25 September 2010

ဦးမိုးဟိန်း (သားဂျာနယ်ကျော်) ၏ နောက်ဆုံး ဈာပနာ မြင်ကွင်း မှတ်တမ်းဓာတ်ပုံ













လူသာဆုံးတယ် ကျန်တာမရှုံးတဲ့ သားဂျာနယ်ကျော်

ဦးမိုးဟိန်း (သားဂျာနယ်ကျော်)သည် ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့ နံနက် (၉း၀၀) နာရီ အချိန်တွင် တစ်ဘ၀ခန္ဓာကို စွန့်ပစ်၍ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့သည်။ ဆရာမိုးဟိန်း၏ ရုပ်ခန္ဓာအား ရွှေဂုံတိုင်အထူးကုဆေးရုံကြီး (SSC)ုမှ ရေဝေးသုဿန်အအေးခန်းသို့ နာရေးကူညီမှု အသင်း(ရန်ကုန်)က သွားရောက် သယ်ဆောင်ပေးခဲ့ပါသည်။
ဦးမိုးဟိန်း (သားဂျာနယ်ကျော်)သည် ဖခင် ဂျာနယ်ကျော် ဦးချစ်မောင် + ဂျာနယ်ကျော် မမလေးတို့၏ သား ကဗျာဆရာ၊ စာရေးဆရာ တစ်ဦးဖြစ်သည့်အပြင် မြင်းခြံမြို့ မဟာပရိတ္တစေတီ တော်မြတ်တည်ထားရာတွင် အလှူရှင်များနှင့် ပူးပေါင်းဦးဆောင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ထို့အပြင် မေမြို့စည်သာရပ်၌လည်း ဒဟတ်စံပြ ပရဟိတပျိုးခင်းကိုလည်း တည်ထောင်ထားသော ပရဟိတ လုပ်ငန်းကို ဦးဆောင်မျိုးစေ့ချပေးခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ရန်ကုန်မြို့ ကမ္ဘာအေးကုန် မြေရှိ ပရိယတ္တိသာသနာ့ တက္ကသိုလ်တွင်လည်း သံဃာတော်များအား အင်္ဂလိပ်စာကို ပညာဒါနအဖြစ် သင်ကြားပေးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထိုသို့သော စာပေ၊ ပညာဒါန၊ ပရဟိတလုပ်ငန်း၊ သာသနာ ပြုလုပ်ငန်းများ လုပ်ဆောင်ပေးဆပ်ခဲ့သူ တစ်ဦးအနေနှင့် မရဏမင်းအား စိန်ခေါ်ခဲ့ပြီး ကမ္ဘာမြေပြင်ပေါ် တွင်ကျန်ရစ်ခဲ့သော လူသားများအား “မှာပါရစေ … ပြောပါရစေ” ဟု မှာတမ်းခြွေကာ မရဏမင်းဆီ ပျော်ပျော်ကြီး လိုက်သွားပြီ ဖြစ်တော့သည်။

“ မှာပါရစေ … ပြောပါရစေ ”


(၁)
ကိုယ်သေရင် မငိုနဲ့၊ ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့ လွတ်ပြီးသား၊ ကျွတ်ပြီးသား။
ထမင်းမထုတ်နဲ့၊ သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့၊ အိုးမလို ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက်ယူမသွားနဲ့၊ ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့၊ သံသရာကြီးမှာလည်ခဲ့သူ။

(၂)
ကိုယ်သေရင် မငိုနဲ့ ကြိုကြိုပြီးသေထားသူ။
“ဘုရားရှင်ရဲ့ဂုဏ်တော်”ကို မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့ မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ပြောပါရစေ -
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့၊
ဟောဒီချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ်မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့၊ ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ
လူသာဆုံးတာ ကျန်တာမရှုံးဘူး။
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။

မိုးဟိန်း (သားဂျာနယ်ကျော်)

ယနေ့ ၂၅.၉.၂၀၁၀ (စနေ) နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)က အလှူမီနီယမ် မှန်ခေါင်းဖြင့် ဈာပနအခမ်းအနား ပြင်ဆင်ပေးကာ အသင်းသူ/သားများတို့မှ မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ကျင်းပပေးခဲ့ပါသည်။ ယင်း အခမ်းအနား တွင် ကျန်ရစ်သူ မိသားစုဝင်များနှင့် အတူ နိုင်ငံရေးလောကမှ လူပုဂ္ဂိုလ်များ၊ စာပေလောကမှ ကဗျာ ဆရာ၊ စာရေးဆရာများ၊ ပရဟိအဖွဲ့အစည်းများမှ လူမှုရေးသမားများ စုံညီစွာ လာရောက်ကြသည်။

လူသားများအတွက် လိုအပ်သော သာသနာရေး၊ ပညာရေး၊ အကျိုးပြု ကဗျာ/စာပေနှင့် ပရဟိတ လုပ်ငန်းများကို နောက်ဆုံးထွက်သက်အထိ ပေးဆပ်သွားသော ဆရာဦးမိုးဟိန်း (သားဂျာ နယ်ကျော်) တစ်ယောက် “လူသာဆုံးတယ် ကျန်တာမရှုံး” ဟု ဆရာကပြောခဲ့သော်လည်း ဤကဲ့သို့ မြင့်မြတ်သော လူသားတစ်ဦး ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခြင်းသည် “လူသာဆုံးတယ် ကျွန်တော်တို့ အတွက်တော့ အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ရပ်ပင်” ဖြစ်တော့သည်။

ဆရာပြောခဲ့တဲ့အတိုင်း “ဟောဒီ ချစ်ရတဲ့မိခင်မြေကို ပြန်လာခဲ့မယ်မုချ” ဆိုတဲ့ စကားရပ် အတိုင်း ကမ္ဘာမြေပြင်ရှိ မြန်မာပြည်တွင်းမှာ ကျွန်တော်တို့ သက်ရှိထင်ရှား ရှိနေဆဲအချိန်၌ ဆရာပြန် အလာကို စောင့်စားလျှက် . . . . ။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

တလောက လုံးမှာက သမီးနှင့်အဖေ တယောက်မျက်နှာတယောက်ကြည့် အားပေးလျှောက်လှမ်းနေသည့်ဘဝ၊ နှင်းရနံ့ကို မခံစားခဲ့ကြရသူများ

mamaOo

မီဒီယာ လွတ်လပ်ခွင့်လုံးဝ မရှိတဲ့ နအဖရဲ့ မတရားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ (ရုပ်သံ)







အခုတော့ ရာဇ၀င်ရိုင်းကြီး တစ်ခုဖြစ်ရချေပြီ...







သီချင်းနားဆင်ရန် Play နှိပ်ပါ.....

အခုတော့ ရာဇ၀င်ရိုင်းကြီး တစ်ခုဖြစ်ရချေပြီ

ရေး ..ထက်အောင်ရှိုင်း
ဆို.. ထက်အောင်ရှိုင်း

V1 ပုံပမာနှိုင်းရလေပြီ ရာဇ၀င်အရိုင်းဆုံးမှာ ဒီသမိုင်းဆိုးတော့လိုက်မမှီ

သာဿနာပါမကျန်စော်ကားသည်..

ရွှေပြည်တော်ကို ချည်တုတ် အမြည်းလုပ်မြူးသည်

ခေတ်စံနစ် နောက်ပြန်ချီလှမ်း တောတပ်စခန်းတည်

စစ်လက်နက်တွေမတန်တဆ တိုးချဲ့တပ်ဆင်

တိုင်းတပါးမကျူးကျော်လာလည်း ကိုယ့်ပြည်သူ ကိုယ်ပြန်တိုက်သည် ..

V2 သယံဇာတသုံးမကုန်ပြီ ကျန်ဖန်ဖြုန်းတီးကာ အလွဲသုံးစားလုပ်သည်

မတန်မရာလူပါကုန်ကူးသည် ပြည်သူတွေကို အရုပ်များလို့မှတ်သည်

တိုင်းရင်းသားတွေအပေါ်လည်းဂရုမစိုက်တော့ပြီ

ဆင်းရဲသားတွေ ခမျာလည်း တောင်းစားရပြီ

ခေါင်းပါးရစ်ကျန်လေတော့ ဝေးရပ်သို့ရှောင်ခွါကြပြီ .. ..

V3 သမ္မတလည်းဖြစ်ချင်သည် အာဏာရခဲ့ရင် ၀န်ကြီးချုပ်လုပ်မည်

နိုင်ငံမူပိုင်အုပ်စိုးမည်

ကြိုတင်ကြံစည်ဖန်တီးပြီးခဲ့ပြီ အများရဲ့သဘောဆန္ဒလည်း အသိအမှတ်မပြုပေ

ကမ္ဘာ့ပတ်ဝန်းကျင် အသံလည်းမမှု့တော့ပြီ

ရုရှားနဲ့ တရုတ်ကိုသာပဲ ရှိသမျှ အကုန်ပုံအပ်တော့သည် ......

V4 သဘာဝတရားလည်းဖောက်ပြန် ပြီကံကြမ္မာဆိုးကဖန် မင်းဆိုးအတွက်မထောက်ခံ

တပင်တိုင်းစင်ပေါ် ယစ်မူးသည်

နေပြည်တော်ကို သဏ္ဍန်လုပ်သရုပ်ပြသည်

မြို့ပြရဲ့အလှ ရန်ကုန်တော့ ကျောခိုင်းခဲ့သည်

အင်းယားရဲ့ အလှရေပြင်လည်း ခန်းခြောက်ရပြီ

သတင်းမပေါက်ဘို့ အများပြည်သူထဲ ဖုန်းဖို့ကြံစည်လည်း မမှီ .. .. ..


လူသိလွယ်..နားဝင်လွယ်တဲ့ တေးသီချင်းတွေကို ဖန်တီးတင်ပြပေးတဲ့ ကိုသော်ကြီး ၊ကိုထက်အောင်ရှိုင်း၊ နဲ့ ညီငယ် အလင်းဆက်၊ ခမိခဆဲတို့အား ကျေးဇူးတင်ပါသည်။ ပြည်တွင်းမှ နားဆင်လိုသူတွေ အတွက် ပြန်လည်ဖြန့်ဝေပေးကြပါ..။ Download Link အောက်မှာ ရယူနိုင်ပါသည်။

ဘလော့ခ်ဂါ ဒီမိုဝေယံ၊ အလင်းဆက်. ခမိခဆဲမှ ဖြန့်ဝေပါသည်။

အခုတော့ရာဇ၀င်ရိုင်းကြီးတစ်ခုဖြစ်ရချေပြီ Download လုပ်ချင်ရင်.... Click နှိပ်ပါ

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ တွဲဖက်အထွေအထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီးနှင့် တွေ့ဆုံခြင်း


ရန်ကုန်တိုင်းမ် အယ်ဒီတာတစ်ဦး တွေ့ဆုံ မေးမြန်းသည်။

(၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြထားတဲ့ တွေ့ဆုံ မေးမြန်းခန်း ဖြစ်ပါတယ်။ )

YT - သြဂုတ် ၃၀ ရက်က ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း တင်သွင်းတဲ့ ရက်က နောက်ဆုံးရက် ဖြစ်နေပါပြီ။ အန်ကယ်တို့ အနေနဲ့ အမည်စာရင်း တင်သွင်းတဲ့ ကိစ္စတွေက အဆင်သင့် ဖြစ်နေပါပြီလား။ ပြီးစီးနေပြီ ဆိုရင်လဲ လွှတ်တော် အသီးသီးမှာ အန်ကယ်တို့ အနေနဲ့ ကိုယ်စားလှယ်လောင်း ဘယ်လောက်နဲ့ ဝင်ပြိုင်ဖို့ ရှိပါသလဲ။

NUP - ပထမ မေးခွန်းအနေနဲ့ ကျွန်တော်တို့ ပါတီက ရေရှည်ရပ်တည်မယ့် ပါတီပါ။ ၂၀၁၀ ရွေးကောက်ပွဲ တစ်ခု လောက်ကိုသာ ကန့်သတ်ပြီးတော့ Short Term စဉ်းစားတာ မဟုတ်ဘူး။ ကျွန်တော်တို့က တိုင်းပြည်ကို ချောက်မကျ အောင်၊ ဒီ့ထက် ဖွံ့ဖြိုး တိုးတက်အောင်၊ ပြည်သူ လိုအပ်တဲ့ ဒီမိုကရေစီကို အပြည့်အ၀ ရပြီးတော့ ပြည်သူတွေ အားလုံး ပျော်ပျော် ရွှင်ရွင်နဲ့ အပေးအယူ မျှပြီး နားလည်မှု ရှိရှိ ပြည်သူနဲ့ အစိုးရ (State and Society) ကြား နေထိုင် နိုင်အောင် ရေရှည် တည်ဆောက် သွားမှာပါ။ ဆိုတော့ ဒီလောကမှာ State and Society ကြားမှာ နည်းနည်း Tension လေးတွေ ရှိမယ်။ ဒါကို လျှော့ဖို့ဆိုတာ ရေတိုနဲ့ လုပ်လို့ မရဘူး။ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ရတာဖြစ်တော့ ဒါတွေကို လုပ်ဖို့က ရေရှည် အနေနဲ့ ကိုယ့်ပါတီကို ထောင်ထားတာ ဖြစ်ပါတယ်။ အချိန်တစ်ချိန် ရောက်လာလို့ တိုင်းပြည်မှာ State နဲ့ Society ကြားမှာ State ရဲ့ Role ကို သူရှိသင့် သလောက်ရှိ၊ Society ရဲ့ Role ကလည်း တက်သင့် သလောက် တက်လာပြီးရင် မျှမျှတတ အပေး အယူလေးတွေနဲ့ လုပ်သွားနိုင်ကြပြီ။

တကယ့် ဒီမိုကရက်တစ် အလေ့အကျင့်ကို လုပ်လာနိုင်ပြီ ဆိုတဲ့ အချိန်ကျရင် ကျွန်တော်တို့ ပါတီလည်းပဲ ရပ်တည်ဖို့ လိုချင်မှ လိုတော့မယ်ပေါ့။ ကျွန်တော်တို့ရဲ့ အတိုင်းအတာနဲ့ ကျွန်တော်တို့အပေါ် ပြည်သူတွေ ဘယ်လောက် ယုံကြည်တယ် ဆိုတာလည်း Test လုပ်ကြည့်ချင်တယ်။ သူများ တိုင်းပြည်တွေမှာလို Opinion Servey တွေ ဘာတွေလုပ်ဖို့ ကျွန်တော်တို့မှာ ဒီလောက် အခွင့်အရေး မရှိဘူး။ အဲဒီတော့ လုပ်လို့ရတာက အခုလို Content တွေပေါ့။ Political Content တွေ ပေါ်လာတဲ့ အခါကျမှ ပြည်သူကို ချပြတဲ့ အပေါ်မှာ ပြည်သူက ဘယ်လောက် လက်ခံလဲ။ တကယ် လုပ်ကိုင်နေတော့ အလွှာ အသီးသီးက လုပ်နေတဲ့ သူတွေအပေါ်မှာ Image ဘယ်လိုရှိလဲပေါ့။ အဲဒါတွေကို Test လုပ်ကြည့်ချင်တာပေါ့။ Program ကို ကြိုက်ရဲ့လား၊ Personality ကို ကြိုက်ရဲ့လား။ ဒါတွေကို Test လုပ်ကြည့်ချင်တော့ အခု ရွေးကောက်ပွဲက အခွင့်အရေးပါ။ ကျွန်တော်တို့က တစ်ပြည်လုံး အတိုင်းအတာနဲ့ ပြိုင်မှာ။ ပြည်နယ်တိုင်း ၁၄ ခုလုံးမှာ ၀င်ပြိုင်မယ်။ တတ်နိုင်သမျှ နေရာ အများစုမှာ လူရှာလို့ ရသလောက်တော့ ပြိုင်နိုင်တဲ့ အရည်အသွေး ရှိသလောက်တော့ ရနိုင်သလောက် ၀င်ပြိုင်မှာပဲ။

ဝင်ပြိုင်နိုင်ဖို့ အတွက်လည်း ကျွန်တော်တို့ကို ထောက်ခံတဲ့ အင်အားစုတွေ ရှိတယ်။ ဒါကို ကြွားပြီး ပြောစရာ မလိုပါဘူး။ အခုလို ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အခါ ကျတော့ အလိုလို Volunteer လုပ်လာတဲ့သူတွေ ပေါ်လာတယ်။ သူတို့က ကျွန်တော်တို့ဟာ တစည ပါတီကို စောင့်ကြည့် နေတာပါ။ တစည ပါတီက Program အရရော၊ လုပ်ကိုင်နေတဲ့ သူတွေရဲ့ အရည်အသွေး အရရော၊ အစဉ်အလာ အရရော ကြိုက်တဲ့ အရည်အသွေး ရှိတဲ့အတွက် အခု ရွေးကောက်ပွဲမှာ ကျွန်တော်တို့ တိုင်းရင်းသား ပါတီ ကိုယ်စား ကျွန်တော်တို့ ၀င်ပြိုင်ပေးပါမယ် ဆိုတဲ့ သဘောလေးတွေ အများကြီး ရှိလာတဲ့အတွက် အကုန်အကျမှာ ဒီလောက်ကြီး ကြောင့်ကြစရာ အကြောင်း မပေါ်ဘူး။ သူတို့ဘက်ကလည်း ကုန်ကျခံပေးမယ့် အရာတွေရှိလို့ ကျွန်တော်တို့ဘက်က အကုန်လုံး ပုံအော ရမယ့် အရာမျိုး မရှိဘူး။

ထိုက်သင့် သလောက်တော့ ပေးရတဲ့ဟာမျိုး ရှိတာပေါ့။ Invest လုပ်ရတာပေါ့။ ကျွန်တော်တို့က အားလုံး နေရာပေါင်း တစ်ထောင် ကျော်မှာ ပြိုင်မယ်။ လွှတ်တော် သုံးရပ်စလုံးမှာ ပြည်သူ့ လွှတ်တော်မှာ ၃၃၀ မှာ ၃၃၀ နီးပါး ပြိုင်မယ်။ အမျိုးသား လွှတ်တော်မှာ ၁၆၈ နေရာမှာလည်း တော်တော်များများပြိုင်မယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တော်တော် များများ ပြိုင်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေရာတွေက တကယ့် အောက်ခြေ အဆင့်၊ နောက်ပြီးတော့ Local Issue တွေ၊ Local Problem တွေအပေါ်မှာ ကျွန်တော်တို့က လုပ်မယ်ဆိုတဲ့ အရာပေါ်မှာ ပြည်သူ လူထုက ဘယ်လောက် လက်ခံမယ် ဆိုတာက ဒါက သိပ်အရေးကြီးတယ်။ ဒါက Local Problem ကို Local နည်းနဲ့ ဖြေရှင်းဖို့ အတွက်ကို ကြည့်ရမှာ။ ဒီဘက်က National Level ကျတော့လည်း Prespective က သိပ်ကိုများတဲ့ အခါကျတော့ ကျွန်တော်တို့က ဦးစားပေးသင့် သလောက်လည်း ပေးပါမယ်။ တကယ်တော့ ပြည်သူ့ လွှတ်တော်မှာ အများကြီးကို ဦးစား ပေးတာလည်း ရှိပါတယ်။

