25 January 2013

၂၀၀၇ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင် ရန်ကုန်စီးပွားရေးတက္ကသိုလ် B.Econ(stat) တတိယနှစ် ပုံမှန်အတန်းမှာ ဆက်လက်ပညာသင်ကြားခွင့် ငြင်းပယ်ခံခဲ့ရ.

ယနေ့ ၂၄.၁.၂၀၁၃ တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)ကို ရောက်ရှိခဲ့ပါသည်။အကြောင်းမှာ တတိယနှစ် B.Econ(stat) သင်တန်းကို Y.I.E (ရန်ကုန်စီးပွားရေး) တက္ကသိုလ်တွင် ဆက်လက် တက်ရောက်ခွင့်နှင့်ပတ်သက်ပြီး မော်ကွန်းထိန်းအဆင့်(၁) ဦးသန်းစိုးဦး နှင့်သင်တန်းရေးရာ မှ မော်ကွန်းထိန်းဦးတင်အောင်မှ ခေါ်ယူတွေ့ဆုံစကားပြောခဲ့ပါသည်။ 

ထိုသို့တွေ့ဆုံရာတွင် ကျနော့်အား တတိယနှစ်ပုံမှန်အတန်းမှာ ဆက်လက်တက်ရောက်ခွင့်နှင့် ပတ်သတ်ပြီး ငြင်းပယ်ခံခဲ့ရပြီးအဝေးသင် တက္ကသိုလ်သို့ ပြောင်းရန်အတွက် ပညာရေးဝန်ကြီး ဌာန နှင့်အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)မှ ညွန်ကြားချက်စာ အားပေး ခဲ့ပါ သည်။ အဘယ်အတွက်ကြောင့် နေ့သင်တန်း(Day)အား တက်ရောက်ခွင့်မပြုခဲ့ရပါသနည်း ဟု မေးမြန်းကြည့်သော အခါ အကြောင်းပြချက်ကို ဆရာတို့အနေနှင့် မသိပါကြောင်း ယခုညွန်ကြားစာကိုသာ လက်ခံ ရရှိပါကြောင်းနှင့် အဝေးသင်တက္ကသိုလ်တွင် စီးပွားရေးဘာသာရပ်ဖြင့် ဆက်လက်ပညာသင်ကြားခွင့်ပေးထားပါကြောင်း၊ ထိုသို့တက်ရောက်ခွင့်ပြုသောလည်းကျောင်းပြန် လည်အပ်နှံသည့်အခါ မိဘများ ကိုယ်တိုင်လိုက်ပါ အပ်နှံပြီးခံဝန်ကတိလက်မှတ် ရေးထိုးဖို့ လိုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်အဝေးသင်တက္ကသိုလ်သို့ ဆက်လက်ဆက်သွယ်ဆောင်ရွက်ပါရန် အသိပေးလိုပါကြောင်းပြောကြားခဲ့ပါသည်။ ကျွန်တော့်အနေဖြင့်၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကျောင်း သားလှုပ်ရှားမှု ဖြင့် စစ်အစိုးရမှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ်က မပြီးပြတ်သေးသော နေ့သင်တန်းကိုသာ ဆက်လက်တက်ရောက်နိုင်ရေး ထပ်မံကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဝေးသင်တက္ကသိုလ်စီးပွားရေးဘာသာရပ်မှာ ကျွန်တော့်၃နှစ်တိတိကြိုးစားသင်ယူခဲ့ရသော Institute မှပေးမည့် B.Econ(stat) မေဂျာလုံးဝမရှိပါကြောင်းနှင့် သင်ကြားရမည့် ဘာသာရပ်များ သင်ရိုးများ လုံးဝမတူညီသည့်အတွက်ကြောင့် ကျွန်တော့်အနေဖြင့် ၄င်းအဝေးသင်တက္ကသိုလ် ကိုလုံးဝ(လုံးဝ) တက်ရောက်လိမ့်မည်မဟုတ်ဟု ငြင်းပယ်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီးမှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးခေတ် ဟု ကြွေးကြော်၍ ပြည်ပ သို့ရောက်ရှိနေသော သူများကိုပင် နာမည်ပျက်စာရင်း(BlackList)မှပယ်ဖျက်ပေးပြီး ပြည်တွင်းသို့ပြန် လည်ဖိတ်ခေါ်ကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေး အတွက် ပြုလုပ်
နေသည်ဆိုသော်လည်း ယ္ခုကဲ့သို့ပညာရေးဝန်ကြီးဌာန အပါအဝင်သက်ဆိုင်ရာ အာဏာပိုင်များမှ အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသော တက္ကသိုလ်ကျောင်းသားများ ပညာဆက် လက်သင် ယူနိုင်ရေးအားငြင်းပယ်လိုက်ခြင်းသည် တိုင်းပြည်အတွက် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာထိခိုက်နိုင်ပါသည် ဟု ယူဆမိပါသည်။

ယ္ခု ဖြစ်စဉ်နှင့်ပတ်သက်၍ အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသောယုံကြည်ချက်ဖြင့် အကျဉ်းကျခံရသည့် ကျောင်းသား/ကျောင်းသူများစုပေါင်း၍ သက်ဆိုင်ရာကျောင်းများတွင် သင်ကြားနေ ဆဲဘာသာရပ် အတန်းများတွင်ဆက်လက် သင်ကြားခွင့်ရရေးအတွက် လက်တွဲဆောင် ရွက်သွားမည် ဖြစ်ပါသည်။ သက်ဆိုင်ရာသတင်းမီဒီယာများ၊ နိုင်ငံတော်သမ္မ အပါအဝင်အာဏာပိုင်အဖွဲ့ အစည်းများ၊ လွတ်တော်များ၊ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာနေ သူများအားလုံး ထံသို့ ထပ်မံအသိပေးသွားမည်ဖြစ်ပါသည်။ 
 
