04 May 2012

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်မှာ လက်ပတောင်းတောင် ကြေးနီစီမံကိန်းအတွက်ဆိုပြီး တရုတ်ကုမ္ပဏီတခုနဲ့ပြည်တွင်းကုမ္ပဏီ တခုတို့က ဒေသခံတွေဆီကမြေတွေသိမ်း

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်မှာ လက်ပတောင်းတောင် ကြေးနီစီမံကိန်းအတွက်ဆိုပြီး တရုတ်ကုမ္ပဏီတခုနဲ့ပြည်တွင်းကုမ္ပဏီ တခုတို့က ဒေသခံတွေဆီကမြေတွေသိမ်းထားပြီး လယ်မြေတွေထဲမှာ အဆောက်အဦးတွေဆောက်၊ စွန့်ပစ်မြေတွေပုံလာလို့ ရွာသားတွေ သွားတားတဲ့အတွက် အဲဒီထဲက ကိုအောင်ဌေးနိုင်ဆိုသူ ရွာသားတဦးကို မေလ ၂ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ နောက်တော့ ရွာခံတွေက ရဲစခန်းကိုသွားရောက် အရေးဆိုတဲ့အတွက် ဖမ်းထားတဲ့ကိုအောင်ဌေးနိုင်ကို ခံဝန်ချက်နဲ့ပြန်လွှတ်ပေးလိုက်ပါတယ်။ ပြန်လွတ်လာတဲ့ ကိုအောင်ဌေးနိုင်ကို ဒီကိစ္စနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။  သတင်း... RFA