အထူးသဖြင့် ဒီကာလမှာ ကျွန်တော်တို့ ပြည်နယ်တွေကလည်း သိပ် Stable မဖြစ်တော့ Political Tension တွေက မြင့်မြင့် မားမား ရှိတယ်။ ဗဟို ပြည်မမှာ ဒီနေ့ ရှိနေတဲ့ Political Tension တွေကလည်း မြင့်ပါတယ်။ သို့သော် ဒီ့ထက် ပိုဆိုးတဲ့ဟာ တိုင်းပြည်ကို ဒုက္ခပေးနိုင်တဲ့ဟာက ပြည်နယ်တွေမှာ ရှိတယ်။ ပြည်မမှာရှိတဲ့ ပြဿနာတွေက ဒုက္ခ မပေးနိုင်ဘူး။ မဟုတ်ဘူး။ ဒုက္ခပေးနိုင်တယ်။ သို့သော် ဒီဒုက္ခကို ရင်ဆိုင်လို့ ရနိုင်တယ်။ ပြည်နယ်တွေမှာ ဖြစ်လာတဲ့ ပြဿနာက အကုန်ကျ၊ လူ၊ ပစ္စည်း၊ သွင်းအားစု (Men, Material, Resources) အစ ပေးဆပ် ရမှာမို့လို့ သိပ်အေးတဲ့ ပြဿနာ မဟုတ်ဘူး။

ကျွန်တော်တို့က အဲဒီ ပြည်နယ်တွေမှာလည်း တော်တော်များများ ၀င်ပြီးတော့ ထိန်းထိန်း သိမ်းသိမ်း လေး လုပ်ချင်တယ်။ Stable ဖြစ်အောင်ပေါ့။ ကျွန်တော်တို့ ပါတီ စထောင် ကတည်းက ရည်ရွယ်ချက်က တိုင်းပြည်ကြီးကို Stability ရအောင်ပါ။ အာဏာရဖို့ ဆိုပြီး ပါတီကို စထောင်လာတာ မဟုတ်ဘူး။ တိုင်းပြည် ကောင်းရာကောင်းကျိုးအတွက် ဆိုလို့ရှိရင် ကောင်းရာ ကောင်းကျိုး လုပ်တဲ့ ဘယ်သူနဲ့မဆို လက်တွဲ လုပ်မယ်။ တိုင်းပြည်ကို ချောက်ချမယ့် လူစားမျိုး၊ ထစ်ခနဲရှိရင် ငါအစိုးရဖြစ်မှ၊ ငါမင်းသားကြီး လုပ်ရမှ၊ မလုပ်ရရင် ပတ်မကြီး ထိုးဖောက်မယ့် လူစားမျိုး ကျရင်လည်း တိုက်ဖျက်မယ်ပေါ့။ ဒါကို ချေမှုန်းမယ့် အထဲထဲမှာ တစ်တပ် တစ်အား ဝင်ပါသင့် ပါရမယ်ပေါ့။

တိုင်းပြည် ကောင်းရာ ကောင်းကျိုး လုပ်မယ့်သူကို ကျွန်တော်တို့ ကူမယ်။ ကူမယ် ဆိုတာမှာ မျိုးစုံ ကူမယ်။ လွှတ်တော်ထဲမှာ ပါလီမန်ရဲ့ မိခင်လို့ခေါ်တဲ့ အနောက် အစိုးရ ပုံစံပေါ့။ အစိုးရနဲ့ အတိုက်အခံနဲ့ ပြောတဲ့ Opposition Concept ကို မကြိုက်ဘူး။ အတိုက်အခံလို့ နာမည်ခံ လိုက်တဲ့ အတွက် ကောင်းတာ လုပ်လုပ်၊ ဆိုးတာ လုပ်လုပ် ကန့်ကွက်ရမယ်။ အစိုးရ ပြုတ်ကျအောင် လုပ်ရမယ်။ အတိုက်အခံရဲ့ သဘောက အစိုးရ ပြုတ်ကျအောင် လုပ်မှာကိုး။ ကျွန်တော်တို့က ဒီလို မယူဆဘူး။ ကျွန်တော်တို့ ပြည်သူလူထုက သူ့ကို ကြိုက်လို့ တင်ထားမှတော့ သူ့ Term နဲ့ သူ့ကာလလေး အတွင်းမှာ ပြည့်စုံ အောင်တော့ လုပ်ကြည့်ပါစေ။ လုပ်နေတဲ့ ကာလမှာ မှားတာရှိရင် ၀ိုင်းပြီးတော့ ပံ့ပိုး ပေးမယ်။ တည့်အောင် လုပ်ပေးမယ်။ ဒီနည်းနဲ့ သူ့ကို လုပ်သွားမယ်။ နောက် အနာဂတ် Term မှ သူ့ကို မကြိုက်လို့ ပြည်သူက ကျွန်တော်တို့ကို ပေးရင်လည်း ကျွန်တော်တို့ လုပ်မယ်။ လုပ်တဲ့အခါမှာ အကောင်းဆုံး ဖြစ်အောင် လုပ်မယ်ပေါ့။

လွှတ်တော်ထဲမှာ ၀င်အရွေးခံရင် ကျွန်တော်တို့လိုပဲ နေရာ ၁၀၀၀ ကျော်မှာ ၀င်အရွေးခံမယ့် ပါတီဆိုလို့ ပြည်ခိုင်ဖြိုး ပါတီပဲ ရှိတယ်။ ကျန်တဲ့ ပါတီတွေက ရာဂဏန်းပဲ ရှိတယ်။ ကျွန်တော်တို့က ဒါကို ၀မ်းသာပါတယ်။ တိုင်းပြည်မှာ အခြေအနေ အကြောင်းကြောင်း ကြောင့် ပါတီ တစ်ခုထဲကပဲ နေရာတွေ အကုန်ယူတာ မကြိုက်ဘူး။ ဒါဟာ ဒီမိုကရေစီနဲ့ မညီညွတ်ဘူး။ အများရဲ့ အမြင်မှာ ဒီအင်္ဂါရပ်တွေက ဒီမိုကရေစီလို့ ပြောလို့မရဘူး။ ဒီလို တိုင်းပြည်မှာ ၀င်ပြိုင်မယ့် အင်အားစုတွေ ရှိလာတဲ့ အတွက် ဒီမိုကရက်တစ် ရွေးကောက်ပွဲနဲ့ ညီညွတ် လာတယ် ဆိုရင် ဒါကို ၀င်ကူညီတဲ့ သဘောရောက်တယ်။ ၁၀၀၀ လောက် ၀င်ပြိုင်တဲ့ အတွက် မူလ ရည်မှန်းချက် ဖြစ်တဲ့ ကျွန်တော်တို့ကို အကဲဖြတ်ခဲ့တဲ့ဟာကို မှန်ကန်ရာ ရောက်တယ်။

ဒီကနေ့ အခြေအနေအရ ဒါကလဲ NLD က ၀င်မပြိုင်ဘူးဆိုလို့ ဖြစ်တာ။ NLD ၀င်ပြိုင်ရင် ဘာမှ ပေါ်စရာ အကြောင်းမရှိဘူး။ သူလည်းပဲ ကျွန်တော်တို့လို ၁၀၀၀ ဂဏန်းနဲ့ ၀င်ပြိုင်မှာပဲ။ အဲဒီအခါကျရင် ကျွန်တော်တို့က ပြိုင်ဘက်ကောင်း သုံးခု ဖြစ်လာမှာပေါ့။ အခြား အင်အား ကောင်းတဲ့ ပါတီပေါ်လာရင် ပြိုင်ရမယ့် ပါတီ တိုးလာမယ်။ ယခုတော့ နှစ်ခုပါတီထဲက အဓိက ပြိုင်ရတာပေါ့။ ဒါကိုလည်း လက်ခံပါတယ်။ ယှဉ်ပြိုင်တဲ့ နေရာမှာလည်း မှန်မှန်ကန်ကန် ယှဉ်ပြိုင်မှာပါ။ ဘယ်သူ့ကိုမှ အမနာပ ပြောတာမျိုး၊ မတရား ပြောတာမျိုး မလုပ်ပါဘူး။ ကျွန်တော်တို့ Program ဘာလုပ်မယ် ဆိုတာပဲ ချပြမယ်။ ပြည်သူ ကြိုက်ရင်ပေး။ ကျွန်တော်တို့ Program ကို မကြိုက်လို့ သူများကို ပေးမယ်ဆို ပေး။ ဘယ်သူ့ကို ပေးပေး ကျွန်တော်တို့က လက်ခံတယ်။ We accept decision of the People ပေါ့။ ဒါကို လက်ခံ ထားတဲ့ အတွက် ခုလို နေရာ ၁၀၀၀ လောက် ၀င်ပြိုင်တာပါ။ မြိုင်မြိုင် ဆိုင်ဆိုင် ၀င်ပြိုင်နိုင်မယ် အစမ်းသပ်ခံ နိုင်မယ်လို့ မြင်ပါတယ်။

YT - ဒါဆိုရင်တော့ ရွေးကောက်ပွဲက တစ်ပါတီ ပြိုင်ရတဲ့ ပွဲမဟုတ်ဘဲနဲ့ ဘတစ်ပြန် ကျားတစ်ပြန် ပြိုင်နိုင်တဲ့ အနေအထား ရှိသွားပြီပေါ့။ နောက်မေးခွန်း တစ်ခုကတော့ ပြည်ခိုင်ဖြိုး ပါတီရဲ့ အနေအထားကတော့ သူတို့ရဲ့ ပါတီဝင်တွေ မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ကျတဲ့ အခါကျမှ တိုင်းသိပြည်သိ ပုဂ္ဂိုလ်တွေ၊ အသိပညာရှင်တွေ၊ အတတ် ပညာရှင်တွေ၊ လူတွေ လေးစားလောက်တဲ့ သူတွေ ပါလာအောင် ဖိတ်ခေါ်ပြီး လုပ်တာကို တွေ့ရပါတယ်။ အန်ကယ်တို့ တစည ပါတီ အနေနဲ့တော့ လူတွေ လေးစား အသိအမှတ် ပြုလောက်တဲ့ ပုဂ္ဂိုလ်တွေကို Recruit လုပ်ပြီး ၀င်ပြိုင်တာမျိုး ရှိပါသလား။

NUP - ကျွန်တော်တို့မှာ ရည်ရွယ်ရင်း ရှိပါတယ်။ သို့သော်လည်း ကျွန်တော်တို့ သိပ်မကြိုးစား လိုက်ရပဲနဲ့ သူတို့ဘာသာ သူတို့ Volunteer လုပ်ပြီး လာတဲ့ ပုဂ္ဂိုလ် အများကြီးတော့ မဟုတ်ပါဘူး။ အနည်းစုပေါ့။ တော်တော်များများကတော့ ကိုယ့် အဖွဲ့ဝင်တွေ များပါတယ်။ ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေမှာ ရှိနေတဲ့ ပါတီတာဝန် ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ် အများစုက လေးစားလောက်တဲ့၊ အရည်အသွေးရှိတဲ့ တက္ကသိုလ်က ဆရာကြီးတွေ၊ အသိပညာရှင်တွေ၊ အတတ်ပညာ ရှင်တွေက တကယ် Old Member တွေအနေနဲ့ ရှိပြီးသားပါ။ ဒီကိစ္စအတွက် Special လုပ်ရတာတော့ မရှိပါဘူး။ Offer လုပ်ရတာတော့ မရှိဘူး။ မဟုတ်ပါဘူး။ အနည်းအကျဉ်းတော့ ရှိပါတယ်။ သို့သော် Image ကို တမင်တကာ Create လုပ်ပြီးတော့ လုပ်ဖို့ ဆိုတာက တကယ့် လက်တွေ့မှာ အောင်မြင်ချက်မှ အောင်မြင်နိုင်မှာပါ။ ဒါကလဲ အနှစ် ၂၀ နောက်ပိုင်းမှာ ပြန်စမ်းသပ်ရတာဆိုတော့ ဒါကို ကျွန်တော်တို့ ကြည့်ရမယ်။ ဒါကို ကြည့်ပြီးမှ နောင်လာမယ့် ရွေးကောက်ပွဲ တွေမှာ ဘယ်လိုလုပ်မလဲ ကြည့်ရမှာ။ ကျွန်တော်တို့က ကြိုက်တာ လုပ်ပါ ပြည်သူလူထုရဲ့ အဆုံးအဖြတ် နာခံပါတယ်။

YT - အန်ကယ်တို့ ပါတီမှာ အဆင့်မြင့် ရာထူး ထမ်းဆောင်သွားတဲ့ ဆရာ ဦးတင့်ဆွေ (ဗိုလ်ချုပ် တင့်ဆွေ - ဖျာပုံ) က အန်ကယ်တို့ အရင် အစိုးရ ဘာကြောင့် ပျက်သွားတယ် ဆိုတဲ့ စာအုပ် ရေးပါတယ်။ အဲဒီမှာ အခန်းကဏ္ဍ တစ်ခုမှာ တစည ပါတီနဲ့ ပတ်သက်လို့ သုံးသပ်ချက်တွေ ရေးပါတယ်။ အထူးသဖြင့် စီးပွားရေး ကိစ္စတွေ ဘာတွေပေါ့။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီကို ဆက်ခံတဲ့ ပါတီဖြစ်တဲ့အတွက် အန်ကယ်တို့ အရင် အစိုးရတုန်းက မှားခဲ့တဲ့ အမှားတွေ၊ အားနည်းချက် တွေ ရှိခဲ့တာတွေကို အန်ကယ်တို့ ပြုပြင်ဖို့ ရှိပါသလား။ နောက်တစ်ချက်ကတော့ အဲဒီတုန်းက တချို့ ပြည်သူတွေ ခံစားခဲ့ရတဲ့ ခံစားချက်တွေ အပေါ်မှာရော အန်ကယ်တို့ ပါတီအနေနဲ့ တောင်းပန်တာမျိုး လုပ်ဖို့ အစီအစဉ် ရှိပါသလား သိချင် ပါတယ်။

NUP - ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြန်ပြောရရင် လမ်းစဉ်ပါတီ ခေတ်တုန်းက ဘာဖြစ်လို့ ခံခဲ့ရသလဲဆိုတော့ ခုနက ဗိုလ်ချုပ် တင့်ဆွေရေးတဲ့ စာအုပ်ထဲက ရေးသလိုပဲ ကျွန်တော်တို့ အဓိက အားနည်းချက်က စီးပွားရေးမှာ အားနည်း ခဲ့တယ်။ ဒါလည်းပဲ ပါတီရဲ့ လက်ကိုင်ထားတဲ့ Central Plan မှာ Command Economy နဲ့ သွားတဲ့ အခါမှာ သူ့ Limitation လေးတွေ ရှိပါတယ်။ တစ်ချိန် တည်းမှာပဲ ဗိုလ်ချုပ် တင့်ဆွေက စက်မှု (၁) ၀န်ကြီး လုပ်လာခဲ့တာ။ ကျွန်တော် က ကုန်သွယ်ရေး ၀န်ကြီး လုပ်လာခဲ့တာ။ စီးပွားရေးမှာ ကျွန်တော်တို့က အများကြီး တာဝန်ရှိတယ်။ စက်မှု (၂)က ကိုချို တို့ပေါ့။ တာဝန်ရှိတဲ့ အတိုင်း ပြန်သုံးသပ်တဲ့ အခါကျတော့ ကျွန်တော်တို့ မှားခဲ့တဲ့ ဟာလေးတွေ ရှိတယ်။ ဒီ့ထက် သိပ်ကို ကောင်းအောင် လုပ်ခဲ့တဲ့ ဟာလေးတွေလည်း ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က ကိုယ်ကောင်းအောင် လုပ်ခဲ့တာတွေ ကြီးပဲ မပြောဘဲနဲ့ မှားခဲ့တာလေးတွေကို ဘယ်လိုပြင်ရင် ကောင်းမလဲဆိုတာ ဒီနောက်ပိုင်းမှာ ပြန်သုံးသပ်ပြီးတော့ အခု တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ဖြစ်လာတဲ့ အခါမှာ အဲဒီ သင်ခန်းစာတွေကို ကျွန်တော်တို့က အများကြီး ယူရတယ်။ ယူတဲ့အတွက် တစညပါတီ ဖြစ်လာတဲ့ အခါမှာ အခြေခံတဲ့ Economic Concept ကိုယ်ကလည်း ပြောင်းလာတာ။ Command Economy ကြီးပြီးသွားပြီ။ အခုသွားနေတာကတော့ Market Economy နဲ့ အခုသွားနေ တယ်။ Market Economy က ချမ်းသာမှာကို ဖန်တီးတဲ့ နေရာမှာ သူ့ကို ဘယ်သူမှ မမီဘူး။ ဒါကြောင့် Market Economy မှာ လွတ်လပ်သော အမျိုးသားရေး စီးပွားရေးစနစ်နဲ့ ကျွန်တော်တို့ သွားမယ်။ ပြည်သူတွေ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်မယ်။ ပြည်တွင်း ပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေမှာ ဘယ်လိုသွားမယ်။ ဖိတ်ခေါ်မယ်။ ဒါတွေ အကုန်ပါတဲ့ အပြင်ကို လက်ရှိသွားမယ့် Market Economy အပေါ်မှာ နောက်ထပ် Political Economic တစ်ခုတင် မကဘဲနဲ့ နောက်ထပ် Social Dimension လေးပါ ပါသွားအောင်၊ သူ့ကို Balance ဖြစ်သွားအောင် Social Market Economy ဆိုတာကို လက်ခံထား ပါတယ်။ Social Market Economy ဆိုတာ ဘာလဲဆိုတော့ Social Dimension ကို မေ့မထားဘဲနဲ့ ထည့်စဉ်းစားပေးတဲ့ Market Economy မျိုးပေါ့။ ဘာကြောင့်လဲဆိုတော့ သူဌေးတွေ ကျိကျိတက် ချမ်းသာ သွားတာထက် သူတို့လဲ ချမ်းသာပါ။ တောက ဆင်းရဲသားတွေရဲ့ ဘ၀ကိုလည်း မြှင့်ပေးပါဆိုတဲ့ အရာကို ကြိုက်တယ်။ အဲဒါက Social Market Economy ပဲ။ ဘယ်သူ့ကိုမှ ချန်မထားခဲ့တဲ့ Economy မျိုးပေါ့။ အရင်တုန်းကရှိတဲ့ Poverty Level ပေါ့။ ဒီဆင်းရဲတဲ့ လူတန်းစားကြီးက ဘာမှ ဖြစ်မလာဘဲ တိုင်းပြည်ပဲ ချမ်းသာသွားမယ်။ သူဌေးတွေပဲ ချမ်းသာ သွားနိုင်မယ် ဆိုရင် ပြည်သူက ဒီအတိုင်း ကျန်ခဲ့တာမျိုးတော့ မဖြစ်ဘူး။ တိုင်းပြည်မှာ သွင်းအားစုတွေကို အသုံးတည့်အောင် သုံးတာ၊ သွင်းအားစုဆိုတာ ဘယ်တော့မှ အများကြီး မရှိဘူး။ ဒါကို အလေအလွင့် မရှိစေဘဲနဲ့ သုံးဖြစ်အောင် သုံးနိုင်ဖို့အတွက် Social Market Economy က အကောင်းဆုံးပါပဲ။ ဒါက ဘယ်သူ့ကိုမှ ချန်မထားခဲ့တဲ့ Capitalism ပဲ။ ဒါက အရင်က ကိစ္စတွေကို သင်ခန်းစာ ယူရဲ့လား ဆိုတာကို ယူတယ်လို့ ပြောတာပါပဲ။ အရေး အကြီးဆုံးကတော့ တိုင်းပြည် အပေါ်မှာ သစ္စာရှိဖို့နဲ့ တိုင်းပြည် အပေါ်မှာ စိတ်ကောင်း စေတနာကောင်း ထားဖို့။ အဲဒီတော့ ငါလုပ်နေတာဟာ တိုင်းပြည် အတွက် ကောင်းရာ ကောင်းကျိုး လုပ်နေတယ်။ ဘာမှ ငါ့ကိုယ်ကျိုးလည်း မပါဘူး။ ဘာမှ မျှော်မှန်းချက်ရှိလို့ လုပ်တာ မဟုတ်ဘူး။ အဓိက တိုင်းပြည်အတွက် လုပ်တာဆိုတဲ့ ခံယူချက်နဲ့ လုပ်တာကတော့ အပြစ်ကင်းတာပေါ့။