စည်သူမောင် 3rdyear B.Econ(stats.)Y.I.E 2007.Sep

ပုလောမြို့နယ်ကျောက်ကာကျေးရွှာတွင်အုပ်ချုပ်ရေးမှူးအသစ်ရွှေးချယ်ပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့အတ္တဆန်တဲ့အာဏာရှင်လူနည်းစုများအကြောင်း။



အကြောင်းအရာ။     ။ပုလောမြို့နယ်ကျောက်ကာကျေးရွှာတွင်အုပ်ချုပ်ရေးမှူး  အသစ်ရွှေးချယ်ပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့  အတ္တဆန်တဲ့အာဏာရှင်လူနည်းစုများအကြောင်း။

 3.1.2013 ကျောက်ကာကျေးရွှာတွင်ဒီမိုကရေစီနည်းလမ်းတကျအုပ်ချုပ်ရေးမှူးရွှေးချယ်ရာတွင် ပုလောမြို့နယ်အမျိုးသားလွတ်တော် အမတ် ဦးလှစိုးနှင့် ဒုဦးစီးဦးတင်လင်းဌေးတို့တရားနည်းလမ်းတကျလာရောက်ရွှေးချယ်ပေးကြပါသည်ရွှေးချယ်မှုများကိုရွှာသူ၊ရွှာသားများကကျေနပ်ကြ ပါသည်။
ဆယ်အိမ်စုဝင်(78)ယောက်မှဦးဌေးအောင်နှင့်ဦးသန်းဦးတို့ယှဉ်ပြိုင်ကြရာဦးဌေးအောင် ကဦးသန်းဦး ကို(13)မဲအကွာနှင့်အနိုင်ရရှိခဲ့သည် ။ရွှေးချယ်မှုကိုအများလက်ခံကျေနပ်ကြပါသည်။ ဦးတင်ဂွမ် ဦးဆောင်၍ကြီးကြပ်ရေးမှူး(5)ယောက်နှင့်တကွလူ(15)ယောက်ကန့်ကွက် စာတင်ခဲ့သဖြင့်   (11.1.2013)      နေ့   (11) နာရီ  တွင်ပလရုံးတွင်ခေါ်ယူစစ်ဆေးရန်အကြောင်းကြားလာပါသည်။ဦးဌေးအောင်ဘက်မှဦးကြည်လွင်၊ဦးချစ်ရအောင်၊ ဦးစိုးငယ်တို့ပါတယ်။  
ကန့်ကွက်တဲ့ အဓိကအကြောင်းကတော့
(1) ရာဘာတော မှာစစ်ကြေးပေးတဲ့ အကြောင်း
(2)တာတံမံရောင်း တဲ့ အကြောင်း
(3)ဦးဌေးအောင်ယောက်ဖ ကိစ္စ  ။

၎င်းကိစ္စနှင့်ပတ်သက်၍ကန့်ကွက်သူများပြောချင်တာကတော့ သူများနောက်ကြောင်းအပြစ်ကိုဖော် ချင်ရင်ကိုယ့်ရဲ့နောက်ကြောင်း သမိုင်း ဘယ်လောက်     ကောင်း သလဲဘာတွေလုပ်ခဲ့သလဲဆိုတာကိုသုံးသပ်စေချင်ပါတယ်။

ကျွန်တော်သိရသလောက်တော့ ဦးဌေးအောင်တို့မကောင်းသတင်းတွေကြေးမုံသတင်းစာတွေနှင့်တီဗွီဖန်သားပြင်မှာ တစ်ခါမှပါတာမတွေ့ဖူးပါ။ကန့်ကွက်သူတွေထဲမှာမကောင်း သတင်း ကို  ကြေးမုံသတင်းစာနှင့် တီဗွီဖန်သားပြင်မှာပါခဲ့တဲ့သူတွေရှိပါတယ်။အမှန်တရားကိုမြတ်နိုးသောမီဒီယာသမားများ၊ပြည်သူများအတွက်ဒီသတင်းကိုပို့ပေးလိုက်ပါတယ်။
                      ကျောက်ကာကျေးရွှာသူ၊ရွှာသားများ
                  ပုလောမြို့နယ်၊တနင်္သာရီတိုင်းဒေသကြီး

၉မိုင် စက်မှုလယ်ယာ ငှာရမ်းမှုအကြောင်း အသိပေးခြင်း

အမှတ်၁ လယ်ယာသုံးစက်ကိရိယာ ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (၉မိုင် စက်မှုလယ်ယာ)ကို ၂၀၁၂ စက်တင်ဘာ လောက်မှာ စက်ရုံကို ပုဂ္ဂလိက ငှားမယ်ဆိုပြီး သတင်းစာထဲထည်.ပါတယ်၊စတာက အဲဒီမှာတည်းက စတာပါ၊ဘုတ်အဖွဲ.က ဒီစက်ရုံဟာ နိုင်ငံတော်အတွက် အကျိုးအမြတ် ရှိနေသလို တောင်သူလယ်သမားတွေအတွက်လည်း အထောက်အပံ.ကောင်းကောင်းဖြစ်နေတဲ့အတွက် ကန်.ကွက်ခဲ့ပေမယ်. ၀န်ကြီး တစ်ဦးတည်းရဲ. သဘောထားနဲ. ငှားမယ်ဆိုပြီးဖြစ်တာလို.သိရပါတယ်။ပိုစိတ်ဝင်စားစရာကောင်းတဲ့အကွက်တစ်ခုလည်းရှိပါသေးတယ်

