31 July 2012

့မြန်မာ့ စီးပွားရေးဘဏ်တွင်းရှိလက်ထောက်မန်နေဂျာများ ၏ ရင်ဖွင့်သံ

ကျွန်တော်တို့ မြန်မာ့ စီးပွားရေးဘဏ်တွင်လက်ထောက်မန်နေဂျာ(မြို့ နယ်မန်နေဂျာ)ရာထူးမှမန်နေဂျာ (ခ ရိုင် မန်နေဂျာ)ရာထူးသို့  ရာထူးတိုးစာမေးပွဲကို ၂၁.၇ .၂၀၁၂ စနေနေ့  နှင့် ၂၂.၇.၂၀၁၂ တနင်္ဂနွေ နေ့များတွင်ကျင်းပခဲ့ပါသည်။

မြန်မာတပြည်လုံးရှိ မြိုနယ်အဆင့်မန်နေဂျာ ၂၇၀ ဦးခန့် ဖြေဆိုခဲ့ ပါသည်။

သိုသော်......
စာမေးပွဲမဖြေခင်တပတ်ခန့် အလို ရုံးချုပ်မှကြားသိရသောသတင်းများတွင် လစ်လပ်နေရာ၁၂နေရာရှိရာ ယင်းနေရာအားလုံးကို MD,နှင့် GM တို့ နှင့်နီးစပ်သူများကိုပေးရန်ရာထားပြီးဟု သိရပြီးယင်းလူ ၁၂ယောက် စာရင်းလည်းထွက်ရှိ လာပါသည်။

စာမေးပွဲ ဖြေဆိုသောနေ့ တွင် မေးခွန်းအဖြေ ကွတ်တိ (၁၀ပုဒ်မေး ၁၀ပုဒ်ဖြေ၊၁၅ပုဒ်မေး၁၅ပုဒ်ဖြေ)
အမှတ်စဉ်အလိုက်မေးခွန်းနှင့်အဖြေရသော လူကြီးနှင့် နီးစပ်သူများကို သက်ဆိုင်ရာစာမေးကြီးကြပ်သူ DGM,GM တိုမှတွေ ရှိကြောင်း ကြားသိရပါသည်။


ထိုကြောင့်ကျွန်တော်တို့  စီနီယာ သမားများ ဘဏ်လုပ်ငန်းကို စနစ်တကျလေ့ လာပြီး မှန်မှန်ကန်ကန်
ရိုးရိုးသားသားနှင့်ကြိုးစားသူများ ဘဏ်ခွဲများတွင် နံနက်မှည အထိ အလုပ်လုပ်နေရသူများ မိမိလုပ်ငန်းအပေါ်စေတနာထားဆောင်ရွက်နေသူများအနေနှင့်စိတ်ပျက်အားငယ်ပြီး ၀မ်းနည်းဒေါသထွက်ရပါသည်။

လူကြီးနှင့် နီစပ်သူများ အမှန်တကယ် အရည်အချင်းရှိသောကြောင့် ပေးအပ်သည်ဆိုပါက မုဒိတာပွားနိုင်ပါ
သည်။ သိုသော် သူတို့ မှာ ဘဏ်လုပ်ငန်းကိုသေသေချာချာနားမလည်သူများ ဘဏ်ခွဲဆင်းပြီး လုပ်ကိုင် ဖူးခြင်းမရှိသူများပြစ်ချက်ရှိသူများပါဝင်နေသည်ကိုတွေ့ ရပါသည် ၊ထိုအခါ လုပ်ငန်းခွင်တွင် စေတနာ ထားပြီး အပင်းပန်းခံ အလုပ်လုပ်နေသောဝန်ထမ်းများ စိတ်ဓါတ်ရေးရာပျက်ပြားရပါသည်။ 


ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ စေတနာထားလုပ်ကိုင်မှုအပေါ် အားလျှော့ စိတ်ပျက်လာပါသဖြင့်
ဌာန နှင့် တိုင်းပြည်အတွတ်နစ်နာရပါသည် ။

ဒီမိုကရေစီနိုင်ငံသစ်ဆီသို့  ချီတတ်နေချိန်တွင်ခေတ်ဟောင်းမှ အမူအကျင့်များလက်သင့် ရာစာတော်ခေါ် ရာထူးပေးသည့် မကောင်းသောအမူအကျင့် ဓလေ့ စရိုက် များကို ခေတ်ဟောင်းနှင့် အတူ ချန်ထားခဲ့ ရန်လိုပါသည်။

သိုမှသာ ၀န်ထမ်းများဧ။် ကြိုးစားအားထုတ်မှုကို မြှင်တင်နိုင်ပြီးဌာန နှင့် တိုင်းပြည်အတွတ်အကြိုးဖြစ်ထွန်းပါမည်။အရည်ချင်းမရှိပဲ လူကြီးနားကပ်ပြီး ဖားတတ်သော သူများအား လက်သင့်ရာ ရာထူးပေးပါက ငဖားများကြီးစိုးရာ ညံ့ဖျင်းသောဌာန ပျက်ကြီးအဖြစ်သို့  ဦးတည်ပြီး တိုင်းပြည်နစ်နာပါသည်။


ထိုကြောင့် ကျွန်တော်တို့  မြန်မာ့ စီးပွားရေးဘဏ် မန်နေဂျာ(ခရိုင်) ရာထူးတိုး စာမေးပွဲ ကို နိုင်ငံတော်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာန မှ စနစ်တကျ ညွှန်ကြားတည့် မတ်ပြီးမှန်မှန်ကန်ကန် ရွေးချယ်ပေးနိုင်ရန် မီဒီယာများမှတဆင့် ပြောကြားနိုင်ရန် တင်ပြပါသည်။

MEB ၀န်ထမ်းများ