28 March 2012
17 February 2012
ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည့် မန္တလေးအောင်နိုင်ရေးခရီးစဉ် ပြန်လည်စတင်မည်

“ဒီတစ်ခေါက်လည်း ကျွန်တော်တို့က ဗထူးကွင်းကိုပဲ ချိတ်ထားပါတယ်။ဗထူးကွင်းကို သွားကြည့်ပြီးပြီ ၊ အကျယ်အ၀န်းအားဖြင့်တော့အခြားသူ့ထက်သာတဲ့ ကွင်းတွေရှိတယ် သို့သော်လည်းဗထူးကွင်းကမြို့လယ်
ကောင်လည်းကြတယ် ၊ သက်ဆိုင်ရာကိုလည်းတင်ပြမှာပါ ။နောက်တစ်ခြားကွင်းတွေလဲကြည့်ထားပါတယ် ၊ အောင်မြေမန္တလာကွင်းရယ် ၊မန္တလေးတောင်ခြေကကွင်းရယ် အဲဒါတွေလဲ ကြည့်ထားပါတယ် ” ဟု ဦးအုန်းကြိုင်က ဆက်လက်ပြောဆိုသည်။
တောင်သူလယ်သမားတွေရဲ့ဘဝကိုဘယ်တော့မှ မမေ့ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

တောင်သူလယ်သမားရဲ့ဘဝ မြှင့်တင်ရေးအတွက် အခုကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ကိစ္စကို လေ့လာပြီးတော့ စဉ်းစားနေပါတယ်။ တောင်သူ လယ်သမားများ အားမငယ်ပါနဲ့ စိတ်မပျက်ပါနဲ့ အခုကမ္ဘာ့ရဲ့အခြေအနေအရဆိုလို့ရှိရင် လက်ရာထွက်ပစ္စည်းတွေရဲ့ တန်ဖိုးတွေဟာ တက်နေပါတယ် ဆိုတဲ့ အားပေးစကားပြောပါရစေ” ဟု ပြောကြားသည်။
အစိုးရမှလည်း တောင်သူလယ်သမားများ ဘဝနေထိုင်မှု အဆင်ပြေစေရေးအတွက် ပြည်တွင်း၌ ဆန်းစပါးဈေး မကျစေရန် ဆန်ဈေးကို ထိန်းညှိနိုင်သည့် အရံဆန် အမြောက်အများကို သိုလှောင်ပေးနေပြီဖြစ်ကြောင်း သိရသည်။
လယ်သမားအရေးနှင့်ပတ်သက်၍ လွှတ်တော်တွင် အတည်ပြုပြဌာန်းလိုက်သည့် မြေယာ ဥပဒေမူကြမ်းသည် တောင်သူလယ်သမားများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို အခိုင်အမာ ပြဌာန်းထားသော ဥပဒေများ မပါရှိသည့်အတွက် ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် တောင်သူလယ်ကမား အရေး လုပ်ဆောင်သူများနှင့် နိုင်ငံရေးအင်အားစုများ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ သမ္မတဟောင်း ဒေါက်တာမောင်မောင် ကလည်း ၁၉၄၈ ခုနှစ်တွင် “မြန်မာလယ်သမားများက ကြီးမြတ်တယ်လို့ ကျုပ်ကမြင်တယ်။ ဒီအမြင်ကတော့ ကျုပ်မပြောင်းလဲတော့ဘူး” ဟုပြောဆိုခဲ့ဖူးသည်။
လယ်သမားအရေးသမိုင်းတွင်လည်း ဆရာစံသည် ၁၉၃၀ ခုနှစ်တွင် ဆင်း ရဲချို့တည့်ကြသည့် သာယာဝတီနယ်မှ လယ်သမား သူပုန် များကို ဦး ဆောင်ပြီး အင်္ဂလိပ် နယ်ချဲ့စနစ်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့ သည်။
မြန်မာနိုင်ငံရှိ လူဦးရေ၏ ၇၀ရာခိုင်နှုန်းသည် လယ်ရာလုပ်ငန်းကို မှီခိုလုပ်ဆောင်နေသူများဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက ပြောကြားသည်။
သတင်း....... yangonchronicle
28 October 2011
ရွှေဝါရောင် ဦးကောဝိဒ အနီးကပ် စောင့်ကြည့် ခံနေရ
"သူတို့ စောင့်ကြည့်နေတာက သေချာနေပါတယ်။ မနေ့က ဆိုလို့ ရှိရင် ရဲ SB က ကျောင်းထဲကိုရောက် လာတယ်။ ဆရာတော်နဲ့တော့ မတွေ့လိုက်ရဘူး။ တခြား ဦးဇင်းတွေနဲ့ တွေ့သွားတယ်။ ဟိုတစ်နေ့ ကလည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရောက်လာတယ်။ ထောက်လှမ်းရေးတွေလည်း ပါတယ်လို့ သိရတယ်" ဟု ဆရာတော် ဦးကောဝိဒက နိရဉ္စရာသို့ ပြောသည်။
ယခုကဲ့သို့ စောင့်ကြည့်နေသော အကြောင်းအရင်းကိုလည်း ဆရာတော်က ယခုလို ပြောသည်။
" အခု ဆရာတော်က သင်္ကန်းပြန်ဝတ်ပြီး ကျောင်းတိုက်ထဲမှာ နေနေတယ်။ ဒါကို သူတို့က သင်္ကန်း ပြန်ဝတ်တာကို စည်းကမ်းနဲ့ အညီ ဖြစ်စေလိုတယ်လို့ သိရတယ်။ ဆရာတော်က သင်္ကန်းအတင်းချွတ် ခံရတဲ့ အတွက် သင်္ကန်းကို ပြန်ဝတ်တာဟာ ၀ိနည်းတော်နဲ့ ညီတယ်။ ဒါကိုလည်း ဘုန်းကြီးတိုင်းသိပါ တယ်" ဟု ဆရာတော်က ဆိုသည်။
ဆရာတော်အား ၂၀၀၇ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့က ဆရာတော် သီတင်းသုံးရာ ဒဂုံမြို့သစ်အရှေ့ ပိုင်း တက္ကသီလာ မဟာ ပဓိပဌာန်ကျောင်းတိုက်မှ စစ်တပ်နှင့် ရဲတပ်ဖွဲ့ ၀င်များက ကျောင်းကို ၀ိုင်းပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာရုံးသို့ အရောက်တွင် သင်္ကန်းကိုအတင်းချွတ်ခိုင်း ခဲ့ကြောင်း ဆရာတော်က ပြောသည်။
" ဘုန်းဘုန်းတို့က ဘာမှ အပြစ် မရှိတဲ့ အတွက် သင်္ကန်း မချွတ်နိုင်ဘူးလို့ ပြောတဲ့ အခါ သူတို့က မင်းရဲ့ အမိန့်ဆိုပြီး အတင်းချွတ်ခိုင်းတယ်။ ဆရာတော်ကလည်း ကျောင်းတိုက်မှာ ဖမ်းဆီးခံရစဉ်ကတည်းက မျက်နာကို လက်သီးနဲ့ အထိုးခံထားရတဲ့ အတွက် ငြင်းဆန်နေရင်လည်း ဘာမှ ထူးမှာ မဟုတ်တဲ့ အတွက် သင်္ကန်းချွတ်ပေးလိုက်တယ်။ ဒါကြောင့် သင်္ကန်း အတင်းချွတ်ခိုင်းလို့သာ ချွတ်ရတာ ဖြစ်တယ်။ ဒါကြောင့် ဆရာတော်ဟာ ထောင်ထဲမှာ နေခဲ့ရပေမယ့် ဘုန်းကြီး ဘ၀နဲ့ ရှိနေတုန်းဘဲ ဖြစ်ပါတယ်။"
ဆရာတော်မှာ ထောင်ကလွှတ်လာပြီးနောက်ပိုင်း ယခုအခါ ဆီးချိုရောဂါကို ခံစားနေရသဖြင့် ဆေးရုံသို့ သွားပြနေရသည့်အထဲ ယခုကဲ့သို့ အာဏာပိုင်များက ကျောင်းတိုက်ထဲ ၀င်ရောက်ပြီး စောင့်ကြည့်နေ သဖြင့် စိတ်စနိုး စနှောင့် ဖြစ်နေကြောင်း သိရသည်။
ဆရာတော် ဦးကောဝိဒအား ၂၀၀၇ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့တွင် ဖမ်းဆီးပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ထားကာ ၂၀၀၈ ခုနှစ် (၁၀) လပိုင်း ရောက်မှ အင်းစိန်ထောင် တရားရုံးက ထောင်ဒဏ် ၄ နှစ် ၃ လ ချမှတ်ခံခဲ့ရကြောင်းသိရသည်။
" ဘုန်းဘုန်းတို့ကို ဒီအတိုင်းဘဲ အင်းစိန်ထောင် ထောင်ဗူးဝ ခုံရုံးက ထောင်ဒဏ်ချမှတ်လိုက်တာ ပါဘဲ။ ရှေ့နေတွေ ဌားရမ်းခွင့်လည်း မပေးခဲ့ဘူး။ ဆွေမျိုးတွေလည်း တက်ရောက် နားထောင်ခွင့် မပေးခဲ့ဘူး။ ထောင်ချတော့လည်း အင်းစိန်ထောင်မှာ ချုပ်နှောင်ခံထားရတဲ့ တနှစ်အတွက် လျော့တွက်လည်းမရခဲ့ပါ ဘူး" ဟု ပြောသည်။
ထောင် ၄ နှစ်နှင့် သုံးလ ချမှတ်ခံခဲ့ရပြီး ၄ နှစ်နှင့် တစ်လ အရောက်တွင် ဆရာတော်မှာ သရက်ထောင်မှ လွှတ်ငြိမ်းချမ်းသာခွင့်ကို အကြောင်းပြုပြီး ပြန်လည် လွှတ်မြောက်လာခြင်း ဖြစ်သည်။ ဆရာတော်ဦးကော ၀ိဒမှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဇာတိ ဖြစ်သည်။
သတင်း - နိရဉ္စရာ သတင်းဌာန
20 August 2011
27 June 2011
ရန်ကုန်မြို့ကြီးမှာမိုးသည်းကြီးမည်းကြီး ရွာလို့ ရေကြီးတာမဟုတ်ပါဘူး၊ နည်းနည်းလေး ရွာလည်း ကြီးတာပဲ..

“မိုးသည်းကြီးမည်းကြီး ရွာလို့ ရေကြီးတာမဟုတ်ပါဘူး၊ နည်းနည်းလေး ရွာလည်း ကြီးတာပဲ။ ရေထွက် ပေါက် မရှိတဲ့အတွက် လေးငါးရက်ကြာရင် ရေပုပ်တွေ ဖြစ်သွားပြီး ထွက်လာတဲ့ အနံ့တွေကို ကလေး လူကြီးအားလုံး ရှူနေရတယ်” ဟုလည်း အမှတ် ၅ ရပ်ကွက် ဒဂုံမြို့သစ် အရှေ့ပိုင်း နေထိုင်သူ ဦးလှ သန်းက ပြောကြားသည်။
ရေလျှံမှု ဖြစ်ပွားနေသော မြို့နယ်များတွင် ဒဂုံမြို့သစ် မြောက်ပိုင်း UE ၁၊ ၂၊ ၃၊ ၄၊ ၅ ရပ်ကွက်များ၊ ၄၄၊ ၄၇ ၊ ၁၁၊ ၁၂ ရပ်ကွက်တို့ ပါဝင်ပြီး ယခုရက်ပိုင်းတွင်လည်း မိုးရွာသွန်းနေပြန်ရာ ရေကျရန် စောင့်နေရပြီး လမ်းမများတွင်ပါ ရေလျှံနေသည့်အတွက် ကူးသန်းသွားလာရေးပင် ခက်ခဲနေကြောင်း မြို့သစ် နေထိုင်သူများက ပြောကြားသည်။
“တစ်ချို့ အနိမ့်ပိုင်းအိမ်တွေဆိုရင် အိမ်ထဲကို ရေတွေဝင်နေတာ တစ်ပတ်လောက် ရှိပြီ ရေကအခုထိ မကျနိုင်သေးဘူး”ဟု ၎င်းတို့က ပြောဆိုကြသည်။
“ဆက်တိုက် ဖြစ်နေမယ် ဆိုရင် တော့ ကျန်းမာရေးအတွက်ပါ စိုးရိမ်လာရပြီ ကလေးတွေ သွေးလွန်တုပ်ကွေးဖြစ်ကြဦးမှာ။ ရေမြောင်းတွေက မစီးတော့ ဘာမှလုပ်လို့မရဘူး”ဟုလည်း ဒဂုံမြို့သစ် နေထိုင်သူ တစ်ဦးက ပြောကြားသည်။
ရန်ကုန်တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွါးလျက်ရှိသော မြို့နယ်များတွင်၊ လှိုင်သာယာ၊ ဒဂုံမြောက်၊ ဒဂုံတောင်၊ ဒဂုံ အရှေ့၊ ရွှေပေါက်ကံ၊ မြို့သစ်များ ပါဝင်ပြီး မဆလ အစိုးရလက်ထက် တည်ဆောက်ခဲ့သော မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ မြို့နယ်များလည်း ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။ “ကျန်းမာရေးကိစ္စ ဖြစ်လာရင် အကြွေး ထပ်တင်ဖို့ပဲ ရှိတယ် အလုပ်အကိုင်တွေက မကောင်းဘူး” ဟု ဒဂုံမြို့သစ် နေထိုင်သူ လက်လုပ်လက်စား ဈေးသည်တစ်ဦးက ပြောဆိုသည့်သတင်းအား The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်.။
23 May 2011
၂၀၁၁ ပညာသင်နှစ်တွင် မူလတန်းအဆင့် ပညာရေးအခမဲ့လို့ ပညာရေးဝန်ကြီးပြောကြားပေမယ့် မူလတန်းကျောင်းအပ်နှံခံ တသောင်းခွဲ ပေးနေရပါသေးလား..။
“အဲဒီကျောင်းမှာ သူငယ်တန်း အပ်ခဲ့တုန်း ကလည်း သုံးသောင်းလောက် ပေးခဲ့ရတယ်၊ ကျောင်းက ကျောက်တံတား မြို့နယ်ထဲမှာ၊ ကျွန်မတို့ သန်းခေါင် စာရင်းကလဲ ကျောက်တံတား မြို့နယ်ထဲမှာ၊ ကျွန်မကလေးကို အတန်းကောင်း ရအောင် ပြောလို့ ပေးခဲ့ရတာလဲ မဟုတ်ဘူး။ ကျောင်းအပ် လက်ခံတယ် ဆိုလို့ သွားအပ်တာ ကလေးက B ခန်းပဲ ရတာပါ။ အတန်းကောင်း ရအောင်လဲ မပြောခဲ့ဘူး၊ ကျောင်းက သူ့ဟာသူ ကောက်ခံတာ၊ အဲဒီကျောင်းက ကျောင်းအပ်တာကို အစောကြီး လက်ခံလေ့ ရှိတယ်” ဟု ၎င်းက ပြောသည်။
အထက်ပါကဲ့သို့ ပေးခဲ့ရခြင်းမှာ မိဘများ အနေဖြင့် မိမိကလေး အတန်းကောင်း ရရန် သို့မဟုတ် နေထိုင်ရာ ဒေသတွင် အပ်နှံခြင်း မဟုတ်သဖြင့် ညှိနှိုင်းပေးခဲ့ခြင်း ဟုတ်မဟုတ် မေးမြန်းရာတွင် ၎င်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။ သက်ဆိုင်ရာက သတ်မှတ်ထားသည့် ကျောင်းအပ်ရာတွင် ကုန်ကျမည့် စရိတ်များအရ သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းနှင့် ပတ်သက်၍ မည်သည့် ငွေကြေးမှ ပေးသွင်းရန် မလိုပဲ ပြဋ္ဌာန်း စာအုပ်ကြေး ရာဂဏန်း ဝန်းကျင်သာ ပေးသွင်းရန် လိုအပ်ကြောင်း သိရသည်။
ကျောင်းအပ်နှံ ချိန်တွင် အလှူငွေ ကောက်ခံခြင်း၊ ရန်ပုံငွေ ပစ္စည်းများ ရောင်းချခြင်း မပြုရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ပညာရေး တာဝန်ရှိသူများသို့ ညွှန်ကြားပြီး ဖြစ်၍ ယင်းသို့ ကောက်ခံပါက တိုင်ကြားနိုင်သဖြင့် ၎င်းကျောင်းသား မိဘကို တိုင်ကြားဖို့ လိုကြောင်းပြောကာ ၎င်းက “မတိုင်တော့ပါဘူး၊ တိုင်လိုက်ရင် ကျွန်မကလေး ပညာရေး ထိခိုက်မှာ စိုးတယ်”ဟု ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း အဆင့်အတွက် ကျောင်းသုံး စာအုပ်များ အခမဲ့ ဖြန့်ဝေသွားရန် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြအေးက တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံစဉ် ဆွေးနွေး ပြောကြား သွားခဲ့ကြောင်း သိရသည်။ ထို့အပြင် ၎င်း၏ ဆွေးနွေး မှာကြားချက် များထဲတွင် အခြေခံပညာ အဆင့်မှ စ၍ အင်္ဂလိပ်စာနှင့် သချာင်္ ထူးချွန်သူများ ပေါ်ထွန်းလာရန် လေ့ကျင့် သင်ကြားပေးရန်နှင့် ၂၀၁၂-၁၃ ပညာသင်နှစ်တွင် စတုတ္ထတန်း၊ အဋ္ဌမတန်း၊ ပညာသင်ဆု (စကောလားရှစ်) နှင့် တက္ကသိုလ် ပညာသင်ဆု (စကောလားရှစ်)များ ပေးအပ်သွားရန် စီစဉ်နေကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