သတင်းစာထဲမထည်.ခင် ခုလက်ရှိရသွားတဲ့ Young Investment Group (အင်းလျားကန် မျက်စောင်းထိုး ပြည်လမ်းမကြီးပေါ်မှာ သူတို.ကားအလုပ်ရုံ ၇ှိပါတယ်)ကတာဝန်ရှိသူတွေက အဲဒီစက်ရုံကို အရင်ရောက်လာပြီး ဒီစက်ရုံငှားမလို. အဘကိုပြောထားပြီးသား ၀င်ကြည်ချင်တယ်ဆိုပြီးရောက်လာတာပါပဲ။ဆုံးဖြတ်ချက်တောင်မကျသေးတဲ့ စက်ရုံကိုငှားဖို.ပြောထားပြီးပြီ ဆိုတာကတော. ? ထပ်သေချာသွားတာကတော. တစ်ပတ်အတွင်းမှာပဲ အဲဒီCompany ကို ငှားရမ်းခွင်.ပြုလိုက်ပါတယ်တဲ့၊ဒီ.ထက်ပို စိတ်ဝင်စားစရာက ဒီဝန်ကြီးဌာန အောက်မှာရှိတဲ့ သင်္ဃန်းကျွန်းဆီသန်.စက်ရုံကိုလည် ဒီ Company ပဲရသွားပါတယ်၊ ၀ါကြိတ်စက်ရုံတွေလည်း ဒီ Company ပဲရထားသလို ပျဉ်းမပင်ပန်ကာကြိုးစက်ရုံကလည်း ဒီ Company ပဲထင်ပါတယ်။တိုက်ဆိုင်တာလား ပိုင်တာလားတော. စစ်ကြည်မှသိမယ်ထင်ပါရဲ.

ခု ၉မိုင် စက်ရုံကိစ္စကလည်း အဲ့ဒီတည်းက ကြိုးစားနေပေမယ်. ရှေ.နေချုပ်ရုံးက ကန်.ကွက် မြေယာပိုင်ဆိုင်မှုဆက်နွယ်နေတဲ့ ကာကွယ်ရေးဝန်ကြီးဌာန က ကန်.ကွက်နဲ.ပဲ အတော်အံ.အားသင်.ဖွယ်ရာ ကြိုးစားမှုတွေနဲ. အခုတော. အားလုံးကသဘောတူလိုက်ပါတယ်တဲ့ကိုတင် ရွေးချယ်ခိုင်းထားတဲ့ သဘောထားကောက်ချက်တွေအရ လူ ၁၇၀ ကျော်ရှိတဲ့ စက်ရုံမှာ လုပ်ပြီးကျန်ခဲ့မှာက ၁၆ ယောက်တဲ့ ။ဘာအာမခံချက်မှလည်း ရေရေရာရာမပေး ရှိပြီးသားဝန်ထမ်းတွေကျတော.လည်း ထုတ်လုပ်ရေး ပညာရှင်တွေကနေ စက်ပြင်သာသာ ဘ၀တွေ ရောက်ရပါတော.မယ်၊ ဒီလိုပညာရှင်တွေဖြစ်လာအောင်သင်ပေးခဲ့ရတဲ့စ၇ိတ်တွေက နိုင်ငံတော်စ၇ိတ်ဆိုပေမယ်. ပြည်သူ.ပိုက်ဆံတွေပါ။  
 
ဖြစ်နိုင်ရင်တော. သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီတိုက်ရိုက်ရောက်နိုင်မယ်.နည်းလမ်း များလည်းအကြံပေးစေလိုပါတယ်။အတည်ပြုချက်မရတဲ့ သတင်းတွေအရတော.နိုင်ငံတော်သမ္မတ ဆီကို တင်ပြရာမှာ စက်ရုံဟာအရှုံးပြနေတယ်ဆိုပြီး တင်ပါတယ်တဲ့။တကယ်က ဘယ်တုန်းကမှ မရှုံးခဲ့တဲ့စက်ရုံပါ။ဒါပေမယ်. ဒီလိုလုပ်ချင်တာကြောင်.လားတော. မသိပါဘူး။ ၁၀ လပိုင်းလောက်ကစပြီး လုပ်ငန်းတွေ ရှိလျှက်နဲ. ဘာဘတ်ဂျက် မှ ချမပေးတာကြောင်. ၀န်ထမ်းတွေငုတ်တုတ်ထိုင်နေရပါတယ်။ဒါမှအရှုံး ပြလို.ရမှာကြောင်.ထင်ပါတယ်။ဒါကြောင်.ဒီကိစ္စတွေကို မရမ်းကုန်းလွှတ်တော်အမတ် ဒေါ်မေ၀င်းမြင်. သိစေချင်သလို အခြားစောင်.ကြည်.ပေးမယ်.၊တရားဝင်လေ.လာရေးသားပေးမယ်. Media တွေလည်း သိစေချင်ပါတယ်၊ဒါကြောင်. ပတ်သက်ဆက်နွယ်သူများ ကူညိပေးဖို.လည်း မေတ္တာရပ်ခံပါတယ်။

