29 April 2012

ညအချိန်လက်နှိပ်ဓါတ်မီးကိုင်ဆောင်လျှင် သေနတ်ဖြင့်ပစ်မည်

မြစ်ကြီးနား မြို့ အကျဲကျေးရွာ တွင် ညမိုးချုပ် လက်နှိပ်ဓာတ်မီးကိုင်ဆောင်ပြီး အပြင်ထွက်သူများကို စစ်တပ် က သေနတ်ဖြင့် ပစ်မည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စစ်တပ်က ယမန်နေ့က အမိန့်ထုတ်လိုက်သည်။

“ ညဘက် ကိုယ့်ကိုသူများက မတွေ့နိုင်တဲ့ လက်နှိပ်ဓာတ်မီးကို မကိုင်ဖို့အခုအုပ်ချုပ်ရေးမှူးက ပြောထားတယ်။ ဖယောင်းတိုင်ဆိုရင် ကိုယ့်ကို သူများတွေမြင်နိုင်တယ်လေ လုံခြုံရေးအရ လက်နိုပ်ဓာတ်မီးကို မကိုင်ဖို့ ကိုင်ရင်သေနတ်နဲ့ ပစ်မယ်လို့ ပြောထားတယ်” ဟု အကျဲကျေးရွာမှ ဘုန်းတော်ကြီးတစ်ပါးကပြောသည်။


၂၆ ရက် ည ၉နာရီ ခွဲ ခန့်က အကျဲ ကချင်နှစ်ချင်း ဘုရာကျောင်းအတွင် ခလရ၂၁ မှ အကျဲ ကျေးရွာ တွင် လုံခြုံရေး လာချထားသော စစ်သား တစ်ဦးကယင်းဘုရားကျောင်းတွင် လူငယ်များ ဘုရာသီချင်းလေ့ကျင့်နေချိန်တွင်ဝင်ရောက်နာထောင်နေစဉ် ယင်းစစ်သားကိုင်ဆောင်လာသော သေနတ်မှ ကျည်ဆံမတော်တန်ဆ ထွက်သွားပြီး ဘုရာကျောင်း ကြမ်းပြင်ကိုထိမှန်ခဲ့သည်။

၂၇ ရက် မနက် ၂ နာရီ တွင်အကျဲရွာမှ မြန်မာစစ်တပ်နှင့် ကေအိုင်အို တို့ အကြားတိုက်ခိုက်မူများဖြစ်ပွားခဲ့ ပြီးနောက် မနက်တွင် အကျဲစစ်တပ်အနီး လက်ပစ်ဗုံးသုံးလုံး နှင့် ရှဒေါင် ကျေးရွာတွင်လက်ပစ်ဗုံးတစ်လုံးတွေရှိခဲ့သည်။

ထို့သို့ မငြိမ်မသက်မူကြောင့် ရွာအတွင်း ညဘက် လက်နိပ်ဓာတ်မီး ကိုင်ဆောင်ပြီးအပြင် မထွက်ရ ညဘက်အပြင်ထွက်လျှင် မီးထုတ် နှင့် ဖယောင်းတိုင်းများကိုသာကိုင်ဆောင်ပြီးထွက်ရှိရမည်ဟု အမိန့်ထုတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။   

သတင်း.... YIP