YT - အန်ကယ်တို့ရဲ့ မူဝါဒမှာ လွတ်လပ်စွာ ပြိုင်ဆိုင်မှုနဲ့ ဈေးကွက် ရှင်သန်မှုကို အဟန့်အတား ဖြစ်စေမည့် ခင်မင် ရင်းနှီးတဲ့ သူနဲ့ ပတ်သက်ရာ ဆွေမျိုး အသိုင်းအ၀ိုင်း ကောင်းစားရေး ဆိုတဲ့ Crony Capitalism မဖြစ်စေရန် ကာကွယ် ဟန့်တား ဆောင်ရွက်မယ် ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ အန်ကယ်တို့ တကယ်တမ်း ပြည်သူက ကြိုက်လို့ အစိုးရ ဖြစ်လာရင်ရော ဒါကို အမှန်တကယ် အကောင်အထည် ဖော်မှာပါလား။ အကြိုက် သဘောမျိုး ထည့်ထားတာပါလား။

NUP - ပါတီတွေ တော်တော် များများမှာ တချို့ပါတီတွေက ရွေးကောက်ပွဲ အနိုင်ရရေး အတွက် ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့က နည်းနည်းလေး လှုပ်လှုပ် ဖြစ်အောင် ရေးကြတာပေါ့။ ကျွန်တော်တို့ကတော့ စရေးကတည်းက လုပ်နိုင်တဲ့ အတိုင်းအတာကိုပဲ ဖော်ပြပြီးတော့ လုပ်ဖို့ဆိုတာပဲ ပြောတာပါ။ ပြည်သူကို ကျွန်တော်တို့ ပေးတဲ့ ကတိပါ။ ဒါကို လက်တွေ့ လုပ်မှာပါ။ ခုနပြောတဲ့ မိုနိုပိုလီ သဘောမျိုး မဖြစ်အောင် လုပ်မယ်။ ဒီကနေ့ Capitalism မှာ ဖြစ်နေတာက ကုမ္ပဏီကြီး တွေက ကြီးသထက် ကြီးအောင် လုပ်ပြီးတော့ Monopolize လုပ်လာကြတယ်။ Crony Capitalism ဆိုတာက မမိုက် ဘူးဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ကောင်းစားဖို့ပဲ အားပေးတဲ့ သဘောရှိလို့ပါ။ လူဆိုတာကတော့ဗျာ အာဏာရှိလာလို့ ရှိရင် ကိုယ့်အောက်က ခိုင်းလို့ ရမယ့်သူ၊ ယုံကြည်စိတ်ချလို့ ရတဲ့သူကိုပဲ တာဝန်ပေးချင်တာကိုးဗျ။ ကျွန်တော်တို့ ခေတ်တုန်းက မှားတာ တစ်ခုပြောပြမယ်။ ကျွန်တော်တို့ လမ်းစဉ်ပါတီ အာဏာရလာတုန်းက ကိုယ်က လူကြီး ဖြစ်လာတော့ ကိုယ့်အောက်က ယုံကြည်ရတဲ့သူ၊ စိတ်ချရတဲ့ သူကိုပဲ တာဝန်ပေးချင်တာ။ တပည့် တပန်း၊ ဆွေမျိုး အဲဒီ လူမျိုးကို တာဝန်ပေးပြီး ခိုင်းလို့ရှိရင် သူက ပြောတဲ့အတိုင်း လုပ်လိမ့်မယ်လို့ ထင်တားကိုး။ အဲဒါမျိုး ကိုရီးယားတို့ ဘာတို့ ကျတော့ ဒီလို မဟုတ်ဘူးဗျ။ သူတို့က တတ်တဲ့သူ၊ တော်တဲ့သူကို တာဝန် ပေးခဲ့တာ။ ဥပမာ - အစိုးရ ဆိုပါစို့။ ကျွန်တော်တို့ တိုင်းပြည် အတွက် စလိုက်တုန်းက မှန်တယ်ဗျ။ တော်လှန်ရေး ကောင်စီကို စဖွဲ့တော့ ပညာရှင်တွေ အများကြီး ဖွဲ့လိုက်တာ။ နောက်ကျတော့မှ တပ်က စစ်ဗိုလ်တွေ။ အငြိမ်းစားတွေကို ယူနီဖောင်းတွေနဲ့လည်းထည့်၊ ယူနီ ဖောင်း ချွတ်ခိုင်းပြီး တော့လည်း ထည့်တယ်။ ဒီလို လုပ်တာကိုး။ ကိုရီးယားက ဒီလို မဟုတ်ဘူး။ ခေါင်းဆောင်လုပ်တဲ့ ပတ်ချုံဟီးက စစ်ဗိုလ်ချုပ်ပဲ။ ကာကွယ်ရေးကိုတော့ သူထားရင် ထားမှာပေါ့။ သို့သော် ကျန်တဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး တို့ကို တကယ့် ပညာရှင်တွေကို တာဝန်ပေးလိုက်တော့ ကျွန်တော်ထင်တယ်။ သူတို့နဲ့ ကျွန်တော်တို့ တိုးတက်မှု ကွာသွားတာဟာ အဲဒီ တာဝန်ပေးချက် ကွာသွားတယ်လို့ ထင်တယ်။ ဒါ ကျွန်တော်တို့ ခေတ်တုန်းက လုပ်ခဲ့တဲ့ သင်ခန်းစာကို ပြန်ပြီး သုံးသပ် ကြည့်တာပါ။ အဲဒီတော့ကား နောင်ဘယ်သူပဲ အစိုးရဖြစ်ဖြစ် အစိုးရ ဖြစ်တဲ့သူက ငါ့တပည့်ဖြစ်မှ ယုံကြည် စိတ်ချတယ် ဆိုတာလည်း ပေးပါ။ အဲဒါကို ရာခိုင်နှုန်း ၁၀၀ လုံးလုံးကြီး မပေးဘဲနဲ့ တကယ် တော်တဲ့ တတ်တဲ့ တိုင်းပြည် အပေါ် သစ္စာရှိပြီး တကယ် လုပ်ပေးနိုင်မယ့် သူ၊ အမှားလဲ မလုပ်မယ့် သူမျိုးကို ထည့်ပြီး သုံးမယ်ဆိုတဲ့ ဟာမျိုးနဲ့ သွားမယ်ဆိုရင် တိုင်းပြည်အတွက် ဒီ့ထက်ပိုပြီး အကျိုး ပြုလိမ့်မယ်လို့ ထင်ပါတယ်။ ဒါက ဘယ်အစိုးရ တက်တက်ပါ။ ကျွန်တော်တို့လိုပဲ အခြား တိုင်းပြည်တွေ ဘာကြောင့် တိုးတက်သွားလဲ ဆိုရင် အဲဒီ တာဝန် ပေးချက်တွေမှာ ကွာသွားတယ်လို့ ထင်တယ်။

YT - အန်ကယ် ခုနပြောတဲ့ Crony Capitalism နဲ့ တချို့ နိုင်ငံတွေမှာ သွားနေတဲ့ State Capitalism နဲ့က ချိတ်ဆက်မှု တွေ ရှိပါတယ်။ တချို့ကလည်း ဆင်းရဲတဲ့ နိုင်ငံတွေ အနေနဲ့ State Capitalism နဲ့ သွားမှရမယ် ဆိုတာမျိုး အယူအဆတွေ ရှိတယ်။ ဒီခုန Cronny Capitalism နဲ့ State Capilism နဲ့ သွားတဲ့ နေရာတွေမှာ အန်ကယ့် အနေနဲ့ ဘယ်လို သဘောထား ပါလဲခင်ဗျ။

NUP - ဥပမာ - တရုတ်ပြည်ဆိုရင် State Capitalism မှာ ဘဏ်ကြီးတွေ၊ ကုမ္ပဏီကြီးတွေ၊ အင်တာပရိုက်ကြီးတွေမှာ State က ကိုင်ထားတာ။ သူကပဲ လုပ်တာ။ အမေရိကန်လို ပုဂ္ဂလိက လုပ်ထားတာ မဟုတ်ဘူး။ အခုတိုင် အမေရိကန်က ဘဏ်တွေနဲ့ မော်တော်ကား ကုမ္ပဏီတွေမှာ ၀င်ကိုင်တာမျိုးတွေ လုပ်လာနေပါပြီ။ ဒါက တစ်ပိုင်းပေါ့။ အဲဒီလို State Capitalism လုပ်ရတဲ့ အခါမှာ National ချန်ပီယံတွေ ပေါ်အောင် လုပ်ရတာပေါ့။ ဒီကနေ့ ဦးတေဇ၊ ဦးဇော်ဇော်တို့၊ ဦးအောင်ကိုဝင်းတို့ သူတို့မှာ တီထွင်ပြီးတော့ အကွက်ကို မြင်ပြီးတော့ Cash Assect တွေနဲ့ အသုံးတည့်အောင် လုပ်ရတာ ပေါ့လေ။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ ရှိလာလို့ရှိရင် အားပေးရမယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်က ကိုယ်ကြီးနေလို့ မရဘူး။ ထုတ်ကုန်တွေကို နိုင်ငံတကာမှာ ယှဉ်ပြိုင်ပြီး ကျော်နိုင်ရမယ်။ အဲဒီလို နေရာမှာ National ချန်ပီယံက မယှဉ်ပြိုင် နိုင်ရင် ကိုယ်က ပြုတ်သွားမှာပဲ။ အဲဒီလို ပြိုင်နိုင်တဲ့ အရည်အချင်း ရှိသူတွေကို တွန်းတင်ရမယ်။ အားပေးပြီး တွန်းတင်ရမယ်။ အထူးသဖြင့် အခုမှစပြီး တည်ဆောက်ရမယ်။ ဒီကာလပေါ့။ National သာမက International ပေါ့။ ဒါမျိုးမွေးရမယ်။ မွေးပြီးတော့ ပြည်တွင်းမှာ ကုန်ထုတ်လုပ်မှု ဆိုင်ရာ အင်တာပရိုက်စ်ကြီးတွေ ဖြစ်လာအောင်၊ Local ၀ယ်လိုအားထက် ကျော်ပြီးတော့ Export လုပ်နိုင်တဲ့ အဆင့်အတန်းမျိုး ရောက်အောင် လုပ်တတ်တဲ့သူကို မြေတောင် မြှောက်ရမှာပဲ။ ဒီနည်းနဲ့ National ချန်ပီယံတွေ ကုန်ထုတ်လုပ်မှုမှာ ပေါ်လာမယ်။ နိုင်ငံတကာ ကုန်သွယ်ရေးမှာ ပေါ်လာမယ်။ ဒါဆို တိုင်းပြည်အတွက် ကောင်းမှာပဲ။ National ချန်ပီယံကို ထူထောင် ပေးရမယ်။ ခုနပြောတဲ့ ကိုယ့်အမျိုးမှ အမျိုးဆိုတဲ့စိတ်နဲ့ National ချန်ပီယံ ဖြစ်မလား မဖြစ်ဘူးလား မသိဘူး။ ပေးနေတာ မျိုးကတော့ သဘောမကျဘူး။

YT - ဒါဆို National ချန်ပီယံကို ရွေးတဲ့နေရာမှာ အနီးအနားက သူတွေကို ရွေးမှာလား။ နီးစပ်ရာ မဟုတ်ဘဲနဲ့ အလား အလာရှိတဲ့ သူတွေကို တောက်ပြောင်အောင် ပံ့ပိုးပေးမှာလား ဆိုတဲ့ လမ်းကြောင်း နှစ်ခု ရှိပါတယ်။ အန်ကယ်တို့က ဘယ်လို သွားမှာလဲ။

NTP - လူ့ရဲ့ သဘော သဘာဝအရ နီးစပ်ရာကို ပံ့ပိုးပြီး တွန်းတင်တာမျိုးလည်း အနည်းအကျဉ်းတော့ ရှိမှာပဲ။ အလား အလာရှိတဲ့ သူတွေကိုလည်း နီးစပ်ရာမဟုတ်ဘဲနဲ့ တွန်းတင် တာမျိုးကတော့ ရှိရမှာပေါ့။ နီးစပ်ရာကို ပံ့ပိုးပြိး တွန်းတင်တာ လုံးဝ မလုပ်ရဘူး ဆိုတာကတော့ လူ့သဘာဝကို ကျော်လွှားရာ ရောက်မှာပါ။ မြန်မာပြည် ကွန်မြူနစ် ပါတီနဲ့ တိုက်တုန်း ကတည်းက ကိုယ့်တပ်မတော်ကို အမေရိကန်ရဲ့ စစ်လက်နက်တွေ လျှော့ဈေးနဲ့ ၀ယ်ပြီး တည်ဆောက် ခဲ့ရတယ်။ ဒါက သမိုင်း အထောက် အထားပါ။ အခုချိန်မှာ ဘယ်သူ့ကိုမှ အမြဲတမ်း ရန်သူလို မသတ်မှတ်ပါဘူး။ အကုန်လုံး တွက်ချက် ထားတယ်။ ကြည့်ထားတယ်။ တတ်နိုင်သမျှ တည့်အောင် ပေါင်းနေတယ်။ သူ့ဆီက စီးပွားရေးအရ၊ ပညာရေး အရသော် လည်းကောင်း လိုအပ်တာတွေ ပူးပေါင်းပြီး လုပ်ရမှာပဲ။ အဲဒီလို လုပ်ခြင်းအားဖြင့် တစ်ဖက်ကိုသွားပြီး ဇောင်းပေးတယ် ဆိုတဲ့ အထင်အမြင်မျိုးလည်း မခံနိုင်ဘူး။

YT - အန်ကယ်တို့ရဲ့ အသိပညာရှင်၊ အတတ်ပညာရှင် ကဏ္ဍမှာ နိုင်ငံတော်၏ စီးပွားရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ အသိပညာရှင် အတတ်ပညာရှင်များ ကိုသာ အရည်အချင်းနဲ့ ကျွမ်းကျင်မှုကို အခြေခံပြီး ဦးစားပေး တာဝန် ထမ်းဆောင်ခွင့် ရှိစေမည်ဆိုတာ ပါတယ်။ အဲဒီမှာ ထူးခြားတဲ့ အချက်ကိုသာ ဆိုတဲ့ Just For Only Those ဆိုတာ မျိုးတွေပါမယ်။ ဒါကို ထူးခြားတယ်လို့ မြင်ပါတယ်။ ဒါက အန်ကယ်တို့က တကယ် အရေးကြီးတဲ့ နေရာတွေမှာ ပညာရှင်တွေကိုသာ နေရာပေးပြီး ထမ်းဆောင်စေမယ် ဆိုတဲ့ သဘောမျိုးကို ပြောတာလား။ အဲဒါကတော့ ခုန ပြောသလိုပါ။ လူတွေ သဘောကျအောင် ရေးသားတဲ့ဟာပါပဲလား။

NUP - တကယ် လုပ်မယ့်ဟာပါ။ ကျွန်တော်တို့က ရွေးကောက်ပွဲမှာ လူကြိုက်အောင် သက်သက် ပြောမယ့်ဟာ မဟုတ်ပါဘူး။ တကယ်လုပ်မယ့် အရာပါ။

YT - နောက်တစ်ချက်က အန်ကယ် ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ အကုန်လုံး နီးပါးရဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ကြည့်လိုက်ရင် မူဝါဒတွေ တူကြတာ တွေ့ရပါတယ်။ ဥပမာ-နိုင်ငံတကာနဲ့ ဆက်ဆံတဲ့နေရာမှာ ဘက်မလိုက် နိုင်ငံခြားရေး မူဝါဒကို ဆက်လက်ကျင့်သုံးသွားမယ်ဆိုတဲ့ General သဘောမျိုး တွေ့တယ်။ အန်ကယ်တို့ဆီမှာလည်း အဲဒီလောက်ပဲ တွေ့တယ်။ တကယ် High Light လုပ်သွားတဲ့ ဟာမျိုး မတွေ့ဘူး။ အခု တရုတ်က ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အား အကြီးဆုံး၊ အိန္ဒိယကလည်း နံပါတ်(၄) အဆင့်မှာ ရှိနေတော့ မဟာပါဝါ ဖြစ်သွားပြီ။ ကျွန်တော်တို့က ဒီနိုင်ငံ နှစ်ခုကြားမှာ ရှိနေပါတယ်။ အန်ကယ်တို့ ပါတီက အကယ်၍ အာဏာရ ပါတီ ဖြစ်ခဲ့ရင် တရုတ်နဲ့ အိန္ဒိယ အပေါ်မှာ ဆက်ဆံရေး အနေအထားက ဘယ်လို သဘောထားမလဲ။ အခုလိုပဲ သာမန် အိမ်နီးချင်းလိုပဲ သဘောထားမှာလား။ ပိုပြီးတော့ မဟာဗျူဟာ ကျမယ့် အစီအစဉ်တွေ ဆောင်ရွက်ဖို့ အနေအထားတွေ ရှိပါလား။