ခုတော. ၀န်ထမ်းမိသားစုတွေအားလုံးဟာ ဘယ်တော. လိုင်းခန်းတွေပေါ်က ဖယ်ရတော.မလဲ၊ဘယ်တော.ပြောင်းရတောမှာလည်း၊ဘယ်တောထွက်ရတောမှာလည်း၊ပင်စင်ကလည်း မသေချာ၊ဆက်လုပ်ရအောင်ကလည်း ဘာအာမခံချက်မှမရှိ (ဘာလို.လည်းဆိုတော. ၂၀၁၁ ခုနှစ် လပိုင်းတည်းကလွှဲလိုက်ရတဲ့ ပန်ကာကြိုးစက်ရုံကို ဒီတိုင်းပစ်ထားပြီး ကျန်တဲ့ဝန်ထမ်း ၁၀ယောက်လောက်(အရင်က ရာဂဏန်းရှိပါတယ်) ကိုလစာပေးထားပြီး စက်ရုံကို ဒီတိုင်းထားထားသလို သင်္ဃန်းကျွန်း ဆီသန်စက်ရုံဆိုလည်း စက်ပစ္စည်းတွေ ဖြုတ်ပြီးရောင်း တော.မယ်.


နောက်တစ်ခုက လေလာမိသလောက် လွှတ်တော်မှာ ပုဂ္ဂလိက လွှဲပြီးသွားရင် စာချုပ်ပါစည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ခြင်းရှိ/မရှိ ဆန်းစစ်တဲ့ ကော်မတီ တစ်ရပ်ရှိတယ်လို.ပြောပါတယ်၊ဒီကော်မတီအနေနဲလည်း အချက်အလက်တွေမြင်သာထင်သာစောင့်
ကည် ထုတ်ပြန် ပေးစေချင်ပါတယ်၊ ခုဒီ လူ၂၀၀ နီးပါး စက်ရုံကြီးကို လူ၁၆ ယောက်နဲ. ဘာတွေဘယ်လိုဆက်ထုတ်မလဲသိချင်တာပါ၊ စာချုပ်စည်းကမ်းမှာ မူလထုတ်လုပ်ရေး လုပ်ငန်းများ လုပ်ရမယ်လို.ပါပါတယ်တဲ့ကျွန်မတို.က၀န်ထမ်း မိသားစုမိုဒီနေရာက မသွားချင်တာမျိုးပေမယ်. နိုင်ငံအတွက်အကျိုးရှိရင်တော. ဖြေသာပါတယ်၊ ၀န်ထမ်းတွေသာပြုတ်သွား၊စက်ရုံကြီး ကျတော.ပိတ်ထား၊သူတို. အကျိုးအမြတ်သက်သက်အတွက် အချိန်တွေရင်းပြီး အခြားရည်ရွယ်ချက်နဲ. ငှားထားကြတာမျိုးဆိုရင်တော. မဖြစ်သင်ပါဘူး၊ခုဒီစက်ရုံကို တစ်လ သိန်း ၅၀၀ နဲ.ငှားတယ်လို.သိရပါတယ်..အကျယ်အ၀န်း၁၀ ဧက ကျော်ရှိပြီး ပြည်လမ်းမကြီးဘေးမှာ ရှိနေတဲ့ဒီနေရာ၊အထဲမှာတပ်ဆင်ထားတဲ့စက်အားလုံး အနေအထားနဲ. ဒီနှုန်းဟာ ရသင့်တဲ့အနေအထားဟုတ်/မဟုတ်လေ့လာသင့်ကြသလို နောက်ပိုင်းဒီလုပ်ငန်းကိုဆက်လုပ်/မလုပ် လည်းစောင်.ကြည်.စေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဒေသတစ်ခုမှာ ဓလေ.ကျပေါက် ပျဉ်း ကတိုးတွေ ခုတ်ယူချင်တာနဲ. ရော်ဘာ စိုက်ပျိုးရေး မြေတွေလျှောက်၊ပြီးတော.ပစ်ထား၊ဒီလိုပဲ နေပြည်တော်အမြန်လမ်း တစ်လျှောက် မြေလိုချင်တာနဲ့ ကျွန်းကွက်တွေလျှောက်၊လမ်းဘေးလောက်ပဲ ဟန်ပြစိုက်ပြထားပြီး အခြေအနေတစ်ရပ်၊အချိန်အခါ တစ်ခုကို စောင့်ဆိုင်းနေကြသူများ ဆိုတာရှိခဲ့ ရှိနေဆဲပါရှင်၊ ပြီးတော. ဒီ Company က အာမခံလုပ်ငန်းလည်း လေလံအောင်ထားတယ်လို.သိရပါတယ် သိန်းပေါင်းသောင်းချီသွင်းရတဲ့ လုပ်ငန်းပါ ၊ဒါအပြင် စက်ရုံတွေလေလံဆွဲထားပြီး မလည်ပတ်ပဲ လစာတွေရော ဘာအကြောင်းနဲ. ပေးနေ၊ပေးနေနိုင်တာပါလဲ၊နိုင်ငံတော်ရဲ. ၀င်ငွေခွန် တန်းစီဇယားထဲမှာရော ဒီ Company ကဘယ်နေရာမှာပါနေပါသလဲရှင် ၊ ဒါအပြင် တကယ်. ပြည်တွင်းနိုင်ငံသားပိုင်  ဟုတ်/မဟုတ် မဟုတ်ရင်လည်း ဘယ်သူတွေ ဘယ်ငံညခားသားတွေ က ကျောထောက်နောက် ခံပေးထားတယ် ဆိုတာတွေက သေချာ ဆန်းစစ်ဝိုင်းဝန်း စောင့်ကြည့်သင့် တယ် ထင်ပါ တယ်၊တကယ်တော. လက်ရှိလေလံပစ်တယ်၊ပုဂ္ဂလိက လွှဲတယ်ဆိုတာတွေက ဘယ်သူတွေ လာလေလံဆွဲတယ်၊ဘယ်လောက်တွေနဲ့ဆွဲတယ်၊ဒါကြောင်. ဘယ်သူ့ကို ခွင့်ပြုလိုက်တယ်၊စာချုပ်ပါ စည်းမျဉ်းတွေက ဘာတွေဆိုတာက သမ္မတ ကြီးပြောလေ့ရှိတဲ့ မိဘပြည်သူ အပေါင်းကို ချပြရမှာ မဟုတ်ဘူးလားရှင်။ ဒီကိစ္စနဲပတ်သက်ပြီး သတင်းဖြန်ချိနိုင်သူများဖြန့်ျီပေး၊စောင့်ကြည်နိုင်သူများ က စောင့်ကြည့်ပေး၊ရေးသားနိုင်သူများက ရေးသားပေး ဖိုမေတ္တာရပ်ခံပါတယ်ရှင်။ 

