06 August 2012

မြစ်ဆုံနယ်နိမိတ်အတွင်း စက်ရုံနှစ်ခုတည်ဆောက်ရန် CPI ခွင့်ပြုချက်တောင်း


မြစ်ဆုံစီမံကိန်း တည်ဆောက်ရန် ကြိုးပမ်းခဲ့သည့် CPI ကုမ္ပဏီမှ ယခုအခါ ယင်းစီမံကိန်းနယ်နိမိတ်အတွင်း သစ်တောထွက်ပစ္စည်းများအား အသုံးပြု၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံနှစ်ခုတည်ဆောက်ရန် အတွက် ပြည်နယ်ဝန်ကြီးချုပ်ထံ ခွင့်ပြုချက်တောင်းခံခဲ့ကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် Popular News ဂျာနယ်တွင် ဖော်ပြပါရှိချက်အရ သိရသည်။
ယခုကဲ့သို့ CPI ကုမ္ပဏီမှ စက်ရုံတည်ဆောက်ရန် ခွင့်ပြုချက်တောင်းခံရခြင်းမှာ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်သည့်အတွက် စီမံကိန်း ဧရိယာ နယ်နိမိတ်အတွင်းနေထိုင်သော ဒေသခံများ၏ စီးပွားရေးအခြေအနေ နိမ့်ကျမှုများနှင့် အလုပ်လက်မဲ့မှုများ ဖြစ်ပေါ်လာသည့်အတွက် မြစ်ဆုံစီမံကိန်း ဧရိယာအတွင်း ဒေသခံများအား တစ်နိုင်တစ်ပိုင် ဝင်ငွေရရှိနိုင်စေရန် CPI ကုမ္ပဏီမှ ဝါးတူထုတ်လုပ်သည့် စက်ရုံတစ်ရုံနှင့် ပရိဘောဂပစ္စည်း ထုတ်လုပ် မည့် စက်ရုံတစ်ရုံတို့ကို တည်ဆောက်၍ ဒေသခံများအား အလုပ်ခန့်အပ်သွားနိုင်ရန်အတွက်ကြောင့်ဖြစ်ကြောင်း သိရသည်။
“စီမံကိန်းရပ်လိုက်ရတဲ့အတွက် ဒီစီမံကိန်းအပေါ်မှာ အမှီပြုပြီး ဈေးရောင်းစီးပွားရှာနေတဲ့ ဒေသခံတွေအနေနဲ့ ဝင်ငွေရရှိမှု လျော့ကျသွားတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလူတွေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် စဉ်းစားတဲ့အခါမှာ ကချင်ပြည်နယ်က သစ်ဝါးပေါများတာ တွေ့ရတဲ့အတွက် စီမံကိန်း ဧရိယာ ထဲမှာ ဝါးတူစက်ရုံနဲ့ ပရိဘောဂတွင် တည်ဆောက်ပြီး ဒေသခံတွေကို အလုပ်ပေးဖို့ စီစဉ်ထားတယ်။ စက်ရုံတွေကထွက်လာတဲ့ ကုန်ပစ္စည်းတွေကိုတော့ တရုတ်နိုင်ငံကို တင်ပို့ရောင်းချသွားမယ်”ပာု CPI ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Popular News ဂျာနယ် တွင် ဖော်ပြပါရှိသည်။
“အခု ပြည်နယ်ဝန်ကြီးချုပ်ထံသို့ CPI ကစက်ရုံတည်ဆောက်ဖို့ခွင့်ပြုချက်တောင်းပါတယ်။ ဒီကိစ္စပာာ သွေးရိုးသားရိုးတော့ မဖြစ်နိုင်ပါဘူး။ သူတို့ တွေက တခုမပာုတ်တစ်ခု မြန်မာနိုင်ငံထဲက ထွက်မယ့်အကျိုးအမြတ်တွေကို လိုချင်တာပါ။ လုံးဝကိုမပေးသင့်ပါဘူး။ ခုဆို ဒေသခံတွေလည်း တော်တော် ကို စိုးရိမ်နေကြပါတယ်။ ဘယ်တော့မြစ်ဆုံပြန်စမှာလဲ။ ဘယ်တော့ မြစ်ဆုံစီမံကိန်း ပြန်စမှာလဲ ဆိုပြီးတော့။ မြန်မာပြည်သူတွေရဲ့သဘောထားကတော့ မြစ်ဆုံစီမံကိန်း အပြီးအပိုင်ဖျက်သိမ်းလိုက်တာကိုပါပဲ”ပာု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ ခွင့်ပြုချက်တောင်းခံခဲ့သော် လည်း ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြစ် သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူပြီးမှသာ တည်ဆောက်ခွင့် ရရှိမည်ဖြစ်ကြောင်း ပြန် လည်ပြောကြားခဲ့သည်။