Showing posts with label ဓာတ်ပုံ မှတ်တမ်း. Show all posts
Showing posts with label ဓာတ်ပုံ မှတ်တမ်း. Show all posts

09 December 2011

ဦးလွင်( အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်၊ အတွင်းရေးမှူး) (အသက် ၈၈ နှစ်)၏ ဈာပန


ဦးလွင်( အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်၊ အတွင်းရေးမှူး) (အသက် ၈၈ နှစ်)၏ ဈာပန အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံရေးပါတီအသီးသီးမှ အဖွဲ့ဝင်များနှင့် ပရိတ်သတ်များ။

ဦးလွင်၏ ရုပ်ကလပ်အား ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးကျော်သူနှင့် မိသားစုဝင်များမှ လိုက်လံပို့ဆောင်စဉ်။
ဦးလွင်၏ရုပ်ကလပ်အား နောက်ဆုံးအနေနှုတ်ဆက်နေသော မိသားစုဝင်များ။
ဦးလွင်၏ ဈာပနအခမ်းအနားသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်။

ဦးလွင်၏ ရုပ်ကလပ်အား ကိုယ်တိုင်လိုက်လံပို့ဆောင်ပေးသော နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးကျော်သူ

ဦးလွင်၏ မိသားစုဝင်များအား နှစ်သိမ့်အားပေးနေသော ဒေါ်အောင်ဆန်းစုကြည်။

ဓာတ်ပုံ..မြစ်မခမီဒီယာ

18 October 2011

သံတိုင်ကြားထဲက မွေးနေ့ပိုင်ရှင်ကိုမင်းကိုနိုင် ၏ မွေးနေ့ပွဲ ဓာတ်ပုံမှတ်တမ်း..


















































ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ပွဲကို ရန်ကုန်မြို့ သမိုင်း မြို့မ ပရိယတ္တိစာသင်တိုက်မှာ ဒီကနေ့မနက် ၉ နာရီက ကျင်းပခဲ့ပါတယ်။ ဒီမွေးနေ့ ပွဲကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ နိုင်ငံရေး ခေါင်းဆောင်များနဲ့ မကြာခင်က လွတ်မြောက်လာတဲ့ ကိုဇာဂနာ၊မစုစုနွေး၊မထက်ထက်ဦးဝေ စတဲ့ထင်ရှားတဲ့ လှုပ်ရှားသူများ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား အဖွဲ့ အစည်းများ၊လူပရိတ်သတ် ထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ..NLD ၊ Burma VJ Media Network ၊The River Club.။