ဒီလိုပုဂ္ဂလိ က အမည်ခံ တွေဆီကို ရုတ်ချည်းလွှဲပြောင်းမှုတွေကြောင်. ကျွန်မတို.ရှေ.မှာ နစ်နာခဲရတဲ့ ပညာရှင်တွေ ၀န်ထမ်းတွေ ရှိခဲ့ပြီးသလို ကျွန်မတို.လည်း ကြုံရတောမှာပါ၊ဒါပေမယ်နောက်ထပ်ဘယ်သူမှ ထပ်မကြုံစေချင်လိုပါ၊  တစ်ချို့တွေပြောသလို အစိုးရက တစ်ဝက်တစ်ပျက် ထိမ်းပေး၊ ကိုယ်ဝန်ထမ်းတွေလည်း စိတ်ချရပြီ အခြေတည်နိုင်ပြီဆိုမှ လုံးလုံးလွှဲလိုက်ရင် ရှဉ်.ရော ပျားရော စိတ်ချမ်းသာစရာလေးဖြစ်မှာမှို.ပါရှင်။အားလုံးပဲ တတ်နိုင်သူများ တတ်နိုင်တဲ့ဘက်က ကူညီပေးကြပါအုံးရှင်။ဒီအချက်အလက်တွေနဲပတ်သက်လို.ကတောစက်ရုံက ဘယ်ဝန်ထမ်းကိုမဆို မေးလိုရပါတယ်။

 ကျွန်မတိုအဖိုတော့ ဒီစက်ရုံကို စွန်ခွာရဖိုအချိန် သိပ်မကျန်တော.ပေမယ်. နောက်ထပ်ဝန်ထမ်းတွေ ဒီလိုမဖြစ်စေချင်တာပါ။ခုလို ပုဂ္ဂလိကပိုင် လုပ်လိုက်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလုပ်ရပ်နားသွားခဲ့ကြရတဲ့ ၀န်ထမ်းတွေ ဘယ်လောက်ရှိနေပြီလဲတောမသိပါဘူး။ကျွန်မတိုကတောကိုယ်နဲဆက်စပ်တာလောက်ပဲသိတာမို. ဥပမာ အင်းကုန်း စက်ရုံကြီးလည်း ဒီလိုပဲခံလိုက်ရပြီး ခုတော.ဟုတ်တိပတ်တိ ဘာမှမလုပ်ပဲ ၀န်ထမ်းတွေအလုပ်လက်မဲ့ ဖြစ်သွားတာပဲ အဖတ်တင်ပါတယ်ငံတော်အတွက် ပုံမှန်ဝင်ငွေရနေတယ် ဆိုပေမယ်. အဲ့ဒီလို လွှဲယူပြီး ရပ်နားထားလိုကျဆင်းသွားတဲ့ ထုတ်လုပ်ရေး အင်အား စုတွေ၊ရပ်နားလိုက်ရတဲ့ ၀န်ထမ်းတွေ ၊ဘယ်လိုရည်ရွယ်ချက်နဲလွဲယူပြီး ရပ်နားထားတယ် ဆိုတာတွေ၊ ဒီလောက်ကြီးတဲ့လုပ်ငန်းကြီးကိုတောင် တစ်ပတ်အတွင်း ပွင်းလင်းမြင်သာမှု မရှိပဲငှားလိုက် တယ်(ရှေနေချုပ်ရုံးကကန်.ကွက်လိုသာစာချုပ်က ခုမှချုပ်ရမှာပါ)ဆိုတာတွေကိုစောင့်ကြည်နိုင်သူ များစောင်.ကြည့်ပေးစေချင်တာပါ။

ဇန်န၀ါရီ ရက်နေကတောစက်ရုံမြေ တစ်ခုလုံး တိုင်းတာပြီး အဲဒီနေ. ဒါမှမဟုတ်နောက်နေ.မှာ ဂရံသွားလျှောက်မယ်လို.သိရပါတယ်။စာချုပ်ချုပ်ဖိုဂရံမရှိရင် ရှေနေချုပ်ရုံးက ခွင်မပြုတာမိုလျှောက်ရ တယ်လို.သိရပါတယ်။ဒီနေ(၂၄-၁-၂၀၁၃)မှာတော့ကုမ္ပဏီ နဲစာချုပ်ချုပ် မယ်လိုသိရပါတယ်၊ အားလုံးသိရှိစောင်.ကည်နိုင်ရန်ပါ၊အစပိုင်းက ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်ချုပ်ရုံးနဲ. မြေယာပိုင်ဆိုင်မှု မရှင်းမလင်းဖြစ်နေတာ ကို ၃၀-၁၂-၂၀၁၂ နေက သဘောတူညီမှုရခဲ့ပါတယ်တဲ့၊
ဒါပေမယ်.ဂရံတောမရသေးဘူးလို.ကြားရပါတယ် မည်သည့်ကဏ္ဍ အတွက်ဖြစ်စေ အသုံးပြုနိုင်ရန်ပါရှင်...။

21 January 2013

ခရိုနီတွေက NLD ပညာရေးရံပုံငွေလှူဒါန်းမှုအပေါ်.. ဘေးမှ...ဋီကာချဲ့နေသူများသို့......