NUP - ဒီနေရာမှာ ကျွန်တော်တို့က သက်ဆိုင်ရာ တိုင်းပြည် နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရမယ်။ ဘယ်တိုင်းပြည်က Extanded အင်ဖလူရင် သဘောမျိုး သမိုင်းမှာ လုပ်ခဲ့လည်းပေါ့။ နောက်တစ်ခု သူတို့ နှစ်နိုင်ငံလုံးရဲ့ တက်နေတဲ့ အရှိန်ကို ရအောင်လုပ်ဖို့ ဆိုလို့ရှိရင် လိုအပ်တဲ့ သွင်းအားစုတွေက ကျွန်တော်တို့မှာ ရှိပြီး ကျွန်တော်တို့က လွဲ၍ တခြားမှာ မရှိလို့ ကျွန်တော်တို့ဟာကိုပဲ မရမက လိုချင်နေသလား။ Other Alternative Resource ရော ရှိသလား။ နောက်တစ်ခုက ဒီကနေ့ အခြေအနေကို ကြည့်ရင် လာမယ့် ၁၀ နှစ်၊ ၁၅နှစ်ကို ကြည့်တယ်။ နောက် ဒီ့ထက် ပိုရှည်မယ့် နှစ်တွေကို တတ်နိုင် သလောက် မျှော်မှန်း ကြည့်လိုက်တယ်။ အဲဒီလို ကြည့်လိုက်တော့ ဒီကနေ့ ကျွန်တော်တို့ မြင်တာက အိန္ဒိယနဲ့ တရုတ်နဲ့က သူတို့နှစ်ခုထဲမှာ အကြီးအကျယ် ရန်ဖြစ်နိုင်စရာ အကြောင်းက နည်းပါတယ်။ သူတို့ ကြားမှာတော့ နယ်မြေဆိုင်ရာ Tension လေးတွေကတော့ မရှိဘူး မဟုတ်ဘူး ရှိနေတယ်။ အခုမှ သူတို့ရဲ့ Trade က အရမ်းကို များသွားပြီ။ အရင်က မပြောပလောက် ပေမယ့် အခု ဘီလီယံ ၇၀၊ ဘီလီယံ ၈၀ အထိ ရှိလာပြီ။ ဒါအစပဲ ရှိသေးတယ်။ ဒီ့ထက်မက ရှိလာဦးမယ်။ တရုတ်က ထုတ်ကုန်ပိုင်း ပိုသန်ပြီး အားသာတယ်။ ကုလားက Services ပိုကောင်းတယ်။ သူတို့ နှစ်ခုသာ တိုင်တိုင်ပင်ပင် လုပ်လိုက်ရင် ကမ္ဘာ တစ်ခုလုံး သူတို့ ဈေးကွက်ဖြစ်အောင် လုပ်လိုက်လို့ ရတယ်။ လတ်တလောမှာ တိုင်းပြည် တည်ဆောက်ဖို့က များတယ်။ သူတို့မှာ ဆင်းရဲတဲ့လူက များနေတယ်။ ချမ်းသာတယ်လို့ ပြောပေမယ့် တစ်ဦးချင်း ဝင်ငွေမှာ တရုတ်နဲ့ ကုလားက ဟိုးအောက်မှာ ရောက်နေတာ။ ဒါတွေကို မြှင့်တင်ရဦးမယ်။ နှစ်ပြည်လုံးက တိုင်းပြည် ဖွံ့ဖြိုးဖို့ အရင်လုပ်ရဦးမယ်။ ဘာမှ မရှိသေးဘူး။ ရန်ဖြစ်လို့ မရသေးတော့ ဒီအချိန်ခါမှာ ကုလားနဲ့ တရုတ်ကို သူတို့ ကြိုက်တာရောင်း၊ ကိုယ့်အတွက် အကျိုးရှိအောင် လုပ်၊ နှစ်ပြည်လုံးနဲ့ ဒီအချိန်အခါမှာ တည့်အောင် ပေါင်းနေ။ သူတို့ နှစ်ယောက် ရန်ဖြစ်လို့ ကျွန်တော်တို့ကို အန္တရာယ်ပြုဖို့ အကြောင်းက ဒီငါးနှစ်၊ ဆယ်နှစ်အတွင်းမှာ မရှိသေးဘူး။ သူတို့ တိုးတက်လာတဲ့ အခါကျရင် သဘာဝပဲ ဖြစ်လာတော့မယ်။ ဒေသဆိုင်ရာ ပါဝါပြီးရင် ကမ္ဘာလုံးဆိုင်ရာ ပါဝါရဲ့ အနေအထား မြှင့်ချင်လာရင် Imperialism ပေါ့။ ဒီကနေ့ Imperialism ကော၊ Neoimperialism ကော မသုံးဘဲ လုပ်နေတာက အမေရိကန်ပဲ။

YT - နောက်တစ်ခုက တရုတ်စီးပွား ဖွံ့ဖြိုးမှုကလည်း အမေရိကန်ကို မှီပြီး တက်လာခဲ့တယ် ဆိုတာ ငြင်းလို့ မရပါဘူး။ ကျွန်တော်တို့နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးကလည်း ဆယ်စုနှစ် နှစ်စု အတွင်းမှာလည်း အကောင်းဘက်က မရှိပါဘူး။ အဲဒီတော့ တစည ပါတီအနေနဲ့ မြန်မာ-အမေရိကန် ဆက်ဆံရေး အပေါ်မှာ ဘယ်လို သဘောထားပါသလဲ။

NUP - ကျွန်တော်တို့ အနေနဲ့ အင်အားကြီး နိုင်ငံတွေနဲ့ တတ်နိုင်သမျှ လိုက်လျောပြီး ပေါင်းသင်းနေတာပါ။ အထူးသဖြင့်ပေါ့။ အမေရိကန်က ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင် ကျွန်တော်တို့က လုပ်ချင်တာပေါ့။ အဲဒီတော့ ရှင်းရှင်း ပြောရရင် မြန်မာပြည် လွတ်လပ်ရေး ရပြီးကတည်းက တရုတ်ကို သိပ်စိုးရိမ်ခဲ့တာ။ မြန်မာပြည် ကွန်မြူနစ်ပါတီနဲ့ တိုက်တုန်း ကတည်းက ကိုယ့်တပ်မတော်ကို အမေရိကန်ရဲ့ စစ်လက်နက်တွေ လျှော့ဈေးနဲ့ဝယ်ပြီး တည်ဆောက် ခဲ့ရတယ်။ ဒါက သမိုင်း အထောက် အထားပါ။ အခုချိန်မှာ ဘယ်သူ့ကိုမျှ အမြဲတမ်း ရန်သူလို မသတ်မှတ်ပါဘူး။ အကုန်လုံး တွက်ချက် ထားတယ်။ ကြည့်ထားတယ်။ တတ်နိုင်သမျှ တည့်အောင် ပေါင်းနေတယ်။ သူ့ဆီက စီးပွားရေးအရ၊ ပညာရေးအရ သော်လည်းကောင်း လိုအပ်တာတွေ ပူပေါင်းပြီး လုပ်ရမှာပဲ။ အဲဒီလို လုပ်ချင်းအားဖြင့် တစ်ဖက်ကိုသွားပြီး ဇောင်းပေးတယ် ဆိုတဲ့ အထင် အမြင်မျိုးလည်း မခံနိုင်ဘူး။

YT - အန်ကယ်တို့ တစည ပါတီက Nationalism ကို ဇောင်းပေးနေတဲ့ ပါတီလား။ အကယ်၍ Nationalism ကို ဇောင်းပေး နေတဲ့ ပါတီဆိုရင် ဒီကနေ ဖြစ်နေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြီး ကြီးထွားနေတဲ့အချိန်မှာ နိုင်ငံတကာက ဒီအပေါ်မှာ အလိုက်သင့်လေး ကခုန်နေရတဲ့ သဘော ရှိနေပါတယ်။ အန်ကယ်တို့ Nationalism ကို ဦးစားပေးတယ် ဆိုရင် ဂလိုဘယ် လိုက်ဇေးရှင်း ဖြစ်စဉ်နဲ့ ထိပ်တိုက် မတွေ့နိုင်ဘူးလား။

NUP - ကျွန်တော်တို့က Nationalism ကို အခုကာလမှာ နည်းနည်း ဦးစားပေးချင်တယ်။ တစ်ချိန်တည်းမှာ ဂလိုဘယ် လိုက်ဇေးရှင်းကို လက်ခံတယ်။ ဒါကြောင့် ရနိုင်တဲ့ အကျိုးအမြတ် ရလဒ်ကို ရသလောက် ယူပါမယ်။ တိုင်းပြည် ကောင်းအောင် လုပ်ရမယ်။

YT - အန်ကယ်တို့ မူဝါဒစာအုပ်မှာပါတဲ့ လူထုလူတန်းစား အဖွဲ့အစည်းပေါ့။ အလုပ်သမား၊ လယ်သမား အပြင် ကျောင်းသားတွေကို အဖွဲ့အစည်း ဖွဲ့စည်း ဆောင်ရွက်ခွင့် ပြုမယ်ဆိုတာ သမဂ္ဂလိုမျိုး ပြောတာလား။ ဒါမှမဟုတ် လမ်းစဉ်ပါတီ လက်ထက်တုန်းက အစည်းအရုံး ပုံစံမျိုး အန်ကယ်တို့ ပြန်ပြီး ဖော်ထုတ်မှာလား

NUP - ကျွန်တော်တို့ လမ်းစဉ်ပါတီခေတ်က ပုံမျိုးမဟုတ်ဘူး။ အဖွဲ့အစည်းတွေကတော့ Independent Singel organization ဖြစ်ရင် အကောင်းဆုံးပဲ။ သူတို့က ဘယ်ပါတီရဲ့ လက်အောက်ခံမှ မဖြစ်ရဘူး။ သူတို့ရဲ့ Interest ကိုပဲ သူတို့နည်းနဲ့ သူတို့ ရှင်းရမယ်။ Class Organization က ပေါ်လာရမယ်။ လမ်းစဉ်ပါတီ ခေတ်တုန်းက ကျွန်တော်တို့ပဲ ဦးဆောင်ပြီး ကိုင်ထားခဲ့တာ။ အခုတော့ ဖွဲ့ကြပါ။ အလုပ်သမား အစည်းအရုံးဖွဲ့၊ သို့သော် နှစ်ခု၊ သုံးခု မဖြစ်ရဘူး။ အဖွဲ့က သူတို့ အလုပ်သမားနဲ့ ပတ်သက်ပြီးလုပ်။ နိုင်ငံရေးနဲ့ ပတ်သက်လာရင်လည်း ခင်ဗျားတို့ အလုပ်သမားနဲ့ ဆိုင်တာပဲလုပ်။ ကျောင်းသားဆိုလည်း ကျောင်းသား သမဂ္ဂဖွဲ့။ ဒါပေမဲ့ ကျောင်းသား သမဂ္ဂက ဘယ်လို ဖြစ်ရမလဲ ဆိုတော့ အင်္ဂလန်တို့၊ အမေရိကန်တို့က သမဂ္ဂတွေလိုပဲဖွဲ့။ သူတို့က ဘာလုပ်လဲ ဆိုတော့ အင်္ဂလန် ပါလီမန်ကြီးလိုပဲ ဟိုဘက်ဒီဘက် အဖွဲ့တွေ ဖွဲ့ပြီး ပြောကြ ဆိုကြတာ။ တိုင်းပြည် စီးပွားရေး အတွက် ဘယ်လို လုပ်မလဲ ဆိုပြီး Training လုပ်ပေးတာ။ ဒီကလေးတွေက တကယ်တတ်ပြီးတော့ တကယ့် ပညာရှင်တွေ ဖြစ်လာရင် ပြောတတ်ဆိုတတ်တဲ့ အတွေ့အကြုံ၊ အလေ့အကျင့်တွေ ရအောင် လုပ်ပေးတာ။ ကျွန်တော်တို့တုန်းက စကတည်းက အင်္ဂလိပ်ကို ဆောင်ချင်တဲ့အတွက် ကျောင်းသားကို နိုင်ငံရေးထဲ ဆွဲသွင်းရတာကိုး။ ဒါက အချိန် အတိုင်းအတာ တစ်စုံတစ်ရာ အထိတော့ မှန်တယ်။ ကျောင်းသားနဲ့ ပတ်သက် လို့တော့ ကျောင်းသား ရေးရာကိစ္စတွေမှာ သူတို့တွေ ပြောနိုင်ဆိုနိုင်၊ လုပ်နိုင် ကိုင်နိုင်ဖို့ အတွက် အဖွဲ့အစည်းတွေ ပေါ်လာ ရမယ်။

YT - နောက်တစ်ခုက မျက်မှောက်ကာလမှာ ပြည်သူတို့ရဲ့ လိုအပ်ချက်က ဘာလဲ။ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး၊ လာဘ်ပေး လာဘ်ယူ ပပျောက်ရေး ဆိုပြီး ငါးချက် တွေ့ရပါတယ်။ အဆိုပါ လူထုရဲ့ လိုလားချက်များကို တစညပါတီက အလေးထား ဆောင်ရွက် သွားပါမယ်လို့ တွေ့ရပါတယ်။ ဒါက အန်ကယ်တို့ရဲ့ ရည်မှန်းချက်လို့ ပြောလို့ရတယ်ဆိုရင် အဲဒီငါးခုကို အပြိုင် သွားမှာလား၊ တည်ငြိမ် အေးချမ်းပြီးမှ ဖွံ့ဖြိုး တိုးတက်ရေးကို သွားမှာလား။

NUP - တချို့က တစ်ပြိုင်တည်း သွားရမှာပါ။ တချို့ကတော့ တစ်ဆင့်ပြီး တစ်ဆင့် သွားရမှာ။ တိုင်းပြည်မှာ ဒီကနေ့ အရေးအကြီးဆုံးက ဘာလဲ ဆိုတော့ တည်ငြိမ် အေးချမ်းရေးပဲ။ မတည်ငြိမ်ဘဲနဲ့ ပညာရေး၊ စက်မှုလုပ်ငန်း၊ စီးပွားရေးတွေကို အကောင်အထည် ဖော်လို့ မရပါဘူး။ ပထမဆုံး အဆင့်က ဘာလဲဆိုတော့ တည်ငြိမ် အေးချမ်းရေးကို တည်ဆောက်ရမှာပဲ။ သို့သော် သူ့ကိုပဲ ဇောက်ချလုပ်လို့ မရဘူး။ တစ်ချိန်တည်းမှာ ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အုတ်မြစ်တွေ ချတာကို လုပ်ရမယ်။ ဥပမာ- ဒီနေ့ လမ်းတွေဖောက်၊ တံတားတေါ ဆောက်တယ်ဆိုတာ လက်ငင်းကာလ အကျိုးကျေးဇူး အတွက်က နည်းပါတယ်။ ရေရှည် ကာလ အတွက် အကျိုးကျေးဇူးပါ။

YT - အန်ကယ် နောက်ဆုံး မေးခွန်းကလေးက အန်ကယ်တို့ရဲ့ မူဝါဒမှာ ပြုပြင် ပြောင်းလဲမှုတွေ တော်တော် များများ လုပ်ရမှာ အများကြီး တွေ့ပါတယ်။ နိုင်ငံတကာမှာလည်း ပြဿနာက အစိုးရ အဖွဲ့တွေ မတက်ခင် ကတိတွေ တော်တော် များများ ပေးပါတယ်။ တကယ်တမ်းကျတော့ မလုပ်နိုင်တာမျိုး တွေ့ရတယ်။ အိုဘားမားဆိုလည်း မတက်ခင်က ကတိတွေ ပေးတယ်။ တက်လာရော မလုပ်ချင်လို့ မဟုတ်ဘူး။ လုပ်ပါတယ်။ အတိုက်အခံတွေရဲ့ ဆန့်ကျင်မှုတွေ တွေ့ရတယ်။ အန်ကယ်တို့ အစိုးရ ဖြစ်လာရင် Resistance ကြုံတွေ့ရမယ်လို့ ထင်ပါတယ်။ ဒါကို ဘယ်လို ကျော်လွှားမလဲ။ ထင်တိုင်း ခရီးပေါက်ပါ့မလား။

NUP - ကျွန်တော်တို့ လုပ်မယ့် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ Resistance တွေ ရှိမယ်ဆိုတာ မှန်းထားတယ်။ ရှိလာတဲ့ဟာ တွေကို ဘယ်လို ကျော်လွှားမယ်ဆိုတာ ရှာကြံ စဉ်းစား ထားရတာပေါ့။ စဉ်းစားရင်းနဲ့ တကယ်လို့ မလုံလောက်ဘူး ဆိုရင် ပြည်သူကို ချပြရမှာပဲ။ ကျွန်တော်တို့ ဒီလိုလုပ်ဖို့တော့ ရည်ရွယ်ထားတယ်။ ပြင်ဆင်ထားတယ်။ လုပ်ငန်း အစီအစဉ်လည်း ရှိတယ်။ ဒါပေမဲ့ ဟောဒီ ပြဿနာတွေကြောင့် အခက်အခဲ ရှိလာလို့ ရာနှုန်းပြည့်တော့ အကောင်အထည် ဖော်လို့ မရဘူး စသည်ဖြင့် ပြည်သူကို ပြန်ပြီးတော့ ချပြရမှာပေါ့။ ဒီနေရာမှာ ဆက်စပ်ပြီးတော့ အမေရိကားမှာ အိုဘားမားလို ဖြစ်တဲ့ဟာမျိုး ကျွန်တော်တို့ရဲ့ Political Culture ကိုပါ ပြင်လိုက်ချင်တယ်။ ထစ်ခနဲ ဆိုရင် ကျွန်တော်က အတိုက်အခံက ဆိုတော့ အကုန် အတိုက်အခံ လုပ်ချင်တဲ့စိတ်မျိုး။ အဲဒီ Trand ကိုပဲ ဒီ Thinking ကို ပြင်ချင်တယ်။ ရှေ့လျှောက်သွားချင်တဲ့ မြန်မာ့ နိုင်ငံရေးက ခုနပြောတဲ့ အတွေးအခေါ်မျိုး မဟုတ်ဘဲနဲ့ တိုင်းပြည် ကောင်းရာ ကောင်းကျိုး အတွက် ပူးပေါင်းလုပ်ကြမယ် ဆိုတော့ ဒီမိုကရက်လုပ်ရင် ရီပတ်ဘလီကန် ဇီးရိုး။ ဒီမိုကရက်ဖြူတယ်ဆိုရင် သူက နီတယ်။ အကုန်ပဲ ဒီလိုဖြစ်တာ။ ကောင်းတဲ့ဟာဆို လက်ခံရမှာပဲ။ ဒီ Culture ကို တည်ဆောက်ချင်တယ်။

