07 May 2012

ဒု-သမ္မတရာထူးမှ ကျန်းမာရေးအခြေအနေကြောင့် ထွက်စာတင်

 ပြည်ထောင်စုမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးအခြေ အနေကြောင့် မေလ ၃ရက်နေ့၌ ထွက်စာတင်လိုက် ကြောင်း နိုင်ငံခြားသတင်းဌာနတစ်ခု၏ ဖော်ပြချက်အရ သိရသည်။ “အခုဆိုရင် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးရဲ့ ထွက်စာကိစ္စနဲ့ ပတ်သက်ပြီး အတည်ပြုချက်မယူရသေးဘူး။ 

ဒါပေမယ့် ပြီးခဲ့တဲ့လကတော့ ကျန်းမာရေးမကောင်းလို့ စင်ကာပူမှာ ဆေးသွားကုရတယ်။ ကင်ဆာဖြစ်နေတယ်လို့ ပြောတယ်။ ပြီးတော့ မျက်လုံးလည်း သိပ်မကောင်းဘူး”ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးသည် အသက်အရွယ်အရ ၆၁နှစ်ကျော်ရှိနေပြီး ၎င်းသည် ကျန်းမာရေးအခြေအနေ မကောင်းသောကြောင့် ထွက်စာတင်ထားရခြင်းဖြစ်ကြောင်းနှင့် ယင်းကိစ္စနှင့်ပတ်သက်၍ အထက်မှ တုံ့ပြန်မှုမရှိသေးကြောင်း အထက်ပါပုဂ္ဂိုလ်၏ ပြောကြားချက်အရ သိရှိရသည်။

 ထို့နောက် ၎င်းအား နိုင်ငံတကာမှ ခေါင်းမာသူတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ၂၀၁၀ရွေးကောက်ပွဲတွင် တပ်မတော်ကိုယ်စားလှယ် ၂၅ရာခိုင် နှုန်း၏ ရွေးချက်ခြင်းဖြင့် ဒုတိယသမ္မတအဆင့်သို့ ဆက်ခံတာဝန်ယူရသူတစ်ဦးလည်းဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။ 

 ထို့ပြင် မြန်မာနိုင်ငံအား ဒီမိုကရေစီစနစ်သို့ ဖေါ်ဆောင်နေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်လည်း ၎င်း၏ လုပ်ငန်းစဉ်များအား တခြားသူ တစ်ဦးမှ ဆက်လက်လုပ်ဆောင်နိုင်ရန် ၂၀၁၅ရွေးကောက်ပွဲအပြီးတွင် နှုတ်ထွက်ရန် ဆန္ဒရှိနေကြောင်း သမ္မတအကြံပေးတစ်ဦးဖြစ်သူ ဦးကိုကိုလှိုင်မှ နိုင်ငံ ခြားသတင်းဌာနတစ်ခုသို့ ပြောကြားထားခြင်းမှ သိရှိရသည်။ 

သတင်း... ATM