Photo: ခရိုနီတွေက NLD ပညာရေးရံပုံငွေလှူဒါန်းမှုအပေါ်..
ဘေးမှ...ဋီကာချဲ့နေသူများသို့......
-------------------------------------------------

ဒေါ်စုကိုတစ်ချို့ကပြောနေကြတယ်..
ခရိုနီတွေက အင်န်အယ်လ်ဒီပညာရေးရံပုံငွေကိုလှူတဲ့ကိစ္စ..

ဒေါ်စုလဲပြန်ဖြေရတယ်..

တစ်ချို့က..အဲဒီလိုမြင်တယ်ဆိုတော့..
ဒီလူတွေမြင်ပေါက်က...
လူကြားလို့တောင်မကောင်းပါဘူးဗျာ..

တစ်ချို့ကကျတော့လဲ..
ဒေါ်စုက..ဘဘတွေနဲ့အတူတူဆိုတဲ့ပုံစံမျိုး..
အတင်းကို..တံဆိပ်ကပ်ကြတယ်...
ဖွကြတယ်...အဆင်းဘီးတပ်ကြတယ်..

အဲဒီလိုလျှောက်လုပ်နေတဲ့..
နလပိန်းတုံးတွေကိုကြည့်ပြီး..
သနားလာတယ်..

မြန်မာပြည်ကခရိုနီဆိုတာ..ဒေါ်စုအနေအထားနဲ့တွက်ရင်..
ပုရွက်ဆိတ်တစ်ကောင်အဆင့်တောင်မရှိပါဘူး..

ဘာဖြစ်လို့လဲဆိုတော့..
ဒေါ်စုက..နိုင်ငံခေါင်းဆောင်မဟုတ်သေးတာတောင်..

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံခေါင်းဆောင်တွေကိုယ်တိုင်ကရော???.
ကမ္ဘာ့အဂတိလိုက်စားမှုအနည်းဆုံးနိုင်ငံတွေကခေါင်းဆောင်တွေကအစရော??
.လေးစားအားကျရတယ်..

ကမ္ဘာ့ standard ငွေကြေးစနစ်ဖြစ်တဲ့..
ဒေါ်လာငွေစနစ်ပိုင်ဆိုင်တဲ့စူပါပါဝါနိုင်ငံရဲ့
့ခေါင်းဆောင်ကိုယ်တိုင်ကရော??..
မျက်နှာသာပေးရတယ်..

တစ်ချိန်ကနေမ၀င်အင်ပါရာရဲ့..ခေါင်းဆောင်ကရော..??
ဘယ်လို့သဘောထားပါသလဲ....

ဆန်ရှင်ပွင့်တာတွေက..သူစွမ်းဆောင်မှုမပါဘူးလို့ရော
ပြောလို့ရလို့လား..???

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ကိုယ်တိုင်ကရော..??

ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေကအစိုးရတွေ၊
ပညာရှင်တွေနဲ့ကမ္ဘာတ၀ှမ်းကပြည်သူတွေကရော????

ဂျော့ဆိုရော့လို..ဘီလျှံနာ..ကမ္ဘာကျော်သူဌေးမျိုးကရော..??
မလေးစားပဲနေလို့လား...

ကျန်တာတွေရှိဦးမယ်...

အဲဒီတော့စဉ်းစားကြပေါ့...

---------------------

ပြောချင်တာကတော့...

တေဇဆိုမှ...ဇော်ဇော်ဆိုမှ..
ခရိုနီလို့မမြင်ပဲ..စပွန်ဆာလို့မြင်နေသူတွေ..
နိုင်ငံတော်သူဌေးလို့ထင်မှတ်နေသူတွေက..
အမှန်ဆိုရင်..
ဘယ်သူတွေပါလဲ...????

ဒီခရိုနီတွေကိုမှအားမကိုးရရင်...
အားကိုးမဲ့သူမရှိပုံစံမျိုးဖြစ်နေတာရော..
ဘယ်သူတွေပါလဲ???

နောက်ပြီး..
ခရိုနီတွေက..အင်န်အယ်ဒီရံပုံငွေကိုပေးတာမှမဟုတ်တာပဲ..
လူမသိသူမသိပေးတာလဲမဟုတ်..
ပညာရေးလုပ်ငန်းတွေအတွက်လူသိရှင်ကြားပေးတာအားလုံးအသိ..
အဲဒါကိုဘာဖြစ်နေကြတာပါလဲ???

နောက်တစ်ခု...
ခရိုနီတွေနဲ့ဆက်စပ်တဲ့အစိုးရဌာနတွေ..၊လုပ်ငန်းတွေမှာ..
ရံပုံငွေအတွက်လှုတာမဟုတ်ပဲ..
ပညာရေးကျန်းမာရေးမဟုတ်ပဲ..
သက်ဆိုင်ရာလုပ်ပိုင်ခွင့်ရှိသူတွေကို..
လူမသိသူမသိ..
ခရိုနီတွေက..ပေးကမ်းထားတာတွေ..
ဝယ်ခြမ်းပေးတာတွေ...
"ဖန် " ပေးထားတာတွေ..
ဘာတွေဆိုတာကျတော့..
ဘယ်လောက်အထိရှိသလဲဆိုတာကျတော့..
ဘာလို့မပြောကြ..မဖွကြတာပါလဲ..???
(လုပ်ပိုင်ခွင့်ရှိတဲ့သူတွေထဲက..အနည်းဆုံး..
၇၀ ရာခိုင်နှုန်းမကင်းပါဘူးဆိုတာပြောရဲတယ်...)