YT - တည်ဆဲအစိုးရတစ်ခုက လုပ်ချင်ရာတွေ လုပ်နေတယ် ဆိုရင်ရော။

NUP - အဲဒါမျိုးကျရင် လုံးဝ မပူးပေါင်းဘူး။ တိုင်းပြည်ကောင်းကျိုး အတွက် လုပ်တော့ လုပ်ငန်းဆိုရင် ကူညီမယ်။ ထောက်ပံ့မယ်။ တိုင်းပြည် ဆိုးကျိုးအတွက် လုပ်ရတယ် ဆိုရင် ကန့်ကွက်မယ်။ ဆန့်ကျင်မယ်။ ဒါ အစောကြီး ကတည်းက ပြောခဲ့တဲ့ဟာ။ လွှတ်တော်ထဲ ရောက်လာရင် မတရား မပြောဘူး။ တရားသဖြင့်ပဲ ပြောမယ်။ အစိုးရက မတရားတာ လုပ်နေရင် ပြုတ်ကျ သွားအောင် လုပ်စရာရှိရင် လုပ်ရမယ်။ ဒါကြောင့် အစိုးရ ဘယ်သူပဲ တက်တက် တိုင်းပြည် ကောင်းအောင်လုပ် လုပ်နေရင်းနဲ့ သူမလုပ်နိုင်ဘူးဆိုရင် သူထွက် မင်းတက်။ မင်း ကောင်းအောင် လုပ်ပေါ့။ ဒီလိုသွားတဲ့ Culture မျိုးကို ပိုပြီးတော့ လိုလားတယ်။

YT - အန်ကယ်အနေနဲ့ ဂျာနယ်ကတစ်ဆင့် မဲဆန္ဒပေးကြမယ့် ပြည်သူတွေကို ဘာ Message ပေးချင်လဲ။

NUP - ပြည်သူက Inform Public Opinion ဖြစ်ဖို့ လိုတယ်။ ကိုယ့်ပကတိ အမြင်နဲ့ ဆင်ခြင်ပြီး မှန်ကန်တဲ့ အတွေးနဲ့ ဘယ်သူတွေက ဘယ်သူ့ အကျိုး အတွက် တိုင်းပြည် ကောင်းအောင် လုပ်လဲ။ ဘယ်သူတွေက လုပ်နိုင်တဲ့ အရည်အချင်း ရှိတဲ့ အလားအလာ ရှိလဲ။ အဲဒါတွေကို မှန်မှန် ကန်ကန်နဲ့ ရွေးချယ်နိုင်ဖို့ လိုပါတယ်။ ပြည်သူက သာလျှင် တိုင်းပြည် ကောင်းရာ ကောင်းကျိုး အတွက် အဆုံးအဖြတ် ဖြစ်ပါတယ်။

24 September 2010

မြေမှာပွင့်သော မေတ္တာပန်းလေးများ

ထိုင်းမြန်မာနယ်စပ် စိမ်းမြမြတောတောင်တွေ တလျှောက် နေခြည်နုကဖြာကျနေတယ်။ တောရိပ်တောင်ရိပ် မိုးငွေ့ရောနေတဲ့ နံနက်ခင်းက စိမ့်စိမ့်လေး အေးနေတယ်။ တောတောင်တွေပေါ်မှာ တောင်ကျရေစီးကြောင်း ဖြူဖြူတန်းကြီးကို အစိမ်းရောင်တွေကြားမှာ တွေ့ရတယ်။

ဒီလို တောတောင်စိမ်းစိမ်း ဖြစ်အောင် ထိုင်းပြည်သူတွေက ဘုရင့်သစ်တော၊ ဘုရင်မသစ်တော ဆိုပြီး ထိန်းသိမ်းထားကြတယ်။ ကျမတို့ ဒုက္ခသည်တွေလဲ တောတောင်ကို ထိန်းသိမ်း စောင့်ရှောက်ပေးရတယ်။

တောတောင်ထဲမှာ ရာသီအလိုက် သဘာဝတရားကြီးကပေးတဲ့ လက်ဆောင်ကိုဘဲ ဒုက္ခသည်တွေက ယူပါတယ်။ ဒီထက်ပိုပြီး မယူပါဘူး။ ယူခွင့်လဲ မရှိပါဘူး။`ပါမိုက်`လို့ခေါ်တဲ့ ထိုင်းသစ်တော တာဝန်ရှိသူက ဓားမကိုင်ထားသူကို ဝါးစိမ်း၊ သစ်စိမ်းနဲ့ တွဲမြင်ရင် ဖမ်းတတ်တယ်။ကျမတို့ ဒုက္ခသည်တွေကလဲ ထိုင်းဘုရင်၊ ဘုရင်မမွေးနေ့တွေမှာ သစ်ပင်စိုက် ပေးရတယ်။


ဒုက္ခသည်စခန်းထဲမှာ ထိုင်းဘုရင်မွေးနေ့၊ ဘုရင်မမွေးနေ့ဆို၂ဝ၁ဝ စက်တင်ဘာ ၁ရက်ကစပြီး ဒုက္ခသည် တွေက မွေးတဲ့ ရင်သွေးလေးတွေကို ထိုင်း နိုင်ငံသား အဖြစ် အသိအမှတ် ပြုပေးမယ်။ မိဘတွေက ကလေးကို မှီခိုပြီး ထိုင်းနိုင်ငံမှာ နေခွင့်ရှိတယ်။

ဆုတောင်းပွဲတွေ လုပ်ကြတယ်။ သစ်ပင်အရိပ် ခိုရင်တောင် သစ်ပင်ရဲ့ ကျေးဇူးကို နားလည် သိတတ်ရတယ်ဆိုတဲ့ ကျမတို့ မြန်မာလူမျိုးများက ကျေးဇူးတရား တန်ဖိုးကို ပိုပြီး သိနားလည်ကြတယ်။

ဖိအားပေးလို့ လုပ်ရတာ၊ ဟန်ဆောင်လုပ်ရတာမျိုး မဟုတ်ဘဲ တကယ့်ကို စိတ်ရောကိုယ်ပါ ဆုတောင်း မေတ္တာပို့ပေးကြတယ်။ ဒုက္ခသည်တွေရဲ့ ဆုတောင်း မေတ္တာပို့သံ၊ ထွန်းညှိပေးတဲ့ ဖယောင်းတိုင် မီးအလင်းက ထိုင်းပြည်သူတွေနဲ့အတူ ထိုင်းဘုရင်မင်းမြတ်နဲ့ ဘုရင်မကြီးကို သက်ရောက်စေခဲ့တယ်။

မေတ္တာရောင်ပြန် ဟပ်တယ်ဆိုတဲ့ စကား လက်တွေ့ သိနားလည်ခဲ့ရပါပြီ။ ထိုင်းဘုရင်မင်း မြတ်က ၂ဝ၁ဝ စက်တင်ဘာ ၁ ရက်ကစပြီး ဒုက္ခသည်တွေကမွေးတဲ့ ရင်သွေးလေးတွေကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးမယ်။ မိဘတွေက ကလေးကို မှီခိုပြီး ထိုင်းနိုင်ငံမှာ နေခွင့်ရှိတယ်။ နိုင်ငံခြား သွားချင်လဲရတယ်။ ဒုက္ခသည်စခန်းမှာ မွေးလာတဲ့ ကလေးတွေက နိုင်ငံမဲ့တွေ ဖြစ်နေလို့ ထိုင်းဘုရင်မင်းမြတ်က ဒီစီမံကိန်းကို ချပေးတာလို့ ပြောပါတယ်။

ဒီရှင်းလင်းပွဲကို ဒုက္ခသည် စခန်းထဲအထိ ထိုင်းနိုင်ငံ တာဝန်ရှိသူတွေက တရားဝင် လာပြောပါတယ်။ “စက်တင်ဘာ ၁ ရက်နေ့ နေ့လယ်၁နာရီ မွေးတဲ့ကလေးတွေကစပြီး ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးမယ်။ ထိုင်းနိုင်ငံထဲမှာဘဲ မွေးတဲ့ကလေး ဖြစ်ရမယ်။ ဒုက္ခသည် စခန်းမှာဘဲ မွေးမွေး၊ အုန်းဖျန်၊ မဲဆောက်ဆေးရုံမှာဘဲ မွေးမွေး သက်သေရှိရမယ်။ သက်သေက မိဘနှစ်ပါး၊ အိမ်နီးနားချင်း ၁ယောက်၊ ရပ်ကွက်မှူး၊ ဆေးရုံ၊ ဆေးခန်းက သက်သေ၁ယောက်။ သူတို့အားလုံးက ဘယ်နေ့ ဘယ်ရက်မှာ မွေးတယ်ဆိုတာကို သက်သေ ထွက်ဆိုပေးရမယ်။ ထိုင်းနိုင်ငံသား အခွင့်အရေး အလားတူရနိုင်မယ်” လို့သုံးနှုန်းသွားပါတယ်။

ဒုက္ခသည် စခန်းထဲမှာ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ကိုယ်ဝန်၂လ ရှိပြီဆိုတာနဲ့ ကလေးအတွက် ရိက္ခာ ပေးပါတယ်။ ပဲတကီလို၊ ငါး သေတ္တာ ၈ဗူး၊ ဆီလစ်ဝက်ကို ၁လ တကြိမ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်မိခင်က ဆေးခန်းကိုသွားပြရပါတယ်။ ကိုယ်ဝန် ၂လ ရှိပြီဆိုတာနဲ့ ကလေးအတွက် ရိက္ခာပေးပါတယ်။ ပဲတကီလို၊ငါး သေတ္တာ ၈ဗူး၊ ဆီလစ်ဝက်ကို ၁လ တကြိမ် ပေးပါတယ်။ ကိုယ်ဝန်ဆောင် အားဆေးကို သွေးပေါင်ချိန်ပေါ် မူတည်ပြီး ပေးတတ်တယ်။

ဒါကြောင့် ထင်တယ်။ ဒုက္ခသည် စခန်းမှာ မွေးတဲ့ ကလေးတွေက ဖွံ့ဖွံ့ထွားထွားနဲ့ ဉာဏ်ရည်ပြည့်မီကြတယ်။ ရွှင်ရွှင်မြူးမြူး လန်းလန်းဆန်းဆန်း ရှိကြတယ်။ ရင်သွေးလေးနဲ့ အကျည်းတန် ဘဝကို တနည်းတဖန် အလှဆင်ကြတယ်။ ဝါးတွေနဲ့ ဆောက်ထားတဲ့ ဆေးခန်းမှာ ကုလသမဂ္ဂက တာဝန်ယူထားတာမို့ မွေးဖွားစရိတ် ငွေမလိုဘူး။ ရင်သွေးထက် မိခင်က အရင်ပုခက်စီးရတာ ဒုက္ခသည်ဘဝပါ။

ဒုက္ခသည်နေတဲ့ နေရာနဲ့ ဆေးခန်းက အတော်လေး ဝေးပါတယ်။ ကိုယ်ဝန်ဆောင် မိခင် အာဝေဏိက ဒုက္ခကို ခံစားရပြီဆိုရင် လမ်းမလျှောက် နိုင်တော့ပါဘူး။ ဆေးခန်းဆီသွားဖို့ ဘာယာဉ်မှ မရှိတော့ ဝါးလုံးတောင့်တောင့်ကို စောင်နဲ့ တွဲချည်လိုက်ပါတယ်။ ပုခက်ကို မြေပေါ်ချပေးလိုက်ရင် ကိုယ်ဝန်ဆောင်သည်က လှဲအိပ်လိုက်ရုံပါ။ ပုခက်ကို တဲအိမ်နီးချင်း အားကောင်းမောင်းသန် ယောက်ျားတွေက ထမ်းသွားပါလိမ့်မယ်။ မွေးပြီးပြန်လာတော့လဲ ပုခက်နဲ့ ပြန်လာရတယ်။

သိက္ခာနဲ့ ရိက္ခာလဲရတဲ့၊ အင်တာဗျူး အမိန့်ကြော်ငြာစာ အမျိုးမျိုး ဆန်းကြယ်ထွေပြားလှတဲ့ ဒုက္ခသည် စခန်းလေးက ရင်သွေးလေးကို နှုတ်ဆက် ကြိုဆိုလိုက်တယ်။ မိခင်၊ ဖခင်ကလဲ ရင်သွေးလေးကို ဒုက္ခသည်အတွက် ပေးတဲ့စောင်၊ အနှီးလေးနဲ့ ထွေးပွေ့ပြီး လောကကြီးနဲ့ မိတ်ဆက်ပေးတယ်။

“ဘာမှမကြောက်နဲ့နော်။ ဒုက္ခသည်စခန်းထဲမှာ အဖေနဲ့အမေရှိတယ်။ တောတောင်နဲ့မြေ ကြီးရှိတယ်။ ဒုက္ခတွေ ရှိတယ်။ အဖေတို့ ခေါင်းပေါ်မှာ မိုးကောင်းကင်ကြီး ရှိတယ်။ တိမ်တွေရှိတယ်။ အဖေတို့ ခြေဖဝါးအောက်မှာ မြေကြီးတွေ ရှိတယ်။ အဖေနဲ့အမေကပေးမယ့် ချစ်ခြင်းမေတ္တာတွေရှိတယ်”

မိဘတွေက ကိုယ့်သားသမီးကို ဒုက္ခသည် အမည်နဲ့ခေတ်စနစ်ကြောင့် မှိန်ဖျော့ခဲ့ရတဲ့ အရာ အားလုံးကို ရင်သွေးနဲ့ ပြန်ပြီး အရောင်တင်ဖို့ ကြိုးစားနေကြတယ်။

အနှိမ်မခံစေချင်ကြပါဘူး။ ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ် ပြုခံရခြင်းကြောင့် ဝမ်းနည်းဝမ်းသာ ဖြစ်ရတယ်ဆိုတဲ့ မိဘတွေရဲ့ ရင်တွင်း ခံစားချက်ကို ကျမပိုလို့ နားလည်နိုင်ခဲ့ပါတယ်။

ဒုက္ခသည် ဘဝမှာ ဇာတိချစ်စိတ်၊ အိမ်လွမ်းစိတ် တပွေ့တပိုက် သယ်ပိုးထားရတဲ့ ရင်သွေးတွေရဲ့ မိဘတွေက ခေတ်စနစ်ကြောင့် မှိန်ဖျော့ခဲ့ရတဲ့ အရာအားလုံးကို ရင်သွေးနဲ့ပြန်ပြီး အရောင်တင်ဖို့ ကြိုးစားနေကြတယ်။
ကျမတို့ မျိုးဆက်လေးတွေ ကြီးပြင်းလာရင် ကမ္ဘာကြီးက အသိဉာဏ် ရှိကောင်းပါရဲ့……။



နှင်းပန်းအိမ်

နဂါးပွက်ရွှံ့မီးတောင် လူသွားစင်္ကြံတွင် ချော်ရည်များယိုထွက်ခြင်းနှင့် ပြန်ပိတ်သွားခြင်း ဖြစ်ပေါ်မှုတို့အပေါ် ဒေသခံများက နိမိတ်တစ်ခုအဖြစ် ယူဆ



ယခုနှစ်အတွင်း မင်းဘူးမြို့ နဂါးပွက်ရွှံ့မီးတောင်လူသွားစင်္ကြံရှိ သံမံတလင်းတွင်ရွှံ့ချော်ရည်များ ယို ထွက်လာခြင်းနှင့် ရွှံ့ချော်ရည်ထွက်ရာ အပေါက်များပြန်ပိတ်သွားခြင်းတို့ ဖြစ်ပေါ်ခဲ့မှုအပေါ် ဒေသခံများက နိမိတ်တစ်ခုအနေဖြင့် ယူဆနေကြကြောင်း သိရသည်။

နဂါးပွက်ရွှံ့မီးတောင် လူသွားစင်္ကြံရှိ သံမံတလင်းတွင် ရွှံ့ချော်ရည်များ ယိုထွက်လာခြင်းနှင့် ရွှံ့ချော်ရည်ထွက် ရာအပေါက်များ ပြန်ပိတ်သွားခြင်းတို့သည် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ခုနှစ် ရွှေစက်တော်ဖွင့်ပွဲနေ့တွင်လည်း ဖြစ်ပေါ်ခဲ့ဖူးကြောင်း ဒေသခံများထံမှသိရသည်။

"ရွှံ့ချော်ရည်တွေက ယိုထွက်လာပြီး တစ်ပတ်လောက်အကြာမှာ ပြန်ပိတ်သွားတယ်။ အဲဒီလိုဖြစ်တာ သုံးကြိမ်ရှိသွားပြီ။ အခုနှစ်မှာနှစ်ကြိမ်၊ ၂၀၀၉ ခုနှစ်တုန်းက တစ်ကြိမ်ပါ။၂၀၀၉ ခုနှစ်တုန်းက အဲဒီလိုဖြစ်ပြီး သိပ်မကြာဘူး၊ ဘုရားဖူးတွေ အများကြီး ရောက်လာပြီး စည်ကားတယ်။ အခုနှစ်လည်းဒီလိုဖြစ်တော့ စည်ကားဦးမယ်ဆိုပြီး ဒေသခံတွေကယူဆနေကြပါ တယ်။ စဖြစ်ဖြစ်ချင်းတော့ ဒေသခံ တချို့ကထိတ်လန့်တာတို့၊ အံ့သြတာတို့ ဖြစ်သေးတယ်။ အခုဒီနှစ်မှာတော့ ဒီလိုဖြစ်တာကို စည်ကားမယ့် အတိတ်နိမိတ်အဖြစ် ယူဆနေကြပါ တယ်" ဟု နဂါးပွက်ရွှံ့မီးတောင်အနီး နေထိုင်သူ ဒေသခံတစ်ဦးက ဆိုပါ "နဂါးပွက်ရွှံ့မီးတောင်က ချော်ရည်တွင်းထဲကို လက်နှိုက်ကြည့်ရင် အပေါ်ယံ နေထိုးတဲ့နေရာလောက်ပဲ နွေးတာပါ။ အတွင်းထဲ ရောက်သွားရင်ချော်ရည် တွေက ရေခဲရည်လိုပဲအေးပါတယ်" ဟု ဒေသခံတစ်ဦးက ဆိုပါသည်။

နဂါးပွက်ရွှံ့မီးတောင်တွင် ချော်ရည်ထွက်ရာ ၁၅ နေရာရှိကြောင်း eleven ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။

KIO ရဲ့ လိုင်ဇာ ဌာနချုပ်ကို စဉ်းကပ်လာတဲ့ နအဖ စစ်အစိုးရ ရဟတ်ယာဉ်တစ်စင်းကို KIO ဘက်က ပစ်ခတ်ခဲ့

