05 May 2012

လွှတ်တော်ကိုယ်စားလှယ် ၇ ဦး ဂျာမဏ်ီသို့လေ့လာရေးခရီးထွက်

လွှတ်တော်ကိုယ်စားလှယ် ၇ ဦးသည် Friedrich Naumann Foundation ၏ဖိတ်ခေါ်မှုအရ ဂျာမဏ်ီနိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ခဲ့သည်။ ဂျာမဏ်ီအခြေစိုက် ၎င်းဖောင်ဒေးရှင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာလှမြတ်သွေးနှင့် ဦးမင်းဦး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဝင်းဦး၊ ဦးဝင်းသန့် နှင့် ဦးအေးမောင်၊ ရခိုင်အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီမှ ဒေါက်တာအေးမောင်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးစိုင်းအိုက်ပေါင်တို့ကို လေ့လာရေးအတွက် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ “ ဂျာမဏီနိုင်ငံရဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် တွေကိုလေ့လာကြမယ်။ လေ့လာရေးခရီးက
တော့ သူတို့တွေစီစဉ်တဲ့ Schdule အတိုင်းပဲ”ဟုဒေါက်တာအေးမောင်ကပြောသည်။ ယင်းလ့လာရေးခရီးစဉ်မှာ ၉ ရက် ကြာမြင့်မည်ဖြစ်သည်။

သတင်း...  Popular Myanmar News Journal