08 May 2012

ဈေးခွန်ကိစ္စ ပထမဦးဆုံးအကြိမ် ပြည်နယ်ဝန်ကြီးချုပ်အိမ်သို့ သွာရောက်တောင်းဆို

မေလ ၆ရက်နေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ နာဇီဈေးရွာမှ ဈေးသူ/သားများသည် ဈေးခွန်ကောက်ခံခြင်းနှုန်း မြင့်မားသောကြောင့် ပြည်နယ်ဝန်ကြီးချုပ်ရုံး
အိမ်သို့ သွားရောက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းသို့သွားရောက်တောင်းဆိုသည့် ဈေးသည်တစ်ဦးထံမှ သတင်းရရှိ သည်။ “ဖြစ်တာက ဈေးခွန်မတရားကောက်တာနဲ့ ပတ်သက်တဲ့အခက်အခဲကိုပြောဖို့ ပြည်နယ်ဝန်ကြီးချုပ်အိမ်ကို သွားပြီးတောင်းဆိုကြတာပါ။ ဒါပေမယ့် ပြည်နယ်ဝန်ကြီးချုပ်က မရှိဘူးဆိုတော့ မြို့နယ်စည်ပင်ဦးစီးရုံးကို ထပ်သွားပြီး တောင်းဆိုခဲ့ပါတယ်။

 တောင်းဆိုကြတဲ့အထဲမှာ ဈေးသူဈေးသား ၆၀ကျော် လောက်က သုံးဘီးတွေနဲ့ ချီတက်ပြီး သွားတောင်းဆိုတာပါ။ သူတို့က ဈေးခန်းတစ်ခန်းကို ၁၀၀၀ကောက်တယ်။ မုန့်တီဆိုင်ဆို ၇၀၀နဲ့ ကောက်ညှင်းပေါင်း တောင်းတစ်တောင်းကို ၅၀၀ဆိုပြီး မတရားအဆမတန်ကောက်ခံလို့ အခုလို ပြည်နယ်ဝန်ကြီးချုပ်အိမ်အထိသွားပြီး တောင်းဆိုရတာဖြစ်ပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်မှ ဆိုသည်။ ယင်းသို့ ဈေးသူဈေးသားများမှ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပတ်သက်၍ မြို့နယ်စည်ပင်ဦးစီးဌာနမှ တာဝန်ရှိလူကြီးများဖြင့် တွေ့ဆုံဆွေး နွေးခဲ့ပြီး ယင်းကိစ္စအား အဆင်ပြေစေရန် ဖြေရှင်းပေးမည်ဟု ၎င်းတို့မှ ပြန်လည်ပြောကြားခဲ့ကြောင်းကိုလည်း ထပ်မံသိရှိရပြီး ရခိုင်ပြည်နယ်အတွင်း ယင်း ကဲ့သို့တောင်းဆိုမှုပြုလုပ်သည်မှာ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ယင်းမြို့နယ်ရှိ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 သတင်း.... ATM