြေအနေအထားတို့ပေါ် မူတည်၍ ကမ္ဘာလှည့် ခရီးသည်များနှင့် နိုင်ငံခြားသားများ အတွက် ပြည်တွင်းသွားလာမှုနှင့် ပတ်သက်သော နယ်မြေဒေသ သတ်မှတ်ချက်များအား ပြည်ထဲရေး ၀န်ကြီးဌာနမှ ယခုနှစ်အတွင်း အသစ်ပြန်လည် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

''ပြည်ထဲရေးက ထုတ်ထားတဲ့ စာပါ မြို့နယ်တွေကို ရေတွက်ကြည့်ပြီး တွက်ချက်မယ်ဆိုရင် တစ်နိုင်ငံလုံး (စာပါမြို့နယ်) အတိုင်းအတာအရ သွားလာခွင့်ပြု နယ်မြေ ၇၂ ရာခိုင်နှုန်း၊ မြို့ပေါ်ခွင့်ပြု၊ မြို့ပြင်ခွင့်ပြု ချက် တောင်းခံရမယ့် နယ်မြေ ၁၆ ရာခိုင်နှုန်းနဲ့ ခွင့်ပြုချက်တောင်းခံဖို့ လိုအပ်တဲ့နယ်မြေ ၁၂ ရာခိုင်နှုန်း ဆိုပြီးတော့ တွက်လို့ရပါတယ်။ ခြုံပြောရရင်တော့ ရာခိုင်နှုန်း ၈၀ ကျော်လောက် ကြိုတင်ခွင့်ပြုချက် တင်စရာ မလိုဘဲ သွားနိုင်တယ်လို့ တွက်ဆလို့ရပါ တယ်'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင်း ကမ္ဘာလှည့် ခရီးသည်များနှင့် နိုင်ငံခြားသား ဧည့်သည်များ လည်ပတ်သွားလာ နိုင်သည့် ခရီးစဉ်ဒေသများတွင် ကြိုတင်ခွင့်ပြုချက်ဖြင့် သွားလာခွင့်ရသည့် ဒေသများသည် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်တို့တွင် တည်ရှိနေသည်။

ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်တို့သည် ရာနှုန်းပြည့် သွားလာခွင့် ပြုထားသော ဒေသများ ဖြစ်သည်ဟု သိရသည်။ ကျန်ဒေသများ၌ ကြိုတင်ခွင့်ပြုချက် မလိုအပ်ဘဲ သွားလာခွင့် ပြုထားသော မြို့နယ်များ အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ၉၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ၉၆ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် ၈၈ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၈၁ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၈၀ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ၂၉ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်တွင် ၂၈ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်တွင် ၂၅ ရာခိုင်နှုန်း၊ ချင်းပြည်နယ်တွင် ၂၂ ရာခိုင် နှုန်း၊ ကယားပြည်နယ်တွင် ၁၄ ရာခိုင်နှုန်း အသီးသီး ရှိနေသည်။

ကြိုတင်ခွင့်ပြုချက် တောင်းခံရသည့် ဒေသများအနက် နေပြည်တော်သည် ဒေသအားလုံးသို့ ကြိုတင်ခွင့်ပြုချက် ရာနှုန်းပြည့် တောင်းခံရန် လိုအပ်သော ဒေသဖြစ်သည်ဟု သိရသည်။

တစ်နိုင်ငံလုံးရှိ မြို့နယ် ၃၃၀ အနက် ကြိုတင်ခွင့်ပြုချက် မလိုအပ်ဘဲ သွားလာခွင့် ပြုထားသည့် မြို့နယ် ၂၃၇ မြို့နယ်ဖြင့် ၇၂ ရာခိုင်နှုန်း၊ မြို့ပေါ်သာ သွားခွင့်ပြုထားသည့် မြို့နယ် ၅၂ မြို့နယ်ဖြင့် ၁၆ ရာခိုင်နှုန်း၊ ကြိုတင်ခွင့်ပြုချက် တောင်းခံရမည့် မြို့နယ် ၄၁ မြို့နယ်ဖြင့် ၁၂ ရာခိုင်နှုန်း ရှိနေသည်ဟု သိရသည်။



8.1.1

သတင်း...news-eleven

01 September 2013

ထားဝယ်မြို့၌ပထမဆုံးအနေဖြင့်လယ်သမားတစ်ယောက်ထောင်ဒဏ်ချမှတ်ခံရ


ထားဝယ်မြို့နယ် ၊ ၀ဲကျွန်းထိန်သစ်ရပ်ကွက် ၊ကမြောကင်းလမ်း ၊ ကမြောကင်းတံတားနံဘေး           ၌လက်ရှိလယ်  စိုက်ပျိုးလျှက်ရှိသောလယ်သမား ဦးစံလင်း အား ထားဝယ်ခရိုင်အုက်ချုပ်ရေးမှူး ဦးကျော်ဆွေ မှ ၁၈၇၆ ခုနှစ်   မြေယာနှင့် အခွန်တော်ဥပဒေ ပုဒ်မ (ဏ ) ဖြင့်တရားစွဲဆိုကာ၂၆.၈.၂၀၁၃ (တနင်္လာနေ့)တွင်ဒဏ်ငွေ (၂၀၀)   နှင့်ထောင်ဒဏ်(၁)လကိုထားဝယ်မြို့နယ်တရားသူကြီး ဦးထွန်းလင်းမှချမှတ်ခဲ့သည်။

