Showing posts with label ကြေငြာချက်. Show all posts
Showing posts with label ကြေငြာချက်. Show all posts

25 March 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် မကွေးတိုင်းစည်းရုံးရေးခရီးစဉ် ဖျက်သိမ်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း၏ အကြံပေးချက်အရ မတ်လ(၂၇)ရက်နေ့နှင့် (၂၈)ရက်နေ့များတွင် သွားရောက်မည့် မကွေးတိုင်းခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါသည်..။ ယင်းသို့ ဖျက်သိမ်းခဲ့ရခြင်းအတွက် မကွေး၊ ကျောက်ပန်းတောင်း၊ တောင်းတွင်းကြီးနှင့် နတ်မောက်မြို့နယ်များမှ ပြည်သူလူထုအား အနှူးအညွတ် တောင်းပန်အပ်ပါသည်...။

ဗဟိုအောင်နိုင်ရေးအဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

21 September 2011

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းနှင့်ပါတ်သက်သည့် ဒီမိုကရေစီမိတ်ဆွေပါတီများ၏ သဘောထားကြေငြာချက်

MYITSONE REV3

22 December 2010

ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများတပ်ပေါင်းစု တိုင်းရင်းသားဒေသများတွင်နအဖမှ တိုးစစ်ဆင်တိုက်ခိုက်နေခြင်းအပေါ်ကန့်ကွက်ကြောင်းကြေငြာခြင်း

့မြန်မာပြည်တွင်း ဒီမိုကရေစီရေးလှုပ်ရှားနေသော သံဃာတော်များနှင့် ကျောင်းသား လူငယ်အဖွဲ ခုနှစ်ဖွဲ့ ပူးပေါင်း ပါဝင်ဖွဲ စည်းထား သောဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစု(ဗဒတ)မှ တိုင်းရင်းသားဒေသများတွင် နအဖစစ် အစိုးရ ဆင်နွှဲနေသော ထိုးစစ်များကို ကန့်ကွက်သည့် စာရွက်ကြဲ လှုပ်ရှားမှုကိုပြုလုပ်ခဲ့ကြသည်။

ဗဒတ တပ်ပေါင်းစုဝင် သံဃာတော်များနှင့် လူငယ်များက ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း အတွင်းရှိ မြို့နယ်ပေါင်း (၂၂)တွင် အဆိုပါလှုပ်ရှားမှုကို (၂၀.၁၂.၂၀၁၀)နှင့် (၂၁.၁၂.၂၀၁၀) ရက်နေ့ များတွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဗဒတတပ်ပေါင်းစုမှ ဖြန့် ဝေခဲ့သည့် စာရွက်များတွင် တိုင်းရင်းသားတွေကို ထိုးစစ်ဆင်တာချက်ချင်းရပ်၊ပြည်တွင်း စစ်ချက်ချင်းရပ်၊စစ်ပွဲအလိုမရှိ၊တွေ့ဆုံ ဆွေးနွေး အဖြေရှာ ရေးချက်ချင်း ဆောင်ရွက်ပေး စသည့် စစ်ဆန့်ကျင်ရေး စာသားများ ပါဝင်ပြီး ငြိမ်းချမ်းရေး ဂျိုးဖြူငှက်မြန်မာပြည် မြေပုံဆီသို ပျံသန်းနေဟန် သရုပ်ဖော်ထားသောပုံများပါရှိသည်။

လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားများ၏ အရေးကိုငြိမ်းချမ်းစွာ ဖြေရှင်းရန် စစ်အစိုးရအား တောင်းဆိုပြီး မြေပြန့်နေ ပြည်သူများက တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများနှင့် တစိတ်တ၀မ်းထဲရှိကြောင်း ပြသခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဗဒတ၏ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ရန်ကုန်တိုင်း အတွင်းရှိ တောင်ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊အင်းစိန်မြို့ နယ်၊ တွံ့ တေးမြို့ နယ်၊ သန်လျင်မြိုနယ်၊ ကျောက်တန်းမြို့ နယ်၊ သုံးခွမြို့ နယ်၊သာကေတမြို့ နယ်၊ ကျောက်တံတားမြို့ နယ်၊ ဗိုလ်တထောင်မြို့ နယ်၊ ဒေါပုံမြို့ နယ်၊ ပန်းပဲတန်းမြို့ နယ်၊ လသာမြိုနယ်၊လမ်းမတော်မြို့ နယ်၊ စမ်းချောင်းမြို့ နယ်၊ ပုဇွန်တောင်မြို့ နယ်၊ မင်္ဂတောင်ညွန့် မြို့ နယ်၊ တောင်ဥက္ကလာမြို့နယ်၊ မရမ်းကုန်းမြို့ နယ်၊ ဒလမြို့ နယ်၊ ကြည့်မြင်တိုင်မြို့ နယ် တို့ နှင့်ပဲခူးတိုင်း၊ ပဲခူးမြို့ နယ် တို့တွင် ပြုလုပ်ခဲ့ကြသည်။







Statement No-5-2010 of UFBAD

27 October 2010

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ကြေငြာချက်အမှတ် ၁၁/၁၀/၁၀


(သီရိလင်္ကာရောက် မြန်မာကျောင်းသားများ သဘောထားထုတ်ပြန်ချက်)


မြန်မာကျောင်းသား ရဟန်းတော်များ နအဖ အလံသစ်အား မီးရှို့နေစဉ်







တရားမမျှတသော နအဖ စစ်အာဏာရှင်များ၏ ၂၀၁၀-ရွေးကောက်ပွဲအား မထောက်ခံကြောင်း

သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ (MSMA) ၏

ထုတ်ပြန်ကြေငြာချက်ကို မေမေ့သား ရှင်ဝါ ဖတ်ကြားနေစဉ်


Msma Statement

ပေးပို့ ပေးသော မေမေ့သား ရှင်ဝါ ကျေးဇူးတင်ရှိပါသည်။

15 September 2010

နအဖ ကော်မရှင်. မတရား ထုတ်ပြန်ကြေညာ ချက်

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်

နေပြည်တော်

ကြေညာချက်အမှတ် (၉၇/၂ဝ၁ဝ)

၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်

(၂ဝ၁ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်)

နိုင်ငံရေးပါတီ ဆက်လက်ရပ်တည်ခွင့်ပြုခြင်းနှင့်

မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျကှ်ု ပါတီအားဖျက်သိမ်းခြင်း

၁။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အသီးသီး၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိုသော နိုင်ငံရေးပါတီ အဖွဲ့အစည်းများအား ၁၈-၃-၂ဝ၁ဝ ရက်စွဲပါ ကြေညာချက်အမှတ် (၁/၂ဝ၁ဝ)ဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားနိုင်ကြောင်းနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ၂၅ တွင် အကျုံးဝင်သော အောက်ပါ နိုင်ငံရေးပါတီ (၁ဝ)ပါတီကိုလည်း သတ်မှတ်ထားသည့် ရက်ပေါင်း ၆ဝ အတွင်း ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားနိုင်ကြောင်း ၉-၄-၂ဝ၁ဝ ရက်စွဲပါ ကြေညာချက် အမှတ် (၁၈/၂ဝ၁ဝ) ဖြင့် အသိပေးကြေညာခဲ့သည်-

(က) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊

(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊

(ဂ) ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်၊

(ဃ) ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊

(င) မြို (ခ) ခမိအမျိုးသားညီညွတ်ရေးအဖွဲ့ (မ.ခ.မ.ည.ဖ)၊

(စ) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊

(ဆ) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊

(ဇ) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

( ဈ ) ''ဝ'' အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ည) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။

၂။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ တွင် အကျုံးဝင်သော အပိုဒ် (၁) ပါ ပါတီ (၁ဝ)ပါတီအနက် အောက်ပါ နိုင်ငံရေးပါတီ (၅)ပါတီသည် သတ်မှတ်ထားသည့် ရက်ပေါင်း (၆ဝ) အတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခဲ့သည်-

(က) မြို (ခ) ခမိအမျိုးသားညီညွတ်ရေးအဖွဲ့ (မ.ခ.မ.ည.ဖ)၊

(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊

(ဂ) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ဃ) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊

(င) ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်။

၃။ အထက်အပိုဒ်(၁)ပါ ပါတီများအနက် အောက်ပါနိုင်ငံရေးပါတီ(၅)ပါတီသည် သတ်မှတ် ရက်အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုကြောင်း လျှောက်ထားခြင်းမရှိ၍ ဥပဒေအရ အလိုအလျောက်ပျက်ပြယ်ပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိသော အဖွဲ့အစည်းများဖြစ်သဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများကိုလည်း ဖျက်သိမ်းလိုက်သည်-

(က) ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊

(ခ) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊

(ဂ) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊

(ဃ) ''ဝ'' အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(င) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။

၎။ ၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ(၄၂)ပါတီတွင် အပိုဒ် (၂) ပါ ပါတီ (၅) ပါတီနှင့် အသစ်လျှောက်ထားသည့် ပါတီ(၃၇)ပါတီ ရှိခဲ့သည်။

၅။ ယင်းသို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပေးခဲ့ပြီးသော နိုင်ငံရေးပါတီ(၄၂)ပါတီအနက် အောက်ဖော်ပြပါ နိုင်ငံရေးပါတီ (၃၇) ပါတီသည် ၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များအနက် အနည်းဆုံးမဲဆန္ဒနယ် သုံးနယ်တွင် ယင်းတို့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်၍ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိမည်ဖြစ်သည်-

(က) မြို့ (ခေါ်)ခမိအမျိုးသားညီညွတ်ရေးအဖွဲ့(မ.ခ.မ.ည.ဖ)၊

(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊

(ဂ) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ဃ) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊

(င) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊

(စ) ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊

(ဆ) ကယန်းအမျိုးသားပါတီ၊

(ဇ) မြန်မာနိုင်ငံရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊

(ဈ ) ကရင်ပြည်သူ့ပါတီ၊

(ည) ''ဝ'' အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊

(ဋ) တအာင်း(ပလောင်)အမျိုးသားပါတီ၊

(ဌ) မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊

(ဍ) ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊

(ဎ) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊

(ဏ) ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UFP)၊

(တ) ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၊

(ထ) ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်၊

(ဒ) အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်၊

(ဓ) ချင်းအမျိုးသားပါတီ၊

(န) ဝံသာနုNLD (ပြည်ထောင်စုမြန်မာနိုင်ငံ)၊

(ပ) ခေတ်သစ်ပြည်သူ့ပါတီ၊

(ဖ) ပြည်ထောင်စုဒီမိုကရေစီပါတီ၊

(ဗ) မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊

(ဘ) ချင်းတိုးတက်ရေးပါတီ၊

(မ) အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ယ) ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊

(ရ) ''ဝ''ဒီမိုကရက်တစ်ပါတီ၊

(လ) ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊

(ဝ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ၊

(သ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊

(ဟ) တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊

(ဠ) ကမန်အမျိုးသားတိုးတက်ရေးပါတီ၊

(အ) ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ကက) အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊

( ခ ခ ) စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)၊

( ဂ ဂ ) ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

(ဃဃ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ။

၆။ အောက်ဖော်ပြပါ မှတ်ပုံတင်ခွင့်ပေးခဲ့ပြီးဖြစ်သည့် နိုင်ငံရေးပါတီ (၅)ပါတီသည် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်မဲဆန္ဒနယ်များအနက် အနည်းဆုံး မဲဆန္ဒနယ်သုံးနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုနိုင်သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ၁၂ (ခ)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများကိုလည်း ဖျက်သိမ်းလိုက်သည်-

(က) ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်၊ မှတ်ပုံတင်အမှတ်စဉ် (၁၁)

(ခ) မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မှတ်ပုံတင်အမှတ်စဉ် (၂ဝ)

(ဂ) မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီ၊ မှတ်ပုံတင်အမှတ်စဉ် (၃၄)

Myanmar Democracy Congress

(ဃ) မြိုတိုင်းရင်းသားပါတီ၊ မှတ်ပုံတင်အမှတ်စဉ် (၃၅)

(င) ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်)၊ မှတ်ပုံတင်အမှတ်စဉ် (၃၉)

(ပုံ)

သိန်းစိုး

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်