18 May 2011
လက်ရှိပြန်လွတ်လာကြတဲ့ နိုင်ငံရေး အကျဉ်းသား လက်ရှိစာရင်း

လက်ရှိပြန်လွတ်လာကြတဲ့ နိုင်ငံရေး အကျဉ်းသား လက်ရှိစာရင်း
၁ မသန္တာ
၂ ထက်ထက်ဦးဝေ
၃ မြမြသိန်း ....ပူတာအိုထောင်
၎ စိုင်းမင်းသိမ်း ....ခန္တီးထောင်
၅ ချိုချိုလွင် ....ပြည်ထောင်
၆ ကိုအေးလွင်...... ပြည်ထောင်
၇ မျိုးသန့် ....... မြင်းခြံထောင်
၈ ရဲမင်းဦး ...... မြင်းခြံထောင်
၉ ညီညီအောင် .......အင်းစိန်ထောင်
၁၀ မီးမီးလေး .........အင်းစိန်ထောင်
၁၁ မာမာအေး .........ပေါင်းတည်ထောင်
၁၂ ဇင်လင်းအောင် ......ပေါင်းတည်ထောင်
၁၃ ကျော်ဆန်း ........မိုင်းဆတ်ထောင်
၁၄ မချို
၁၅ စိန်လှိုင်
၁၆ ရွှေဂျိုး
၁၇ ကိုထွေးသိန်း အင်းစိန်ထောင်
၁၈ မြသန်းထိုက် ....... တောင်ငူထောင်
၁၉ ဇေယျာသော်.....ကော့သောင်းထောင်
၂၀ နော်အုန်းလှ ....တောင်ငူထောင်
၂၁ ဦးကျော်ဆန်း(ပြည့်သူလွှတ်တော်ကိုယ်စားလှယ်)
၂၂ အောင်အောင်ဦး
၂၃ မြင့်ထွန်း
၂၄ ကျော်ဝင်းထွဋ်
၂၅ ညီညီစံ(ခ)စန္ဒာဒိက
၂၆ မြင့်စိုး
၂၇ ၀င်းမြင့်
၂၈ သိန်းရွှေ
၂၉ ရဲထွဋ်ခေါင်
၃၀ မြတ်ဆန်းထူး
၃၁ ဦးငွေစိုး .........ရမည်းသင်းထောင်
၃၂ ကျော်ညွန့်...... ခန္တီးထောင်
၃၃ အေးမြင့် ..... သရက်ထောင်
၃၄ ထွန်းထွန်းနိုင် ........ဗန်းမော်ထောင်
16 May 2011
၂၀၁၁ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် အမည်စာရင်း ထုတ်ပြန်ခြင်း

ဆန္ဒမဲအများဆုံးဖြင့် ဒေါ်ရှု ကို ရွေးချယ်လိုက်သည်။
၂၀၁၁ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် အမည်စာရင်း ထုတ်ပြန်ခြင်း
နေ့စွဲ - ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်
ပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူများ
ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်၏ နောက်ဆုံး ဆန်ခါတင် ၅ ဦး စာရင်းကို ထုတ်ပြန်ပြီး မေလ ၁၄ရက် ၂၀၁၁ခုနှစ် ညသန်းကောင်ယံအချိန်အထိ အင်တာနက်မှတဆင့် အများပြည်သူထံက ဆန္ဒအရှိဆုံး မဲများကို လက်ခံခဲ့ပြီး ဖြစ်သည်။ နောက်ဆုံး စာရင်းပိတ်ပြီးနောက် စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက်ကို Westwood College – Prof. R. Hoo ခေါင်းဆောင်သည့် စိစစ်ရေးအဖွဲ့က အောက်ပါအတိုင်း အသိပေးထုတ်ပြန်လိုက်သည်။
မဲပေးကြသည့် နိုင်ငံစုစုပေါင်း = ၄၀ နိုင်ငံ
စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက် = ၂၅၀၂၂၈ မဲ
ပထမ မဲအများဆုံး ရရှိသူ - စုစုပေါင်းမဲ၏ ၄၃.၉၁ %
ဒုတိယ မဲအများဆုံး ရရှိသူ - ၂၅.၇၅ %
တတိယ မဲအများဆုံး - ၁၅.၃၆ %
စတုတ္ထ မဲအများဆုံး - ၁၀.၃၇ %
ပဉ္စမ မဲအများဆုံး - ၀.၃၉ % ဖြစ်ပါသည်။
ဆန္ဒမဲလာရောက်ပေးကြသည့် ဧည့်ပရိသတ် ၀င်ရောက်မှု အများဆုံး နိုင်ငံများမှာ -
၁။ အမေရိကန်ပြည်ထောင်စု - စုစုပေါင်းမဲ၏ ၄၁.၁၀ %
၂။ စင်ကာပူ - ၂၁.၈၆ %
၃။ ထိုင်းနိုင်ငံ - ၆.၄၆ %
၎။ ဂျပန် - ၃.၁၆%
၅။ ၾသစေၾတးလ် - ၃.၀၈ %
၆။ မြန်မာနိုင်ငံ - ၁.၁၃ %
ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ
ဆက်သွယ်ရန်။ ။ ကိုကျော်ဝဏ္ဏ (၀၁) ၆၂၆ ၄၇၈ ၇၇၁၇၊ ကိုလေး (၀၁) ၆၂၆-၃၈၃-၆၉၀၁၊ ကိုဝေလ (၀၁) ၆၄၆-၄၆၂-၉၀၁၇၊ ကိုထိန်လင်း (၀၁) ၄၁၅-၅၃၁-၃၇၆၁၊ ကိုဂျေစင် (၀၁) ၅၁၀-၄၀၂-၇၇၇၉
ဖေဖေါ်ဝါရီလ ၁၈ ရက်၊ ၂၀၁၁ ခုနှစ် ဧရာဝတီ အင်တာနက် သတင်း စာမျက်နှာမှ ဆောင်းပါရှင် မင်းနိုင်သူ ၏ ဆောင်းပါး တွင် ဒေါ်ရှု အကြောင်း အစိတ်အပိုင်း ကို ယခုကဲ့သို့ ရေးသား ထားခဲ့သည်။
“ဘိက္ခူမာတာ” ဒေါ်ရှု (မင်းနိုင်သူ Friday, 18 February 2011 18:47 ဧရာဝတီ ဆောင်းပါး )
" ဒီ အကြောင်းတွေရေးရင် အာဏာပိုင်တွေက အနှောင့်အယှက် ပေးမှာကို စိုးရိမ်မိတယ်။ အန်တီ့အတွက် စိုးရိမ်တာ မဟုတ်ဘူးနော်။ အန်တီ ထောင်ဝင်စာတွေ့ပေးနေရတဲ့ သံဃာတွေကို ထောင်ဝင်စာ သွားတွေ့မယ့်လူ မရှိတော့မှာစိုးလို့” ဟု မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးနေတဲ့ ဒေါ်ရှုက ပြောလက်စကို ခဏရပ်လိုက်ရင်း သူ့စိုးရိမ်မှုကို ဖွင့်ဟပါတယ်။
အဲဒီနောက်မှာတော့ သက်ပြင်းတချက် ရှုသွင်းလိုက်ရင်း ဒေါ်ရှုက စကားဆက်ပြန်ပါတယ်။
“အန်တီဘာတွေ လုပ်နေတယ်ဆိုတာလည်း စောင့်ကြည့်နေတဲ့သူတွေ၊ ထောင်ဝန်ထမ်းတွေက သိကြပါတယ်။ အန်တီက နိုင်ငံပုန်ကန်နေတာလည်း မဟုတ်ဘူး၊ ဘယ်သူမှ ထောင်ဝင်စာ လာမတွေ့နိုင်တဲ့ သံဃာတွေကို သနားလွန်းလို့ ထောင်ဝင်စာ တွေ့ပေးနေတာ သက်သက်ပါပဲ”
ဒေါ်ရှုဆိုတာကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ အကျဉ်းကျခံနေရပြီး ထောင်ဝင်စာတွေ့မယ့်သူ မရှိတဲ့ သံဃာတွေကို ထောင်ဝင်စာ တွေ့ပေးနေသူပါ။
စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက် ရပ်ကွက်မှာရှိတဲ့ ဒေါ်ရှုရဲ့ နှစ်ထပ်အိမ်လေး ထဲမှာတော့ မြန်မာနိုင်ငံတ၀န်းက အကျဉ်း ထောင်တွေမှာ ထောင်ဝင်စာတွေ့မယ့်သူ မရှိဖြစ်နေတဲ့ သံဃာတွေဆီကို ပေးပို့မယ့် ထောင်ဝင်စာ ထုပ်တွေ အမြဲမပြတ် ရှိနေတတ်တယ်လို့ အရှင်စန္ဒောဘာသက မိန့်ဆိုပါတယ်။ အရှင် စန္ဒောဘာသဟာ ၁၆ နှစ်ကြာ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ပြီး ဒေါ်ရှုရဲ့ ထောင်ဝင်စာအလှူကို လက်ခံခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
“ဦးပဉ္ဇင်း ၂၀၀၉ ခုနှစ်မှာ အင်းစိန်ထောင်ကနေ လွတ်လာတော့ သူ့အိမ်မှာ ၃ ရက်လောက် တည်းခိုခဲ့ဖူးတယ်။ သူ့အိမ်ထဲမှာ နယ်ထောင် တွေဆီပို့မယ့် ထောင်ဝင်စာထုပ် ကလေးတွေ အမြဲမပြတ် ရှိနေတတ်တယ်။ အပတ်စဉ် ထောင်ဝင်စာထုပ်တွေ ပေးပို့နိုင်ဖို့ ဈေးတကာလှည့် ဈေးဝယ်ရ၊ ချက်ရ ပြုတ်ရနဲ့ သူ့မှာ နားနေချိန်ရယ်လို့ မရှိသလောက်ပါပဲ” လို့ အရှင်စန္ဒောဘာသက ဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) စမ်းချောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ရှုဟာ ၂၀၀၇ ခုနှစ် ဇူလိုင်လ အတွင်းက ကျောက်တော်ကြီးဘုရားမှာ ၀တ်ပြု ဆုတောင်းခဲ့တဲ့အတွက် အာဏာပိုင်တွေရဲ့ ၄၅ ရက်ကြာ ဖမ်းဆီး ထိန်းသိမ်းမှု ကိုလည်း ခံခဲ့ရသူပါ။
စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းတဲ့အပြင် အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုကို မကြာခဏ ခံနေရတဲ့ အလုပ်ကို ဘာကြောင့် ဒေါ်ရှု လုပ်ဖြစ်ခဲ့တာပါလဲ။
ဒေါ်ရှုက ရှေ့နေ ကိုဖိုးဖြူ၊ ကိုညီညီနိုင်တို့နဲ့ ရင်းနှီးခဲ့တဲ့အကြောင်း၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးမှာ ကိုဖိုးဖြူက သူ ရှေ့နေလိုက်ပေးနေတဲ့ အမှုမှာပါတဲ့ မြောက်ဥက္ကလာ ဘုန်းကြီးကျောင်းက သံဃာတော်တွေနဲ့ သီလရှင်တွေကို ထောင်ဝင်စာ တွေ့မယ့်သူ မရှိတာကြောင့် ဆွမ်းကပ်ပေးဖို့ အကူအညီ တောင်းခဲ့တဲ့အကြောင်း၊ အဲဒီကနေစပြီး သံဃာတော် ၇ ပါးနဲ့ သီလရင် ၇ ပါးတို့ကို စပြီး ဆွမ်းကပ်ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။
“ရှေ့နေ ကိုဖိုးဖြူက အန်တီရယ်၊ သူများတွေက ထမင်းစားနေချိန်မှာ သူတို့မှာ အငတ်နေရတယ်။ သိပ်သနားစရာကောင်းတာပဲ ထမင်းလာ ကျွေးပေးပါလားလို့ ပြောလာလို့ စကျွေးတာ။ နောက်တော့ အဲဒီဘုန်းကြီးတွေကနေ ဘယ်ဘုန်းကြီးတွေလည်း ထောင်ဝင်စာ မရကြပါဘူး၊ ကူပါဦး ဒကာမကြီးရယ်ဆိုတော့ ကျန်သံဃာတွေကိုပါ ထောင်ဝင်စာတွေ့နေရတော့တာ။ အခုဆို ၃ နှစ်နဲ့ ၄ လ ရှိလာပြီပေါ့” လို့ ဒေါ်ရှုက ထင်မှတ်မထားပါဘဲ သံဃာတွေကို ထောင်ဝင်စာပေးပို့ ဖြစ်ခဲ့ပုံကို ပြန်ပြောပါတယ်။
အခုချိန်မှာတော့ ဒေါ်ရှု အပတ်စဉ် ထောင်ဝင်စာပေးပို့နေရတဲ့ သံဃာ အပါး ၅၀ ကျော်နေပါပြီ။ ဒီလို တိုးပွားလာတဲ့ သံဃာ ဦးရေကို အပတ်စဉ်ထောင်ဝင်စာ တွေ့နိုင်ရေးအတွက် NLD ကလည်း ဒေါ်ရှုကို ကူညီထောက်ပံ့ပေးပါတယ်။ NLDက နိုင်ငံရေး အကျဉ်းသားတဦးအတွက် တလကို ၅၀၀၀ ကျပ်နှုန်း ထောက်ပံ့ ပေးနေပေမယ့် လုံလောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။
အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ ဘိုကလေးသူ ဒေါ်ရှုဟာ မြန်မာနိုင်ငံအနှံ့ နိုင်ငံရေးကြောင့် အထိန်းသိမ်းခံထားရတဲ့ သံဃာတွေဆီကို အပတ်စဉ် ထောင်ဝင်စာ ပေးပို့နိုင်ရေးအတွက် ကူဖော်လောင်ဖက် အမျိုးသမီး ၂ ဦးနဲ့အတူ လုပ်ကိုင်နေရတာပါ။ အဲဒီ အမျိုးသမီး ၂ ဦးကို တယောက်အတွက် တလ ကျပ် ၂ သောင်းပေးပြီး အကူအညီ ခေါ်ထားရတယ်လို့ ဆိုပါတယ်။ ဒေါ်ရှုနဲ့ အတူနေကြတဲ့ သားနဲ့ သမီးက ဒီလို ထောင်ဝင်စာပို့တဲ့အလုပ်လုပ်တာကို သဘောမတူတာကြောင့် ကူမယ့်သူတွေ ခေါ်ထားရတာလို့ ပြောပြပါတယ်။
“သားတွေ၊ သမီးတွေ သဘောမတူဘူး ဆိုတာက အန်တီပင်ပန်းတာကို သူတို့ မကြည့်ရက်လို့ပါ။ သူတို့ တားပေမယ့် အန်တီက ဆက်လုပ်နေတော့ နောက်ပိုင်းမှာ သားသမီးတွေကလည်း သိပ်မကြည်တော့ဘူးပေါ့။ အန်တီ့ အမျိုးသားနဲ့ ကွဲခဲ့ရတာလည်း ဒီအလုပ်တွေ ကြောင့်ပေါ့” လို့ ဒေါ်ရှုက ဆိုပါတယ်။
တကယ်တော့ ဒေါ်ရှုဟာ သူ့ဆီက ပို့လိုက်မယ့် ထောင်ဝင်စာထုပ်ကို စောင့်မျှော်နေမယ့် ထောင်တွင်းက သံဃာတော်တွေရဲ့ မျက်နှာနဲ့ သားသမီး တွေရဲ့ ငြူစူတဲ့ မျက်နှာတွေအကြား ဗျာများ နေရသူ ဖြစ်ပါတယ်။
ဒေါ်ရှုဟာ သံဃာတွေကို ထောင်ဝင်စာထုပ် ပို့နိုင်ရေးအတွက်ဆိုရင် သူ့သမီး လက်ဝတ်လက်စားတောင် ပေါင်ဖို့ လက်မနှေးဘူးလို့ အရှင် စန္ဒောဘာသက မိန့်ပါတယ်။
“ဦးပဉ္ဇင်း ထောင်က လွတ်လာပြီးနောက် သူ့အိမ်ကို ရောက်ပြီး အပြန်မှာ သူလည်း လမ်းကြုံတာနဲ့ နိုင်ငံခြားမှာ ရှိနေတဲ့ သူ့သားပို့လိုက်တဲ့ ငွေကို ဘဏ်မှာ လိုက်ထုတ်တယ်။ ငွေလည်း ရရော အပေါင်ဆိုင် ပြေးပြီး သူ့သမီး လက်ဝတ် လက်စားလေးကို ပြန်ရွေးတယ်။ သားပို့တဲ့ငွေက ထောင်ဝင်စာထုပ်ပို့ချိန် မမီတော့ သမီးလက်ကောက်လေး ခဏ အပေါင်ထားလိုက်ရတယ် ဦးပဉ္ဇင်းလို့ ပြောတယ်။ ဒေါ်ရှုဆိုတာ အဲလို အမျိုးသမီးပါ” လို့ အရှင်စန္ဒောဘာသက ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားတဦးအတွက် တလ ၅၀၀၀ ကျပ်ဆိုတဲ့ NLD ရဲ့ထောက်ပံ့ငွေဟာ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်း၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီး တိုးပွားလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကြောင့် ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေ ရတယ် လို့လည်း အရှင်စန္ဒောဘာသက မိန့်ကြားပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေပါတယ်။ ဒီစာရင်းထဲမှာ သံဃာ အပါး ၂၅၀ ကျော်နဲ့ သီလရှင် ၁ ပါး ပါဝင်နေပေမယ့် ဒေါ်ရှု ထောင်ဝင်စာထုပ် ပေးပို့နိုင်တာက သံဃာ အပါး ၅၀ လောက်ပဲ ရှိပါသေးတယ်။ တကယ်တော့ ဒေါ်ရှုဟာ သံဃာအပါး ၅၀ သာမကဘူး ထောင်ဝင်စာ တွေ့သူ မရှိဖြစ်နေကြတဲ့ နိုင်ငံရေးအကျဉ်းသား လူပုဂ္ဂိုလ်တချို့ကိုပါ ထောင်ဝင်စာ ပေးပို့နေတာပါ။