ကြာသပတေးနေ့ နေ့လယ် ၁ နာရီလောက်တုန်းက လိုင်ဇာနဲ့ ၁၀ မိုင်လောက်ဝေးတဲ့ နမ့်စမ်ဆိုတဲ့ နေရာကို ချဉ်းကပ်လာတဲ့ အစိုးရ စစ်ရဟတ်ယာဉ်ကို KIO ဘက်က သတိပေးတဲ့အနေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ချဉ်းကပ်လာတဲ့ ရဟတ်ယာဉ် ကတော့ တစုံတရာ မတုန့်ပြန်ဘဲ လှည့်ပြန်သွားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကလည်း စစ်ရဟတ်ယာဉ်တစ်စီး လိုင်ဇာနားကို ချဉ်းကပ် ပျံသန်းလာခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး KIO ပြောခွင့်ရသူ ဦးဆင်ဝါးက ရဟတ်ယာဉ် ရောက်တယ် ဆိုတာကတော့ အတည်ပြုနိုင်တဲ့အကြောင်း ပစ်တာခတ်တာကိုတော့ အတည်ပြုချက် မပေးနိုင်သေးတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

အခုလောက်အထိ ရဟတ်ယာဉ် နီးနီးကပ်ကပ် ချဉ်းကပ်လာတာ ကတော့ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်တဲ့အကြောင်း ဦးဆင်ဝါးက ပြောပါတယ်။

ရဟတ်ယာဉ်ရဲ့ အနေအထားက ပစ်ခတ်ဖို့ လာတာ မဟုတ်လောက်တဲ့အကြောင်း၊ သတင်း ထောက်လှမ်းရေး သဘော လာတာ ဖြစ်နိုင်တဲ့ အကြောင်း ဦးဆင်ဝါးက ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်အစိုးရဘက်က တစုံတရာတုန့် ပြန်ပြောဆိုလာတာတော့ မရှိသေးပါဘူး။

နယ်ခြားစောင့်တပ်ဖွဲ့ရေး နဲ့ လက်နက်စွန့်ရေး ညှိနှိုင်းမှုတွေ မပြေလည်နိုင်ကြတဲ့ စစ်အစိုးရနဲ့ KIO ကြား ဆက်ဆံရေးမှာ စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား သတ်မှတ်ပေးထားပြီး နောက်ပိုင်း ဒါဟာ ပထမဦးဆုံး အကြိမ် သေနတ်သံကြားရတာ ဖြစ်ပါတယ်။

ဆက်ဆံရေးတွေ တင်းမာနေချိန်မှာ အခုလို စစ်ရဟတ်ယာဉ် ချဉ်းကပ်တာတွေ ရှိလာတော့ ဒေသခံ လူထုကြားမှာ သတိထားစရာတွေ ဖြစ်လာနေတယ်လို့လည်း ဦးဆင်ဝါးက ပြောပါတယ်။


သတင်း..ဘီဘီစီ

၈၈မျိုးဆက် မမာမာဦးနိင်ငံရေးအကျဉ်းသူ ၏ဖခင် ဦးအုန်းမောင် ကွယ်လွန်

ဦးအုန်းမောင်

ဦးအုန်းမောင်( အသက် ၇၃ ) ၂၂. ၉. ၁၀နေ့ ည ၁၁း၄၅ မှာ (၉၆)ပါးသော ရောဂါနဲ့ သေဆုံးခဲ့ပြီး ။ ၂၃ရက် နေ့ခင်း ၁နာရီတွင် ရေဝေးသုသာန်မှာသဂြိုလ်လိုက်ပါသည် ။ကွယ်လွန်သူ အား ရည်စူး၍ ၂၈ .၉. ၂၀၁၀ နေ့တွင် ဆွမ်းကပ်လှူဒါန်းမည်ဖြစ်ပါသည်။

အန်ကယ်ဦးအုန်းမောင်သည် စာရေးဆရာ၊ ကဗျာဆရာ၊ တစ်ဦးလည်းဖြစ်ပါသည်။နိုငံရေးမှုဖြင့် ထောင်လဲ (၃)နှစ်ကျခံခဲ့ဘူးပါသည်။ သူ၏ နာရေးအား နိုင်ငံရေး သမားများနှင့် အနုပညာသည် များလိုက်လံပို့ဆောင်ခဲ့ပါသည်.။

မမာမာဦး၏ ဖခင် ဦးအုန်းမောင်သည် စာအုပ်အဟောင်း လေးများအား လှည်းတန်း ညနေဈေးတွင် ချရောင်းပြီ
သမီးဖြစ်သူမမာမာဦး၏ ထောင်ဝင်စာ အားဗန်းမော်ထောင်ထိ သွားရောက်ပို့ဆောင်ပေးခဲ့သူတစ်ဦးပါ။သားအဖ
နှစ်ယောက်တည်းသာ ရပ်တည်ခဲ့သောကြောင့် မမာမာဦးထောင်ဝင်စာ အတွက် အခက်အခဲမြောက်များစွာ ရှိပါမည်။

ဆွေမျိုးသားချင်း မရှိသော မမာမာဦး သည် သူ၏ဖခင် ကွယ်လွန် သွားသည်ကို လည်းသိရှိ မှာမဟုတ်သေးပါ။
အန်ကယ်ဦးအုန်းမောင်သည် နာမကျန်း ဖြစ်နေချိန်မှ စ၍ သမီးဖြစ်သူ မမာမာဦး၏ ထောင်ဝင်စာ အားသွား ရောက်မပို့ဆောင်တော့ပါဘူး။

စစ်အာဏာပိုင်များက ၂၀၀၀၈ခုနှစ်၊ သြဂုတ်လ (၇)ရက်တွင် မမာမာဦးအား ဖမ်းဆီးပြီး။မမာမာဦးကို ထောင်ဒဏ် (၆၅)နှစ် ၊နောက်တိုးကြွေးကျန် (၅)နှစ် ပေါင်းနှစ်(၇၀) မတရား ဖမ်းဆီး ထောင်ချ ထားခြင်းခံနေရသူနိုင်ငံရေးအကျဉ်းသူတစ်ယောက် လည်းဖြစ်ပါသည်။ယခုလက်ရှိ ဗန်းမော်ထောင်တွင် ကျန်းမာရေးလဲ လုံးဝမကောင်းပါ။

မြတ်လေးငုံ



ဝတ်ကုသိုလ်

၂၀၁၀ ခုနှစ် အတွင်းတွင် ဖွဲ့စည်းလိုက်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်အဖွဲ့ သည် ၂၀၁၀ ခုနှစ်အတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဈာပန ပို့ဆောင်မှုလမ်းကြောင်း ၁၀၀၀၀ (တစ်သောင်း) ပြည့် အခမ်းအနားတွင် ပွဲဦးထွက်အဖြစ် ရွတ်ဖတ်ပူဇော်ပြီးသည့်နောက် . . .

ယနေ့ ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့ နံနက်ပိုင်းတွင် လှိုင်မြို့နယ်နေ ဦးအုန်းမောင် အသက် (၇၃) နှစ် နာရေးလမ်းကြောင်းအား နေအိမ်မှ ရေဝေးသုဿန်သို့ တိုက်ရိုက်မီးသင်္ဂြိုလ်မည် ဖြစ်သည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်အဖွဲ့က မော်တော်ယာဉ်တစ်စီးဖြင့် လိုက်လံ ရွတ်ဖတ်ပူဇော် အမျှပေးဝေ ခဲ့ပါသည်။ ဆက်လက်၍ ညနေပိုင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဖခင် ကွယ်လွန်သူ ဦးချစ်အောင် အသက် (၈၄) နှစ်၏ ဈာပနအခမ်းအနားကို ရေဝေးသုဿန် ခန်းမဆောင်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်အဖွဲ့မှ သံဝေဂလင်္ကာများ ရွတ်ဖတ်ပူဇော် အမျှပေးဝေခြင်းတို့ကို ကုသိုလ်ဖြစ်ပေးဆပ် ကူညီပံ့ပိုး ပေးခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အခမဲ့ နာရေးကူညီမှု၊ အခမဲ့ ဆေးကုသမှု၊ အခမဲ့ ပညာဒါန .. စသည်တို့သည် အများပြည်သူအတွက် လူမှုရေးနှင့် ပတ်သက်သော လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်သော လူမှုရေးကိစ္စရပ်များကို ဗြဟ္မစိုရ်တရား လက်ကိုင်ထား၍ ပေးဆပ်လျှက်ရှိရာ အများပြည်သူအတွက် ငြိမ်းချမ်းမှုကို ရရှိစေခဲ့သည်။ အများအတွက် သာမက မိမိအတွက်ကိုပါ ကောင်းကျိုးချမ်းသာ ရရှိစေမည် ဖြစ်ပါသည်။ ထို့အပြင် သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲစေရန် ရည်ရွယ်ကာ ဖွဲ့စည်းလိုက်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်ပူဇော်မှုအဖွဲ့ (၀တ်အဖွဲ့)၏ ကုသိုလ်စိတ်ဖြင့် သံပြိုင်သီဆို ပူဇော်မှုတို့သည် နတ်လူအပေါင်း ဘေးဥပါဒ်အန္တရာယ် အသွယ်သွယ်တို့မှ လွတ်မြောက်ကာ သောကကင်းဝေး ငြိမ်းချမ်းသာယာမှု အပေါင်းတို့ကို ရရှိကြပါမည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

ပါတီဆယ်ကိုယ်ခွဲတဲ့ ရွေးကောက်ပွဲ (သီချင်း)

Get this widget | Track details | eSnips Social DNA
ပါတီဆယ်ကိုယ်ခွဲတဲ့ ရွေးကောက်ပွဲသီချင်း

ရေး .. ထက်အောင်ရှိုင်း/ စက္က
ဆို .. ထက်အောင်ရှိုင်း

v1. ပြည်သူ့ သဘောထားမပါ ကိုယ့်ဘာသာလုပ်ကြံ ၂၀၀၈ အခြေခံ

စိတ်တိုင်းကျရေးကာစွဲ ၂၅% လည်း အသက်လွတ်ထပ်ယူပြန်တယ်

ကြံဖွတ်ကတဖန်တစ်ပါတီခံ စစ်ဦးစီးချုပ်တွေအရေခွံလှန်

လောဘရမ္မက်ထန် စောဒကမတက်ရန် အမိန့်တွေသာထုတ်ပြန် ..

CHO: အာဏာရှင်ဖန်တီးတဲ့ဒီဥပဒေ ဘောင်မ၀င် ၂၀၀၈ ခု အခြေခံပင်

ဒီမိုကရေစီလမ်းစဉ် အမြဲရှေင်ကွင်းကမ္ဘာ့အလယ်တွင် ဟန်ပြ ဖြေရှင်းဖို့သာကြံဆင်

ဒီကမ္ဘာကြီးထဲတွင် လွတ်လပ်ခြင် မျှတခြင်း သက်သေမရှိပါ အရှင်းသားပင်
SOLO: .. .. .. ..

V1. ပြည်သူ့ဘ၀စစ်ကျွံ ဆက်ခံယူရရင် အနာဂတ်အတွက်မရေရာပြန်

လူသားဘ၀အဖြစ်ကဆိုး ကိုယ်ရွေးချယ်ပိုင်ခွင့်လည်း ပျောက်တဲ့ ဒီအလက်ရှင်

မဲပုံးတွေအမှန်နဲ့အမှား အမှန်ဘက်ကတဖက်သတ် အလွန်ကိုများ

အတင်းအကျပ် ချုပ်ကိုင် ခိုင်းသမျှလုပ်ရန် လမ်းစဉ်တွေထုတ်ပြန် .. ..

ဘလော့ခ်ဂါ ဒီမိုဝေယံ၊ အလင်းဆက်. ခမိခဆဲမှ ဖြန့်ဝေပါသည်။

ပါတီဆယ်ကိုယ်ခွဲတဲ့ ရွေးကောက်ပွဲ Download လုပ်ချင်ရင်.. CLick

23 September 2010

ဆရာအောင်သင်းရဲ့လူငယ်တွေအတွက် ဟောပြောခဲ့တဲ့ အသံဖိုင်တွေပါ..

ယနေ့လူငယ်ဘဝ ထူထောင်မှုစာပေ..

ဘဘဦးဝင်းတင်၊ ဆရာအောင်သင်း၊ ဒဂုန်တာရာ (ဓာတ်ပုံ မိုးမခ)
Get this widget | Track details | eSnips Social DNA

ဆရာအောင်သင်း ပျော်ဘွယ်မှာ ဟောပြောခဲ့တဲ့ ယနေ့လူငယ်ဘဝ ထူထောင်မှုစာပေ. အသံဖိုင်တစ်ခုပါ...
ဆရာ့ရဲ့ဟောပြောချက်ထဲက မှတ်သားဖွယ်ရာ ဟောပြောချက်တစ်ခုကတော့

အသိပညာရှင်ဆိုတာ ကိုယ့်ဦးနှောက်ကို သစ္စာရှိရတယ်.. ရိုသေရတယ်။ အနုပညာရှင်ဟာ ကိုယ့်နှလုံးသားကို သစ္စာရှိရတယ် ရိုသေရတယ်.. ကျွန်တော့်အသိဥာဏ်ဟာ တစ်ထွာဖြစ်ချင်ဖြစ်မယ်.. တစ်မိုက်ဖြစ်ချင်ဖြစ်မယ်.. တစ်တောင်ဖြစ်ချင် ဖြစ်မယ် တစ်လံဖြစ်ချင်ဖြစ်မယ်.. ဒါပေမယ့် ကျွန်တော်အသိဥာဏ်ကို ကျွန်တော်သစ္စာရှိတယ်.. ဒီနေ့အထိ ကျွန်တော်မယုံကြည်တဲ့ စကား ဘယ်သူခိုင်းလို့မှ ကျွန်တော်မပြောဘူး..
လက်ခုပ်သံများ (လေးစားပါတယ် ဆရာခင်ဗျား)

ဆရာအောင်သင်းရဲ့ လူငယ်နဲ့ အမွေ.. နှင့် လူငယ်နဲ့အချစ်..(အသံဖိုင်)

ဆရာပါရဂူ၊ ဆရာအောင်သင်း၊ အဘဦးဝင်းတင် (ဓာတ်ပုံ မိုးမခ)
Get this widget | Track details | eSnips Social DNA
အချိန် ၂နာရီကျော် ကြာမြင့်ပါသည်။ ပထမပိုင်း လူငယ်နဲ့အမွေ အသံဖိုင်အနည်းငယ် အသံမပြတ်မသား ဖြစ်နေပါသည်။ ဒုတိယပိုင်း ၁နာရီနောက်ပိုင်း လူငယ်နဲ့အချစ် အသံဖိုင်မှာ ပြန်လည်ကြည်လင်စွာ နားထောင်နိုင်ပါသည်။

စစ်အစိုးရကို လိုလားသော ပါတီများမှ ကိုယ်စားလှယ်လောင်းများ အပယ်ခံရ


ချင်းပြည်နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း နှစ်ဦးနဲ့ မဆလ တဖြစ်လဲ တစညပါတီက ကိုယ်စားလှယ်လောင်းတဦးတို့ကို ဝင်ရောက် အရွေးခံဖို့ အရည်အချင်း မပြည့်မီဘူး ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်တယ်လို့ သိရပါတယ်။

ပယ်ချခံလိုက်ရတဲ့ ကိုယ်စားလှယ်လောင်းတွေကတော့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ဟားခါးမြို့နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ထားတဲ့ ဦးဆန်ကြိုးနဲ့ ထန်းတလန်မြို့ကနေ ကိုယ်စားလှယ်အမည် တင်သွင်းထားတဲ့ ဦးငွန်ဆန်းတို့ ဖြစ်ကြပြီး ဖလမ်းမြို့နယ်ကနေ အရွေးချယ်ခံဖို့ စီစဉ်ထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က ဦးထန်ကျင်တို့ ဖြစ်ပါတယ်။

ခုလို အပယ်ခံလိုက်ရတဲ့ အကြောင်းကြားစာကို ရွေးကောက်ပွဲ ကော်မရှင်ကနေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကြေးနန်းနဲ့ ပေးပို့လာတာ ဖြစ်တယ်လို့ ပြောပြလာသူကတော့ ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းရုံးရေးမှူး ဥက္ကဋ္ဌ ဦးပန်လျှန်း ဖြစ်ပါတယ်။

“သူတို့ နှစ်ယောက်က နိုင်ငံခြားသွားဘူးတယ်၊ အဲဒါ ကိစ္စနဲ့ များလား မပြောတတ်ဘူး၊ အခု ဦးငွန်းဆန်းက အယူခံတော့ နေပြည်တော်ကနေ ခေါ်ပြီးတော့ ဒီမနက်ပဲ နေပြည်တော်ကို ထွက်သွားတယ်၊ နောက်တယောက်တော့ ဟားခါးမှာပဲ၊ အယူခံတာတို့ ဘာတို့ မကြားဘူး၊ နောက်ပြီးတော့ ဖလမ်းမှာ တစည ထဲက တယောက် ထပ်ပယ်တယ်၊ ဦးထန်ကျင် ပြည်နယ်လွှတ်တော်မှာ အရွေးခံမည့်သူ၊ ကျနော်ထင်တာက သူက ပါစတာ လုပ်ဖူးတယ်၊ ခရစ်ယာန် တရားဟောဆရာ လုပ်ဖူးတယ်၊ လုပ်ဖူးတော့ အဲ့ဒီကိစ္စနဲ့ ပယ်တယ်လို့ ကြားတယ်၊ သူက အယူခံဝင်တာ မကြားဘူး။,

အသေးစိတ်သိရအောင် ဟားခါးမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးကို ဆက်သွယ်ခဲ့ရာမှာတော့ ဖုန်းလာကိုင်သူက သူ မသိရှိကြောင်း၊ ဖြေဆိုမဲ့သူ မရှိကြောင်းနဲ့ လူကြီးတွေကိုသာ မေးမြန်းဖို့ ပြောသွားပါတယ်။

ချင်းပြည်နယ်အတွင်းမှာ အဓိက ဝင်ရောက်ယှဉ်ပြိုင်ကြမဲ့ နိုင်ငံရေးပါတီတွေကတော့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအပြင်၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ ဖြစ်ကြောင်း သိရပါတယ်။

