18 September 2011

လေးနှစ်ပြည့်တမ်းချင်း(၂)


လေးနှစ်ပြည့်တမ်းချင်း(၂)


ရွှေဝါရောင်ဟာ အိမ်မက်မဟုတ်ဘူး
ရွှေဝါရောင်ဟာ တကယ့်အဖြစ်အပျက်။

ရွှေဝါရောင်ဟာ အပြောမဟုတ်ဘူး
ရွှေဝါရောင်ဟာ လက်တွေ့တိုက်ပွဲ။

ရွှေဝါရောင်ဟာ ပုံပြင်မဟုတ်ဘူး
ရွှေဝါရောင်ဟာ တကယ့်သမိုင်း။

ရွှေဝါရောင်ဟာ ရာသီအလိုက်ပွင့်တဲ့ ပန်းမဟုတ်ဘူး
ရွှေဝါရောင်ဟာ ဒူးမထောက် လက်မမြှောက်တတ်တဲ့ တကယ့် တော်ဝင်ပန်း။

ရွှေဝါရောင်ဟာ စိတ်ကူးယဉ်မဟုတ်ဘူး-
ရွှေဝါရောင်ဟာ စိတ်ကူးယဉ်ငြိမ်းချမ်းရေး သမားတွေအတွက် လက်တွေ့သင်ခန်းစာ။

ရွှေဝါရောင်ဟာ အသင်တို့ ရိုက်နှက် ဖမ်းဆီးချုပ်နှောင် စရာမဟုတ်ဘူး
ရွှေဝါရောင်ဟာ အတူတူလက်တွဲ ယှဉ်ကာနွှဲဖို့ မေတ္တာတွေနဲ့ခင်းတဲ့လမ်း။

ရွှေဝါရောင်မှာ ကျခဲ့ရတဲ့ မျက်ရည်တွေ သွေးစက်တွေဟာ
တနေ့ မြန်မာ့ ငြိမ်းချမ်းရေး သမိုင်းသစ်ကို ရေးထိုးလိမ့်မယ်။

စက်တင်ဘာဦးနေမိန္ဒ
(အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)