04 May 2012

အရှင်ဂမ္ဘီရဆေးကုခွင့် ငြင်းပယ်ခံရတာနဲ့ ပတ်သက်ပြီး စိတ်မကောင်း ဖြစ်ရပေမဲ့ ဆရာဝန်ကို အပြစ်မတင်ကြောင်း မိခင် ဒေါ်ရေးက ပြော

အရှင်ဂမ္ဘီရဆေးကုခွင့် ငြင်းပယ်ခံရတာနဲ့ ပတ်သက်ပြီး စိတ်မကောင်း ဖြစ်ရပေမဲ့ ဆရာဝန်ကို အပြစ်မတင်ကြောင်း မိခင် ဒေါ်ရေးက ပြောပါတယ်။ 

 "မနေ့က ဆရာဝန်ကြီးနဲ့ တွေ့တယ်။ တွေ့တော့ ဦးဂမ္ဘီရတို့ မင်းကိုနိုင်တို့ စသဖြင့် နာမယ်ကြီးတွေတဲ့၊ မန္တလေးတို့ ရန်ကုန်တို့ကို သွားကုပါတဲ့။ အဲဒီလို ငြင်းလွှတ်လိုက်တယ်။ ရှောင်တာနေမှာပေါ့။ ဆရာဝန်ကြီးလည်း အပြစ်မပြောချင်ပါဘူး။ ဒါပေမဲ့ စိတ်မကောင်း ဖြစ်တာပေါ့။ အဒေါ်ကပြောပါတယ်။ သူက လူလည်း ထွက်ပြီးပါပြီလို့။ ဆရာပေးလိုက်တဲ့ဆေးတွေ တိုက်တာ သက်သာပါတယ်လို့။ ဆရာဝန်က ပြောတာက မီဒီယာတွေက မေးရင် ဖြေရတာ ခက်တယ်တဲ့။ မန္တလေးတို့ ရန်ကုန်တို့မှာ ဘုတ်အဖွဲ့နဲ့ကုတော့ ဖြေရတာ လွယ်တယ်တဲ့။ အဲဒါကြောင့် မကုတော့ဘူးပေါ့။ အဲလိုဘဲ ပြောလိုက်တယ်။ ၀န်ထမ်းမို့လို့ပါတဲ့။ နားလည်ပေးပါတဲ့။ အဒေါ်လည်း မကုပေးဘူးဆိုတော့ အတင်းလည်း မပြောချင်တော့ဘူးလေ။ ရပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်လို့ ပြောပစ်ခဲ့တယ်။ အဲဒါ ဆေးလည်း ထပ်မရခဲ့ဘူး။ ဦးဂမ္ဘီရက အခုတော့ အရင်ကထက်စာရင် သက်သာပါတယ်။ ဆေးတိုက်လိုက်တော့။ အရင် ကလေးထောင်မှာက မူးယစ်ဆေးတွေ ဘာတွေ ထိုးပေးတာကြောင့် ဆေးကြောင်တာနေမှာပေါ့။ အခုအတိုင်းကတော့ တအားကြီးတော့ အခြေအနေ မဆိုးဘူး။"

 သတင်း... RFA