သတင်း...RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့ အခြေစိုက် စကခ ၉ လက်အောက်ခံ ခမရ ၃၇၄ တပ်ရင်းမှာ စားဝတ်နေရေး ကြပ်တည်းတဲ့အတွက် အမိန့်ဖီဆန်မှုတွေ ဖြစ်နေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့အခြေစိုက် စကခ ၉ လက်အောက်ခံ ခမရ ၃၇၄ တပ်ရင်းမှာ စားဝတ်နေရေး ကြပ်တည်းတဲ့အတွက် အမိန့်ဖီဆန်မှုတွေ ဖြစ်နေတယ် လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ကြိမ်က အစိုးရလစာတွေ တိုးပေးခဲ့ပြီး နောက်ပိုင်းမှာ တပ်ရိက္ခာတွေကို ထက်ဝက်လျှော့ ပေးလာတဲ့ အတွက် စား၊ ဝတ်၊ နေရေး က ဘယ်လိုမှ မလောက်ငှ တော့ဘူး လို့ ခမရ ၃၇၄ က တပ်သား တစ်ဦးက ပြောပါတယ်။

သူ ပြောပြတာက ရိက္ခာအတွက် ပေးတဲ့ ဆန်တွေက အဝါရောင်တွေ၊ စားဖို့ အဆင် မပြေဘူး၊ ဒါပေမဲ့ သည်းခံပြီး စားရတယ်၊ ဟင်းအတွက် ကတော့ ဟင်းသီး ဟင်းရွက် စားရတယ်၊ ကလေး တွေလည်း ရဲဘော်တွေ လိုပဲ စားရတယ်လို့ ဆိုပါတယ်။

လစာက တစ်ယောက်မှ ကျပ်နှစ်သောင်းခွဲပဲ ရတယ်၊ ယူနီဖောင်းတောင် လဲဝတ်စရာ မရှိဘူးလို့ အခက်အခဲ အကြပ်အတည်း တွေကို ပြောပြ ပါတယ်၊ ဒါကြောင့် တပ်ထဲမှာ အထက်က ပေးတဲ့ တာဝန်တွေကို ဘာမှ သူတို့ မလုပ်တော့ဘူး၊ တပ်ရင်းမှူး ကလည်း ဘာမှ မပြောဘူး၊ တပ်က တပ်နဲ့ မတူတော့ဘဲ အရပ်ထဲ ကလို ဖြစ်နေ တယ်လို့ လက်ရှိ အခြေအနေ တွေနဲ့ ပတ်သက်ပြီး သူက ပြောပါတယ်။

တပ်တွင်း စီးပွားရေးကလည်း ဘာမှမရှိတော့တဲ့အတွက် ရိက္ခာရဖို့ ဆက် တောင်းဆိုမယ်၊ တခါ အခုဆိုရင် တပ်သားတွေက အပြင်ထွက်ပြီး သင်္ဘောမှာ အလုပ်လုပ်တဲ့ သူက လုပ်တယ်၊ ကုန်ထမ်းတယ်၊ ဖြစ်သလို ရတဲ့အလုပ် လုပ်ပြီး စားဝတ်နေရေး ဖြေရှင်းရတယ်လို့ ရဲဘော်က ပြောပါတယ်။

ရဲဘော်တွေရဲ့ အခက်အခဲတွေကို တပ်ရင်းမှူးဆီ တင်ပြခဲ့ပေမယ့်လည်း မဖြေရှင်းပေးနိုင်လို့ အခုတော့ တပ်မမှူးဆီ ဆက်လက် တင်ပြထား တယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်...ဘီဘီစီ

မြန်မာပြည်သားချင်း ရိုင်းပင်ကူညီ ပြည်သူဂုဏ်ရည် လော့အိန်ဂျယ်လစ်မြို့အဖွဲ့၏ဂီတာဆည်းဆာနှင့်ရသစုံညနေခင်း


ကလှစ်နှိပ်ဖတ်ပါရှင်
ပေးပို့ ပေးသော ကိုဘိုဘို အားကျေးဇူးတင်ရှိပါသည်.။

အဘိုးနှင့် ကျွန်တော်

အဘိုးနှင့် ကျွန်တော်

““အယ်ဒီတာမောင်မျိုး(မြန်မာစာ)ဆိုတာလား””မိတ်ဆွေတစ်သိုက်နှင့် ကျောက်တံတားမြို့နယ်၊၃၄လမ်း (အထက်ဘလောက်)သတ္ထုတွင်းအဆောင်အောက်ပလက်ဖောင်းပေါ်ကလက်ဖက်ရည်ဆိုင်မှာထိုင်ပြိးထမည်အ
လုပ်လွယ်အိတ်အိုတစ်လုံးလွယ်ကာ ဘောင်းဘီရှည်စတိုင်ကျကျဝတ်ထားသောတရုတ် အဘိုးအိုကြီး တစ်ယောက် ရောက်ချလာကာ မေးသည်ကြောင့်““ဟုတ်ကဲ့ပါ အဘိုး ထိုင်မလား ခင်ဗျ””

““အေး...ထိုင်မယ်။ မဂ္ဂဇင်းတိုက်က လက်ဖက်ရည်ဆိုင်ကိုညွှန်လို့လိုက်လာတာ။ဒါနဲလူလေးအချိန်ရရဲ့လား””
““ဟုတ်ကဲ့ ရပါတယ်အဘိုး ထိုင်ပါ””““မဂ္ဂ္ဂဇင်းတိုက်ကို ပုလဲတို့ကော လာတတ်လား””““ဟုတ်ကဲ့ လာတတ်ပါတယ် အဘိုး။

စာမူတွေလာပေးရင်းဖြစ်ဖြစ်၊ မြို့ထဲရောက်ရင်ဖြစ်ဖြစ်ဝင်လာတတ်ပါတယ်။ ကြီးကြီးဦး (ဒေါ်ခင်ဆွေဦး) လည်း တစ်ခါတစ်ရံ လာတတ်ပါတယ်။ဒေါ်ကလျာတို့၊ မသန်းမမြင့်အောင်တို့နဲ့မြို့ထဲမှာ ကိစ်္စရှိရင်မဂ္ဂ္ဂဇင်းတိုက်မှာပဲ ဆုံဖြစ်ကြပါတယ်။ီ

မရောက်တာကြာရင်တော့ ကျွန်တော်ကြီးကြီးဦးတို့အိမ် လိုက်သွားပါတယ်။မကြာမကြာတော့ ဆုံပါတယ်။””
ကျွန်တော်ရှည်ရှည်ဝေးဝေးဖြေရင် ထိုပုဂ်္ဂိုလ်ကြီးဘယ်သူဖြစ်လေမလဲဆိုဟုအကဲခတ်နေမိပါ၏။

ထိုစဉ်မှာပဲ အဘိုးအိုကြီးက လွယ်အိတ်အိုကြီးထဲမှ ဆွဲထုတ်ပေးလာသည့်စာမူကြောင့် နာမည်ကိုတော့ သိလိုက်ရပါပြီ။““တိုးတက်ရေးအုန်းမြင့်”” ဆိုပါလား။ သို့သော်......စာမူလူကြုံယူလာပေးတာလား။ကာယကံရှင် စာရေးဆရာကြီးပေပဲလားဆိုတာကိုတော့စကားပြောရင်း မီးစင်ကြည့်ကရဦးမည့် အဖြစ်။

စာမူကိုရိုသေစွာ လှမ်းယူအပြီးမှာ လွတ်လပ်ရေးကြိုးပမ်းမှုကာလသမိုင်းဆိုင်ရာ ဆောင်းပါအမျိုးအစားဖြစ်နေခြင်းကြောင့် အားတက်သရောစိတ်ဝင်တစား ဖတ်ဖြစ်တော့မလို ဖြစ်သွားရသေးသည်။ ပြီးမှကိုယ်စာဖတ်နေစဉ်တွင် လက်ဖက်ရည်ဆိုင် ခုံပုလေးမှာ သက်ကြီးရွယ်အိုကြီးက ငုတ်တုတ်ထိုင်စောင့်ရမည့်အဖြစ်အား စာနာသတိရမိသွားကာအဘိုးအိုပြောလိုရာ ပြောဆိုနိုင်စေဖို့ကို မျက်နှာအမူအယာပြစကားစလိုက်မိသည်။

““ဟုတ်ကဲ့ပါ အဘိုး””
““အေး...စာမူ သုံးလို့ဖြစ်ပါ့မလား””
““ဖြစ်ပါတယ် အဘိုး။

ကျွန်တော်တို့လူငယ်တွေစိတ်ဝင်စားတဲ့ အကြောင်းအရာပါ””““အေး ဒါဆို ဆောင်းပါးမှာ ဒီဓာတ်ပုံလေး သုံးချင်တယ်””အဘိုးအိုလှမ်းပေးလိုက်တဲ့ ဓာတ်ပုံကြောင့်ကျွန်တော်လွန်စွာအံ့သြသဘောကျ ဖြစ်သွားရသည်။ တစ်ခါမျှ မမြင်ဖူးသောဓာတ်ပုံ။သို့သော်အဆိုပါ ဓာတ်ပုံပါ ပုဂ်္ဂိုလ်ကြီးတစ်ဦးကတော့ ကျွန်တော်အခါခါမြင်ဖူးပြီး
ရင်ထဲအသည်းထဲက ချစ်မြတ်နိုးသောသူ ။

“ဗိုလ်ချုပ်အောင်ဆန်း”
““အေး...ဟုတ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းပဲ။
ဟိုဘက်အစွန်က သခင်သန်းထွန်း။ သခင်သန်းထွန်းဘေးက အဘိုးရဲ့ပုံပေါ့””
““ဗျာ””
ကျွန်တော်ထပ်ခါအံ့သြသွားရပြန်သည်။

မြန်မာ့လွတ်လပ်ရေးရာဇ၀င် သမိုင်းထဲက ပုဂ်္ဂိုလ်ကြီးတစ်ဦးကိုကျွန်တော်မျက်ဝါးထင်ထင် မြင်တွေ့နေရပါ ရော့လား။အံ့သြ၀မ်းသာဖြစ်စိတ်တွေနှင့်အတူ စောစောက တရုတ်အဘိုးကြီးတစ်ဦးဟုထင်မိခဲ့။ စာမူလူကြုံယူလာပေးသူဟု ထင်မှားမိခဲ့မှုတွေက အံ့သြအထင်ကြီးလေးစားမှုတွေနောက်မှာ နေလာ နှင်းပျောက်သလို လွင့်ပျောက်သွားခဲ့ပြီ။

““ဒါဆိုအဘက သခင်တစ်ယောက်ပေါ့””
““ဟုတ်တယ်သခင်အုန်းမြင့်ဆိုတာအဘပဲ။တိုးတက်ရေးအုန်းမြင့်လို့လည်းစာတွေရေးတယ်လေ။
ဖတ်ဖူးတယ်မဟုတ်လား””
ကျွန်တော်မျက်လွှာချ ခေါင်းငုံ့သွားမိသည်ထင်။
““ပုလဲတို့ကတော့ မောင်မျိုး(မြန်မာစာ)ဆိုတာ လိမ္မာတယ်၊

တော်တယ်၊စာပေ၀ါသနာလည်း တော်တော်ကြီးတယ်လို့ ပြောကြတယ်။အဲဒါနဲ့ အဘ လည်းစာမူလာပေးရင်း ဂုဏ်ပြုတာ””ကျွန်တော် ရှက်စိတ်တွေကြောင့် အဘိုးရှေ့မှာအငွေ့အဖြစ်နှင့် လွင့်ပျောက်သွားလိုက်ချင်ပါတော့သည်။

အဘွား(ဆရာကြီးမဟာဆွေ၏ဇနီး)ကြီးကြီးဦး(ဒေါ်ခင်ဆွေဦး)နှင့်မပုလဲ(ဒေါ်ခင်ဆွေဦး၏သမီး)တို့ကကျွန်တော်
စပယ်ဖြူမဂ္ဂဇင်းမှာအယ်ဒီတာအဖြစ် ဆောင်ရွက်ရဲအောင်ယုံကြည်မှုတွေမြင့်မားစေလိုသည့်သဘောဖြင့်တွေ့
မြင် သမျှ စာပေအသိုင်းအ၀ိုင်းက ပုဂ်္ဂိုလ်ကြီးငယ်တွေကိုသူတို့မဂ္ဂဇင်း၏အယ်ဒီတာလေးအား ချစ်ခင်ရင်းနှီးစေရန်
လိုသည် ထက်ပိုကာချီးမွမ်းခြင်းဖြစ်ကြောင်း ကိုယ့်ဝမ်းနာ ကိုယ်သာ သိမို့ အဘိုးရှေ့ မှာ ခေါင်းပင်ပြန်မဖော်နိုင်တော့။ ဒါကိုအဘိုးတိုးတက်ရေးအုန်းမြင့်(ခေါ်) သခင်အုန်းမြင့်ကသတိမူမိကောင်းမူမိနိုင်၏။

သို့သော် အဘိုးက ကျွန်တော်အားတက်စေဖို့ စကားတွေနှင့် ဒီခေတ်လူငယ်တွေ တော်ကြောင်း၊ကြိုးစားကြောင်း ချီးမွမ်းခန်းတွေဖွင့်ကာအားပေးလို့မဆုံး။ကျွန်တော်ကတော့ဆောင်းပါးအတွက်အဘိုးပေးသည့်မြန်မာ့လွတ်လပ်
ရေး ကြိုးပမ်းမှုကာလဆီမှလူငယ် ၆ ဦးပါ ဓာတ်ပုံထဲကလူငယ်တွေ၏ခြေမှုံလောက်ပင် ကျွန်တော့်မှာ အစွမ်းအစ မရှိကြောင်း စိတ်ထဲကပြောဆိုနေမိခဲ့သည်။ ထိုအဖြစ်က၁၅ နှစ်ကျော်မျှ ရှိခဲ့ပြီ။

သို့သော် ကျွန်တော်သည် လူငယ်ဘ၀ကနေ လူလတ်ပိုင်း အရွယ်နီးပါးရောက်လာခဲ့ ရသော်လည်း ထိုဓာတ်ပုံထဲက လူငယ်တစ်သိုက်၏ ခြေမှုံမျှလူစွမ်းလူစမရှိနိုင်ခဲ့သေးသည်မှာ သေချာပါ၏။

အဘိုးသခင်အုန်းမြင့်သို့အမှတ်တရ

ကိုမျိုး(မြန်မာစာ)

21 September 2010

စစ်အာဏာရှင် တိုက်ဖျက်ရေးအတွက် လူတိုင်းမှာ တာဝန်ရှိသည်၊




ကလှစ်နှိပ်ပြီ ဖတ်ရှုနိုင်ပါသည်.။

စက်တင်ဘာ သုးံနှစ်ပြည့် အမှတ်တရ


မိုးဖွဲလေးတွေစဲနေတဲ့ ရာသီဥတု အောက်မှာ ရန်ကုန်မြို့ရှိ ဘုန်းကြီး ၊ရဟန်းသံဃာတွေရဲ့ မျက်နှာတွေမှာ မိုးစက် လေးတွေနဲ့အတူဝမ်းနည်းမှုပူဆွေးမှုကြေကွဲမှုနဲ့ပြည့်နှက်နေတဲ့လတစ်လ အဲဒီလက တော့ စက်တင်ဘာလ ဖြစ်ပါတယ်။

အပြစ်မဲ့တဲ့ ပြည်သူတွေကို ချစ်တဲ့ ပြည်သူက လေးစား တန်းဘိုးထားတဲ့ ကိုထင်ကျော်၊ကိုမင်းကိုနိုင်၊တို့ကိုဖမ်းဆီ
သွားလို့ ပြည်သူတွေနှင့် တကွ ဘုန်းကြီးရဟန်း သံဃာတွေ ရဲ့ရင်ထဲမယ်ဖြစ်ပေါ်နေတဲ့ အစိုင်အခဲတွေမှ မပြေပျောက်သေးဘူး။

မြန်မာနိုင်ငံရှိ ဘုန်းကြီး ရဟန်းသံဃာတွေနှင့် တကွ ပြည်သူတွေရဲ့ ရင်ကို မိုးကြိုးထက် ပြင်းထန်တဲ့ ရိုက်ခတ်
မှုကြီးက ပြည်သူတွေနှင့်တကွ ဘုန်းကြီးရဟန်းသံဃာတွေမြိုသိပ်ထားသမျှ ပွင့်ထွက်လာအောင် ပြင်းထန် အားကြီး ပါတယ်။



ပခုက္ကူမြို့ ပေါ်မယ် စက်တင်ဘာငါးရက်နေ့က အာဏာရူး လူသတ်ကောင်တွေရဲ့လက်ကိုင်ဒုတ် ကြံဖွံ့တွေနှင့်
အာဏာရူး စစ်မိစ္ဆာတွေက လူမဆန်စွာ ကမ္ဘာ့အကောင်းဆုးံ ဘာသာတရားရဲ့ ခေါင်းဆောင် မြန်မာ နိုင်ငံသူ
နိုင်ငံသားအားလုးံနီးပါးလောက်ရဲ့လေးစားတန်းဘိုးထားကိုးကွယ်တဲ့ထေရ၀ါဒဘာသာရေးခေါင်းဆောင်တွေကို
ရက်ရက်စက်စက်လူမဆန်စွာသတ်ဖြတ်ရိုက်နှက် ဖမ်းဆီမှု ကမ္ဘာမှာ မော်ကွန်းတင်လောက်အောင်ရက်စက်ပြ
တဲ့ အာဏာရူးတစ်သိုက်ရဲ့ လုပ်ရပ်ဟာ ဦးဇင်းတို့ မြန်မာနိုင်ငံလုးံရှိ ဘုန်းကြီး ရဟန်းသံဃာတွေ
ရဲ့ ပူလောင်သွားစေပါတယ်။


စက်တင်ဘာငါးရက်နေ့ကနေ စတင်ပြီးတော့ ကုန်းဈေးနှုးံ မြင့်မားမှုကြောင့် ဦးဇင်းတို့ရဲ့  ဆွမ်းဒကာ၊ဆွမ်းအမ သာသနာ့ ဒါယကာသာသနာ့ ဒါယိကာတွေရဲ့ စိတ်ဆင်းရဲမှု၊ကိုယ်ဆင်းရဲမှု၊အပြစ်မဲ့တဲ့၊ပြည်သူတွေကို ချစ်တဲ့ ပြည်သူတွေက လေးစား တန်းဘိုးထားတဲ့ နိုင်ငံရေးသမားများအား မတရား နှိပ်စက်ဖမ်းဆီမှု မတရားသဖြင့်မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသူ တိုင်းရင်းသားများဟာ နှိပ်စက်ညှင်းပန်းမှု ပြည်သူတွေရဲဆန္ဒပြည်သူတွေရဲ့လွတ်လပ်မှုပြည်သူတွေရဲ့လွတ်လပ်စွာတိုင်းပြည်ကိုစီမံအုပ်ချုပ်မှုပြည်သူ့ဆန္ဒ
ပြည်သူ့အာဏာရရှိဘို့ဆိုပြီးတော့ မြန်မာနိုင်ငံလုးံ ရှိ ရဟန်းသံဃာတွေဟာ ဦးဇင်းတို့ အားလုးံပေါ့ စတင်ပြီးတော့ အစည်းအဝေးထိုင်ခြင်းတိုင်ပင်ဆွေးနွေးခြင်းလုပ်ဆောင်ရမဲ့အချက်အလက်တွေတစ်ဦးနှင့်တစ်ဦးညီညီညွှတ်
ညွှတ်နဲ့စက်တင်ဘာခြောက်ရက်နေ့ကနေစတင်ပြီးတော့ပြည်သူတွေအတွက်အကျဉ်းကျနေတဲ့နိုင်ငံရေးသမား
တွေအတွက်အမှန်တရားအတွက်စတင်ပြီးတော့ငြိမ်းချမ်းရေးလမ်းစဉ်ဆန္ဒပြတောင်းဆိုမှုကြီးကိုအစည်းအဝေး
တိုင်ပင်ကာညှိနှိုင်းခဲ့ကြပါတယ် ။



