Showing posts with label သဘောထားကြေငြာချက်. Show all posts
Showing posts with label သဘောထားကြေငြာချက်. Show all posts

18 May 2011

အကျဉ်းချခံရသူများအားလွတ်ငြိမ်းချမ်းသာခွင့်ပြုသည့်အမိန့်ကြေညာချက်အပေါ်နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)သဘောထားထုတ်ပြန်ချက်

အကျဉ်းချခံရသူများအားလွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အမိန့်ကြေညာချက်အပေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ။ မေလ ၁၇ ရက်နေ့၊ ၂၀၁၁ ခုနှစ်

အကျဉ်းချခံရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့်ပတ်သတ်သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမိန့်ကြေညာချက်အပေါ် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) အေအေပီပီမှ ပြင်းထန်စွာ ပြစ်တင် ရှုံ့ချလိုက်သည်။

ထိုကြေညာချက်တွင်

(က)၊ သေဒဏ်ချမှတ်ခံရသူများအတွက် ထောင်ဒဏ်တစ်သက်သို့ လည်းကောင်း
(ခ)၊ ထောင်ဒဏ်ကျခံနေရသူများသည် ယင်းတို့အပေါ် သတ်မှတ်ထားသောထောင်ဒဏ်ကို ထောင်ဒဏ် ရရှိပြီးသောလျော့ပေါ့ရက်များအပြင် တစ်နှစ်ထပ်မံလျော့ပေါ့ရရှိစေရန် လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်ဟုဖေါ်ပြထားခဲ့သည်။

စစ်အစိုးရအဆက်ဆက်သည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ကြိုးစားလှုပ်ရှားသူများကို အာဃာတ ကြီးစွာထားပြီး မတရားဖမ်းဆီးကာ အများဆုံး ၁၀၆ နှစ်အထိ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထားခဲ့သည်။

သာမန်ရာဇ၀တ်အကျဉ်းသားများသည် ထောင်မှပေးသော လျှော့ရက်ကို ၃ လလျှင် အနည်းဆုံး ၁၁ ရက်ရရှိပြီး အများဆုံး ၁ လ ခံစားခွင့်ရရှိကြသော်လည်း နိုင်ငံရေးအကျဉ်းသားများမှာ ၁၉၉၈ ခုနှစ်မှ စ၍ လျှော့ရက် လုံးဝ ခံစားခွင့်မရှိရုံသာမက ချုပ်ရက်များကိုလည်း ခံစားခွင့်မရခဲ့ပေ။

ထိုကြောင့် ယခုလွတ်ငြိမ်းချမ်းသာခွင့်အမိန့်သည် သာမန်ရာဇ၀တ်အကျဉ်းသားများအတွက် ပိုမို ခံစားခွင့်ရမည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများအတွက်မူ အမည်ခံ လွတ်ငြိမ်းချမ်းသာခွင့်သာ ဖြစ်ခဲ့သည်။ မဆိုစလောက်သော လွတ်ရက်နီးနေသော သူများသာ လွတ်မြောက်လာမည်ဖြစ်သည်။

အေအေပီပီအတွင်းရေးမှု ကိုတိတ်နိုင်က “အခုကြေညာချက်က မြန်မာနိုင်ငံ အစိုးရအဆက်ဆက် သမိုင်းမှာ အဆုံးရွားဆုံး ဖြစ်တဲ့အပြင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက် တောင်းဆိုနေကြတဲ့ မြန်မာနိုင်ငံသားတွေ၊ နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေးကောင်စီ၊ လူ့အခွင့်အရေးအဖွဲ့တွေကို ပျက်ရယ်ပြု စော်ကားလိုက်တာပဲဖြစ်တယ်” ဟု ပြောဆိုလိုက်သည်။

တဆက်တည်းတွင် အစိုးရသစ်သည် ယခင်စစ်အစိုးရအဆက်ဆက်ကဲ့သို့ပင် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုံးဝ ဖေါ်ဆောင်လိုစိတ်မရှိသည်ကို အထင်အရှားပြသလိုက်ခြင်းပင်သည်။

ထို့ကြောင့် မိမိတို့ အေအေပီပီအနေဖြင့် ထိုအမည်ခံ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ကို ပြင်းထန်စွာ ရှုံ့ချပြစ်တင်သည့်အပြင် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း တောင်းဆိုလိုက်သည်။ အလားတူပင် မြန်မာနိုင်ငံ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တိုးတက်ရေးအတွက် အပြုသဘော ၀ိုင်းဝန်းအကြံပြု ကြိုးစားဆောင်ရွက်နေသော နိုင်ငံတကာအသိုင်းအ၀ိုင်းအား စိန်ခေါ်လိုက်သည့် ထိုကြေညာချက်အပေါ် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်း မှလည်း ၀ိုင်းဝန်းရှုံ့ချကြရန်နှင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ကြပါရန် တိုက်တွန်းလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်

ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃

30 March 2010

စစ်အစိုးရ၏မတရားတဲ့ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်၏ သဘောထား(၆ )ချက်အားဖော်ပြထားခြင်း

Burma Update - NLD Will NOT Register, Daw Aung San Suu Kyi's Six-point Message - 29 March 2010

အမျိုသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထံ ပေးပို့ မှာကြားခဲ့တဲ့ အချက် (၆) ချက်။

မှတ်ပုံတင် ထပ်မံလုပ်ဖို့ မလို၊ ယခင် မှတ်ပုံတင်ထားသည့် ဥပဒေအရသာ ဆောင်ရွက်သင့်သည်။

၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံနိုင်၊ အဖွဲ့ ချူပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
1။ She would never accept the 2008 State Constitution of the military junta and would stick to Shwegonedine Declaration, which was issued by the NLD on April 29 last year.

၂။ တရားမျှတမှု မရှိ၊ တစ်ဘက်သတ် ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းလမ်း မကျ။
2။ She would never accept political party registration law and elections promulgated by the military junta as these laws are unjust and unfair.


၃။ အဖွဲ့ ချူပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်း မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်။
3။ The NLD is not her own property. Neither is it the property of anyone.

၎။ အဖွဲ့ ချူပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝ မကြိုက်၊ လက်မခံ။
4။ She is not in favour of hatching personal followers within the NLD.


၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားပါ။
5။ She would like to say the people of Burma that she would continue to strive for democracy in Burma.


၆။ အဖွဲ့ ချူပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ ချူပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်း မဟုတ်။
6။ Even if the NLD is abolished, she does not consider it as the end of the NLD.