ဒေါ်ရှုဟာ သံဃာတော်တွေကို ထောင်ဝင်စာတွေ့နေပေမယ့် သူ့ထောင်ဝင်စာထုပ်ကို လက်ခံရယူနေတဲ့ သံဃာတော်တိုင်းကို မြင်တွေ့ဖူးသူတော့ မဟုတ်ပါဘူး။
“မိသားစုဝင်ဖြစ်မှ ထောင်ဝင်စာ တွေ့ခွင့်ရတာလေ။ အန်တီက ထောင်ဝင်စာထုပ်တွေကို အင်းစိန် ထောင်ဘူးဝမှာပဲ ပေးထားခဲ့ရတာ။ နယ်ထောင်တွေအတွက် ဆိုရင်တော့ ထောင်ဝင်စာထုပ်ကို သေချာ ထုပ်ပိုးပြီး စာတိုက်ကြီးကနေ ပါဆယ် ပို့ရတာပေါ့။ တရားရုံးက စီရင်ချက် မချသေးလို့ တရားရုံးထုတ် ထွက်လာတဲ့ သံဃာတချို့ကိုပဲ အန်တီ တွေ့ဖူးသေးတယ်” လို့ ဒေါ်ရှုက ပြောပါတယ်။
ဒီလိုတွေ့ခွင့်ရတဲ့အထဲက တချို့မြင်ကွင်းတွေဟာ သူ့စိတ်ကို ထိခိုက်စေခဲ့ပြီး သူ့အလုပ်ကို ဆက်လုပ်စေဖို့အတွက် တွန်းအားတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
“၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးမှာ အဖမ်းခံရတဲ့ မြောက်ဥက္ကလာ သစ္စာသရဖူကျောင်းထိုင် ဆရာတော်ကို ထောင်ဝင်စာ သွားတွေ့ရတုန်းက ဒကာမကြီးရယ် ဒကာမကြီးရဲ့ ထောင်ဝင်စာကြောင့်သာ ဦးပဉ္ဇင်းမှာ လူလူသူသူလေး စားရသောက်ရပါတယ်။ ဒကာမကြီး ကျေးဇူးကြီးမားပါပေတယ်ဆိုပြီး အသက် ၇၀ ကျော် ဘုန်းကြီးက လက်အုပ်လေးချီပြီး အန်တီ့ကို ပြောတော့ အန်တီ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ အဲဒီမြင်ကွင်းကို ခုထိ မြင်ယောင်နေတုန်းပဲ။ ပြန်တွေးမိတိုင်းလည်း ငိုချင်နေတုန်းပဲ” လို့ ဒေါ်ရှုက ရှိုက်သံကို ထိန်းရင်း ပြောပြပါတယ်။
၁၉၉၃ ခုနှစ်က နိုင်ငံရေးပုဒ်မနဲ့ နအဖ စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရတဲ့ အရှင်စန္ဒောဘာသ ဟာ ၂၀၀၇ ခုနှစ်အထိ ထောင်ဝင်စာ တွေ့သူမရှိဖြစ်နေရာက ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီး အင်းစိန်ထောင်ထဲကို သံဃာတော်တွေ ထပ်မံ ရောက်ရှိလာပြီး ချိန်မှာတော့ ဒေါ်ရှုရဲ့ ထောင်ဝင်စာထုပ်ကို လက်ခံရရှိ လာပါတော့တယ်။
“သံဃာတွေဆိုတာက တောသားတွေများတယ်လေ။ သံဃာတွေရဲ့ ဆွေမျိုးသားချင်းတွေဆိုတာကလည်း တောသူ တောင်သားတွေ များတာဆိုတော့ သူတို့ ဒေသလေးက လွဲရင် မသွားတတ် မလာတတ်။ ဒီတော့ ထောင်ဝင်စာလည်း လာမတွေ့တတ်ကြ၊ မတွေ့နိုင်ကြ။ ဒီလိုအချိန်မှာ ဒေါ်ရှုက မိသားစုတွေ ကိုယ်စား ထောင်ဝင်စာထုပ်လေး ပို့ပေးလာတော့ ဦးပဉ္ဇင်း အရမ်းကို ၀မ်းသာသွားတယ်။ ဒကာမကြီးကိုလည်း အရမ်းတွေ့ချင်လာတယ်” လို့ အရှင်စန္ဒောဘာသာက ဆိုပါတယ်။
အရှင်စန္ဒောဘာသ အင်းစိန်ထောင်က လွတ်မယ့်အချိန်မှာ သူအရမ်းတွေ့မြင်ချင်လွန်းတဲ့ ဒေါ်ရှုက လာကြိုနေပေမယ့် တွေ့ခွင့် မသာခဲ့ပါဘူး။
“အဲဒီနေ့က ဦးပဉ္ဇင်းကို သူ လာကြိုနေတယ်တဲ့။ ဒါပေမယ့် ဦးပဉ္ဇင်းက ကျန်းမာရေးကြောင့် လဲကျသွားတော့ အာဏာပိုင်တွေ စီစဉ်ပေးတဲ့ ကားနဲ့ လိုက်သွားရပြီး သူနဲ့ မတွေ့လိုက်ရတော့ဘူး။ နောက်တော့ သူ့အိမ်ကို ဦးပဉ္ဇင်းသွားတွေ့တယ်။ သူ့အိမ်မှာလည်း ၃ ရက် တည်းခဲ့တယ်”
အရှင်စန္ဒောဘာသ ဒေါ်ရှုအိမ်မှာ တည်းခိုနေချိန်မှာ စမ်းချောင်းမြို့နယ် မယက အဖွဲ့က ဒေါ်ရှုနဲ့ အရှင်စန္ဒောဘာသကို ဆင့်ခေါ်ပါတော့တယ်။ အာဏာပိုင်တွေ သူ့ကို ခေါ်ပြီဆိုတဲ့အချိန်မှာ ဒေါ်ရှုဟာ အေးဆေးတည်ငြိမ်စွာနဲ့ပဲ သူ ထောင်ထဲရောက်ရင် လိုအပ်မယ့် ပစ္စည်းတွေကို အသင့်ပြင်ပြီး လိုက်ပါသွားတာပါ။
“သူ့မျက်နှာမှာ တုန်လှုပ်တဲ့ အရိပ်အယောင်မတွေ့ရဘူး။ သူ့ကို ဖမ်းဆီးရင် ထောင်ထဲမှာ လိုအပ်မယ့် အသုံးအဆောင် တွေကိုလည်း သူက အသင့် ထုပ်ပိုးထားပြီးသား။ ဦးပဉ္ဇင်းကို လက်ခံထားတဲ့အတွက်ဆိုပြီး စမ်းချောင်း မယက ရုံးမှာ သူ ဆူပူ ကြိမ်းမောင်းခံရတယ်။ သူကတော့ ဦးပဉ္ဇင်းကို လက်ခံတာဟာ ဘာပြစ်မှုကိုမှ ကျူးလွန်တာမဟုတ်ဘူးဆိုပြီး အာဏာပိုင်တွေကို ပြောတယ်” လို့ ဒေါ်ရှုခေါ်ယူ စစ်မေးခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရှင် စန္ဒောဘာသက မိန့်ပါတယ်။
စမ်းချောင်း မယက ရုံးက ပြန်လာကြတဲ့နောက်မှာ ဒေါ်ရှုဟာ သူ့အိမ်မှာပဲ ဆက်လက် တည်းခိုနေနိုင်ပါကြောင်း ပြောပေမယ့် သူ့အတွက်နဲ့ အာဏာပိုင်တွေက ထပ်မံနှောင့်ယှက်မှာကို မလိုလားတဲ့ အရှင်စန္ဒောဘာသဟာ သူ့ နယ်ကို ပြန်လည် ကြွသွား ပါတော့တယ်။
နိုင်ငံရေးမှုနဲ့ နအဖ စစ်အစိုးရရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုခံခဲ့ရတဲ့အပြင် ထောင်ကလွတ်လာချိန်မှာလည်း ဘုန်းကြီးကျောင်း တွေမှာ သီတင်းသုံး နေထိုင်လို့မရအောင် အာဏာပိုင်တွေက နှောင့်ယှက်ပြန်တာကြောင့် ထိုင်းနိုင်ငံကို ထွက်လာခဲ့ရတဲ့ အရှင် စန္ဒောဘာသက ဒေါ်ရှုကို အောင့်မေ့သတိရနေဆဲ၊ ဒေါ်ရှုနဲ့ ပတ်သက်လို့ သူ့မှာ အမှတ်ရစရာတွေ အများကြီးပဲလို့ ဆိုပါတယ်။
ဆက်လက်ပြီး အရှင်စန္ဒောဘာသ မိန့်ကြားတာကတော့ ...။
“သူ့ကျေးဇူးတွေဟာ ဦးပဉ္ဇင်းတို့ သံဃာတွေအပေါ်မှာ အများကြီးပဲ။ ဦးပဉ္ဇင်း သူ့ကို နှုတ်ဆက်လေ့ရှိတဲ့ စကားလေး တခွန်းရှိတယ်။ အဲဒီစကားလေးကိုကြားရင် သူ့မျက်နှာမှာ ပီတိဖြာသွားတာကို တွေ့ရတယ်။ အဲဒီစကားကတော့ ဘိက္ခူမာတာတဲ့”
“ဘိက္ခူမာတာ” ဆိုတာ ပါဠိဘာသာစကားဖြစ်ပြီး “သာသနာ့အနွယ်ဝင်တို့ရဲ့ မိခင်” လို့ အဓိပ္ပာယ်ရပါတယ်။
10 May 2011
၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဆန်ခါတင် ၅ ဦး

စတင်ဖွဲ့စည်းစဉ်က တာဝန်ယူခဲ့သည့် ပုဂ္ဂိုလ်များမှာ
(၁) ဦးဝင်းထိန် - (ဥက္ကဋ္ဌ)
(၂) ဦးအုန်းမြင့် (သခင်အုန်းမြင့်) - (ဒုဥက္ကဋ္ဌ) (ကွယ်လွန်)
(၃) ဦးကျော်မင်း (ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) - အဖွဲ့ဝင် (ကွယ်လွန်)
(၄) ဦးသိန်းတင် (ရန်ကုန်တိုင်းစည်း)- အဖွဲ့ဝင် (ကွယ်လွန်)
(၅) ဒေါ်စန်းစန်း (ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) - အဖွဲ့ဝင်
(၆) မနီနီဝေ (လူငယ်) - အဖွဲ့ဝင်
(၇) ကိုတင်လှိုင် (ခ) ကိုအီဗား (လူငယ်) - အဖွဲ့ဝင်
တို့ဖြစ်သည်။
စတင်စဉ် ကပင် တစ်ဦးချင်း သဒ္ဓါပေါက်သူများ လှူဒါန်းသော အလှူငွေများဖြင့် နိုင်ငံရေး အကျဉ်းသား များအား တစ်ဦးလျှင် ၅၀၀ ကျပ်နှုန်း လစဉ် ထောက်ပံ့ ခဲ့သည်။ ၁၉၉၆ မေလတွင် ဦးဝင်းထိန်၊ ဦးကျော်မင်း၊ ဦးသိန်းတင်၊ ကိုတင်လှိုင် (ခ) အီဗား တို့ အထိန်းသိမ်း ခံခဲ့ရပြီးနောက် သခင်အုန်းမြင့်က ဦးစီး၍ သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ဆက်လက် ဆောင်ရွက် ခဲ့သည်။ ထောက်ပံ့ငွေ ကိုလည်း တစ်လလျှင် ၁၀၀၀ ကျပ် / ၁၅၀၀ ကျပ် စသဖြင့် ပိုမို ထောက်ပံ့ နိုင်ခဲ့သည်။
၂၀၀၁ ခုနှစ်မှ စ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ဦးစီးပြီး ဦးတင်ဦး(ဥက္ကဋ္ဌ)၊ သခင်အုန်းမြင့်( ဒုဥက္ကဋ္ဌ)၊ ဦးလှသိန်း (တာမွေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်)(အတွင်းရေးမှူး) ၊ ဒေါ်ကြည်ကြည်ဝင်းတို့က တာဝန်ယူ ဆောင်ရွက် ခဲ့သည်။
၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ပြီးနောက် သခင်အုန်းမြင့်၊ ဦးအောင်စန်းမြင့်၊ ဦးလှသိန်း၊ ဦးသိန်းဦး တို့က တာဝန်ယူ ဆောင်ရွက် ခဲ့သည်။
၂၀၀၉ ခုနှစ်မှ စ၍ အဖွဲ့ကို ပြန်လည် ဖွဲ့စည်းခဲ့ပြီး လက်ရှိ တာဝန်ယူ သူများမှာ ဦးတင်ဦး (ဥက္ကဋ္ဌ)၊ ဦးနိုင်းနိုင်း၊ ဦးဝင်းထိန်၊ ဒေါ်ခင်သန်းလှ၊ ဦးစောလှိုင်၊ ဦးလှသိန်း၊ ဒေါ်ကြည်ကြည်ဝင်း(ကြည့်မြင်တိုင်)၊ ဒေါ်ကြည်ကြည်ဝင်း(စမ်းချောင်း) တို့ဖြစ်သည်။
ယခုအခါ နိုင်ငံရေး အကျဉ်းသား ၆၀၀ ကျော် တို့အား တစ်ဦးလျှင် တစ်လ ၅၀၀၀ ကျပ်စီဖြင့်၎င်း၊ မဲစနစ်ဖြင့် တာဝန် ယူသော ထောက်ပံ့သူများ ဖြင့်သော်၎င်း၊ ဆေးရုံ တက် နေရသော အကျဉ်းသား များအား ကျပ် ၁သောင်းမှ ၅ သောင်း အထိ၎င်း၊ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာသူများအား တစ်ဦးလျှင် ခရီးစရိတ် ၁ သောင်းစီ ဖြင့်၎င်း တိုးချဲ့ ထောက်ပံ့ လျက်ရှိသည်။
လူမှုအထောက်အကူပြုအဖွဲ့၏ လှုပ်ရှားမှု အချို့မှာ -
အမေ့အိမ်စာသင်ကျောင်း
NLD လူမူ အထောက်အကူ အဖွဲ့ ကနေ ဖွင့်ထားတဲ့၊ အထူးသဖြင့် NLD လူငယ်တွေနဲ့ ကျောင်းသား လူငယ်တွေ ဦးဆောင်ပြီး ဆင်းရဲသော ကလေးငယ် တွေအတွက် လှိုင်သာယာ မြို့နယ်မှာ ဖွင့်ထားတဲ့ အမေ့အိမ် စာသင်ကျောင်း လေးပါ။ စာသင်ကျောင်းရဲ့ မြေနေရာကို လှူဒါန်းတဲ့ ပိုင်ရှင် ကတော့ NLD လှိုင်သာယာ မြို့နယ်စည်း အဖွဲ့ဝင် ကိုအေးဘို ဖြစ်ပါတယ်။ စာသင်ပေး နေသူ အများစု ကတော့ NLD လူငယ် ခေါင်းဆောင် တွေနဲ့ လူငယ် အဖွဲ့ဝင်တွေ များပါတယ်။ အချို့ NLD မဟုတ်တဲ့ ကျောင်းသား လူငယ် တွေလည်း လာပြီး ကူညီပြီး သင်ပေးနေပါတယ်။

ကိုဇာဂနာဟာ ၁၉၈၅ ခုနှစ်မှာ ရန်ကုန်မြို့ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်က သွားဖက်ဆိုင်ရာ ဆရာဝန်ဘွဲ့ ကို ရရှိ ခဲ့ပေမယ့် သွားဆရာဝန် တဦးအဖြစ် အသက်မွေး ဝမ်းကြောင်းမပြုခဲ့ဘဲ ပြည်သူက ချစ်တဲ့ အနုပညာရှင် တဦး ဘဝကို ရွေးချယ်ခဲ့ပါတယ်။
ကိုဇာဂနာဟာ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေ ဘက်စုံထူးချွန်တဲ့ စွယ်စုံရ အနုပညာရှင် တဦးဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များမှ စလို့ မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး လူရွှင်တော် တဦးဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ စူးရှတဲ့ အတွေးအမြင်တွေကနေ ပေါက်ဖွားလာခဲ့တဲ့ ပြောင်မြောက်တဲ့ ပျက်လုံးတွေဟာ ပြည်သူလူထုရဲ့ ဘဝအမောတွေကို သက်သာပြေပျောက် စေခဲ့ပါတယ်။
ပြည်သူလူထုနဲ့ တသားတည်း ရှိခဲ့တဲ့ ကိုဇာဂနာဟာ အမှန်တရားကို လိုလားသလို တာဝန်သိသူ ရဲရင့်သူ တဦးလဲ ဖြစ်ပါတယ်။ ကိုဇာဂနာဟာ သူ့ရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကြိမ်ကြိမ် အခါခါ ဖမ်းဆီး အကျဉ်းချခြင်း ခံခဲ့ရ ရုံ သာမက သူ့ရဲ့ အနုပညာလုပ်ငန်းတွေကိုပါ ပိတ်ပင် တားဆီးခြင်း ခံခဲ့ရပါတယ်။
၂၀၀၈ခုနှစ် မေလ အတွင်းမှာတော့ မြန်မာနိုင်ငံကို ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ကြောင့် ပြည်သူလူထု သိန်းနှင့်ချီ အသက် အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးခဲ့ရပြီး ဘေးဒုက္ခ ကြီးစွာ ကျရောက် ခဲ့ကြပါတယ်။
