06 May 2012

ကိုယ်စားလှယ်အချို့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွင် ဒုတိယသမ္မတကို ဦးဆောင်စေချင်


ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွင် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းအား ဦးဆောင်ရန် ပြည်သူ့လွှတ်တော်အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်အချို့မှ ဆန္ဒရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော KIO/KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများမှာ ၁၁ လခန့်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လက်ရှိ အချိန်ထိတိုင် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးသဘောတူညီချက်များ ရရှိခြင်းမရှိသေးသည့်အတွက် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွင် ဒေါက်တာစိုင်းမောက်ခမ်းအား ဦးဆောင်ရန် လွှတ်တော်ကိုယ်စားလှယ်များမှ ဆန္ဒဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သိရသည်။
“အခု ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ တော်တော်ကို အခြေအနေဆိုးနေတယ်လို့ကြားတယ်။ ပြည်တွင်းတိုက်ပွဲတွေဖြစ်လာပြီဆို တကယ် တမ်း နစ်နာရတာက ပြည်သူပဲ။ ပြီးတော့ KIO/KIA တပ်တွေနဲ့ တပ်မတော်တို့တိုက်ပွဲတွေဖြစ်နေတာ လတော်တော်ကိုကြာနေပြီ။ ခုထိ ငြိမ်းချမ်းရေးမရ သေးဘူး။ ဒီတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှာ အပြောင်းအလဲအနေနဲ့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို ဦးဆောင်စေချင်တာပါ”ပာု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်အတွင်းတွင်လည်း တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အချို့မှ ပူးပေါင်း၍ အစိုးရ၏ ငြိမ်းချမ်းရေးဖော် ဆောင်ရေးအဖွဲ့တွင် ဒေါက်တာစိုင်းမောက်ခမ်းအား ဦးဆောင်ရန် ဆန္ဒပြုထားပြီး KIO/KIA နှင့် မြန်မာ့တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေးအတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ တိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီအသီးသီးမှ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောကြားသည်။
လက်ရှိအချိန်တွင် တိုင်းရင်းသားပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များမှ ပူးပေါင်း၍ တိုင်းရင်းသားများဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲ လျက်ရှိကြောင်း သိရသည်။
သတင်း.... Street View