ဒီလိုနဲ့ စက်တင်ဘာ ဆယ့်သုးံ၊ဆယ့်လေး၊ဆယ့်ငါး ကနေစတင်ပြီးတော့ ငြိမ်းချမ်းရေး မေတ္တာပို့ဆုတောင်းလမ်း
လျှောက်ချီတက် ဆန္ဒပြပွဲကြီးကို စတင်ဆင်နွဲခဲ့ကြပါတယ် ။အဲဒီလို ဆင်နွဲခဲ့တဲ့ နေရာမယ်လည်း ဦးဇင်းတို့အားလုးံ ဟာ မြတ်စွာဘုရားရဲမြင့်မြတ်မှန်ကန်တဲ့နည်းလမ်းကိုကျင့်သုးံပြီးတော့ဆင်နွဲခဲ့ကြတာပါအာဏာလိုချင်လို့နေရာ
လိုချင်လို့တိုင်းပြည်ကိုအုပ်ချုပ်စီမံချင်လို့မဟုတ်ဘူးဆိုတာကို အားလုးံယုံစေချင်ပါတယ် အဲဒီလိုလမ်းလျှောက်ချ
ီတက်ကြတဲ့ နေရာမယ်လည်း အကြမ်းမဖက်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ စစ်မှန် မှန်ကန်တဲ့ လမ်းစဉ် ကိုတသွေ မတိမ် ဦးဇင်းတို့ အားလုံးကျင့်သုးံခဲ့တာပါ ။



စည်းကမ်းတွေချမှတ် ထားတဲ့နေရာမယ်လည်း အံ့ဖွယ်ပါ ခိုက်ရန်ဒေါသမဖြစ်ရ ကိုယ့်ကို သူတပါးက ရိုက်နှက် လာရင်လည်း မေတ္တာစိတ်နဲ့ဘဲ သည်းခံခွင့်လွတ်ရမယ် ဒုတ်ဓား လက်နက် မကိုင်ဆောင်ရ တကယ်လို့ ဒုတ်ဓား လက်နက် ကိုင်ဆောင်တာတွေ့ခဲ့ရင်လည်း ဦးဇင်းတို့ရဲ့  ငြိမ်းချမ်းရေး လမ်းလျှောက် ဆန္ဒပြပွဲရဲ့ စည်းဝိုင်း အပြင်ကို ထွက်ပေးရ မယ်ခိုက်ရန် ဒေါသဖြစ်ရင်လည်းထို့ ထက်ကို ဝေးတဲ့ နေရာကို ထွက်သွားပေး ရမယ်လို့ စည်းမျဉ်း စည်း ကမ်း တွေအများကြီး ချမှတ်ထားတာပါ ဦးဇင်းတို့ ယနေ့ လုပ်တဲ့ အလုပ် လုပ်ငန်းစဉ်သည် နအဖ သိအောင် လုပ်တာ တနည်း တကမ္ဘာလုးံ သိအောင်လုပ်တာပါလို့ အားလုးံ ကိုသော ဘုန်းကြီး သံဃာတွေရဲ့ ဆန္ဒသဘောနဲ့ ပြည်သူ လူထုကိုကော နအဖ စစ်မိစ္ဆာ တွေကော ကြွေးကြော် ပြီးတော့ ချီတက် လမ်းလျှောက် ခဲ့ကြတာပါ ။



တကယ်လို့ မိမိတို့ပါ ဦးဇင်းတို့ရဲ့ လမ်းစဉ်ကိုသဘောကြတယ်နှစ်သက်တယ်ဆိုရင် အားလုးံ လူသူ မရွေး ပူပေါင်း လို့ရပါတယ်။အားလုးံ အားလုးံ ကိုဖိတ်မန်ပြီးတော့ စက်တင်ဘာ ငြိမ်းချမ်းရေး ချီတက်လမ်းလျှောက်ပွဲကြီးကိုလုပ်
ဆောင် ခဲ့ကြတာပါ ၊ ဒီငြိမ်းချမ်းရေး လမ်းလျှောက် ချီတက် ဆန္ဒပြကြီးမှာလည်း တောင်းဆိုချက် တွေကိုလည်း ဦးဇင်းတို့ အားလုးံ ဆွေးနွေး တိုင်ပင်ပြီးတော့ အားလုးံ ဆန္ဒသဘောတူချက်အရ ထုပ်ပြန်ခဲ့ပါတယ် ။




အဲဒီလိုတောင်းဆိုချက်ထုတ်တဲ့နေရာမယ်လည်းမည်သူတစ်ဦးတစ်ယောက်ရဲ့အတင်းအဓမ္မတိုက်တွန်းမှုစေခိုင်း
မှုမှမပါခဲ့ပါဘူး ။အားလုးံမြန်မာနိုင်ငံအတွင်းရှိ ဘုန်းကြီးရဟန်းသံဃာတွေရဲ့ ဆန္ဒတွေခံယူပြီးတော့ အားလုးံရဲ့ သဘောတူချက်အရ ထုတ်ပြန်ခဲ့ကြတာပါ အားလုးံ သဘောတူစွာ ထုပ်ပြန်ခဲ့ကြတဲ့ တောင်းဆိုချက် လေးရပ် ရှိခဲ့ပါတယ။်

အဲဒီလေးချက်ကတော့.......

၁ = နိုင်ငံရေးအကျဉ်းသားများအားပြန်လည်လွှတ်ပေးရေး။

၂ =ကုန်ဈေးနှုးံကျဆင်းရေး။

၃ = အမျိုးသားပြန်လည်သင့်မြတ်ရေး။

၎ =ပြည်သူ့ဆန္ဒ ပြည်သူ့အာဏာရရှိရေး။

ဆိုပြီးတော့ အားလုးံသော ဘုန်းကြီးရဟန်းသံဃာတွေရဲ့ ဆန္ဒသဘောတူညီချက်နဲ့အတူတောင်းဆိုခဲ့ကြတာပါ အဓိက ဦးတည်ထားတာကတော့  အားလုးံရဟန်းသံဃာတွေ ဟာ ငြိမ်းချမ်းစွာ ဖြင့် မေတ္တာသုတ် လမ်းလျှောက် ချီတက်ပြီးတော့ ဒီအချက်လေးချက်ကိုတောင်းဆိုရမယ် ခိုက်ရန်ဒေါသ ဖြစ်ပြီးတော့ ဒေါသဖြစ်ပြီးတော့ မတောင်း ဆိုရအားလုးံကိုမေတ္တာစိတ်နဲ့မေတ္တာပို့ပြီးတော့တောင်းဆိုကြရမယ်လို့အားလုးံသောရဟန်းသံဃာတွေသဘော တူစွာတောင်းဆိုခဲ့ကြတာပါ ။



ဒီလိုတောင်းဆိုတဲ့နေရာမည်လည်း ကိုယ်ကျိုးအတွက်မဟုတ်ပါဘူး အနစ်နာခံရမယ်ပေးဆပ်ရမယ်ဝတ္ထုငွေကြေး ကိုလိုချင်မှုအလှူခံခြင်းများကိုလည်းလုးံဝရှောင်ကျဉ်ရမယ်အားလုးံရဲ့သဘောတူညီချက်တွေနဲ့ဦဇင်းတို့လုပ်
ဆောင်ခဲ့ ကြတာပါလို့ ဦးဇင်းပြောကြားလိုပါတယ် မယုံစရာလည်းဘာမှမရှိပါဘူး ။



အားလုးံသမိုင်းတွေအတိတ်တွေရုပ်ပုံတွေကိုလည်းပြန်လည်းလိုက်ရှာပြီးတော့ကြည့်လို့ရပါတယ် ဒီလို တောင်းဆို ချင်ဟာ တောင်းဆိုတာဟာ တောင်းဆိုတဲ့နေရာမှာကော နအဖ စစ်အစိုးရအတွက်ဘာများထိခိုက်စရာရှိလည်း ဗျာ ဦးဇင်းတို့အားလုးံဟာ မေတ္တာပို့တဲ့နေရာမယ်လည်းလူသူလေးပါးခွဲခြားထားတာမရှိဘူး အားလုးံ အားလုးံ ကို တပြေးတစ်ညီတည်းမေတ္တာပို့ခဲ့ကြတာပါ ဒီလိုငြိမ်းချမ်းစွာဖြစ်လုပ်ဆောင်ခဲ့ကြတာကို မှ အပြစ်လို့မြင်ပြီးတော့ ဦးဇင်းတို့အားလုးံကို ရိုက်နှက်ဖမ်းဆီးသေနတ်နဲ့ပြစ်သတ်တာဟာ မတရား ရာကြပါလွန်ပါတယ် ။



ပြီးတော့မိမိတို့ကိုးကွယ်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာရဲဘာသာရေးခေါင်းဆောင်တွေလုပ်တဲ့လုပ်ငန်းစဉ်ကအကြမ်း မဖက် ငြိမ်းချမ်းရေးလမ်းလျှောက် ဆုတောင်း မေတ္တာပို့ သတဲ့ပွဲ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း တွေက ခိုက်ရန် ဒေါသမဖြစ်ရ ဒုတ်ဓား လက်နက် မကိုင်ဆောင်ရ သူတပါးက မိမိတို့ အပေါ်ဒေါသနဲ့လာရောက်တိုက်ခိုက်
ခဲ့ရင် လည်း ကိုယ်က မေတ္တာနဲ့ ငြိမ်းချမ်းစွာသီးခံရမည်။


ကဲ ဘယ်လောက်ကောင်းလိုက်တဲ့စည်းမျဉ်းစည်းကမ်းလည်း ဒါကိုမှအပြစ်မြင် အပြစ်လို့ယူဆပြီးတော့ ရိုက်နှက်ဖမ်းဆီချုပ်နှောင်သေနတ်နဲ့ပြစ်သတ်တာဟာ လူမှဟုတ်ကြသေးရဲ့လား အားလုးံအသိပါ ဦးဇင်းတို့ဆူးလေးဘုရား အနီးမှာဆိုဒုတ်နဲ့ရိုက်ဖမ်းဆီတာတင်မကသေးဘူး ချေ ထောက်နဲ့ပါ ဦးဇင်းတို့ရဲ့ခေါင်းတွေကိုတက်နင်းသေးတာ ခြေထောက်နဲ့ကန် ဒုတ်နဲ့ရိုက်ရုးံတင်မဟုတ်သေးဘူး ။



စက်တင်ဘာ နှစ်ဆယ့် ခုနှစ်ရက် နေ့ည ဘုန်းကြီး ၊ရဟန်း ၊သံဃာ၊တွေသီတင်းသုးံ နေထိုင်တဲ့ ကျောင်းတွေကို သေနတ် နဲ့  ပစ် ပြည်သူတွေ လှူဒါန်းထားတဲ့ သာသနာပိုင် ဘုန်းကြီးကျောင်း တွေကို ဖျက်ဆီး ဘုန်းကြီး ၊ ရဟန်း၊ သံဃာ၊ တွေကို ဖမ်းဆီး ပြီးတော့ ပြောသွားတဲ့ စကားက မင်းတို့ ကတုးံတွေ ကိုယ့် အလုပ် ကိုယ် မလုပ်ဘူး ကိုယ့်ထမင်း ကိုယ်မစားဘူး ဘာလို့ ၀င်ရှုပ်တာလဲတဲ့ ပြောရက်လိုက်တာဗျာ ပြည်သူတွေအရေးဟာ ဦးဇင်းတို့ အရေးမဟုတ်ဘူးလား ။

ဦးဇင်းတို့ ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ အထွတ်အထိပ်ပန်ဆင်ရာ ဦးထိပ်ထားရာ ဗုဒ္ဓမတ်စွာ ဘုရား ပွင့်ထွန်း တော်မူ လာ တာလောကမှာရှိနေတဲ့ ဝေနေယျ သတ္တ၀ါတွေ အားလုးံအကျိုးစီးပွားလို့ငှာ ချမ်းသာချင်း အလို့ငှာ ပွင့်ထွန်း တော်မူလာတာမဟုတ်ဘူးလားဗျာ ၊ဘာသာရေးကိုနားမလည်လို့လား ၊ဘာသာရေးကိုမသိလို့လား ၊ထေရ၀ါဒဗုဒ္ဓ ဘာသာတွေမဟုတ်လို့လား ၊ဒီလိုစကားမျိုးပြောတာ ဦးဇင်းတို့ဗုဒ္ဓဘာသာတွေ ဗုဒ္ဓသားတွေ ပီပီ ဗုဒ္ဓ လမ်းစဉ် တွေကို မကျင့်သုးံသင့်ဘူးလား ။

မိမိတို့ရဲ့ ဒကာ၊ ဒကာမတွေ ဝေနေယျသတ္တ၀ါ ရဲ့ အကျိုးစီးပွားလို့ငှာ ဒုက္ခပေါင်းစုံ နဲ့ ကြုံတွေ့နေရတဲ့ ဒကာ ၊ဒကာမ တွေမကယ်တင် ရတော့ဘူးလား ။အမှန်တရားဆိုတဲ့ လမ်းစဉ်ကို မလျှောက်လှမ်း ရတော့ ဘူးလား ။မြင့်မြတ်တဲ့ လမ်းစဉ်တွေကို မကျင့်သုးံရတော့ဘူးလားဗျာ ။ ဘာလဲ စစ်မိစ္ဆာ တစုက လူသတ်ဖမ်းဆီချုပ်နှောင်တာကိုကုသိုလ်
လို့ယူဆပြီးတော့ ဦးဇင်းတို့ကို ကောင်းတဲ့ လမ်းစဉ် မြင့်မြတ်တဲ့ လမ်းစဉ်ကိုမလျှောက်လှမ်းရဘူးလို့ပြောတာလား။



အေးပေါ့လေး ဦးဇင်းတို့ ဆရာဘုန်းကြီး ပြောသလို မင်းတို့က လူတွေမှတ်လို့ မေတ္တာသွားပို့ နေတာ လားတဲ့ အဲဒါ လူမဟုတ်ဘူးတဲ့၊ လူ့ငနွားတွေတဲ့၊ မှတ်ထား ဘယ်တော့မှ မေတ္တာနဲ့ မတန်ဘူးကွ ဟုတ်ပါတယ် ။



စစ်မိစ္ဆာ လူ့ ငနွားတွေဟာ ဦးဇင်း ကောက်ချက်ချ လိုက်ပါပြီး၊ ဘယ်တော့မှ မေတ္တာ နဲ့ မပါဘူး။ မိစ္ဆာကောင် တွေရဲ့ လုပ်ရပ်ဟာ ကမ္ဘာကကော ၊တို့ပြည်သူတွေကော ၊အားလုးံ အသိပါ ၊တန်လား ၊မတန်ဘူးလား ၊ဆိုတာ အဲဒီတော့ ရှေ့ဆက် ပြီးတော့ ဦးဇင်း မိစ္ဆာကောင်တွေရဲ့ မကောင်းကြောင်းကို ပြောပြစရာ မလို လောက်တော့ ပါဘူး။

တို့ပြည်သူတွေ စစ်မိစ္ဆာတွေ ရဲ့ လက်အောက်မှ လွတ်မြောက်ဖို့ ထောင်တွင်း အမှန်တရား အတွက် အကျဉ်းကျ ခံနေရသော ဦးဇင်းတို့ ညီတော်၊ နောင်တော်၊ အပေါင်းတို့၊ လွတ်မြောက်ဖို့ ဦးဇင်းတို့ ရဲ့ ဒကာာ၊ ဒကာမ တွေ လွတ်မြောက်ဖို့ ဖိနှိပ် ချုပ်ချယ်မှုတွေအောက်မှ လွတ်မြောက်ဖို့ရန်အတွက် အားလုးံ ညီညွတ်ဖို့ လိုပါပြီး ။



ညီညွတ်ဖို့ အချိန်တန်ပါပြီး တိုက်ပွဲဝင်ဘို့ အချိန်တန်ပါပြီး အပြောတွေနဲ့ အချိန် မကုန်သင့်ပါဘူး။ အားလုးံ ညီညွတ်မှ အောင်ပွဲရမှာ ဦးဇင်းတို့ ဗုဒ္ဓမြတ်စွာဘုရားလည်း ညီညွတ်ဖို့ကိုဘဲ အထူး ရှေ့ရှု့ပြီးတော့ ဟောကြားခဲ့တာပါ၊ တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပြော နေရမဲ့ အချိန်အခါ လည်းမဟုတ်ပါ တော့ ပါဘူး။


ဦးဇင်းတို့ အားလုးံ လွတ်လပ်စွာ ပျံသန်းနိုင်ဘို့ရန် အတွက် ထောင်တွင်း အကျဉ်းကျခံ နေရသော မိမိတို့ ရဲ့ ညီတော်၊နောင်တော်၊ တွေရဲ့ မျက်နှာတွေကို ထောက်ထား ပြီးတော့ ညီညီ ညွတ်ညွတ် ဟန်ချက် ညီညီနဲ့ ယနေ့ ငါတို့ အားလုးံဟာ ပြည်သူကို တကယ် ချစ်တယ် ပြည်သူကို တန်းဘိုး ထားတယ်။




ပြည်သူကို လေးစားတယ် ဆိုရင်အောင်ပွဲရဘို့ အတွက် ရှေ့ကို ချီတက် ပြီးတော့ တိုက်ပွဲတွေ ဆင်နွဲကြစို့ ၂၀၀၇ စက်တင်ဘာရွှေဝါရောင် သံဃာတော်များနှင့် တကွ ခေတ်အဆက်ဆက် အမှန်တရားအတွက် ထောင်တွင်း အကျဉ်းကြခံ နေရသောဘုန်းကြီး၊သံဃာ၊ကျောင်းသား၊ ပြည်သူများ အားလုးံ ကျန်းမာ ချမ်းသာကြပါစေ…………

စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးခေါင်ဆောင် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စာလှယ်အဖွဲ့

ပြန်ကြားရေးဆရာတော် ဦးနေမိန္ဒ