11 May 2012

မြန်မာနိုင်ငံ ရဲ့ ဒုသမ္မတလောင်း ထင်ကြေးပေးမှုမြင့်တက်


ကျန်းမာရေးအကြောင်းပြချက်နှင့် ရာထူးမှအနားယူမည်ဟု သတင်းထွက်နေသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနေရာတွင် အစားထိုး မည့်သူအဖြစ် ရေတပ်ဒုတိယဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့ဖြစ်နိုင်သည်ဟု ထင်ကြေးပေးနေကြောင်း တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ဒုသမ္မတလောင်းသစ်အဖြစ် ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့ ခန့်မှန်းပြောဆိုနေရာမှာ ဒုတိယ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းနှင့် ဗိုလ်ချုပ် လှဌေးဝင်းတို့ ဒုတိယသမ္မတလောင်းအဖြစ် ထင်ကြေးပေး ပြောဆိုလာခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ကျန်မာရေးကြောင့် အနားယူမည်ဟု ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်နေသော ရှစ်လုံးခေါ် သီဟသူရ ဦးတင်အောင်မြင့်ဦးသည် နေပြည်တော် တည်ဆောက်ရေးအပါအ၀င် အကြီးးစားစီမံကိန်းကြီးများ တည်ဆောက်ရေး တာဝန်ယူရာတွင် ကျပ် ၁၄ဘီလီယံကျော် စာရင်းမရှင်းနိုင်ဘဲ ဖြစ်နေသည်မှာ ၆လ ကျော်ခန့်ကြာမြင့်ပြီးမှ ယခုရုတ်တရက် အနားယူမည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်ကြောင်း နေပြည်တော်တည်ဆောက်ရေး ကန်ထရိုက် ရရှိထားသူတစ်ဦးက ပြောကြားသည်။
တပ်မတော်အစိုးရလက်ထက်တွင် အကြီးစားတည်ဆောက်ရေးစီမံကိန်းများကို အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ခင်ညွန့် တာဝန်ယူခဲ့ပြီး ဗိုလ်ချုပ်ခင်ညွန့် အရေးယူခံရပြီးနောက် အတွင်းရေးမှူး(၁) တာဝန်ယူခဲ့သူ သီဟသူရ ဦးတင်အောင်မြင့်ဦး ဆက်လက်တာဝန်ယူခဲ့ပြီး အေးရှားဝေါလ် ဦးထွန်းမြင့်နိုင်နှင့် ဘောလုံး ဥက္ကဋ္ဌ ဦးဇော်ဇော်တို့ကိုသာ တရုတ်ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေး မြစ်ဆုံနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းကဲ့သို့ အကြီးစား တည်ဆောက်ရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်ပြုခဲ့သဖြင့် ခရိုနီအသိုင်းအဝိုင်းတွင် မကျေမနပ်ဖြစ်ခဲ့ကြသည်။
၂၀၀၈ ဖွဲ့စည်အုပ်ချုပ်ပုံအရဆိုလျှင် သီဟသူရ ဦးတင်အောင်မြင့်ဦး၏နေရာတွင် အစားထိုးလျှင် စစ်တပ်မှသာ ဖြစ်နိုင်ပြီး ဦးရွှေမန်းနှင့် ဦးတင်အေးတို့ မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပြောဆိုသည်။
သတင်း... MP (yangonchronicle)