မကင်းတဲ့သူ..အရေးယူ..ထောင်ချကြေးဆိုရင်..
အစိုးရယန္တယားကြီးတစ်ခုလုံး..
အရေစုတ်ပြီးသားကြံဖတ်လို့...ဖွာစုတ်သွားမယ်ဆိုတာ..
သိရက်သားနဲ့ဗျာ..

အဲဒါကိုအမေစုနဲ့ NLD ရဲ့လူသိရှင်ကြားကြေငြာပြီးလုပ်တဲ့..
ပညာရေးရန်ပုံငွေကိစ္စကိုမှ..
ဘာလို့.Highlight လုပ်နေကြရတာလဲဆိုတာ..
အရမ်းကို အံ့သြမိပါတယ်...

လူသိရှင်ကြားပညာရေးအလှုခံတာကျတော့..ပြောမဆုံးဘူး..
လူမသိသူမသိ..အိမ်နောက်ပေါက်က၀င်တဲ့..
ဖြစ်စဉ်ပေါင်း..သောင်းခြောက်ထောင်ကိုကျတော့..
နှာစေးနေသလိုပဲနော်..

အမေစုက..
ပြောလို့ရတဲ့သူမို့လို့..သည်းခံခွင့်လွှတ်တဲ့သူမို့လို့.
ပြောတာမျိုးလား..
အာဏာလက်ထဲမှာမရှိလို့၊မကြောက်လို့..
စော်ကားတာမျိုးလား..
ဆိုတာကတော့..
ခင်ဗျားတို့စိတ်ထဲမှာပဲရှိမှာပါ....

ဆင်ခြင်ကြပေါ့ဗျာ...... 
 
 ဒေါ်စုကိုတစ်ချို့ကပြောနေကြတယ်..
ခရိုနီတွေက အင်န်အယ်လ်ဒီပညာရေးရံပုံငွေကိုလှူတဲ့ကိစ္စ..

ဒေါ်စုလဲပြန်ဖြေရတယ်..

တစ်ချို့က..အဲဒီလိုမြင်တယ်ဆိုတော့..
ဒီလူတွေမြင်ပေါက်က...
လူကြားလို့တောင်မကောင်းပါဘူးဗျာ..

တစ်ချို့ကကျတော့လဲ..
ဒေါ်စုက..ဘဘတွေနဲ့အတူတူဆိုတဲ့ပုံစံမျိုး..
အတင်းကို..တံဆိပ်ကပ်ကြတယ်...
ဖွကြတယ်...အဆင်းဘီးတပ်ကြတယ်..

အဲဒီလိုလျှောက်လုပ်နေတဲ့..
နလပိန်းတုံးတွေကိုကြည့်ပြီး..
သနားလာတယ်..

မြန်မာပြည်ကခရိုနီဆိုတာ..ဒေါ်စုအနေအထားနဲ့တွက်ရင်..
ပုရွက်ဆိတ်တစ်ကောင်အဆင့်တောင်မရှိပါဘူး..

ဘာဖြစ်လို့လဲဆိုတော့..
ဒေါ်စုက..နိုင်ငံခေါင်းဆောင်မဟုတ်သေးတာတောင်..

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံခေါင်းဆောင်တွေကိုယ်တိုင်ကရော???.
ကမ္ဘာ့အဂတိလိုက်စားမှုအနည်းဆုံးနိုင်ငံတွေကခေါင်းဆောင်တွေကအစရော??
.လေးစားအားကျရတယ်..

ကမ္ဘာ့ standard ငွေကြေးစနစ်ဖြစ်တဲ့..
ဒေါ်လာငွေစနစ်ပိုင်ဆိုင်တဲ့စူပါပါဝါနိုင်ငံရဲ့
့ခေါင်းဆောင်ကိုယ်တိုင်ကရော??..
မျက်နှာသာပေးရတယ်..

တစ်ချိန်ကနေမ၀င်အင်ပါရာရဲ့..ခေါင်းဆောင်ကရော..??
ဘယ်လို့သဘောထားပါသလဲ....

ဆန်ရှင်ပွင့်တာတွေက..သူစွမ်းဆောင်မှုမပါဘူးလို့ရော
ပြောလို့ရလို့လား..???

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ကိုယ်တိုင်ကရော..??

ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေကအစိုးရတွေ၊
ပညာရှင်တွေနဲ့ကမ္ဘာတ၀ှမ်းကပြည်သူတွေကရော????

ဂျော့ဆိုရော့လို..ဘီလျှံနာ..ကမ္ဘာကျော်သူဌေးမျိုးကရော..??
မလေးစားပဲနေလို့လား...

ကျန်တာတွေရှိဦးမယ်...

အဲဒီတော့စဉ်းစားကြပေါ့...

---------------------

ပြောချင်တာကတော့...

တေဇဆိုမှ...ဇော်ဇော်ဆိုမှ..
ခရိုနီလို့မမြင်ပဲ..စပွန်ဆာလို့မြင်နေသူတွေ..
နိုင်ငံတော်သူဌေးလို့ထင်မှတ်နေသူတွေက..
အမှန်ဆိုရင်..
ဘယ်သူတွေပါလဲ...????

