07 May 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျပန်သို့ လေ့လာရေးခရီးသွားမည်

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂နှစ်ကုန်ပိုင်း၌ ဂျပန်နိုင်ငံသို့ လေ့လာခရီးအဖြစ် သွား ရောက်ရန် ဆန္ဒရှိနေကြောင်း ယင်းပါတီမှ အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

 “ဒေါ်စုက ဂျပန်ကိုသွားမယ်ဆိုပြီး ဧပြီလဆန်းပိုင်းမှာ ဂျပန်သံအမတ် Takashi Saitoနဲ့ တွေ့တုန်းကပြောတာ”ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြား သည်။ ထို့ပြင် NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံကူးလက်မှတ် ကိုလည်း တရားဝင် ထုတ်ပေးထားပြီး သူမ ကိုယ်တိုင် လာရောက်ထုတ်ယူခြင်းမပြုလုပ်သေးတာပဲရှိပါသည်.။ လာမည့်ဇွန်လတွင်လည်း နော်ဝေနိုင်ငံနှင့် ဗြိတိန်နိုင်ငံများသို့ လေ့လာခရီးစဉ်အဖြစ် သွား ရောက်လည်ပတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။