31 July 2012

The Voice Weekly အပါဝင် အပတ်စဉ်ထုတ် ဂျာနယ် သုံးစောင် ယာယီရပ်နားခံရ

ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များ ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် The Voice Weekly အပါအဝင် အပတ်စဉ်ထုတ် ဂျာနယ် သုံးစောင်ကို လာမည့် အပတ်မှစ၍ ထုတ်ဝေခွင့်ယာယီရပ်နားလိုက်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ ခေါ်ယူအကြောင်းကြားခြင်းခံရသူ အရပ်နားခံ စာစောင်တစ်ခုမှ အမှုဆောင် အယ်ဒီတာတစ်ဦးက ပြောကြားသည်။

စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနထံ ခေါ်ယူထားသော ဂျာနယ်အချို့မှ တာဝန်ရှိသူအချို့ကို မြင်တွေ့ခဲ့ရသော အဆိုပါ အယ်ဒီတာ၏ အဆိုအရ ဗီးနပ်စ်ဂျာနယ်၊ နှင့် မြန်မာပို့စ်တို့လည်း ပါဝင်ဖွယ်ရှိကြောင်း သိရသည်။ သို့သော် အဆိုပါစာစောင်များထံ ဆက်သွယ်မေးမြန်းရာတွင် လောလောဆယ် အတည်ပြုဖြေကြားမည့်သူ မရှိသေးပေ။
 
The Voice Weekly သည် ယခုအကြိမ်နှင့် ဆိုပါက စုစုပေါင်း ငါးကြိမ်မြောက် ထုတ်ဝေခွင့် ရပ်နားခံရခြင်းဖြစ်သည်။

ထပ်မံစုံစမ်းသိရှိရပါက ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်သည်။


ထပ်မံသိရှိရသောသတင်း..................

ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များ ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် The Voice Weekly နှင့် Envoy သတင်းစာစောင်များ လာမည့်အပတ်မှစ၍ ထုတ်ဝေခွင့်ယာယီရပ်နားလိုက်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ ခေါ်ယူအကြောင်းကြားခြင်းခံရသူ အရပ်နားခံ စာစောင်တစ်ခုမှ အမှုဆောင် အယ်ဒီတာတစ်ဦးက ပြောကြားသည်။ယင်းကိစ္စနှင့်ပတ်သက်၍ Envoy သတင်းစာစောင်က မှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။

 နောက်ဆုံးထွက် The Voice Weekly မျက်နှာဖုံး....




သတင်း....  The Voice Weekly