ဒီခရိုနီတွေကိုမှအားမကိုးရရင်...
အားကိုးမဲ့သူမရှိပုံစံမျိုးဖြစ်နေတာရော..
ဘယ်သူတွေပါလဲ???

နောက်ပြီး..
ခရိုနီတွေက..အင်န်အယ်ဒီရံပုံငွေကိုပေးတာမှမဟုတ်တာပဲ..
လူမသိသူမသိပေးတာလဲမဟုတ်..
ပညာရေးလုပ်ငန်းတွေအတွက်လူသိရှင်ကြားပေးတာအားလုံးအသိ..
အဲဒါကိုဘာဖြစ်နေကြတာပါလဲ???

နောက်တစ်ခု...
ခရိုနီတွေနဲ့ဆက်စပ်တဲ့အစိုးရဌာနတွေ..၊လုပ်ငန်းတွေမှာ..
ရံပုံငွေအတွက်လှုတာမဟုတ်ပဲ..
ပညာရေးကျန်းမာရေးမဟုတ်ပဲ..
သက်ဆိုင်ရာလုပ်ပိုင်ခွင့်ရှိသူတွေကို..
လူမသိသူမသိ..
ခရိုနီတွေက..ပေးကမ်းထားတာတွေ..
ဝယ်ခြမ်းပေးတာတွေ...
"ဖန် " ပေးထားတာတွေ..
ဘာတွေဆိုတာကျတော့..
ဘယ်လောက်အထိရှိသလဲဆိုတာကျတော့..
ဘာလို့မပြောကြ..မဖွကြတာပါလဲ..???
(လုပ်ပိုင်ခွင့်ရှိတဲ့သူတွေထဲက..အနည်းဆုံး..
၇၀ ရာခိုင်နှုန်းမကင်းပါဘူးဆိုတာပြောရဲတယ်...)

မကင်းတဲ့သူ..အရေးယူ..ထောင်ချကြေးဆိုရင်..
အစိုးရယန္တယားကြီးတစ်ခုလုံး..
အရေစုတ်ပြီးသားကြံဖတ်လို့...ဖွာစုတ်သွားမယ်ဆိုတာ..
သိရက်သားနဲ့ဗျာ..

အဲဒါကိုအမေစုနဲ့ NLD ရဲ့လူသိရှင်ကြားကြေငြာပြီးလုပ်တဲ့..
ပညာရေးရန်ပုံငွေကိစ္စကိုမှ..
ဘာလို့.Highlight လုပ်နေကြရတာလဲဆိုတာ..
အရမ်းကို အံ့သြမိပါတယ်...

လူသိရှင်ကြားပညာရေးအလှုခံတာကျတော့..ပြောမဆုံးဘူး..
လူမသိသူမသိ..အိမ်နောက်ပေါက်က၀င်တဲ့..
ဖြစ်စဉ်ပေါင်း..သောင်းခြောက်ထောင်ကိုကျတော့..
နှာစေးနေသလိုပဲနော်..

အမေစုက..
ပြောလို့ရတဲ့သူမို့လို့..သည်းခံခွင့်လွှတ်တဲ့သူမို့လို့.
ပြောတာမျိုးလား..
အာဏာလက်ထဲမှာမရှိလို့၊မကြောက်လို့..
စော်ကားတာမျိုးလား..
ဆိုတာကတော့..
ခင်ဗျားတို့စိတ်ထဲမှာပဲရှိမှာပါ....

ဆင်ခြင်ကြပေါ့ဗျာ......
 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားခရီးစဉ်တွင် တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးနှင့် တွေ့မည်

မကြာမီက တောင်ကိုရီးယားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသော ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးသည် လာမည့်အပတ်တွင်း၌ ဆိုးလ်မြို့တော်တွင် မြန်မာနိုင်ငံ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ 

 ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၈ တွင် စတင်မည့် ကိုရီးယားသို့ ငါးရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း ပက်ဂျွန်ဟေးနှင့် တွေ့ဆုံရန် ရှိနေခြင်းဖြစ်သည်။ ပက်ဂျွန်ဟေး သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်န၀ါရီ၂၉ ရက်တွင် တွေ့ဆုံ ဖွယ်ရှိကြောင်း တောင်ကိုရီးယား အရာရှိတစ်ဦးကို ကိုးကား၍ ယွန်ဟပ်သတင်း ကဖော်ပြသည်။ ဒေါ်အောင်ဆန်းစုကြည် သည် တောင်ကိုရီးယားတွင် ပြုံချန်းမြို့၌ ကျင်းပမည့် ဆောင်းရာသီအထူးအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကာ ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကိုလည်း ဖေဖော်ဝါရီ ၁ ရက်တွင် လက်ခံရယူသွားမည်ဖြစ်သည်။

20 January 2013

မုန်းမြို့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ

 
 



 
 
 

 

 
 
ယနေ့ နေ့လည် ၁၁ နာရီ ခန့်တွင် ဖြူးမြို့မှ ကျောက်ကြီးမြို့နယ် အတွင်း ရှိမုန်းမြို့ သို့ ဒေါ်အောင်ဆန်း စုကြည်   ရောက် ရှိ ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မုန်းမြို့ရှိ ဒေသခံများနှင့် မိနစ် ၂၀ ခန့် မိန့်ခွန်းပြောကြား ခဲ့ကြောင်းသိရပြီး ၁ နာရီခန့်တွင် ကျောက်ကြီးမြို့သို့ ဆက်လက်ထွက်ခွါမည်ဖြစ်ကြောင်း သိရသည်။

စူးရှ
ဓါတ်ပုံ - သက်ထူး၊ မိုးလှိုင်ည၊ စူးရှ