ကိုဇာဂနာဟာ မေလ ၃ ရက်နေ့ နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး ၄ ရက်အကြာ ကစပြီး လေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေကို အနုပညာရှင်ပေါင်း များစွာနဲ့ တက်တက်ကြွကြွ လုပ်ကိုင် ခဲ့သူဖြစ်ပါတယ် ။ ခရီး လမ်းပန်း အခက်အခဲမျိုးစုံ၊ အနှောက်အယှက် အတားအဆီး မျိုးစုံကြားက ဒုက္ခအတိ ရောက်နေကြတဲ့ လေဘေးသင့် ပြည်သူလူထုထံ အကူအညီတွေ အမြန်ဆုံး ရောက်ရှိအောင် နည်းလမ်းမျိုးစုံ အသုံးပြုပြီး လျင်မြန်သွက်လက် ထိရောက်စွာ မနေမနား ဆောင်ရွက်နိုင် ခဲ့ပါတယ် ။ ပြည်သူလူထုကိုလည်း မီဒီယာတွေက တဆင့် အမြန်ဆုံး သတင်းပို့ ရှင်းပြ နိုင်ခဲ့ပါတယ်။
မုန်တိုင်း တိုက်ခတ်အပြီး တလခန့် အကြာမှာ ကိုဇာဂနာနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ၄၀၀ ကျော်တို့ဟာ ကယ်ဆယ်ရေးအပြင် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုပါ ပူးတွဲလုပ်ကိုင် နိုင်ခဲ့ပါတယ်။
အာဏာပိုင်တွေ ထိန်းချုပ်ထားတဲ့ စာနယ်ဇင်းတွေက “နိုင်ငံတော်က မုန်တိုင်းကယ်ဆယ် ရေးကို ကောင်းမွန် ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ကြောင်း” ၀ါဒ ဖြန့်နေခဲ့ချိန်မှာ၊ ကိုဇာဂနာ ဦးဆောင်တဲ့ လူငယ်နဲ့ အနုပညာရှင်တွေ၊ ကိုကျော်သူ, မရွှေဇီးကွက်တို့ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်းကြီးနဲ့ မြန်မာလူငယ် စေတနာရှင် အစု အဖွဲ့တွေဟာ မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စောလျင်စွာ ကိုယ့် အားကိုယ်ကိုး ဆောင်ရွက် နိုင်ခဲ့ကြသလို၊ ဆရာတော်များ၊ သံဃာတော်များ ကလည်း တတပ်တအား ဦးစီး ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။
အဲသလို မြန်မာပြည်တ၀ှမ်း လူထုလူတန်းစား အသီးသီးက စေတနာ ထက်သန်စွာ လိုက်လံ ၀ိုင်းရံနေကြချိန်မှာ ကိုဇာဂနာ ဖမ်းဆီး ထိမ်းသိမ်း ခြင်း ခံခဲ့ရပါတယ်။ ဧရာဝတီတိုင်း ဖျာပုံမြို့နယ် မိန်းမလှကျွန်း ဘက်မှာရှိတဲ့ ချောင်းရိုးတလျှောက် အကူအညီမရ ဖြစ်နေကြတဲ့ ဒုက္ခသည်တွေကို အစားအစာနဲ့ ကယ်ဆယ်ရေး ပစ္စည်တွေ ကိုယ်တိုင်သွားရောက် အကူအညီပေးပြီး မကြာခင်မှာ အဖမ်းခံ ခဲ့ရတာ ဖြစ်ပါတယ်။
လူမှုရေးလုပ်ငန်းတွေ အတွက် အလှူရှင်တွေ၊ လုပ်အားပေး စေတနာရှင်တွေနဲ့ ပရိသတ် အားလုံးကို စည်းရုံးနိုင်သူ၊ အလုပ် ပြီးမြောက်အောင် ဆောင်ရွက်သူ၊ ရဲရင့်ပွင့်လင်းစွာ ပြောဆို တင်ဆက်နိုင်သူ ကိုဇာဂနာဟာ ရန်ကုန်ကို ပြန်ရောက်လာ ပြီးနောက် သူမြင်တွေ့ခဲ့ရတဲ့ လေဘေးဒဏ်သင့် ပြည်သူတွေရဲ့ ဒုက္ခ အခက်အခဲတွေ ရင်ဆိုင်နေကြရပုံ၊ အစိုးရနဲ့ နိုင်ငံတကာ အကူအညီတွေ လူထုဆီ အချိန်မီ မရောက်ရှိပုံ၊
စေတနာရှင်တွေ လုပ်အားပေးတွေက ယခုထက် ပိုမို လျင်မြန် ထိရောက်အောင် ကူညီပေးနိုင်ရေး အတွက် မလိုလားအပ်တဲ့ အခက်အခဲ အတား အဆီးတွေ ဖယ်ရှား ပေးသင့်ပုံ၊ စတဲ့ အတွေ့ အကြုံနဲ့ ခံ စားချက်တွေကို မီဒီယာတွေ ကတဆင့် ပြည်သူများထံ လွတ်လပ် ပွင့်လင်းစွာ ဝေဖန် ပြောဆိုခဲ့ ပါတယ်။ အဲသလို ဝေဖန် ပြောဆို မှုတွေ အပြီးမှာ ဖမ်းဆီး ခံခဲ့ရပါတယ်။ ကနဦးက ထောင်ဒဏ်၅၉နှစ် ချမှတ်ခံခဲ့ရပြီး ၂၄နှစ် လျော့ပေါ့ပေးသည် ဆိုတဲ့ အတွက် ထောင်ဒဏ် ၃၅နှစ် ကျခံ နေရဆဲ ဖြစ်ပါတယ်။
တခေတ်မှာ တယောက်သာ ပေါ်ထွန်းခဲ့တဲ့ ပြည်သူ့ အချစ်တော် လူရွှင်တော်ကြီး ကိုဇာဂနာဟာ အခုလို ပြည်သူ့ ဂုဏ်ရည် အခမ်းအနားကြီး ကျင်းပနေချိန်မှာ မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနား အကျဉ်းထောင် ထဲမှာ ရှိနေ ပါ လိမ့် မယ်။
ပြည်သူ လူထုရဲ့ ဒုက္ခ ဆင်းရဲ တွေကို မျှဝေ ခံစားရင်း နာဂစ် လေမုန်တိုင်းသင့် ပြည်သူတွေရဲ့ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး လုပ်သားကြီးကို ပြည်သူ တွေက ဘယ်တော့မှ မမေ့ မလျော့ဘဲ အစဉ်အမြဲ ကျေးဇူး တင်နေကြမှာ အမှန်ပင် ဖြစ်ပါတော့တယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် အဖြစ် ပါတီ လုပ်ငန်းများ ဆောင်ရွက် နေစဉ် ၂၀၀၂ ခုနှစ်မှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ညွှန်ကြားချက် နဲ့ လူငယ် ၂၀ ဦး စိစစ်ရွေး ချယ်ရာမှာ တဦး အဖြစ် ပါဝင်ခဲ့ပြီး UNDP ရုံးက HIV ကာကွယ် တားဆီးရေးနဲ့ ပြုစု စောင့်ရှောက် ရေးသင်တန်းကို တက်ရောက်ခဲ့ပါတယ်။ အဲဒီကနေစပြီး HIV/AIDS ကူညီကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင် ခဲ့ပါတယ်။ ၄င်းတို့ အဖွဲ့ စတင် တည်ထောင်စဉ် ကပင် အဖွဲ့ ချုပ်လူငယ်များ နဲ့ စတင်ခဲ့သဖြင့် အာဏာပိုင်များရဲ့ နှောင့်ယှက်မှု များကို အမြဲလိုလို ကြုံတွေ့ ခဲ့ရပြီး ဖမ်းဆီးခံရမှု များပင် ရှိခဲ့ပါတယ်။ NGO တွေက နိုင်ငံရေးနဲ့ မပတ်သက်ရဘူး ဆိုတဲ့ အတွက်ကြောင့် လဲ ဘယ် NGO ကမှ သူတို့ကို မကူညီရဲ ကြပါဘူး။ မဖြူဖြူသင်း ခေတ္တတိမ်းရှောင်နေစဉ်အတွင်း သူမရဲ့ ဖခင်ဆုံးပါးသွားခဲ့ပါတယ်။ ဖခင်ကြီးရဲ့ နောက်ဆုံး ခရီး ကို ပင် လိုက်ပါ ပို့ဆောင် ပေးနိုင်ခြင်း မရှိခဲ့ပါ။
လုပ်ငန်း စတင်တဲ့အချိန်က ရောဂါသည်များကို အားပေးမှုအပိုင်းသာ လုပ်ပေးနိုင်ခဲ့ပေမယ့်လို့ အခုဆိုရင် လူနာ များကို အေ အာ ဗွီ ဆေးများ တိုက်ကျွေးနိုင်ခဲ့ပြီလို့ သိရပါတယ်။ တနိုင်ငံလုံး အတိုင်းတာဖြင့် ယခုအချိန်မှာ လူနာပေါင်း လေးထောင်ကျော်ရှိနေပြီိး အခက်အခဲပေါင်းများစွာကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ လူနာများအားတတ်နိုင်သလောက် ကူညီဆောင်ရွက် ပေးနေရာမှာ သူမ ရဲ့ မိသားစုများကပါ ကူညီပေး ခဲ့ကြပါတယ်။
ကုလသမဂ္ဂ (UN AIDS) က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းများအရ မြန်မာပြည်မှာ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ခံရသူ (၃) သိန်း (၆) သောင်းကျော်ရှိပြီး အေအိုင်ဒီအက်စ် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အသုံးစရိတ်ကတော့ တနှစ်အတွက် အမေရိကန် ဒေါ်လာတသိန်း ဝန်းကျင်သာ ရှိတယ်လို့ဆိုပါတယ်။ အဲဒီပမာဏကနေ လူတဦးချင်းစီ ပျမ်းမျှရရှိမယ့် ကျန်းမာရေး စောင့်ရှောက်မှုနှုန်းကတော့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အစိုးရက နိုင်ငံသားတဦးအတွက် အကုန်အကျခံတဲ့ ပမာဏထက် အဆပေါင်း (၂၅ဝ) ခန့် လျှော့နည်းတယ်လို့ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးရဲ့ စာရင်းဇယားများက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ခုခံအားကျဆင်းမှုရောဂါနှင့် ပတ်သက်ပြ်ီး ကာကွယ်တားဆီးရေး လုပ်ငန်းများကို လုပ်ဆောင်ရာမှာ အန်ဂျီအိုများအနေနဲ့ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး အသိပညာပေး ဟောပြောပွဲ ကျင်းပမယ်ဆိုရင် အစိုးရထံသို့ ခွင့်ပြုချက်အဆင့်ဆင့်တင်ရခြင်း ၊ လူဦးရေ ကန့်သတ်ပေးခြင်း၊ နေရာဒေသ ကန့်သတ်မှုများရှိနေခြင်း တို့အပြင် နယ်ဒေသများသို့ သွားရောက်ပညာပေးမယ် ဆိုပါက သွားရောက်ခွင့်ကို အဆင့်ဆင့် တောင်း ခံရခြင်း တို့ကြောင့် NGO, INGO အများစုတို့မှာ အကန့်အသတ်တွေများပြားလာခဲ့ပါတယ် ။ အဲဒီလိုအဖြစ်အပျက်တွေကြောင့် AIDS ကာကွယ်တားဆီးရေး လုပ်ငန်းတွေပါ အားနည်းလာခဲ့ရတဲ့ အခြေအနေမျိုးဆိုက်ရောက် ခဲ့ရပါတယ်။ မဖြူဖြူသင်းလို မေတ္တာ၊ကရုဏာအပြည့်နဲ့ အပင်ပန်း၊ အဆင်းရဲခံပြီး၊ ကျယ်ပြန့်ထိရောက်စွာ စေတနာ့ဝန်ထမ်း လုပ်ဆောင်နိုင်ခြင်းကတော့ သူမရဲ့ ထင်ရှားတဲ့ အရည်အချင်းတခု ဖြစ်ပါတယ်။
မဖြူဖြူသင်းဟာ ၂ဝဝ၂ ခုနှစ်မှစ၍ တောင်ဒဂုံမြို့နယ် ရပ်ကွက်(၁၈) နဲ့ (၂၀) ရှိ ကယ်ဆယ်ရေးဂေဟာ (၂) ခု
ကို ဦးဆောင် တာဝန်ယူခဲ့သူ ဖြစ်ပြီး ယခုအချိန်ထိ အဆိုပါ ဂေဟာများဟာ နိုင်ငံတဝှမ်းမှ ဝေဒနာရှင် ငါးထောင်ကျော်ကို အခမဲ့ ဆေးဝါး အကူအညီ ပေးနိုင်ခဲ့ပြီ လို့သိရပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးကိုသွား ရောက်ပြီးတော့လဲ ပညာပေး အစီအစဉ်များကို ဆောင်ရွက်နေတာဖြစ်ပါတယ်။
မဖြူဖြူသင်းဟာ HIV/AIDS ကာကွယ် တားဆီးရေးနဲ့၊ ရောဂါ ဝေဒနာသည်များ ပြုစု စောင့်ေ ရှာက်ရေး၊ လုပ်ငန်းထဲမှာ သူမ ဘဝကို မြုပ်နှံ လုပ်ကိုင်နေတာ ပါ။ မိသားစု၊ အပေါင်းအသင်း များကို လျစ်လျှူရူပြီး သူမ ရဲ့လူနာများ နဲ့သာ သူမ ရဲ့အချိန်တွေကို ကုန်ဆုံး စေသူ ဖြစ်ပါတယ်။ မိုးလင်းလို့ အိပ် ယာထတာနဲ့ မဖြူဖြူသင်း
ရဲ့ အိမ်ရှေ့မှာ လူနာတွေ တန်းစီနေပြီး မအိပ်ခင် အချိန်ထိ သူမရဲ့ လူနာ များကို အားပေး နှစ်သိမ့် ဆွေးနွေးမှု ပေးနေ ခဲ့ပါတယ်။
မဖြူဖြူသင်းရဲ့ လုပ်ဆောင်ချက်များ ဟာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း များရဲ့ ကူညီ ပံ့ပိုးမှု မရရှိ တဲ့အပြင် ၄င်းရဲ့ လှုပ်ရှားမှု များကို တချိန်လုံး စောင့်ကြည့် ခံနေခဲ့ ရပါတယ်။ ဒါ့အပြင် ဆေးဝါးနဲ့ ကာကွယ် ကုသရေး အထောက် အကူ ပစ္စည်းများ မလောက်ငှတဲ့ အခက်အခဲများ ကြားထဲကနေ တည်တည် ငြိမ်ငြိမ်ဖြင့် အကူအညီ လိုအပ်နေတဲ့ ရောဂါ ဝေဒနာသည် များကို နေ့ည မရွေး ပြုစု စောင့်ရှောက် နေခဲ့တာ ဖြစ်ပါတယ်။
မျက်မြင် ကူညီပေးသူတယောက်ရဲ့ ပြောကြားချက်မှာတော့ သူမ လူနာတစ်ယောက်ကို ဆေးသွင်းပေးနေစဉ် လူနာမှာ သွေးများရွှဲအိုင်နေပြီး၊ သူမရဲ့ လက်မှာလည်း သွေးများ ရွှဲအိုင်နေခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလိုသာဆိုရင် သာမန်လူများအနေနဲ့ ကြောက်လန့်တကြား ထွက်ပြေးပြီးလောက်ပါပြီ။ ဒါပေမဲ့ မဖြူဖြူသင်းကတော့ လူနာကိုမကြောက်နဲ့၊ ဒါကဘာမှမဖြစ်ဘူးဆိုပြီး နှစ်သိမ့်ဆွေးနွေး ပေးနေပါတယ်။ ဒီသွေးမှတဆင့် ကူးစက်နိုင်တာကို သိလျက်နှင့် မဖြူဖြူသင်းရဲ့ ကြီးမားတဲ့ မေတ္တာစေတနာကို အထင်အရှားတွေ့နိုင်တဲ့ ဖြစ်ရပ်တခုပါ။ ဝေဒနာကြောင့် ဘယ်လောက်ပဲ အမောဖောက်နေပါစေ၊ “အမရဲ့မျက်နှာ၊ အမပြောတဲ့နှစ်သိမ့်စကားတွေကို ကြားတာနဲ့ ရောဂါတဝက် သက်သာတယ်” လို့ အားကိုးတကြီး ပြောကြတဲ့ လူနာပေါင်း များစွာ ရှိပါတယ်။ လူနာများဟာ သူမအိမ်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်စားသောက်၊ နေထိုင်ကြပြီး လမ်းစရိတ်လိုကိစ္စများမှအစ ဖြေရှင်းပေးနေရ တာကို တွေ့နိုင်ပါတယ်။
ယဉ်ကျေးမှုအရ မပွင့်လင်းသော၊ အသိပညာနောက်ကျနေသော၊
လွဲမှားသောအမြင်များဖြင့် ပတ်ဝန်းကျင်မှလက်မခံဘဲ AIDSရောဂါသည်တွေကို ခွဲခြားဆက်ဆံမှုတွေရှိသော လူနေမှု အသိုင်းအဝိုင်းမှာ အခုလို မကြောက်မရွံ့ ဖောက်ထွက်ပြီး အကူအညီလိုအပ်နေသူတွေရဲ့ရှေ့  ကနေ မားမားမတ်မတ် ရပ်တည်ကာ ကျန်းမာရေးအသိ ကျယ်ပြန့် ပွင့်လင်းလာအောင် အန္တရာယ်နဲ့ စွန့်စားရတဲ့ ကူညီပေးမှုပါ။
