07 May 2012

ဝန်ကြီးဌာနများမှ ရန်ကုန်ပိာုတယ်များကို စစ်ဆေးတော့မည်

၂၀၁၂ မေလ ၁၅ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့ရှိ ပိာုတယ်၊ မိုတယ်၊ အင်းနှင့် တည်းခိုရိပ်သာများကို ရန်ကုန်ပာိုတယ် လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ငါးဖွဲ့ဖွဲ့စည်း၍ ဝင်ရောက်စစ်ဆေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိာုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 “၂၀၁၃ ခုနှစ်အတွက် Local ပိာုတယ်တွေမှာရှိတဲ့အခန်းတွေကို နိုင်ငံခြားသားတွေတည်းခိုနိုင်ဖို့ အဆင့်မြှင့်နိုင်အောင် ပိာုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ညွှန်ကြားထားတယ်”ပာု မြန်မာနိုင်ငံပိာုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရန်ကုန်ဇုန်) ဥက္ကဋ္ဌ ဦးတင်ဝင်းက ပြော ကြားကြောင်း အပတ်စဉ်ထုတ် The Voice ဂျာနယ်တွင် ဖော်ပြပါရှိသည်။ 

 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပိာုတယ်များမှာ ငွေကြေးအားနည်းချက်များကြောင့်သော်လည်းကောင်း၊ ထိန်းသိမ်းစစ်ဆေးမည့် အဖွဲ့သီးသန့် မရှိ၍သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ပြင်ဆင်မှုမရှိသည့်အတွက် ယခုကဲ့သို့ ပိာုတယ်လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ငါးဖွဲ့ဖွဲ့စည်း၍ ပိာုတယ်များကို စစ်ဆေးရန် ဆောင်ရွက်ရခြင်းဖြစ်ပြီး ပိာုတယ်များအနေနှင့်လည်း ငွေကြေးအခက်အခဲရှိပါက ဝန်ကြီးဌာနသို့တင်ပြ၍ ချေးငွေရရှိနိုင်စေရန် ပိာုတယ်လုပ်ငန်းရှင်များအသင်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 “ရန်ကုန်မှာ တည်းခိုခန်းတွေ၊ ပိာုတယ်တွေ တော်တော်များပေမယ့် ဝန်ဆောင်မှုပိုင်းတွေမှာတော့ တချို့ပိာုတယ်တွေကပဲ ဝန်ဆောင်မှုကို အပြည့် အဝပေးနိုင်တယ်။ ပြီးတော့ ရန်ကုန်က ဒီပိာုတယ်တွေမှာ လုံခြုံရေးအားနည်းချက်တွေရှိတဲ့အတွက် လာရောက်တည်းခိုတဲ့သူတွေ ပစ္စည်းပျောက်ရှတာ တွေ လည်း အများဆုံးကြုံရလေ့ရှိပါတယ်။ အခုလို ပြန်ပြီးကြပ်မတ်မယ်ဆိုရင်တော့ ပြန်ပြီး အဆင့်မြင့်လာနိုင်ပါတယ်”ပာု ပိာုတယ်များသို့ ဝင်ရောက်စစ်ဆေးမည့် အဖွဲ့ငါးဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ လက်ရှိ ရန်ကုန်မြို့တွင် ပိာုတယ်ပေါင်း ၁၈၇ လုံးရှိပြီး အသင်းဝင်ပာိုတယ်များမှာ ၁၅၇ လုံးရှိကြောင်း သိရသည်။ 

သတင်း... The Voice