09 May 2012

ဇေကမ္ဘာနှင့် အိုး၊ အိမ် လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရမည်

ဇေကမ္ဘာနှင့် အိုး၊ အိမ် လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရမည်
မင်္ဂလာဒုံမြို့နယ်ရှိ ရွှေနံ့သာလယ်ယာမြေများမှာ ဇေကမ္ဘာကုမ္ပဏီမှ ပိုင်ဆိုင်ခြင်းမရှိကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည့်အတွက် မကြာမီကာလအတွင်း ဇေကမ္ဘာနှင့် အိုး၊ အိမ်တို့ အငြင်းပွားရတော့မည်ဖြစ်ကြောင်း သိရသည်။
“လယ်ယာမြေတွေက ခုချိန်ထိကို လယ်ယာမြေတွေ အဖြစ်နဲ့ပဲရှိနေသေးတာ။  အိုး၊အိမ်တစ်ခုတည်းက မပာုတ်ဘူး။ တိုင်းဒေသကြီးအစိုးရက လည်း ခုချိန်ထိ လယ်ယာမြေအဆင့်အနေနဲ့ပဲထားတယ်။ ဒီလယ်ယာမြေတွေအပေါ်မှာ ဇေကမ္ဘာကလုပ်ငန်းတွေ လာလုပ်ကိုင်မယ်ဆိုရင်တော့ လယ်ယာ မြေဖျက်ဆီးမှု ဖြစ်သွားပြီ။ ခုချိန်က တကယ့်ကို အငြင်းပွားရတော့မယ့် အခြေအနေကိုရောက်နေပြီ”ပာု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် ယင်းလယ်ယာမြေများတွင် တောင်သူလယ်သမားများမှ တောင်ယာလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယင်းလုပ်ကိုင်နေမှုများ ကို ဇေကမ္ဘာကုမ္ပဏီမှ လာရောက်တားမြစ်ခဲ့သည့်အတွက် ယခုကဲ့သို့ ဇေကမ္ဘာနှင့် အိုး၊ အိမ်တို့ အငြင်းပွားရခြင်းဖြစ်ကြောင်း သိရသည်။
“လယ်သမားတွေက ဒီလယ်ယာမြေတွေပေါ်မှာ လယ်စိုက်ပြီးစားနေရတာလေ။ ဒါကိုလယ်မလုပ်ရဘူး၊ ဘာမှမလုပ်ရဘူးဆိုပြီး လာတားနေတော့ လယ်ယာလုပ်သားတွေ ဘာနဲ့သွားစားကြမလဲ။ ပြီးတော့ ကျွန်မတို့တွေ လယ်ဆက်လုပ်မယ်ဆိုရင် ရဲတွေခေါ်ပြီး ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်တယ်။ လယ် လုပ်သားတွေက တနေ့လုပ်မှ တနေ့စားရတာလေ။ အခု လယ်လုပ်သားတွေ ဘယ်လိုဖြစ်နေလဲဆိုတော့ ဖမ်းချင်လည်းဖမ်း၊ ငတ်တာထက်စာရင် အဖမ်းခံရတာ ကမှ သက်သာဦး မယ်ဆိုပြီး ဆက်လုပ်နေတယ်”ပာု လယ်သမားတစ်ဦးက ဆိုသည်။
လက်ရှိလယ်ယာမြေများတွင် လုပ်လုပ်ကိုင်လျက်ရှိသော တောင်သူလယ်သမားများမှာ ရာသီဥတုဖောက်ပြန်မှုများ၊ လယ်ယာမြေ လုပ်သားရှားပါးမှုများ ဒဏ်ကြောင့် အခက်အခဲအကြပ်အတည်းများစွာဖြင့် လုပ်ကိုင်စားသောက်နေရကြောင်း တောင်သူတစ်ဦးက ပြောကြားသည်။
သတင်း..... Venus