အေ ကိုက်မယ်လို့ နောက်ပြောင်ခဲ့ရင် “မဖြူရှိတယ် မကြောက်ဘူး” ဆိုတဲ့ စကား က သူမအပေါ် ချစ်ခင်လေးစားမှုနဲ့ အားထားယုံကြည်မှုကို ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။
မဖြူဖြူသင်းဟာ တုနိုင်းမရတဲ့ မေတ္တာရှင်တစ်ယောက်ဖြစ်ပြီး ရန်သူမိတ်ဆွေမရွေး ကူညီတတ် ခြင်းကြောင့် ဝေဒနာသည်တွေရဲ့ ဂရုဏာရှင်ဖြစ်တယ်ဆိုတာအားလုံးက အသိအမှတ်ပြု လေးစားခြင်း ခံခဲ့ရသူဖြစ်ပါတယ်။
လက်ရှိ အကြပ်အတည်းအမျိုးမျိုးကြားကနေ ရုန်းကန်ရင်ဆိုင်ရင်း လုပ်ကိုင်နိုင်ခဲ့တာကြောင့်မို့ အခုလက်ရှိကာလမှာ ရောဂါဝေဒနာရှင်များသာမကဘဲ ပြည်သူတစ်ရပ်လုံးကပါ ယုံကြည်လေးစား လာခြင်းတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ရပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ အနာဂတ်လူငယ်များအတွက် အများအကျိုးဆောင်ရွက်ရတဲ့ လုပ်ငန်းတွေကို စိတ်ပါဝင်စားလာစေရန် စံနမူကောင်းတရပ်ပဲ ဖြစ်ပါတော့တယ်။

ဖေဖေါ်ဝါရီလ ၁၈ ရက်၊ ၂၀၁၁ ခုနှစ် ဧရာဝတီ အင်တာနက် သတင်း စာမျက်နှာမှ ဆောင်းပါရှင် မင်းနိုင်သူ ၏ ဆောင်းပါး တွင် ဒေါ်ရှု အကြောင်း အစိတ်အပိုင်း ကို ယခုကဲ့သို့ ရေးသား ထားခဲ့သည်။
“ဘိက္ခူမာတာ” ဒေါ်ရှု (မင်းနိုင်သူ Friday, 18 February 2011 18:47 ဧရာဝတီ ဆောင်းပါး )
" ဒီ အကြောင်းတွေရေးရင် အာဏာပိုင်တွေက အနှောင့်အယှက် ပေးမှာကို စိုးရိမ်မိတယ်။ အန်တီ့အတွက် စိုးရိမ်တာ မဟုတ်ဘူးနော်။ အန်တီ ထောင်ဝင်စာတွေ့ပေးနေရတဲ့ သံဃာတွေကို ထောင်ဝင်စာ သွားတွေ့မယ့်လူ မရှိတော့မှာစိုးလို့” ဟု မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးနေတဲ့ ဒေါ်ရှုက ပြောလက်စကို ခဏရပ်လိုက်ရင်း သူ့စိုးရိမ်မှုကို ဖွင့်ဟပါတယ်။
အဲဒီနောက်မှာတော့ သက်ပြင်းတချက် ရှုသွင်းလိုက်ရင်း ဒေါ်ရှုက စကားဆက်ပြန်ပါတယ်။
“အန်တီဘာတွေ လုပ်နေတယ်ဆိုတာလည်း စောင့်ကြည့်နေတဲ့သူတွေ၊ ထောင်ဝန်ထမ်းတွေက သိကြပါတယ်။ အန်တီက နိုင်ငံပုန်ကန်နေတာလည်း မဟုတ်ဘူး၊ ဘယ်သူမှ ထောင်ဝင်စာ လာမတွေ့နိုင်တဲ့ သံဃာတွေကို သနားလွန်းလို့ ထောင်ဝင်စာ တွေ့ပေးနေတာ သက်သက်ပါပဲ”
ဒေါ်ရှုဆိုတာကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ အကျဉ်းကျခံနေရပြီး ထောင်ဝင်စာတွေ့မယ့်သူ မရှိတဲ့ သံဃာတွေကို ထောင်ဝင်စာ တွေ့ပေးနေသူပါ။
စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက် ရပ်ကွက်မှာရှိတဲ့ ဒေါ်ရှုရဲ့ နှစ်ထပ်အိမ်လေး ထဲမှာတော့ မြန်မာနိုင်ငံတ၀န်းက အကျဉ်း ထောင်တွေမှာ ထောင်ဝင်စာတွေ့မယ့်သူ မရှိဖြစ်နေတဲ့ သံဃာတွေဆီကို ပေးပို့မယ့် ထောင်ဝင်စာ ထုပ်တွေ အမြဲမပြတ် ရှိနေတတ်တယ်လို့ အရှင်စန္ဒောဘာသက မိန့်ဆိုပါတယ်။ အရှင် စန္ဒောဘာသဟာ ၁၆ နှစ်ကြာ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ပြီး ဒေါ်ရှုရဲ့ ထောင်ဝင်စာအလှူကို လက်ခံခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
“ဦးပဉ္ဇင်း ၂၀၀၉ ခုနှစ်မှာ အင်းစိန်ထောင်ကနေ လွတ်လာတော့ သူ့အိမ်မှာ ၃ ရက်လောက် တည်းခိုခဲ့ဖူးတယ်။ သူ့အိမ်ထဲမှာ နယ်ထောင် တွေဆီပို့မယ့် ထောင်ဝင်စာထုပ် ကလေးတွေ အမြဲမပြတ် ရှိနေတတ်တယ်။ အပတ်စဉ် ထောင်ဝင်စာထုပ်တွေ ပေးပို့နိုင်ဖို့ ဈေးတကာလှည့် ဈေးဝယ်ရ၊ ချက်ရ ပြုတ်ရနဲ့ သူ့မှာ နားနေချိန်ရယ်လို့ မရှိသလောက်ပါပဲ” လို့ အရှင်စန္ဒောဘာသက ဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) စမ်းချောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ရှုဟာ ၂၀၀၇ ခုနှစ် ဇူလိုင်လ အတွင်းက ကျောက်တော်ကြီးဘုရားမှာ ၀တ်ပြု ဆုတောင်းခဲ့တဲ့အတွက် အာဏာပိုင်တွေရဲ့ ၄၅ ရက်ကြာ ဖမ်းဆီး ထိန်းသိမ်းမှု ကိုလည်း ခံခဲ့ရသူပါ။
စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းတဲ့အပြင် အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုကို မကြာခဏ ခံနေရတဲ့ အလုပ်ကို ဘာကြောင့် ဒေါ်ရှု လုပ်ဖြစ်ခဲ့တာပါလဲ။
ဒေါ်ရှုက ရှေ့နေ ကိုဖိုးဖြူ၊ ကိုညီညီနိုင်တို့နဲ့ ရင်းနှီးခဲ့တဲ့အကြောင်း၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးမှာ ကိုဖိုးဖြူက သူ ရှေ့နေလိုက်ပေးနေတဲ့ အမှုမှာပါတဲ့ မြောက်ဥက္ကလာ ဘုန်းကြီးကျောင်းက သံဃာတော်တွေနဲ့ သီလရှင်တွေကို ထောင်ဝင်စာ တွေ့မယ့်သူ မရှိတာကြောင့် ဆွမ်းကပ်ပေးဖို့ အကူအညီ တောင်းခဲ့တဲ့အကြောင်း၊ အဲဒီကနေစပြီး သံဃာတော် ၇ ပါးနဲ့ သီလရင် ၇ ပါးတို့ကို စပြီး ဆွမ်းကပ်ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။
“ရှေ့နေ ကိုဖိုးဖြူက အန်တီရယ်၊ သူများတွေက ထမင်းစားနေချိန်မှာ သူတို့မှာ အငတ်နေရတယ်။ သိပ်သနားစရာကောင်းတာပဲ ထမင်းလာ ကျွေးပေးပါလားလို့ ပြောလာလို့ စကျွေးတာ။ နောက်တော့ အဲဒီဘုန်းကြီးတွေကနေ ဘယ်ဘုန်းကြီးတွေလည်း ထောင်ဝင်စာ မရကြပါဘူး၊ ကူပါဦး ဒကာမကြီးရယ်ဆိုတော့ ကျန်သံဃာတွေကိုပါ ထောင်ဝင်စာတွေ့နေရတော့တာ။ အခုဆို ၃ နှစ်နဲ့ ၄ လ ရှိလာပြီပေါ့” လို့ ဒေါ်ရှုက ထင်မှတ်မထားပါဘဲ သံဃာတွေကို ထောင်ဝင်စာပေးပို့ ဖြစ်ခဲ့ပုံကို ပြန်ပြောပါတယ်။
အခုချိန်မှာတော့ ဒေါ်ရှု အပတ်စဉ် ထောင်ဝင်စာပေးပို့နေရတဲ့ သံဃာ အပါး ၅၀ ကျော်နေပါပြီ။ ဒီလို တိုးပွားလာတဲ့ သံဃာ ဦးရေကို အပတ်စဉ်ထောင်ဝင်စာ တွေ့နိုင်ရေးအတွက် NLD ကလည်း ဒေါ်ရှုကို ကူညီထောက်ပံ့ပေးပါတယ်။ NLDက နိုင်ငံရေး အကျဉ်းသားတဦးအတွက် တလကို ၅၀၀၀ ကျပ်နှုန်း ထောက်ပံ့ ပေးနေပေမယ့် လုံလောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။
အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ ဘိုကလေးသူ ဒေါ်ရှုဟာ မြန်မာနိုင်ငံအနှံ့ နိုင်ငံရေးကြောင့် အထိန်းသိမ်းခံထားရတဲ့ သံဃာတွေဆီကို အပတ်စဉ် ထောင်ဝင်စာ ပေးပို့နိုင်ရေးအတွက် ကူဖော်လောင်ဖက် အမျိုးသမီး ၂ ဦးနဲ့အတူ လုပ်ကိုင်နေရတာပါ။ အဲဒီ အမျိုးသမီး ၂ ဦးကို တယောက်အတွက် တလ ကျပ် ၂ သောင်းပေးပြီး အကူအညီ ခေါ်ထားရတယ်လို့ ဆိုပါတယ်။ ဒေါ်ရှုနဲ့ အတူနေကြတဲ့ သားနဲ့ သမီးက ဒီလို ထောင်ဝင်စာပို့တဲ့အလုပ်လုပ်တာကို သဘောမတူတာကြောင့် ကူမယ့်သူတွေ ခေါ်ထားရတာလို့ ပြောပြပါတယ်။
“သားတွေ၊ သမီးတွေ သဘောမတူဘူး ဆိုတာက အန်တီပင်ပန်းတာကို သူတို့ မကြည့်ရက်လို့ပါ။ သူတို့ တားပေမယ့် အန်တီက ဆက်လုပ်နေတော့ နောက်ပိုင်းမှာ သားသမီးတွေကလည်း သိပ်မကြည်တော့ဘူးပေါ့။ အန်တီ့ အမျိုးသားနဲ့ ကွဲခဲ့ရတာလည်း ဒီအလုပ်တွေ ကြောင့်ပေါ့” လို့ ဒေါ်ရှုက ဆိုပါတယ်။
တကယ်တော့ ဒေါ်ရှုဟာ သူ့ဆီက ပို့လိုက်မယ့် ထောင်ဝင်စာထုပ်ကို စောင့်မျှော်နေမယ့် ထောင်တွင်းက သံဃာတော်တွေရဲ့ မျက်နှာနဲ့ သားသမီး တွေရဲ့ ငြူစူတဲ့ မျက်နှာတွေအကြား ဗျာများ နေရသူ ဖြစ်ပါတယ်။
ဒေါ်ရှုဟာ သံဃာတွေကို ထောင်ဝင်စာထုပ် ပို့နိုင်ရေးအတွက်ဆိုရင် သူ့သမီး လက်ဝတ်လက်စားတောင် ပေါင်ဖို့ လက်မနှေးဘူးလို့ အရှင် စန္ဒောဘာသက မိန့်ပါတယ်။
“ဦးပဉ္ဇင်း ထောင်က လွတ်လာပြီးနောက် သူ့အိမ်ကို ရောက်ပြီး အပြန်မှာ သူလည်း လမ်းကြုံတာနဲ့ နိုင်ငံခြားမှာ ရှိနေတဲ့ သူ့သားပို့လိုက်တဲ့ ငွေကို ဘဏ်မှာ လိုက်ထုတ်တယ်။ ငွေလည်း ရရော အပေါင်ဆိုင် ပြေးပြီး သူ့သမီး လက်ဝတ် လက်စားလေးကို ပြန်ရွေးတယ်။ သားပို့တဲ့ငွေက ထောင်ဝင်စာထုပ်ပို့ချိန် မမီတော့ သမီးလက်ကောက်လေး ခဏ အပေါင်ထားလိုက်ရတယ် ဦးပဉ္ဇင်းလို့ ပြောတယ်။ ဒေါ်ရှုဆိုတာ အဲလို အမျိုးသမီးပါ” လို့ အရှင်စန္ဒောဘာသက ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားတဦးအတွက် တလ ၅၀၀၀ ကျပ်ဆိုတဲ့ NLD ရဲ့ထောက်ပံ့ငွေဟာ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်း၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီး တိုးပွားလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကြောင့် ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေ ရတယ် လို့လည်း အရှင်စန္ဒောဘာသက မိန့်ကြားပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေပါတယ်။ ဒီစာရင်းထဲမှာ သံဃာ အပါး ၂၅၀ ကျော်နဲ့ သီလရှင် ၁ ပါး ပါဝင်နေပေမယ့် ဒေါ်ရှု ထောင်ဝင်စာထုပ် ပေးပို့နိုင်တာက သံဃာ အပါး ၅၀ လောက်ပဲ ရှိပါသေးတယ်။ တကယ်တော့ ဒေါ်ရှုဟာ သံဃာအပါး ၅၀ သာမကဘူး ထောင်ဝင်စာ တွေ့သူ မရှိဖြစ်နေကြတဲ့ နိုင်ငံရေးအကျဉ်းသား လူပုဂ္ဂိုလ်တချို့ကိုပါ ထောင်ဝင်စာ ပေးပို့နေတာပါ။
ဒေါ်ရှုဟာ သံဃာတော်တွေကို ထောင်ဝင်စာတွေ့နေပေမယ့် သူ့ထောင်ဝင်စာထုပ်ကို လက်ခံရယူနေတဲ့ သံဃာတော်တိုင်းကို မြင်တွေ့ဖူးသူတော့ မဟုတ်ပါဘူး။
“မိသားစုဝင်ဖြစ်မှ ထောင်ဝင်စာ တွေ့ခွင့်ရတာလေ။ အန်တီက ထောင်ဝင်စာထုပ်တွေကို အင်းစိန် ထောင်ဘူးဝမှာပဲ ပေးထားခဲ့ရတာ။ နယ်ထောင်တွေအတွက် ဆိုရင်တော့ ထောင်ဝင်စာထုပ်ကို သေချာ ထုပ်ပိုးပြီး စာတိုက်ကြီးကနေ ပါဆယ် ပို့ရတာပေါ့။ တရားရုံးက စီရင်ချက် မချသေးလို့ တရားရုံးထုတ် ထွက်လာတဲ့ သံဃာတချို့ကိုပဲ အန်တီ တွေ့ဖူးသေးတယ်” လို့ ဒေါ်ရှုက ပြောပါတယ်။
ဒီလိုတွေ့ခွင့်ရတဲ့အထဲက တချို့မြင်ကွင်းတွေဟာ သူ့စိတ်ကို ထိခိုက်စေခဲ့ပြီး သူ့အလုပ်ကို ဆက်လုပ်စေဖို့အတွက် တွန်းအားတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
“၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးမှာ အဖမ်းခံရတဲ့ မြောက်ဥက္ကလာ သစ္စာသရဖူကျောင်းထိုင် ဆရာတော်ကို ထောင်ဝင်စာ သွားတွေ့ရတုန်းက ဒကာမကြီးရယ် ဒကာမကြီးရဲ့ ထောင်ဝင်စာကြောင့်သာ ဦးပဉ္ဇင်းမှာ လူလူသူသူလေး စားရသောက်ရပါတယ်။ ဒကာမကြီး ကျေးဇူးကြီးမားပါပေတယ်ဆိုပြီး အသက် ၇၀ ကျော် ဘုန်းကြီးက လက်အုပ်လေးချီပြီး အန်တီ့ကို ပြောတော့ အန်တီ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ အဲဒီမြင်ကွင်းကို ခုထိ မြင်ယောင်နေတုန်းပဲ။ ပြန်တွေးမိတိုင်းလည်း ငိုချင်နေတုန်းပဲ” လို့ ဒေါ်ရှုက ရှိုက်သံကို ထိန်းရင်း ပြောပြပါတယ်။
၁၉၉၃ ခုနှစ်က နိုင်ငံရေးပုဒ်မနဲ့ နအဖ စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရတဲ့ အရှင်စန္ဒောဘာသ ဟာ ၂၀၀၇ ခုနှစ်အထိ ထောင်ဝင်စာ တွေ့သူမရှိဖြစ်နေရာက ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီး အင်းစိန်ထောင်ထဲကို သံဃာတော်တွေ ထပ်မံ ရောက်ရှိလာပြီး ချိန်မှာတော့ ဒေါ်ရှုရဲ့ ထောင်ဝင်စာထုပ်ကို လက်ခံရရှိ လာပါတော့တယ်။
