03 August 2012

ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌနဲ့ ဆက်သွယ်မေးမြန်းချက်

မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို အားပေးတဲ့အနေနဲ့ ကမ္ဘာ့ဘဏ်က လာမယ့် အောက်တိုဘာလက စပြီး အမေရိကန် ဒေါ်လာ (၈၅) သန်း အကူညီပေးသွားမှာ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်ချေးငွေတွေကိုပြန်မဆပ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။ လက်ရှိအချိန်ထိ ကမ္ဘာ့ဘဏ်ကို ပြန်ဆပ် ဖို့ ဒေါ်လာသန်း(၄၀၀) အကြွေး ရှိနေပါတယ်။ ကမ္ဘာ့ဘဏ်က အခုပေးမယ့် အကူအညီ နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ဒု-ဥက္ကဌဋ္ဌဟောင်းလည်းဖြစ်၊ ကမ္ဘောဇဘဏ်ရဲ့ လက်ရှိ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးသန်းလွင်ကို- ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။ သတင်း...RFA