21 September 2011

၂၀၁၂ အာဆီယံ- အမေရိကန်ဆွေးနွေးပွဲ ညှိနှိုင်းရေးမှူးအဖြစ် မြန်မာနိုင်ငံတာဝန်ယူမည်

၂၀၁၂ ခုနှစ်တွင်ပြုလုပ်မည့် အာဆီယံ- အမေရိကန် ဆွေးနွေးပွဲ၏ ညှိနှိုင်းရေးမှူးအဖြစ် မြန်မာနိုင်ငံက တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ သီးခြားတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ အာဆီယံ- အမေရိကန် ဆွေးနွေးပွဲအတွက် ညှိနှိုင်းရေးမှူးအဖြစ် မြန်မာနိုင်ငံမှ တာဝန်ယူ ဆောင်ရွက် ရာတွင် အမေရိကန်ဘက်မှ ထောက်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝ ရနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း လည်း ပြည်ထောင်စုဝန်ကြီးက Mr. Derek Mitchell အား ပြောကြားခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ၂၅ မိုင်အတွင်း သွားလာခွင့် ကန့်သတ်ထားရာ ယခုအခါ အဆိုပါကန့်သတ်ချက်အား ပယ်ဖျက်လိုက်ပြီးဖြစ်ကြောင်း Mr. Derek Mitchell က ပြောကြားသည်။

သတင်း : ENVOY