“သံဃာတွေဆိုတာက တောသားတွေများတယ်လေ။ သံဃာတွေရဲ့ ဆွေမျိုးသားချင်းတွေဆိုတာကလည်း တောသူ တောင်သားတွေ များတာဆိုတော့ သူတို့ ဒေသလေးက လွဲရင် မသွားတတ် မလာတတ်။ ဒီတော့ ထောင်ဝင်စာလည်း လာမတွေ့တတ်ကြ၊ မတွေ့နိုင်ကြ။ ဒီလိုအချိန်မှာ ဒေါ်ရှုက မိသားစုတွေ ကိုယ်စား ထောင်ဝင်စာထုပ်လေး ပို့ပေးလာတော့ ဦးပဉ္ဇင်း အရမ်းကို ၀မ်းသာသွားတယ်။ ဒကာမကြီးကိုလည်း အရမ်းတွေ့ချင်လာတယ်” လို့ အရှင်စန္ဒောဘာသာက ဆိုပါတယ်။
အရှင်စန္ဒောဘာသ အင်းစိန်ထောင်က လွတ်မယ့်အချိန်မှာ သူအရမ်းတွေ့မြင်ချင်လွန်းတဲ့ ဒေါ်ရှုက လာကြိုနေပေမယ့် တွေ့ခွင့် မသာခဲ့ပါဘူး။
“အဲဒီနေ့က ဦးပဉ္ဇင်းကို သူ လာကြိုနေတယ်တဲ့။ ဒါပေမယ့် ဦးပဉ္ဇင်းက ကျန်းမာရေးကြောင့် လဲကျသွားတော့ အာဏာပိုင်တွေ စီစဉ်ပေးတဲ့ ကားနဲ့ လိုက်သွားရပြီး သူနဲ့ မတွေ့လိုက်ရတော့ဘူး။ နောက်တော့ သူ့အိမ်ကို ဦးပဉ္ဇင်းသွားတွေ့တယ်။ သူ့အိမ်မှာလည်း ၃ ရက် တည်းခဲ့တယ်”
အရှင်စန္ဒောဘာသ ဒေါ်ရှုအိမ်မှာ တည်းခိုနေချိန်မှာ စမ်းချောင်းမြို့နယ် မယက အဖွဲ့က ဒေါ်ရှုနဲ့ အရှင်စန္ဒောဘာသကို ဆင့်ခေါ်ပါတော့တယ်။ အာဏာပိုင်တွေ သူ့ကို ခေါ်ပြီဆိုတဲ့အချိန်မှာ ဒေါ်ရှုဟာ အေးဆေးတည်ငြိမ်စွာနဲ့ပဲ သူ ထောင်ထဲရောက်ရင် လိုအပ်မယ့် ပစ္စည်းတွေကို အသင့်ပြင်ပြီး လိုက်ပါသွားတာပါ။
“သူ့မျက်နှာမှာ တုန်လှုပ်တဲ့ အရိပ်အယောင်မတွေ့ရဘူး။ သူ့ကို ဖမ်းဆီးရင် ထောင်ထဲမှာ လိုအပ်မယ့် အသုံးအဆောင် တွေကိုလည်း သူက အသင့် ထုပ်ပိုးထားပြီးသား။ ဦးပဉ္ဇင်းကို လက်ခံထားတဲ့အတွက်ဆိုပြီး စမ်းချောင်း မယက ရုံးမှာ သူ ဆူပူ ကြိမ်းမောင်းခံရတယ်။ သူကတော့ ဦးပဉ္ဇင်းကို လက်ခံတာဟာ ဘာပြစ်မှုကိုမှ ကျူးလွန်တာမဟုတ်ဘူးဆိုပြီး အာဏာပိုင်တွေကို ပြောတယ်” လို့ ဒေါ်ရှုခေါ်ယူ စစ်မေးခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရှင် စန္ဒောဘာသက မိန့်ပါတယ်။
စမ်းချောင်း မယက ရုံးက ပြန်လာကြတဲ့နောက်မှာ ဒေါ်ရှုဟာ သူ့အိမ်မှာပဲ ဆက်လက် တည်းခိုနေနိုင်ပါကြောင်း ပြောပေမယ့် သူ့အတွက်နဲ့ အာဏာပိုင်တွေက ထပ်မံနှောင့်ယှက်မှာကို မလိုလားတဲ့ အရှင်စန္ဒောဘာသဟာ သူ့ နယ်ကို ပြန်လည် ကြွသွား ပါတော့တယ်။
နိုင်ငံရေးမှုနဲ့ နအဖ စစ်အစိုးရရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုခံခဲ့ရတဲ့အပြင် ထောင်ကလွတ်လာချိန်မှာလည်း ဘုန်းကြီးကျောင်း တွေမှာ သီတင်းသုံး နေထိုင်လို့မရအောင် အာဏာပိုင်တွေက နှောင့်ယှက်ပြန်တာကြောင့် ထိုင်းနိုင်ငံကို ထွက်လာခဲ့ရတဲ့ အရှင် စန္ဒောဘာသက ဒေါ်ရှုကို အောင့်မေ့သတိရနေဆဲ၊ ဒေါ်ရှုနဲ့ ပတ်သက်လို့ သူ့မှာ အမှတ်ရစရာတွေ အများကြီးပဲလို့ ဆိုပါတယ်။
ဆက်လက်ပြီး အရှင်စန္ဒောဘာသ မိန့်ကြားတာကတော့ ...။
“သူ့ကျေးဇူးတွေဟာ ဦးပဉ္ဇင်းတို့ သံဃာတွေအပေါ်မှာ အများကြီးပဲ။ ဦးပဉ္ဇင်း သူ့ကို နှုတ်ဆက်လေ့ရှိတဲ့ စကားလေး တခွန်းရှိတယ်။ အဲဒီစကားလေးကိုကြားရင် သူ့မျက်နှာမှာ ပီတိဖြာသွားတာကို တွေ့ရတယ်။ အဲဒီစကားကတော့ ဘိက္ခူမာတာတဲ့”
“ဘိက္ခူမာတာ” ဆိုတာ ပါဠိဘာသာစကားဖြစ်ပြီး “သာသနာ့အနွယ်ဝင်တို့ရဲ့ မိခင်” လို့ အဓိပ္ပာယ်ရပါတယ်။

သတင်းရင်းမြစ်.. http://2011.citizenofburma.org/
05 May 2011
ရန်ကုန်-မန်း ရထားပေါ်မှ ဖုန်းခေါ်နိုင်ပြီ၊ အွန်လိုင်းမှ လက်မှတ်ရောင်းနိုင်ရန် ဆောင်ရွက် ဆိုပါလား
ထိုသို့ ဖိုင်ဘာဆက်ကြောင်း Fiber Optic Cable များ တပ်ဆင်ရာတွင် အိန္ဒိယနိုင်ငံမှ အိုင်တီနှင့် မီးရထားလမ်းပိုင်းဆိုင်ရာ ပညာရှင်များနှင့် မြန်မာ့မီးရထားလုပ်ငန်းမှ ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်အင်ဂျင်နီယာများ ပူးပေါင်းလုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို Fiber Optic Cable တပ်ဆင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရန်ကုန်-မန္တလေး မီးရထားလမ်းရှိ ဘူတာစဉ်တစ်လျှောက် တယ်လီဖုန်းပြောဆို ဆက်သွယ်နိုင်ရေးနှင့် ရထားအချက်ပြမီးများ သုံးစွဲနိုင်ရေးအတွက်ဖြစ်ပြီး အွန်လိုင်းမှ ရထားလက်မှတ် ရောင်းချခြင်းနှင့် ဘူတာများ၌ ရထားဝင်ထွက်မှု အချိန်များအား ထိန်းချုပ်နိုင်ခြင်းများကိုပါ တိုးချဲ့ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဒါပေမဲ့ အခု ရန်ကုန်-မန္တလေး ရထားလမ်းတစ်လျှောက်မှာ ရထားပေါ်ကနေ ဘူတာတွေအားလုံးကို ဖုန်းပြောနိုင်ပြီ။
ဒုတိယအဆင့်အနေနဲ့က ရထားသွားလာမှု မြန်ဆန်ရေးအတွက် လက်မှတ်ကို အွန်လိုင်းက ရောင်းတာတို့၊ ရထားဝင်ချိန်ထွက်ချိန်နဲ့ ဘယ်နေရာ ရောက်နေသလဲဆိုတာ သိရှိနိုင်တဲ့စနစ် လုပ်သွားမယ်။
တတိယအဆင့် အနေနဲ့ကတော့ ဘူတာတွေနဲ့ ရထားတွေမှာ သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး ပြည်သူတွေ အင်တာနက် သုံးစွဲနိုင်အောင်အထိ လုပ်သွားဖို့ ရှိပါတယ်။ အခုလောလောဆယ်ကတော့ ပထမအဆင့်လောက်ပဲ ပြီးသေးတယ်”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
28 April 2011
မြန်မာနိုင်ငံတွင် လိင်စိတ်ကြွစေသော ကော်ဖီမစ်၊ ပီကေနှင့် ချောကလက်ဈေးကွက် ကွမ်းယာဆိုင်ထိ ပြန့်နှံ့
“ဒီမှာလည်း တရားဝင် မှတ်ပုံတင်ထားတာ မဟုတ်ဘူး။ ဆေးဆိုင်မှာ ရောင်းချခွင့်လည်း မရှိဘူး။ လမ်းဘေးဆိုင်တွေမှာလည်း ရောင်းချခွင့် မရှိဘူး။ ရောင်းရင် မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီက စစ်ဆေးပြီး အရေးယူလို့ရတယ်” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနမှ တာဝန်ရှိသူက ပြောသည်။
နယ်စပ်မှတစ်ဆင့် ဖြတ်ကျော် ဝင်ရောက်လာသော အဆိုပါ ပစ္စည်းများကို အမျိုးသား အများစု ဝင်ထွက်ရာ ကွမ်းယာဆိုင်များတွင် ရောင်းချလျက်ရှိပြီး သင်္ကြန်ကာလအတွင်းက အဆိုပါပစ္စည်းများ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။
“ပစ္စည်းအမျိုးအစားတွေကတော့ မျိုးစုံပါပဲ။ ဒီလိုဆေးတွေထဲမှာ မူးယစ်ရီဝေစေတဲ့ ဆေးတွေပါတယ်လို့ သိရတယ်။ ဥပမာ ပီကေဆိုရင် ထုပ်ပိုးထားပုံက တကယ့်အပြင်မှာ ရောင်းနေတဲ့ ပီကေအတိုင်းပဲ။ ဒါမျိုးတွေကို အမျိုးသမီးလေးတွေ စားမိရင်တော့ ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေက အများကြီးပဲမို့ ဒီလိုပစ္စည်းတွေ ရောင်းချနေတာကို အမြန်ဆုံးထိန်းချုပ် အရေးယူနိုင်ဖို့ လိုပါတယ်” ဟု မရမ်းကုန်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ယခုအခါ အဆိုပါ ပစ္စည်းများသည် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် သာမက အခြား တိုင်းဒေသကြီး များတွင်ပါ ရောင်းချလျက် ရှိနေသည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ဒေသခံတစ်ဦးကလည်း ဆိုသည်။ “ချောကလက်၊ ပီကေလို ပုံစံအပြင် ရေထဲထည့်တိုက်တဲ့ ဆေးရည်လည်း ရှိတယ်။
တချို့ဆေးတွေက လိင်စိတ်မတိုးဘဲနဲ့ မူးယစ်ဆေးဝါးပုံစံမျိုး ဖြစ်သွားတာတွေလည်း ရှိတယ်။ မူးယစ်ဆေးစွဲနေတဲ့သူတွေ အဲဒီလိုဆေးတွေကို အရက်နဲ့ တွဲသောက်ပြီး မူးယစ်ဆေးဝါးလိုပုံစံမျိုး အသုံးပြုတာ တွေ့ဖူးတယ်” ဟု အသက် ၂၅နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ ပစ္စည်းများသည် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့မှ ဝင်လာသော ပစ္စည်းများဖြစ်ပြီး ဈေးနှုန်းမှာ ကျပ် ၃၀၀၀နှင့် ကျပ် ၈၀၀၀ကြား ဈေးရှိကြောင်း၊ ဈေးကွက်အတွင်း ဝင်ရောက်သည်မှာ ၃နှစ်မျှ ရှိပြီဖြစ်ကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
27 April 2011
လိပ်ပြာသန့်ရင် အာဏာ မဲ့ လည်းအားရှိနေတယ် လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒီမိုကရေစီ နဲ့ပတ်သက်ပြီး ဝေဖန် ပြောကြားမှု တွေ ရှိနေတာကို လည်း သူက အခုလို အဓိပ္ပာယ် ဖွင့်ဆို သုံးသပ် ပြောဆိုပါတယ်။
ဒီမိုကရေစီ ဆိုတာ အစိုးရ ဖွဲ့စည်း အုပ်ချုပ်တဲ့ စနစ်၊ ပုံစံတခုသာ ဖြစ်တယ်၊ ကိုယ့်နိုင်ငံ ရဲ့ လိုအပ်ချက်ကို လိုက်ပြီး အဲဒီ ပုံစံကို သင့်တော် သလို ညှိနှိုင်းယူလို့ ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
လွတ်လပ်မှု ရှိဖို့ နဲ့ တရားစီရင်ရေး ဆိုင်ရာ လို မျိုး အဖွဲ့အစည်း တချို့အမှီအခို ကင်းစွာ ရပ်တည်နိုင်မှုတွေဟာ ဒီမိုကရေစီ ရဲ့ အခြေခံ လိုအပ်ချက်တွေ ဖြစ်တယ် လို့လည်း ထောက်ပြ ပါတယ်။
ဒီမိုကရေစီ ကျင့်သုံးဖို့အတွက် ကိုယ့် ယဉ်ကျေးမှုကို စွန့်လွှတ်စရာ မလိုဘူး။ ဒီမိုကရေစီ ကို တကယ် လက်ခံမယ်ဆိုရင် လူတွေရဲ့ လွတ်လပ်ခွင့်နဲ့ လုံခြုံမှုကို အာမခံနိုင် ရပါမယ်။ အဲဒီလို အာမ မခံဘဲ ကိုယ့် ယဉ်ကျေးမှု နဲ့ မကိုက်ညီဘူးလို့ ပြောနေတာဟာ ဆင်ခြေပေးနေတာ သက်သက် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ဝေဖန် ပြောကြား လိုက်ပါတယ်။
တခါ အရှေ့အလယ်ပိုင်းဒေသက လူထု လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့လည်း လူသားချင်း အတူတူ ဖြစ်တဲ့အတွက် သူတို့နဲ့ အတူ တစိတ်တဝမ်းထဲ ရှိတယ်လို့ ဆိုခဲ့ပါတယ်။
``ကျွန်မ ပြောချင်တာက ရိုးရိုးလေးပါ၊ ကျွန်မတို့ဟာ ကမ္ဘာတခုထဲမှာ နေကြတယ်၊ လူသားမျိုးနွယ် အချင်းချင်းဖြစ်တယ်။ ကမ္ဘာ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် လွပ်လပ်မှုအတွက် လှုပ်ရှား နေကြသူတွေဖက်က ရပ်တည်ပါတယ်`` လို့ ဒေါ်အောင်ဆန်းစုကြည်က ပါရှန် ရုပ်မြင်သံကြား နဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
သတင်းရင်းမြစ်..ဘီဘီစီ
26 April 2011
ရန်ကုန်တိုင်းအတွင်းရှိ ပလတ်စတစ်အိတ် စက်ရုံများအားလုံး ပိတ်သိမ်းရန် အမိန့်စာထွက်
ဧပြီလ ၂၀ ရက်နေ့ ရက်စွဲဖြင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ လုပ်ငန်းပိတ်သိမ်းရန်အတွက် ပလတ်စတစ်အိတ် ထုတ်လုပ်သည့် လုပ်ငန်းများသို့ အကြောင်းကြားခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပလတ်စတစ်အိတ် အမျိုးမျိုး ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ၂၀၁၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားကာ ပိတ်သိမ်းရန် ယခင်ကတည်းက ၀န်ခံကတိပြုလက်မှတ် ရေးထိုးထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
