20 September 2011

အဆိုတော်အနဂ္ဂ နဲ့ သံသာဝင်းတို့ ရဲ့  မွန်မြတ်သောဒါန ။




သူငယ်ချင်းများအားလုံး မင်္ဂလာပါ....

ဒီကနေ့ (19th Sept ) မှာကျရောက်တဲ့ အဆိုတော် သံသာဝင်း နဲ့  အနဂ္ဂရဲ့ တူလေး အခရာ တို့ ရဲ့  မွေးနေ့  မှာကုသိုလ်ကောင်းမူ ပြုတဲ့အနေဖြင့်အမေ့အိမ်ပညာဒါနကျောင်း( လှိုင်သာယာ) မှ ကလေးငယ်များ အားလုံး ကို
ဗလာစာအုပ် နှင့် စာရေးကရိယာများ၊ အဟာရမုန့် နှင့် အအေးတို့ ကိုကလေးတဦးချင်းစီအား ကိုယ်တိုင်ကိုယ်ကျ ကြင်နာစွာ လာရောက်ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။ အမေ့အိမ်ပညာဒါန ကျောင်း ရံပုံငွေအဖြစ်အလှူငွေ ကျပ်
( ၁၀၀,၀၀၀ ) တစ်သိန်းကိုလည်းပေးအပ် လှူဒါန်းခဲ့ကြပါတယ်။

နိုင်ငံကျော်အနုပညာရှင်နှစ်ဦးတို့ ရဲ့ ဖြူစင်တဲ့စေတနာနဲ့ကျွေးမွေးလှူဒါန်း မှုဟာ ကလေးငယ်များအတွက် ခန္ဒာကိုယ်အဟာရသာမကစိတ်ဓါတ်အင်အားတွေကိုပါ မြှင့်တင်ပေးရာရောက်စေတာမို့ အမေ့အိမ်ပညာရေး
ကော်မတီမှ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါသည်။

ပကာဿန မပါ ဖြူစင်မွန်မြတ်သောဒါနမို့ အားလုံးသာဓုခေါ်နိုင်ရန်မျှဝေလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆ ၂၀၆၀ )
အမေ့အိမ် ပညာရေးကော်မတီ