08 May 2012

ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်အဖွဲ့ နော်ဝေနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ


ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မေလ ၆ ရက်နေ့ မနက် ၈ နာရီက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ နော်ဝေနိုင်ငံသို့သွားရောက်ရန်ထိုင်းလေကြောင်း လိုင်းဖြင့် ခရီးထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်ဟာ ချစ်ကြည်ရေးခရီးစဉ်သက်သက်ဖြစ်တဲ့အပြင် နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနကဖိတ်ကြားလို့ သွားရောက်ရတာ ဖြစ် ကြောင်း ပြည်သူ့လွှတ်တော်မှ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
အဆိုပါ ခရီးစဉ်မှာ ပြည်သူ့လွှတ်တော်ရေးရာကော်မတီ ဥက္ကဌများဖြစ်ကြသည့် ဦးလှမြင့်ဦး၊ ဦးမောင်မောင်သိမ်း၊ ဦးစိုးသာနဲ့ အခြားသော အဖွဲ့ဝင် ၉ ဦးပါဝင်ကြောင်း ယင်းကဆက်လက် ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဌရဲ့ နော်ဝေခရီးစဉ်ဟာ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို တစ်နှစ်ရပ်ဆိုင်းထား ချိန်နဲ့ တိုက်ဆိုင်နေသည်။
သတင်း...  yangonchronicle