သို့သော် ယခုအချိန်ထိ ပိတ်သိမ်းမှု မရှိသေးသည့်အတွက် ထပ်မံ၍ ၂၀၁၁ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ နောက်ဆုံးထားပိတ်သိမ်းရန် အကြောင်းကြားခြင်းဖြစ်ကြောင်း၊ အကယ်၍ ပိတ်သိမ်းခြင်း မပြုပါက လုပ်ငန်းလိုင်စင်စာရင်းမှ ပယ်ဖျက်၍ စည်ပင်သာယာဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု အကြောင်းကြားစာတွင် ပါဝင်ကြောင်းလည်း စက်မှုလုပ်ငန်းရှင်များက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဝင်နှင့် တရားဝင်မှတ်ပုံတင်ခြင်း မပြုသည့် ပလတ်စတစ်အိတ် လုပ်ငန်းပေါင်း ၁၀၀ ကျော်ရှိပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အခက်အခဲနှင့် အကျိုးတရားများအပေါ် လုပ်ငန်းရှင်တစ်ဦးကလည်း “ကောင်းကျိုးကတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု လျော့ကျသွားမယ်။ လေထုညစ်ညမ်းမှု လျော့ကျသွားမယ်။ ဥပမာ- ပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုဆိုရင် ရေထဲကို စည်းကမ်းမဲ့ ပစ်ထားတဲ့ ပလတ်စတစ်နဲ့ငြိပြီး စက်လှေ မှောက်ခဲ့ဖူးသေးတယ်။ ဒါမျိုးတွေ လျော့နည်း သွားမှာပေါ့။ ခက်ခဲမှုဆိုရင်တော့ ချက်ချင်းပိတ်သိမ်းရတဲ့အတွက်တော့ အရင်ဆုံး အလုပ်သမားတွေ ခက်ခဲမှုရှိမယ်။ ဒုတိယအချက်အနေနဲ့ လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ ရင်းနှီးငွေ ပြန်မရနိုင်တော့ဘူး” ဟု သုံးသပ်ခဲ့သည်။ “Recycle ပြန်လုပ်လို့ရအောင် ဓာတုအသုံးပြုပြီး အရောင်မပါတဲ့ ပလတ်စတစ် အကြည်တွေ ထုတ်လုပ်ပြီး စနစ်တကျ စွန့်ပစ်မယ်၊ ပြီးရင် ဒါတွေကို Recycle လုပ်တဲ့သူတွေက ပြန်ဝယ်ပြီး လူသုံးကုန်ပစ္စည်း ထုတ်လုပ်မယ်ဆိုရင် စက်ရုံတွေလည်း သက်သာမယ်ဆိုတဲ့ အချက်ကို ကျန်ခဲ့တဲ့နှစ်က လုပ်ကိုင်ကြတယ်လေ။ စက်ရုံတွေကို ဒီလို ကန့်သတ်ချက်နဲ့ ပြန်လည်ပတ်စေရင်တော့ လုပ်ငန်းရှင် တွေလည်း ခက်ခဲမှုမရှိနိုင်ဘူး။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း အတော်အတန် လျှော့ချနိုင်မယ်လို့ ထင်ပါတယ်” ဟု စက်မှုလုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြောကြားခဲ့ပါသည်။
နိုင်ငံတကာတွင် ပလတ်စတစ် နှင့်ပတ်သက်၍ Reduce (သုံးစွဲမှု တိုက်ရိုက်လျှော့ချခြင်း)၊ Reuse (ပြန်လည်သုံးစွဲခြင်း)၊ Using Biodegradable Plastic (ပျက်စီးလွယ်၍ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို မဖြစ်ပေါ်စေခြင်း) အချက်သုံးချက်ဖြင့် သုံးစွဲ လုပ်ကိုင်နေကြကြောင်း Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပလပ်စတစ်အိတ်မျိုးစုံ (ကြွပ်ကြွပ်အိတ်မျိုးစုံ) ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ကြွပ်ကြွပ်အိတ်ကြိုး ထုတ်လုပ်သည့် လုပ်ငန်းများအား ရပ်ဆိုင်းရန် အကြောင်းကြားစာ ထွက်ရှိပြီးနောက်ရပ်ကွက် များအတွင်းရှိ ဈေးဆိုင်များတွင်ပါ ကြွပ်ကြွပ်အိတ်နှင့် ကြွပ်ကြွပ်အိတ်ကြိုးများ ရောင်းချခြင်း ခွင့်မပြုကြောင်း အကြောင်းကြားလာသည်ဟု ဆိုင်လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။
''ဧပြီလ ၂၁ ရက်နေ့ ရက်စွဲနဲ့ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးက အကြောင်းကြားတာပါ။ ဧပြီလ ၂၂ ရက်နေ့ကစပြီး ကြွပ်ကြွပ်အိတ်၊ ကြွပ်ကြွပ်အိတ်ကြိုးတွေ ရောင်းချခွင့် မပြုတော့ဘူးတဲ့၊ ရောင်းရင် လုပ်ငန်းလိုင်စင် ပိတ်သိမ်းမယ်လို့ စာထဲမှာပါတယ်။ ရှိပြီးသားတွေရောလို့ မေးကြည့်တော့ ဒါကတော့ ဒီတစ်သုတ်ပြီးတာနဲ့ ထပ်မရောင်းတော့နဲ့လို့ ပြောသွားတာပဲ။ ကျွန်တော်တို့တော့ အခက်အခဲ ဖြစ်ကုန်တာပေါ့။ တရားဝင်ထုတ်ထားတဲ့ ပစ္စည်းဆိုတော့ တင်ရောင်းတာပေါ့။အခုတော့ အရင်းပါဆုံးမယ့်ကိန်း ဆိုက်ပြီ''ဟု မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ စတိုးဆိုင် ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်ဟုWeekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
အပူချိန်ကြောင့် ပြင်ဦးလွင်ရှိ အနီးစခန်းရေတံခွန်၊ ပွဲကောက်ရေတံခွန်၊ ပိတ်ချင်းမြောင်လိုဏ်ဂူ ရေတံခွန်တို့ ရေနည်းပါးလာ

''အခုနောက်ပိုင်း ပြင်ဦးလွင်နဲ့ မန္တလေး ရာသီဥတုက သိပ်မကွာတော့သလိုပဲ။ ပူလာပြီ။ အနီးစခန်း ရေတံခွန်မှာလည်း ရေက သိပ်မရှိတော့ဘူး။ နွေအပူချိန်ကြောင့် ထင်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုက အားလုံးကို သိသိသာသာ ပြောင်းလဲစေတာပဲ'' ဟု ဓာတ်တော်ချိုင့် (အနီးစခန်း) ရေတံခွန်သို့ သွားရောက် လည်ပတ်ခဲ့သည့် မန္တလေးမြို့ခံက ပြောပြခဲ့သည်။ ''ဟိုအရင် သုံးလေးနှစ်ကဆိုရင် ပိတ်ချင်းမြောင်လိုဏ်ဂူ အပြင်ဘက်က ရေတံခွန်မှာ ရေတွေ တဝေါဝေါနဲ့ ရေအားနဲ့လည်နိုင်တဲ့ ကလေးစီးစရာတွေတောင် ထားလို့ရတယ်။ အခုတော့ ရေတွေနည်းလာတော့ ရေတံခွန်နား တစ်ဝိုက်ပဲ ရေစိုနိုင်တော့တယ်။ ကျန်တဲ့နေရာတွေက ရေစပ်စပ်နဲ့ ဗွက်ထကုန်ပြီလေ။ ခရီးသွားတွေကတော့ လာနေတုန်းပါပဲ'' ဟု ပိတ်ချင်းမြောင်လိုဏ်ဂူ အနီးတွင် ဒေသထွက်ပစ္စည်းများ ရောင်းချသည့် ဆိုင်ပိုင်ရှင်က ပြောပြခဲ့သည်။ ''ပြင်ဦးလွင်မြို့မှာ မိုးရာသီကရှည်ပြီး နွေရာသီက တိုတယ်။ တချို့ နွေရာသီမှာ ရေတံခွန်တွေမှာ ရေနည်းသွားတာမျိုး ကြုံရလေ့ရှိပေမယ့် ဒီနှစ်တော့ ရေတံခွန်မှာ ရေတွေ အရင်နှစ် နွေရာသီတွေထက် ပိုပြီး ရေနည်းသွားသလိုပဲ'' ဟု ပြင်ဦးလွင်မြို့ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။
''ရေကတော့ တော်တော် နည်းနေတယ်။ ပွဲကောက်ရေတံခွန်ကို ကျွန်မတို့ ရောက်သွားတော့ ရေတံခွန်လို့ ပြောလို့ရရုံပဲ ရေရှိတော့တယ်။ ရေတံခွန်အောက်မှာ လူတွေ ရေကစားနေကြတာ အပေါ်ကရေက မကျတော့ ရေကူးကန်ထဲ ရေကစားနေသလိုပဲ။ ရေတွေက အနည်ထပြီး ရေသေလို ဖြစ်နေတယ်'' ဟု သင်္ကြန်ကာလအတွင်း ပြင်ဦးလွင်မြို့သို့ လည်ပတ်ခဲ့သူက ပြောပြခဲ့ကြောင်း Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
05 April 2011
နအဖ အာဏာရှင်လက်ထက် ဆင်းရဲချမ်းသာကွာဟ အခွင့်ထူးခံများ က လက်ဝါးကြီးအုပ် ခြယ်လှယ် ဆိုတာ ဒါမျိုးကိုခေါ်တာပါလားရှင်..။

ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ကို တွေ့ရစဉ်

ဆာဖာရီဥယျာဉ်(နေပြည်တော်) အတွင်းပိုင်းတစ်နေရာကို တွေ့ရစဉ်
29 March 2011
ယခုလ (၂၈)ရက်နေ့စ၍ ရန်ကုန်မြို့ရှိ အော်တိုတယ်လီဖုန်း နံပါတ်များကို ဂဏန်းခြောက်လုံးမှ ခုနစ်လုံးသို့ ပြောင်းလဲမည်
ဖုန်းနံပါတ်များကို ထိုကဲ့သို့ ဂဏန်းခုနစ်လုံးအဖြစ် ပြောင်းလဲမည် ဖြစ်သော်လည်း ရန်ကုန်မြို့၏ ဧရိယာကုဒ်ဖြစ်သည့် ၀၁ မှာမူ ပြောင်းလဲမည် မဟုတ်ကြောင်း မရမ်းကုန်း အိတ်ချိန်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖုန်းနံပါတ်များကို ဂဏန်းခုနစ်လုံးသို့ ပြောင်းလဲပြီးပါက မိမိဖုန်းနံပါတ်များ၏ အထွက်ခေါ်ဆိုမှုကို စိတ်ကြိုက် ကန့်သတ်နိုင်မည့် ၀န်ဆောင်မှုကိုပါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အခမဲ့ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
ဖုန်းအထွက်ခေါ်ဆိုမှု ကန့်သတ်ခြင်းကို Security Code Numbering စနစ်ဖြင့် ပေးအပ်မည်ဖြစ်ပြီး နိုင်ငံခြားသို့ ခေါ်ဆိုမှု၊ နယ်မြို့များသို့ ခေါ်ဆိုမှုနှင့် အထွက်ဖုန်းအားလုံး ခေါ်ဆိုမှုများကို ပိတ်ပင်နိုင်မည် ဖြစ်ကြောင်း၊ လျှောက်ထား လိုသူများ အနေဖြင့် မိမိပေးလိုသော လျှို့ဝှက်ကုဒ် နံပါတ်၊ ဖုန်းစာအုပ် မိတ္တူနှင့် မှတ်ပုံတင် မိတ္တူတို့ကို သက်ဆိုင်ရာမြို့နယ် ဆက်သွယ်ရေးရုံးများသို့ တင်ပြရန် လိုအပ်မည် ဖြစ်ကြောင်း Intetnet ဂျာနယ် အတွဲ- ၁၂၊ အမှတ်-၁၃တွင် ဖော်ပြထားပါသည်။
21 March 2011
ဗြဟ္မစိုရ်နှလုံးသားနှင့် ခေတ္တရာခရီးသွားသူများ

နာရေးကူညီမှုအသင်း(ရန်ကုန်)က အသင်းသူ/သားများသည် ၁၈.၃.၂၀၁၁ နေ့လည်ပိုင်းတွင် ပြည်မြို့ရှိ မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့မှ ဦးဆောင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခ ကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ဖွင့်လှစ်ပြီး အခမဲ့ ကုသပေးမည့် ပြည်မြို့၊ ရွာဘဲနယ်မြေရှိ “ရတနာ မာန်အောင်ဘုန်းတော်ကြီးကျောင်းတိုက်”ရှိ အဆောက်အဦးအား သွားရောက်ကြည့်ရှု အကြံပေး ခဲ့ကြသည်။
၂၀၁၀ ခုနှစ်၊ မတ်လတွင် ရာသီဥတု ပူပြင်းသည့်အတွက် ရေရှားပါးမှုပြဿနာအား နာရေးကူညီမှုအသင်း(ရန်ကုန်)က ရေလှူဒါန်းမှု၊ အ၀ီစိရေတွင်း တူးဖော်ခြင်း၊ အုတ်ရေကန်များ တည်ဆောက်ခြင်းတို့ကို လှူဒါန်းမှုများပြုလုပ်ခဲ့ရာတွင် ပြည်မြို့နယ်တစ်ဝိုက် ပေါက်ခေါင်းမြို့နယ်၊ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တို့တွင် မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့(ပြည်)သည် လူမှုရေးစိတ်ဓါတ် ပြည့်ဝစွာနှင့် စာရင်းဇယားတိကျစွာတို့ဖြင့် တစ်ဖက်တစ်လမ်း ပံ့ပိုးကူညီခဲ့သော လူငယ်အဖွဲ့ဖြစ်သည်။ မိုးမေတ္တာ ပရဟိတလူငယ် အဖွဲ့(ပြည်)သည် စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ သွေးလှူဒါန်းခြင်း၊ စာပေဟောပြောပွဲများ ကျင်းပပေးခြင်းစသည့် လူမှုရေးလုပ်ငန်းများကို ထမ်းဆောင် ပေးဆပ်လျှက် ရှိသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဖွင့်လှစ်ထားသော အခမဲ့ ဆေးဝါးကုသ ပေးသည့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ မြန်မာပြည်အထက်ပိုင်းမှ လာရောက်ဆေးဝါးကုသကြသော လူနာများအတွက် နေရေး၊ စားရေး၊ သွားရေး၊ လာရေး၊ ဆေးကုသမှုအရေးတို့ကို အဆင်ပြေချောမွေ့ စေရန် ရည်ရွယ်ကာ မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့(ပြည်) ဦးစီးသော နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ဟူ၍ ကဗ္ဗည်းတပ်ကာ အများပြည်သူတို့အတွက် ဆေးဝါးကုသမှုဟူသော ကျန်းမာရေးကဏ္ဍအား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပံ့ပိုးပေးမှုကို လူသားချင်း စာနာစိတ်ထားရှိကာ ပြုလုပ် ပေးဆပ်ခဲ့ခြင်းဖြစ်သည်။
ညပိုင်းတွင် ရွှေပေါက်ပင် ဆရာတော်ကြီး ဦးဆောင်၍ ပန်းပေါင်းတစ်ထောင် နတ်မင်းကြီး၊ ဒေ၀တာနတ်မင်းများမှတဆင့် မြတ်စွာဘုရားရှင်ထံသို့ ရည်စူးကာ ပန်းဆက်ကပ်လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