ဦးစံလင်းသည်ထားဝယ်ခရိုင်အတွင်းတရားမျှတမှုမရှိသည့်လယ်ယာမြေသိမ်းဆည်းမှုနဲ့ပတ်သက်၍ ပထမဆုံးထောင်ကျခံရသောလယ်သမားပေါ့လို့သမီးဖြစ်သူမရွှေစင်ယုမှပြောကြားသည်။ထားဝယ်အများ ပိုင်ကုမ္ပဏီ ကလယ်မြေကိုသိမ်းတယ်မူလပိုင်ရှင်ဆိုတာရှိပေမယ့်ကျွန်မအဖေကိုသူကိုယ်တိုင် လယ်မ လုပ်နိုင် လို့  လယ်လုပ် ပိုင်ခွင့်ကိုလွန်ခဲ့တဲ့(၄)နှစ်ခန့်လောက်ကတည်းကလွှဲပြောင်းပေးထားပြီးကျွန်မတို့ တစ်မိသားစုလုံးဒီ   လယ်ကို စိုက်လာခဲ့တာပတ်ဝန်းကျင်ကလယ်သမားတွေအကုန်လုံးလည်းအသိဘဲကျွန်မတို့ကဘာလျှော်ကြေးမှ မယူ ထားတော့ထွက်ပေးစရာ လည်းမလိုဘူးသူတို့ပေးတဲ့လျှော်ကြေးဆိုတာကျွန်မတို့ဘ၀အတွက်ဘာအာမခံ ချက် မှမရှိဘဲ ၊ လယ်သမား လယ် ပျောက်ရင် ထမင်းငတ်မှာပေါ့၊အခုတော့ကုမ္ပဏီကလယ်ကိုမတရားသိမ်းချင်တယ်   ကျွန်မတို့ကအသိမ်းမခံဘူး ကုမ္ပဏီကိုပေးချင်တော့ခရိုင်အုပ်ချုပ်ရေးမှူးကတရားစွဲတယ်ကျွန်မအဖေထောင်ကျ  တယ် ကောင်းပါတယ် ကျွန်မအဖေ က ထားဝယ်မြို့ရဲ့ စံပြလယ်သမား ဖြစ်သွားတာပေါ့  ဟုမရွှေစင်ယု မှဆက် လက်ပြောကြားခဲ့သည်။
          ဦးစံလင်းအားထောင်ချခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ထားဝယ်လယ်သမားများမှလည်းသဘော  မတူကန့် ကွက်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးလယ်သမားများ၏ဂုတ်သွေးစုတ်အမြတ်ထုတ်တဲ့ ထားဝယ်အများပိုင်ကုမ္ပဏီ အားထားဝယ်ခရိုင်အတွင်းရှိလယ်သမားများအနေဖြင့်ထားဝယ်လယ်သမားများသမိုင်း၏ကုမ္ပဏီဆိုးအဖြင့်သတ်မှတ်ကာထားဝယ်ခရိုင်အတွင်းရှိလယ်သမားမိသားစုဝင်တိုင်း၏သမိုင်းတာဝန်တစ်ရပ်ပမာစဉ်ဆက်မပြတ်သပိတ် မှောက်သွားနိုင်သည်အထိစည်းရုံးသွားမည်၏ ဟု ထားဝယ် လယ်သမားများ အစည်းအဝေးမှထုတ်ပြန်ကြေငြာခဲ့ သည်။
          (၂၇.၈.၂၀၁၃)အင်္ဂါနေ့တွင်ဦးစံလင်းအားဂုဏ်ပြုသည့်အနေဖြင့်လက်ရှိဦးစံလင်း၏လယ်မြေ၌ဦးစံလင်း  စိုက်ပျိုးရန်ကျန်နေသောလယ်ကွက်များ၌ဦးစံလင်း၏မိသားစုလယ်သမားများနှင့်အတူစပါးစိုက်ပျိုးကြမည်၏ဟုလယ်သမားများထံမှသိရပါသည်။

မရွှေစင်ယု (ဦးစံလင်း၏သမီး)
05023096
 09422218788

ကိုထွန်းထွန်းဝင်း (ထားဝယ်တောင်သူလယ်သမား ကွန်ယက်)
0949851588