04 August 2012

ကလေးငယ် ၂ ဦးကိုမုဒိန်းမှုကြူးလွန်ခဲ့သူအသက် ၉၃ နှစ်အရွယ် သြစတေးလျနိုင်ငံသား Mr Karl Joseph Kraus ကို မြန်မာရဲတပ်ဖွဲကဖမ်းဆီးပြီးထိုင်းရဲတပ်ဖွဲ့ သို့ လွှဲပြောင်းပေးလိုက့်

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကလေးငယ် ၂ ဦးကိုမုဒိန်းမှုကြူးလွန်ခဲ့ပြီးနောက် အာမခံရရှိစဉ်မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသည့် အသက် ၉၃ နှစ်အရွယ် သြစတေးလျနိုင်ငံသား Mr Karl Joseph Kraus ကို မြန်မာရဲတပ်ဖွဲ့ကဖမ်းဆီးပြီး ယနေ့ညနေပိုင်းတွင်မြ၀တီမှတဆင့် မဲဆောက်ဘက်ရှိထိုင်းရဲတပ်ဖွဲ့ သို့ လွှဲပြောင်းပေးလိုက်သည်။

အဆိုပါနိုင်ငံသားသည်အမှုရင်ဆိုင်နေရစဉ် ထိုင်းနိုင်ငံမှတဆင့်ကရင်ပြည်နယ်ဘားအံမြို့၌သွားရောက် တိမ်းရှောင်နေစဉ် ယခင်လ ၂၄ ရက်နေ့က ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကိုခံရပြီး နောက် ယနေ့ ညနေပိုင်းတွင် မဲဆောက်ဘက်လွှဲပြောင်းပေးခံရခြင်းဖြစ်သည်။

ကျန်းမာရေးကြောင့် လမ်းမလျှောက်နိုင်တော့သည့် Mr Karl ကို မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး မျိုးဆွေ ဦးဆောင်သည့်အဖွဲ့က လာရောက်ပို့ဆောင်ခဲ့ပြီး ထိုင်းဘက်ရှိတာ့ခ်ခရိုင်လ၀ကအဖွဲ့ထံသို့ 
လွှဲပြောင်းပေးခဲ့ ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံချင်းမိုင်တွင်ကလေးငယ်နှစ်ဦးကို မဖွယ်မရာပြုမှုဖြင့် အမှုရင်ဆိုင်နေ ရ သည့် Mr Karl သည် အာမခံရရှိပြီးနောက်ပျောက်ဆုံးသွားပြီး မြန်မာနိုင်ငံ ဘက် တွင် ပြန်လည်တွေ့ ရှိခြင်းဖြစ် ပြီး မြန်မာဘက်တွင်အချိန်မည်မျှကြာနေထိုင်ခဲ့သည်ကိုပြောကြား ရန် သတင်းထောက်များ ၏မေးခွန်း ကိုထိုင်း ရဲက ငြင်းဆိုခဲ့သည်။

ထိုင်းနိုင်ငံသည် မြ၀တီမြို့တွင် ယခင်လကဖြစ်ပွားခဲ့သည့် ရွှေဆိုင်ဓားပြတိုက်မှုတွင် ပါဝင်ပတ်သက် သူဟု ယူဆရသူ ကိုလင်းဆိုသူကိုလည်း ဘန်ကောက်မြို့တွင်ဖမ်းဆီး၍ ပြီးခဲ့သည့်အပတ်က  မဲဆောက်မှ တဆင့်မြ၀တီရဲတပ်ဖွဲ့ သို့လွှဲပြောင်းပေးအပ်ခဲ့သည်

သတင်း...  Popular Myanmar News Journal