၁၉.၃.၂၀၁၁ နံနက် (၅း၀၀) နာရီအချိန်တွင် သစ်သီးဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား အားကျင်းပပြီးသည့်နောက် အာရုံဆွမ်းကပ်လှူခြင်းကို ပြုလုပ်ခဲ့ကြသည်။ သံဃာတော် (၂၆၆)ပါး၊ သီလရှင် (၂၆၀)ပါး၊ ဖိုးသူတော် (၇)၊ ကိုရင် (၁၄၀) ပါးတို့နှင့် ကြွရောက်လာကြသော ဧည့်ပရိတ်သတ် ပေါင်း (၅၀၀၀၀) ငါးသောင်းနီးပါးခန့်ကို သတ်သတ်လွတ် ဆွမ်းကပ်လှူဒါန်း ဒါနပြုခဲ့ကြသည်။ ထို့နောက် သီဟိုရ်ကျွန်းနိုင်ငံမှ ရွှေပေါက်ပင်ဆရာတော်ကြီး ကိုးကွယ်ပူဇော်ရန်အတွက် ဒါနပြုလှူဒါန်း ထားသော ဗုဒ္ဓစွယ်တော်ပွားတစ်ဆူနှင့် နဂါးတို့ပြည်ဌာနမှ ကြွရောက်အပူဇော်ခံ ထားရှိမည့် စွယ်တော် ပွားတစ်ဆူ စုစုပေါင်း စွယ်တော် (၂) ဆူတို့အား လှည့်လည်ပူဇော်ခံပွဲကို ရွှေပေါက်ပင်ကျောင်းဝင်း အတွင်း ဧည့်ပရိတ်သတ်ပေါင်း (၅၀၀၀၀) ခန့်နှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ယင်းနောက် နံနက် (၉း၀၀) နာရီအချိန်တွင် နိဗ္ဗာန်ဈေးပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ရွှေပေါက်ပင်ဆရာတော်ကြီးမှ ဖဲကြိုးဖြတ်၍ မိုးပျံပူဖောင်းများလွှတ်တင်ကာ ဖွင့်လှစ်ပေးခဲ့သည်။ နိဗ္ဗာန် ဈေးဆိုင်ခန်းပေါင်း (၂၀၀) ပါရှိကာ နာရေးကူညီမှုအသင်း(ရန်ကုန်)က ကျား၊ မ၊ ကလေး အ၀တ်အ ထည် (၇၄၀) တို့အား မဲဖေါက်လှူဒါန်းပေးခဲ့သည်။ ထို့နောက် ရွှေတောင်မြို့နယ်အတွင်းရှိ “ဗြဟ္မစိုရ် နာရေးကူညီမှုအသင်း (ညောင်စာရေး)” သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တိုယိုတာ ဟိုင်းလတ် နိဗ္ဗာန်ယာဉ်တစ်စီး၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့ရှိ “ဆင်မြီးဆွဲ - နာရေးကူညီမှုအသင်း” သို့ ထော်လာဂျီ နိဗ္ဗာန်ယာဉ်တစ်စီး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ “ရွာကြီးရေသာဘုရားကျိန်းကျောင်း”တွင် အများပြည်သူအတွက် အများပြည်သူကောင်းမှုအဖြစ် သောက်ရေသုံးရေ၊ ရေစစ်ကန်၊ ရေစင်၊ ရေတိုင်ကီများလှူဒါန်းမှု၊ ပြည်မြို့ ရွှေပေါက်ပင်တောရ ကျောင်းတိုက်တွင် နိဗ္ဗာန်ဈေးလှူဒါန်းခြင်း၊ ဆွမ်းကပ်လှူဒါန်းခြင်း စသည့်ကောင်းမှုကုသိုလ် အစုစု တို့ကို စုပေါင်းမဟာအလှူတော်မင်္ဂလာ ရေစက်ချပွဲကို ရွှေပေါက်ပင်ဆရာတော်ကြီး ဦးသောမစာရနှင့် အင်းလေးဒေသ “ရွာကြီးရေသာဘုရားကျိန်းကျောင်း” ဆရာတော် ဦးဝေပုလ္လတို့မှ တရားတော်နာ ရေစက်သွန်းချ အခမ်းအနားကို ကျင်းပပေးခဲ့သည်။
ထိုထိုသော ကောင်းမှုအလှူတော်များသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းကြ ကုန်သော ပြည်တွင်း/ပ အလှူရှင်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၏ ကောင်းမှုအလှူဒါနများပင် ဖြစ်သည်။ ယင်းအလှူတော်မင်္ဂလာပွဲတော်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ ဦးတင်မြင့် ဦးစီးသော “အောင်သိဒ္ဓိအောင်” ကုသိုလ်ဖြစ်ထီးတော်တင်အဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့အား ပြည်မြို့၊ ရွှေပေါက်ပင် တောရကျောင်းတိုက်သို့ ခေါ်ဆောင်၍ ကုသိုလ်ပွဲတော်အား သိုက်သိုက်ဝန်းဝန်း စည်ကားမြိုင်ဆိုင်စွာ ပါဝင်ဆင်နွှဲစေခဲ့သည်။ စွယ်တော်လှည့်လည်ပူဇော်ပွဲ အခမ်းအနားပြီးဆုံး၍ စွယ်တော်မြတ် (၂) ဆူ အား သက်ဆိုင်ရာစွယ်တော်တိုက်များသို့ ပြန်လည်ထည့်သွင်းပြီးသည်နှင့် ရွှေပေါက်ပင်ဆရာတော်ကြီး ၏ “အောင်ပြီလားဟေ့” ဟု ကြွေးကြော်လိုက်သည်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ ပြန်လည်၍ “အောင်ပြီဟေ့” ဟူသော ကြွေးကြော်သံများနှင့်အတူ ရှမ်းအိုးစည်ဝိုင်း၊ ဒိုးပါတ်ဝိုင်း၊ မြန်မာ့ဆိုင်းဝိုင်း များမှ အောင်စည်အောင်မောင်း တီးခတ်သံတို့သည် အာကာတခွင် လွှမ်းခြုံပဲ့တင်ထပ် သွားပါ တော့သည်။
သောဂိလာနံ ဥပဌဟေယျ
ငါဘုရားကို လုပ်ကျွေးလိုက လူအို၊ လူနာ၊ လူသေတို့ကို လုပ်ကျွေး သင်္ဂြိုလ်ရာ၏။
အမှောင်လှိုင်းထဲက သူရဲကောင်း တို့ တိုင်းပြည်

ထောင်ဆိုသည် နေရာကောင်းမဟုတ်၊ လူကောင်းသူကောင်းများကို ကာကွယ်စောင့်ရှောက်ရန် လူဆိုးသူဆိုးတို့ကို ဖမ်းဆီးထိမ်းသိမ်းထားသည့် နေရာဖြစ်သည်၊ မကောင်းသူတို့အားလှောင်ပိတ်ထားသည့် နေရာဟုလည်း ဆိုနိုင်သည်၊ ပြုပြင်ရန်အလို့ငှာဟု ရည်ရွယ်ချက်ကောင်းထားသော်လည်း ထောင်သည် နှစ်သက်စရာ ဖြစ်မလာခဲ့ပါ၊ သို့ သော်လည်း လူ၌အဖွဲ၌အစည်းတခုကို စနစ်တကျ တည်ထောင်စီမံခန်၌ခွဲရာတွင် ထောင်သည် ဖယ်ထုတ်မရသော အုပ်ချုပ်ရေးယန္တရား၏ အစိတ်အပိုင်းတရပ်ဖြစ်လာခဲ့သည်၊ ထို့အတူ မိမိတို့ကို မော်လို့မှမကြည့်ဝံ့၊ စကားတခွန်းမှ ခွန်းတုန်၌မပြန်ဝံ့စေရန် လူအများအား ဗိုလ်ကျဖိနှိပ်ရာတွင်လည်း မတရားစိုမိုးအုပ်ချုပ်သူတို့အတွက် ထောင်သည် လက်နက်ကောင်းတခုဖြစ်လာခဲ့ပြန်သည်၊ ထောင်ကျရခြင်းသည် မင်္ဂလာရှိသောကိစ္စမဟုတ်ပါ၊ ထောင်တွင်းမှာ နေရထိုင်ရသောဘဝသည်လည်း ကြမ်းတမ်းဆိုးဝါး လွန်းပါသည်၊ ထောင်တွင်းမှာ ဘဝပျက်သွားသူတွေရှိသည်၊ အသက်ပျောက်သွားသူတွေရှိသည်၊ ထောင်ထွက်ဆိုသူတို့ သည်လည်း ရပ်ထဲရွာထဲတွင် ပေါင်းအပ်သင်းအပ်သောသူများမဟုတ်ပါ၊ သို့သော် ယနေ့လို စစ်အာဏာရှင်ကြီးစိုးသည့် ခေတ်ဆိုးကြီးတခုထဲတွင်မူ လူကောင်းသူကောင်းစစ်မစစ် သက်သေခံနိုင်ရန် ထောင်ထွက်လက်မှတ် ထုတ်ပြရမလို ဖြစ်နေသည်ဟုဆိုရပေမည်၊ မတရားမှုတခုခုကို တနည်းနည်းဖြင့် အနည်းနှင့်အများ ဆန့်ကျင်မိသူတိုင်း၏ နောက်ဆုံး ရောက်ရှိစုဝေးရာသည် အကျဉ်းထောင်များ ဖြစ်လို့နေပါသည်၊
မတရားမှုတခုကို ဆန့်ကျင်ခြင်းသည် အနည်းနှင့်အများ အန္တရယ်ရှိပါသည်၊ တော်ရုံသတ္တိဖြင့် မလုပ်နိုင်ပါ၊ ထိုသတ္တိကလည်း မွေးရာပါ မလာပါ၊ အမှန်တရားကို ချစ်တတ်သည့်စိတ်ကသာ ထိုသတ္တိကို မွေးဖွားပေးပါသည်၊ မိမိစွဲကိုင်သော ယုံကြည်ချက်ကသာ ထိုသတ္တိကို ခိုင်မာစေပါသည်၊ ထိုသတ္တိမျိုးကို ဘယ်အကြောင်းနှင့်မျှ အကျဉ်းထောင်များက မသတ်ဖြတ်နိုင်ခဲ့ပါ၊ နှင်းပန်းအိမ်၏စာအုပ်ကိုဖတ်ရသည့်အခါ ထိုအချက်ကို ပိုမိုထင်ရှားစွာ မြင်ရပါသည်၊ ထိုသတ္တိမျိုး လူအများတွင် ပြန့်ပွားဖြစ်ထွန်းလာစေလိုခြင်းသည် ဤစာအုပ်ထုတ်ဝေရခြင်ဿး အကြောင်းရင်းတခုဟု ဆိုရပေမည်၊
ယနေ့မြန်မာနိုင်ငံတွင် မတရားမှုများကို ဆန့်ကျင်ရင်းယုံကြည်ချက်အတွက် အကျဉ်းကျနေရသူပေါင်း နှစ်ထောင်ကျော်ရှိသည်၊ ဘဝပေါင်းနှစ်ထောင်ကျော်ဟု မြင်ကြည့်လိုက်ပါ၊ သူတို့နှင့်ဆက်စပ်နေသည့် ဘဝပေါင်းကလည်း မနည်း၊ ထိုဘဝများကို မမေ့မလျော့စေချင်ပါ၊ ထိုဘဝများ ဘာတွေဖြစ်ပျက်နေသည်ကို လူအများ သိစေချင်ပါသည်၊ စာနာနားလည်စေလိုရုံသက်သက်မျှ မဟုတ်ပါ၊ အခြားသော သန်းငါးဆယ်ကျော် ဘဝများ၏ ကောင်းရာကောင်းကျိုးအလို၌ငှာ သူတို့ဘာတွေ ရင်းနှီးပေးဆပ်နေကြရသည်ကို ရှင်းရှင်းလင်းလင်း သိကြစေချင်သည်၊ လူတိုင်း ပေးဆပ်ကြသူချည်းဆိုလျင် လောကကြီးက အင်မတန်ကောင်းသွားပါလိမ့်မည်၊ ဒါမှမဟုတ် ပေးဆပ်တာနှင့် ရယူတာကို မျှမျှတတ ကျင့်သုံးကြလျင်လည်း လောကကြီးက သာယာနိုင်ပါသည်၊ ဒီလိုမဟုတ်ပဲ ရယူလိုသူတိုချည်း နေထိုင်ကြသည့်လောကဆိုလျင်တော့ ဒုက္ခဘုံသာဖြစ်နေပေလိမ့်မည်၊ အနည်းဆုံးတော့ ပေးဆပ်ခြင်း၏ အဓိပ္ပါယ်ကို နားလည် လက်ခံလာတတ်ကြစေချင်သည်၊ ပေးဆပ်ခြင်းကို တန်ဘိုးထားတတ်ကြ စေချင်သည်၊ ထိုမျှော်လင့်ချက်ဖြင့်ပင် ယခုလိုယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတို့နှင့်သက်ဆိုင်သည့် စာအုပ်စာပေများကို ကျနော်တို့ထုတ်ဝေပါသည်၊ လူတိုင်း သူ့နေရာမှန်သူရှိသွားလျင် လောကကြီး တည်ငြိမ်အေးချမ်းလာမည်ဟုယုံကြည်ပါသည်၊ အမှန်တရားကို ချစ်တတ်သူများ အတွက် ထောင်သည် နေရာမှန်မဟုတ်ပါ၊ မတရားမှုများကို ဆန်၌ကျင်သူများအတွက် ထောင်သည် နေရာမှန်မဟုတ်ပါ၊ လောကကြီးအတွက် ကိုယ့်ရှိတာလေးထဲက ဘာပေးရမလဲ စဉ်းစားနေတတ်သူများအတွက် ထောင်သည် နေရာမှန်မဟုတ်ပါ၊ ထောင်သည်ပင်လျင် ဖိနှိပ်အုပ်စိုးနေသူတို့၏ သံပခြုပ်ဖြစ်နေရခြင်းကိုက နေရာမှန်မဟုတ်ပါ၊ ထောင်သည် လောကကြီးဆီက ရနိုင်တာထက် ပိုလိုချင်တတ်ကြသည့် လက်ကုန်နှိုက်သမားများအတွက်သာ နေရာမှန်ဖြစ်သင့်ပါသည်၊ ထောင်သည် လူအချင်းချင်း ဗိုလ်ကျစိုးမိုးလိုသည့် ကြီးနိုင်ငယ်ညှင်းသမားများအတွက်သာ နေရာမှန်ဖြစ်သင့်ပါသည်၊ လောကပါလတရားက လူတိုင်းကို သူ့နေရာမှန်မှာသူ ရှိအောင်လုပ်ပေးပါသည်၊ ထောင်သည် လောကပါလတရားကိုစောင့်ရှောက်အပ်သော နံရံတချပ်သာဖြစ်သင့်သည်၊ ဖြစ်စေချင်သည်၊ ထိုဆန္ဒဖြင့် နေရာမှားနေသောလူများ။ အရာဝတ္ထုများအကြောင်း စာအုပ်စာပေများကို မိမိတို့ထုတ်ဝေပါသည်။
စစ်အစိုးရက မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားမရှိပါဟု တလျောက်လုံးဘူးကွယ်နေသည်၊ နိုင်ငံရေးအကျဉ်းသားများ အမှန်တကယ်ရှိပါသည်၊ အကျဉ်းထောင်များအတွင်း အခြားသောရာဝဇတ်အကျဉ်းသားများထက် အစီအစဉ်ရှိရှိနှင့် စံနစ်တကျ စိတ်ရောကိုယ်ပါ ညှင်းပမ်းနှိပ်စက်ခံနေရသူများကို နိုင်ငံရေးအကျဉ်းသားဟုဆိုရလျင် လွန်အံ့မထင်၊ ထောင်ထဲကလူကိုပါမဟုတ်၊ ထောင်ပြင်က မိသားစုကိုပါ ဒုက္ခပေးလိုက်သေးသည်၊ စိတ်နာလောက်သည့် သေကွဲရှင်ကွဲအဖြစ်များ သည်အနှစ်နှစ်ဆယ် ကျော်မှာများလှပြီ၊ ဒါတွေကို ရပ်တန့်ဖိုလိုသည်၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့လိုသည်၊ သည်အချက်ကို မိမိတို့ အစဉ်တစိုက်တောင်းဆိုခဲ့သည်၊ ထိုတောင်းဆိုချက်များကို အမှောင်ခေတ်ထဲက သူရဲကောင်းတို့၏ တကယ့်ဘဝများက ပိုမိုကျယ်လောင်စေခဲ့။ လေးနက်စေခဲ့သည်က အမှန်ပင်၊ ထိုကျယ်လောင်လေးနက်သော တောင်းဆိုချက်အား လူတိုင်းလူတိုင်းစီ ရောက်ရှိစေရန် ပြန့်နှံ့စေရန် သည်စာအုပ်ကို မိမိတို့ထုတ်ဝေလိုက်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)။
အဘဦးတင်စိန်၊ အမိဒေါ်သန်းစိန်တို့မှာ ၁၉၆၆ ခုနှစ် ဧပြီ ၈ ရက်နေ့တွင် ရန်ကုန်တိုင်း တောင်ဥက္ကလာ၌ မွေးဖွားခဲ့သည်။ မွေးချင်း ၄ ယောက်အနက် သမီးအကြီးဆုံးဖြစ်သည်။ ဖခင်ဖြစ်သူ ဦးတင်စိန်ကို စစ်အာဏာရှင်များက ကိုးကိုးကျွန်းသို့ ပို့ခဲ့သည့် အတွက် စာရေးသူ ၆ လသမီးမှာဖခင်နှင့် ခွဲခွာခဲ့ရပြီး ၇ နှစ်သမီးမှ ဖခင်ကိုမြင်ဘူးခဲ့ပါသည်။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံ တွင် ပါဝင်ခဲ့ပြီး သင်္ကန်းကျွန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၂ တွင် အဖွဲ့ချုပ်လူငယ် ကိုနေဦးနှင့် အိမ်ထောင်ကျပြီး ၁၉၉၃ တွင် သားတယောက် ဖွားမြင်ခဲ့သည်။
၁၉၉၈ တွင် ခင်ပွန်းသည် အဖမ်းခံရပြီး ထိုအချိန်က နှစ်အများဆုံးဖြစ်သည့် ထောင် ၁၄ နှစ်နှင့် မတရားဖမ်းဆီးထောင်ချခံရပြီး စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်လေးအကျဉ်းထောင်သို့ အပို့ခံခဲ့ပါရသည်။
အကျဉ်းကျမိသားစုဝင်အဖြစ် စစ်ကိုင်းတိုင်းကလေးမြို့တွင် ငပိရောင်းပြီး ခင်ပွန်းသည်ကို ထောင်ဝင်စာတွေ့ခဲ့ရသည်။ စာရေးသူ၏ ဘဝကိုသိနေသည့် အဘွားလူထုဒေါ်အမာက သမီးတို့ဘဝတွေက စာရေးဖို့ကောင်းတယ်ဟု ပြောခဲ့ဘူးသည်။ စာရေးသူကို စာပေမျိုးစေ့ချပေးသူက အဘွားလူထုဒေါ်အမာဖြစ်ပြီး စာပေစင်မြင့်တင်ပေးခဲ့သူများမှာ ဒေးဒရဲဦးမြတ်ဆွေ၊ ဆရာနတ်နွယ်၊ ဦးဇင်လင်း (ဦးဌေးအောင်) တို့ဖြစ်သည်။
လက်ရှိလွပ်လပ်သောအာရှအသံ Radio Free Asia (RFA)မှာ အသံလွှင့်ဆောင်းပါအဖြစ် မှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည် အစီအစဉ်ကို ရေးသားထုတ်လွှင့်တင်ဆက်လျှက်ရှိပါသည်။