30 July 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှုးမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ရဟန်းအမအဖြစ် ကုသိုလ်ဒါနပြု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှုးမြို့နယ် မဲဆန္ဒနယ်မြေပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ရဟန်းအမအဖြစ် ကုသိုလ်ဒါနပြုတဲ့ ရဟန်းခံပွဲကို မနေ့က ပုဂံမြို့ မှာ ကျင်းပခဲ့ပါတယ်။

ရဟန်းခံပွဲကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား NLD မဟာအောင်မြေ မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် တက်ရောက်ခဲ့ပါတယ်။

တန့်ကြည့်တောင်ဆရာတော် က ဧည့်သံဃာ (၄၅) ပါးနဲ့အတူ ဥပဇယ် ဆရာတော် အဖြစ် ရဟန်းခံပွဲကို တာဝန်ယူဆောင်ရွက်ပေးခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ရဟန်းခံပွဲဖြစ်မြောက်ရေးအတွက် ဒေသခံ NLD အဖွဲ့ဝင်တွေနဲ့အတူ မန္တလေးတိုင်းက အလုပ် အမှုဆောင် အဖွဲ့ဝင်တွေလည်း ပါဝင် ကူညီခဲ့ကြတယ်လို့ ဦးအုန်းကြိုင်ကပြောပါတယ်။

ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင် ဒေါ်ခင်ကြည် တို့ကို အမှုးထားပြီး ဒေါ်အောင်ဆန်းစုကြည်က ရဟန်းအမ အဖြစ် တာဝန်ယူကျင်းပတဲ့ ရဟန်းခံပွဲကို ဧည့်ပရိတ်သတ် ထောင်နဲ့ချီ တက်ရောက်ခဲ့ ကြပါတယ်။